14 November 2010

Nyo Gyi is Back!

10, may, 2010 ရက်နေ့မှာ နောက်ဆုံး ပို့စ်တင်ပြီးကတည်းက ကျွန်တော်လည်း ကိုယ်ရေးကိုယ်တာ၊ စိတ်ရေးစိတ်တာ အရှုပ်အထွေးများကြောင့် ဘလော့ဂ်မရေးမတင်ဖြစ်ခဲ့ပါ။

7, November, 2010 မှာကျင်းပတဲ့ စစ်အဆိုးရရဲ့ ရွေးကောက်ပွဲအတုကြီးမှာလည်း မဲမထည့်ဖြစ်ခဲ့ပါ။

မနေ့က (၁၃၊ နိုဝင်ဘာ၊ ၂၀၁၀)နေ့မှာ အမေ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့အခါမှာ မျက်ရည်များကျမိသည်အထိ ၀မ်းသာမိ၊ အမှန်တရားကို အကျဉ်းချဝံ့သူ အာဏာရှင်များကိုလည်း နာကျည်းမိခဲ့ရသည်။

အမေစု လွတ်မြောက်၍ ကျွန်တော့် ဘလော့ဂ်စိတ်ဓာတ်များ တစ်ဖန် ပြန်လည် နိုးကြားလာသောကြောင့် အလျဉ်းသင့်လျှင် သင့်သလို ဘလော့ဂ်ပြန်ရေးပါဦးမည်။

ဂီရိမုန်တိုင်းသင့်ပြည်သူများ၊ ပခုက္ကူ- ကျွန်းချောင်းရေနံမီးလောင်သင့်ပြည်သူများအတွက်လည်း ဤနေရာမှနေ၍ ၀မ်းနည်းစကားဆိုလိုက်ပါသတည်း...။

-ညိုကြီး

2 comments: