19 March 2010

Short Fire at Mandalay on (19, 3, 2010)

(၁၉၊ မတ်လ၊ ၂၀၁၀)နံနက်ပိုင်းမှာ မန္တလေး၌ မီးလန့်ပြန်



ယနေ့ (၁၉၊ မတ်လ၊ ၂၀၁၀) သောကြာနေ့၊ နံနက် (၈)နာရီ (၄၅)မိနစ်ခန့်တွင် မန္တလေးမြို့ ၊ ၇၃ လမ်း၊ ၃၃ လမ်းနှင့် ၃၂ လမ်းကြား၊ 3 COLOR လက်ဖက်ရည်ဆိုင်တွင် မီးလန့်မှုဖြစ်ပွားခဲ့သည်။

မီးမှာ အခြားတိုက်၊ အိမ်များသို့ ကူးစက်ခြင်းမရှိခဲ့ချေ။

၂၀၁၀ ခုနှစ်၊ မတ်လတစ်လတည်းမှာပင် (မတ်လ ယနေ့အထိ) မန္တလေးမြို့ တွင် မီးလောင်မှု/လန့်မှု အနည်းဆုံး (၄)ကြိမ်ခန့်ဖြစ်ပွားခဲ့သည်။

မတ်လ (၈)ရက်နေ့၊ ညနေပိုင်းတွင် မန္တလေး၊ အောင်မြေသာစံမြို့ နယ်၊ ၁၉ လမ်းနှင့် ၂၀ လမ်းကြား၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြား၊ အကွက် (၁၂၄)တွင် မီးလောင်ခဲ့ရာ နေအိမ်(၂)၊ အဖီတဲ(၁)၊ ဗင်ကား၊ ဆိုင်ကယ်တို့ မီးဘေးသင့်ခဲ့ပြီး မီးစတင်လောင်သောအိမ်မှ အသက် (၈၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့သည်။

မတ်လ (၁၆)ရက်ကလည်း မန္တလေးမြို့  ၊ ၇၈ လမ်းပေါ်ရှိ 78 Shopping Centre မြေအောက်ထပ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကာလတန်ဖိုး ကျပ်သိန်း (၃၀)ခန့် ဆုံးရှုံးခဲ့ကြောင်းသိရသည်။

ဗမာပြည်တွင်းမီးလောင်မှုအများစုအနက် ပြည်သူလူထု၏ ပေါ့ဆမှုကြောင့် မီးလောင်ရခြင်းထက် အချိန်မှန်မှန်မလာဘဲ စိတ်ကူးပေါက်မှ ထ၊ ထ လာတတ်သော (စစ်အဆိုးရ၏) အရူးထ လျှပ်စစ်မီးကြောင့် မတော်တဆဖြစ်ကာ လောင်ကျွမ်းရသော မီးလောင်မှုများက ပိုမိုများပြားကြောင်း လေ့လာတွေ့  ရှိရပါသည်။

ညိုကြီး

မှတ်ချက် ။ ။ သတင်းမှားနေပါသဖြင့် အမှန်ပြန်ပြင်လိုက်ပါသည်။ မီးလန့်သော အိမ်ကို မှားယွင်းဖော်ပြခဲ့ခြင်းအတွက် စာဖတ်သူများအား တောင်းပန်အပ်ပါသည်။







1 comment:

  1. ရို့မီးဖြစ်ဖို့များတယ် ။
    သမိုင်းခြေရာတွေကိုလည်း သူတို့ဖြောက်မယ်
    ပြည်သူတွေကိုလည်း အာရုံလွဲမယ်
    ဒါသူတို့ လုပ်နေကြအလုပ်ပဲ ။

    ပြည်သူတွေကို ဒီကိစ္စ ရှင်းရှင်းလင်းလင်းသိအောင် လုပ်ရမယ် ။

    ReplyDelete