၈၈ မျိုးဆက်ကျောင်းသားများ
မန္တလေး ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦး ဗိမာန်တွင် လွမ်းသူ့ပန်းခွေချ၊ ဂါရ၀ပြု သစ်ပင်စိုက်၊ အလှူငွေလှူဒါန်း
28.2.2012 (Tuesday)
၂၈.၂.၂၀၁၂ နံနက် ၉ နာရီခွဲတွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုလှမျိုးနောင်၊ ကိုမင်းဇေယျာ၊ ကိုအောင်သူ၊ ကိုအောင်နိုင်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုကိုကြီး(စမ်းချောင်း)၊ မနီလာသိန်း၊ မမီးမီး၊ မမာမာဦး၊ မသက်သက်အောင် အစရှိသော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် မန္တလေး ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦး ဗိမာန်သို့ရောက်ရှိပြီး မန္တလေး ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦးအားရည်စူး၍ လွမ်းသူ့ပန်းခွေချခြင်း၊ အလေးပြုခြင်း၊ အလှူရှင် ကိုမြဇော်၏ အလှူငွေ ကျပ် (၈)သောင်းအား လက်ခံခြင်း၊ လက်ခံထားသည့် အလှူငွေ (၈)သောင်းကျပ်အား မန္တလေး ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦး ဗိမာန်ဝင်းအတွင်းစိုက်ပျိုးခါစ သစ်ပင်များ ရှင်သန်စေရန် ရေရရှိရေးအတွက် ပြန်လည်လှူဒါန်းခြင်း၊ ဗိမာန်ဝင်းအတွင်း သစ်ပင်စိုက်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။
၎င်းနောက် နံနက် ၁၀ နာရီတွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် စစ်ကိုင်းမြို့သို့ ဆက်လက်ထွက်ခွာသွားကြသည်။
ညိုကြီး
Youtube Video
Facebook Video
No comments:
Post a Comment