“အဲဒါ နအဖ ပါပဲ”
15 February 2008
13 February 2008
OUR FOREVER LEADER - AUNG SAN
(ငယ်ငယ်တုန်းက စာသင်ကျောင်းမှာ သင်အံခဲ့ရတဲ့ ကဗျာလေးကို ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုတင်ဆက်လိုက်ပါသည် - BIGBBROWN)
“အောင်ဆန်းဇာနည်”

ဖေဖ၀ါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား။
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စု သား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်တို့ ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။ ။
10 February 2008
DON'T FORGET !
“ဖေဖော်ဝါရီ တစ်ဆယ့်နှစ် (သို့) ပြည်ထောင်စုနေ့”
BLACK
နှစ်တိုင်းနှစ်တိုင်း ရောက်ရောက်လာတဲ့
ဒီနေ့ရက်...
ဘိုးဘွားတွေရဲ့ သွေးချွေးတွေနဲ့ ထုဆစ်ခဲ့တဲ့
ဒီနေ့ရက်...
အခုတော့များ ဒီနေ့ရက်ဟာ...
ရေပေါ်ဆီသမားတွေရဲ့ အပေါ်ယံအယားဖျောက်မှုကြောင့်
အခုတော့များ ဒီနေ့ရက်ဟာ...
ပြက္ခဒိန်ပေါ်က နာမည်ခံအဖြစ်သာ ကျန်ခဲ့ပြီ။
ဖေဖော်ဝါရီ (၁၄) တဲ့...
မိ-မစစ် ဖ-မစစ် ချစ်သူများနေ့ ကတောင်
တစ်သားမွေး တစ်သွေးလှလှ ဖြစ်လို့
အခုတော့ ငါကိုယ်တိုင်တောင်
စွယ်စုံကျမ်းကြီး လှန်ကြည့်ရတော့မယ်...။ ။
BLACK