Showing posts with label INTRODUCTION MYSELF. Show all posts
Showing posts with label INTRODUCTION MYSELF. Show all posts

28 November 2012

5 years old Nyo Gyi (ငါးနှစ်သား ညိုကြီး)

(November 26, 2012 is my blog's 5th birthday!)

ငါးနှစ်သား

နိုဝင်ဘာ ၂၆၊ ၂၀၁၂ က ကျွန်တော် Blog စတင်ရေးဖြစ်ခြင်း ငါးနှစ်ပြည့်ပါ။
http://bigbbrown.blogspot.com/

ငါးနှစ်ပြည့်မှာ တတိယအကြိမ်မြောက်အဖြစ် ကျွန်တော့် Blog ရဲ့  ခေါင်းစည်းစာတမ်းအချို့ နဲ့ ဓာတ်ပုံကို ပြောင်းပစ်မယ်လို့ စဉ်းစားထားပါတယ်။

ခဲတစ်ပစ်စာ

ညိုကြီး

06 October 2012

ကစားပွဲ

ကျွန်တော် ကစားပွဲထဲ ပြန်ဝင်ပါမယ်။
Published with Blogger-droid v2.0.9

28 September 2012

လိမ္မာရစ်ကြပါ

အင်တာနက်၊ သတင်းနှင့် နိုင်ငံရေးလောကမှ ကာလ အကန့်အသတ်မရှိ ညိုကြီး အနားယူပါမည်။ လိမ္မာရစ်ကြပါ။

07 September 2012

Show fist under Longyi


ပုဆိုးခြုံထဲက လက်သီးပြနေသော ညိုကြီး

It is a Burmese Proverb.

Show fist under Longyi
(Showing 'Latt Thee' from the inside of 'Pa Soe')

Thanks a lot my friends for translating.

ကျွန်တော့် Blog လေး Update မလုပ်နိုင်တာ တကယ်လွမ်းမိ၊ သတိရမိပါတယ်။ Blog ထက် facebook မှာ အသုံးများနေလို့ပါ။ အင်တာနက်လောကမှာတော့ ကျွန်တော်ရှိနေဆဲပါ။ တော်တော်များများကို facebook မှာပဲ တင်ဖြစ်၊ Share ဖြစ်နေပါတယ်။
ကျွန်တော့်ရဲ့ facebook လေးကိုလည်း လာလည်ကြဖို့ ဖိတ်ခေါ်ပါတယ်။



18 March 2012

ညိုကြီး၏ Blog စာမျက်နှာတွင် Update Post များ မတက်သည်ကို အားမရသည့် ညိုကြီး၏ ပရိသတ်များသို့

ကျွန်တော် ညိုကြီး၏ Blog စာမျက်နှာတွင် Update Post များ မတက်သည်ကို အားမရသည့် ညိုကြီး၏ ပရိသတ်များခင်ဗျား ...

ကျွန်တော်သည် အချို့သော ဓာတ်ပုံ၊ သတင်း၊ ဗွီဒီယိုများကို Facebook တွင်သာ ပထမဦးစွာ အရင်တင်လိုက်ပြီးနောက် ကျွန်တော့်၏ ဤ Blog စာမျက်နှာတွင် တင်ပါဦးမည်ဟု အားခဲထားသော်လည်း
ညိုကြီးသည် အချိန်မလောက်ငှသောဝေဒနာသည်တစ်ဦးဖြစ်ပေရာ Facebook တွင် တင်ပြီးသော အနှီ ဓာတ်ပုံ၊ သတင်း၊ ဗွီဒီယို အစရှိသည်တို့ကို ဤ Blog တွင် ပြန်မတင်ဖြစ်သည်များလည်း ရှိနေပါသည်။

ထို့ကြောင့် Blog မိတ်ဆွေများအနေနဲ့ အချိန်အအားလေးများရှိလျှင် -

ကျွန်တော်ညိုကြီး၏ Facebook စာမျက်နှာ
www.facebook.com/nyogyi

သို့လည်း အလည်တစ်ခေါက် လာရောက်၍ သတင်း၊ ဓာတ်ပုံ၊ ဗွီဒီယိုများ မြည်းစမ်းလှည့်ပါဦးဟု အထူးမေတ္တာရပ်ခံ၊ ဖိတ်မန္တက ပြုလိုက်ရပါသည်။


ရှေ့ဆက်၊ ဆက်လက်၊ လက်တွဲ တိုက်ပွဲဝင်ကြဦးစို့ !

Nyo Gyi of Burma

27 November 2011

Nyo Gyi Blog's 4th Year Birthday

ညိုကြီး Blog လေးနှစ်ပြည့် မွေးနေ့ - 26, November, 2011

www.bigbbrown.blogspot.com ဆိုတဲ့ အင်တာနက်လိပ်စာနဲ့ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၆ ရက်နေ့က
"သံဃာတော်အရေးအခင်းကစ၍ နိုင်ငံရေးလောကထဲသို့ စတင်ဝင်ရောက်ပါသည်"
ဆိုတဲ့ ပထမဆုံးသော Blog Post တစ်ခု စတင်ဖန်တီးခဲ့တဲ့ ကျွန်တော် ညိုကြီးရဲ့
Blog: Myanmar Political News, Art And Idea
သက်တမ်းဟာ ယခု ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၆ ရက်အရောက်မှာ သက်တမ်း (၄)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

Blogger အဖြစ် ရှင်သန်နေထိုင်ဖြစ်ခဲ့တဲ့ ဒီ ၄ နှစ်တာ သက်တမ်းအတွင်းမှာ မြန်မာ့နိုင်ငံရေးလောကအကြောင်း မြည်းစမ်းခွင့်ရခဲ့ပြီး အတွေးအမြင်တွေ၊ အသိတွေ များစွာတိုးခဲ့ရတဲ့အပြင် ခင်မင်စရာမိတ်ဆွေများစွာလည်း ရရှိခဲ့ပါတယ်။

သတိထားဆင်ခြင်စရာတွေ၊ ရင်ခုန်စရာတွေ၊ စိတ်ညစ်စရာတွေ၊ ထိတ်လန့်စရာတွေ၊ အံ့သြစရာတွေ၊ အာရုံနောက်စရာတွေ၊ ဆုံးရှုံးမှုတွေလည်း ကြုံခဲ့ရပြီး ခွန်အားတွေ၊ အကြံဥာဏ်တွေ၊ ကူညီမှုတွေ၊ အားပေးမှုတွေ၊ အတွေ့အကြုံတွေကိုလည်း ရရှိခဲ့ပါတယ်။

ပြည်တွင်းက ရေးသားရတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး Blogger တစ်ယောက်ရဲ့ အခက်အခဲဒုက္ခတွေ မသေးလှဘူးဆိုတာကိုတော့ ဋီကာချဲ့ရေးပြနေစရာတောင် မလိုလောက်ပါဘူး။

လက်ရှိဗမာ့နိုင်ငံရေးအခင်းအကျဉ်းကတော့ အားလုံးသိတော်မူတဲ့အတိုင်း အခြေအနေ သိပ်မဟန်သေးပါဘူး။ ကျွန်တော်တို့ရဲ့ Blogger နောင်တော်ရဲဘော်ကြီး နေဘုန်းလတ် အပါအ၀င် မင်းကိုနိုင်၊ အရှင်ဂမ္ဘီရစတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်မလွတ်မြောက်သေးဘူး။ အမေ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဇာဂနာ၊ ဇေယျာသော် တို့ကတော့ အကျဉ်းသားဘ၀ကလွတ်မြောက်ပြီး လှုပ်ရှားခွင့်ရနေပြီ။ တိုင်းရင်းသားတွေနဲ့ စစ်မက်ဖြစ်ပွား၊ အချင်းများနေတာတွေ မရပ်သေးဘူး။ ဆင်းရဲအသိမဲ့နေတဲ့ ပြည်သူတွေကလည်း ဆင်းရဲအသိမဲ့နေမြဲပဲ။ လူလည်လူရှုပ်တွေကလည်း လည်လို့ရှုပ်လို့ကောင်းနေဆဲပဲ။

ကနေ့ကာလမှာ တွေဝေစရာတွေပိုများလာပြီး ရန်သူမိတ်ဆွေတွေလည်း ပိုရောထွေးလာခဲ့ပါပြီ။

စစ်အာဏာရှင်တွေရဲ့ ရက်စက်ခဲ့မှုတွေ (ဥပမာ- ၈၈ အရေးအခင်း၊ ဒီပဲယင်းအရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအစရှိတာတွေမှာ စစ်အာဏာရှင်တွေကြောင့် သေဆုံး၊ ပျောက်ဆုံး၊ အဖမ်းခံထိ၊ မိသားစုပျက်၊ ဘ၀ပျက်ခဲ့ရမှုတွေ)အတွက် သမိုင်းကြွေးဟာ မကြေသေးဘူး။ သမိုင်းကြွေးကို ဘယ်လိုအကြေဆပ်မလဲ၊ ဘယ်တော့အကြေဆပ်မလဲဆိုတာ သိပ်စိတ်ဝင်စရာကောင်းတဲ့ မေးခွန်းတွေပါပဲ။

မိုးကုတ်ဦးမြမောင် ဆွေမျိုးတွေအသတ်ခံရတဲ့ ရန်ကုန်၊ ငါးလောင်းပြိုင်လူသတ်မှုတရားခံ ကိုလည်း ကြံ့ ဖွတ် အစိုးရက ခုထိ မဖော်ထုတ်ပြသေးဘူး။

မတရားမှုတွေ၊ အထာမကျမှုတွေဟာ ဗမာပြည်နေရာတိုင်းမှာ ရှိနေဆဲပါပဲ။

တစ်ခါတစ်လေ သတင်းလူသားတစ်ဦးအဖြစ် ရှင်သန်နေထိုင်ရတာ မောပန်းနွမ်းနယ်လာပြီး ကိုယ့်ဘ၀အတွက်တာပဲ ကိုယ့်ဖာသာ အေးအေးဆေးဆေး ရှင်သန်နေထိုင်ချင်စိတ်လည်း ပေါက်မိပါတယ်။ ဒါပေမဲ့ အဆီအငေါ်မတည့်မှုတွေကို မျက်ကွယ်ပြုပြီး မနေထိုင်တတ်သေးသမျှတော့ သတင်းလူသားအဖြစ်ကို ရပ်စဲပစ်ဖို့ဆိုတာ အတော်လေးခက်ပါတယ်။

မတရားမှု၊ အဆီအငေါ်မတည့်မှု၊ လူလည်ကျမှုတွေ ဗမာပြည် နေရာအနှံ့မှာဖြစ်နေဦးသရွေ့တော့ ကျွန်တော်တို့လို ပြည်သူထဲက သတင်းလူသားတွေအတွက် လုပ်စရာတွေ ကုန်ဦးမှာမဟုတ်ဘူးလို့ပဲ အောက်မေ့ရပါတော့တယ်။

ခေတ်အဆက်ဆက်မှာ အဆိုးတွေရှိနေသရွေ့ အဆိုးတွေကို ဖော်ထုတ်ဖို့ ပြည်သူထဲက ပြည်သူ့သတင်းလူသားမျိုးဆက်သစ်တွေ ဆက်လက်ပေါ်ထွန်းနေဦးမယ်ဆိုတာလည်း ယုံကြည်နေမိပါတော့တယ်။

ရှေ့ဆက် ဆက်လက် လက်တွဲ တိုက်ပွဲ ၀င်ကြပါဦးစို့ !

ညိုကြီး

www.bigbbrown.blogspot.com
www.facebook.com/nyogyi

www.bigbbrown.multiply.com/journal
www.bigbbrown.wordpress.com
www.nyogyi.wordpress.com

21 November 2010

MY NEWS 100 and 3rd Birthday of My Blog

ကျွန်တော့်သတင်း တစ်ရာပြည့်
နှင့်
(၂၆၊ နိုဝင်ဘာ၊ ၂၀၁၀) သုံးနှစ်ပြည့် ကျွန်တော့်ဘလော့ဂ်မွေးနေ့

ယမန်နေ့(၂၀၊ နိုဝင်ဘာ၊ ၂၀၁၀) ရက်က ရေးသားတင်ပြခဲ့သော "Pre Ta-Saung-Tine Bomb From Mandalay" - "တန်ဆောင်တိုင်အကြိုဗုံး မန္တလေး အိမ်တော်ရာဘုရားဝင်းအတွင်း ပေါက်ကွဲ" သတင်းနဲ့ဆိုလျှင် ကျွန်တော်ကိုယ်တိုင်လိုက်ခဲ့သော (၀ါ) ကျွန်တော်ကိုယ်တိုင်တင်ခဲ့သော (၀ါ) ကျွန်တော့်ဘလော့ဂ်ပိုင်သတင်း (၀ါ) ကျွန်တော့်သတင်း MY NEWS ရာပြည့် (၁၀၀) ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

ကျွန်တော့်ကိုယ်ပိုင် (၀ါ) ကျွန်တော်တင်သော သတင်းများဆိုလျှင် Labels ထိုးရာတွင် MY NEWS ဟု ရေးထိုးခဲ့ပါသည်။အခြား Source များဆီက ယူသော သတင်းများကို ဘလော့ဂ်ယူတင်လျှင်မူ Labels ထိုးရာမှာ OTHERS' NEWS ဟု ရေးထိုးလေ့ရှိပါသည်။ ကျွန်တော့်ဘလော့ဂ်စာမျက်နှာ၏ ဘယ်ဘက်အခြမ်းဘက်တွင် NEWS and IDEAS ဟူသော ခေါင်းစဉ်အောက်တွင် Labels များ သူ့အဆက်အစပ်နှင့်သူ ထိုးထားသည်ကို တွေ့ရပါလိမ့်မည်။ သတင်း၊ ကဗျာ၊ ဆောင်းပါး အစရှိသည်များကိုလည်း ကိုယ်တိုင်ရေး သတင်းစာကဗျာ၊ ကျွန်တော့်ဘလော့ဂ်တွင် ၀င်ရောက်ရေးသားသူများ၏ သတင်းစာကဗျာများနှင့် အခြားသူများဆီက ရယူထားသည့် သတင်းစာကဗျာများစသဖြင့် ခွဲခြားဖော်ပြထားပါသည်။

NEWS and IDEAS


MY NEWS (100)
MY POEMS (13
)MY POEMS (English Language) (5)
MY WRITING (20)
MY WRITINGS (5)

OTHERS' NEWS (91)
OTHERS' POEMS (72)
OTHERS' WRITINGS (80)

အစသဖြင့် ဖြစ်ပါသည်။

ယခုကဲ့သို့ ကျွန်တော်တင်သော သတင်းများ MY NEWS တစ်ရာပြည့်ခဲ့ရခြင်းမှာ ကျွန်တော်တစ်ယောက်တည်းကြောင့်မဟုတ်ပေ။ ကျွန်တော့်ကို သတင်းပေးသူ၊ ဓာတ်ပုံပေးသူ၊ အကြံဥာဏ်ပေးသူ၊ ကူညီသူ စိတ်တူကိုယ်တူမိတ်ဆွေများရှိ၍သာလျှင် ယခုကဲ့သို့ သတင်း တစ်ရာပြည့်အောင် တင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

ထို့ပြင် ကျွန်တော့်ဘလော့ဂ်တွင် PUBLISH လုပ်ခဲ့သော BLOG POSTS ပေါင်းမှာ (၄၀၅)ခု (ယခု POST အပါအ၀င်) မြောက်နေပြီလည်း ဖြစ်ပါသည်။

ပို၍ ထူးခြားသည်မှာကား ယခုလို ကျွန်တော့်သတင်း ၁၀၀ ပြည့်ချိန်နှင့် ရှေ့လာမည့် ရက် (၂၆၊ နိုဝင်ဘာ၊ ၂၀၁၀)ရက်နေ့တွင် ကျရောက်မည့် ကျွန်တော့်ဘလော့ဂ်၏ (၃) နှစ်မြောက် မွေးနေ့ချိန်ခါတို့ တိုက်ဆိုင်နေခြင်းပင်။ ဤပို့စ်ဖြင့် ရှေ့တစ်ပတ်သောကြာနေ့ (၂၆၊ နိုဝင်ဘာ၊ ၂၀၁၀)တွင် ကျရောက်မည့် ကျွန်တော့်ဘလော့ဂ် (၃)နှစ်ပြည့်မွေးနေ့ကို ကြွရောက်ချီးမြှင့်ပါရန် စာဖတ်သူများအား တစ်ပါတည်း ဖိတ်ကြားလိုက်ပါရစေ။

စစ်အာဏာရှင် (၀ါ) အာဏာရှင်စနစ်ကို မြန်မာပြည်မှ အမြစ်ပြတ်ဖယ်ရှားကာ ပိုမိုကောင်းမွန်ပြည့်စုံသော စနစ်တစ်ရပ်ထွန်းကား၍ ကမ္ဘာ့အလယ် မြန်မာ ထည်ထည်ဝါ၀ါရှိစေဖို့အရေး- အာဏာရှင်စနစ်တော်လှန်ရေးများတွင် မည်သို့ပင် အခက်အခဲများ (Internet Connection, Access has been denied, Dangers, Difficulties, Money, Time, Others) ရှိခဲ့စေကာမူ အုတ်တစ်ချပ် သဲတစ်ပွင့် ရေတစ်စက်အဖြစ် ပါဝင်ဆင်နွှဲခွင့်ရသည့်အတွက် ကျွန်တော် ညိုကြီးအနေဖြင့် များစွာ ၀မ်းမြောက်ဂုဏ်ယူမိပါသတည်း။     ။

ရှေ့ဆက်၊ ဆက်လက်၊ လက်တွဲ တိုက်ပွဲဝင်ကြပါဦးစို့ !

ညိုကြီး
BigBBrown

မြန်မာပြည်တစ်နေရာ

----------------------------------------------------------------

ကျွန်တော့်သတင်း (၁၀၀)ကို အောက်ပါလိပ်စာ၌ တစ်စုတစ်စည်းတည်း ကြည့်ရှုနိုင်ပါသည်။

14 November 2010

Nyo Gyi is Back!

10, may, 2010 ရက်နေ့မှာ နောက်ဆုံး ပို့စ်တင်ပြီးကတည်းက ကျွန်တော်လည်း ကိုယ်ရေးကိုယ်တာ၊ စိတ်ရေးစိတ်တာ အရှုပ်အထွေးများကြောင့် ဘလော့ဂ်မရေးမတင်ဖြစ်ခဲ့ပါ။

7, November, 2010 မှာကျင်းပတဲ့ စစ်အဆိုးရရဲ့ ရွေးကောက်ပွဲအတုကြီးမှာလည်း မဲမထည့်ဖြစ်ခဲ့ပါ။

မနေ့က (၁၃၊ နိုဝင်ဘာ၊ ၂၀၁၀)နေ့မှာ အမေ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့အခါမှာ မျက်ရည်များကျမိသည်အထိ ၀မ်းသာမိ၊ အမှန်တရားကို အကျဉ်းချဝံ့သူ အာဏာရှင်များကိုလည်း နာကျည်းမိခဲ့ရသည်။

အမေစု လွတ်မြောက်၍ ကျွန်တော့် ဘလော့ဂ်စိတ်ဓာတ်များ တစ်ဖန် ပြန်လည် နိုးကြားလာသောကြောင့် အလျဉ်းသင့်လျှင် သင့်သလို ဘလော့ဂ်ပြန်ရေးပါဦးမည်။

ဂီရိမုန်တိုင်းသင့်ပြည်သူများ၊ ပခုက္ကူ- ကျွန်းချောင်းရေနံမီးလောင်သင့်ပြည်သူများအတွက်လည်း ဤနေရာမှနေ၍ ၀မ်းနည်းစကားဆိုလိုက်ပါသတည်း...။

-ညိုကြီး

25 November 2009

HAPPY 2nd BIRTHDAY TO MY BLOG!

November 26, 2009 is My Blog's 2nd Birthday.
My blog was started on 26, November, 2007.
2nd Anniversary Time for my blog!

26 November 2008

TODAY IS MY BLOG BIRTHDAY (1 YEAR OLD) !

Hello, Everybody !!!
Today is 26, November, 2008.
I started to run my blog on 27, November, 2007.

Today is my blog birthday!

Now, I become a one year old blogger.
I did my best for our country, Burma (Myanmar) in previous one year.

Give your comments and ideas to me relating my blog works and politics works for our country, Burma (Myanmar).

I will change my blog name;
from
MYANMAR POLITICAL NEWS AND IDEAS
to
MYANMAR POLITICS ART, NEWS AND IDEA.
Is it good or not?

Nevertheless,
Let's Continue Together to Fight to End the Era of Myanmar Military Junta !!!

Thanks a lot,
BigBBrown,
Nyo Gyi

26 November 2007

သံဃာတော်အရေးအခင်းကစ၍ နိုင်ငံရေးလောကထဲသို့ စတင်ဝင်ရောက်ပါသည်


http://drlunswe.blogspot.com/ ကနေ ပုံရယူပါသည်

မြန်မာစစ်အဆိုးရကို အထိနာစေသော ၂၀၀၇၊ စက်တင်ဘာ သံဃာတော် အရေးအခင်း (Golden Revolution) ၌ သံဃာတော်တို့နဲ့အတူ ပူးပေါင်းပါဝင်ခဲ့ဖူးသည်ကစ၍ မောင်ညိုကြီး တစ်ယောက် မြန်မာ့နိုင်ငံရေးလောကထဲသို့ စတင် ၀င်ရောက်ပါသည်။