05 August 2009

Military Devadatta


ဗုဒ္ဓတရားတော်ကို ဆန့်ကျင်သောလုပ်ရပ်များ


ကျွန်မတို့ မြန်မာနိုင်ငံဟာ အနော်ရထာမင်း လက်ထက်ကတည်းက ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့တာပါ။
မြန်မာနိုင်ငံသား စစ်စစ်မှန်သမျှ ဗုဒ္ဓအဆုံးအမနှင့်အညီ နေထိုင်ခဲ့ကြပါတယ်။
ကိုလိုနီခေတ်မှာတောင် ဘာသာခြားတွေလက်ထဲမှာ ဗုဒ္ဓဘာသာကို မစွန့်လွှတ်ပဲ ကိုးကွယ်ခဲ့ကြတယ်။
အခုတော့....... ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာကိုးကွယ်မှု အခြေအနေကတော့ ရင်လေးစရာပါပဲ။

ကျွန်မတို့ ရဲ့  ဘာသာကို ညှိုးနွမ်းအောင်လုပ်နေတဲ့သူတွေက ဘာသာခြား၊ လူမျိုးခြားတွေမဟုတ်။
နအဖအစိုးရ ကိုယ်တိုင်သာဖြစ်တယ်။
ဘုရားဟောတရားတွေမှာ သူ့  အသက်ကို မသတ်ရ လို့ သိက္ခာပုဒ် သတ်မှတ်ခဲ့တယ်။
ဒါပေမဲ့ နအဖအစိုးရဟာ အဆုံးအမတွေကို ဆန့်ကျင်ပြီး လူပေါင်းမြောက်များစွာကို သတ်ဖြတ်ခဲ့ပါတယ်။

စစ်အာဏာရှင်တွေဟာ...
(၈၈) အရေးအခင်းတုန်းက အပြစ်မဲ့သော ကျောင်းသူကျောင်းသားပေါင်းများစွာကို ရက်ရက်စက်စက် သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာလည်း ဘုရားသားတော်များဖြစ်တဲ့ သံဃာတော်တွေကို ရက်ရက်စက်စက်ရိုက်နှက်သတ်ဖြတ်ခဲ့တယ်။
အဲဒီကိစ္စဟာ ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တွေကို အတိအလင်းစော်ကားခဲ့ပါတယ်။
လုံးဝခွင့်မလွှတ်သင့်သောလုပ်ရပ်တွေပါ။

ဒေ၀ဒတ်သည် သံဃာသင်းခွဲမှုကြောင့် မြေမြိုခံရ၊ ငရဲခံရတယ်။
နအဖအစိုးရနဲ့ အပေါင်းအပါတို့သည်လည်း သံဃာတော်များကို ကိုယ်ထိလက်ရောက် စော်ကားသတ်ဖြတ်သည့်အပြင်
မြတ်စွာဘုရား၏ တရားတော်များ၊ အဆုံးအမများကို ညှိုးနွမ်းအောင် ပြုလုပ်ခဲ့သောကြောင့်
ကျွန်မတို့အားလုံး နအဖအစိုးရနှင့် အပေါင်းအပါအားလုံး အပါယ်ငရဲတွင် သံသရာတစ်လျှောက်လုံး ခံစားရစေရန်
ဆုတောင်းပေးလိုက်ကြပါစို့ ...။ ။

CHESS

3 comments:

  1. I 1988, at which hall, RIT student was killed by Army? Need to be cautious when you post something which lead to mistaken by people.

    ReplyDelete
  2. Ok, thet,

    As an ethic of an editor, i should not post unsure data.
    So, I correct this error.
    Thanks a lot, thet.

    Nyo

    ReplyDelete
  3. မှားယွင်းစွာ ရေးသားတင်ခဲ့ခြင်းမဟုတ်ပါဘူးရှင်။
    တကယ်ဖြစ်ခဲ့တာပါ။
    ဘယ်ခန်းမမှာလဲမသိပေမဲ့ တကယ်ပစ်သတ်ခဲ့တာပါ။ကျွန်မတို့ မျိုးဆက်သစ်လူငယ်တွေ သွေးမြေကျခဲ့တာ တကယ်ပါပဲရှင်။

    CHESS

    ReplyDelete