26 July 2008

A SPECIAL POEM

ချိုတူးဇော်ရဲ့ ကဗျာလေးတစ်ပုဒ်ပါ။
အမှတ်(၁၈)၊ ဇွန်၊ ၂၀၀၈၊ ပိတောက်ပွင့်သစ် စာပေအနုပညာ magazine ထဲမှာ ဖော်ပြထားတယ်။
"မြို့ဟာ
မြို့သူမြို့သားတွေနဲ့ ထိုက်တဲ့တန်တဲ့အတိုင်းပဲ နေမှာ"
ကဗျာထဲက စာသားတစ်ကြောင်းပါ။


22 July 2008

"WAKE UP FROM CYCLONE" Cartoon Exhibition (YANGON)

20 July 2008

NLD's action on 61st Martyrs' Day of Burma

၆၁ နှစ်မြောက် အာဇာနည်နေ့
အထိမ်းအမှတ် အခမ်းအနားများ NLD ရုံးချုပ်တွင် ကျင်းပ၊
စစ်အဆိုးရက လုံခြုံရေးကို များစွာတင်းကြပ်

(19.7.008- Saturday)



၆၁ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားများ NLD ရုံးချုပ်တွင် ကျင်းပ

(19.7.008- Saturday)

-အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရုံးတွင် ၆၁ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားများ ငြိမ်းချမ်းစွာကျင်းပခဲ့။
-ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးများ လုပ်ကြံခံခဲ့ရသော လွန်ခဲ့သည့် ၁၉၄၇၊ ဇူလိုင်လ (၁၉)ရက်နေ့ကအတိုင်း ရန်ကုန်မြို့၌ မိုးများ ထူးထူးခြားခြားရွာသွန်းခဲ့။

နံနက်ပိုင်း-
ရဟန်းသံဃာများအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ တရားနာခြင်း၊ အမျှအတန်းပေးဝေခြင်းတို့ ပြုလုပ်ခဲ့။
10:33 AM-
ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် အာဇာနည်ကိုးဦးအား အောက်မေ့တသ အလေးပြုခဲ့ကြပါသည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ၊ ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေသော သီချင်းများဖွင့်လှစ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား အစားအသောက်များဖြင့် ဧည့်ခံ
12:25 AM-
နိုင်ငံခြားသံရုံးများမှ သံတမန်များ NLD ရုံးချုပ်သို့ အခမ်းအနားတက်ရောက်ရန် ရောက်ရှိလာ
12:30 PM-
NLD ရုံးချုပ်အတွင်းတွင် အစီအစဉ် (၉)ခုဖြင့် အခမ်းအနားပြုလုပ်

၁။ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာခြင်း
၂။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အား အလေးပြုခြင်း
၃။ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း
၎။ ဒီမိုကရေစီအရေးတော်ပုံ အဆက်ဆက်တွင် ကျဆုံးသွားသော ရဟန်းရှင်လူပြည်သူများအတွက် ၀မ်းနည်းကြောင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်ခြင်း
၅။ နာဂစ်မုန်တိုင်းကြောင့် သေဆုံးသွားသော ရဟန်းရှင်လူပြည်သူများအတွက် ၀မ်းနည်းကြောင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်ခြင်း
၆။ သဘာပတိမှ မိန့်ခွန်းပြောကြားခြင်း
၇။ NLD ၏ ကြေညာချက်ကို ဖတ်ကြားခြင်း (ကြေညာချက်အပြည့်အစုံကို ဒီမှာဖတ်ပါ)
၈။ ပေးပို့လာသော သ၀ဏ်လွှာများကို ဖတ်ကြားခြင်း
၉။ အခမ်းအနား ပြီးဆုံးကြောင်း ကြေညာခြင်း

1:30 PM-
အခမ်းအနားပြီးဆုံးသောအခါ ဧည့်သည်တော်များနှင့် NLD အဖွဲ့ဝင်များ ပြန်လည်ထွက်ခွာ။

အာဇာနည်နေ့တွင် ရွှေတိဂုံဘုရား၊ အာဇာနည်ဗိမာန်နှင့် NLD ရုံးချုပ်အနီးတ၀ိုက် လုံခြုံရေးများ တင်းကြပ်စွာ ချထား

(19.7.008- Saturday)

-စစ်အဆိုးရသည် ရွှေဂုံတိုင်လမ်း၊ အနောက်ရွှေဂုံတိုင်လမ်းတစ်လျှောက်၊ ရွှေတိဂုံဘုရားပတ်ပတ်လည်၊ ဘုရားပေါ် အစရှိသည်တို့တွင် လုံခြုံရေးများကို အရပ်ဝတ်တစ်မျိုး၊ ယူနီဖောင်းဝတ်တစ်ဖုံ အစုံစုံအောင် ချထားသည်။
-အဆိုးဆုံးမှာ NLD ရုံးချုပ်ရှေ့နှင့် NLD ရုံးချုပ်တည်ရှိရာ အနောက်ရွှေဂုံတိုင်လမ်းပေါ်တွင် ဖြစ်သည်။ NLD ရုံးချုပ်ရှေ့တည့်တည့်တွင် ဆက်သွယ်ရေးစက်ကိုင်၊ ကင်မရာကိုင် စစ်အဆိုးရ ခွေးသွားစိတ်အရပ်ဝတ်များ (စအဖ၊ ကြံ့ဖွတ်၊ ရယက၊ စွမ်းအား)အင်အား ၁၀၀ ကျော်ခန့်တွေ့ရသည်။
-အနောက်ရွှေဂုံတိုင်လမ်းပေါ်တွင် ဒိုင်နာကားများ၊ မထသ Bus များဖြင့် စွမ်းအား၊ ကြံ့ဖွတ် အစရှိသည့် စစ်အဆိုးရ ခွေးသွားစိတ်များကို တွေ့ရသည်။
-ရွှေတိဂုံဘုရားမြောက်ဘက်မုခ်ကိုလည်း ပိတ်ဆို့ထားပြီး ကျန် မုခ်သုံးခုမှသာ ဘုရားဖူးများကို ဘုရားပေါ်သို့ တက်ရောက်စေသည်။
-ရွှေတိဂုံဘုရားပေါ်အတက် စောင်းတန်းများတွင်ကား လုံခြုံရေးများက ပါလာသော အိတ်စသည်တို့ကို အသေးစိတ်စစ်ဆေးသည်။ စာရွက်စာတမ်းကအစ စစ်ဆေးသည်။ ဘုရားပေါ်တွင်လည်း အရပ်ဝတ်လုံထိန်းများက ရစ်ဝဲလည်လှည့်လျက်ရှိသည်။
-ရန်ကုန်မြို့ထဲအခြားနေရာများတွင်လည်း လုံခြုံရေးများကြိုးကြားချထားသည်ကို တွေ့ရသည်။

Presented by-
BigBBrown