20 February 2009

Region of Nile River (BURMA POEM)


(Photo Title - Burma Girls)

`` နိုင်းမြစ်ဝှမ်း ´´

ဒုက္ခကို ရှာဖွေထုဆစ်ကြ
အီဂျစ်ဘုရင်တွေ နိုင်းမြစ်ဝှမ်းမှာ ။

ပိရမစ်ကြီးတွေကို ဖဲ့လိုက်ရင်
သွေးတွေ ထွက်လာမယ်
အံကြိတ်သံတွေ ထွက်လာမယ်
ကျိန်စာသံတွေ ထွက်လာမယ်
ပိရမစ်ကြီးတွေဟာ
ကျောက်တုံးတွေမဟုတ်ကြောင်း
ကျွန်တွေဖြစ်ကြောင်း
သုံ့ပန်းတွေဖြစ်ကြောင်း
လူသားတွေဖြစ်ကြောင်း
ဘ၀တွေဖြစ်ကြောင်း သိရှိလာမယ် ။

ဘ၀တွေဟာ
ပိရမစ်ကြီးမြင့်တက်လာဖို့
ကျောက်တုံးသက်သက်ဖြစ်ခဲ့ကြောင်း
သူတို့လွတ်လပ်မှုဟာ
ပိရမစ်ထဲက ကျောက်တုံးတွေလို
စားရတဲ့အစာဟာ
ကျောက်တုံးတွေရွေ့လျားဖို့
သိမိတဲ့စိတ်ဟာ
ကြာပွတ်ကိုကြောက်တတ်ဖို့ပဲလို့
စာနာစွာဖြင့်
ပိရမစ်ကြီးတွေက ပြောပြလာတယ် ။

ကျွန်တော်တို့ဟာ
လူ့စနစ်တစ်ခုရဲ့ ရလဒ်ဖြစ်ကြောင်း
အတိတ်တစ်ခုရဲ့ သဲလွန်စဖြစ်ကြောင်း
ကျွန်တော်တို့ဟာ ဘာမှ မဟုတ်ကြောင်း
ဒီဘာမှ မဟုတ်တာဖြစ်ဖို့ကိုပဲ
ဘ၀တွေ ထင်းဖြစ်ခဲ့ရ
ရင်ဘတ်တွေ မီးဖိုဖြစ်ခဲ့ရ
ဒါတွေဟာ
အနာကြီးထဲက ပေါက်ထွက်လာတဲ့
ပြည်တွေ ဖြစ်ကြောင်း
ပိရမစ်ကြီးတွေက ပြောပြလာတယ်... ။ ။

လူငြိမ်း

18 February 2009

MYA YEE NANDAR FIRE (2)

နာဂစ်အပြီး ရင့်သန်လာသော ပရဟိတစိတ်ဓာတ်
(သို့မဟုတ်)
မြရည်နန္ဒာမီးဘေးသို့ လာရောက်လှူဒါန်းနေကြ
(၁၈၊ ဖေဖော်ဝါရီ၊ ၀၀၉)

မန္တလေး၊ ချမ်းမြသာစည်၊ မြရည်နန္ဒာမြို့သစ်မှာ (၉၊၉၊၀၀၉)နေ့ညနေက လောင်သောမီးကြောင့် (ဗ/၁၄)ရပ်ကွက်ရှိ အိမ်ခြေ (၇၆)အိမ်၊ အိမ်ထောင်စု (၇၆)စု၊ လူဦးရေ ကျား(၁၅၀)၊ မ(၁၈၇)ဦး ပေါင်း (၃၇၇)ဦး၊ (ဗ/၁၇)ရပ်ကွက်တွင် အိမ်ခြေ (၁၃၆)အိမ်၊ အိမ်ထောင်စု(၁၄၀) စု၊ လူဦးရေ ကျား (၂၉၃)ဦး၊ မ (၃၂၄)ဦး၊ ပေါင်း (၇၁၆)ဦး၊ (ဗ/၁၈)ရပ်ကွက်တွင် အိမ်ခြေ (၁၃၅)အိမ်၊ အိမ်ထောင်စု(၃၄၈)စု၊ လူဦးရေ ကျား (၃၆၂)ဦး၊ မ(၃၄၄)ဦး၊ ပေါင်း (၇၀၆)ဦး၊ စုစုပေါင်း အိမ်ခြေ (၃၄၇)အိမ်၊ အိမ်ထောင်စု (၃၄၈)စု၊ လူဦးရေ ကျား (၈၀၅)ဦး၊ မ(၈၅၅)ဦး၊ ပေါင်း (၁၆၆၀)ဦးတို့ အိုးမဲ့အိမ်မဲံဖြစ်သွားခဲ့ကြောင်း သတင်းရရှိသည်။

ယခု အခါ မန္တလေးမြို့ခံ ရဟန်းသံဃာတော်များ၊ အခြားအလှူရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ အစရှိသဖြင့်တို့က ဆန်၊ ဆီ၊ ဆေး၊ ဆား မှ အစ အ၀တ်အထည်အဆုံးကို (ဗ-၂၅) ဓမ္မာရုံ အလှူခံဌာနသို့ နေ့စဉ်လာရောက်လှူဒါန်းနေကြကြောင်းသိရပါသည်။
FIRE PHOTOS slideshow ALBUM (2)
MYA YEE NANDAR FIRE (1) - မြရည်နန္ဒာမီး

15 February 2009

Aww P Kyal's Cartoon from Idea Magazine (Feb, 009)

အော်ပီကျယ်၏ ကာတွန်းလက်ရာ
(Idea Magazine, Feb, 200ု9)