ရာပြည့်စာအုပ်တိုက် ၁၅ နှစ်ပြည့် အမှတ်တရစာစဉ် ၁၂
27 December 2010
Current Burma & Kin Won Min Gyi's Poem
ရာပြည့်စာအုပ်တိုက် ၁၅ နှစ်ပြည့် အမှတ်တရစာစဉ် ၁၂
13 December 2010
Photos To Remember Zaganar (ဇာဂနာ အမှတ်တရ၊ ဇာဂနာ ဓာတ်ပုံများ)
အာဏာရှင်များ၏ မတရားသော အမိန့်အာဏာဖြင့် ထောင်သွင်း အကျဉ်းချခံထားရသော အမျိုးသားလူရွှင်တော်ကြီး ဇာဂနာ၏ ဓာတ်ပုံများကို အမှတ်တရ ဖော်ပြပေးလိုက်ပါသည်။
ဓာတ်ပုံများကို Feb 27, 2010 ကတည်းက Picasa Web Albums မှာ upload လုပ်ထားခဲ့ပေမင့် ယခုမှပဲ Share လုပ်ဖြစ်ပါတော့၏။
ဓာတ်ပုံများကို ရတီ စာပေ၊ အနုပညာ မဂ္ဂဇင်း၊ The Yati Magazine, Vol 2, No. 16, June 2005 မှ ကူးယူဖော်ပြပါသည်။
![]() |
From Zarganar Photos From the Yati Magazine (Vol 2, No. 16, June, 2005) |
From Zarganar Photos From the Yati Magazine (Vol 2, No. 16, June, 2005) |
From Zarganar Photos From the Yati Magazine (Vol 2, No. 16, June, 2005) |
08 December 2010
04 December 2010
Be Brave To Meet Difficulties by U Sandima (Salin)
02 December 2010
24 November 2010
21 November 2010
MY NEWS 100 and 3rd Birthday of My Blog
နှင့်
(၂၆၊ နိုဝင်ဘာ၊ ၂၀၁၀) သုံးနှစ်ပြည့် ကျွန်တော့်ဘလော့ဂ်မွေးနေ့
ကျွန်တော့်ကိုယ်ပိုင် (၀ါ) ကျွန်တော်တင်သော သတင်းများဆိုလျှင် Labels ထိုးရာတွင် MY NEWS ဟု ရေးထိုးခဲ့ပါသည်။အခြား Source များဆီက ယူသော သတင်းများကို ဘလော့ဂ်ယူတင်လျှင်မူ Labels ထိုးရာမှာ OTHERS' NEWS ဟု ရေးထိုးလေ့ရှိပါသည်။ ကျွန်တော့်ဘလော့ဂ်စာမျက်နှာ၏ ဘယ်ဘက်အခြမ်းဘက်တွင် NEWS and IDEAS ဟူသော ခေါင်းစဉ်အောက်တွင် Labels များ သူ့အဆက်အစပ်နှင့်သူ ထိုးထားသည်ကို တွေ့ရပါလိမ့်မည်။ သတင်း၊ ကဗျာ၊ ဆောင်းပါး အစရှိသည်များကိုလည်း ကိုယ်တိုင်ရေး သတင်းစာကဗျာ၊ ကျွန်တော့်ဘလော့ဂ်တွင် ၀င်ရောက်ရေးသားသူများ၏ သတင်းစာကဗျာများနှင့် အခြားသူများဆီက ရယူထားသည့် သတင်းစာကဗျာများစသဖြင့် ခွဲခြားဖော်ပြထားပါသည်။
NEWS and IDEAS
MY NEWS (100)
MY POEMS (13
)MY POEMS (English Language) (5)
MY WRITING (20)
MY WRITINGS (5)
OTHERS' NEWS (91)
OTHERS' POEMS (72)
OTHERS' WRITINGS (80)
အစသဖြင့် ဖြစ်ပါသည်။
ယခုကဲ့သို့ ကျွန်တော်တင်သော သတင်းများ MY NEWS တစ်ရာပြည့်ခဲ့ရခြင်းမှာ ကျွန်တော်တစ်ယောက်တည်းကြောင့်မဟုတ်ပေ။ ကျွန်တော့်ကို သတင်းပေးသူ၊ ဓာတ်ပုံပေးသူ၊ အကြံဥာဏ်ပေးသူ၊ ကူညီသူ စိတ်တူကိုယ်တူမိတ်ဆွေများရှိ၍သာလျှင် ယခုကဲ့သို့ သတင်း တစ်ရာပြည့်အောင် တင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။
ထို့ပြင် ကျွန်တော့်ဘလော့ဂ်တွင် PUBLISH လုပ်ခဲ့သော BLOG POSTS ပေါင်းမှာ (၄၀၅)ခု (ယခု POST အပါအ၀င်) မြောက်နေပြီလည်း ဖြစ်ပါသည်။
ပို၍ ထူးခြားသည်မှာကား ယခုလို ကျွန်တော့်သတင်း ၁၀၀ ပြည့်ချိန်နှင့် ရှေ့လာမည့် ရက် (၂၆၊ နိုဝင်ဘာ၊ ၂၀၁၀)ရက်နေ့တွင် ကျရောက်မည့် ကျွန်တော့်ဘလော့ဂ်၏ (၃) နှစ်မြောက် မွေးနေ့ချိန်ခါတို့ တိုက်ဆိုင်နေခြင်းပင်။ ဤပို့စ်ဖြင့် ရှေ့တစ်ပတ်သောကြာနေ့ (၂၆၊ နိုဝင်ဘာ၊ ၂၀၁၀)တွင် ကျရောက်မည့် ကျွန်တော့်ဘလော့ဂ် (၃)နှစ်ပြည့်မွေးနေ့ကို ကြွရောက်ချီးမြှင့်ပါရန် စာဖတ်သူများအား တစ်ပါတည်း ဖိတ်ကြားလိုက်ပါရစေ။
စစ်အာဏာရှင် (၀ါ) အာဏာရှင်စနစ်ကို မြန်မာပြည်မှ အမြစ်ပြတ်ဖယ်ရှားကာ ပိုမိုကောင်းမွန်ပြည့်စုံသော စနစ်တစ်ရပ်ထွန်းကား၍ ကမ္ဘာ့အလယ် မြန်မာ ထည်ထည်ဝါ၀ါရှိစေဖို့အရေး- အာဏာရှင်စနစ်တော်လှန်ရေးများတွင် မည်သို့ပင် အခက်အခဲများ (Internet Connection, Access has been denied, Dangers, Difficulties, Money, Time, Others) ရှိခဲ့စေကာမူ အုတ်တစ်ချပ် သဲတစ်ပွင့် ရေတစ်စက်အဖြစ် ပါဝင်ဆင်နွှဲခွင့်ရသည့်အတွက် ကျွန်တော် ညိုကြီးအနေဖြင့် များစွာ ၀မ်းမြောက်ဂုဏ်ယူမိပါသတည်း။ ။
ရှေ့ဆက်၊ ဆက်လက်၊ လက်တွဲ တိုက်ပွဲဝင်ကြပါဦးစို့ !
ညိုကြီး
BigBBrown
မြန်မာပြည်တစ်နေရာ
20 November 2010
Pre Ta-Saung-Tine Bomb From Mandalay
ယနေ့ (၂၀၊ နိုဝင်ဘာ၊ ၂၀၁၀) နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မန္တလေး အိမ်တော်ရာ ဘုရားဝင်း အင်္ဂါထောင့်တွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ လူတစ်ဦး၏ မျက်နှာနှင့် လက်တို့ ထိခိုက်ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။
ဗုံးပေါက်ကွဲချိန်တွင် ဗုံးအနီးတွင် ဘုရားသန့်ရှင်းရေး ကုသိုလ်လာယူနေကျ ပြင်ဦးလွင်မြို့နယ်၊ ရေသယောက်ကျေးရွာဘက်မှ လင်မယားနှစ်ဦးရှိနေကြောင်း၊ ထိုလင်မယားနှစ်ဦးအနက် အမျိုးသားဖြစ်သူ ဒဏ်ရာရရှိသွားကြောင်း သိရသည်။
အတည်မပြုနိုင်သေးသော သတင်းများအရ အထက်ပါ လင်မယားက အ၀တ်စ တစ်စကို ဆွဲလိုက်ရာက ဗုံးထကွဲသည် (သို့) သေတ္တာငယ်တစ်ခုကို ဆွဲလှပ်လိုက်ရာမှ ဗုံးထကွဲသည် စသဖြင့်လည်း အမျိုးမျိုး ပြောဆိုနေကြသည်။
ဗုံးပေါက်ကွဲပြီး မကြာမီ မန္တလေးတိုင်းမှူးကိုယ်တိုင် အခင်းဖြစ်ရာနေရာသို့ ရောက်ရှိလာကြောင်း သိရသည်။ ဗုံးပေါက်ကွဲပြီးနောက် အိမ်တော်ရာဘုရားရင်ပြင်တော်တွင် လုံခြုံရေးတင်းကြပ်စွာ ချထားလိုက်ပြီး နေ့လည်ပိုင်းတွင်မူ လုံခြုံရေးလျှော့ချကာ ရဲသားအနည်းငယ်ခန့်ကိုသာ ဆက်လက်ထားရှိတော့ကြောင်း မျက်မြင်သက်သေများက ဆိုသည်။
ယခုရက်ပိုင်းအတွင်း မန္တလေးသို့ ဒေါ်အောင်ဆန်းစုကြည်လာရောက်မည်ဟု သတင်းများလည်း ကြားနေရပြီး အင်္ဂါသမီး ဒေါ်အောင်ဆန်းစုကြည် မန္တလေး မလာမီ အိမ်တော်ရာဘုရား အင်္ဂါထောင့်တွင် ဗုံးခွဲခဲ့ရာ အင်္ဂါသမီးကို အင်္ဂါဗုံးဖြင့် ယတြာချေ ကြိုဆိုလိုက်ခြင်းလော၊ အင်္ဂါသမီးကို အင်္ဂါဗုံးဖြင့် ခြောက်လှန့်လိုက်ခြင်းလော၊ ဘုရားပေါ် ဗုံးခွဲကာ ဘာသာ၊ သာသနာကို စော်ကားလိုက်ခြင်းလော၊ မတော်တဆ ဗုံးထကွဲခြင်းလော ဆိုသည့် အချက်များမှာမူ ဗုံးကွဲစေသူကိုယ်တိုင်သာလျှင် သိပေလိမ့်မည်။
အချို့သော မန္တလေးသားများကမူ စစ်အာဏာရှင်များက လူထုအင်အားပရိသတ် တစ်စတစ်စ တိုးသထက်တိုးလာနေသော ဒေါ်အောင်ဆန်းစုကြည် မန္တလေးမလာမီ ခြောက်လှန့်စေသည့်သဘောဖြင့် တန်ဆောင်တိုင်အကြိုဗုံးကို ခွဲခြင်းဖြစ်သည်ဟု ပြောဆိုနေကြပေသတည်း။ ။
Nyo Gyi
20. 11. 2010
(အထက်က ပုံမှာ ဗုံးပေါက်ကွဲပြီးနောက် ဖူးမြင်ရသော မန္တလေး အိမ်တော်ရာ ဘုရားပုံ ဖြစ်ပါသည်)
14 November 2010
ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ကောက်နုတ်ချက် ...
--------------------------------------------
“ သတ္တိဆိုတာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို မှန်မှန်ကန်ကန်နဲ့ လုပ်တာဟာ သတ္တိပဲ။ လုပ်ရဲရမယ် ”
“ ကျမတို့ပြောနေတာလဲ နိုင်ငံရေးဘဲ။ အားလုံးနိုင်ငံရေးဘဲ။ ကျမတို့ပြည်သူတွေ နိုင်ငံရေးကို နားလည်အောင်လုပ်ပါ။ အရှေ့က လုပ်နေတဲ့သူကို အနောက်က လူက ထိန်းနိုင်ရမယ်။ ဒါဟာ ဒီမိုကရေစီဘဲ။ ကျမတို့ ပြည်သူတွေ ထိန်းသိမ်းတာကို ခံပါမယ်။ တခြားသူ ထိန်းသိမ်းတာကို မခံနိုင်ဘူး။ ကျမ ထိန်းသိမ်းခံရတဲ့ချိန်မှာ လုံခြုံရေးသမားတွေ အများကြီး တွေ့ရပါတယ်။ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ပါတယ်။ ကျမအပေါ် ကောင်းကောင်းဆက်ဆံတဲ့ သူတွေကိုပါ။ ကျေးဇူးကို သိတတ်တဲ့သူက နည်းတယ်။ ကျေးဇူးသိတတ်တဲ့သူ ရှားတယ် ဆိုတာကို ကျမကတော့ လက်မခံချင်ဘူး။ ကျေးဇူးသိတယ်ဆိုတာ ဘာလဲ။ တယောက်နဲ့တယောက် သည်းခံရမယ်။ အရှေ့က လူက နောက်ကလူကို သိတတ်ရမယ်။ နောက်ကလည်း ရှေ့ကလူကို သိတတ်ရမယ်။ ဒါဟာ ကျမရဲ့ အခင်းအကျင်းဘဲ။”
“ ပြည်သူကြားမှာ အားလုံးကြားမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လုပ်သွားမယ်။ ဘယ်သူဘဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်ရင် ရတယ်။ စကားပြောချင်လည်း ရတယ်။ ကျမတို့ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်။ အခု ပြည်သူတွေ ကျမတို့ဘက်မှာရှိတယ်ဆိုတာ သိရတယ်။ ပြည်သူရဲ့ယုံကြည်မှု၊ ပြည်သူရဲ့ ထောက်ခံမှုကို ရယူသွားမယ်။ အခု ဘာလုပ်နိုင်တယ် ဆိုတာကို မပြောနိုင်တာ ခွင့်လွှတ်ပါ။ အပြင်ထွက်ထွက်လာခြင်း ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာကို ပြောတာက နားမလည်ဘဲ ပြောတယ် ဖြစ်မှာစိုးလို့ပါ။ ကျမတို့အားလုံး အနာခံရပါတယ်။ လုပ်ဖော်ကိုင်ဘက်တွေလည်း အနာခံခဲ့ရပါတယ်။ အနာခံရမယ်ဆိုရင် သည်းခံပြီး အနာခံကြပါလို့ ကျမပြောချင်တယ်။ လိုတော့လိုချင်တယ် အနာတော့ မခံချင်ဘူးဆိုတာတော့ မဖြစ်ဘူး။ အမှားအမှန်ကို ကိုးစားပြီး သိရမယ်။ အမှန်ဘက်က ရပ်တည်ရမယ်။ အမှားအမှန်က တစ်ချိန်လုံး အတည်ယူလို့မရဘူး။ အချိန်အတိုင်း ပြောင်းလဲမှု ရှိတယ်။ မှန်မှန်ကန်ကန်နဲ့ဖြစ်လာတဲ့ အင်အားကို ဘယ်သူကမှ ဖြိုလို့မရဘူး။”
“ ကျမကို ထိန်းသိမ်းခဲ့တဲ့လူတွေအပေါ်မှာလည်း ဘာအာဃာတမှာ မရှိဘူး ”
“ကျမတို့ မြန်မာတွေဟာ ကောက်ရိုးမီးလိုပဲလို့ ပြောတာကို ကျမတော့ မကြိုက်ဘူး’’
“ကျမတို့ ပြည်သူတွေက လက်ဖြန့်ပြီး တောင်းချင်စိတ် မရှိဘူးလို့ ကျမ ယုံတယ်’’
“ကျမကို ထိန်းသိမ်းတဲ့လူတွေကို မမုန်းဘူး။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူကိုမုန်းတီးတာ မရှိဘူး။”
“ကျမ တရားဥပဒေစိုးမိုးရေးကို ယုံကြည်တယ်။ တောင်းပန်တာကို ကျမက တန်ဖိုးထားတယ်။ ကျေးဇူးတင်ထိုက်တာကို ကျမ ကျေးဇူးတင်တယ်။”
“လူ့အခွင့်အရေးကြေညာစာတမ်းမှာ လူတိုင်းလူတိုင်းအတွက်နဲ့ စထားတယ်။ ဒါကို လေးစားရမယ်။ လူတိုင်းလူတိုင်း တာဝန်ကျေပွန်ရမယ်။ တာဝန်သိရမယ်။ ဒါမှ ကျမတို့ နိုင်ငံတိုးတက်မယ်။ ကျမတို့နိုင်ငံတိုးတက်တယ်၊ မတိုးတက်တာ ပြည်သူသိတယ်။ မတိုးတက်တာ ဘယ်သူ့ကြောင့်လို့ ပြောနေလို့ အပိုဘဲ။ ကျမတို့ကို လုပ်ပိုင်ခွင့်ပေးပါလို့ဘဲ ပြောမယ်။ ကျမတို့ပြည်သူက လက်ဖြန့်ပြီးတောင်းမှာ မဟုတ်ဘူးလို့ ကျမ သိတယ်။ ကိုယ့်လုပ်ပိုင်ခွင့်ကို တောင်းဆိုတာဖြစ်တယ်။”
“ကျမ အမျိုးသားရင်ကြားစေ့ရေးကို ကျမ အမြဲ ယုံကြည်ပါတယ်။ ကျမတို့ဟာ ပြည်သူရဲ့ အင်အားကို အားကိုးပြီးတော့ အလုပ်လုပ်နေတာလို့ အကြိမ်ကြိမ်အခါခါ ပြောခဲ့ပြီးပါပြီ။ ပြည်သူရဲ့ အင်အားကို စနစ်တကျသုံးမှပဲ ထိရောက်မှာပါ။ ပြည်သူတွေကို ထပ်ပြီး မှာပါရစေ။ ကိုယ်လိုချင်တာကို မျှော်လင့်နေရုံနဲ့ မအောင်မြင်ပါဘူး။ ကိုယ်လိုချင်တာကို ရအောင် လုပ်ကြမှ လုပ်ရဲမှ လုပ်နိုင်မှ ရမယ်။ အကောင်းဆုံး နည်းလမ်းကို ရှာရမယ်’’
“ကျမရဲ့ လုံခြုံရေးကို တာဝန်ယူတဲ့ သူတွေက ကျမကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြတယ်။ အဲဒီအတွက် ကျေးဖူးတင်တယ်။ ကျမကို ကောင်းကောင်းမွန်မွန် ဆက်ဆံသလိုပဲ ပြည်သူအားလုံးအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ ကျမ တွေးမိပါတယ်။ ဒါပေမဲ့ ကျမကို အကျယ်ချုပ် ချသလိုတော့ ပြည်သူကို မချစေချင်ဘူး။ ပြည်သူကို အကျယ်ချုပ် မချပါနဲ့။ ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ပါတယ်’’
“မကောင်းတာကို မပြောစေချင်ရင် မလုပ်ပါနဲ့။ ကောင်းတာတွေကို ကျမတို့က တန်ဖိုးထားပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ ကောင်းတာတွေချည်း လုပ်နေရင် တသက်လုံး ကျမ ကျေးဇူးတင်လို့ ဆုံးမှာ မဟုတ်တော့ပါဘူး’’
“ပြည်သူတွေဟာ လုပ်စရာရှိတာ လုပ်ရမယ်၊ လူတိုင်း ကိုယ့်တာဝန် ကိုယ်ကျေရမယ်’’
ကျမ လုပ်ဖော်ကိုင်ဘက်တွေ၊ ထောင်ထဲက ဒီမိုကရေစီ လုပ်ဖော်ကိုင်ဘက်တွေကို ဂုဏ်ပြုချင်တယ်။ မြန်မြန်လွတ်လာပါစေလို့။
“ လူတွေရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ မသိသေးဘူး။ နားထောင်ရဦးမယ်။ လူထုအသံကို နားထောင်ချင်တယ်။ တယောက်တည်း ထပြီးပြောနေတာ အဆင်မပြေဘူး။ တယောက်တည်းက ပြောနေတာကို ကျန်တဲ့လူတွေက နားထောင်နေရတာက ဒီမိုကရေစီ မကျဘူး။"
ပြည်သူ့လုပ်အားတဲ့ .. တွဲပြီးအလုပ်လုပ်ချင်တယ်။ ကျမတယောက်ထဲ အလုပ်လုပ်မလုပ်ချင်ဘူး။ တယောက်ထဲ လုပ်တာ ဒီမိုကရေစီ မဟုတ်ဘူး။ ကြင်နာမှုရှိတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေရှိနေတယ်။
(Facebook- "မြန်မာ့အရေး"
http://www.facebook.com/note.php?note_id=123827081012133&comments&ref=notif¬if_t=note_reply#!/notes/-/-12/123827081012133
မှ ကူးယူဖော်ပြသည်။)
Nyo Gyi is Back!
7, November, 2010 မှာကျင်းပတဲ့ စစ်အဆိုးရရဲ့ ရွေးကောက်ပွဲအတုကြီးမှာလည်း မဲမထည့်ဖြစ်ခဲ့ပါ။
မနေ့က (၁၃၊ နိုဝင်ဘာ၊ ၂၀၁၀)နေ့မှာ အမေ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့အခါမှာ မျက်ရည်များကျမိသည်အထိ ၀မ်းသာမိ၊ အမှန်တရားကို အကျဉ်းချဝံ့သူ အာဏာရှင်များကိုလည်း နာကျည်းမိခဲ့ရသည်။
အမေစု လွတ်မြောက်၍ ကျွန်တော့် ဘလော့ဂ်စိတ်ဓာတ်များ တစ်ဖန် ပြန်လည် နိုးကြားလာသောကြောင့် အလျဉ်းသင့်လျှင် သင့်သလို ဘလော့ဂ်ပြန်ရေးပါဦးမည်။
ဂီရိမုန်တိုင်းသင့်ပြည်သူများ၊ ပခုက္ကူ- ကျွန်းချောင်းရေနံမီးလောင်သင့်ပြည်သူများအတွက်လည်း ဤနေရာမှနေ၍ ၀မ်းနည်းစကားဆိုလိုက်ပါသတည်း...။
-ညိုကြီး
Another New Photos of 2010 Myanmar Thin Gyan X2O Bomb Blast
၂၀၁၀ သင်္ကြန် ရန်ကုန် X2O မဏ္ဍပ်ရှေ့ ဗုံးကွဲဓာတ်ပုံများ
First 10 Min of The Scene of Bomb Blast.
07 May 2010
1/2010 Announcement by Basic Education Students Union (BESU)
BESU Statement (1-2010)
အခြေခံပညာ ကျောင်းသားများ သမဂ္ဂ
03 May 2010
Cyclone Nargis, 2 Years After
နာဂစ်မုန်တိုင်းသင့် ပြည်သူများကို အရေးပေါ်ကယ်ဆယ်ရမည့်အစား မိမိအာဏာတည်မြဲရေးအတွက်ေ၀၀ါးယုတ်မာစွာနှင့် ဘာမဟုတ်သည့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုသည့် အာဏာရူးဥပဒေအတည်ပြုပွဲကို ၂၀၀၈၊ မေလ (၁၀)ရက်နေ့မှာ ဇွတ်ကျင်းပအတည်ပြုပြီး ပြည်သူတွေ၏ နာဂစ်ဒုက္ခအား လစ်လျူရှုစော်ကားခဲ့သည့် စစ်အာဏာရှင်များ၏ အောက်တန်းကျသည့် စိတ်ဓာတ်မှာကား ရှာမှရှား ဆိုးဝါးလှချေတကား။
ယခုလည်း ထို ၂၀၀၈ နာဂစ်အခြေခံဥပဒေ၏ ဆင့်ပွား ၂၀၁၀ ယုတ်မာရွေးကောက်ပွဲဆိုသည်ကို စစ်အာဏာရှင်များက ကျင်းပဦးမည်ဆိုရာ ယနေ့ နာဂစ် (၂)နှစ်ပြည့်အခါသမယကာလမှာ အော့နှလုံးနာစရာကိစ္စရပ်ကြီး ဖြစ်လာပေတော့သည်။
---------------------------------------------
(10, July, 2008) က ဤဘလော့ဂ်မှာပင် ကျွန်တော် ရေးတင်ခဲ့ဖူးသော
နာဂစ်ကဗျာအား နာဂစ် (၂)နှစ်ပြည့်အဖြစ် အမှတ်တရ ပြန်လည် ဖော်ပြလိုက်ပါသည်။
http://bigbbrown.blogspot.com/2008/07/my-helping-tour-to-nargis-area.html

"နာဂစ်ဒေသက ပြန်ခဲ့တယ်..."
ကြေကွဲဝမ်းနည်းဖွယ်...။
ဂရုဏာရသ ဒင်းကြမ်းထ...။
ငိုနေတဲ့ မျက်လုံးများကို မှိတ်မရဘူး...။
မျောက်အုန်းသီးရသလို စီမံခန့်ခွဲမှုများရဲ့ အောက်မှာ...
တို့ပြည်သူတွေ ဘ၀ပျောက်ခဲ့ရပေါ့...။
ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးသွားပါပြီ...တဲ့
ဟုတ်လိုက်လေဗျာ...
ကယ်စရာမလိုတော့အောင်
လူတွေဟာ...
ကူရာကယ်ရာမဲ့ သေဆုံးခဲ့ကြ
ငတ်မွတ်ဆာလောင်ခြင်းတွေနဲ့ သေဆုံးခဲ့ကြ
လမ်းပျောက် အော်ဟစ်ရင်း သေဆုံးခဲ့ကြ
(သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရရဲ့ စာထဲကအတိုင်း ပြောရရင်
ပရမ်းပတာ သေဆုံးခဲ့ကြ)
ကယ်ဆယ်ရေးအချိန်မီ မစတင်ခဲ့တဲ့ ရက်စွဲများ....
၃၊ ၄၊ ၅၊ ၆၊ ၇....မေ။
ထိခိုက်မှုနည်းတဲ့ ရွာသားများက
ထိခိုက်မှုများတဲ့ ရွာသားများကို ကယ်ဆယ်ကျွေးမွေးခဲ့ကြ...
စစ်အစိုးရကတော့ အေးဆေးပါ..တဲ့။
ရွာတွေဟာ ရွာလုံးလုံးပျောက်ရှခဲ့ကြ
စစ်အစိုးရကတော့ အေးဆေးပါ..တဲ့။
ကျွဲတွေ၊ နွားတွေ၊ ကြက်တွေ၊ ဘဲတွေ၊ ၀က်တွေ၊ ငှက်တွေ
အများကြီး (အများကြီး) သေဆုံးခဲ့ကြ
စစ်အစိုးရကတော့ အေးဆေးပါ..တဲ့။
လယ်တွေပျက်၊ သောက်ရေကန်ပျက်၊ စိတ်တွေပျက်
စစ်အစိုးရကတော့ အေးဆေးပါ..တဲ့။
ဖူးစရာ ဘုရားတောင် နာဂစ်နဲ့ ပျောက်သွား၊ ပျက်သွား
စစ်အစိုးရကတော့ အေးဆေးပါ..တဲ့။
သိန်းချီသေဆုံးပြီး သန်းချီ ဒုက္ခရောက်ခဲ့ကြ
စစ်အဆိုးရကတော့ အေးဆေးပါ..တဲ့။
နိုင်ငံတကာ အလှူရှင်တွေကိုလည်း စော်ကားမော်ကား လုပ်လားလုပ်ရဲ့
ဖောက်ပြား၊ ဟောက်စားတဲ့ မသူတော်တွေ...။
အယောင်ဆောင် ကယ်ဆယ်ရေးတွေနဲ့
ဓာတ်ပုံရိုက်ဖို့သက်သက် ကယ်ဆယ်ရေးတွေနဲ့
ရုပ်မြင်သံကြား ရိုက်ကူးရေးသက်သက် ကယ်ဆယ်ရေးတွေနဲ့
ကယ်ဆယ်ရေးပစ္စည်းကို ခိုးတဲ့ နအဖလက်ပါးစေတွေနဲ့
တစ်ဆုပ်လိုတာ တစ်စေ့ပဲ ပေးတဲ့ နအဖရဲ့ အစီအမံတွေနဲ့
လယ်ထွန်စက် ဆယ်ရွာတစ်လုံးနှုန်းနဲ့ ။
အရင်ကတည်းက မရှိရှာခဲ့တဲ့ ဧရာဝတီပြည်သူတွေ
အခုတော့
မရှိရာကနေ ဘာမှ မရှိတော့
ဆွေမရှိ၊ မျိုးမရှိ၊ ပိုက်ဆံမရှိ၊ စားစရာမရှိ
ကျန်းမာရေးမရှိ၊ အနာဂတ်မရှိ
နေစရာက အိမ်သာ သာသာ ဓနိတဲ
မရှိတော့ ဆင်းရဲ၊ ဆင်းရဲတော့ ကျောမွဲ ။
ပြောပြန်ရင်လည်း ညိုကြီးလွန်ရာ မကျတော့ဘူး
ပြည်သူတွေရဲ့ တစ်ထွာဗိုက်တွေအတွက်
တိုက်ပွဲကတော့ တိုက်ကို တိုက်မှ ဖြစ်တော့မယ်
စစ်အဆိုးရ ကျဆုံးပါစေ...။ ။
မောင်ညိုကြီး
၁၀.၇.၂၀၀၈
---------------------------------------------
ကျွန်တော့်ဘလော့ဂ်တွင် ကျွန်တော်တင်ခဲ့ဖူးသော နာဂစ်ပို့စ်များ
http://bigbbrown.blogspot.com/search/label/NARGIS%20CYCLONE
---------------------------------------------
ညိုကြီး၏ နာဂစ်ဆောင်းပါး
"ရဟန်းသံဃာများ၏ မေတ္တာ၊ ကရုဏာ၊ စေတနာ" နှင့် "စစ်အဆိုးရ၏ အ၀ိဇ္ဇာ၊ တဏှာ၊ ဝေဒနာ"
http://bigbbrown.blogspot.com/2008/05/burma-monks-activities-after-nargis.html
I Don't Want The Bloody Buma
မြန်မာပြည်က ကြီးနိုင်ငယ်ညှင်းပြီး အာဏာယစ်မူးတတ်ကြတဲ့ အလေ့အကျင့်တွေဟာ သက်ဦး
ဆံပိုင်စနစ်ကနေ မြစ်ဖျားခံခဲ့တယ်လို့ ယူဆလို့ရနိုင်ပြီး ဒီကနေ့အထိလည်း စဉ်ဆက်မပြတ်
သက်ရောက်နေသေးကာ လူတန်းစားအဆင့်ဆင့် တုံးအောက်ကဖားတွေလို ပြားနေကြရတာ
ခံစားတတ်သူ့ ပုထုဇဉ်တွေအတွက်တော့ စိတ်မကောင်းစရာပါ။
အသက်၊ သွေး၊ ချွေး နဲ့ မျက်ရည်ပင်လယ်တွေလည်း ဝေနေခဲ့ကြရတာ ထောင်စုနှစ်တစ်ခုတောင်
ပြည့်ဖို့ သိပ်မလိုတော့ပါဘူး။ ဝမ်းနည်းကြေကွဲစရာ၊ ခံပြင်းဒေါသထွက်စရာ၊ အံသြတုန်လှုပ်စရာ
တွေနဲ့ ရှက်ရွံ့စရာတွေ မရေတွက်နိုင်လောက်အောင်ပဲ ဖြတ်သန်းခဲ့ပြီးပေမယ့် မက်စရာ လုပ်ပိုင်ခွင့်
အာဏာနဲ့ (လူထုဘဝမှာ အခရာကျတဲ့) သတင်းကဏ္ဍကို ချုပ်ကိုင်ချယ်လှယ်ပြီး “တိုင်းပြည်
အတွက်” ဆိုတဲ့ မရိုးနိုင်တဲ့ ဓါတ်ပြားဟောင်းကိုဆက်ဖွင့်ရင်း လိုရာကိုဆက်ဆွဲ နေခဲ့ကြတာလည်း အဆုံးဆိုတာ မမြင်နိုင်လောက်အောင်ပါ။
“သောင်းကျန်းသူ၊ သူပုန်” တွေလို့ နာမည်တပ်ပြီး မိသားစုတွေ အားလုံးနဲ့ပေါင်းမှ ၃-၄ ထောင်
လောက်သာသာ အရေအတွက်ရှိတယ်လို့ ဆိုတဲ့တိုင်းရင်းသားအဖွဲ့တွေဟာ ဒီကနေ့အထိ
“စွမ်းစွမ်းတမံ ချေမှုန်း” ခံနေခဲ့ကြရတာတောင် လျော့မသွားပဲ ပိုတိုးလာခဲ့ကြတာ “ဆန်းကျယ်တယ်”
လို့များ ဆိုကြရလေမလား။ မဟုတ်ရင်လည်း ဝါဒဖြန့်ချီရေးတွေရဲ့ မအောင်မြင်တဲ့လုပ်ဇာတ်တစ်ခု
ဖုံးလို့မရ ဖိလို့မနိုင် ဖြစ်သွားခဲ့လား။
“ရဲသော်မသေ သေသော်ငရဲမလား” သံပြိုင်သီချင်းတွေဆိုပြီး အစီး ၃-၄၀ သော ကားတန်းတွေနဲ့
“တရားသောစစ်” ကိုဆင်နွဲဖို့ ထွက်သွားရာက ၄-၅ စီးလောက်နဲ့ ချောက်ချက်ဖြစ်နေတဲ့ စစ်သည်
တွေ ပြန်တင်လာတဲ့ အပြန်ခရီးတွေကို မြို့ကြီးများပေါ်က အသွားတုံးက အောင်သပြေနဲ့ ပန်းကုံး
တွေ စွပ်ပေးခဲ့သူများ မမြင်မိကြတာလား၊ မဟုတ်ရင်လည်း မမြင်ချင်ကြတာလား။
နှစ်စဉ်ထောင်နဲ့ချီတဲ့ တိုက်ပွဲတွေနဲ့ မရေတွက်နိုင်တဲ့ အသက်ဆုံးရှူံးမှုတွေဟာ တနိုင်ငံလုံး ဆင်းရဲ
ချွတ်ခြုံကျမှုနဲ့ အမုန်းတွေပြည့်လျှံနေတဲ့ သောင်း၊ သိန်းမကတဲ့ စိတ်နှလုံးတွေကို မွေးထုတ်ပေးဖို့
အာမခံချက်တွေပါ။
“သူပုန်တွေက ရဲဘော်တွေကို သေနတ်နဲ့တောင်မပစ်ပဲ လက်ဗလာနဲ့တင် တက်ဖမ်းကြတယ်” ဆိုတဲ့
သတင်းမျိုးတွေဟာ တိုင်းရင်းသားတွေမှာ ဘယ်လောက်အထိ အမုန်းတရားတွေ လောင်မျိုက်
အောင် အလုပ်ခံခဲ့ကြရသလဲဆိုတာ တွေးမိနိုင်ဖို့ အကြောင်းရင်းတစ်ခု ဖြစ်မလာနိုင်ရင်တော့လည်း အနာဂါတ်ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်သိပ်မရှိနိုင်ပါ။
မြို့ပေါ်မှာ လမ်းမတွေပေါ် ပင်ပင်ပန်းပန်း ဝမ်းစာဖွေရှာ စားနေကြရချိန်မှာ၊ တောထဲကမောင်နှမ
တွေဟာ အကြောက်တရားအပြည့်နဲ့ သစ်ဥသစ်ဖုတွေ ရှာဖွေစားနေကြရတာ သိစေလိုပါတယ်။
ရပ်ကွက်ထဲ အချို့သောမိခင်တွေ သူတို့ရဲ့ စစ်ထွက်သားမောင်များအတွက် အပူသောကတွေဝေနေ
ချိန်မှာ ဟိုအဝေး တောင်ကုန်းပြာပြာတွေပေါ်က အမှောင်ထဲမှာ စမ်းတဝါးဝါး တစ်တီတူးများလို
မလုံခြုံတဲ့စိတ်နဲ့ ပုန်းအောင်းအိပ်စက်နေရသူတွေက ဒုနဲ့ဒေးပါ။ ဆေးပေးခန်းမှာ စုတ်ပြဲနေတဲ့
ငွေစက္ကူတွေနဲ့ လူတစ်ချို့ စောင့်ဆိုင်းနေကြရချိန်မှာ သစ်ပင်၊ ဝါးပင်အောက် စမ်းရေကိုဆေးလုပ်
သောက် နေကြသူတွေ မရေတွက်နိုင်လောက်အောင်ပါပဲ။
ဒါတွေဖြစ်အောင် ဖန်တီးခဲ့ကြသူတွေအတွက် သာယာယစ်မူးမှုတွေ ရရှိနေကြသလား မသေချာ
ပေမယ့် အကျိုးဆက်တွေကို ကိုယ်တိုင်ခံစားနေရသူတွေအတွက်တော့ စက္ကန့်တိုင်း၊ မိနစ်တိုင်းဟာ
လောကငရဲထဲက အချိန်ကာလတွေပါ။
ခုချိန်မှာ တနိုင်ငံလုံး သံသယရှိစရာ ဗုံးတွေပေါက်နေတာ ကြားလာကြရပြန်ပါပြီ်။ စစ်ရေးပြင် တိုက်ပွဲ
ခေါ်သံတွေဆိုတာ ထပ်ပြီးပြောပြစရာတောင် လိုတော့မယ် မထင်ပါ။
ပြတ်ပြတ်သားသား ပြောချင်တာကတော့ “ဒီရူးသွပ်မှုတွေကို ရပ်တန်းက ရပ်လိုက်ကြ
ပါတော့” ဆိုတာပါပဲ။
သွေးချင်းတွေ သွေးချင်းချင်း ထပ်မနီပါစေနဲ့တော့။
မန်းကိုကို
၂၉၊ ၀၄၊ ၂၀၁၀
http://mahnkoko.blogspot.com/
25 April 2010
A Poem For The Selfish
နှစ်ထောင့်တစ်ဆယ်က ထမင်းဝိုင်းကြီးလားဗျ
မီဒီယာအချို့ ရင်ဖွင့်တတ်လာတာ မြင်မကောင်း ရှုမကောင်း
သူတို့ရဲ့ချပ်ဝတ်တန်ဆာက တတိယ အသံထုတ်တာဆိုပဲ
မိတ်ဆွေရဲ့ ကဗျာရွတ်သံပဲ ကြားယောင်မိရဲ့
‘သူရဲကောင်းတို့ရဲ့ ချပ်ဝတ်တန်ဆာဟာ ဒဏ်ရာတွေသာဖြစ်တယ်’။
အဲဒီထမင်းဝိုင်းမှာ ပညာတတ်အမည်ခံ အုပ်စုက
ထမင်းစားဝတ်စုံတွေ ၀တ်ကြပေါ့။၊
သိပ်မ၀ါးနဲ့ကိုယ့်လူ
ထမင်းဆိုတာ လယ်သမား၊ အလုပ်သမားတွေဆီကလာတာ။
ဒီပွဲက သစ္စာပြုပွဲဗျ
နောက်ဆုံးလက်တံတွေ ဖြန့်ရမယ့်ပွဲ။
သစ္စာပြုပွဲတိုင်းမှာ
ရူးချင်ယောင်ဆောင်၊ မယောင်ရာဆီလူးတဲ့
ကိုယ်ကျိုးရှာ မောဟဘီလူးတွေဟာ ရှိနေစမြဲပဲ။ ။
ဖိုးပိတာ
21 April 2010
19 April 2010
Than Shwe News (18, April, 2010)
ကျောက်ဆည်မြို့၊ ညောင်ခြောက်ပင်ရပ်ရှိ ရေနား ဘုန်းကြီးကျောင်းအတွင်း မီးလောင်ခဲ့သော ကျောင်းအား ပြုပြင်မွမ်းမံဖွင့် ပွဲအား နံနက်ပိုင်းတွင် သန်းရွှေ ကိုယ်တိုင် ဟတ်စကီး (၂) စီးဖြင့်လာရောက် ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။
သန်းရွှေ ကျောက်ဆည်ရောက်နေသခိုက် ကျောက်ဆည်မြို့ဝန်းကျင်ရှိ ကြိုးဖုန်းများ၊ ဂျီအက်စ်အမ်ဖုန်းများ၊ အင်တာနက်ဆိုင်များ ပိတ်ထားခံရကြောင်းလည်း သိရသည်။
သန်းရွှေသည် ကျောက်ဆည်မှအပြန်တွင် ပြင်ဦးလွင်(မေမြို့)၌ ဒုလ္လဘ ရဟန်းခံဦးမည်ဟုလည်း သိရသည်။
17 April 2010
Another ThinGyan Bombs Blasts at MyitSone Dam Project
ကချင်ပြည်နယ်၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၌ ဗုံးများပေါက်ကွဲ

တရုတ်၊ ယူနန်ပြည်နယ် လျှပ်စစ်မီးပေးရေးအတွက် ရည်ရွယ်ဦးတည်ကာ ဧရာဝတီမြစ်အစ မေခ၊ မလိခမြစ်ဆုံကို ခွ၍ ဆောက်လုပ်နေသည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၌ သင်္ကြန် နှစ်ဆန်းတစ်ရက်နေ့ (၁၇၊ ဧပြီ၊ ၂၀၁၀ ခုနှစ်) နံနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၄)ဦးခန့် သေဆုံးခဲ့ပြီး (၁၂)ဦးခန့် ဒဏ်ရာရရှိသွားကြောင်း www.kachinnews.com နှင့် အခြားသတင်းအေဂျင်စီများအရ သိရှိရသည်။ Asia World Company အဆောက်အဦး၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး သေဆုံးသူအများစုမှာ တရုတ်လုပ်သားများဖြစ်သည်ဟု သိရသည်။ ဗုံးများဆက်တိုက်ပေါက်ကွဲမှုကြောင့် လုပ်ငန်းသုံး ဘူဒိုဇာများ၊ ထရပ်ကားများစွာ ပျက်စီးသွားသည်ဟု သိရပြီး ဆုံးရှုံးမှုပမာဏအသေးစိတ်ကို မသိရှိရသေးပါ။ ဒေသခံ ကချင်လူမျိုးများကို ဒုက္ခရောက်စေမည့် အဆိုပါ မြစ်ဆုံစီမံကိန်းမှာ ဗမာပြည်ဘက်မှ Asia World Company, အမှတ်(၁)လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန၊ တရုတ်ပြည်ဘက်မှ China Power Investment Corporation (CPI) တို့ ပူးပေါင်း တည်ဆောက်နေသော စီမံကိန်းဖြစ်သည်။ အဆိုပါ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းသည် ကချင်လူထု၊ ခရစ်ယာန်ဘာသာရေးကျောင်းများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအုပ်စုများ ၀ိုင်းဝန်းကန့်ကွက်နေသည့်ကြားမှပင် စစ်အဆိုးရက ဇွတ်အတင်း တည်ဆောက်နေသော စီမံကိန်းတစ်ခုလည်းဖြစ်သည်။
နှစ်ဆန်းတစ်ရက်နေ့ မြစ်ဆုံ ဗုံးသတင်းများ
Four killed, 12 injured in bomb blasts in Irrawaddy-Myitsone dam site
http://www.kachinnews.com/News/Four-killed-12-injured-in-bomb-blasts-in-Irrawaddy-Myitsone-dam-site.html
Bomb blasts hit dam project
http://www.straitstimes.com/BreakingNews/SEAsia/Story/STIStory_515792.html
Explosions reported at hydropower project in northern Myanmar
http://www.monstersandcritics.com/news/asiapacific/news/article_1548895.php/Explosions-reported-at-hydropower-project-in-northern-Myanmar
Series of bomb blasts hit hydropower plant project in Myanmar
http://wireupdate.com/wires/3121/series-of-bomb-blasts-hit-hydropower-plant-project-in-myanmar/

Map of Dams in Burma - http://www.burmariversnetwork.org/
Irrawaddy Mytisone Dam Specifications
(From http://www.burmariversnetwork.org/dam-projects/irrawaddynmaimali.html)
Height: 152 meters
Installed capacity: 6,000 MW
Annual production: 16,634 Gwh
About MyitSone Dam
http://en.wikipedia.org/wiki/Myitsone_Dam
Black day for Burma’s Irrawaddy: junta ministers host Myitsone dam “celebration”
http://www.burmariversnetwork.org/actions/press-releases/23-press-releases/280-black-day-for-burmas-irrawaddy-junta-ministers-host-myitsone-dam-celebration.html
16 April 2010
Unusual 2010-ThinGyan News, Photos and Poem From Burma
စစ်အဆိုးရသတင်းထုတ်ပြန်မှုအရ (၈)ဦးသေဆုံး၊ (၁၇၀)ဦး (ကျား- ၁၂၅ + မ-၄၅) ဒဏ်ရာရ သွားသည်ဟုသိရ။
http://www.myanmar.com/newspaper/nlm/index.html
CNN သတင်းအဆိုအရ သေဆုံးသူဦးရေမှာ အနည်းဆုံး(၂၀)ဦးခန့်ရှိမည်ဟု သိရ။
http://edition.cnn.com/2010/WORLD/asiapcf/04/15/myanmar.blast/index.html
မန္တလေးမြို့မှ ကျန်းမာရေး ရေကစားမဏ္ဍပ်မှာ ယမန်နှစ်များအတွင်း မန္တလေးမြို့တော်ဝန် ရေကစားမဏ္ဍပ်အလှပြိုင်ပွဲများတွင် ပထမဆု မကြာခဏ ရလေ့ရှိသော မဏ္ဍပ်ဖြစ်သည်။
ကောင်မလေးက ၀ီစကီသောက်တယ်
လောကီက ဆူညံတယ် ။ ။
လက်ျာစက်တင်
(၂၀၁၀၊ သင်္ကြန်အကြိုနေ့)
08 April 2010
No Vote Campaign 2010
---------------------------------------------------------
မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
သတင်းစကားလေးတစ်ခုလည်း ဝေငှပါရစေ။
မြန်မာပြည်သူ၊ ပြည်သားတွေအဖို့ နှစ်ပေါင်းများစွာ တစ်နည်းနည်းနဲ့ စစ်အာဏာရှင်တွေရဲ့
ဒဏ်ကို ခံခဲ့ကြရရာမှာ တပ်မတော်သားတွေလည်း အပါအဝင် ဖြစ်ပါတယ်။
လူတစ်စုရဲ့ ဆန္ဒနဲ့ အကျိုးစီးပွားထက် လူအများအတွက် ရှေ့တန်းတင်သင့်ကြပြီ ထင်ပါတယ်။
လက်နက်မရှိ၊ အာဏာမရှိ၊ အားထားရာမဲ့တဲ့ ပြည်သူတွေရဲ့ အနေထားကို နားလည်ပါတယ်။
ဒါပေမယ့် ရင်မဆိုင်ရင် အားလုံးရဲ့ ဒုက္ခတွေ မဆုံးနိုင်ဘူးဆိုတာလည်း
နားလည်ပေးကြရပါမယ်။
တုတ်၊ ဓါးတွေ ဆွဲစရာ မလိုပါ၊
လက်သီး လက်မောင်းတန်းပြီး အော်ဟစ်နေစရာ မလိုပါ၊
ရှေ့ထွက်ပြီးလည်း ဦးဆောင်စရာ မလိုပါ၊
အအေးချမ်းဆုံး ကိုယ့်ဘဝ ကိုယ်ဆက်သွားရင်း ကိုယ်ပိုင်တဲ့ မဲတစ်ပြားကို
မကြာခင်ဇွတ်လုပ်
တော့မယ့် ရွေးကောက်ပွဲမှာ ဝင်မထည့်ရုံပါ။ အကြမ်းမဖက်ပဲ အာဏာရှင်တွေကို ရင်ဆိုင်ကြ
ရအောင်။
တစ်ဆင့်တက်ပြီး အမိန့်အာဏာကို မလိုက်နာတာမျိုးတွေနဲ့ အနုနည်းဆန့်ကျင်သွားကြလို့ ရပါ
သေးတယ်။ နိုင်ငံကို ပြည်သူတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ပြည်သူတွေအပ်မှ ပြည်သူ့ကိုယ်စား
လှယ်တွေ အာဏာရ အုပ်ချုပ်ရိုးထုံးစံရှိတာ နှစ်ပေါင်းထောင်နဲ့ချီခဲ့ပါပြီ။
ဒါကြောင့် (စာဖတ်သူ) ပြည်သူတွေရဲ့ စွမ်းအားကို ယုံကြည်ပါတယ်။ အားထားပါတယ်။ လူတိုင်း
လုပ်နိုင်မယ်လို့ မယူဆပေမယ့် ကြိုးစားကြည့်ကြရအောင်လို့
နှိုးဆော်လိုက်ပါတယ်။ ပြိုင်တူ
တွန်းရင် ရွေ့နိုင်ပါတယ်။
မန်းကိုကို
၀၆၊ ၀၄၊ ၂၀၁၀
http://mahnkoko.blogspot.com/
07 April 2010
NLD's Announcement, Year 2010, April 6
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
၂၀၁၀ ခုနှစ်၊ ဧပြီလ (၆)ရက်
၁၃၇၁ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၈) ရက်
" ပြည်သူသို့ ပန်ကြားချက် "
ABMA Journal (Vol. 1, No. 5)
A4 စာရွက်နဲ့ အလွယ်တကူ ပရင့်ထုတ်ဖတ်ရှုနိုင်သည်။
ABMA Journal Volume 1 No 5
05 April 2010
Statement of People Action for Mass Movement
Decision of Meeting
03 April 2010
26 March 2010
A Letter From IBMO to Burmese People (1/2010)
(၀၃၊ ၂၅၊ ၂၀၁၀)
Dear All,
The International Burmese Monks Organization releases a statement (In Burmese) on (March, 25, 2010).
--
Help Us Change Burma
International Burmese Monks Organization
www.burmesemonks.org
From IBMO to Burmese People (1/2010)
The Time to fight Myanmar Military Dictatorship
၂၀၁၀ ခုနှစ်၊ မတ်(၂၃) ရက်
SCM Stmt Bur
25 March 2010
NLD's Special Annoucement, 2/03/10
23 March 2010
Don't Be Foolish, Revolution is the Right Choice!
နိုင်ငံရေးမိုးသက်မုန်တိုင်းတွေကျနေတယ်။ မြို့ပြတွေထဲမှာ။ တောတောင်ထဲမှာ မဟုတ်ဘူး။ တောတောင်ထဲမှာတော့ သေနတ်သံတွေကြိုးကြားထွက်လာနေပြီ။ သေနတ် တွေကို မောင်း တင်တဲ့ အဖွဲ့တွေလဲ တင်နေကြရဲ့။
ရွေးကောက်ပွဲမှတပါး ကိုးကွယ်ရာမရှိဆိုသူတွေက စစ်အာဏာရှင်တွေ ချကျွေးမည့် အရိုးအရင်းလေးရဖို့ ရှေ့ဂျွမ်းတွေ၊ နောက်ဂျွမ်းတွေ ပစ်ပြချင်နေကြပြီ။ ပြည်သူတွေကို အယုံသွင်းနေချင်ကြပြီ။ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလေသံတွေ မိုးလုံးညံနေခဲ့ပေမဲ့ သူ တို့မှာ ကြားနိုင်တဲ့နားတွေ မရှိကြတော့ဘူး။ သူတို့တွေဟာ ရန်သူစစ်အာဏာရှင် တွေကို ရရာနေရာက အလုပ်အကျွေးပြုကြတော့မှာပါဘဲ။ ရန်သူနဲ့ပေါင်းပြီး ပြည်သူတွေကို ခွစီး အမြတ်ထုတ်ကြတော့မယ်။ ရန်သူကို အလှခြယ်ပေးကြတော့မယ်။ သူတို့မှာ ဒါကလွဲလို့ လဲ ဘာမှ လုပ်တတ်မှာ မဟုတ်တော့ပါဘူး။ ရန်သူကို ဘုရားထူးမည့် သူတွေဆီ က ကျွန် တော်တို့ ဘာများမြော်လင့်နိုင်ပါ့မလဲ။ သူတို့ဟာသူခိုး ဓါးရိုးကမ်းမည့်သူတွေဘဲ။
တွေဝေမှုတွေ၊ မရေရာတဲ့ မြော်လင့်ချက်တွေ၊ သူတပါးကိုးအားကိုးချင်တာတွေ၊ သူများလက်နဲ့ မြွေဖမ်းချင်တာတွေ၊ ဆွေးနွေးလိုက်ရင်ရမယ်ထင်တာတွေဟာ တင်းမာတဲ့ စစ်အာဏာရှင်တွေရဲ့ ထုံးတားတဲ့အောက်မှာ အရည်ပျော်ကုန်ပြီ။
အာဏာဆိုတာလွယ်လွယ်နဲ့ရနိုင်တာမဟုတ်ကြောင်းစစ်ဗိုလ်ချုပ်တွေကမကြာခဏ ဆောင့် ကန်ပညာပေးပေမဲ့ ကျွန်တော်တို့ တတွေ အမှတ်မရှိတာဟာ ကျွန်တော်တို့ အပြစ်ဘဲဖြစ်တော့တယ်။ မမှန်မကန် လှုံ့ဆော် မြူဆွယ်သူတွေကလဲ တော်ကြတာကိုး။ အခုတော့ ကျွန်တော်တို့ကျောမှာ ဒဏ်ရာ၊ ခေါင်းမှာပတ်တီး၊ အသက်တွေကြီးပြီး ခိုကိုး ရာမဲ့ နေပြီလား။
တော်လှန်ရေးဆိုတာ ဖိနှိပ်မှုရှိတဲ့ နေရာတိုင်းမှာ ရှိတယ်ဆိုတာကို သတိရသင့် ပါတယ်။ တော်လှန်ရေးဆိုတာ အပေးအယူလုပ်စေ့စပ်တာမဟုတ်ဘူးဆိုတာကို တော်
လှန်သူတွေက မသိပေမဲ့ အုပ်စိုးသူ စစ်အာဏာရှင်တွေက သိနေတယ်။ ဒီတော့ သူတို့က အနိုင်ဘက်က ရောက်နေသလို ဖြစ်နေတာပေါ့။
တကယ်နိုင်ရမှာက ပြည်သူတွေ။ စစ်တပ်ဆိုတာ ပြည်သူက ကျွေးမွေးထားတာ ဖြစ်တော့၊ မကျွေးမွေးရင်ဘဲ သူတို့ဟာ ရှင်သန်စရာမရှိဘူး။ ပြန်တိုက်မယ်ဆိုရင်တော့ စစ် တပ်ဟာ လုံးဝကျေပျက်သွားလိမ့်မယ်။ ဒီလိုချေဖျက်ဖို့က ပြည်သူ့တပ်မတော် ဆိုတာ ရှိရမယ်။
မတရားတဲ့ ၊ ဖိနှိပ်တဲ့ စစ်အာဏာရှင် နအဖတပ်ကို တော်လှန်ဆန့်ကျင်တဲ့ ပြည် သူ့ကိုယ်စားပြု ပြည်သူ့တပ်မတော်ဟာ ရန်သူ့စစ်တပ်ထဲက ပေါ်လာမှာ။
ဒီလိုပေါ်လာဖို့က ထိုင်ကြည့်နေ၊ အစည်းဝေးလုပ်။ ကြေညာချက်ထုတ်နေရုံနဲ့ တော့ မရဘူး။ကျွန်တော်တို့ပြည်သူတွေအနေနဲ့ နအဖ စစ်အာဏာရှင်တွေကို မစေ့စပ် တမ်း ချေမှုန်းမယ်ဆိုတဲ့ သန္နိဋ္ဌာန် ရှိဖို့လိုအပ်တယ်။ လက်နက်တိုင်တိုက်ပွဲဝင်မှ ရမယ်လို့ အပြတ်အသတ် ယုံကြည်ရမယ်။ လက်တွေ့တိုက်ပွဲဝင်ရမယ်။ ဒီလိုမှ ပြတ်သားတဲ့ အမြင် နဲ့ ယုံကြည်မှုမရှိရင်တော့ စစ်အာဏာရဲ့ ဖိနှိပ်အောက်က လွတ်စရာလမ်းမရှိနိုင်ဘူးဆိုတာ လွန်ခဲ့တဲ့ ကာလတွေက အဖြစ်အပျက်တွေကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။ ဒီတော့ ကျွန် တော်တို့ ပြည်သူတွေဘက်က ဦးဆောင်တိုက်ပွဲဝင်ရမယ်။ အနိုင်ယူပြရမယ်။ ပြည်သူဆို တာ စစ်တပ်ထက် တန်ခိုးသြဖာကြီးမားကြောင်းပြသရမယ်။ ပြည်သူတွေဟာ စစ်တပ်ကို တိုက်ရင် နိုင်တယ်ဆိုတဲ့ သက်သေပြနိုင်မှ နောက်နောင် စစ်တပ်အာဏာသိမ်းမှုတွေကို တားဆီးနိုင်လိမ့်မယ်။
များစွာ အလေးအနက်ထားသင့်တဲ့ကိစ္စက အတိတ် ၁၉၉၀ခု နောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးကို ဦးစိုက်မလုပ်ဆောင်မိခဲ့တာကို တွေ့ရမယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းက ရွေးကောက်ပွဲရလဒ်ကို မြော်ကိုးတာရယ်၊ အကြမ်းမဖက်ရေးရယ်။ စေ့စပ် ရေးရယ်၊ နိုင်ငံခြားရဲ့ သနားသဖြင့် ပေးကမ်းမှုတွေကိုမက်မောခဲ့တာတွေကြောင့်နဲ့ လက် နက်ကိုင်လှုပ်ရှားမှုအပေါ် စည်းစည်းလုံးလုံး ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်နိုင်ခဲ့တဲ့ အာနည်းချက်တွေရှိခဲ့တယ်။ လက်နက်ကိုင်တိုက်ပွဲလုပ်ခဲ့ ပြီးပြီဘဲလို့ ပြောလို့ မရနိုင်ဘူး။ ဘာမှ တကယ်မလုပ်ခဲ့နိုင်ဘူး။ မယ်နပလောကာကွယ်ရေးလုပ်တယ်။ ရတယ်။ နောက် တော့ ရန်သူက ဘာသာရေးကိစ္စနဲ့ ကေအင်န်ယူကို အမြတ်ထုတ်လိုက်လို့။ ဒီကိစ္စတွေက ကျွန်တော်တို့ ဆက်လက်ဖြေရှင်းရင်း လက်နက်ကိုင်လမ်းစဉ်ကို ပီပြင်အောင် ဆက်လက် လုပ်ဆောင်သွားရမှာပါ။
ဒီနေ့ရွေးကောက်ပွဲနဲ့မှိုင်းလုံးတိုက်နေချိန်မှာ အမျိုးသားရင်ကြားစေ့ရေးတို့၊ အမျိုး သားပြန်လည်သင့်မြတ်ရေးတို့၊ နှစ်ပွင့် သုံးပွင့် ဆိုတာတွေ တွေ့ဆုံဆွေးနွေးအဖြေရှာရေး တွေ၊ ယုံကြည်မှုတည်ဆောက်ရေးတွေ ဘယ်ဆီရောက်လို့ ဘယ်မှာပျောက်သွားကြပြီလဲ။
ဒီတော့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ မလိမ်နဲ့၊ သူများလိမ်တာလဲ မခံနဲ့ တော့၊ ကိုယ့်ကျောပိုးးအိတ်ကိုယ်လွယ်၊ ကိုယ်သေနတ်ကိုထမ်းပြီး မပြီးသေးတဲ့ စစ်အာရှင် စံနစ် တိုက်ဖျက်ရေးလုပ်ငန်းကို ခေါင်းရှင်းရှင်းနဲ့လုပ်ဖို့ဘဲ။ အူကြောင်ကြားတွေရဲ့ စကား နဲ့ လှည့်စားချက်တွေ။ နအဖရဲ့ မြှူလုံး ခြောက်လုံးတွေကို တော်လှန်ရေးလှုပ်ရှားမှုနဲ့သာ တုန့် ပြန် အဖြေပေးကြရတော့မယ်။
လက်နက်ကိုင်တိုက်ပွဲကို အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်ရင်လဲ လက်နက် ကိုင်တိုက်ပွဲကို ထောက်ကူတဲ့ လုပ်ငန်းတွေကတဆင့် ကူညီနိုင်တာပါဘဲ။ ဒါပေမဲ့ လက် နက်ကိုင်လမ်းစဉ်အောက်က လှုပ်ရှားမှုတော့ ဖြစ်သင့်ပါတယ်။ ဒီဂယ်ပေါက်ကလဲ တော် လှန်ရေးလှုပ်ရှားမှုကို အများကြီး အနှောက်အယှက် ဖြစ်စေခဲ့လို့ပါ။
မတွေဝေနှင့် တော်လှန်ရေးသည် တရားသည်။
အောင်ပွဲကိုတိုက်ယူကြ။
တော်လှန်ရေးမုချအောင်ရမယ်။
ဦးအေးဆောင်
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး။
မတ်လ ၂၂ ၊ ၂၀၁၀။
(အီးမေးလ်မှ ရရှိသည်ကို တစ်ဆင့်ပြန်ဖောက်သည်ချသည်)
One Country, Many Partitions...?
သန့် ရှင်း တည်မြဲ ကွဲဖို့ မလိုပါ။ ဒီတစ်ခါကွဲရင်ဘာဖြစ်မယ်ဆိုလားပဲဗျို့ သန့် ရှင်း- တည်မြဲကွဲ ဖို့ မလိုပါ ကျနော်တို့ မမွေးခင်-၁၉၅၈-ခုနှစ်ဖ-ဆ-ပ-လကြီးကွဲတုန်းက၊အဖွဲ့ ချုပ်ကြီးသန့် ရှင်းဖို့လိုသည် ဟုခံယူသော-နုတင်နှင့်၊ဘာဘဲဖြစ်ဖြစ်အဖွဲ့ ချုပ်ကြီးတည်မြဲရေးသည်အရေးကြီးဆုံး ဟုခံယူ သော ဆွေငြိမ်းအုပ်စုများ အာဏာပြိုင်ကြတာဖြစ်သည်ဟုလေ့လာမှတ်သားခဲ့ရပါသည်။ အခုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကြီးတွင် အဖွဲ့ ချုပ်၏ လိပ်ပြာ၊သိက္ခာ၊သန့် ရှင်း ဖို့ ကအဓိကဟူသော အယူအဆနှင့်အဖွဲ့ချုပ် တည်မြဲဖို့ အရေးကြီးသည်ဟူသောအယူအဆ၊ နှစ်မျိုးကွဲနေတာကိုမြင်နေကြားနေရပါသည်။ ထူးဆန်းစွာတိုက်ဆိုင်နေသည်က တည်မြဲဘို့ လိုသည်ဟု ယူဆသူများကို ခေါင်းဆောင်သူများကလည်း ဆွေငြိမ်း ဖြစ်နေခြင်းဖြစ်ပါသည်။ စစ်အစိုးရက၊ ပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ ရွေးကောက်ပွဲဥပဒေများကိုထုတ်လိုက် သောအခါ၊ မထင်ခဲ့တာတွေ ဖြစ်လာပါသည်။ ရွှေဂုံတိုင်ကြေညာစာတမ်းတုန်းက၊ ဥပဒေတွေ ထွက်လာရင်၊ရွေးကောက်ပွဲဝင်မ၀င်စဉ်းစားမည်ဟုဆိုခဲ့သည်။ အခုမှတ်ပုံတင်ခြင်းဥပဒေတ ကယ်ထွက်လာတော့ ပါတီဆက်ရှိမည်မရှိမည်ကိုပင် မစဉ်းစားဘဲမရ စဉ်းစားရပါပြီ။ ဥပဒေ တွေ နည်းဥပဒေတွေ အရပါတီဆက်ပြီးရပ်တည်လိုလျှင်ထောင်ဒဏ်ကျခံနေရသောဒေါ်အောင်ဆန်းစုကြည်ကိုထုတ်ပစ်ရမည်၊ ပြီးတော့မှတ်ပုံတင်ခွင့်လျှောက်ထားသူ (၁၅) ဦးလုံးက၊ တစ်ဦး ချင်း၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေကိုထိန်းသိမ်းစောင့်ရှောက်ပါမည်ဟု ၀န်ခံကတိလက်မှတ် ရေးထိုးရဦးမည်။ ထို့ ပြင် ရွေးကောက်ပွဲတွင် အနည်းဆုံး အမတ်နေရာ (၃)နေရာ မ၀င်မဖြစ် ၀င်ရဦးမည်။ ဒါတွေကိုကလေးကအစအားလုံးသိကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်ဧ။်သဘောထားကလည်းရှင်းပါသည်။ဤဥပဒေသည် ဥပဒေအ င်္ဂါရပ်နှင့်မညီပါ၊မတရားပါ၊ထို့ ကြောင့်ကန့် ကွက်ပါမည်။ ထိုကိစ္စများပြီးမှ ပါတီမှတ်ပုံတင်ဖို့ စဉ်း စားတာပေါ့ဟူ၍ဖြစ်ပါသည်။ ဆိုလိုသည်ကတော့ ဆက်လက်တိုက်သွားမည်။ ထိုကာလအ တွင်း မှတ်ပုံမတင်လိုက်ရလို့ အဖွဲ့ ချုပ်အလိုအလျောက်ပျက်ချင်လည်း ပျက်ပါစေဟုဆိုလိုပါသည်။ အဖွဲ့ ဝင်ထု၏ ဆုံးဖြတ်ချက်ကိုလိုက်နာပါမည်ဟုဆိုခြင်းမှာလဲ ဒီမိုကရေစီခေါင်းဆောင်တစ်ဦး ၏ရှိနေကြသဘောထားကိုဖော်ပြခြင်းသာဖြစ်ပါသည်။ အဖွဲ့ ဝင်ထုက သူ့ ကိုဘေးခဏဖယ်ထား ပြီး ရွေးကောက်ပွဲဝင်မည်ဟုဆုံးဖြတ်မှတော့၊ ထိုအဖွဲ့ အစည်းအတွင်းထဲမှာတွယ်ကပ်နေပါရ စေဆိုလျှင် ခေါင်းဆောင်ပီသပါ့မလား။ တည်မြဲအုပ်စုကတော့ ဒီလိုမစဉ်းစားပါ။ ကောက်ကွေးသောယုတ္တိကိုသုံးထားပါသည်။ ဒေါ်အောင်ဆန်းစုကြည်တရားဥပဒေအတိုင်းဆက်လက် တိုက်ပွဲဝင်ဘို့ ၊ တရားဝင်အဖွဲ့ အစည်းလိုသည်။အဖွဲ့ အစည်းကိုတရားဝင်မှတ်ပုံတင်ဘို့ ဒေါ်အောင်ဆန်းစုကြည်ကိုအဖွဲ့ ကထုတ်သင့်လျှင်ထုတ်ရမည်တဲ့။ မှတ်ပုံတင်ဘို ၊့၁၉၉၃ခုနှစ်ကတည်းကလက်မခံနိုင်ပါ ဟုဆိုခဲ့သော၊အခုလည်းလက်မခံဟုကန့် ကွက်ထားသော ၂၀၀၈ အခြေခံဥပဒေကို 'ထိန်းသိမ်းစောင့်ရှောက်' ပါမည်ဟုဝန်ခံလက်မှတ်ထိုးမည်၊ထိန်းသိမ်းစောင့် ရှောက်ခြင်း သည် လက်ခံခြင်း၊ လိုက်နာခြင်းမဟုတ်ပါတဲ့။ ဘယ်လိုစဉ်း စားကြ သလဲ မသိပါ။ နောက်ပြီးဆိုပါ သေးသည်၊ နှစ်နှစ်ဆယ်ကျော်လုံးလုံးစွန့် လွှတ်အနစ်နာခံပြီး အ ဖွဲ့ ချုပ် အတွက်လုပ်ကိုင် ခဲ့ကြသူများအတွက် အဖွဲ့ ဆက်ရှိရမည်တဲ့။ ထိုအဖွဲ့ ဝင်များထဲက ဘယ်သူတွေကများ၊ ဒေါ်အောင်ဆန်းစုကြည်ကိုထုတ်ပစ်ပါလို့ တောင်းဆိုဘူးခဲ့ပါသလဲ။ ခေါင်းဆောင်တစ်ယောက်ကဆိုပြန်ပါသည်။ ၁၉၉၁ခုနှစ်တုန်းကလဲ ဒေါ်အောင်ဆန်း စုကြည်ကိုအဖွဲ့ ချုပ်တည်မြဲရေးအတွက်ထုတ်ပစ်ခဲ့ဘူးပါသည်။ ၁၉၉၅ခုနှစ်ပြန်လွတ်တော့ လည်းခေါင်းဆောင်မှုပြန်ရတာပါပဲတဲ့။ ဟုတ်ပါသည်၊ ထိုစဉ်ကထုတ်ပစ်တုန်းက အခြေအနေ က တစ်မျိုးပါ။ ရွေးကောက်ပွဲပြီးလို့ တနှစ်သာရှိသေးသည်။ ရလဒ်က ပူပူနွေးနွေး၊ ဘာဖြစ်မည် လဲ မသိသေး၊ အဖွဲ့ ချုပ်ကိုအဖျက်ခံရခြင်းသည် ရွေးကောက်ပွဲရလဒ်ကို ဖျက်သည်နှင့် အတူတူဖြစ်နေသည်။ ပြီးတော့ အဖွဲ့ ချုပ်အဖွဲ့ ဝင်များသည် နောက်ထပ်အဖွဲ့ စည်းတစ်ခုကို ဖွဲ့ ဖို့  နေနေသာသာ ရှိသည့်ပါတီတွေကို အတင်းဖျက်ပစ်နေသည့်အချိန်ဖြစ်သည်။ ထိုအချက်များ အားလုံးကိုချိန်ဆပြီး ဦးတင်ဦး၊ ဦးဝင်းတင်စသည့်ခေါင်းဆောင်များနှင့်အတူ ဒေါ်အောင်ဆန်းစု ကြည်ကိုပါ ထုတ်လိုက်ရသည်။ ခုအခြေအနေက လုံးဝခြားနားနေသည်။ ရွေးကောက်ပွဲပြီးတာအနှစ်နှစ်ဆယ်ရှိတော့ မည်။ ရွေးကောက်ပွဲရလာဒ်ကိုပူပူနွေးနွေးဖျက်ပစ်လိုက်ပြီးပြီ။ ပြီးတော့၊ထို'ပြီးတော့'နောက်တစ် ခု သည်အရေးကြီးပါသည်။ ပြီးတော့အခုအချိန်တွင်အဖွဲ့ချုပ်ကိုအစိုးရကဖျက်သိမ်းလိုက်ပါက လည်း အဖွဲ့ဝင်များသည် မိမိကြိုက်ရာပါတီဖွဲ့ ရန် အချိန်ရှိ သေးသည်။ ထို့ ကြောင့် တရားဝင်ရပ်တည်မှုကိုလိုချင်ပါသည်ဟုဆိုသူများအားတောင်းပန်ပါရစေ အဖွဲ့ ချုပ်တွင်းက၊ ကိုယ့်ဘာသာကိုယ် ကိုယ့်ဆန္ဒနှင့်နုတ်ထွက်လိုက်ပြီး၊ တူရာတူရာ၊ သန်ရာ သန်ရာပူးပေါင်းပြီး ကိုယ့်ပါတီကိုယ်ထောင်ကြပါ။ ပြီးတော့ ပါတီနာမည်ကိုအမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်-လက်သစ်၊တို့ ဘာတို့ ခပ်ဆင်ဆင်တပ်ပြီးရွေးကောက်ပွဲဝင်ရင်လဲဝင်ပါ။ မြန်မာပြည် မှာရှိနေတဲ့ သံရုံးဝန်ထမ်းတွေကလည်းထောက်ခံကြပါလိမ့်မယ်။ စစ်အစိုးရကလည်းခွင့်ပြုမှာ ပါ။ ကူတောင်ကူညီလိမ့်ဦးမည်။ ကျန်ခဲ့တဲ့ အဖွဲ့ချုပ်အစစ်ကိုမဝေဖန်ဘဲ နေမယ်ဆိုရင် ကွဲတယ်ပြဲ တယ်ဆိုတဲ့ပြဿနာကို တစ်စိတ်တစ်ပိုင်း ကာကွယ်နိုင်ပါလိမ့်မည်။ ပြည်သူကိုတော့လှည့်ဖြားလို့  ရမှာမဟုတ်ပါ။ သို့သော် သမိုင်းမှာတော့ဂိုဏ်းခွဲသူ၊ သင်းခွဲသူများလို့ တွင်မှာမဟုတ်ဘူးလို့ ထင် ပါသည်။ ဖ-ဆ-ပ-လကြီးကွဲခဲ့၍ ဦးနေ၀င်းနှင့်စစ်ဗိုလ်များက အာဏာအရသာတွေ့ ခဲ့ကြရသည်။ နောက်တော့ရာစုနှစ်တ၀က်ကျော်နိုင်ငံဒုက္ခရောက်ရသည်။ အခု NLD ကွဲလျှင်တော့ဘယ်တော့ မှ စစ်ကျွန်ဘ၀က လွတ်မည်ကိုမသိနိုင်တော့ပါ။ အဖွဲ့ ချုပ်၏ သမိုင်း သန့် ရှင်းစွာကျန်ရစ်ပါစေ စေတနာဖြင့် ရန်ငြိမ်းအောင်(လူငယ်) |
22 March 2010
19 March 2010
Short Fire at Mandalay on (19, 3, 2010)
မီးမှာ အခြားတိုက်၊ အိမ်များသို့ ကူးစက်ခြင်းမရှိခဲ့ချေ။
၂၀၁၀ ခုနှစ်၊ မတ်လတစ်လတည်းမှာပင် (မတ်လ ယနေ့အထိ) မန္တလေးမြို့ တွင် မီးလောင်မှု/လန့်မှု အနည်းဆုံး (၄)ကြိမ်ခန့်ဖြစ်ပွားခဲ့သည်။
မတ်လ (၈)ရက်နေ့၊ ညနေပိုင်းတွင် မန္တလေး၊ အောင်မြေသာစံမြို့ နယ်၊ ၁၉ လမ်းနှင့် ၂၀ လမ်းကြား၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြား၊ အကွက် (၁၂၄)တွင် မီးလောင်ခဲ့ရာ နေအိမ်(၂)၊ အဖီတဲ(၁)၊ ဗင်ကား၊ ဆိုင်ကယ်တို့ မီးဘေးသင့်ခဲ့ပြီး မီးစတင်လောင်သောအိမ်မှ အသက် (၈၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့သည်။
မတ်လ (၁၆)ရက်ကလည်း မန္တလေးမြို့  ၊ ၇၈ လမ်းပေါ်ရှိ 78 Shopping Centre မြေအောက်ထပ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကာလတန်ဖိုး ကျပ်သိန်း (၃၀)ခန့် ဆုံးရှုံးခဲ့ကြောင်းသိရသည်။
ဗမာပြည်တွင်းမီးလောင်မှုအများစုအနက် ပြည်သူလူထု၏ ပေါ့ဆမှုကြောင့် မီးလောင်ရခြင်းထက် အချိန်မှန်မှန်မလာဘဲ စိတ်ကူးပေါက်မှ ထ၊ ထ လာတတ်သော (စစ်အဆိုးရ၏) အရူးထ လျှပ်စစ်မီးကြောင့် မတော်တဆဖြစ်ကာ လောင်ကျွမ်းရသော မီးလောင်မှုများက ပိုမိုများပြားကြောင်း လေ့လာတွေ့  ရှိရပါသည်။
မှတ်ချက် ။ ။ သတင်းမှားနေပါသဖြင့် အမှန်ပြန်ပြင်လိုက်ပါသည်။ မီးလန့်သော အိမ်ကို မှားယွင်းဖော်ပြခဲ့ခြင်းအတွက် စာဖတ်သူများအား တောင်းပန်အပ်ပါသည်။
We Must Do For National Freedom
၂၀၁၀၊ မတ်လ (၁၈)
NCUM - ပြည်ထောင်စုအမျိုးသားကောင်စီ- မြန်မာနိုင်ငံ
www.ncum.info
Ncum Reminder