Showing posts with label MUSIC. Show all posts
Showing posts with label MUSIC. Show all posts

09 January 2024

"အသည်းနာ ကမ္ဘာမကြေ" သီချင်း - မာမာအေး

 "အသည်းနာ ကမ္ဘာမကြေ" သီချင်း

အဆိုတော် - မာမာအေး
သရုပ်ဖော်ပုံ - ဟန်လေး



20 September 2022

နိုင်ငံတကာ ရင်သွေးငယ်များ (2011 - 2022 မြန်မာရင်သွေးငယ်များ) Music Video

နိုင်ငံတကာ ရင်သွေးငယ်များ

တေးရေး --- မင်းချစ်သူ
တေးဆို --- ဇော်ဝင်းထွဋ်၊ တူးတူး၊ ချစ်ကောင်း၊ ထူးအိမ်သင်၊ ရင်ဂို၊ မျိုးကျော့မြိုင်၊ ဂရေဟမ်၊ စည်သူလွင်၊ အဲလက်စ်၊ R ဇာနည်၊ တင်ဇာမော်၊ ချောစုခင်၊ ဆုန်သင်းပါရ်

Video Editing --- Don Nyo Gyi (September 2022)
(Credit to original Creators)

(သတိ !!! ဤရုပ်သံဗီဒီယိုတွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်ချက်ကြောင့် ကြွေလွင့်ထိခိုက်ခဲ့ရသော မြန်မာရင်သွေးငယ်များ ပါဝင်သည်)


13 October 2017

ဆယ်ခွေမြောက်စီးရီးအတွက် ပြင်ဆင်နေတဲ့ အငဲ

ဆယ်ခွေမြောက်စီးရီးအတွက် ပြင်ဆင်နေတဲ့ အငဲ 

(ကြေးမုံ ၁၃၊ ၁ဝ၊ ၂ဝ၁၇)


02 April 2016

Dances from Mann Shwe Set Taw Pagoda Festival - မန်းရွှေစက်တော်ဘုရားပွဲမှ အကများ



ညိုကြီး

(Unicode)

မန်းရွှေစက်တော်ဘုရားပွဲ သင်္ကြန်အကြိုနေ့ ဆွမ်းလောင်းပဒေသာပင် လှည့်လည်ပွဲအကများ

ထွန်းလင်း (သမ္ဗုဒ္ဓေ) စီစဉ်ရိုက်ကူးသည့် မြေလတ်ဒေသ တန်ခိုးကြီးဘုရားများ အပါအဝင် ရွှေစက်တော်သမိုင်းနှင့် ခြေတော်ရာ ဖွင့်ပွဲ/ပိတ်ပွဲ (မှတ်တမ်း) DVD မှ ထုတ်နုတ်တင်ဆက်ထားပါသည်။

ညိုကြီး

25 January 2016

ခေးကိုနဲ့ ကိုမင်း - အဲဒီမှာ စ​တွေ့တာပဲ

အဲဒီမှာ စ​တွေ့တာပဲ
တေး​ရေး - ​ခေးကို
တေးဆို - ​ခေးကိုနဲ့ ကိုမင်း (Khay Ko and Ko Min)

Unicode

အဲဒီမှာ စ​တွေ့တာပဲ
​တေး​ရေး - ​ခေးကို
​တေးဆို - ​ခေးကိုနဲ့ ကိုမင်​း

14 November 2015

ခင်မောင်တိုး ကွယ်လွန်ခြင်း သုံးနှစ်ပြည့် အမှတ်တရ သီချင်းသီဆိုပွဲ


အဆိုတော် ခင်မောင်တိုး
ကွယ်လွန်ခြင်း သုံးနှစ်ပြည့်
အမှတ်တရ

ခရမ်းပြာကာလများ အမှတ်တရ 
ဂီတမိတ်ဆွေများ၏ သီချင်းသီဆိုပွဲ

ညနေ ၄ နာရီမှ ၆ နာရီ
ရန်ကုန်မြို့၊ အင်းလျားကန်ဘောင်
တံတားဖြူ
၁၅-၁၁-၂ဝ၁၅၊ တနင်္ဂနွေနေ့

23 February 2015

သပိတ်မှောက်ကျောင်းသားများနှင့် ပတ်သက်၍ ကဗျာ၊ သီချင်း၊ ပန်းချီနှင့် စာပေအနုပညာရှင်များ၏ ကြေညာချက်

သပိတ်မှောက်ကျောင်းသားများနှင့် ပတ်သက်၍ ကဗျာ၊ သီချင်း၊ ပန်းချီနှင့် စာပေအနုပညာရှင်များ၏ ကြေညာချက် 
(၁၆ - ၂ - ၂ဝ၁၅)
၁။ ကျွန်ုပ်တို့သည် ဒီမိုကရေစီစံချိန် စံညွှန်းများနှင့် မကိုက်ညီသည့် အမျိုးသားပညာရေးဥပဒေအား ကန့်ကွက် ဆန္ဒပြနေကြသော ကျောင်းသားထုကြီးတစ်ရပ်လုံးအား ရိုးသားစွာ အပြည့်အဝ ထောက်ခံခဲ့ကြပါသည်။

၂။ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်းတွင် ကျောင်းသားထုကြီးက တောင်းဆိုထားသော အချက်(၁၁)ချက်အား ပထမအဆင့်အနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက လိုက်လျောလက်ခံပေးခဲ့ကြသည်ကိုလည်း သိရှိရပါသည်။ ထိုကဲ့သို့ ပထမအဆင့်အနေဖြင့် လိုက်လျောလက်ခံပေးခဲ့ခြင်းကိုလည်း ကျွန်ုပ်တို့က အသိအမှတ်ပြု မှတ်တမ်းတင်ခဲ့ကြပါသည်။

၃။ ယခုအခါ သပိတ်မှောက်ဆန္ဒပြချီတက်နေကြသော ကျောင်းသားစစ်ကြောင်းများတွင် လွှတ်တော်၏ အဆုံးအဖြတ်ကို စောင့်ကြည့်ရင်း ခေတ္တသပိတ်ရပ်နားထားသော ကျောင်းသားစစ်ကြောင်းများနှင့် လွှတ်တော်မှ တရားဝင်အတည်ပြု ပြဌာန်းပေးသည့်အချိန်အထိ ဆက်လက်သပိတ်မှောက်ချီတက်သွားမည့် ကျောင်းသားပင်မစစ်ကြောင်းဟူ၍ လမ်းကြောင်းနှစ်ခုပေါ်ပေါက်လာသည်ကို တွေ့ရှိရပါသည်။

၎။ ထိုကဲ့သို့ လမ်းကြောင်းနှစ်ခု ပေါ်ပေါက်လာသော်လည်း ကျောင်းသားထုကြီးသည် အမျိုးသားပညာရေးဥပဒေပြောင်းလဲရေးဆိုသည့် ခေါင်းစဉ်တစ်ခုတည်းအောက်တွင် တည်ရှိနေကြသည်ဖြစ်ခြင်းကြောင့် ကျွန်ုပ်တို့သည် ခေတ္တသပိတ်ရပ်နားထားသော ကျောင်းသားစစ်ကြောင်းများနှင့် ဆက်လက်သပိတ်မှောက်ချီတက်ကြမည့် ပင်မစစ်ကြောင်းကိုပါ ဆက်လက်၍ အားပေးထောက်ခံမည်ဖြစ်ပါသည်။

၅။ လက်ရှိအချိန်၌ ကျွန်ုပ်တို့သည် အမျိုးသားပညာရေးဥပဒေအား ကန့်ကွက် ဆန္ဒပြနေကြသော ကျောင်းသားထုကြီးတစ်ရပ်လုံး၏ လုံခြုံရေးအား အထူးပင် စိုးရိမ်ပူပန်နေမိပါသည်။

၆။ သို့ဖြစ်ပါ၍ ရိုးသားစွာ၊ ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြနေကြသော ကျောင်းသားထုကြီး၏ လုံခြုံရေးကို ထိပါးနှောင့်ယှက် အန္တရာယ်ပြုခြင်းများ ပြုလုပ်ပါက ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများကို ထိုကဲ့သို့ ထိပါးနှောင့်ယှက် အန္တရာယ်ပြုခြင်းများ ပြုလုပ်လာသောသူများနှင့် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များကသာလျှင် တာဝန်ယူဖြေရှင်းရမည်ဖြစ်ကြောင်းကို သတိပေးပြောကြားရင်း ကျွန်ုပ်တို့သည် ကျောင်းသားထုကြီးတစ်ရပ်လုံးအား ဆက်လက်အားပေးထောက်ခံသွားကြမည်ဖြစ်ကြောင်း ရိုးသားစွာ အလေးအနက် ကြေညာလိုက်ပါသည်။

ကဗျာ၊ သီချင်း၊ ပန်းချီနှင့် စာပေအနုပညာရှင်များ


28 December 2014

တေးဂီတအကယ်ဒမီဆုရ စန္ဒရားတင်ဝင်းလှိုင်၏ ကျေးဇူးတင်စကား ကောက်နုတ်ချက်

၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ (27-12-2014) တွင် "ကြယ်စင်မော်ကွန်း" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုရ စန္ဒရား တင်ဝင်းလှိုင်၏ ကျေးဇူးတင်စကား ကောက်နုတ်ချက်

ကျွန်တော်တို့ ဒီခေတ်မှာလည်း နန်းမတော်မယ်နုနဲ့ အင်မတန်နီးတဲ့ အန်တီကြီးတွေရှိပါတယ်။ အဲ အဲလို အင်မတန်ဝင်ပြီးတော့ ဒွင်ကျယ်ပြီးတော့ စွာကျယ်စွာကျယ်အန်တီကြီးတွေရှိပါတယ်။
....
ခုနက အုတ်ကျောင်းဆရာတော်က ဒါပါပဲ။ ရေဖလားထဲကို ဘုရင်ကြီးနဲ့ ဘုရင်မကြီးရှေ့မှာ ရေထည့်လိုက်တယ်။ ထည့်ပြီးတော့ ဟော့ဒီမှာကြည့်ကြ။ ဘုရင်ဆိုတဲ့ လူ။ ဘုရင်မဆိုတဲ့ လူ။ ဘယ်တုန်းက ဘယ်လိုကံတွေ သံသရာမှာပါလာတဲ့အတွက် ဘုရင်နဲ့ ဘုရင်မဖြစ်တယ်ဆိုတာ နင်တို့တခါတည်းသိကြဆိုပြီးတော့။ သူတို့က နင့်မို့ဆို ဘ၀င်မြင့်နေမှာစိုးလို့။ သူတို့က အစဉ်အလာ ဘယ်တော့မှ ဒီနေရာက ဖယ်တာမဟုတ်ဘူး။ အဲတော့ ဒိန်းဆို။ (လက်ခုပ်သြဘာသံများ) ဒိန်းဆို အဲဒီမှာ လုပ်လိုက်တယ်။ သူ့မြေးလေးက အရမ်းမျောက်ရှုံးအောင်ဆော့တယ်။ မြေး မျောက်ရှုံးအောင်ဆော့တာ ကျွန်တော်တို့ နိုင်ငံမှာ ရှိပါတယ်။ အစဉ်အလာရှိပါတယ်။ (လက်ခုပ်သြဘာသံများ) ကျွန်တော်တို့နိုင်ငံမှာ မြေးက အဖွားရဲ့ အသည်းဖြစ်နေတယ်။ အဖိုးရဲ့ အသည်းဖြစ်နေတယ်။ အဲဒီအဖိုးနဲ့ အဖွားက  ငကြောင်ကြီးဆို သွားပြီပဲ။ ငပေါမကြီးဆို သွားပြီပဲ။ ဒီမှာတော့ ဘုရင်နဲ့ ဘုရင်မပေါ့လေ။ အစဉ်အလာပေါ့။ ဒါ ကျွန်တော်တို့ ဗမာမှာက ဒါပဲ ဂုဏ်လုပ်နေရတာ။ ဒါကိုပဲ ဂုဏ်လုပ်နေရတာ။ အဲဒီတော့ အဲဒီမျောက်ကလေးက ဒီကလေးက ဘယ်သူလဲကွ။ အသွန်အသင်အဆုံးအမ မရှိဘူးလားဆိုတော့။ အဲဒီလို ပြန်ပြီးတော့ ဟောက်ရဲတာ ပြောရဲတာ ပေါ့လေ။ Command အဲဒီလို ချက်ချင်း Command ပေးရဲတဲ့ဥစ္စာက ဒီအုတ်ကျောင်းဆရာတော်ပဲ ရှိပါတယ်။ သူက ခုနက ရေကိုကြည့်ကြည့်။ ဒီမှာကြည့်တဲ့။ ရေကိုပြတယ်။ ပြတော့ အဲသလောက်ပဲ မင်းတို့ ရမယ်တဲ့။ ခု မင်းတို့ဘယ်လောက်လှူလှူ အဲလောက်ပဲရမယ်ဆိုတော့။ အထဲမှာ ရေမရှိပါဘူး။ ဒါကိုနားလည်းရမှာက။ ဥာဏ်သိသိ ရမယ်။ ဘယ်လိုသိရမလဲ။ (လက်ခုပ်သြဘာသံများ) ရေတော့ မရှိဘူး။ ရေတော့ မရှိဘူး။ အထဲမှာ စိုနေတယ်။ အစိုဓာတ်ကလေး ကျန်ခဲ့တယ်။ ဒါပဲရမယ်။
....
နောက်ခံတေးဂီတဆိုတာက ဒီလို တယောက်တည်း တီးလို့ မရပါဘူး။ အားလုံးကောင်းလို့ပါ။ (လက်ခုပ်သြဘာသံများ) ရုပ်ရှင်နောက်ခံတေးဂီတဆိုတဲ့ ဥစ္စာက နိုင်ငံတော် အဟောင်းဖြစ်ဖြစ် အသစ်ဖြစ်ဖြစ် မဟောင်းတဟောင်း မသစ်တသစ်ဖြစ်ဖြစ် တည်သလိုပဲ အားလုံးကောင်းမှ ရတာပါခင်ဗျာ။ (လက်ခုပ်သြဘာသံများ)
....
ကျွန်တော် ၂၀၀၅ ခုနှစ်မှာ ကိုပွားရဲ့ "မင်္ဂလာပါ"ကို စတီးပါတယ်။ အဲဒီ ၂၀၀၅ နဲ့ အခု ၂၀၁၃ နဲ့ ကြားမှာ ဘာမှ မတီးပါဘူး။ တခြားဟာပဲ တီးပါတယ်။ ဘာမှ မတီးပါဘူး ကျွန်တော်။ စန္ဒရား မတီးပါဘူး ကျွန်တော်။ ရုပ်ရှင်မတီးပါဘူး။ ဒါပေမဲ့ ကျွန်တော်။ ပြန်တီးတဲ့အခါမှာ ဒီလိုထွက်ပါတယ်။ ကျွန်တော့်ကြောင့်မဟုတ်ပါဘူး။ ကျွန်တော်ပြောပါတယ်။ Just surfing on that easy matter။ ဒီလို လွယ်အောင်လုပ်ထားတာက ကျွန်တော့်အစ်ကို ကျွန်တော့် ကျွန်တော့်ကို ဒီပညာသင်ထားပေးတာ မဟုတ်ပေမဲ့ ကျွန်တော့်ကို ကောင်းကောင်း ကောင်းကောင်းလေး ပညာပေးနိုင်တဲ့ ပန်းချီစိုးမိုး။ သူကောင်းလို့။ သူ့ရဲ့ ဇာတ်ကားအခင်းအကျင်း။ သူ့ရဲ့ အရုပ် ရစ်သမ်တွေ အရမ်းကောင်းတဲ့အတွက် ... ကျွန်တော်က လှိုင်းစီးသလို အပြားလေးနဲ့ လှိုင်းစီးသလို ကျွန်တော်က အိပဲ့အိပဲ့အိပဲ့နဲ့ လိုက်ရုံပါပဲ။ သိပ်ဘာမှ ခက်တာမဟုတ်ပါဘူးခင်ဗျာ။
....
ပိုက်ဆံတွေ ပိုက်ဆံတွေ ဘယ်ကရမှန်းမသိဘဲနဲ့ ပိုက်ဆံတွေ ပိုက်ဆံတွေ သိမ်းဖို့နေရာ မရှိတဲ့လူ။ ကျွန်တော်တို့က ပိုက်ဆံကို ရှာလို့ မရတဲ့လူ၊ သူတို့က သိမ်းဖို့နေရာခက်နေတဲ့လူ။ ပိုက်ဆံထားဖို့နေရာတွေ လိုက်သိမ်းမှ ရမယ့်လူ။ (လက်ခုပ်သြဘာသံများ) အဲ့ဒီလူက ဘယ်သူလဲဆိုတော့...။

(ထိုနေရာတွင် လူရွှင်တော်တစ်ဦး(ဟုထင်ရ)မှ စင်ပေါ်ရေသန့်ဘူး တက်ပေး။ တင်မိုးလွင်က ဆူညံသံ(လက်ခုပ်သြဘာသံများ)အတွက် ရှေ့ကကြွရောက်အားပေးတဲ့ ဧည့်သည်တော်လူကြီးမင်းများ (အစိုးရအဖွဲ့ဝင်များ) နားလည်ခွင့်လွှတ်ပေးရန် ၀င်ပြော။ ထို့နောက် ရန်အောင်က ရုပ်ရှင်အစည်းအရုံးဥက္ကဌ လူမင်းကို ဖိတ်ခေါ်၍ စန္ဒရားတင်ဝင်းလှိုင်အား အကယ်ဒမီဆုပေးခိုင်းခဲ့သည်။)

~ ညိုကြီး ကောက်နုတ်တင်ပြသည် ~

07 September 2014

Toe Lwin (Ottara Ah Lin) sings his song, "Nyein Chan Gya Par Sae" with Zero Color Music Band (Video & Lyrics)

တိုးလွင်(ဥတ္တရအလင်း)က ၄င်းကိုယ်တိုင်ရေးစပ်သီကုံးထားသည့် "ငြိမ်းချမ်းကြပါစေ" သီချင်းအား ပဲခူးရေဘေးသင့်ပြည်သူများအတွက် အလှူခံနေသော Zero Color ပရဟိတ တေးဂီတအဖွဲ့နှင့်အတူ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၌ သီဆိုနေစဉ် (၁၆-၈-၂ဝ၁၄)

(Nyo Gyi ညိုကြီး ရိုက်ကူးသည်)



" ငြိမ်းချမ်းကြပါစေ "

ရေး/ဆို - တိုးလွင် (ဥတ္တရအလင်း)

အချင်းချင်းတွေကွဲ့ စစ်မဖြစ်ကြနဲ့ ရှေးရှေးကထက် ပိုချစ်ကြလေ ...

C F C G C F C G C

ဒါဒို့ပြည် ဒါဒို့ရဲ့မြေ တိုင်းရင်းသားတို့ အကုန်စင် ပိုင်တဲ့မြေ...
အချင်းချင်းတွေကွဲ့ စစ်မဖြစ်ကြနဲ့ ရှေးရှေးကထက် ပိုချစ်ကြလေ...

တန်းတူညီမျှ လူ့အခွင့်အရေးတွေ ညီတူညီမျှစေ
တောင်ပေါ်မြေပြန့် မခွဲခြားနဲ့တော့လေ...
ကချင် ကယား ကရင် ချင်းနဲ့ ဗမာ မွန် ရခိုင် ရှမ်း...
ရှေးရှေးကထက် ပိုချစ်ကြလေ...

ပြည်တွင်းစစ်ရဲ့ မီးကြောင့် ဒို့ ညီကို မောင်နှမတွေ ...
အော်ဟစ်ပြေးလွှား သေကြေပျက်စီးနေ...
ခလေးလေးတွေနဲ့ အဘိုးအဘွားမိဘတွေ
ငြိမ်းငြိမ်းချမ်းချမ်း ငြိမ်းချမ်းကြပါစေ...

14 August 2014

Ko Ye Lwin (Medium Wave) sings the sound: 'Nadi Mingala' in Art Show tributed to Thakhin Kodaw Hmine (Video)

(2-8-2014) ရက်က လောကနတ်ပန်းချီပြခန်း၊ ပန်းဆိုးတန်း ပန်းချီပြခန်း၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် ပြသခဲ့သည့် "မဟာမှိုင်းအလွန် နှစ် ၅၀ ပန်းချီပြပွဲ" တွင် ကိုရဲလွင်(မဇ္ဈိမလှိုင်း)က Zero Color Music Band နှင့်အတူ "နဒီမင်္ဂလာ" သီချင်းအား သီဆို၍ ဆရာကြီး သခင်ကိုယ်တော်မှိုင်းအား ဂုဏ်ပြုနေစဉ်

Nyo Gyi ရိုက်ကူးတင်ဆက်သည်။

29 June 2014

မော်မင်းသန်း (Maw Min Than) ၏ "ကမ္ဘာ့ဂီတ မှော်ရုံတော" စာအုပ်ထွက်ရှိ

ယခု ကိုမော်မင်းသန်း၏ ကမ္ဘာ့ဂီတမှော်ရုံတော ဆိုသည့် မဟာဂီတဂန္ထ၀င်ပညာရှင်များအကြောင်း ရေးထားသောစာအုပ်ကို ဖတ်ကြည့်လိုက်သောအခါ ၁၇ ရာစုမှသည် ၂၀ ရာစုခေတ်သစ်နှောင်းပိုင်း ဂီတပညာရှင်များ၏ အကြောင်းကို အတော်ရှာဖွေစုဆောင်း လေ့လာရေးသားထားသည်ကို တွေ့ရသဖြင့် သူ့ကို ချီးကျူးမိပါသည်။ 

သူရှာဖွေပြုစုရေးသားထားသည်မှာ ၁၇ ရာစု၊ ဘားရော့ခေတ်(Baroque period) ဂျေအက်စ်ဘာ့ခ်မှ စတင်ပြီး ဂန္ထ၀င်ခေတ် (Classical period)၊ ရိုမန်တစ်ခေတ် (Romantic period) မှသည် အင်ပရက်ရှင်းနစ် ဂီတသမား ဒဗူဆီ၊ အိပ်စ်ပရက်ရှင်းနစ် ဂီတသမား အာနိုးရွှန်းဘာ့ဂ်အထိ၊ စပိန်ဂီတထဲမှဆိုလျှင် အယ်လ်ဘန်းနစ်၊ ဒယ်ဖားလျားမှသည် ကလပ်ဆီကယ်ဂစ်တာသမား ဆီဂိုးဗီးယားအထိ လေ့လာရှာဖွေ ရေးသားထားသည်ကို တွေ့ရပါသည်။ 

ဂီတပညာရှင်များ၏ဘ၀၊ သူတို့၏ ကိုယ်ရည်ကိုယ်သွေး၊ သူတို့၏ စွမ်းဆောင်ချက်များကိုလည်း ကမ္ဘာ့ဂီတမှော်ရုံတော စာအုပ်တွင် ဖတ်ရှုရပါသည်။ ကျွန်တော်တို့ မြန်မာပြည်တွင် မြန်မာမဟာဂီတမှအစ စူဠဂီတအထိ ရေစုံမျောနေပြီဟု ပြောဆိုနေချိန်တွင် ယခုစာအုပ်သည် ဆီးနှင်းများ ပိန်းပိတ်နေသော အမှောင်ထဲမှ နေရောင်ခြည်လေး လင်းလာသကဲ့သို့ ဖြစ်နေပါသည်။ 

သိမ်းမောင် (စန္ဒယား) ၏ အမှာစာ... မှ
 -------------------------------------------------------

ကျွန်တော်သည် ၁၉၉၂ မှစတင်၍ မဂ္ဂဇင်းများတွင် နိုင်ငံတကာဂီတဆောင်းပါးများ ရေးခဲ့ပါသည်။ ယခုအခါ မဂ္ဂဇင်းများတွင် ကျွန်တော်ရေးခဲ့သော ဂီတဆောင်းပါးများကို စုစည်းပြီး ကမ္ဘာ့ဂီတမှော်ရုံတော အမည်ဖြင့် စာအုပ်ထုတ်ခွင့်ရခဲ့ပါသည်။ ကျွန်တော်ရေးသားထားသော ဂီတဆောင်းပါးများထဲမှ ဥရောပဂီတ ကွန်ပိုဆာများနှင့် ဆင်ဖိုနီအော်ခတ်စတြာအကြောင်း ပတ်သက်သော ဆောင်းပါးများကို သီးသန့်စုစည်းထားခြင်း ဖြစ်ပါသည်။

 မော်မင်းသန်း ၏ အမှာစာ...မှ










27 May 2014

ဝီရိယမင်းသားလေး ၀င်းနောင်




"၀ီရိယမင်းသားလေး ၀င်းနောင်"

အနုပညာလုပ်အားများကို ပေးရလေအောင်
(၀င်းနောင် ၀င်းနောင် ၀င်းနောင် ၀င်းနောင်)
ငွေစန္ဒာဖိုးလမင်းလို ထာဝစဉ်ထွန်းလင်းတောက်ပြောင်
(၀င်းနောင် ၀င်းနောင် ၀င်းနောင် ၀င်းနောင်)
ဤကမ္ဘာလောကကြီးကို အလှဆင်ရအောင် ခေတ်ဥာဏ်ယှဉ်ပြီး ဆန်းသစ်လွင်လို့ ဇာတ်ကြီးတည်ထောင်
(၀င်းနောင် ၀င်းနောင် ၀င်းနောင် ၀င်းနောင်) (၀င်းနောင် ၀င်းနောင် ၀င်းနောင် ၀င်းနောင်)

မြို့ဂုဏ်လည်းဆောင် တိုင်းဂုဏ်လည်းဆောင် မန္တလာမြေက လှမ်းလို့လာတဲ့
(၀င်းနောင် ၀င်းနောင်)
အနုပညာသမိုင်းတလျှောက်မှာ အောင်ပွဲတွေ ဆောင် ဆောင်
(၀င်းနောင် ၀င်းနောင် ၀င်းနောင် ၀င်းနောင်)
ခေတ်ဥာဏ်ယှဉ်ပြီး ဆန်းသစ်လွင်လို့ ဇာတ်ကြီးတည်ထောင်
(၀င်းနောင် ၀င်းနောင် ၀င်းနောင် ၀င်းနောင်) (၀င်းနောင် ၀င်းနောင် ၀င်းနောင် ၀င်းနောင်) 

===========================
YouTube တွင် ကြည့်ရှုနိုင်သော လိပ်စာ

http://youtu.be/xSuwuUwviDw
 

22 May 2014

ခုန် - ညီရဲရင့် (၀င်းနောင် သရုပ်ဆောင်ထားသည်) ~ Jump by Nyi Ye Yint, Dance by Win Naung


 
ခုန်

တေးရေး - ပေါသျှံ
တေးဆို - ညီရဲရင့် (မန္တလေး စိန်ဘညို၏သား ညီရဲရင့်)
သရုပ်ဆောင် - (၀ီရိယမင်းသားလေး) ၀င်းနောင်
Lyrics - Paw Shan
Vocal - Nyi Ye Yint
Actor - Win Naung
Edited by Jhon Wint Htet

" ခုန် " စာသား

စက္ကန့်တိုင်း နှလုံးသားထဲမှာ ခုန် ခုန် ခုန်
နှုတ်ဆက်သီချင်းလေး တီးဖို့လက်က တုန် တုန် တုန်
ဆောင်းဘောက်ကြီးက မြူးမြူးကြွကြွ တုန် တုန် တုန်
လမ်းခွဲခြင်းရဲ့ နှုတ်ဆက်ဒိုးနဲ့ ခုန် ခုန် ခုန်
ကာလသားများ ခုန် ကာလသမီးများ ခုန်
အန်ကယ်ကြီးလည်း ခုန် အန်တီကြီးလည်း ခုန်
အလှူအောင်မြင်ပြီးမြောက်ခြင်းအတွက် ခုန် ခုန် ခုန်
အလှူရှင်ကြီးလည်း ခုန် အလှူအစ်မကြီးလည်း ခုန်
တစ်ရွာလုံးလည်း ခုန် ငါတို့ဆိုင်းလည်း ခုန်
အလှူအောင်မြင်ပြီးမြောက်ခြင်းအတွက် ခုန် ခုန် ခုန်
အိမ်ပြန်ချိန်မို့ နှလုံးသားထဲမှာ ခုန်

===========================
YouTube တွင် ကြည့်ရှုနိုင်သော လိပ်စာ

http://youtu.be/_jBCCbCj6g4

23 October 2013

မျှော်တော်ဇောနဲ့ မောလှပါပြီ ဒိုင်ယာရီ...

"မျှော်တော်ဇောနဲ့ မောလှပါပြီ ဒိုင်ယာရီ..."

အွန်လိုင်းကတစ်ဆင့် ရောင်းချမယ့် လေးဖြူရဲ့ ကိုယ်ပိုင်သံစဉ် သီချင်း အသစ် "ဒိုင်ယာရီ" ကို နားထောင်ချင်လွန်းနေတာ တစ်ပိုင်းတောင်သေတော့မယ်။ တေးရေးက အသစ်တဲ့။ "ဟန်စိုင်း" တဲ့။ Release လုပ်မယ့် အောက်တိုဘာ ၂၇ ရယ် မြန်မြန်ရောက်ပါတော့။


www.myanmarmusicstore.com မှာ ဝယ်ရမှာတဲ့။ ပြည်တွင်းကနေ ဝယ်မယ်ဆိုရင် မိုဘိုင်းဖုန်းဘီလ်နဲ့ ငွေချေနိုင်မယ်။ ဖုန်းဘီလ်ထဲက ကျပ် ၃၀၀ ပဲ ဖြတ်သွားမှာပါတဲ့။ Myan Pay စနစ်/ Y Pay စနစ်တွေနဲ့လည်း ဝယ်နိုင်မယ်တဲ့။ SMS စနစ်နဲ့ဆိုရင်တော့ Message Center Number ၁၈၈၉၉ ကို  buy s02229 ဆိုတဲ့ စာသား Message တစ်စောင်ပေးပို့ပြီး ဒိုင်ယာရီသီချင်း ဒေါင်းလုပ်လင့်ခ်ရယူနိုင်မယ်တဲ့။ ပြည်ပနိုင်ငံတွေကတော့ Paypal စနစ်နဲ့ ဝယ်လို့ရမယ်တဲ့။

မိတ်ဆွေများအနေနဲ့လည်း Original ဒိုင်ယာရီ သီချင်းကိုသာ ဝယ်ယူအားပေးစေလိုပါတယ်။

ညိုကြီး

++++++++++++++++

"ဒိုင်ယာရီ သီချင်း အမြည်း"

ရောင်စုံအိပ်မက်တို့ တဖြည်းဖြည်း ပြိုလဲနေ
အချိန်တန်ရင် ပြန်ပြီး နိုးထ လက်တွေ့ဘဝထဲ
အရာရာ ဆန်းစစ်ကြည့်ရင် ကြုံမယ် အနိမ့်အမြင့်များသာ
တနေကုန်ငါ ထိုင်ပြီးရေးဖြစ်တဲ့ ကဗျာ
ငါပြန်ပြီး မေ့ပစ်မယ့်အရာ

ကြွေရွက်ဝါ. . .
ဒိုင်ယာရီတွေထဲ ပြန်ပြီး ရှာဖွေတဲ့အခါ ငါမေ့ပစ်ထားတဲ့
ဟိုးအတိတ်က အဖြူရောင် စာမျက်နှာ
ဒဏ္ဍာရီ မြစ်ချောင်း တိမ်တိုက် တောင်တန်းတွေကြားမှာ အငြိမ်းချမ်းဆုံးနေရာ တမ်းတရင်းနဲ့ ... အိုး ရေ့ ...

(တေးရေး - ဟန်စိုင်း)

ဝက်ဆိုက်တွင် လွှင့်တင်ထားသော သီချင်းအမြည်းအား နားဆင်၍ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်
===================

၂၀၁၃ အောက်တိုဘာ ၂၇ ရက်၌ ကျပ်ငွေ ၃၀၀ ဖြင့် အွန်လိုင်းကတစ်ဆင့် ရောင်းချမည့် လေးဖြူ၏ "ဒိုင်ယာရီ" ကိုယ်ပိုင်သံစဉ် တေးသီချင်းအား အင်တာနက်လိပ်စာ

https://www.myanmarmusicstore.com/AlbumDetail.aspx?albumid=B0000184

တွင် အမြည်းသဘောမျိုး နားဆင်ခံစားနိုင်ပါသည်။ ဝယ်ယူရန် ကြိုတင်စာရင်းပေး မှာကြား(Pre-order)နိုင်ပါသည်။ မနားဆင်/ မဝယ်ယူခင်တွင် ပထမဦးစွာအနေဖြင့် အဆိုပါဝက်ဆိုက်တွင် Register ပြုလုပ်ထားရမည် ဖြစ်ပါသည်။

"SMS ဖြင့် ဝယ်ယူနားဆင်ရန်"
(** iOS & Andriod devices များသာ)

(ဒိုင်ယာရီ သီချင်း၏ Sound Code မှာ s02229 ဖြစ်ပါသည်)

buy s02229 ဟုရိုက်ထည့်ကာ ဖုန်းနံပတ် 18899 သို့ Message ပေးပို့ရပါမည်။

(ဒိုင်ယာရီ သီချင်း၏ Sound Code ဖြစ်သည့် s02229 အား Message Box တွင် buy ခံကာ ရိုက်ထည့်၍ Myanmar Music Store ၏ Message Center Number 18899 သို့ SMS ပေးပို့ လိုက်ရုံဖြင့် ဒိုင်ယာရီသီချင်းအား လွယ်ကူလျင်မြန်စွာ Download ပြုလုပ်၍ မိတ်ဆွေတို့၏ Mobile Phone များတွင် နားဆင်နိုင်ပါပြီ။ ကျသင့်ငွေကို မိတ်ဆွေတို့၏ Phone Bill မှ ကျပ်ငွေ ၃၀၀ ကောက်ခံမှာ ဖြစ်ပါတယ်။)

ထိုသီချင်းအား အခြားသူငယ်ချင်း/ချစ်သူတစ်ဦးထံသို့ လက်ဆောင်ပေးပို့လိုသည့်အခါ
gift s02229 to 959 - - - - - - - - - ဟု Message Center Number 18899 သို့ Message တစ်စောင်ပေးပို့လိုက်လျှင် မိမိပေးပို့သူ၏ လက်ကိုင်ဖုန်းတွင် ဒေါင်းလုပ်လင့်ခ်တစ်ခု Message ၀င်ပါလိမ့်မည်။ သီချင်းအား လက်ကိုင်ဖုန်းဖြင့် ဒေါင်းလုပ်လုပ်ရန်အတွက် အင်တာနက်မိသော ဖုန်းဖြစ်ရပါမည်။ (ဖုန်းအင်တာနက် (သို့မဟုတ်) Wifi)

လင့်ခ်ရရှိပါက မိုဘိုင်းလ်ဖုန်းဖြင့်သာမက ကွန်ပျူတာမှတစ်ဆင့်လည်း အဆိုပါလင့်ခ်အား ကူးယူ၍ ဒေါင်းလုပ်လုပ်နိုင်ပါသည်။

30 January 2013

သတင်းပေးသူအား လုံးဝလျှို့ဝှက်ထားရန် တာဝန်ယူပါသည်


(သတင်းပေးသူအား လုံးဝလျှို့ဝှက်ထားရန် တာဝန်ယူပါသည်)
ဂီတကိုချစ်လျှင် ကူညီပါ

29 February 2012

Than Chut (သံချပ်) for 88 Generation Students by Moustache Brother

လူရွှင်တော် ပါပါလေးနှင့် ညီအစ်ကိုများရဲ့
" အာဇာနည်ကျောင်းသားများ ကြိုဆိုရေး သံချပ် "

လူရွှင်တော် ပါပါလေး
Moustache Brothers

From 88 Generation Students


(၈၈) မျိုးဆက်ကျောင်းသားများအား ကြိုဆိုနှုတ်ဆက်ဧည့်ခံပွဲ

၂၈.၂.၂၀၁၂
Oriental House, Mandalay

ညိုကြီး ရိုက်ကူးသည်။

သံချပ် ဗွီဒီယို

Facebook Video



သံချပ်စာသား


From 88 Generation Students

03 July 2011

Aung San and Music by Tin Naing Toe

ဂီတမြတ်နိုးသူ ဗိုလ်ချုပ်အောင်ဆန်း နှင့် အင်္ဂလန်ခရီး
- တင်နိုင်တိုး -

(၂၀၁၁ ခုနှစ်၊ ဇူလိုင်လထုတ် ရနံ့သစ် မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)



02 June 2011

Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape (သိဒ္ဓတ္ထလှိုင် တိပ်ခွေ)

သိဒ္ဓတ္ထလှိုင် တိပ်ခွေ (သို့မဟုတ်) သုခမိန်လှိုင် တိပ်ခွေ
ဂျွန်၊ ၁၉၇၇

ကျနော် ချစ်ခင် ခံစားရတဲ့ ကဗျာ ဆရာငယ် "မောင်သစ်မင်း" ရဲ့ "တေးမြုံငှက်" မှာ ဒီ "တိပ်ခွေ" ကိုဖွင့်ဘို့ ပေးလိုက်ပါတယ်။ ကျနော်ရဲ့ "အနုပညာများ" နဲ့ "တိပ်ခွေ" ကို ရဘို့ ကြိုးပမ်းခဲ့ရစဉ် "၇" နှစ်ကာလထဲမှာ ဆင်းရဲမှုများ၊ ပင်ပန်းနွမ်းကြေ ခဲ့ရမှုများ၊ ခြောက်သွေ့ရှတတဲ့ နေ့များကို ဖြတ်သန်းခဲ့ကြရတဲ့ "သိဒ္ဓတ္ထလှိုင်" ရဲ့ "ဝေေ၀"၊ "တာရာသိဒ္ဓတ္ထ" နဲ့ "ဒဏ္ဍာရီဝေေ၀" တို့ကို ကျေးဇူးတင်ခဲ့ကြောင်းကိုတော့ "ဟောဒီကမ္ဘာကြီး" ဟာ မရှိခဲ့တော့ရင်တောင်မှ တုန်ခါပဲ့တင်ထပ်နေမဲ့ အသံတသံအဖြစ် ထားရစ်ခဲ့ပါတယ် ။

သိဒ္ဓတ္ထလှိုင်

(မူရင်းသတ်ပုံအတိုင်း)

-----------------------------------
Siddhārtha Hlaing is an another, previous Pen-name of Thu Kha Main Hlaing.
"Siddhārtha Hlaing Tape" was released in Maung Thit Min's fiction: "Tay Myone Nget" (Song Nesting Bird) - firstly printed (1977).
In next printed Tay Myone Nget Books, Siddhārtha Hlaing Tape was not published any more.

မောင်သစ်မင်း၏ တေးမြုံငှက် ၀တ္ထုစာအုပ် (ပထမအကြိမ်ထုတ် - ၁၉၇၇) ၏ ရှေ့ပိုင်းတွင် ဖော်ပြပါရှိခဲ့သော သုခမိန်လှိုင် (ထိုစဉ်က "သိဒ္ဓတ္ထလှိုင်" ကလောင်အမည်နှင့်) ၏ "သိဒ္ဓတ္ထလှိုင်တိပ်ခွေ" ကို ဖော်ပြပေးလိုက်ပါသည်။

မောင်သစ်မင်း၏ နောက်အကြိမ်ထုတ်(ပြန်ရိုက်) "တေးမြုံငှက်" ၀တ္ထုစာအုပ်များတွင်တော့ "သိဒ္ဓတ္ထလှိုင် တိပ်ခွေ" ကို ထည့်သွင်းဖော်ပြခြင်း မရှိတော့ပါ။

ချစ်ခင်စွာ...
ညိုကြီး

From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape


From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape


From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape


From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape


From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape


From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape


From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape


From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape


From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape


From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape


From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape

06 March 2010

Website of The MYOMA AMATEUR MUSIC ASSOCIATION, MYANMAR

မြို့မအပျော်တမ်းတူရိယာအသင်း ၂၀၁၀ သင်္ကြန်အမီ အင်တာနက်ပေါ် Website ထူထောင်


" ၁၉၂၅ ခုနှစ်တွင် တည်ထောင်သည် " လို့ဆိုတဲ့ မြို့မ အပျော်တမ်းတူရိယာအသင်းကြီးဟာ ၂၀၁၀ သင်္ကြန်အမီ အွန်လိုင်းပေါ်မှာ ခြေချလိုက်ပါပြီ။

http://myomamusicmyanmar.ning.com/

ဆိုတဲ့ အင်တာနက်လိပ်စာကတစ်ဆင့် မြို့မအပျော်တမ်းတူရိယာအသင်းကြီးကို ဆက်သွယ်နိုင်၊ မြို့မ သတင်းတွေဖတ်နိုင်၊ မြို့မအသင်း၊ မြို့မသီချင်း၊ မြို့မအဆိုတော်တွေနဲ့ ပတ်သက်တာတွေကို ဆွေးနွေးအကြံပေးနိုင်ပါတော့မယ်။

မြို့မ Website ရဲ့ Home Page မှာတော့

" သည် Website လုပ်ရတဲ့ရည်ရွယ်ချက်သည်
♦မြန်မာနိုင်ငံအတွင်း၌သာမက တစ်ကမ္ဘာလုံး မြို့မတူရိယာအသင်းကြီး၏ဂီတရေစီးကြောင်း အတွင်းတွင် ပါဝင်စီးမြောနိုင်စေရန် ♦မြန်မာဆန်သော မြန်မာ့သီချင်းများကို နှောင်းခေတ်လူကြီးများသာမက ယနေ့ခေတ်လူငယ်များ ခံစားတတ်စေရန် ♦အမြဲမရိုးနိုင်သော မြို့မ၏သတင်းများကို အစဉ်မပြတ်သိရှိနိုင်ရန် ♦ မြို့မတူရိယာအသင်းကြီး၏ သတင်းများကို ပြည်သူများ အချိန်နှင့်တပြေးညီသိရှိနိုင်စေရန်အတွက် ဖြစ်ပါသည်။
Member အချင်းချင်း ထိခိုက်နစ်နာစေသောအသုံးအနှုံးများ သုံးနှုံးရေးသားခြင်း နိုင်ငံရေးနှင့်ပါတ်သက်သော စာအရေးအသား/ဓာတ်ပုံ/သီချင်း/ဗွီဒီယိုဖိုင်များအား လုံးဝ(လုံးဝ)ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ၄င်းစည်းကမ်းများကိုလိုက်နာခြင်းမရှိပါက ဖြေရှင်းချက်တောင်းခံလိမ့်မည်မဟုတ်ပဲ Member အဖြစ်မှ ရာသက်ပန် ထုတ်ပယ်ပါမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ " ...

လို့ ရေးသားဖော်ပြထားပါကြောင်း...။

တစ်ဆက်တည်းအနေနဲ့ အဲဒီမြို့မ website ပေါ်က မြို့မငြိမ်းကြေးရုပ်တုသတင်းကိုလည်း ကူးယူဖော်ပြလိုက်ပါသည်။

♦မြို့မငြိမ်း၏ကြေးရုပ်တုဖြစ် မြောက်ရေးကော်မီတီကို
၁၇ ရက် ၂၀၀၉ ဖေဖော်ဝါရီလ နေ့တွင် စတင်ဖွဲ့စည်း ပြီးပါကြောင်း♦

အလှူငွေများပေးအပ်လှူဒါန်းလိုပါက
♦ဒေါက်တာလှခိုင် - 092038015,
♦ဦးသန့်ဇော် - 092002500
♦ဦးခင်မောင်ဆွေ -092053267
♦စာရေးဆရာဆူးငှက် -092003139
♦ဦးဇော်ဝင်းသန်း -02-91001661
♦မြို့မအသင်းတိုက် 02-39748
သို့ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း


♦အစည်းအဝေးဖိတ်ကြားခြင်း♦

မြို့မငြိမ်း နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ကြေးရုပ်တု ဖြစ်မြောက်ရေးကော်မီတီဝင်များအားလုံးအား ဖိတ်ကြားအပ်ပါသည်။
၉ - ၃ - ၂၀၁၀ (အင်္ဂါနေ့) နေ့လည် ၁:၀၀ နာရီအချိန်တွင် တတိယအကြိမ် မြို့မငြိမ်း နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ကြေးရုပ်တုဖြစ်မြောက်ရေးကော်မီတီ ညှိနှိုင်းအစည်းအဝေး ကို မြို့မတူရိယာအသင်းတိုက်တွင် ကျင်းပမည်ဖြစ်ပါ၍ ကော်မီတီဝင်များအားလုံး တက်ရောက်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

01 January 2010

MYOMA NYEIN - YEAR 100 (1909 - 2009)

မြို့မငြိမ်း (၁၉၀၉ - ၂၀၀၉) ရာပြည့် ဂုဏ်ပြုပွဲ
မြို့မတူရိယာအသင်းတိုက် (မန္တလေး) ရှေ့ တွင် ကျင်းပ

(၃၀၊ ၁၂၊ ၂၀၀၉)

NYO GYI



မန္တလေးစာပေအနုပညာရှင်များနှင့် မြို့မတူရိယာအသင်းတို့၏ ပေါင်းစည်းမှု အစီအစဉ်

(၃၀၊ ၁၂၊ ၂၀၀၉) - ပြာသိုလပြည့်နေ့ ညချမ်းအခါသမယ မြို့မအသင်းတိုက်(မန္တလေး)ရှေ့ ကွက်လပ်မှာ မြို့မအသင်းကြီးနဲ့ မန္တလေးစာပေသမားတွေ ပူးပေါင်းပြီး မြို့မငြိမ်းရာပြည့်ပွဲကြီးကျင်းပကာ မြို့မငြိမ်းသီချင်းများနဲ့ မန္တလေးလူထုကို အခမဲ့ ဖျော်ဖြေ တင်ဆက် ဆင်နွှဲခဲ့၊ ဆရာ မြို့မငြိမ်းကို ဂုဏ်ပြုခဲ့ကြပါတယ်။

စာရေးဆရာ ဆူးငှက်၊ သိုက်ထွန်းသက် အစရှိသူတို့က မြို့မငြိမ်းအမှတ်တရ ဂုဏ်ပြုစကားများပြောကြားပေးပြီး သန်းမြတ်စိုး၊ လှမြင့်ဝင်း၊ ရာဇာဝင်းတင့်၊ ၀င်းဝင်းအောင်၊ ရီရီသန့်၊ ချိုပြုံးနှင့် မြို့မအသင်း ပင်တိုင် အဆိုရှင်များ အစရှိတဲ့ အဆိုကျော်များက မြို့မ တီးဝိုင်းကြီးနဲ့ တွဲဖက်ကာ မြို့မငြိမ်းရဲ့ သီချင်းများကိုပဲ သီးသန့် သီဆို ဂုဏ်ပြုခဲ့ကြပါတယ်။

ထိုပွဲမှာ ပရိသတ်ကို ဝေမျှခဲ့တဲ့ မြို့မငြိမ်းလက်ကမ်းစာစောင်ကလေးကိုလည်း scan ဖတ်ပြီး ပူးတွဲ ဖော်ပြလိုက်ပါတယ်။ မြို့မငြိမ်းရာပြည့်အမှတ်တရ စာအုပ်ကို အသင်းတိုက်မှာ ဆက်သွယ်ဝယ်ယူနိုင်တယ်လို့ သိရှိရပါတယ်။