နေပြည်တော်ဗုံး၊ မန္တလေးဗုံး၊ ပြင်ဦးလွင်ဗုံး၊ နောက်ထပ် မန္တလေးဗုံး
ပြင်ဦးလွင်ဗုံး
ထပ်မံကြားသိရသော သတင်းများအရ ယနေ့ မွန်းတည့် ၁၂ နာရီကျော်ခန့်က နေပြည်တော်နှင့် မန္တလေးမြို့များတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားနေချိန်နှင့် မရှေးမနှောင်းပင် ပြင်ဦးလွင်မြို့၊ ထောက်ပို့ပန်းခြံအနီး၊ ဆိုင်ကယ်ပွဲစားတန်းအနားတ၀ိုက်ရှိ အိမ်တစ်အိမ်တွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူမရှိကြောင်းလည်း သိရသည်။
မန္တလေးမှ နောက်ထပ်ဗုံး
ယနေ့ ၃ နာရီအချိန်ခန့်ကလည်း မန္တလေးမြို့၊ ၈၄ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားတွင် ဗုံးပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ပြန်ကြောင်း ကြားသိရသည်။ လူအသေအပျောက်၊ ဒဏ်ရရ မရှိဟုဆိုသည်။
24 June 2011
The Same Time Bomb Blasts in Nay-Pyi-Daw and Mandalay, Burma
နေပြည်တော်နှင့် မန္တလေးမြို့များတွင် ဗုံးများ တစ်ချိန်တည်း ပေါက်ကွဲ
ညိုကြီး
ယနေ့ (၂၄၊ ၆၊ ၂၀၁၁ - သောကြာနေ့) မွန်းတည့် ၁၂ နာရီကျော်ခန့်က နေပြည်တော်နှင့် မန္တလေးမြို့များတွင် ဗုံးပေါက်ကွဲမှုများ တစ်ချိန်တည်းလိုလို ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နေပြည်တော်ဗုံး
နေပြည်တော် သပြေကုန်းရပ်ကွက်၊ သပြေကုန်းဈေးအနီးရှိ အိမ်တစ်အိမ်တွင် ဗုံးပေါက်ကွဲဟု သိရ။ ထိုခိုက်သေဆုံးသူမရှိဟု သိရ။
မန္တလေးဗုံး
နေပြည်တော်တွင် ဗုံးပေါက်ကွဲခဲ့ချိန်နှင့် တစ်ချိန်တည်းလိုလိုပင်
မန္တလေးမြို့၊ ဈေးချိုအနီး၊ ၈၄ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားတွင် ရပ်တန့်ထားသော Surf ကား၏ နောက်ကြည့်မှန်ပေါ်တွင် ချိတ်တင်ထားသော ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်းသိရ။ ယင်းဗုံးပေါက်ကွဲမှုကြောင့် စည်ပင်သန့်ရှင်းရေးသမားတစ်ဦး၏ လည်ပင်းနှင့် ညာဘက်လက်ဖျံ ထိခိုက်ဒဏ်ရာရသွားပြီး မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး၊ ခွဲစိတ်ဆောင်တွင် တင်ထားကုသနေကြောင်းသိရ။ အခြား ပြည်သူ ၄ ဦးမှာ အနည်းငယ် ဒဏ်ရာရရှိသွားဟုဆို။