Showing posts with label OTHERS' NEWS. Show all posts

13 October 2017
14 November 2015
ခင်မောင်တိုး ကွယ်လွန်ခြင်း သုံးနှစ်ပြည့် အမှတ်တရ သီချင်းသီဆိုပွဲ
အဆိုတော် ခင်မောင်တိုး
ကွယ်လွန်ခြင်း သုံးနှစ်ပြည့်
အမှတ်တရ
ခရမ်းပြာကာလများ အမှတ်တရ
ဂီတမိတ်ဆွေများ၏ သီချင်းသီဆိုပွဲ
ညနေ ၄ နာရီမှ ၆ နာရီ
ရန်ကုန်မြို့၊ အင်းလျားကန်ဘောင်
တံတားဖြူ
၁၅-၁၁-၂ဝ၁၅၊ တနင်္ဂနွေနေ့
Labels:
MUSIC,
OTHERS' NEWS
28 December 2014
တေးဂီတအကယ်ဒမီဆုရ စန္ဒရားတင်ဝင်းလှိုင်၏ ကျေးဇူးတင်စကား ကောက်နုတ်ချက်
၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ (27-12-2014) တွင် "ကြယ်စင်မော်ကွန်း" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုရ စန္ဒရား တင်ဝင်းလှိုင်၏ ကျေးဇူးတင်စကား ကောက်နုတ်ချက်
ကျွန်တော်တို့ ဒီခေတ်မှာလည်း နန်းမတော်မယ်နုနဲ့ အင်မတန်နီးတဲ့ အန်တီကြီးတွေရှိပါတယ်။ အဲ အဲလို အင်မတန်ဝင်ပြီးတော့ ဒွင်ကျယ်ပြီးတော့ စွာကျယ်စွာကျယ်အန်တီကြီးတွေရှိပါတယ်။
....
ခုနက အုတ်ကျောင်းဆရာတော်က ဒါပါပဲ။ ရေဖလားထဲကို ဘုရင်ကြီးနဲ့ ဘုရင်မကြီးရှေ့မှာ ရေထည့်လိုက်တယ်။ ထည့်ပြီးတော့ ဟော့ဒီမှာကြည့်ကြ။ ဘုရင်ဆိုတဲ့ လူ။ ဘုရင်မဆိုတဲ့ လူ။ ဘယ်တုန်းက ဘယ်လိုကံတွေ သံသရာမှာပါလာတဲ့အတွက် ဘုရင်နဲ့ ဘုရင်မဖြစ်တယ်ဆိုတာ နင်တို့တခါတည်းသိကြဆိုပြီးတော့။ သူတို့က နင့်မို့ဆို ဘ၀င်မြင့်နေမှာစိုးလို့။ သူတို့က အစဉ်အလာ ဘယ်တော့မှ ဒီနေရာက ဖယ်တာမဟုတ်ဘူး။ အဲတော့ ဒိန်းဆို။ (လက်ခုပ်သြဘာသံများ) ဒိန်းဆို အဲဒီမှာ လုပ်လိုက်တယ်။ သူ့မြေးလေးက အရမ်းမျောက်ရှုံးအောင်ဆော့တယ်။ မြေး မျောက်ရှုံးအောင်ဆော့တာ ကျွန်တော်တို့ နိုင်ငံမှာ ရှိပါတယ်။ အစဉ်အလာရှိပါတယ်။ (လက်ခုပ်သြဘာသံများ) ကျွန်တော်တို့နိုင်ငံမှာ မြေးက အဖွားရဲ့ အသည်းဖြစ်နေတယ်။ အဖိုးရဲ့ အသည်းဖြစ်နေတယ်။ အဲဒီအဖိုးနဲ့ အဖွားက ငကြောင်ကြီးဆို သွားပြီပဲ။ ငပေါမကြီးဆို သွားပြီပဲ။ ဒီမှာတော့ ဘုရင်နဲ့ ဘုရင်မပေါ့လေ။ အစဉ်အလာပေါ့။ ဒါ ကျွန်တော်တို့ ဗမာမှာက ဒါပဲ ဂုဏ်လုပ်နေရတာ။ ဒါကိုပဲ ဂုဏ်လုပ်နေရတာ။ အဲဒီတော့ အဲဒီမျောက်ကလေးက ဒီကလေးက ဘယ်သူလဲကွ။ အသွန်အသင်အဆုံးအမ မရှိဘူးလားဆိုတော့။ အဲဒီလို ပြန်ပြီးတော့ ဟောက်ရဲတာ ပြောရဲတာ ပေါ့လေ။ Command အဲဒီလို ချက်ချင်း Command ပေးရဲတဲ့ဥစ္စာက ဒီအုတ်ကျောင်းဆရာတော်ပဲ ရှိပါတယ်။ သူက ခုနက ရေကိုကြည့်ကြည့်။ ဒီမှာကြည့်တဲ့။ ရေကိုပြတယ်။ ပြတော့ အဲသလောက်ပဲ မင်းတို့ ရမယ်တဲ့။ ခု မင်းတို့ဘယ်လောက်လှူလှူ အဲလောက်ပဲရမယ်ဆိုတော့။ အထဲမှာ ရေမရှိပါဘူး။ ဒါကိုနားလည်းရမှာက။ ဥာဏ်သိသိ ရမယ်။ ဘယ်လိုသိရမလဲ။ (လက်ခုပ်သြဘာသံများ) ရေတော့ မရှိဘူး။ ရေတော့ မရှိဘူး။ အထဲမှာ စိုနေတယ်။ အစိုဓာတ်ကလေး ကျန်ခဲ့တယ်။ ဒါပဲရမယ်။
....
နောက်ခံတေးဂီတဆိုတာက ဒီလို တယောက်တည်း တီးလို့ မရပါဘူး။ အားလုံးကောင်းလို့ပါ။ (လက်ခုပ်သြဘာသံများ) ရုပ်ရှင်နောက်ခံတေးဂီတဆိုတဲ့ ဥစ္စာက နိုင်ငံတော် အဟောင်းဖြစ်ဖြစ် အသစ်ဖြစ်ဖြစ် မဟောင်းတဟောင်း မသစ်တသစ်ဖြစ်ဖြစ် တည်သလိုပဲ အားလုံးကောင်းမှ ရတာပါခင်ဗျာ။ (လက်ခုပ်သြဘာသံများ)
....
ကျွန်တော် ၂၀၀၅ ခုနှစ်မှာ ကိုပွားရဲ့ "မင်္ဂလာပါ"ကို စတီးပါတယ်။ အဲဒီ ၂၀၀၅ နဲ့ အခု ၂၀၁၃ နဲ့ ကြားမှာ ဘာမှ မတီးပါဘူး။ တခြားဟာပဲ တီးပါတယ်။ ဘာမှ မတီးပါဘူး ကျွန်တော်။ စန္ဒရား မတီးပါဘူး ကျွန်တော်။ ရုပ်ရှင်မတီးပါဘူး။ ဒါပေမဲ့ ကျွန်တော်။ ပြန်တီးတဲ့အခါမှာ ဒီလိုထွက်ပါတယ်။ ကျွန်တော့်ကြောင့်မဟုတ်ပါဘူး။ ကျွန်တော်ပြောပါတယ်။ Just surfing on that easy matter။ ဒီလို လွယ်အောင်လုပ်ထားတာက ကျွန်တော့်အစ်ကို ကျွန်တော့် ကျွန်တော့်ကို ဒီပညာသင်ထားပေးတာ မဟုတ်ပေမဲ့ ကျွန်တော့်ကို ကောင်းကောင်း ကောင်းကောင်းလေး ပညာပေးနိုင်တဲ့ ပန်းချီစိုးမိုး။ သူကောင်းလို့။ သူ့ရဲ့ ဇာတ်ကားအခင်းအကျင်း။ သူ့ရဲ့ အရုပ် ရစ်သမ်တွေ အရမ်းကောင်းတဲ့အတွက် ... ကျွန်တော်က လှိုင်းစီးသလို အပြားလေးနဲ့ လှိုင်းစီးသလို ကျွန်တော်က အိပဲ့အိပဲ့အိပဲ့နဲ့ လိုက်ရုံပါပဲ။ သိပ်ဘာမှ ခက်တာမဟုတ်ပါဘူးခင်ဗျာ။
....
ပိုက်ဆံတွေ ပိုက်ဆံတွေ ဘယ်ကရမှန်းမသိဘဲနဲ့ ပိုက်ဆံတွေ ပိုက်ဆံတွေ သိမ်းဖို့နေရာ မရှိတဲ့လူ။ ကျွန်တော်တို့က ပိုက်ဆံကို ရှာလို့ မရတဲ့လူ၊ သူတို့က သိမ်းဖို့နေရာခက်နေတဲ့လူ။ ပိုက်ဆံထားဖို့နေရာတွေ လိုက်သိမ်းမှ ရမယ့်လူ။ (လက်ခုပ်သြဘာသံများ) အဲ့ဒီလူက ဘယ်သူလဲဆိုတော့...။
(ထိုနေရာတွင် လူရွှင်တော်တစ်ဦး(ဟုထင်ရ)မှ စင်ပေါ်ရေသန့်ဘူး တက်ပေး။ တင်မိုးလွင်က ဆူညံသံ(လက်ခုပ်သြဘာသံများ)အတွက် ရှေ့ကကြွရောက်အားပေးတဲ့ ဧည့်သည်တော်လူကြီးမင်းများ (အစိုးရအဖွဲ့ဝင်များ) နားလည်ခွင့်လွှတ်ပေးရန် ၀င်ပြော။ ထို့နောက် ရန်အောင်က ရုပ်ရှင်အစည်းအရုံးဥက္ကဌ လူမင်းကို ဖိတ်ခေါ်၍ စန္ဒရားတင်ဝင်းလှိုင်အား အကယ်ဒမီဆုပေးခိုင်းခဲ့သည်။)
~ ညိုကြီး ကောက်နုတ်တင်ပြသည် ~

Art,
MUSIC,
OTHERS' NEWS
26 October 2013
ရသအလင်းရဲ့ ၃ နှစ် နီးနီး ခရီး
ရသအလင်းရဲ့ ၃ နှစ် နီးနီး ခရီး
+++++++++++++++++++
စင်္ကာပူနိုင်ငံ အခြေစိုက် ရသအလင်းဖောင်ဒေးရှင်းသက်တမ်း(၃)နှစ်တာကာလကို ချင်းနင်းဝင်ရောက်လာခဲ့ပါပြီ။
ဒီ အချိန်ကာလအတွင်း စာပေအနုပညာနှင့် လူမှုရေးအသင်းအဖွဲ့များအတွက် စုစုပေါင်းငွေကျပ်(၁၁၉)သိန်းတိတိ လှူဒါန်းဂုဏ်ပြုနိုင်ခဲ့ပါတယ်။
ခု အလှူရှင်များ နဲ့ မိတ်ဆွေများအားလုံး သာဓုခေါ်မုဒိတာပွားစေနိုင်ဖို့ ရသအလင်းဆောင်ရွက်နိုင်ခဲ့ သမျှကို စာရင်းများနဲ့တကွ တင်ပြလိုက်ပါတယ်။
ရသအလင်းဖောင်ဒေးရှင်းကို ရန်ပုံငွေထည့်ဝင်ခဲ့သော မိတ်ဆွေများများအားလုံး၊ ရသအလင်းမှ ကျင်းပခဲ့တဲ့ ဟောပြောပွဲတွေမှာ စိတ်ရောကိုယ်ပါ ပါဝင်ကူညီခဲ့သူများ အားလုံးကို ရသအလင်းမှ လှိုက်လဲလေးနက်စွာ ကျေးဇူးတင်ရှိပါတယ်။
ယခုဆိုလျှင် ရသအလင်းမှ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ မြန်မာပြည်တွင်းမှ ကျန်းမာရေးအတွက် အရေးပေါ်ဆေးကုသရန်လိုအပ်နေတဲ့ စာပေကဗျာနှင့် ကာတွန်းပန်ချီ အနုပညာရှင်များကို ဂုဏ်ပြုငွေများ ပေးအပ် ချီးမြှင့်တဲ့ အစီအစဉ်အပြင် ခြေလှမ်းသစ်များအနေနဲ့ လူမှုရေး ပညာရေး အသင်းအဖွဲ့များကို နဲ့ စာကြည့်တိုက်များကို ထောက်ပံ့ လှူဒါန်းခြင်း အစီအစဉ်တွေကိုပါ တိုးချဲ့ ဆောင်ရွက်နေပါတယ်။
နောက်ထပ် အစီအစဉ်သစ်များနဲ့ စာပေအကျိုး ပြည်သူ့အကျိုးများကို နိုင်သလောက် စွမ်းသလောက် သယ်ပိုးထောက်ကူဖို့ အားမာန်အပြည့် ဆက်လက်ချီတက်သွားမှာဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာ ပြုလုပ်မယ့် အစီအစဉ်များလည်းရှိနေပြီး အစီအစဉ်အသေးစိတ်တွေကို ဆက်လက်တင်ပြပေးသွားပါ့မယ်။
အဲဒီ့အတွက် ရသအလင်းမှာ အသင်းဝင်အင်အားများလိုအပ်နေပြီ။ အထူးသဖြင့် မြန်မာပြည်တွင်းက လှုပ်ရှားဆောင်ရွက်နိုင်မယ့် အသင်းဝင်များ လိုအပ်နေပါတယ်။ အမှန်တကယ် စိတ်ဝင်တစား လက်တွဲဆောင်ရွက်လိုစိတ်ရှိသူ မည်သူကိုမဆို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေပါကြောင်း လေးစားစွာ အသိပေးဖိတ်ခေါ်အပ်ပါတယ် …
+
၁)ကျန်းမာရေးအထောက်အပံ့အလို့ငှာ ဂုဏ်ပြုငွေပေးအပ်ချီးမြှင့်ခြင်း
- စာရေးဆရာ ကဗျာဆရာ ကာတွန်းဆရာ (၂၀)ဦး တစ်ဦးကို ကျပ် ၃သိန်းဖြင့် ငွေကျပ် သိန်း(၆၀)
၂) ကဗျာဆရာကြီးအောင်ချိမ့်အား တစ်သက်တာ ကဗျာဆရာဆု ပေးအပ်ချီးမြှင့်ခြင်း ငွေကျပ် ၅ သိန်း
၃) စာရေးဆရာကြီး အဘိုး ဒဂုန်တာရာအား ဂါရဝပြုကန်တော့ခြင်း ငွေကျပ်၅သိန်း
စုစုပေါင်း သိန်း(၇၀)တိတိ
++
၂)ပညာရေး၊လူမှုရေးအသင်းအဖွဲ့များအား လှူဒါန်းခြင်း
- ကချင်စစ်ဘေးဒဏ်သင့်ညီနောင်များအတွက် ငွေကျပ် (၁၀)သိန်း
- NLD ပညရေးရန်ပုံငွေအတွက် ငွေကျပ် (၁၀)သိန်း
- ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (၇၇)နှစ်မြောက် အထိမ်းအမှတ်၊ ခေတ်အဆက်ဆက် ဗကသမျိုးဆက်များ တွေ့ဆုံပွဲ ဖြစ်မြောက်ရေးအတွက်ရည်ရွယ်၍ ငွေကျပ်(၁၀)သိန်း၊
- ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ ပြန်လည်ဦးစီးထုတ်ဝေမည်ဖြစ်သော အိုးဝေစာစဉ် ဖြစ်မြောက်ရေးအတွက်ရည်ရွယ်၍ ငွေကျပ်(၁၀)သိန်း၊
စုစုပေါင်း သိန်း(၄၀)တိတိ
+++
၂)စာကြည့်တိုက်များအား လှူဒါန်းခြင်း
- တင်အေးမွန်စာကြည့်တိုက် (ထိန်တောရွာ)
- ရာစုသစ်မီးအိမ်စာကြည့်တိုက်( ရွေဘိုမြို့)
- Open Mind Library စာကြည့်တိုက်လက်ပံတန်းမြို့နယ်
၃သိန်းနှုန်းဖြင့် စုစုပေါင်း (၉)သိန်းတိတိ
စုစုပေါင်း(၁၁၉)သိန်း တိတိ
++++++++++
ဂုဏ်ပြုငွေပေးအပ်ထားသော ဆရာဆရာမများစာရင်း
၁)ကာတွန်းဆရာ ဗိုမောင်
၂)ကဗျာဆရာ အောင်ဘညို
၃)ပန်းချီဆရာ ရာဟုလာ
၎)စာရေးဆရာ ကဗျာဆရာပိုင်စိုးဝေ
၅)ကဗျာဆရာ မောင်အောင်နီ
၆)ကဗျာဆရာ လှသန်း(ကြည်မောင်သန်း)
၇)စာရေးဆရာ ကဗျာဆရာအေးမင်းစော
၈)ကဗျာဆရာမောင်အောင်ပွင့်
၉)ဆရာကြီးမောင်လင်းယုန်(ရှမ်းပြည်)
၁၀)ဆရာမကြီး မအိ
၁၁)ဆရာကိုဆွေ
၁၂)ဆရာကြီးနေသွေးနီ
၁၃)ဆရာမောင်တင်ဆင့်
၁၄)ဆရာကြီးမောင်ဝံသ
၁၅)ဆရာကြီးဦးအောင်သင်း
၁၆)ဆရာမောင်ဒေါင်း
၁၇)ဆရာကြီးဦးဝင်းဖေ
၁၈)ဆရာနေမျိုး
၁၉)ဆရာမင်းလူ
၂၀)ဆရာပိုင်စိုးဝေ( ကျန်းမာရေးအခြေအနေရ ဒုတိယအကြိမ်မြောက်)
+++++++++++++++++++
"ရသအလင်းအကြောင်း အကျဉ်း"
ကျန်းမာရေးအတွက် အရေးပေါ်ဆေးကုသရန်လိုအပ်နေသော စာရေးဆရာ၊ကဗျာဆရာ၊ကာတွန်းဆရာများနှင့် ဂုဏ်ပြုထိုက်သူ အနုပညာရှင်ကြီးများကို ဂုဏ်ပြုနိုင်ရန်အတွက် စင်္ကာပူနိုင်ငံမှာရောက်ရှိနေတဲ့ စာပေအနုပညာချစ်မက်သူတွေစုစည်းပြီး ရသအလင်း ဖောင်ဒေးရှင်း ရယ်လို့ ၂၂.၄.၂၀၁၁ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့ကြပါတယ်။
ရသအလင်းဖောင်ဒေးရှင်းရယ်လို့ မဖွဲစည်းမီက ကဗျာဆရာမလုံမငြိမ်းချမ်းနဲ့ ကဗျာဆရာကိုလှသန်းကို ဂုဏ်ပြု ပေးအပ်ခဲ့ကြပါသေးတယ်။
+++++++++++++++++++
ရသအလင်းဖောင်ဒေးရှင်း၏ Facebook မှ ကူးယူဖော်ပြပါသည်

23 October 2013
မျှော်တော်ဇောနဲ့ မောလှပါပြီ ဒိုင်ယာရီ...
"မျှော်တော်ဇောနဲ့ မောလှပါပြီ ဒိုင်ယာရီ..."
အွန်လိုင်းကတစ်ဆင့် ရောင်းချမယ့် လေးဖြူရဲ့ ကိုယ်ပိုင်သံစဉ် သီချင်း အသစ် "ဒိုင်ယာရီ" ကို နားထောင်ချင်လွန်းနေတာ တစ်ပိုင်းတောင်သေတော့မယ်။ တေးရေးက အသစ်တဲ့။ "ဟန်စိုင်း" တဲ့။ Release လုပ်မယ့် အောက်တိုဘာ ၂၇ ရယ် မြန်မြန်ရောက်ပါတော့။
www.myanmarmusicstore.com မှာ ဝယ်ရမှာတဲ့။ ပြည်တွင်းကနေ ဝယ်မယ်ဆိုရင် မိုဘိုင်းဖုန်းဘီလ်နဲ့ ငွေချေနိုင်မယ်။ ဖုန်းဘီလ်ထဲက ကျပ် ၃၀၀ ပဲ ဖြတ်သွားမှာပါတဲ့။ Myan Pay စနစ်/ Y Pay စနစ်တွေနဲ့လည်း ဝယ်နိုင်မယ်တဲ့။ SMS စနစ်နဲ့ဆိုရင်တော့ Message Center Number ၁၈၈၉၉ ကို buy s02229 ဆိုတဲ့ စာသား Message တစ်စောင်ပေးပို့ပြီး ဒိုင်ယာရီသီချင်း ဒေါင်းလုပ်လင့်ခ်ရယူနိုင်မယ်တဲ့။ ပြည်ပနိုင်ငံတွေကတော့ Paypal စနစ်နဲ့ ဝယ်လို့ရမယ်တဲ့။
မိတ်ဆွေများအနေနဲ့လည်း Original ဒိုင်ယာရီ သီချင်းကိုသာ ဝယ်ယူအားပေးစေလိုပါတယ်။
ညိုကြီး
++++++++++++++++
"ဒိုင်ယာရီ သီချင်း အမြည်း"
ရောင်စုံအိပ်မက်တို့ တဖြည်းဖြည်း ပြိုလဲနေ
အချိန်တန်ရင် ပြန်ပြီး နိုးထ လက်တွေ့ဘဝထဲ
အရာရာ ဆန်းစစ်ကြည့်ရင် ကြုံမယ် အနိမ့်အမြင့်များသာ
တနေကုန်ငါ ထိုင်ပြီးရေးဖြစ်တဲ့ ကဗျာ
ငါပြန်ပြီး မေ့ပစ်မယ့်အရာ
ကြွေရွက်ဝါ. . .
ဒိုင်ယာရီတွေထဲ ပြန်ပြီး ရှာဖွေတဲ့အခါ ငါမေ့ပစ်ထားတဲ့
ဟိုးအတိတ်က အဖြူရောင် စာမျက်နှာ
ဒဏ္ဍာရီ မြစ်ချောင်း တိမ်တိုက် တောင်တန်းတွေကြားမှာ အငြိမ်းချမ်းဆုံးနေရာ တမ်းတရင်းနဲ့ ... အိုး ရေ့ ...
(တေးရေး - ဟန်စိုင်း)
ဝက်ဆိုက်တွင် လွှင့်တင်ထားသော သီချင်းအမြည်းအား နားဆင်၍ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်
===================
၂၀၁၃ အောက်တိုဘာ ၂၇ ရက်၌ ကျပ်ငွေ ၃၀၀ ဖြင့် အွန်လိုင်းကတစ်ဆင့် ရောင်းချမည့် လေးဖြူ၏ "ဒိုင်ယာရီ" ကိုယ်ပိုင်သံစဉ် တေးသီချင်းအား အင်တာနက်လိပ်စာ
https://www.myanmarmusicstore.com/AlbumDetail.aspx?albumid=B0000184
တွင် အမြည်းသဘောမျိုး နားဆင်ခံစားနိုင်ပါသည်။ ဝယ်ယူရန် ကြိုတင်စာရင်းပေး မှာကြား(Pre-order)နိုင်ပါသည်။ မနားဆင်/ မဝယ်ယူခင်တွင် ပထမဦးစွာအနေဖြင့် အဆိုပါဝက်ဆိုက်တွင် Register ပြုလုပ်ထားရမည် ဖြစ်ပါသည်။
"SMS ဖြင့် ဝယ်ယူနားဆင်ရန်"
(** iOS & Andriod devices များသာ)
(ဒိုင်ယာရီ သီချင်း၏ Sound Code မှာ s02229 ဖြစ်ပါသည်)
buy s02229 ဟုရိုက်ထည့်ကာ ဖုန်းနံပတ် 18899 သို့ Message ပေးပို့ရပါမည်။
(ဒိုင်ယာရီ သီချင်း၏ Sound Code ဖြစ်သည့် s02229 အား Message Box တွင် buy ခံကာ ရိုက်ထည့်၍ Myanmar Music Store ၏ Message Center Number 18899 သို့ SMS ပေးပို့ လိုက်ရုံဖြင့် ဒိုင်ယာရီသီချင်းအား လွယ်ကူလျင်မြန်စွာ Download ပြုလုပ်၍ မိတ်ဆွေတို့၏ Mobile Phone များတွင် နားဆင်နိုင်ပါပြီ။ ကျသင့်ငွေကို မိတ်ဆွေတို့၏ Phone Bill မှ ကျပ်ငွေ ၃၀၀ ကောက်ခံမှာ ဖြစ်ပါတယ်။)
ထိုသီချင်းအား အခြားသူငယ်ချင်း/ချစ်သူတစ်ဦးထံသို့ လက်ဆောင်ပေးပို့လိုသည့်အခါ
gift s02229 to 959 - - - - - - - - - ဟု Message Center Number 18899 သို့ Message တစ်စောင်ပေးပို့လိုက်လျှင် မိမိပေးပို့သူ၏ လက်ကိုင်ဖုန်းတွင် ဒေါင်းလုပ်လင့်ခ်တစ်ခု Message ၀င်ပါလိမ့်မည်။ သီချင်းအား လက်ကိုင်ဖုန်းဖြင့် ဒေါင်းလုပ်လုပ်ရန်အတွက် အင်တာနက်မိသော ဖုန်းဖြစ်ရပါမည်။ (ဖုန်းအင်တာနက် (သို့မဟုတ်) Wifi)
လင့်ခ်ရရှိပါက မိုဘိုင်းလ်ဖုန်းဖြင့်သာမက ကွန်ပျူတာမှတစ်ဆင့်လည်း အဆိုပါလင့်ခ်အား ကူးယူ၍ ဒေါင်းလုပ်လုပ်နိုင်ပါသည်။

13 July 2013
Kyaw Soe Linn, A Driver Who Saved The Life of Aung San Suu Kyi in Depayin Massacre
၂၀ဝ၃။ မေလ ၃၀ ရက်။ ဒီပဲယင်း လုပ်ကြံခံရမှုကြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကားကို မောင်းနှင်သူ။
လုပ်ကြံသတ်ဖြတ်သူ လူယုတ်မာ စစ်အဆိုးရဘက်တော်သားများ ပိတ်ဆို့ ဝန်းရံ တိုက်ခိုက်နေသည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည်၏ အသက်အား လွတ်မြောက်အောင် ကယ်တင်သူ။
ထိုစဉ်က ဒုတိယနှစ် ဥပဒေကျောင်းသား။ ယခု ရှေ့နေ။ မန္တလေးသား။
ကိုကျော်စိုးလင်း။
(ဓာတ်ပုံအား "ဒီပဲယင်း လုပ်ကြံမှုရှင်းတမ်း" စာအုပ်မှ ရယူပါသည်)

Books,
DAW AUNG SAN SU KYI,
NLD,
OTHERS' NEWS,
USDP
10 April 2013
Fwd: မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ(ဂျပန်)
မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ(ဂျပန်) စတင်ဖြန့် ချိ
အကြိမ် ၂၁ မြောက် အစဉ်လာမပျက် ဂျပန် မှ မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ စတင်ဖြန့် ချိ...
2013 မင်္ဂလာဒိုးအနုပညာ အင်အားစု (ဂျပန်) အဖွဲ့ ၏ရဲရဲတောက်တေးသံချပ်များ 2013ခုရဲ့ မြန်မာပြည် သင်္ကြန် အမှီ တင်ဆက်ဖျော်ဖြေတင်ဆက်နိုင် ရန် အတွက် ဂျပန်နိုင်ငံရောက် မင်္ဂလာဒိုး အနုပညာအင်အားစု မှ
နှစ်စဉ် ကျင်းပနေကြ ဂျပန်နိုင်ငံရှိ မြန်မာ့ ရိုးရာ သင်္ကြန် ပွဲ များတွင် တင်ဆက်နေကျ ဒိုးပတ်သံ များဖြင့် နိုင်ငံတကာရောက် မြန်မာမိသားစု များနှင့် မြန်မာပြည်တွင်းမှ အောင်ပွဲရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုထောက်ခံအားပေးနေသော
မိဘပြည်သူများအတွက် စိတ်သောက ကင်းဝေး နိုင်စေရန် နှင့် ဒုက္ခ အပေါင်းမှ ကင်းငြိမ်းစေရန် ရည်ရွယ် ချက် ဖြင့် အစဉ်လာမပျက် တနှစ်တခေါက် အတို့ အထိ ရိ စရာ လေးများနှင့်
မှန်မှန်ရောက်ရှိလာတဲ့ မင်္ဂလာဒိုး ရဲ့ သံချပ်များ အများပြည်သူများ ရှေ့မှောက်သို့ ရောက်ရှိလို့  လာခဲ့ပြန်ပါပြီ၊၊ ယခု နှစ်သံချပ်များကို ၊ကိုမျိုးသန့် ၊ကိုသောင်း၊ကိုအေးမင်းကို
၊ ခင်ငြိမ်းဆွေ နှင့် ကိုထွန်းဝေတို့ မှရေးသားခဲ့ကြခြင်း ဖြစ်ပါတယ်၊၊2013 တွင်လည်း ၁။ရိုးရာသင်္ကြန်
၂။အားလုံးကောင်းဖို့ ပြောင်းကြပါ
၃။ဖားတစ်ပိုင်း ငါးတစ်ပိုင်း
၎။ရိုဟင်ဂျာ
၅။အမတ်မင်း
၆။မပြောချင်ဘူး
၇။တိုကျိုသင်္ကြန်နဲ့ အိတ်ပေါက်ကြီး
၈။ဗမာစာသည် တို့ စာ
၉။အနုပညာစွမ်းအား
၁၀။ခေါင်းဆောင်ကောင်း
၁၁။နှစ်ကူးမင်္ဂလာ
စသည့်
တေးသံချပ်များ ဖြင့် မြန်မာပြည်တွင်းမှ မိဘရဟန်းရှင် ပြည်သူများ ကြည့်ရှု့ နိုင်စေရန်နှစ်စဉ်နှစ်တိုင်း အတာသင်္ကြန် မရောက်ခင်မှာ သံချပ် သီချင်းခွေ ဗွီဒီယိုတွေ ထုတ်လုပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကို ဖြန့်ချိခဲ့တာ နှစ်စဉ်နှစ်တိုင်းပင် ဖြစ်ပါတယ်။
မြန်မာပြည်သင်္ကြန်နှင့်အတူ နှစ်စဉ်ဧပြီလတွင်ကျင်းပနေကြ တိုကျိုသင်္ကြန်ပွဲတော်သည် ဧပြီ 7 ရက်(7.4.2013)တွင်ကျင်းပမည်
ဟု မြန်မာ့ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဥက္ကဌ ဦးလှိုင်အေး က ပြောကြားခဲ့ပါသည်။
မြန်မာပြည်အလွမ်းပြေ ယိမ်းအကနှင့် ဒိုးပတ်သံများဖြင့်
ဝေေ၀ဆာဆာ မြူးမြူးကြွကြွ တင်ဆက်ထားသည်ကို တွေ့ ရမှာဖြစ်ပြီး မကြာမီအင်တာနက် စာမျက်နှာ များတွင် ဗွီဒီယို ဖြင့်တစ်ဝကြီး
ကြည့် ရှု့နိုင်ရန်စီစဉ်လျက် ရှိပါသည်။ယခုနှစ် တိုကျို သင်္ကြန်ပွဲတော်တွင် လည်း မင်္ဂလာဒိုးမှအဖွဲ့ ဝင် များဖြင့် ခြိမ့် ခြိမ့် သဲ ဖျော်ဖြေမည်ဖြစ်ပြီး
ဦးမျိုး သန့်  08050632509 နှင့် ၊ ကိုထွန်းဝေ 07066369696 kotunwai@gmail.com , တို့ ကို ထံ မေးမြန်း ဆက်သွယ်နိုင်ကြောင်း
သိရှိရပါတယ်။
ဗွီဒီယို.ရိုက်ကူးတည်းဖြတ် ကိုဇေယျာအောင် (ဂျပန်)
http://www.youtube.com/user/zayyar20283
http://www.youtube.com/user/kotunwai
ဒီနေရာတွင် ဒေါင့်လော့ယူပြီး ကြည့်ရှု့ နိုင်ပါတယ်။
http://youtu.be/knxbngnbtIY
၂၀၁၃ မင်္ဂလာဒိုး တေးသံချပ်
Labels:
OTHERS' NEWS,
Thingyan
14 March 2013
Lepadaung Copper Mine Final Report by Investigation Commission (March 11, 2013)
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ
၁၃၇၄ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၄ ရက် (၂၀၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်)
(မတ် ၁၂၊ ၂၀၁၃)ထုတ် ရတနာပုံ နေ့စဉ်သတင်းစာမှ ကူးယူဖော်ပြသည်)

Letpadaung Copper Mine,
OTHERS' NEWS
03 March 2013
နေပြည်တော်တွင် ရွှေကြောတွေ့
နေပြည်တော်တွင် ရွှေကြော ရှာဖွေတွေ့ ရှိကြောင်း သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်က အတည်ပြု ပြောကြားခဲ့သည်။
မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ်၊ သောကြာနေ့၊ ဇန်န၀ါရီ(၁၈)ရက်၊ ၂၀၁၃ ခုနှစ်
မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ်၊ သောကြာနေ့၊ ဇန်န၀ါရီ(၁၈)ရက်၊ ၂၀၁၃ ခုနှစ်
Labels:
OTHERS' NEWS
21 February 2013
"လူကြီးသားသမီးလည်း အပြစ်လုပ်ရင် အရေးယူမှာပဲ" ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပြောကြား

အပြောနဲ့ အလုပ်တော့ ညီပစေပေါ့ဗျာ
" ဥပဒေဖောက်ဖျက်လာလျှင် ဘယ်သူ့မျက်နှာမှ မထောက်၊ လူကြီးသားသမီးလည်း အရေးယူမည် "
MEDIA One Journal, Vol. 1, No. 28

မီဒီယာဝမ်း အတွဲ(၁)၊ အမှတ်(၂၈) ဂျာနယ်
Download Link:
http://www.mediafire.com/view/?5z99wx9a3z685a8

+++++++++++++++++++++++++++++++++++++++++++++++++++++++++
ဆက်စပ်သတင်း
ပြည်သူ့ရင်ပြင်မှာ အုပ်စုအလိုက် အစွမ်းပြသွားတဲ့ ပြိုင်ကားများ
ဓီမိုကယေဆီခေတ်မှာ ပြိုင်ကားမစီးရမှာ မဟုတ်၊ စီးရမှာပါ၊ မောင်းပါ။
မိမိကြောင့် သူတစ်ပါး အနှောင့်အယှက် မဖြစ်ပါစေနဲ့။
MYANMAR NEWS WEEK JOURNAL, အတွဲ(၂)၊ အမှတ်(၆၅)၊ (၁၇-၁-၂၀၁၃)
မိမိကြောင့် သူတစ်ပါး အနှောင့်အယှက် မဖြစ်ပါစေနဲ့။
MYANMAR NEWS WEEK JOURNAL, အတွဲ(၂)၊ အမှတ်(၆၅)၊ (၁၇-၁-၂၀၁၃)
Labels:
OTHERS' NEWS
07 February 2013
30 January 2013
21 December 2012
354 Days left to 27th SEA Games in Myanmar, 2013
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာနိုင်ငံ၌ ကျင်းပရန် ၃၅၄ ရက်သာ လိုပါတော့သည်။
www.mmseagames2013.com
www.mmseagames2013.com
Labels:
2013,
27th SEA Games in Myanmar,
GAMES,
OTHERS' NEWS
18 December 2012
04 November 2012
နန်းခင်ဇေယျာနှင့် ရေကူးဝတ်စုံ
"နန်းခင်ဇေယျာနှင့် ရေကူးဝတ်စုံ"
ညီမရဲ့  ပြိုင်ပွဲဝင် ဝတ်စုံအပေါ် အမြင် အမျိုးမျိုးနဲ့ ဝေဖန်ကြတဲ့ အပေါ် ညီမမှာ ပြောစရာ တစ်ခုခုများ ရှိမလား။
(မင်းရန်နိုင်, Hello စာပေအနုပညာဂျာနယ်, Vol 4, Issue 3, Tuesday, 30, Oct, 2012)
ညီမ ဒီမှာနေကတည်းက ဘီကနီပုံစံမျိုးနဲ့ လူရှေ့ မှာ
မချွတ်ဖူးခဲ့ဘူးပေါ့နော်။ ဒါပေမဲ့ ဒီပွဲကို ပြိုင်ရမယ်ဆိုကတည်းက
ရေကူးဝတ်စုံနဲ့ ပြိုင်ရမယ်ဆိုတာ သိခဲ့တယ်။ အဲဒီမှာ ညီမ နည်းနည်းလုံမယ့်
ရေကူးဝတ်စုံကို စဉ်းစားခဲ့တယ်။ ဒါပေမဲ့ ပြိုင်ပွဲစည်းမျဉ်းထဲမှာ
အရှက်လုံရုံ အပေါ်တစ်ထည် အောက်တစ်ထည်နဲ့ ပြိုင်ရမယ်ဆိုတော့
မြန်မာနိုင်ငံမှာလည်း ဒါက ရောင်းတာမဟုတ်ဘူးလေ။ အဲတော့ ညီမမှာ
ရေကူးဝတ်စုံအတွက် တော်တော်ရှာပြီး ဗီယက်နမ်မှာ ဝယ်ခဲ့ရတယ်ပေါ့နော်။ အဲဒါနဲ့
ပြိုင်ခဲ့ရတယ်။ ပြိုင်ပွဲမှာ ၃ ရက်ရောက်ပြီး ၄ ရက်မြောက်မှာ
ဓာတ်ပုံရိုက်ခဲ့ရတယ်။ ကင်မရာချိန်တဲ့အချိန်မှာ တစ်ခါမှလည်း မဝတ်ဖူးဘူး။
ဒီလို ပုံစံနဲ့လဲ မရိုက်ခဲ့ဖူးတော့ ယုံကြည်မှုမရှိဘူးပေါ့။ ဒါပေမဲ့
ဒါပြိုင်ပွဲဝင်နေတာပါလား ဆိုတဲ့ အတွေးနဲ့ ငါမဟုတ်တာ လုပ်တာမဟုတ်ဘူး။
လူတိုင်းဝတ်ရတာဆိုတဲ့ ခံယူချက်နဲ့ ညီမ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့
ဓာတ်ပုံရိုက်ခဲ့ရတယ်။
(နန်းခင်ဇေယျာ)
Labels:
OTHERS' NEWS
08 April 2012
မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ(ဂျပန်)
အကြိမ် ၂၀ မြောက် အစဉ်လာမပျက် ဂျပန် မှ မင်္ဂလာဒိုး အနုပညာအင်အားစုမှ
ရဲရဲတောက်တေးသံချပ်များ စတင်ဖြန့် ချိ ……….
2012 မင်္ဂလာဒိုးအနုပညာ အင်အားစု (ဂျပန်) အဖွဲ့ ၏ ရဲရဲတောက်တေးသံချပ်များကို 2012ခုရဲ့ မြန်မာပြည် သင်္ကြန် အမှီ တင်ဆက်ဖျော်ဖြေတင်ဆက်နိုင် ရန် အတွက် ဂျပန်နိုင်ငံရောက် မင်္ဂလာဒိုး အနုပညာအင်အားစု မှ နှစ်စဉ် ကျင်းပနေကြ ဂျပန်နိုင်ငံရှိ မြန်မာ့ ရိုးရာ သင်္ကြန် ပွဲ များတွင် တင်ဆက်နေကျ ဒိုးပတ်သံ များဖြင့် နိုင်ငံတကာရောက် မြန်မာမိသားစု များနှင့် မြန်မာပြည်တွင်းမှ အောင်ပွဲရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
ကိုထောက်ခံအားပေးနေသော မိဘပြည်သူများအတွက် စိတ်သောက ကင်းဝေး နိုင်စေရန်နှင့် ဒုက္ခ အပေါင်းမှ ကင်းငြိမ်းစေရန် ရည်ရွယ် ချက် ဖြင့် အစဉ်လာမပျက် တစ်နှစ်တစ်ခေါက် အတို့ အထိ ရိ စရာေ လးများနှင့် မှန်မှန်ရောက်ရှိလာတဲ့ မင်္ဂလာဒိုး ရဲ့ သံချပ်များအများပြည်သူများ ရှေ့မှောက်သို့ ရောက်ရှိလို့  လာခဲ့ပြန်ပါပြီ၊၊
ယခု နှစ်သံချပ်များကို ကိုမျိုး သန့် ၊ကိုသောင်း တို့မှစီစဉ်ပြီး၊ကိုမျိုးသန့် ၊ ကိုသောင်း၊ ခင်ငြိမ်းဆွေ နှင့်
ကိုထွန်းဝေတို့ မှရေးသားခဲ့ကြခြင်း ဖြစ်ပါတယ်၊၊
2012 ယခုနှစ်တွင်လည်း
၁။ အဖွင့်တေးသံ ၂။ပြန်ကြားရေး ၃။ အထွေထွေ ၄။ NLD ကို ဂုဏ်ပြုခြင်း ၅။
အခန်းပြောင်းတေးသံ ၆။ညီညွတ်ရေး ၇။ရန်ပွဲတွေ၇ပ် ၈။ကုန်ဈေးနှုန်း
၉။သံချပ်ဆင်ဆာ ၁၀။ ဂျပန်မှ အပြန်ခရီး ၁၁။ မဟော်သဓာ
သားတရားစီရင်ခန်း ၁၂။ကမ္ဘာမကြေ
စသည့် တေးသံချပ်များ ဖြင့် မြန်မာပြည်တွင်းမှ မိဘရဟန်းရှင် ပြည်သူများ ကြည့်ရှုနိုင်စေရန်နှစ်စဉ်နှစ်တိုင်း အတာသင်္ကြန် မရောက်ခင်မှာ သံချပ် သီချင်းခွေ ဗွီဒီယိုတွေ ထုတ်လုပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကို ဖြန့်ချိခဲ့တာ နှစ်စဉ်နှစ်တိုင်းပင် ဖြစ်ပါတယ်။
မြန်မာပြည်သင်္ကြန်နှင့်အတူ နှစ်စဉ်ဧပြီလတွင်ကျင်းပနေကြ တိုကျိုသင်္ကြန်ပွဲတော်သည် ဧပြီ 15 ရက်(15.4.2012)တွင်ကျင်းပမည်ဟုမြန်မာ့ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဥက္ကဌ ဦးလှိုင်အေး က ပြောကြားခဲ့ပါသည်။
မြန်မာပြည်အလွမ်းပြေ ယိမ်းအကနှင့် ဒိုးပတ်သံများဖြင့် ဝေေ၀ဆာဆာမြူးမြူးကြွကြွ တင်ဆက်ထားသည်ကို တွေ့ ရမှာဖြစ်ပြီး မကြာမီအင်တာနက်စာမျက်နှာ များတွင် ဗွီဒီယို ဖြင့်တစ်ဝကြီး ကြည့်ရှု့နိုင်ရန်စီစဉ်လျက် ရှိပါသည်။ ယခုနှစ် တိုကျို သင်္ကြန်ပွဲတော်တွင်လည်း မင်္ဂလာဒိုးမှအဖွဲ့ ဝင် များဖြင့် ခြိမ့် ခြိမ့် သဲ ဖျော်ဖြေမည်ဖြစ်ပြီး
ဦးမျိုး သန့်  080 5063 2509 နှင့် ၊ ကိုထွန်းဝေ 080 3099 1503
kotunwai@gmail.com , tunwai.jp@gmail.com တို့  ထံ မေးမြန်း ဆက်သွယ်နိုင်ကြောင်း
သိရှိရပါတယ်။
ဗွီဒီယို.ရိုက်ကူးတည်းဖြတ် ကိုဇေယျာအောင်
ဗွီဒီယိုများ လင့်နှိပ်ပြီး အမြန်ယူကြပါရန်....
အားလုံးကို လေးစားချစ်ခင်လျက်
ထွန်းဝေ
Labels:
NLD,
OTHERS' NEWS
03 February 2012
Daw Aung San Suu Kyi's Feb 4-5 trip to Mandalay has been cancelled!
တက်ကြွသော စုချစ်သူများက မန္တလေးမြို့တွင်း ဤကဲ့သို့ နှိုးဆော်စာများ ကြိုတင် ဖြန့်ဝေခဲ့သော်လည်း...
| From San & Suu |
ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေး လူထုဟောပြောပွဲအတွက် ဤကဲ့သို့ အသိပေးစာများ ကြိုတင်ပုံနှိပ်ထားသော်လည်း...
| From San & Suu |
-----------ဆက်စပ်သတင်း-------------
ဒေါ်စု မန္တလေးခရီးစဉ် ရွှေ့ ဆိုင်း
By သားညွန့်ဦး | ၀ါရှင်တန် ဒီစီ
http://www.voanews.com/burmese/news/02-02-2012-mandalaysuu-138569609.html
ဖေဖ၀ါရီလ ၂၊ ၂၀၁၂။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့် ဖေဖ၀ါရီလ ၄ရက်နဲ့ ၅ ရက်မှာ မန္တလေးကို သွားရောက်ပြီး၊ မန္တလေး ပြည်သူလူထုနဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ တွေ့ဆုံဖို့နေရာတွေ ကြိုတင်စီစဉ်ရာမှာ အခက်အခဲမျိုးစုံတွေ ကြုံတွေ့ရပြီးတဲ့နောက်၊ လူထုစုဝေးပွဲလုပ်ဖို့နေရာ မရတာကြောင့် အခုလို ခရီးစဉ်ဖျက်သိမ်းလိုက်ရတာလို့ သိရပါတယ်။ ကိုသားညွန့်ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
“ဟုတ်ပါတယ်ခင်ဗျ။ ကျနော်တို့ အခု စီစဉ်ထားတဲ့ ခရီးစဉ်ကို ဖျက်လိုက်ပါတယ်။ ရက်ရွှေ့တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ၄ ရက်နေ့ သွားမယ်ဆိုတဲ့ ခရီးစဉ်ကတော့ မသွားဖြစ်တော့ဘူး။”
ဘာကြောင့် လဲခင်ဗျား အခြားအကြောင်းအရာတွေများ ရှိပါသလား အခက်အခဲ တစုံတရာ
“ကျနော်တို့က ကော်မရှင်ကို ၁၀ ရက်ကြိုပြီးတော့ စည်းမျဉ်းအတိုင်း တင်ပါတယ်။ ပြီးတော့ ကျနော်တို့ကလည်း လူထုပရိသတ်ကို လမ်းပိတ်ဆို့မှုတွေ ဘာတွေ မဖြစ်စေချင်တဲ့အတွက်ကြောင့်၊ မန္တလေး လူထုပရိသတ်အကြောင်းလည်း ကျနော်တို့သိတယ်လေ။ ဒေါ်စုကလည်း မရောက်တာကြာတော့ တခဲနက် ကြိုကြမှာ။ လမ်းတွေ ပိတ် ဘာပိတ်ဆိုတော့ သူတို့လည်းပဲ မကောင်းဘူး အခက်အခဲဖြစ်ကုန်မယ်ဆိုပြီးတော့၊ ကျနော်တို့ က ဗထူးကွင်းကို တောင်းပါတယ်။ ပထမ ရမလိုလို ဘာလိုလို ပြောတော့ ကျနော်တို့က ရန်ကုန်က Football အဖွဲ့ချုပ်ပေါ့ဗျာ၊ ကိုဇော်ဇော်တို့ကို ကျနော်ကိုယ်တိုင် လျှောက်လွှာတွေဘာတွေ တင်ထားပါတယ်။ ရက်နီးတော့မှ ကော်မရှင်က ကျနော်တို့ကို ခေါ်ပြီးတော့ ခင်ဗျားတို့ ကွင်းရရင် ပေးမယ်တဲ့ အဆင်သင့်ပဲတဲ့။ ကွင်းသွားပြောတဲ့အခါကျတော့လည်း ကော်မရှင်က ခွင့်ပြုချက်ယူသာလာခဲ့ ကျနော်တို့က အဆင်သင့်ပဲ ဆိုတဲ့အခါကျတော့ အဲလိုနဲ့ပဲ ရက်တွေက တနေ့ထက်တနေ့ သူ့လွှဲသလို ငါလွှဲသလိုလိုနဲ့ အဆင်မပြေဘူးဗျ အဲလိုဖြစ်တယ်။”
“မနေ့က ကျတော့ ကျနော်တို့ ရက်လည်း မရှိတော့ပါဘူး။ ပြင်ဆင်ချိန်နဲ့ဘာနဲ့ ကျနော်တို့လည်းပဲ စီစဉ်ပါရစေလို့ ပြောတဲ့အခါကျတော့ ဗထူးကွင်းက သူတို့လူကြီးတွေလာပြီး ကွင်းစစ်ဖို့ အစီအစဉ်ရှိလို့ ဆိုပြီး ကျနော်တို့ကို မပေးတော့ဘူး ပြောတယ်။ ပြောတဲ့အခါကျတော့ ကျနော်တို့က ဒါဖြစ်ရင် မန္တလေးတောင်ခြေက မန္တလေး အားကစားကွင်းပေါ့ဗျာ သွားရတာ လှမ်းပေမယ့်လို့ လုပ်ပါ့မယ် ကျနော်တို့ အဲဒီမှာပဲ မန္တလေးအားကစားကွင်းပေါ့။ အဲဒါ ချပေးပါပြောတော့ တိုင်းအားကာ လက်အောက်မှာရှိတယ်တဲ့။ အဲတော့ တိုင်းအားကာကို လျှောက်လွှာသွားတင်တယ်။ ၀န်ကြီးချုပ်ဆီ တင်မယ် ဘာမယ်ဆို ယူသွားပြီးတော့ တကယ့်တကယ်ကျတော့ မယ်မယ်ရရ အဖြေထွက်မလာဘူးဗျ။”
“ကော်မရှင်ကလည်း ခွင့်ပြုချက်က ၄၈နာရီ ကြိုပြီး ပေးရမှာဆိုတော့ အဆင်မပြေဘူးဖြစ်တော့ ကျနော်တို့က အခြား အဆင်ပြေတဲ့ ကွင်း တကွင်းကွင်း လုပ်ရမယ်ဖြစ်တော့ ရတနာပုံကွင်းကို ရဖို့ ကြိုးစားတော့လည်း၊ မန္တလေး FC က ကျနော်တို့ကို မပေးနိုင်ဘူးလို့ အကြောင်းပြန်တယ်ဗျ။ ကွင်းစီစဉ်ရတာ အခက်အခဲဖြစ်နေတယ် ကျနော်တို့မှာ။ ဒါဖြစ်ရင် ဖြစ်တဲ့ပုံစံပေါ့ ရှမ်းအသင်းကပိုင်တဲ့ကွင်းကတော့ ကျနော်တို့ကို ပိုက်ဆံနဲ့ ငှားတယ်ဗျ။ ကွင်းကဗျာ ဘောလုံးကွင်း တ၀က်စာလောက်ပဲ ရှိတော့ လူထုပရိသတ်လည်း အားနာရတယ်ဗျာ။ ဒါက သိပ်ပြီးတော့ အကျိတ်အနယ်တွေ ဖြစ်ကုန်ရင် မကောင်းဘူးပေါ့။ အဲဒါနဲ့ပဲ ဥက္ကဌက ကျနော်တို့ကို ရက်ရွှေ့မယ် နောက် ပြောင်းပြီး စီစဉ်မယ်ပေါ့ အဲလို ပြောင်းလိုက်တာပဲ။”
အဓိကကတော့ နေရာအခက်အခဲကြောင့် ရွှေ့ရတဲ့သဘောပေါ့။
“ဟုတ်ပါတယ်။ နေရာအခက်အခဲဖြစ်လို့ ရွှေ့ရတာပါ။”
သက်ဆိုင်ရာအာဏာပိုင်တွေဖက်က ဒီလိုနေရာအခက်အခဲဖြစ်အောင် ဖိအားတွေ ဘာတွေ ပေးတာမျိုးရော ကြားမိလား။
“ကျနော်ကိုယ်တိုင်တော့မဟုတ်ဘူးပေါ့။ မန္တလေးတိုင်းက တာဝန်ရှိသူတွေ ကိုယ်တိုင်သွားရတာပေါ့။ သူတို့ပြောတတွေ တယ်လီဖုန်းနဲပေါ့။ မနေ့ကဆိုရင် တနေကုန် စောင့်ပါဦးဆိုပြီး အစည်းအဝေးခန်းထဲမှာ ထိုင်စောင့်ခိုင်းတယ်ဗျာ။ လာမှာပါ ပေါ့လေ အထက်တင်ထားပါတယ်ဆိုပြီးတော့။ ညနေအထိ ဘာမှ အဖြေ မယ်မယ်ရရ မရတာမျိုးပေါ့။ ဒါကတော့ အဓိပ္ပါယ်က တမျိုးပေါ့၊ နဲနဲ အခက်အခဲတခုတော့ ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ထွက်တယ်ဗျ။”
ဘယ်တော့လောက် ပြန်သွားဖြစ်မလဲ၊ ပြန်သွားဖြစ်ဖို့ ကြိုးစားဖို့ ရှိပါလား။
“အဲဒါ ဥက္ကဌကတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းမှာ စဉ်းစား ဆုံးဖြတ်ပြီးတော့မှ စီစဉ်မယ်လို့ ပြောပါတယ်။ ရက်က အတိအကျ မပြောနိုင်သေးပါဘူး”
ဗထူးအားကစားကွင်း မရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ကို ဗွီအိုအေက ဆက်သွယ်ပေမယ့်၊ ဖုန်းဖြေကြားချက် မရခဲ့ပါဘူး။

PHOTOS
10 January 2012
Interview with Zaw Win Naing (Ban That Scene) - အဲဒီအခန်းဖြတ် ဇာတ်ကားမှ ဆင်ဆာဗိုလ်မှူး ဇော်ဝင်းနိုင်၏ စကား
ခံစားချက်ပါလာရင် ပိုလေးနက်လာတယ်
THE ART of FREEDOM FILM FESTIVAL လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်တွင် ပရိတ်သတ် အကြိုက်ဆုံး ဇာတ်ကားဆုရ ဒါရိုက်တာ ဝိုင်း ၏ "Ban That Scene - အဲဒီအခန်းဖြတ်" ဇာတ်ကားမှ ဆင်ဆာဗိုလ်မှူးအဖြစ်သရုပ်ဆောင်ခဲ့သူ ဇော်ဝင်းနိုင် ၏ စကား
(နံနက်ခင်း သတင်းဂျာနယ် Vol 3, No 431, Wed, 11, Jan, 2012 မှ ကူးယူမျှဝေသည်)
----------------------------
Ban That Scene - အဲဒီအခန်းဖြတ် ဇာတ်ကားအား ကြည့်ရှုခံစားရန်
http://youtu.be/tZ3gRbUTjjE
Labels:
OTHERS' NEWS
24 December 2011
NLD will publish "D-WAVE" News Bulletin Weekly
NLD ဒီလှိုင်း အပတ်စဉ် စာစောင်ထုတ်ဝေမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ပါတီမှတ်ပုံတင်ကျပြီးက "ဒီလှိုင်း" အမည်ရှိ အပတ်စဉ်စာစောင်ကို တနင်္လာနေ့တိုင်း ဖြန့်ချိထုတ်ဝေသွားမည်ဟု သိရသည်။ ပါတီအဖြစ် တည်ထောင်ခွင့်ရပြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့ပြီး မှတ်ပုံတင်ကျပြီးပါက ယင်းစာစောင်အား ထုတ်ဝေသွားမည်ဖြစ်သည။ ထိုစာစောင်အား မြန်မာသတင်းစာဆရာကြီးနှင့် NLD ဗဟိုကော်မတီဝင် ဟံသာဝတီဦးဝင်းတင်နှင့် စာရေးဆရာကြီး မောင်မိုးသူတို့မှ နာယကအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဦးအုန်းကြိုင်၊ မုံရွာအောင်ရှင်၊ ဖျာပုံနီလုံဦး၊ ငြိမ်းသစ်၊ နီမိုလှိုင်တို့က အယ်ဒီတာအဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဟု သိရသည်။ အဆိုပါစာစောင်၌ အယ်ဒီတာအဖြစ် ပါဝင်မည့် ဆရာငြိမ်းသစ်မှ "စာစောင်ရဲ့ နာမည်ကို "ဒီလှိုင်း"လို့ ပေးထားပါတယ်။ ဒီမိုကရေစီရဲ့ လှိုင်းတွေလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ အဲဒါ ထုတ်ဝေခွင့်ရတာနဲ့ ပြည်သူတွေ အကျိုးရှိစေဖို့ ကျွန်တော်တို့လည်း လုပ်မယ်။ သတင်းစာဆရာတွေနဲ့ စာရေးဆရာတွေလည်း ၀ိုင်းရေးကြလိမ့်မယ်" ဟု ပြောကြားခဲ့သည်။
ပါတီစာစောင်၌ ပါတီမူဝါဒနှင့် လှုပ်ရှားမှုများ၊ ပါတီစတင်တည်ထောင်စ ကာလမှ ယနေ့အထိ လုပ်ဆောင်မှုများ၊ ဆောင်ရွက်ချက်များ၊ ပါတီကိုယ်စားပြု၍ ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအကြောင်းနှင့် နိုင်ငံရေးပညာရှင်များ၏ နိုင်ငံရေးအတွေးအခေါ်သုံးသပ်ချက်များ ပါဝင်မည်ဟု သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သော ဦးအုန်းကြိုင်မှလည်း "ဒီစာစောင်ကို ပါတီမှတ်ပုံတင်ကျပြီးတာနဲ့ ထုတ်ဝေဖြန့်ချိသွားမှာပါ" ဟု ဒီဇင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။
ခန့်ခန့်(မောရ၀တီ)
{NEWS WATCH WEEKLY စောင့်ကြည့်သတင်းဂျာနယ်၊ အတွဲ(၇)၊ အမှတ်(၂၆)၊ ၂၇-၁၂-၂၀၁၁၊ အင်္ဂါ
မှ ကူးယူဖော်ပြသည်}

17 December 2011
Daw Aung San Suu Kyi's 2011 Timeline
2011 ဒေါ်အောင်ဆန်းစုကြည်၏ ထူးခြားမှတ်တမ်း
(၂၀-၁၂-၂၀၁၁ အင်္ဂါ ထုတ်
NEWS WATCH WEEKLY စောင့်ကြည့်သတင်းဂျာနယ်
အတွဲ (၇)၊ အမှတ် (၂၅)မှ ကူးယူဖော်ပြပါသည်)
![]() |
| From San & Suu |
![]() |
| From San & Suu |
NEWS WATCH WEEKLY စောင့်ကြည့်သတင်းဂျာနယ်၏ Email
newswatchjournal@gmail.com
Labels:
DAW AUNG SAN SU KYI,
OTHERS' NEWS
Subscribe to:
Posts (Atom)