11 September 2008

INSIDE BURMA NOW-A-DAY

စစ်အဆိုးရ ပြောပြောနေတဲ့
"ဘယ်ခေတ်တုန်းကနဲ့မျှ မတူအောင်
ခေတ်မီဖွံ့ဖြိုး တိုးတက်နေသော ကျွန်ုပ်တို့၏ ဗမာတိုင်းပြည်
(၁)"


နယ်လှည့်ဖိနပ်ချုပ်သမား သူ့ဝမ်းတခါးအတွက်သော်မျှ လုံလောက်ပါ့မလား


ကျောင်းနေအရွယ် ကလေးငယ် ... လက်ဖက်ရည်ဆိုင်မှာပဲ စားပွဲထိုးလုပ်တော့မယ်
(သူစားပွဲထိုးပညာသင်နေတဲ့အချိန် ဗိုလ်ချုပ်ကြီးတွေနဲ့ သူ့ အပေါင်းအပါတွေရဲ့  သားမြေးတွေ တိုင်းပြည်ရဲ့  ၀င်ငွေတွေကို လေလိုသဘောထား စည်းစိမ်ခံ သုံးဖြုန်းနေတာတွေ၊ နိုင်ငံခြားတက္ကသိုလ်ကျောင်းတွေအထိတောင်သွားပြီး ပညာသင်နေကြတာတွေကို
စားပွဲထိုးလုပ်နေရတဲ့ ကလေးငယ်တစ်ယောက်အဖို့တော့ သိခွင့်မရရှာခဲ့ဘူးပေါ့လေ...)


နောက်ဆုံးပေါ်ကားတွေဆိုတာ ဗိုလ်ချုပ်ကြီးတွေနဲ့ သူ့ အပေါင်းအပါတွေ စီးပြီး
လမ်းသလားဖို့ အတွက်သာ...

တောသူတောင်သား ဗမာတွေအတွက်ကတော့ ဤမျှသာ

09 September 2008

Don't Forget Our September !

စက်တင်ဘာ သုညခွန်

စက်တင်ဘာသွေး



ဒါဟာ..ချောက်ခြားကြောက်လန့်အောင်…

ဇာတ်လမ်းဇာတ်ကွက်ဆင်ထားတဲ့..ပုံပြင်တစ်ပုဒ်မဟုတ်ဘူး…….

အမှန်တကယ်ဖြစ်ခဲ့ပျက်ခဲ့တယ်..။

အမှန်တကယ့်ကို.

.ဖြစ်ခဲ့..ပျက်ခဲ့..တယ်..။

ကြားဖူးနားဝတွေထဲမှာ….

သင်အံဖူးသမျှတွေထဲမှာ..

ဖြတ်သန်းလာခဲ့သမျှထဲမှာ….

ဒီ..စာမျက်နှာတွေရဲ့..သွေးနံ့တွေက..အညှီဆုံးပေါ့….။

သူတို့ဟာ..လူတစ်ယောက်ကို..လက်ယဉ်ယဉ်နဲ့..သတ်နိုင်ဖို့..

စနစ်တကျ..လေ့ကျင့်သင်အံခဲ့ကြတာ…

သူတို့ဟာ….သူတို့အလိုရမ္မက်တွေအတွက်..

ကိုယ့်သမိုင်းကိုယ်..တံတွေးနဲ့..ရေးရဲတာ…

သူတို့ဟာ..သူတို့ရောက်နေတဲ့..အရပ်ကို

ချိုင့်ဝှမ်းမှန်း.တောင်တန်းမှန်းမသိလောက်အောင်…

အတ္တတွေ..ပိန်းပိတ်နေခဲ့တာ…

သူတို့ဟာ..လက်တစ်လုံးခြားလှည့်စားတတ်သလိုမျိုး..

ပြောင်လိမ်ဖို့လဲ..၀န်မလေးကြဘူး…..

သူတို့ဟာ…အံ့သြစရာကောင်းလောက်အောင်…

"အနှစ်..နှစ်ဆယ်လုံးလုံး"..လုပ်ဇာတ်ကနိုင်ခဲ့..။

သားသတ်မုဆိုးတွေရဲ့..ရက်စက်မှုလား…

အမဲလိုက်ခွေးတွေရဲ့….စိတ်ဆာလောင်မှုလား…

အရိုးရှင်းဆုံးမေတ္တာတံတားတွေပေါ်မှာ..

စစ်ဖိနပ်သံတွေပြင်းထန်သွားခဲ့ပြီ..။

ဆရာတော်.ဦးဥတ္တမဟာ

မျက်ရည်ယိုဗုံး ပိန်းပိတ်နေတဲ့ကြားက

ဦးခေါင်းကိုနံပါတ်တုတ်နဲ့..အရိုက်မခံခဲ့ရဘူး..

ဘုရားသားရဲ့..သွေးစိမ်းရှင်ရှင်တွေ..ဘုရားရဲ့မြေမှာ..မစွန်းပေခဲ့ရဘူး..

ဆရာတော်ဦးဝိစာရဟာ…

သေနတ်သံတွေအကြားမှာ…သင်္ကန်းတဖားဖားနဲ့..မပြေးခဲ့ရဘူး

လက်ပြန်ကြိုးတုတ်ပြီးသေနတ်ဒင်နဲ့အဆောင့်မခံခဲ့ရဘူး…

ဘယ်သူ့လက်ချက်မှန်းမသိဘဲ..ရေထဲမှာ..အလောင်းမျောမခံခဲ့ရဘူး…။

ဒါဟာ..ဘာသာမတူ..လူမျိုးမတူသူတွေရဲ့လက်အောက်..

ကျွန်သဘောက်ဖြစ်နေတုန်းကပေါ့..

ဒီအရှင်မြတ်တွေဟာ…တို့သမိုင်းထဲက..

ရဟန်းအာဇာနည်တွေပေါ့….

ဒါတွေလည်း..အမှန်တကယ်ဖြစ်ခဲ့ပျက်ခဲ့တယ်..။

အမြင့်မြတ်ဆုံး…ဓမ္မရှင်တွေဟာ…

ဘာအလိုရမ္မက်မှမပါဘဲ…ဆန္ဒကိုဆန္ဒအတိုင်း.

ရိုးရိုးသားသား..ဖေါ်ထုတ်ခဲ့ကြတာ…၊

အမွန်မြတ်ဆုံးမေတ္တာဓါတ်တွေဟာ…

ဘယ်လိုကိုယ်ကျိုးဖက်မှုမှမပါဘဲ..

သူတို့စွမ်းဆောင်နိုင်သမျှ..

သူတို့ကယ်တင်ခဲ့ကြတာ…..

အခု…မေတ္တာသုတ်ရွတ်သံကို ယမ်းခိုးတွေနဲ့..မှိုင်းတိုက်လို

ရွှေဝါရောင်သင်္ကန်းတွေကို..သွေးရာင်လွှမ်းစေခဲ့ကြ..

အပြစ်မဲ့ပြည်သူတွေကိုအမဲကောင်လို..ပစ်ခတ်နေကြပြီး..

ေ၇ွှတိဂုံရင်ပြင်ကို..လူသတ်ကုန်းလို..သဘောထားရဲကြ..

ဒါတွေလည်း..အမှန်တကယ်ဖြစ်ခဲ့..ပျက်ခဲ့တယ်…။

အခြေအနေအားလုံးကို..မျက်လှည့်ပြလိုက်သလိုမျိုး

တိတိကျကျပြောင်းပြန်လှန်ပစ်လိုက်နိုင်တဲ့

တစ်ဘက်ကမ်းခတ်..ကလိန်ဥာဏ်များကလည်း..လက်ဖျားခါချင်စရာ…

မီဒီယာနည်းနာကို..မီးကုန်ယမ်းကုန်..အသုံးချတတ်ပုံကလည်း..သြချစရာ…

သူတို့ဟာ…ဟစ်တလာလို..ကြီးကြီးကျယ်ကျယ်လိမ်ကြပြီး..

နရသူမင်းလို..အာဏာကို…ဘာသာနဲ့လည်း..လဲရဲတယ်..။

ကြည့်ကြ..!!!

ပါးစပ်က..ဘုရားဘုရားဆိုသမျှ..

ကိုယ့်ယို့ကားယားနိုင်လွန်းလှတဲ့လက်တွေလေ..

ဝါဆိုသင်္ကန်းတွေကပ်ပြဖူးတဲ့လက်..

ကထိန်သင်္ကန်းတွေကပ်ပြဖူးတဲ့လက်..

ဆွမ်းဆန်စိမ်းတွေကပ်ပြဖူးတဲ့လက်

ဘုရားထီးတော်တွေကို..မတန်တရာတင်ပြဖူးတဲ့လက်..

အဲဒီ့ … လက်.တွေမှာ…

ဘယ် သံ သ ရာ ရောက် ရောက် .....

ဖျက် လို့ မ ရ မယ့်…. သွေးတွေနဲ့……။

စက်တင်ဘာသွေး

(တစ်နှစ်တိတိပြည့်သွားတဲ့..ကဗျာပါ..၊ အဲဒီ့ရက်တွေထဲမှာ...အဲဒီ့ကဗျာကို...မျက်ရည်စက်လက်ရေးခဲ့တယ်...)

07 September 2008

Now, as Previous

တစ်ခါတုန်းက အခု
နှင်းကေသရာ (သုဘရာဇာ)


ကျွန်တော်ရှိလှ မှတ်မိ ရှစ်တန်းကျောင်းသားအရွယ်
သုံးဆယ်ချောင်းဘေး စိန်ပန်းတွေ ရဲရဲနီလို့
ဗိုလ်စိန်မှန်ပန်းခြံ
ပန်းနဲ့ပေါက်သလို သေနတ်သံတွေ
ပန်းနဲ့ပေါက်လို့ သေခဲ့တဲ့ ကျွန်တော့်အစ်ကိုတွေ
သုံးဆယ်ချောင်းထဲ တော်လှန်ရေးသမားတွေ အလောင်းတွေမျောလို့
ဆယ်နှစ်ကျောင်းသားလေးအလောင်း မျောလို့
တက္ကသိုလ်ကျောင်းသားကြီး အလောင်းမျောလို့
ဆံပင်တွေရှည်ခဲ့တယ်
လူ့အရင်းအမြစ်တွေ ပျောက်ဆုံးခဲ့တယ်
နှစ်(၂၀)ကြာခဲ့တယ်
ရင်ထဲမှာ ခုထိ ဒီနေ့ပဲ ။

နှင်းကေသရာ (သုဘရာဇာ)