Poster From Email
22 May 2009
21 May 2009
MYIT KYI NAR ACTION
မြစ်ကြီးနားမှာ အစိုးရ ဆန့်ကျင်စာများဖြင့် လှုံ့ဆော်
ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 18:50 - မြန်မာစံတော်ချိန်
ချင်းမိုင်(မဇ္ဈိမ)။ ။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားမှုကို ကန့်ကွက်သည့်စာများကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လူငယ် တက်ကြွလှုပ်ရှားသူများက ယနေ့နံနက်က ရေးသား ဖြန့်ဝေခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်း လွတ်ပေးရန်၊ ၂ဝ၁ဝ ရွေးကောက်ပွဲ အလိုမရှိ (Free Aung San Suu Kyi immediately and Against 2010 elections) ဆိုသည့် စာများအား မြန်မာသာသာနှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုး ရေးထားသည့် စာရွက်များကို လိုက်လံကပ်ခဲ့ကြသည်။
“ဒီမနက် ကျနော်တို့ စာလိုက်ကပ်တာက မလိုလားချက်တွေကို ထုတ်ဖော်ပြောဆိုတာက လွဲလို့ ကျနော်တို့ဘာမှ မတတ်နိုင်ဘူး။ ကျနော်တို့ လူငယ်တွေကနေ လူထုခေါင်းဆောင် တယောက်ကို သူတို့ လုပ်ချင်တလို လုပ်နေတာကို မလိုလားလို့ ကန့်ကွက်တဲ့ စာကို လိုက်ကပ်တာပါ” စာလိုက်ကပ်ခဲ့သူ ကချင်ကျောင်းသား သမဂ္ဂမှ လူငယ်တဦးက ပြောသည်။
မြစ်ကြီးနားမြို့ပေါ်ရှိ မြို့သစ်၊ မြို့မ၊ ရန်ကြီးအောင်၊ ယုဇန၊ အောင်နန်း၊ ဧရာ၊ ဒူကထောင်ရပ်ကွက်များနှင့် ဒူကထောင် အမက(၁)ကျောင်းရှေ့၊ မြို့နယ် ပညာရေးရုံးများ၊ လူသွားများသည့် လမ်းဘေးဓါတ်တိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် စာများ ကပ်ခဲ့ခြင်း ဖြစ်သည်။
မြို့သစ်နှင့် ယုဇရပ်ကွက် လမ်းထောင့်ရှိ သုံးရာသီအအေးဆိုင်ရှေ့ ဆိုင်းဘုတ်တွင် ကပ်ထားသည့် စာကို အမှတ် (၂) ရဲစခန်းမှ စစ်သားများ လာရောက် ဖြုတ်ယူသွားခဲ့သည်ဟု မြင်တွေ့လိုက်ရသူ တဦးက မဇ္ဈိမသို့ ပြောသည်။
မြစ်ကြီးနားမြို့ပေါ်အတွင်း လုံခြုံရေးများ တိုးချဲ့ ချထားသည်ဟု ပြောသည်။
“လုံခြုံရေးလဲ အများကြီး ချထားတယ်။ မြို့ပေါ် လမ်းထောင့်တိုင်း ညဆိုရင်လည်း စောင့်ကြည့်နေကြတယ်။ နှစ်ယောက်တတွဲ တွဲချထားတယ်။ စစ်သားတွေဘဲ”ဟု ပြောသည်။
One More Photo Of GW's Spary Actions
Hi Brothers and Sisters,
Please see the one more photo of our spray actions.
Action in this photo was taken near The Embassy of Japan
in Yangon.
For further more information, Please visit our blog pages
http://www.generation-wave.co.cc/
တော်လှန်ရေးမောင်နှမများခင်ဗျား
ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)မှ
Actions happened at key crowded places in Yangon, Burma: near the Japanese Embassy in Bahan township,
near Military Documentation Office, and at the Football Stadium of (Bauk Htaw) Yankin Township.
We also want to encourage people and especially youth of Burma to do all they can to take actions
for the release of Daw Aung San Suu Kyi
--
regards
moethway
Generation Wave
http://www.generation-wave.co.cc/
Please see the one more photo of our spray actions.
Action in this photo was taken near The Embassy of Japan
in Yangon.
For further more information, Please visit our blog pages
http://www.generation-wave.co.cc/
တော်လှန်ရေးမောင်နှမများခင်ဗျား
ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)မှ
မေလ ၁၈ရက် ၂၀၀၉ ခုနှစ်တွင် ရန်ကုန်မြို့ ဘောက်ထော်မြို့နယ် မှတ်တမ်းရုံး
အနီးရှိ နေရာများ၊ဘောလုံးကွင်းအနီးနှင့်ဂျပန်သံရုံးအနီးတို့တွင်
ဒေါ်အောင်ဆန်းစုကြည်အားချက်ချင်းလွှတ်ပေးရန်
ဆေးမှုတ်၍တောင်းဆိုသည့်လှုပ်ရှားမှုများပြုလုပ်ခဲ့ပါသည်။
ပြည်သူများနှင့်လူငယ်ထုမှလည်း နအဖစစ်အုပ်စုက
ဒေါ်အောင်ဆန်းစုကြည်အား မတရားထောင်ချရန်
လုပ်ကြံဇာတ်ခင်း၍ကြိုးစားနေခြင်းကို တတ်နိုင်သည့်နည်းလမ်းများဖြင့်
ကန့်ကွက်ရှုတ်ချသွားကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

Dear Every One
On May 18th, Generation Wave did a graffiti and spray paint action for the release of Daw Aung San Suu Kyi. Actions happened at key crowded places in Yangon, Burma: near the Japanese Embassy in Bahan township,
near Military Documentation Office, and at the Football Stadium of (Bauk Htaw) Yankin Township.
We also want to encourage people and especially youth of Burma to do all they can to take actions
for the release of Daw Aung San Suu Kyi
--
regards
moethway
Generation Wave
http://www.generation-wave.co.cc/
19 May 2009
WAR BEGINS
"တိုက်ပွဲ"
စပြီ...။
အသက် (၆၃)နှစ်
အမေအရွယ်၊ အဖွားအရွယ်
နိုဘယ်ငြိမ်းချမ်းရေးဆုရှင်
ပြစ်မျိုးမှဲ့မထင် ဒေါ်အောင်ဆန်းစုကြည်
အင်းစိန်ထောင်ထဲက ဗမာ့နေမင်း
ဗမာ့လမင်း ။
အခြားတစ်ဖက်မှာ...
အရှက်မရှိ အိုနာကျိုးကန်း ခွေးသူခိုး
စစ်အာဏာရှင် အရူးငပေါတွေက
ငါတို့ အမေကို၊ ငါတို့ အဖွားကို
ဝိုင်းကိုက်နေကြ၊ ၀ိုင်းဟောင်နေကြပြီ ။
ညိုကြီး...
မင်း ဘာလုပ်မလဲ
ညီလေး...
မင်း ဘာလုပ်သင့်လဲ
ညီမလေး...
နင် ဘာလုပ်ရမလဲ ။
တွေ မနေနဲ့၊ ထွေ မနေဲ့
လေ မနေနဲ့၊ ခွေ မနေနဲ့
သေ မနေနဲ့၊ ရှည်မနေနဲ့ ။
စပြီ...
တိုက်ပွဲ ကတော့ ကောင်းကောင်းကြီး စပြီ
သင်္ခါရဆိုတဲ့ ပြုပြင်၊ စီရင်၊ ပြောင်းလဲခြင်း သဘောအလိုအရ
ယခုမျက်မှောက်အချိန်သမယဟာဖြင့်
စစ်တေလေဂျပိုးအဆိုးရလူ့ငနွားတစ်စုကို
ကောင်းကောင်းကြီး နောင်ကြဉ်သွားအောင်
ကောင်းကောင်းကြီး ဆုံးမရမယ့် အချိန်ခါ ရောက်ခဲ့ပြီ ။
တွေ မနေနဲ့၊ ထွေ မနေဲ့
လေ မနေနဲ့၊ ခွေ မနေနဲ့
သေ မနေနဲ့၊ ရှည်မနေနဲ့ ။
ညိုကြီး...
မင်း ဘာလုပ်မလဲ
ညီလေး...
မင်း ဘာလုပ်သင့်လဲ
ညီမလေး...
နင် ဘာလုပ်ရမလဲ ။
စပြီ...
တိုက်ပွဲ ကတော့ဖြင့်
ကောင်းကောင်းကြီးကို စခဲ့ပြန်ပါပြီကော။ ။
ညိုကြီး
(၁၉၊ မေ၊ ၀၀၉)

17 May 2009
YEAR 150TH MANDALAY < YEAR 100TH MANDALAY
YEAR 100TH MANDALAY
(Year 100th Mdy Source - http://www.first-11.com/bdet.php?id=20)
YEAR 150TH MANDALAY
Year 150th Mdy Photo Album
ရတနာပုံ မြို့ တည်နန်းတည် အနှစ်(၁၅၀)ပြည့် ဖျော်ဖြေရေးအစီအစဉ်များ
၁-၂-၃/မေ/၂၀၀၉
မန္တလေးအနုပညာပုံရိပ်ပွဲတော်
၁၄-၁၅-၁၆/မေ/၂၀၀၉ (ကုသိုလ်တော်ဘုရားကွင်း)
ဝင်းနောင်၊ မျိုးနန္ဒ၊ ပန်တျာဝေယံဦး ဇာတ်ပွဲ တစ်ညစီ
သစ်လွင်၊ မြတရာ၊ နှင်းသပြေအငြိမ့် တစ်ညစီ
ဒေါ်မမနိုင် ရုပ်သေး (၁၄-၁၅/မေ/၂၀၀၉)
၁၄-၁၅-၁၆/မေ/၂၀၀၉ (ရွှေမန်းတောင်အားကစားကွင်း)
Genius, Shells, မန်းစည်ပင်တေးဂီတ တစ်ညစီ
မော်ကွန်းရုပ်ရှင် (စတိုင်(၁၄)၊ ပန်းဒဏ္ဍာရီ(၁၅)၊ ချစ်ခြင်းဖွဲ့မေတ္တာ(၁၅)၊ ပန်းပျိုးသူတို့အလင်္ကာ(၁၆)၊
အချစ်ဆိုသောအရာ(၁၆))
အခြားပြိုင်ပွဲ/ပြပွဲ/ပြုပွဲများ
-ရှေ့ ဝင်း၊ နောက်ဝင်းခင်း၍ ထွက်တော်မူ အခမ်းအနား
-မင်းတုန်းမင်းကြေးရုပ်တုနှင့် မော်ကွန်းကျောက်စာ
-ဓာတ်ပုံ
-စာအုပ်/စာစောင်
-၀တ်စားဆင်ယင်မှု
-မြန်မာ့ရိုးရာလက်ဝှေ့ 
-မြန်မာ့ရိုးရာသိုင်းစွမ်းရည်
-စာတမ်းဖတ်ပွဲ
-ဈေးရောင်းပွဲတော်
ထူးခြားဖြစ်စဉ်
-မန္တလေး နှစ် (၁၅၀) ကဗျာစာအုပ်ထွက်ရှိခြင်း
-မန္တလေး နှစ် (၁၅၀) စာစု/ဆောင်းပါးစာအုပ်ထွက်ရှိခြင်း
-မန္တလေး နှစ် (၁၅၀) မဂ္ဂဇင်းစာအုပ်ထွက်ရှိခြင်း
(မဂ္ဂဇင်းကို မန္တလေးအသင်း (ရန်ကုန်)မှ ဦးစီးထုတ်ဝေသည်။ အယ်ဒီတာချုပ်- မောင်တင်သစ်)
-မန္တလေး နှစ် (၁၅၀) အတွက် ပြည်တွင်း/ပြည်ပ ဂျာနယ်၊ မဂ္ဂဇင်း၊ စာမျက်နှာ(+အင်တာနက်/ပုံနှိပ်)များတွင်
မှတ်တမ်းတင်ဂုဏ်ပြုဖော်ပြကြခြ
![]() |
From Year 150th Mandalay |

"POEM for May 18, 2009" by Aung Way
"၂၀၀၉ မေလ(၁၈)ရက်နေ့  နံနက်
အင်းစိန် အကျဉ်းထောင်ရှေ့ တွင်
မြန်မာ ပြည်သူများ စုဝေး ရွတ်ဆိုရန်
အထူးကဗျာ"
-----------------------------------------
အောင်ဝေး
-----------------------------------------

ဒေါ်အောင်ဆန်းစုကြည် (ချက်ချင်းလွှတ်)၂
မတရားတဲ့ ဥပဒေ (အလိုမရှိ)၂
မတရားတဲ့ အစိုးရ (ကျဆုံးပါစေ)၂
အင်းစိန်ထောင်ကြီး ဘယ့် နှယ်ဝိုင်းမယ် (ဒိနှယ်ဝိုင်းမယ်)၂
အင်းစိန်ထောင်ကြီး ကျယ်တယ်ဆို (ထပ်ချဲ့ လိုက်)၂
အင်းစိန်ထောင်ကြီး ဘယ်သူ့ အတွက် (သန်းရွှေအတွက်)၂
သန်းရွှေ သန်းရွှေ (အို့  အို့ )၂
သန်းရွှေ သန်းရွှေ (နုတ်ထွက်ပေး)၂
နအဖဖွဲ့ စည်းပုံဥပဒေ (ဖျက်သိမ်းပစ်)၂
နအဖရွေးကောက်ပွဲ (ဘွိုင်းကောက်)၂
အရေးတော်ပုံ (အောင်ရမည်)၂
အရေးတော်ပုံ (အောင်ရမည်)၂
အောင်ဝေး
(မေ ၁၅-၂၀၀၉)

(Poem and Aung Way Photo Source - http://moemaka.com/index.php?option=com_content&task=view&id=4078&Itemid=1)
(Insein Prison Photo Source - http://googlesightseeing.com/maps?p=&c=&t=k&hl=en&ll=16.892715,96.098034&z=16)