04 December 2015
ဥပဒေကျောင်းသားတစ်ဦးသို့
16 June 2014
မဟာသန္တိသုခနှင့် ၀ိနည်းပြဿနာ
အကြောင်းကတော့ မဟန ဆိုတာဟာ ဂိုဏ်းပေါင်းစုံ သံဃာတွေရဲ့ သံဃာသမ္မုတိရ ကိုယ်စားလှယ်တွေက ရွေးတဲ့ ဗဟိုသံဃာ့ဝန်ဆောင် ၄၇ ပါးက ဓမ္မစက်အရ အာဏာအပ်နှင်းထားတဲ့ နိုင်ငံ့သာသနာရဲ့ ဥသျှောင်အဖွဲ့ကြီး ဖြစ်ပါတယ်။ မဟန ဥက္ကဋ္ဌ (လက်ရှိ ဗန်းမော်ဆရာတော်) ဟာ ယိုးဒယားတို့ သီဟိုဠ်တို့မှာရှိတဲ့ သံဃရာဇာနဲ့ အလားသဏ္ဍာန်တူပါတယ်။ ဒါက တဖက်က အခြေအနေပါ။ တခြားတဖက်ကလဲ ပီနန်ဆရာတော်ဆိုတာ နိုင်ငံခြား သာသနာပြု ထင်ရှားတဲ့ ထေရ်ကြီးဝါကြီးသံဃာကြီး ဖြစ်နေပါတယ်။
ကျောင်းလုတဲ့ ကိစ္စက ဝိနည်းအရ သံဃိကကျောင်း (သံဃာအားလုံးကို လှူတဲ့ကျောင်း) ဖြစ်သည့်တိုင်အောင် စဉ်းစားစရာ ကိစ္စတွေ ရှိနေပါတယ်။ မြန်မာလူမျိုးက ကျောင်းလှူတဲ့အခါ ဘုရားအမှူးရှိတဲ့ သံဃာတော်များကို လှူရင် အကျိုး ပိုကြီးတယ်ဆိုတဲ့ အမြင်ရှိကြတော့ ကျောင်းတကျောင်းရေစက်ချတဲ့အခါ သံဃဿဒေမ သံဃာအားလှူပါ၏ လို့ လှူကြရိုး ထုံးစံဖြစ်တယ်။ ဒါပေမဲ့ ကျောင်းကို စောင့်ရှောက် ကြည့်ရှုဖို့ကိုတော့ ဘယ်သူကို အပ်နှင်းထားပါတယ်လို့ သက်ဆိုင်ရာ ကျောင်းဒကာ၊ ကျောင်းအမများနဲ့ ရိုသေထိုက်တဲ့ ထေရ်ကြီးဝါကြီး ပုဂ္ဂိုလ်ကြီးများက ကျောင်းစောင့်အဖြစ် ဘယ်သူ့ကို အပ်ပါတယ်လို့ တခါထဲ အပ်နှင်းကြတဲ့ ထုံးစံဖြစ်ပါတယ်။ (ပေါ်လာတဲ့ မေးခွန်းတွေက ဒီကျောင်းကို ဓမ္မကြောင်းအရ ဘယ်သူ အမှန်တကယ် ပိုင်သလဲ ဆိုတဲ့ ကိစ္စပါပဲ။ ပိုင်ဖို့ဆိုရင် ဘယ်သူက ဒီကျောင်းကို ရေစက်ချ လှူခဲ့သလဲ၊ လှူတဲ့အခါမှာ သံဃိက အနေနဲ့လှူသည့်တိုင် ဘယ်သူကို ကျောင်းစောင့်ပုဂ္ဂိုလ်အဖြစ်၊ ဘယ်သူက၊ ဘယ်တုံးက၊ ဘယ် ထေရ်ကြီးဝါကြီး ပုဂ္ဂိုလ်တွေရဲ့ မျက်မှောက်မှာ လှူခဲ့သလဲ။ ဒါတွေကို သိရရင်ပဲ ဒီကျောင်းကို ဓမ္မကြောင်း အရ ဘယ်သူ ပိုင်သလဲ၊ (သံဃိကဖြစ်သည့်တိုင်) ဘယ်သူရဲ့ စီမံခန့်ခွဲမှု အောက်မှာ ရှိသလဲ ထင်ရှားပြီ ဖြစ်ပါတယ်။)
သံဃိကကျောင်းအဖြစ် လှူသည့်တိုင် စဉ်းစားစရာ မေးခွန်းတွေကို အထက်မှာ ပြောခဲ့ပြီး ဖြစ်လို့၊ သံဃိကကျောင်း ကို လုကြတာ၊ အငြင်းပွားကြတာနဲ့ ပတ်သက်တဲ့ ဝိနည်းတော်ကို ကြည့်ရအောင်ပါ။ (ဘုန်းကြီးလောကနဲ့ နီးစပ်လို့) ကျနော် သိနေတာက ကျောင်းတကျောင်းဟာ သံဃိကကျောင်းဖြစ်လို့၊ သံဃာအချင်းချင်း အငြင်းပွားကြရင်တောင်၊ သံဃာတွေက ကိုယ်ထိလက်ရောက် အခြားအုပ်စု သံဃာကို နှင်ရင်၊ ဆွဲထုတ်ရင် ပါစိတ်အာပတ်၊ လူကို နှင်ချရင် ဒုက္ကဋ်အာပတ်သင့်ပါတယ်။ (ကျောင်းအာရမ်တွေမှာလဲ အပြစ်ထိုက်သွားတဲ့အတွက် မသိဘဲ သုံးသူ၊ တည်းသူ ဖြစ်စေ အာပတ်တွေ ဆက်တိုက်သင့်သွားပါတယ်။ ရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော်ဟာ ဝိနည်းအင်မတန် ရိုသေတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ ကျောင်းကိစ္စဟာ မတော်ရင် အာပတ်သင့်ဖွယ်ရှိလို့၊ ခရီးကြွတဲ့အခါ သံသယရှိတော်မူရင် ဝါးကပ်တဲ ထိုးစေပြီး ဝါးကပ်တဲနဲ့ နေပါတယ်။ -ကျောင်းနဲ့ ပတ်သက်လို့ အာပတ်သင့်စရာတွေ ရှိတတ်လွန်းလို့ သရိုင်ရွာကို ပင့်တဲ့အခါ ပင်းကျောင်းကြီးပေါ်မတည်းဘဲ တပည့်ဖြစ်တဲ့ တောင်မြို့ဆရာတော်ကို ဝါးကပ်တဲ ထိုးစေပြီး မြောင်းမြဆရာတော်ကြီးက ဝါးကပ်တဲမှာပဲ သီတင်းသုံးတဲ့ ဥပမာကို အရှင်ဇနကာဘိဝံသရေး တဘဝသံသရာမှာ ရှုပါ။)
အဲဒီတော့ ဒီကျောင်းရဲ့ ပိုင်ဆိုင်မှုဟာ မဟနကဘဲ ပိုင်ပိုင်၊ ပီနန်ဆရာတော်ကပဲ ပိုင်ပိုင်၊ ဘယ်သူကပိုင်ပိုင် (သံဃိကကျောင်းမှန်ရင်) သံဃာအချင်းချင်း နှင်ထုတ်တာ၊ သံဃာက လူကိုခိုင်းလို့ လူကနှင်ထုတ်တာ မလုပ်ထိုက်ဘူးဆိုတာ ထင်ရှားပါတယ်။ (ဝိနည်း ရိုသေရင်ပေါ့လေ။) (ဒီအတိုင်းဆိုရင် မဟန ကိုယ်တိုင်က ဝိနည်းသိက္ခာပုဒ်တွေ ညိစွန်းနေသလားလို့ ရှာဖွေ စိစစ်ထိုက်တယ်။)
တကယ်လို့ သံဃိကပိုင်မဟုတ်ဘဲ ပီနန်ဆရာတော် ပုဂ္ဂလိကပိုင်ဆိုရင်တော့ မဟန ကို ဒုတိယပါရာဇိက အာပတ်ကြီး သင့်ပြီ ဖြစ်ပါတယ်။ ဒုတိယပါရာဇိက ဆိုတာ ခိုးမှုပါ။ သံဃာဟာ (ရွှေ)တမတ်နဲ့ ညီတဲ့ ဥစ္စာကို အရှင်မပေးဘဲ ယူရင် ရဟန်ုးအဖြစ်က လျှောကျသွားပါတယ်။ (တသက်လုံး ရဟန်း ပြန်ဝတ်လို့ မရတော့ပါ၊ သာသနာမှာ ရဟန်းအဖြစ်ကို မရနိုင်တော့ပါ။) ဝိနိယပိဋကတ် မြန်မာပြန်ကို ကြည့်ပါ-
“ မပေးအပ်သော ဥစ္စာမည်သည် မပေးအပ် မလွှတ်အပ် မစွန့်အပ် မစောင့်ရှောက်အပ် မလုံခြုံစေအပ် ငါ့ဟာဟု မမြတ်နိုးအပ် သူတစ်ပါး သိမ်းဆည်းအပ်သော ဥစ္စာတည်း။ ခိုးလိုသော စိတ်အစုဟူသည် ခိုးလိုသော စိတ်ရှိသည်ဖြစ်၍၊ ဝှက်လိုသော စိတ်ရှိသည်ဖြစ်၍။ ယူငြားအံ့ဟူသည် ယူငြားအံ့၊ ဆောင်ယူငြားအံ့၊ ဝှက်ငြားအံ့၊ က္ကုရိယာပုတ်ကို ပျက်စေငြားအံ့၊ နေရာမှ ရွေ့စေငြားအံ့၊ အချိန်းအချက်ကို လွန်စေငြားအံ့။ အကြင်သို့ သဘောရှိသော မည်သည့်တစ်မတ်ကိုသော်လည်းကောင်း၊ တစ်မတ်တန် (ဥစ္စာ) ကိုသော်လည်းကောင်း၊ တစ်မတ်ထက် အပိုအလွန် (ဥစ္စာ) ကိုသော်လည်းကောင်း၊ (ပ) ယူသောသူသည် ယူသော ဆောင်သော ဝှက်သော က္ကုရိယာပုတ်ကို ပျက်စေသော နေရာမှ ရွေ့စေသော အချိန်းအချက်ကို လွန်စေသော ဤရဟန်းသည်လည်း ရှေး (မေထုန် ပါရာဇိက ရဟန်း)ကို ထောက်၍ သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏ ဟု ဆိုအပ်၏။ အညှာမှ ကြွေကျသော သစ်ရွက်သည် မစိမ်းစိုနိုင်တော့သကဲ့သို့ ဤအတူ ရဟန်းသည် တစ်မတ်ကိုသော်လည်းကောင်း (ပ) (ဥစ္စာရှင်သည် ကိုယ်နှုတ်ဖြင့်) မပေးဘဲ ခိုးလိုသော စိတ်အစုဖြင့် ယူမိသောကြောင့် ရဟန်း မဟုတ်တော့ပေ၊ သာကီဝင် မင်းသား ဘုရားအနွယ်တော် မဟုတ်တော့ပေ၊ ထို့ကြောင့် “သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏” ဟု ဆိုအပ်၏။”
ပါရာဇိက ကျသွားရင် ရဟန်းမဟုတ်တော့ပြီ၊ ပါရာဇိက ဟာ အကြီးဆုံး ဘုန်းကြီး ပြစ်မှု ဖြစ်ပါတယ်။ ကိစ္စလေးခုကို ဘုန်းကြီး အဖြစ်က မလျှောစေဖို့ (ထေရာဝါဒ) ဘုန်းကြီးတိုင်း စောင့်ရှောက်ရပါတယ် - အဲဒါတွေကတော့ (အကြမ်းဖျင်းပြောရရင်) မေထုန်မှီဝဲမှု၊ ခိုးမှု၊ သံဃာသင်းခွဲမှုနဲ့ ဈာန်မဂ်ဖိုလ် တရားထူး မရဘဲ ရသည်ဟု လိမ်ညာမှု တို့ဘဲ ဖြစ်ပါတယ်။ ဒါတွေဟာ ဘုန်းကြီးလောကမှာ အကြီးလေးဆုံး ပြစ်မှုကြီး လေးခုဖြစ်လို့ ကျူးလွန်မိရင် ဘယ်လိုမှပြန်ဆယ်နှုတ်လို့ မရတော့ဘဲ ရဟန်းအဖြစ်က တသက်လုံး လျှောကျပါတယ်။ (အလွန်ဆုံး ကိုရင်ကြီးဘဝ၊ ဖိုးသူတော် ဘဝကိုပဲ ဒီတသက် ရနိုင်ပါတော့တယ်။ သိမ်ဝင်လို့လဲ မရ၊ ရဟန်းလဲ မဖြစ်တော့ပါ။)
ဒီလောက် ချီလာရတဲ့ အကြောင်းကတော့ ခု ကျောင်းလုတဲ့ ကိစ္စမှာ ပုဂ္ဂလိကပိုင်ကျောင်း (ပီနန်ဆရာတော်ပိုင် ကျောင်း) ဖြစ်လို့ အဲဒီ ပုဂ္ဂလိကပိုင်ပစ္စည်းကို မဟနက လုတာဆိုရင် မဟန သဘောဆန္ဒပါတယ်ဆိုရင် ထိပ်ဆုံး (ဗန်းမော်ဥက္ကဋ္ဌဆရာတော်ကြီးအပါအဝင်) ဆရာတော်ကြီးများ အားလုံး ပါရာဇိက ကျမည့်အနေမျိုး ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။
ပြန်ရှင်းအောင် ပြောရရင် ပီနန်ဆရာတော် ပုဂ္ဂလိကပိုင်ဆိုရင် - ဒုတိယပါရာဇိက နဲ့ စွပ်စွဲခံရမယ့်အနေမျိုး မဟနက ဖြစ်သွားပီးတော့၊ သံဃိကပိုင်ဖြစ်တယ်ဆိုရင်တောင်မှ - မဟနက ဖယ်ရှားဖို့ အမိန့်ပေးလို့ ဒုက္ကဋ်အာပတ်၊ ဖယ်တဲ့ကိုယ်တော်တွေက ပါစိတ်၊ (လူကို နှင်ရင် ဒုက္ကဋ်) သင့်နေပီလို့ ဆိုလိုတာဖြစ်တယ်။ ဓမ္မကြောင်း အရ မလုပ်ထိုက်တဲ့ အလုပ်လို့ ထင်ရှားစေလိုရင်းဖြစ်ပါတယ်။
ဒါကြောင့် ဒီကိစ္စဟာ ပေါ့သေးသေး ကိစ္စမဟုတ်ဘဲ အင်မတန် အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ သတင်းစာတွေ ဖော်ပြနေတဲ့ သတင်းတွေဟာ တိတိကျကျ၊ ဝိနည်းကို နားလည်တဲ့ အရေးအသားမျိုး၊ စုံစမ်းထုတ်ဖော်မှုမျိုး မဟုတ်သေးပါဘူး။ ဒီလို ပြောရတာ အကြောင်းရှိတယ်-
ဘယ်သူက ပီနန်ဆရာတော်ကိုဖြစ်ဖြစ်၊ မဟနကို ဖြစ်ဖြစ် ဘယ်တုန်းက လှူသလဲ၊ ဘယ်လို လှူတာလဲ (သံဃိကလား၊ ပုဂ္ဂလိကလား) ဒါမှမဟုတ် ပီနန်ဘုန်းကြီးကို လှူပီးသားကို မဟန ကို ပြန်လှူတာလား၊ လှူရင် ဘယ်သူက လှူတာလား၊ မဟနကလဲ လက်ခံသလား၊ ပီနန်ဘုန်းကြီးက (အဲသလိုဆိုရင်) ကျောင်းခိုးခံရတာလား၊ မဟနက သူခိုးလက်ခံအလုပ်မျိုးကို လုပ်မိသလား၊ မဟနကို လှူလိုက်တာကလဲ သံဃိက လှူတာလား၊ ပုဂ္ဂလိက (မဟနကို လှူပါ၏)ဆိုပီး လှူတာလား။ ဘာမှ မရှင်းမလင်းလို့ ဖြစ်ပါတယ်။
ဒါက ဓမ္မကြောင်းအရပြောတာသာ ဖြစ်သေးတယ်။ မြန်မာပြည် ဘုန်းကြီးလောက လုပ်ထုံးလုပ်နည်းအရ ဝိနည်းဓမ္မကံ အမှုအခင်းများ ကို ဖြေရှင်းရာမှာ ဘာကိုတော့ ဘယ်လို လုပ်ထိုက်တယ်ဆိုတဲ့စည်းကမ်းတွေရှိတယ်။ ဒါတွေကို သတင်းစာရှင်းလင်းပွဲမှာ အံ့မောင်က ဖြေရှင်းသွားတယ်လို့ မကြားမိသလို၊ သတင်းထောက်တွေကလဲ ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းကို ကြားဖူးပုံ၊ မေးကြပုံ မပေါ်ဘူး။ (အံ့မောင် ပြောသမျှ ခံရမှာပေါ့လို့ စိတ်ထဲက ဖြစ်မိပါတယ်။) ဒါဟာ တရားမမှု အနေနဲ့ သက်ဆိုင်ရာ လူတရားရုံးတွေက စစ်လို့ ရတဲ့ အမှုမျိုး မဟုတ်တော့ အံ့မောင်က ဘယ်တရားရုံး တိုင်တိုင်ဆိုတဲ့ ဒီစကားပြောရဲတာဖြစ်တယ်။
ဖြစ်ရပ်ကို ကြည့်ရင် ပီနန်ဘုန်းကြီးကျောင်းက မဟနနဲ့ ဘယ်လို ပတ်သက်သွားတာလဲ၊ ငွေရေးကြေးရေး အရှုပ်အရှင်းတွေက ဘယ်လို ဘယ်ပုံ ဖြစ်ကြတာလဲ၊ ပီနန်ဘုန်းကြီးက ဘာကြောင့် ကျောင်းကြီးကို ပြန်သိမ်းမယ်လို့ ဆိုရသလဲ စတဲ့ မေးခွန်းတွေကို သတင်းစာတွေဟာ ရေးထုတ်ဖို့ တာဝန်ရှိပါလျက် မရေးကြသေးတာ၊ ခုထိမတွေ့ရသေးတာ နားမလည်ကြလို့လား၊ မရေးရဲလို့လားလို့ မေးခွန်းထုတ်စရာ ဖြစ်တယ်။ (ရေးစဉ်က မဖတ်ရသေး၊ ရေးပီးမှ တွေ့ရတဲ့ သတင်းစာ ဆောင်းပါးတပုဒ်။ http://thevoicemyanmar.com/index.php/article/item/543-tdt။ အားထုတ်မှုကို အထူး အသိအမှတ်ပြုလိုပါတယ်။ ကျေးဇူးလဲ တင်ပါတယ်။ ဒါပေမဲ့ မေးစရာ မေးခွန်းတွေ ကျန်နေသေးတာနဲ့ follow-up လုပ်ပေးပီး တင်ပြမယ်ဆိုရင် တာဝန်ကျေတဲ့ မီဒီယာ အဖြစ် ဂုဏ်ယူထိုက်ဖွယ် ဖြစ်ပါတယ်။ ဂုဏ်ယူပါတယ်။)
ဒါက ကျောင်းလုမှု ပဲ ရှိပါသေးတယ်၊ ကျောင်းလုမှု နောက်မှာ ဘုန်းကြီးတွေကို အတင်းအဓမ္မ လူဝတ်လဲစေတယ် (စိတ်ဆန္ဒမပါဘဲ သိက္ခာချလို့ မရ။) ပြီးတော့ တရားစွဲဆိုမယ်ဆိုတော့ ဒါတွေဟာ ပိုပီး ရှု့ပ်ထွေးလာတယ်။
သတင်းစာဟာ ပြည်သူ့နားမျက်စိ ဖြစ်ပါတယ်။ သတင်းစာတွေက ဒီကိစ္စတွေကို ပြည်သူတွေ ရှင်းအောင်၊ သေချာနားလည်အောင် ရေးပြထိုက်၊ ရှင်းပြထိုက်တယ်။ (မဟုတ်ရင် ဝိနည်းနားမလည်တဲ့ မြန်မာ ပြည်သူလူထု အများစုနဲ့ တတ်ယောင်ကန်း ဘုန်းကြီးနောက်ဆွဲတွေက မဝေဖန်ကောင်းဘူး ဆိုတာကို နားယောင်မိရင် မြန်မာပြည်သာသနာဟာ အောက်ကို ထိုးပြီး ကျသွားတဲ့ အဖြစ်မျိုး ရာဇဝင်မှာ တွင်ပါလိမ့်မယ်။)
ခုထိ မရေးကြသေးလို့ အားမလို အားမရ ဖြစ်လှပါတယ်။ ဒါကြောင့် မနေနိုင်ဘဲ social media က ဝင်ရေးရပါတယ်။ ဒီဆောင်းပါးကို ထည့်လိုတဲ့ သတင်းစာ၊ ဂျာနယ်ရှိရင် (ထည့်လဲ ထည့်ရဲရဦးမယ်၊ မတော်ရင် ထောင်ချတာခံရနိုင်တယ်၊ ဘုန်းကြီးတွေတောင် လူဝတ်ချွတ်ခံရသကိုး။) ထည့်ဖို့ အဆင်သင့်ပါပဲလို့ ကြေညာလိုပါတယ်။
တိုင်းကားပြည်သူ ရှင်လူများကို တရားမင်းများ စောင့်ပါစေ။
စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ ဓမ္မေဟောန္တု သဂါရဝါ (သဒ္ဓမ္မ သုံးဖြာ သာသနာသည် အရှည်တည်ပါစေ၊ တရားတော်၌ လူတို့ ရိုသေကိုင်းညွှတ်ခြင်း ရှိပါစေ။
ထက်မင်းလွင်
(Htet Minlwin ၏ facebook status အား ၄င်း၏ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်)
http://facebook.com/drhtetminlwin
18 March 2013
Education Policy Suggestion by Dr Thein Lwin (NNER)
ဒေါက်တာသိန်းလွင်
နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ယက် (NNER) ဖြစ်မြောက်ရေးအဖွဲ့
15 November 2012
ထပ်မံ ကျူးလွန်ဖို့ ၀န်လေးမယ် မဟုတ်ပါဘူး
ဆိုးသွမ်းသူတွေ ကိစ္စ အရင် ပြောပါရစေ။ ကားတစ်စီးကို ပြိုင်ကားလေးစီးနဲ့ လိုက်ပြီး ၀ိုင်းရိုက်တဲ့ အမှု၊ ခရီးသည်တင်ကားကို တားပြီး ကားပေါ်ပါတဲ့ ခရီးသည်တွေကို ၀ိုင်းရိုက်တယ်ဆိုတဲ့ ကိစ္စ၊ လူအင်အားစုဖွဲ့  ပြီး ရပ်ကွက်ထဲမှာ သောင်းကျန်းတယ်ဆိုတဲ့ ကိစ္စ စတဲ့ အမှုတွေဆိုတာ တရားစွဲလိုက်ရုံနဲ့ ပြီးတဲ့ အမှုမျိုးတွေ မဟုတ်ပါဘူး။ ဒီလို ဆိုးသွမ်းသောင်းကျန်းသူတွေကို ငြိမ်ဝပ်ပိပြားရေး ဥပဒေတွေအရပါ အရေးယူဖို့လိုပါတယ်။ နောက်ထပ် မဆိုးသွမ်းအောင် အာမခံမယ့်သူတွေနဲ့ ခံဝန်ချုပ် ပြုလုပ်စေသင့်ပါတယ်။ ဒါမှသာ နောက်ထပ် မဆိုးသွမ်းရဲမှာ၊ မဆိုးသွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ရတာဖြစ်ပါတယ်။ သာမန် နာကျင်စေမှုလောက်နဲ့သာ အရေးယူတယ်ဆိုရင် ထပ်မံ ကျူးလွန်ဖို့ ၀န်လေးမယ် မဟုတ်ပါဘူး။
ရဲမှူးကြီး မြင့်ဝေ(ငြိမ်း)
တစေ့တစောင်း ရဲလုပ်ငန်းအကြောင်း (၃၅) ဆောင်းပါး
မှုခင်းသတင်း ဂျာနယ်၊ အတွဲ (၁၇)၊ အမှတ် (၁)၊ ၁၄၊ ၁၁၊ ၂၀၁၂
10 November 2012
ဒီမိုကရေစီ အရေခြုံထားတဲ့ အာဏာရှင်စနစ်
“၁၉၆၂ ဥပဒေကိုလည်း မဖျက်သေးဘူး။ ပုဂ္ဂလိက သတင်းစာထုတ်ဖို့ကိုလည်း ဝေ့လည်ကြောင်ပတ် လုပ်နေတယ်။ ရုပ်မြင်သံကြားမှာလည်း ခရိုနီကုမ္ပဏီတွေကိုပဲ လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ပေးထားတယ်။ အစိုးရမှာ Freedom of Press အတွက် အဖြေမရှိဘူး။ တစ်နည်းဆိုရင် ဒီမိုကရေစီအတွက် အာမခံချက် မပေးနိုင်သေးဘူး။
စင်ကာပူမှာလို မီဒီယာကို အစိုးရက ငွေကြေးအင်အား၊ ဥပဒေနဲ့ ထိန်းချုပ်ပြီး မိုနိုပိုလီလုပ်
ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြန်ကြားရေးဝန်ကြီးက စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီလို့ သုံးနှုန်းခဲ့ပါတယ်။ ဒါရဲ့အဓိပ္ပာယ်ဟာ ဒီမိုကရေစီ အရေခြုံထားတဲ့ အာဏာရှင်စနစ်ဆိုတာကော တာဝန်ရှိတဲ့ လူတွေ နားလည်သလားလို့ မေးချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူတို့လို တစ်ပါတီတည်းက အာဏာထိန်းချုပ် အတိုက်အခံကို အလုပ်ဖြစ်ရုံ အချိုသတ်ပေါင်း၊ သတင်းမီဒီယာကို လက်ဝါးကြီးအုပ်လုပ်ထားတဲ့ အရေခြုံဒီမိုကရေစီမျိုး မလိုလားဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။”
http://news-eleven.com/
08 April 2012
“ပရ” နိုင်ငံရေးသမား
ကြိုင်လှမောင်မောင်
19 August 2011
Urgent Need to Reform Myanmar Tatmadaw?
- ချေဗားမား (Che Burma) -
("တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်" ဟူသော ဆိုင်းဘုတ်တပ်ထားပြီး နိုင်ငံအပေါ်၊ ပြည်သူများအပေါ်နှင့် ဘ၀တူ တပ်မတော်သား(ဇာတ်တူသား)အချင်းချင်းအပေါ် သစ္စာဖောက်နေကြသည့် လက်ရှိ သက်ကြားအို တပ်မတော်ခေါင်းဆောင်ဆိုသူများကို ဖြုတ်ချတော်လှန်ကာ တပ်မတော်ချစ်၊ တိုင်းပြည်ချစ် မျိုးဆက်သစ်မြန်မာ့ တပ်မတော်သားများအနေဖြင့် တပ်မတော်ကို အသစ်တဖန် ပြန်လည် ပြုပြင်ဖွဲ့စည်းသင့်ကြောင်း အကြံပေးထားသည့် ချေဗားမား ၏ ဆောင်းပါးကို ဖော်ပြပေးလိုက်ပါသည်။ - ဘလော့ဂ်အယ်ဒီတာ ညိုကြီး)
နယ်ချဲ့လွတ်လပ်ရေးတိုက်ပွဲအတွင်းက မွေးဖွားအခြေခံလာခဲ့သော၊ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် ရဲဘော်သုံးကျိပ် စတင် တည်ထောင်လာခဲ့သော ဘီအိုင်အေမှ အစပြုသည့် မြန်မာ့တပ်မတော်၏ အစဉ်အလာသည် ယနေ့အခါသမယ၌ ပြုပြင်မရလောက်အောင် ချွတ်ခြုံကျ၊ ယိုယွင်းနေချေပြီလော။
နေ၀င်း၊ သန်းရွှေတို့၏ ကလိန်ကျ၊ ကိုယ်ကျိုးရှာ၊ အတ္တကြီး၊ အာဏာရှင်ဆန်မှုတို့ကြောင့် ပေါ်ပေါက်လာခဲ့ရသော တပ်မတော်အတွင်း ဖြုတ်၊ထုတ်၊သတ် ဇာတ်လမ်းမျိုးစုံကို လူအများ ကြားသိတွေ့မြင် ခဲ့ရပြီးချေသည်ကား သေချာပေ၏။ အနီးစပ်ဆုံးဥပမာများကား အထင်အရှားရှိ၏။ နေ၀င်းကာလကို အသာထားဦး။ သန်းရွှေကာလမှာပဲ စောမောင်၊ တင်ဦး၊ ခင်ညွန့်နှင့် တပည့်များ ဖြုတ်၊သတ်၊ထုတ် အလုပ်ခံခဲ့ရသည် မဟုတ်လော။
တပ်မတော်အတွင်း ဗိုလ်များသာ တိုးလာပြီး စစ်သားရှားပါး၊ ထွက်ပြေးမှုများ မကြာခဏကြုံတွေ့နေရရုံမျှသာ မကသေး။ ယနေ့တပ်မတော်အရာရှိကြီးကြီးမာစတာတို့၏ စိတ်ဓာတ်၊ စည်းကမ်းများမှာလည်း အဆိုးဖက်သို့ ဦးတည်နေသည်ကား ဆက်လက်ဖော်ပြမည့် အကြောင်းအရာများက သက်သေခံနေပေပြီ။
စော၊တင်၊ညွန့်တို့ ဖြုတ်၊သတ်၊ထုတ် အလုပ်ခံခဲ့ရသည့်နည်းတူ ယနေ့အခါတွင်လည်း တပ်မတော်အရာရှိ ကြီးကြီးမာစတာချင်း ဖြုတ်၊ထုတ်၊ဖမ်း လုပ်နေကြပြန်သည့် ဇာတ်လမ်းများမှာ ယခုအခါ မကြားချင်အဆုံး ဖြစ်နေပေသည်။
-မန္တလေးမြို့တော်ဝန် ဗိုလ်မှူးချုပ်ဖုန်းဇော်ဟန် ဖမ်းဆီးစစ်ဆေးခံနေရပြီဆိုသည့်သတင်း...
(၄င်းမှာ လက်ရှိ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဆိုသူ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ရန်ဘက်ကြီးဖြစ်သည် ဆို၏ ။)
(မှတ်ချက်။ ။ ဖုန်းဇော်ဟန်၊ ရဲမြင့်တို့မှာ တပ်မတော်မှ ထွက်ထားသူများဟု မည်သို့ပင် အသံဟစ်ထားစေကာမူ ၄င်းတို့ကို ၄င်းတို့၏ ရှိရင်းစွဲ တပ်မတော်အဆင့်အတန်းအတိုင်း အာဏာပေးထားသည်ကို ငြင်းဖွယ်မမြင်ပေ။ ဥပမာ - သန်းရွှေ၊ မောင်အေး၊ ရွှေမန်း၊ သိန်းစိန်၊ တင်အောင်မြင့်ဦး၊ ကျော်ဆန်း၊ ခင်ရီ အစရှိသူတို့သည် လက်ရှိတိုင် တပ်မတော်အပေါ် သြဇာညောင်းနေပေဘိသကဲသို့။)
-ကာကွယ်ရေး စစ်ဆင်ရေး အထူးအဖွဲ့မှူး ဗိုလ်ချုပ်တင်ငွေ(ယခင် မန္တလေးတိုင်းမှူး)၊ ဗိုလ်ချုပ်ထွန်းသန်း(ရန်ကုန်တိုင်းတိုင်းမှူး)တို့လည်း ဖမ်းဆီးစစ်ဆေးခံနေရပြီဆိုသည့်သတင်း...
-ဗိုလ်ချုပ်ကျော်ဖြိုး(ယခင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး)လည်း ဖမ်းဆီးစစ်ဆေးခံနေရပြီ ဆိုသည့်သတင်း...
စသဖြင့်.. စသဖြင့် ။
ဖြုတ်၊ထုတ်၊ဖမ်း သတင်းများကား စိတ်မချမ်းမြေ့ဖွယ်ကောင်းလောက်အောင် ကြားနေရပြန်ချေပြီ ။ မြန်မာ့တပ်မတော်၏ အစဉ်အလာကို အပြိုင်ကိုယ်ကျိုးရှာတမ်း၊ အာဏာလုတမ်း၊ ဖြုတ်-ထုတ်-ဖမ်း-သတ် တမ်းကစားနေကြရင်း ချိုးဖျက်နေကြပြီလော။
ကျွန်တော်သည် ပြည်တွင်းမှာ နေထိုင်သော ပြည်တွင်းဖြစ် မြန်မာနိုင်ငံသား၊ ဗမာလူမျိုး စစ်စစ်တစ်ဦးဖြစ်ပြီး "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" စကားများနှင့် ကြီးပြင်းလာခဲ့ရသူဖြစ်ရာ ယခုလို တပ်မတော်၏ အမိ၊ အဖ ဆိုသူများ အချင်းချင်း ကိုယ်ကျိုးရှာအာဏာလုစတမ်း၊ ဖြုတ်-ထုတ်-ဖမ်း-သတ်တမ်း ကစားနေကြသည်ကို မြင်နေရ၍ လွန်စွာ စိတ်မကောင်းဖြစ်မိတော့သည်။
တပ်မတော်သားသည် တစ်သားတည်းရှိရမည်မဟုတ်လော။ ယခုတော့ ဘယ်သူ့လူ၊ ဘယ်ဝါ့လူခွဲကာ တစ်ဦးနှင့်တစ်ဦး ဦးရာလူချစတမ်းလုပ်တတ်သည့် ဓလေ့တစ်ခု မြန်မာ့တပ်မတော်မှာ စွဲနေလေပြီ။ တပ်မတော်အတွင်း အာဏာစင်ပြိုင်ထောင်သည့် ဓလေ့ဆိုးသည် အမြစ်တွယ်နေလေပြီ။ တပ်မတော်ကိုအသုံးချကာ နိုင်ငံရေးဖြတ်လမ်းလိုက်တတ်သည့် ဓလေ့သိုးသည် အနံ့ထွက်နေလေပြီ။ တပ်မတော်အရာရှိကြီးကြီးမာစတာ ကိုယ်တိုင်သော် လည်းကောင်း၊ ၄င်း၏ဆွေမျိုးတသိုက်သော် လည်းကောင်း တပ်မတော်အာဏာသုံး၍ စီးပွားရှာတတ်သည့် ဓလေ့မျိုးသည် ရိုးနေလေပြီ။
"ဘယ်သူကွဲကွဲ တို့မခွဲ အမြဲစည်းလုံးမည်" ဆိုသည့် စကားများနှင့် တည်ဆောက်ထားသယောင်ရှိသော တပ်မတော်သည် မည်သူမျှ ခွဲစရာမလိုဘဲ ခေါင်းဆောင်အချင်းချင်းကွဲပြီး အာဏာရှိုးပြပွဲ လုပ်နေကြပေရာ ရိုးသား ထက်မြက်စွာ နိုင်ငံ့တာဝန်ထမ်းနေသော လက်အောက်ခံ တပ်မတော်အရာရှိကြီးငယ်များနှင့် လက်ဝေခံစစ်သားများခမျာ စိုးတထိတ်ထိတ်၊ ရင်တဖိုဖိုနေရသည့် ဘ၀သို့ တမုတ်ဟုတ်ချင်း အမြဲတမ်းကျရောက်နေလေပြီ။ "ငါ့တော့ ဘယ်နေ့အတွယ်ခံရမလဲမသိဘူး" ဟူသော စိတ်နှင့် တပ်မတော်သားဘ၀ကို စိတ်ညစ်စွာ ဖြတ်သန်းနေရလေပြီ။
မြန်မာ့တပ်မတော်ကို အမြစ်ကလှန်၍ ပြုပြင်မွမ်းမံရန် လိုပေပြီ။ တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဆိုသော်ငြား ထိုသွေး၊ ထိုအသံ၊ ထိုအမိန့်သည် "ညစ်၊ အက်၊ မှား"၍ နေပေသည်ကို သိလျက်ကြီးနှင့် ပညာဥာဏ်၊ မျိုးချစ်စိတ်ကြီးမားသူ လက်အောက်/လက်ဝေခံ တပ်မတော်သားများက ဒီအတိုင်းလက်ပိုက်ခေါင်းငုံ့ပြီး ငြိမ်ခံနေကြဦးမည်လော။
သွေးဆိုးသွေးညစ်ကို ဖောက်ထုတ်ဖယ်ရှားကာ တပ်မတော်ကို အသစ်တဖန်မွေးဖွားဖို့ လိုပေပြီ။ တပ်မတော်မျိုးဆက်သစ်တို့အနေဖြင့် တပ်မတော်တော်လှန်ရေးကို အမြန်လုပ်ဖို့လိုပေပြီ။ တပ်မတော်ကို ဖြိုခွဲမည့်အကြံ ကျွန်တော်လည်း လက်မခံပါ။ စိတ်ဓာတ်၊ စည်းကမ်းပြိုကွဲနေသော တပ်မတော်ကိုမူ ပြန်လည်စုစည်း ပြုပြင်ကြပါဟုသာ တိုက်တွန်းလိုပေသည်။
အနာသိလျှင် ဆေးရှိသည်ဆိုသော်ငြား ဆေးနှင့် ဆေးကုပေးမည့်သူကား လိုပေသည်။ အနာကား ရင့်ချေပြီ။ သတ္တိရှိရှိ၊ ပညာဥာဏ်ကြီးကြီးနှင့် အနာကို အမြန်ဆေးကုကြပါတော့ဟုသာ တပ်မတော်ချစ်၊ တိုင်းပြည်ချစ် မျိုးဆက်သစ်မြန်မာ့တပ်မတော်သားများကို အလေးအနက်ထားကာ ဦးတည် ရေးသားလိုက်ရပေသတည်း။ ။
ချေဗားမား (Che Burma)
11:59 PM, 16.8.2011
09 July 2011
The Parrot’s Education (Rabindranath Tagore) in Burmese Language by Tite Soe
ကြက်တူရွေး၏ ပညာရေး
(မူရင်း - ရာဗိန်ဒရာနတ်တဂိုး၊ ဘာသာပြန် - တိုက်စိုး)
ဘုရင်မင်းကြီးသည် ဤသို့ တွေးလေသည်။ ပညာမဲ့ခြင်းသည် အကျိုးယုတ်ရာ ယုတ်ကြောင်းသာ။ သူမိုက်နှင့် ပညာရှိ(သည်) အစားစားရာတွင် မကွာကြသော်လည်း လောကစီးပွားဆောင်ရာတွင်ကား ကွာလှချေသည်။ မင်းကြီးသည် ဤသို့ တွေး၍ တူတော်များကို ရှေ့တော်သို့ခေါ်ကာ၊ ကြက်တူရွေးကို ပညာကောင်းစွာ သင်ပေးရန် မိန့်လေသည်။ ထိုအခါ မင်းရင်ပြင်၌ သုခမိန်များ၏ အစည်းအဝေးသည် ဖြစ်၏။ သုခမိန်များသည် မဆိုင်းမတွပင် ပြဿနာ၏ ဇာစ်မြစ်ကို စိစစ်ကြပြီးလျှင် ငှက်သတ္တဝါများသည် အသိုက်စုတ် အသိုက်ပဲ့တွင် နေလေ့ရှိသောကြောင့် အသိပညာမဲ့ရသည်။ ထို့ကြောင့် ကြက်တူရွေး၏ ပညာရေးအတွက် ပထမ လိုအပ်ချက်သည် သင့်လျော်သော ကြက်တူရွေးအိမ်ပင် ဖြစ်သည်ဟု ဆုံးဖြတ်ကြလေသည်။ သုခမိန်များသည်
ဆုလာဘ်ကိုယ်စီဖြင့်အိမ်သို့ ပြန်ကြလေသတည်း။
ရွှေလှောင်အိမ်တစ်ခုကို အဆန်းတကြယ် လှပတင့်တယ်အောင် စီရင်ကြလေသည်။ အရပ်ရပ်မှ လူအများလည်း ထိုလှောင်အိမ်ကို ကြည့်ရန် စုဝေး လာရောက်ကြလေသည်။ အချို့က လှောင်အိမ်ကို စူးစူးစိုက်စိုက်ကြည့်ရာမှ 'ယဉ်ကျေးမှုဖြင့် အကျဉ်းကျပါပကော'ဟု ပြောဆို ငိုကြွေးကြလေသည်။ အချို့ကလည်း 'ယဉ်ကျေးမှုမပါ ဘာဖြစ်သမို့လဲ၊ လှောင်အိမ်က အကောင်အထည်နဲ့ ကျန်ရစ်ခဲ့မှာပဲ၊ ရွှေခဲကြက်တူရွေးတော့ ကံကောင်းတာပဲ'ဟု မှတ်ချက်ချကြလေသည်။ ပန်းတိမ်သည်လည်း ငွေထုပ်ပိုက်၍ မိမိရပ်ရွာသို့ လွှင့်လေသတည်း။
ဆရာပဏ္ဍိတ်သည် ကြက်တူရွေးကို စာသင်ရန် ပြင်လေသည်။ သူသည် ဣနြေ္ဒသမ္ပတ္တိဖြင့် နှာတရှုပ်ရှူလိုက်ကာ 'စာစုံမှ ပညာကုန်မယ်'ဟု မိန့်လေသည်။ ထိုအခါ ဘုရင့်တူတော်များလည်း စာရေးတော် တသီချည်း ခေါ်လာကြလေသည်။ စာရေးတော်များလည်း ကျမ်းအစောင်စောင်မှ ရေးကူးကြလေသည်။ ကူးသည့်စာမူမှ တဖန် ရေးကူးကြပြန်လေသည်။ နောက်ဆုံး၌ အတိုင်းမသိ မြင့်မားသော စာအထပ်ကြီး ဖြစ်လာလေတော့သည်။ လူအများလည်း 'အလိုလေး၊ ယဉ်ကျေးမှု ဘုံဗိမာန်ကြီးဟာ တိမ်တိုက်တွေအကြား ထိုးဝင်မတတ် မြင့်မားပါပေရဲ့'ဟု ရင်သပ်ရှုမော ကြလေသည်။ စာရေးတော်များသည် အသပြာအိတ် အပြည့်ဖြင့် အရပ်သို့ ပြန်ကြလေသတည်း။ ဘုရင့်တူတော်များလည်း လှောင်အိမ်ကို အကျအန ဖြစ်အောင် ကြိုးစားကြပါပေ၏။ လှောင်အိမ်ကို သူတို့ ပွတ်တိုက်မွမ်းမံ အရောင်တင်ကြသည်ကို လူအများက ကြည့်ရင်း၊ 'ဒါမှ တကယ့်တိုးတက်ရေး' ဟု ပြောကြလေသည်။
လောက၌ ဘယ်အရာတွင် ချို့တဲ့နေနေ၊ ကဲ့ရဲ့ သင်္ဂြိုဟ်ဆိုတတ်သူ ဦးရေတွင်မူ မချိုတဲ့တတ်ပေ။ သူတို့က လှောင်အိမ်နှင့် ပတ်သက်သူမှန်သမျှ ကြက်တူရွေးက လွဲလျှင် ကြီးပွားကြပါပေသည်ဟု လျှောက်၍ သတင်းလွှင့်ကြလေသည်။ မင်းကြီးလည်း ထိုသတင်းကို ကြားရ၍ တူတော်များကို မေးလေသည်။ တူတော်များက 'ထမင်း မဝ တစ်ချက် ဝ တစ်ချက်နဲ့ လူများဟာ ပါးစပ်အားတိုင်း သွားပုတ်လေလွင့် ပြောနေကြခြင်းပါ' ဟု လျှောက်တင်ကြလေသည်။ လျှောက်တင်ချက်ကို သဘောတော် တွေ့သဖြင့် ဘုရင်မင်းကြီးက တူတော်များအား ကျောက်မျက်ကျောက်မြတ်များ သဒ္ဓါတော်မူလေသည်။
တစ်နေ့သ၌ ဘုရင်မင်းကြီးသည် (မိမိ၏) ပညာရေးဌာနက ရွှေခဲကြက်တူရွေးအတွက် ဘယ်ပုံဘယ်နည်း စီမံနေသည်ကို ကိုယ်တော်တိုင် မြင်လိုသဖြင့် ပညာရေး ခန်းမဆောင်သို့ ကြွလေသည်။ ထိုအခါ ဆိုင်ရာတို့က စည်းခရာ ပတ်သာပုံမောင်း တီးမှုတ်၍ ကြိုကြလေသည်။ သုခမိန်များကလည်း ဂါထာမန္တရားကို တစ်ခဲနက် ရွတ်ဆိုကြလေသည်။ ရွှေပန်းတိမ်တော်များ၊ စာရေးတော်များ၊ စာကြပ် စာမများ၊ ထိုသူအသီးသီး၏ အထောင်အသောင်းမကသော ဆွေမျိုး အရင်းအဖျားများကလည်း အုတ်အုတ်သဲသဲ ကောင်းချီးပေးကြလေသည်။ ဤတွင် တူတော်များလည်း အားရရွှင်ပြုံးစွာ မင်းကြီး၏ စိတ်ဆန္ဒကို မေးလျှောက် ကြလေသည်။ မင်းကြီးက 'ပညာရေး မူဝါဒကဖြင့် ဟန်ဟန်ပန်ပန်ရှိတဲ့ ပုံသဏ္ဍာန်ပဲ' ဟုမိန့်လေသည်။
ဘုရင်မင်းကြီးလည်း အလွန်ကျေနပ်၍ ဆင်တော်ပေါ်သို့ တက်တော့မည်အပြုတွင် ခြုံကွယ်၌ပုန်းနေသော အပြစ်ရှာသူတစ်ဦးက 'အရှင်မင်းကြီး၊ ကြက်တူရွေးကော တွေ့ပါရဲ့လားဘုရာ့'ဟု ဟစ်အော်လိုက်လေသည်။ ထိုအခါမှ မင်းကြီးက ငါ သတိချွတ်နေမိသည်ဟု ဆိုကာ သုခမိန်များဘက်လှည့်၍ ကြက်တူရွေးကို သင်ပုံသင်နည်းစုံစမ်းကြည့်လေသည်။ သူတို့က သင်ပုံသင်နည်းကို မင်းကြီးအား ပြလေသည်။ ဘုရင်မင်းကြီးလည်း အလွန် နှစ်ထောင်းအားရခြင်း ဖြစ်လေ၏။ သင်ပြပုံနည်းစနစ်သည် ခန့်ထည်လှသဖြင့် ထိုနည်းစနစ်နှင့် စာလျှင်ကြက်တူရွေးမှာ နုပ်နုပ်ဖွဲဖွဲကဲ့သို့ပင် ဖြစ်တော့သည်။ မင်းကြီးလည်း အစီအစဉ်ကို အပြစ်ပြောစရာ ဘာမှမရှိဟု ကျေနပ်မိလေသည်။ အကယ်၍ ကြက်တူရွေးက ထိုအစီအစဉ်ကို ဆင်ခြေဆင်လက် တက်မည်ဆိုလျှင်လည်း ဆင်ခြေတက်နိုင်စရာ အကြောင်းမမြင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ့လည်မျိုတွင် စာရွက်တွေ နင့်နေသဖြင့် အသံသဲ့သဲ့ပင် မထုတ်နိုင်ရှာသောကြောင့် ပေတည်း။ ကြက်တူရွေး၏အဖြစ်သည် ကြက်သီးထစရာပင် ကောင်းတော့သည်။
ဤအခါ၌မူ ဘုရင်မင်းကြီးသည် ဆင်တော်ပေါ်သို့တက်ရင်း အပြစ်ရှာသူများကို မလွတ်အောင် အပြစ်ဒဏ်ခတ်ရန် အမိန့်ပေးလေသည်။
ကြက်တူရွေးလည်း ကျိုးနွံစွာ သင့်အံလေ့လာရင်း နမူးနထူးဖြစ်လာလေသည်။ အားရလောက်သည့် တိုးတက်ရေးပါပေ။ သို့သော် အကွပ်အညှပ် အစီအမံအကြားမှပင် အဖြစ်မှန်သည် ပေါ်လာတတ်လေသည်။ လှောင်အိမ်တွင်း၌ နေရောင်ခြည်ကလေး မပြူတပြူ ရှိစအချိန်တွင် ရွှေခဲကြက်တူရွေးသည် အနှောင်အဖွဲ့ကို ရုန်းကန်ငြင်းဆန်သည့်ပမာ အတောင်တဖျပ်ဖျပ် ခတ်လေသည်။ ထို့ပြင် ယုံချင်မှလည်း ယုံပေရော့။ နှုတ်သီးချည့်နဲ့နဲ့ဖြင့် သံတိုင်ကို သနားစရာ ဆိတ်လေသည်။ ထိုအခါ မြို့ကွပ်က 'တယ်ရိုင်းပါကလား'ဟု ကြိမ်းဝါးလေသည်။ မကြာမီ ပန်းပဲသမားသည် ပန်းပဲဖိုကို သယ်ဆောင်၍ မင်းကြီး၏ ပညာရေးဌာနသို့ ရောက်လာလေသည်။ တူသံ ပေသံတွေလည်း ဆူညံမစဲ ရှိပါပေ၏။ တူသံစဲသည်နှင့် တစ်ပြိုင်နက် သံကြိုးလည်း အဆင်သင့် ဖြစ်လေပြီ။ ကြက်တူရွေး၏ အတောင်နှစ်ဖက်ကိုလည်း ကိုက်ညှပ်၍ ပြီးခဲ့လေပြီ။ မင်းကြီး၏ ယောက်ဖတော်များက 'ဒီငှက်သတ္တဝါတွေဟာ ဥာဏ်ကလည်းမွဲ ကျေးဇူးတရားကိုလည်း ဘာမှ မသိပါကလား'ဟု မသက်မသာ ခေါင်းရမ်းမိကြလေသည်။ ဆရာပဏ္ဍိတ်လည်း ကျမ်းထုတ်ကို တစ်ဖက်၊ ကြိမ်လုံးကို တစ်ဖက် ဆောင်၍ စာချလေသည်။ မြို့ကွပ်သည် အစောင့်အရှောက်ကောင်းသည့်အတွက် လည်းကောင်း၊ ပန်းပဲသမားသည် သံကြိုးခိုင်ခိုင်လုပ်နိုင်သည့်အတွက် လည်းကောင်း ဘွဲ့တံဆိပ် အသနားခံရပြန်လေသတည်း။
ရွှေခဲကြက်တူရွေးလည်း သေလေတော့၏။
ကြက်တူရွေး ဘယ်အခါက သေလိုက်မှန်း သိသူမရှိကြ။ အပြစ်ရှာသူက ထိုသတင်းကို ပထမဆုံး လွှင့်လိုက်လေသည်။ ဘုရင်မင်းကြီးလည်း တူတော်များကို ခေါ်၍ သတင်းမေးလေသည်။ တူတော်များက ကြက်တူရွေးကို စာသင်ပြီးကြောင်း လျှောက်တင်ကြလေသည်။
မင်းကြီးက 'သူ ခုန်သေးသလား' ဟု မေးလေသည်။
တူတော်များက 'မခုန်တော့ပါ' ဟု လျှောက်သည်။
'ပျံသေးသလား'
'မပျံတော့ပါ'
'ကြက်တူရွေးကို ခေါ်ခဲ့' ဟု မင်းကြီးက အမိန့်ပေးလေသည်။
မြို့ကွပ်လည်း ကြက်တူရွေးကို အစောင့်အကြပ်ဖြင့် ရှေ့တော်သို့ သွင်းလေသည်။ ဘုရင်မင်းကြီးလည်း ကြက်တူရွေး၏ ကိုယ်ကို လက်ညှိုးနှင့် ထိုးစမ်းကြည့်လေသည်။ ရွှေခဲကြက်တူရွေး၏ ကိုယ်တွင်းမှ စာရွက်မာကောက်ကောက် အသံတွေသာ ထွက်လာလေသတည်း။ ။
တိုက်စိုး
(မူရင်း - ရာဗိန်ဒရာနတ်တဂိုး၊ ဘာသာပြန် - တိုက်စိုး)
စာပေလောကစာအုပ် အမှတ် ၂၇၂ - " တဂိုး၏ စာ "(ကဗျာ/စာရေးဆရာအစုံ မြန်မာပြန်သည်)၊ စာမျက်နှာ ၂၂၆ မှ ကူးယူမျှဝေသည်။
တဂိုး၏ စာ - ပုံနှိပ်မှတ်တမ်း
ပထမအကြိမ် - ၁၉၆၆ (နှလုံးလှ စာပေတိုက်)
ဒုတိယအကြိမ် - စက်တင်ဘာ၊ ၁၉၈၈ (စာပေလောက စာအုပ်တိုက်)
------------------------------------------
တဂိုး ၏ "ကြက်တူရွေး၏ ပညာရေး" ကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်လိုသူများအတွက် အင်တာနက်လိပ်စာမှာ
http://home.iitk.ac.in/~amman/soc748/tagore_parrot.pdf
http://www.parabaas.com/translation/database/translations/stories/gRabindranath_parrot.html
------------------------------------------
"ကြက်တူရွေး၏ ပညာရေး" မှာ ယနေ့ လက်ရှိ မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို အိန္ဒိယ ဂန္ထ၀င် ဆရာကြီးတဂိုးက ကြိုတင်ပြီး သရော်စာ ရေးထားသလားဟုပင် အောက်မေ့ရပါ၏။ တဂိုးသာ သက်ရှိထင်ရှားရှိနေလျှင် မြန်မာစစ်အာဏာရှင်များက ၄င်းအား Black List သွင်းကာ ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ဖွယ်ရာ ရှိပေကြောင်း။ ။
ညိုကြီး
03 July 2011
Aung San and Music by Tin Naing Toe
ဂီတမြတ်နိုးသူ ဗိုလ်ချုပ်အောင်ဆန်း နှင့် အင်္ဂလန်ခရီး
- တင်နိုင်တိုး -
(၂၀၁၁ ခုနှစ်၊ ဇူလိုင်လထုတ် ရနံ့သစ် မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)

02 June 2011
Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape (သိဒ္ဓတ္ထလှိုင် တိပ်ခွေ)
သိဒ္ဓတ္ထလှိုင် တိပ်ခွေ (သို့မဟုတ်) သုခမိန်လှိုင် တိပ်ခွေ
ဂျွန်၊ ၁၉၇၇
သိဒ္ဓတ္ထလှိုင်
(မူရင်းသတ်ပုံအတိုင်း)
-----------------------------------
Siddhārtha Hlaing is an another, previous Pen-name of Thu Kha Main Hlaing.
"Siddhārtha Hlaing Tape" was released in Maung Thit Min's fiction: "Tay Myone Nget" (Song Nesting Bird) - firstly printed (1977).
In next printed Tay Myone Nget Books, Siddhārtha Hlaing Tape was not published any more.
မောင်သစ်မင်း၏ တေးမြုံငှက် ၀တ္ထုစာအုပ် (ပထမအကြိမ်ထုတ် - ၁၉၇၇) ၏ ရှေ့ပိုင်းတွင် ဖော်ပြပါရှိခဲ့သော သုခမိန်လှိုင် (ထိုစဉ်က "သိဒ္ဓတ္ထလှိုင်" ကလောင်အမည်နှင့်) ၏ "သိဒ္ဓတ္ထလှိုင်တိပ်ခွေ" ကို ဖော်ပြပေးလိုက်ပါသည်။
မောင်သစ်မင်း၏ နောက်အကြိမ်ထုတ်(ပြန်ရိုက်) "တေးမြုံငှက်" ၀တ္ထုစာအုပ်များတွင်တော့ "သိဒ္ဓတ္ထလှိုင် တိပ်ခွေ" ကို ထည့်သွင်းဖော်ပြခြင်း မရှိတော့ပါ။
ချစ်ခင်စွာ...
ညိုကြီး
| From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape |
| From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape |
![]() |
| From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape |
![]() |
| From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape |
![]() |
| From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape |
![]() |
| From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape |
![]() |
| From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape |
![]() |
| From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape |
![]() |
| From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape |
![]() |
| From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape |
![]() |
| From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape |
27 December 2010
Current Burma & Kin Won Min Gyi's Poem
ရာပြည့်စာအုပ်တိုက် ၁၅ နှစ်ပြည့် အမှတ်တရစာစဉ် ၁၂
04 December 2010
Be Brave To Meet Difficulties by U Sandima (Salin)
၏
" အခက်အခဲ ရဲရဲကြည့်ပါ "
ဆောင်းပါး
( အတွေးအမြင် စာစဉ်၊ အမှတ် (၂၂၅)၊ ၂၀၁၀ ဒီဇင်ဘာလ မှ )
%201.jpg)
%201.1.jpg)
07 May 2010
1/2010 Announcement by Basic Education Students Union (BESU)
ခွပ်ဒေါင်းအလံ အလွဲသုံးစားလုပ်ခြင်းအား ရှုတ်ချကန့်ကွက်ကြောင်း ကြေညာချက် (၁/၂၀၁၀)
BESU Statement (1-2010)
အခြေခံပညာ ကျောင်းသားများ သမဂ္ဂ
03 May 2010
I Don't Want The Bloody Buma
မြန်မာပြည်က ကြီးနိုင်ငယ်ညှင်းပြီး အာဏာယစ်မူးတတ်ကြတဲ့ အလေ့အကျင့်တွေဟာ သက်ဦး
ဆံပိုင်စနစ်ကနေ မြစ်ဖျားခံခဲ့တယ်လို့ ယူဆလို့ရနိုင်ပြီး ဒီကနေ့အထိလည်း စဉ်ဆက်မပြတ်
သက်ရောက်နေသေးကာ လူတန်းစားအဆင့်ဆင့် တုံးအောက်ကဖားတွေလို ပြားနေကြရတာ
ခံစားတတ်သူ့ ပုထုဇဉ်တွေအတွက်တော့ စိတ်မကောင်းစရာပါ။
အသက်၊ သွေး၊ ချွေး နဲ့ မျက်ရည်ပင်လယ်တွေလည်း ဝေနေခဲ့ကြရတာ ထောင်စုနှစ်တစ်ခုတောင်
ပြည့်ဖို့ သိပ်မလိုတော့ပါဘူး။ ဝမ်းနည်းကြေကွဲစရာ၊ ခံပြင်းဒေါသထွက်စရာ၊ အံသြတုန်လှုပ်စရာ
တွေနဲ့ ရှက်ရွံ့စရာတွေ မရေတွက်နိုင်လောက်အောင်ပဲ ဖြတ်သန်းခဲ့ပြီးပေမယ့် မက်စရာ လုပ်ပိုင်ခွင့်
အာဏာနဲ့ (လူထုဘဝမှာ အခရာကျတဲ့) သတင်းကဏ္ဍကို ချုပ်ကိုင်ချယ်လှယ်ပြီး “တိုင်းပြည်
အတွက်” ဆိုတဲ့ မရိုးနိုင်တဲ့ ဓါတ်ပြားဟောင်းကိုဆက်ဖွင့်ရင်း လိုရာကိုဆက်ဆွဲ နေခဲ့ကြတာလည်း အဆုံးဆိုတာ မမြင်နိုင်လောက်အောင်ပါ။
“သောင်းကျန်းသူ၊ သူပုန်” တွေလို့ နာမည်တပ်ပြီး မိသားစုတွေ အားလုံးနဲ့ပေါင်းမှ ၃-၄ ထောင်
လောက်သာသာ အရေအတွက်ရှိတယ်လို့ ဆိုတဲ့တိုင်းရင်းသားအဖွဲ့တွေဟာ ဒီကနေ့အထိ
“စွမ်းစွမ်းတမံ ချေမှုန်း” ခံနေခဲ့ကြရတာတောင် လျော့မသွားပဲ ပိုတိုးလာခဲ့ကြတာ “ဆန်းကျယ်တယ်”
လို့များ ဆိုကြရလေမလား။ မဟုတ်ရင်လည်း ဝါဒဖြန့်ချီရေးတွေရဲ့ မအောင်မြင်တဲ့လုပ်ဇာတ်တစ်ခု
ဖုံးလို့မရ ဖိလို့မနိုင် ဖြစ်သွားခဲ့လား။
“ရဲသော်မသေ သေသော်ငရဲမလား” သံပြိုင်သီချင်းတွေဆိုပြီး အစီး ၃-၄၀ သော ကားတန်းတွေနဲ့
“တရားသောစစ်” ကိုဆင်နွဲဖို့ ထွက်သွားရာက ၄-၅ စီးလောက်နဲ့ ချောက်ချက်ဖြစ်နေတဲ့ စစ်သည်
တွေ ပြန်တင်လာတဲ့ အပြန်ခရီးတွေကို မြို့ကြီးများပေါ်က အသွားတုံးက အောင်သပြေနဲ့ ပန်းကုံး
တွေ စွပ်ပေးခဲ့သူများ မမြင်မိကြတာလား၊ မဟုတ်ရင်လည်း မမြင်ချင်ကြတာလား။
နှစ်စဉ်ထောင်နဲ့ချီတဲ့ တိုက်ပွဲတွေနဲ့ မရေတွက်နိုင်တဲ့ အသက်ဆုံးရှူံးမှုတွေဟာ တနိုင်ငံလုံး ဆင်းရဲ
ချွတ်ခြုံကျမှုနဲ့ အမုန်းတွေပြည့်လျှံနေတဲ့ သောင်း၊ သိန်းမကတဲ့ စိတ်နှလုံးတွေကို မွေးထုတ်ပေးဖို့
အာမခံချက်တွေပါ။
“သူပုန်တွေက ရဲဘော်တွေကို သေနတ်နဲ့တောင်မပစ်ပဲ လက်ဗလာနဲ့တင် တက်ဖမ်းကြတယ်” ဆိုတဲ့
သတင်းမျိုးတွေဟာ တိုင်းရင်းသားတွေမှာ ဘယ်လောက်အထိ အမုန်းတရားတွေ လောင်မျိုက်
အောင် အလုပ်ခံခဲ့ကြရသလဲဆိုတာ တွေးမိနိုင်ဖို့ အကြောင်းရင်းတစ်ခု ဖြစ်မလာနိုင်ရင်တော့လည်း အနာဂါတ်ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်သိပ်မရှိနိုင်ပါ။
မြို့ပေါ်မှာ လမ်းမတွေပေါ် ပင်ပင်ပန်းပန်း ဝမ်းစာဖွေရှာ စားနေကြရချိန်မှာ၊ တောထဲကမောင်နှမ
တွေဟာ အကြောက်တရားအပြည့်နဲ့ သစ်ဥသစ်ဖုတွေ ရှာဖွေစားနေကြရတာ သိစေလိုပါတယ်။
ရပ်ကွက်ထဲ အချို့သောမိခင်တွေ သူတို့ရဲ့ စစ်ထွက်သားမောင်များအတွက် အပူသောကတွေဝေနေ
ချိန်မှာ ဟိုအဝေး တောင်ကုန်းပြာပြာတွေပေါ်က အမှောင်ထဲမှာ စမ်းတဝါးဝါး တစ်တီတူးများလို
မလုံခြုံတဲ့စိတ်နဲ့ ပုန်းအောင်းအိပ်စက်နေရသူတွေက ဒုနဲ့ဒေးပါ။ ဆေးပေးခန်းမှာ စုတ်ပြဲနေတဲ့
ငွေစက္ကူတွေနဲ့ လူတစ်ချို့ စောင့်ဆိုင်းနေကြရချိန်မှာ သစ်ပင်၊ ဝါးပင်အောက် စမ်းရေကိုဆေးလုပ်
သောက် နေကြသူတွေ မရေတွက်နိုင်လောက်အောင်ပါပဲ။
ဒါတွေဖြစ်အောင် ဖန်တီးခဲ့ကြသူတွေအတွက် သာယာယစ်မူးမှုတွေ ရရှိနေကြသလား မသေချာ
ပေမယ့် အကျိုးဆက်တွေကို ကိုယ်တိုင်ခံစားနေရသူတွေအတွက်တော့ စက္ကန့်တိုင်း၊ မိနစ်တိုင်းဟာ
လောကငရဲထဲက အချိန်ကာလတွေပါ။
ခုချိန်မှာ တနိုင်ငံလုံး သံသယရှိစရာ ဗုံးတွေပေါက်နေတာ ကြားလာကြရပြန်ပါပြီ်။ စစ်ရေးပြင် တိုက်ပွဲ
ခေါ်သံတွေဆိုတာ ထပ်ပြီးပြောပြစရာတောင် လိုတော့မယ် မထင်ပါ။
ပြတ်ပြတ်သားသား ပြောချင်တာကတော့ “ဒီရူးသွပ်မှုတွေကို ရပ်တန်းက ရပ်လိုက်ကြ
ပါတော့” ဆိုတာပါပဲ။
သွေးချင်းတွေ သွေးချင်းချင်း ထပ်မနီပါစေနဲ့တော့။
မန်းကိုကို
၂၉၊ ၀၄၊ ၂၀၁၀
http://mahnkoko.blogspot.com/
19 April 2010
08 April 2010
No Vote Campaign 2010
မဲမပေးရေး လှုပ်ရှားမှု (No Vote Campaign)
---------------------------------------------------------
မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
သတင်းစကားလေးတစ်ခုလည်း ဝေငှပါရစေ။
မြန်မာပြည်သူ၊ ပြည်သားတွေအဖို့ နှစ်ပေါင်းများစွာ တစ်နည်းနည်းနဲ့ စစ်အာဏာရှင်တွေရဲ့
ဒဏ်ကို ခံခဲ့ကြရရာမှာ တပ်မတော်သားတွေလည်း အပါအဝင် ဖြစ်ပါတယ်။
လူတစ်စုရဲ့ ဆန္ဒနဲ့ အကျိုးစီးပွားထက် လူအများအတွက် ရှေ့တန်းတင်သင့်ကြပြီ ထင်ပါတယ်။
လက်နက်မရှိ၊ အာဏာမရှိ၊ အားထားရာမဲ့တဲ့ ပြည်သူတွေရဲ့ အနေထားကို နားလည်ပါတယ်။
ဒါပေမယ့် ရင်မဆိုင်ရင် အားလုံးရဲ့ ဒုက္ခတွေ မဆုံးနိုင်ဘူးဆိုတာလည်း
နားလည်ပေးကြရပါမယ်။
တုတ်၊ ဓါးတွေ ဆွဲစရာ မလိုပါ၊
လက်သီး လက်မောင်းတန်းပြီး အော်ဟစ်နေစရာ မလိုပါ၊
ရှေ့ထွက်ပြီးလည်း ဦးဆောင်စရာ မလိုပါ၊
အအေးချမ်းဆုံး ကိုယ့်ဘဝ ကိုယ်ဆက်သွားရင်း ကိုယ်ပိုင်တဲ့ မဲတစ်ပြားကို
မကြာခင်ဇွတ်လုပ်
တော့မယ့် ရွေးကောက်ပွဲမှာ ဝင်မထည့်ရုံပါ။ အကြမ်းမဖက်ပဲ အာဏာရှင်တွေကို ရင်ဆိုင်ကြ
ရအောင်။
တစ်ဆင့်တက်ပြီး အမိန့်အာဏာကို မလိုက်နာတာမျိုးတွေနဲ့ အနုနည်းဆန့်ကျင်သွားကြလို့ ရပါ
သေးတယ်။ နိုင်ငံကို ပြည်သူတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ပြည်သူတွေအပ်မှ ပြည်သူ့ကိုယ်စား
လှယ်တွေ အာဏာရ အုပ်ချုပ်ရိုးထုံးစံရှိတာ နှစ်ပေါင်းထောင်နဲ့ချီခဲ့ပါပြီ။
ဒါကြောင့် (စာဖတ်သူ) ပြည်သူတွေရဲ့ စွမ်းအားကို ယုံကြည်ပါတယ်။ အားထားပါတယ်။ လူတိုင်း
လုပ်နိုင်မယ်လို့ မယူဆပေမယ့် ကြိုးစားကြည့်ကြရအောင်လို့
နှိုးဆော်လိုက်ပါတယ်။ ပြိုင်တူ
တွန်းရင် ရွေ့နိုင်ပါတယ်။
မန်းကိုကို
၀၆၊ ၀၄၊ ၂၀၁၀
http://mahnkoko.blogspot.com/
05 April 2010
Statement of People Action for Mass Movement
၂၀၀၈- ၂၀၁၀ ဆန့် ကျင်ရေးနှင့် လူထုလှုပ်ရှားမှု ဖော်ထုတ်ရေး ဆွေးနွေးပွဲမှ ဆုံးဖြတ်ချက်များ
Decision of Meeting
03 April 2010
Communist Party of Burma's Report 2010, April
2010 Bakapa Gs Report
Other Reports of Communist Party of Burma;
http://cpburma.org/Report.htm
Questions for Than Shwe and followers
Question
အီးမေးမှတစ်ဆင့် ရရှိသည်ကို ပြန်မျှသည်။
26 March 2010
A Letter From IBMO to Burmese People (1/2010)
သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်မှ မြန်မာပြည်သူများသို့ မေတ္တာရပ်ခံလွှာ
(၀၃၊ ၂၅၊ ၂၀၁၀)
Dear All,
The International Burmese Monks Organization releases a statement (In Burmese) on (March, 25, 2010).
--
Help Us Change Burma
International Burmese Monks Organization
www.burmesemonks.org
From IBMO to Burmese People (1/2010)









