Showing posts with label DAW AUNG SAN SU KYI. Show all posts
Showing posts with label DAW AUNG SAN SU KYI. Show all posts

10 November 2013

ကျွန်မ သမ္မတကြီး ဖြစ်ချင်တယ် (ခရမ်းပြာထက်လူ၏ ကဗျာ)


"ကျွန်မ သမ္မတကြီး ဖြစ်ချင်တယ်"

ကျွန်မကိုယ် ကျွန်မ ပန်းခင်းကြီးလို ပြင်ထားတယ်
ကျွန်မကိုယ် ကျွန်မ ထမင်းဝိုင်းကြီးလို ပြင်ထားတယ်
ကျွန်မကိုယ် ကျွန်မ ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးလို့လည်း ပြင်ထားတယ်

ကျွန်မကိုယ် ကျွန်မ စာအုပ်စင်ကြီးလို ပြင်ထားတယ်
ကျွန်မကိုယ် ကျွန်မ ကြယ်တာရာညီလာခံကြီးလို ပြင်ထားတယ်
ကျွန်မကိုယ် ကျွန်မ စက်ဝိုင်းတစ်ခုအလယ်မှာ
ဓားပေါက်ခံရပ်နေတဲ့ မိန်းမတစ်ယောက်လိုလည်း ပြင်ထားတယ်

ကျွန်မကိုယ် ကျွန်မ မြေမြှုပ်မိုင်းတွေ မွစာကျဲနေတဲ့
အရပ်မှာပေါက်နေတဲ့ ရွက်ကျပင်ပေါက်တွေလို သဘောထားပြီး
ကျွန်မကိုယ် ကျွန်မ နေ့နဲ့ည မှားအိပ်နေရတဲ့
မီးပြတိုက်တစ်ခုလိုလည်း ကျင့်ထားတယ်။

ရှင်တို့ရှို့လိုက်တဲ့မီး
ကျွန်မမြားရဲ့ နောက်မြီးအဖျားမှာ ဟုန်းဟုန်းတောက်လောင်နေပါစေ
ကျွန်မရဲ့ ဦးတည်ချက်ပစ်မှတ်ဟာ ဘယ်တော့မှမလွဲ
ဂြိုဟ်တုတစ်စင်းနောက်မှာ ပန်းထွက်ကျန်ရစ်ခဲ့တဲ့ မီးစတွေလို
အဲ့ဒါဟာ ကျွန်မကို ပိုပြီးခွန်အားဖြစ်စေခဲ့။

ကလေးတွေ စပြီးဖွင့်လိုက်တဲ့ စာမျက်နှာဟာ
ကျွန်မအကြောင်းနဲ့ စ ရမယ်လို့ ရှင်တို့ထင်နေလား
အချစ် သို့မဟုတ် ကမ္ဘာကြီး သို့မဟုတ်
ရှေ့ကချိုင့်ခွက်ထူ လူသွားလမ်းလေးကို ကျောင်းဆင်းရင်ပြင်ကြစို့
ဒါနဲ့ စမယ်။

ကျွန်မကိုယ်တိုင် မာသာထရီဇာလို ပြင်ထားပြီး
ဒိုင်ယာနာမင်းသမီးလိုလည်း ဆင်ထားမယ်။

ကျွန်မတို့အိမ်မှာ ဘာတွေလိုနေလဲ
သူတို့ဘာကြောင့် လူတစ်ပိုင်းနတ်တစ်ပိုင်းဖြစ်နေကြသလဲ
သူတို့ဘာကြောင့် ယဉ်ကျေးကြသလဲ
သူတို့ရဲ့ ဦးခေါင်းတွေဖွင့်ကြည့်ဖို့
သူတို့ရဲ့ ပျော်ရွှင်မှုတွေကို သုတေသနလုပ်ဖို့။

သေနတ်တွေ ဗုံးတွေ အကြမ်းဖက်မှုတွေကြားထဲက တောင်သူတို့
ဘာလို့ အင်္ဂါဂြိုဟ်သွားလက်မှတ်တွေ
အလုအယက်ဝယ်နေကြတာလဲ။

ကျွန်မဟာ မိတ်ဖွဲ့ရမယ်
ကျွန်မတို့အိမ်အတွင်း လိုတိုးပိုလျှော့လုပ်ဖို့
ကျွန်မ လမ်းလျှောက်ထွက်ရမယ်။
စကြ၀ဠာထဲကနေ ကမ္ဘာကို ပြန်ကြည့်သလို
ကမ္ဘာထဲကနေ ကျွန်မတို့မြန်မာပြည်ကို ပြန်ကြည့်ရအောင်ပေါ့။
ကျွန်မ လမ်းလျှောက်ထွက်ရမယ်။

ကျွန်မ ကျောသားရင်သားမခွဲပေမယ့်
အမှန်တရားကိုတော့ ရအောင်ခွဲရမယ်။

ပုလင်းထဲကလာတဲ့ ဥပဒေနဲ့
ပါးစပ်ထဲကအန်ကျလာတဲ့ ပုဒ်မတွေကြားမှာ
ရှင်တို့ ကျွန်မတို့ ဘယ်လောက်ညစ်ပတ်နံစော် အော်ဂလီဆန်ခဲ့ရပြီဆိုတာ
ကျွန်မကိုယ်တိုင် သိခဲ့ရတာပဲ။

ကျွန်မကိုယ် ကျွန်မ
သတင်းဆာနေသူ ရှင်တို့အတွက်
သတင်းအမှန်ရဖို့ သတင်းစာအပြင်ဘက်မှာ ရပ်နေပါတယ်။

ကျွန်မအလုပ်တွေ များပါတယ်
ကျွန်မမှာ ကာလီမမယ်တော်လို လက်တွေအများကြီးမရှိသလို
ဒဿဂီရိလို ခေါင်းတွေလည်း အများကြီးမရှိတော့
ရှင်တို့နဲ့ အများကြီးအကြာကြီး မတွေ့နိုင်ဘူးပေါ့။

ရှင်တို့ သိပါတယ် ကျွန်မတစ်ယောက်တည်း
မျက်နှာချင်းဆိုင်ရမှာလည်း တစ်ယောက်တည်း
ဘေးချင်းယှဉ်လျှောက်ရမှာလည်း တစ်ယောက်တည်း
ကျွန်မက တစ်ယောက်တည်းရှင့်
ကျွန်မကလေးတွေက မုန့်ဖိုးကောင်းကောင်းလိုချင်တယ်
စမတ်ကျကျနေချင်တယ်
ကျောင်းမှာ ခုံကောင်းကောင်းနဲ့ ထိုင်ချင်တယ်
စာတော့ မကြိုးစားချင်ကြဘူး။
ကျွန်မက တစ်ယောက်တည်းရှင့်။

ကြယ်တွေ မရှိတော့လည်း ညက မကြွပြန်ဘူး
ကြယ်တွေ မရှိတော့လည်း ညက မလုံခြုံပြန်ဘူး
ကျွန်မကိုယ် ကျွန်မ လမင်းကြီးလို ပြင်ထားတယ်။

ကျွန်မကိုယ်ကျွန်မ ဒီနှစ်တွေမှာ စစ်မဖြစ်ဖို့ ပြင်ထားတယ်
တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ခဲ့ပြီလေ
အခါအခါသေဖူးတဲ့လူတစ်ယောက်
ငရဲကိုတော့ နားလည်ရတော့မှာပေါ့။

ကျွန်မအာဏာလိုချင်တယ်
ရှင်တို့လက်ထဲကို အပ်မလို့။

အဲ့ဒီအာဏာနဲ့ အချိန်မရွေး
ကျွန်မကိုလည်း ဖြုတ်ချရင်ဖြုတ်ချနိုင်အောင်လို့
ဒါကြောင့် ကျွန်မမှော်ဆရာ မဖြစ်ချင်ဘူး
သမ္မတကြီးပဲ ဖြစ်ချင်တယ်
မှော်ဆရာတွေကို မွေးပြီး
မှော်ဆန်တဲ့ နိုင်ငံကြီး တည်ဆောက်လိုက်ချင်လို့ ။         ။

ခရမ်းပြာထက်လူ

13 July 2013

Kyaw Soe Linn, A Driver Who Saved The Life of Aung San Suu Kyi in Depayin Massacre


၂၀ဝ၃။ မေလ ၃၀ ရက်။ ဒီပဲယင်း လုပ်ကြံခံရမှုကြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကားကို မောင်းနှင်သူ။
လုပ်ကြံသတ်ဖြတ်သူ လူယုတ်မာ စစ်အဆိုးရဘက်တော်သားများ ပိတ်ဆို့ ဝန်းရံ တိုက်ခိုက်နေသည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည်၏ အသက်အား လွတ်မြောက်အောင် ကယ်တင်သူ။
ထိုစဉ်က ဒုတိယနှစ် ဥပဒေကျောင်းသား။ ယခု ရှေ့နေ။ မန္တလေးသား။
ကိုကျော်စိုးလင်း။

(ဓာတ်ပုံအား "ဒီပဲယင်း လုပ်ကြံမှုရှင်းတမ်း" စာအုပ်မှ ရယူပါသည်)

27 April 2013

ဦးသိန်းစိန် ဝေ့လည်ကြောင်ပတ်လုပ်နေခြင်း ကိစ္စ


သို့/-

ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ

ရက်စွဲ။ ၂၄၊ ၄၊ ၂၀၁၃

အကြောင်းအရာ။ ။ အဆွေတော် မဖြေရှင်းဘဲ ဝေ့လည်ကြောင်ပတ်လုပ်နေခြင်း ကိစ္စ။

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ပြောရမည်ဆိုလျှင် အဆွေတော်သည် အောက်ပါကိစ္စရပ်များအား အဘယ်ကြောင့် သိသိကြီးနှင့် မဖြေရှင်းဘဲ (မဖြေရှင်းရဲဘဲ) လွှတ်ထားရပါသနည်း။

၁။ တပ်မတော်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသော ဗိုလ်အဆင့်မှစ၍ အထက်အဆင့်အရာရှိများသည် ပေးထားသည့်လစာထက် ဆပေါင်းများစွာပိုမိုသော ၀င်ငွေများ ဆက်လက်ရရှိနေကြခြင်း။ (ကျရာ ဌာနအလိုက် ပိုရတာ/ပိုပိုပြီးရတာ/မရတာသာ ကွာ၏)
၂။ ၀န်ထမ်းလောကအတွင်း လာဘ်ပေးလာဘ်ယူကိစ္စများ၊ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားလုပ်နေမှုများ ပိုနေမြဲ ကျားနေမြဲ ဆက်လက်တည်ရှိနေခြင်း။
၃။ အခြေခံဝန်ထမ်းများခင်မျာ လစာ နှင့် မလောက်င၍ ၀မ်းရေးခက်နေခြင်း။ (နှစ်သောင်းကျပ်တိုးပေးမည်ဆိုသော်လည်း ရယ်ဖွယ်မျှသာ)
၎။ ၀န်ထမ်းများသည် သူ၏ ၀န်ထမ်းလစာသက်သက်ဖြင့် မိသားစု ဘ၀ မရပ်တည်နိုင်၍ အပိုဝင်ငွေရမည့် အခြားအလုပ်များအတွက် အချိန်ပေး အလုပ်လုပ်နေရသောကြောင့် တာဝန်ချိန်တွင် အာရုံစူးစိုက်မှုကျဆင်းခြင်း။
၎။ လာဘ်ပေးလာဘ်ယူကိစ္စများအတွင်း စီးဆင်းနေသော ငွေပမာဏနှင့် ၀န်ထမ်းအားလုံးအား လောက်ငသော လစာငွေပေးလိုက်လျှင် ကုန်ကျမည့် ငွေပမာဏတို့အား အချိုးချကြည့်လျှင် အတူတူပင်ဖြစ်သည်ကို သိလျက်သားနှင့် အဆွေတော်က မသိချင်ယောင် ဆောင်နေခြင်း။ မကိုင်တွယ်ခြင်း။
၅။ အချို့သောသူများသည် ဘာသာရေးနွယ်သည့် ပဋိပက္ခများအား အွန်လိုင်းကော အောက်လိုင်းမှာပါ ပေါ်တင်စိတ်ကြိုက် ဖန်တီးခွင့်ရနေကြခြင်း။
၆။ တရားဥပဒေစိုးမိုးရေးစကားလုံးသည် စကားလုံးမည်ကာမတ္တမျှသာ ရှိနေသေးခြင်း။
၇။ စသည်။

ညိုကြီး
အယ်ဒီတာချုပ်
http://bigbbrown.blogspot.com/

(ဟီးဟီး လူရှိန်အောင် ရာထူးတွေဘာတွေ ထည့်ကြည့်တာ။ ကိုယ့်ရေးတဲ့ Blog မှာ ကိုယ်အယ်ချုပ်ပဲဟာ။ နော့။)

မိတ္တူကို-
၁။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
၂။ ဦးရွှေမန်း
၃။ ဒေါ်အောင်ဆန်းစုကြည်
၎။ လွှတ်တော်အမတ်ဆိုသူများအားလုံး
၅။ နိုင်ငံရေးပါတီဆိုသည်များအားလုံး
၆။ မြန်မာနိုင်ငံသားအားလုံး


============================
Photo Credit to (AP Photo/Khin Maung Win) and www.thenation.com.

05 March 2013

Submission of Evidence to Myanmar Government’s Letpadaung Investigation Commission

Submission of Evidence to Myanmar Government’s Letpadaung Investigation Commission Lawyers 

DEDICATION:
Re Borne on Letpadaung Hill
99 monks sitting steadfast in circles,
One heart beating true for land-loving peoples,
Channeling the power of powerlessness,
Flutt’ring on butterfly-wings of compassion,
Chanting peace sutras under fire-bombs flying,
Tossed like sticks amist storms of secret suff’ring,
Flames and flesh, blood and water, inter-mingling,
Just! – As an all-mighty oceans’ ceaseless roar! –
Can such devotion ever be defeated?


Lawyers Network and Justice Trust 

(submitted on 28 January, 2013, re-submitted with exhibits on 1 February)

This information was gathered in December-January through site visits to the area and numerous interviews with affected persons from incidents at the Letpadaung copper mine conflict.

01 November 2012

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်


နိုင်များ

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်
ရန်ကုန်မြို့  ကြီး အာရှ အလှဆုံးမြို့  ကြီး ဖြစ်နိုင်
ကမ္ဘာကြီး မကြာမီ ငြိမ်းချမ်းရေး ရနိုင်
မည်သူမဆို ကြိုးစား ဘုရား ဖြစ်နိုင်

သုခမိန်လှိုင်
3 Oct 2012

Mandalay ICON Magazine, Vol 4, No 12, Nov, 2012

03 March 2012

ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ဓာတ်ပုံများ - Mother Suu's Mandalay Trip (Photos)

ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ဓာတ်ပုံများ

From Daw Aung San Suu Kyi in Mandalay

အခြားပုံများကို အောက်က လင့်ခ်မှာ သွားကြည့်ပါ။

https://picasaweb.google.com/116723507462397308445/DawAungSanSuuKyiInMandalay?authuser=0&feat=directlink





ညိုကြီး
ရိုက်ကူးတင်ဆက်သည်

Facebook မှာလည်း တင်ထားပါတယ်။
www.facebook.com/nyogyi

https://www.facebook.com/media/set/?set=a.384773418199590.97020.100000008066345&type=3

02 March 2012

ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် မန္တလေးသားများကို မှတ်တမ်းတင်ထားရန် အာဏာပိုင်များအဆင့်ဆင့် ညွှန်ကြား

ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် မန္တလေးသားများကို မှတ်တမ်းတင်ထားရန် အာဏာပိုင်များအဆင့်ဆင့် ညွှန်ကြား

From San & Suu


ပြီးခဲ့သော ရက်များအတွင်း တစ်နေ့သ၌ ကျွန်ုပ်၏ မိတ်ဆွေတစ်ဦး မန္တလေးမြို့ပေါ်က ရဲစခန်းတစ်ခုအတွင်း အမှတ်မထင် ရောက်ရှိနေခိုက် ရဲအချင်းချင်း (သို့မဟုတ်) ရဲမှ ရပ်ကွက်ရုံး (သို့မဟုတ်) ရဲမှ စစ်ကြံ့ဖွံ့ထောက်လှမ်းရေး သတင်းပေးတစ်ဦးဦးအား ဖုန်းဖြင့် ညွှန်ကြားပြောဆိုနေသည့်အသံကို ကြားခဲ့ရရာ အကြောင်းအရာမှာ ဤသို့ဖြစ်၏။

"၂ဝ၁၂ ခုနှစ်၊ မတ်လ၊ ၃ - ၄ ရက်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ရှိ၏။ ဒေါ်အောင်ဆန်းစုကြည် မန္တလေးမှာ ရှိနေစဉ်အတွင်း သူမအားထောက်ခံသည့် အိမ်များက ဆိုင်းဘုတ်၊ ပိုစတာ၊ စာတမ်းများ တင်ကြလိမ့်မည်။ အဆိုပါ အိမ်များကို စာရင်းပြုစု၊ မှတ်တမ်းတင်ထားရန်"

ဟူသတည်း။

မန္တလေးမှ ရဲစခန်းတိုင်း၊ ရပ်ကွက်အာဏာပိုင်တိုင်း၊ စစ်ကြံ့ဖွံ့သတင်းပေးတိုင်း အနှီ တာဝန်ကို ယူကာ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့်မန္တလေးအိမ်များစာရင်းကို စောင့်ကြည့်ရယူကြမည့်သဘောရှိ၏။

(လက်ရှိ နိုင်ငံတော် သမ္မတဆိုသူက အတည်ပေါက် နားဝင်ချိုစည်းရုံး-အပြစ်ကာ စကားတွေကို မိန့်ခွန်းဆိုပြီး ပြောလိုက်။ သူ့အောက်က သူ့လူတွေက အရင်စတိုင်မပြောင်း၊နည်းညစ်နည်းဟောင်းတွေ သုံးလိုက်နဲ့ ပြဇာတ်ထဲမှာ ရှေ့ကဇာတ်လိုက် သေနတ်ပစ်ပြတာကိုကန့်လန့်ကာ နောက်ကလူက ဗျောက်သံပေးဖို့ မေ့သလိုမျိုးဖြစ်နေပြီဗျို့။

ကဲ... မန္တလေးသားတွေဘာလုပ်ကြမလဲ။ ဒီသတင်းကို မျှဝေတာက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့နေရာမှာ မန္တလေးသားတွေ ရွံ့သွားစေဖို့၊ တွန့်သွားစေဖို့ လုံးဝ မဟုတ်ပါဘူး။ စစ်ကြံ့ဖွတ်အဆိုးရကတော့ ဒီလို ဒီလို ကြိုတင် ကြံစည်ပြင်ဆင်ထားကြပြီ...ဆိုတာ သိစေချင်လို့ပါ။ ဒီသတင်းကို သိရပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် လာတဲ့အခါ မန္တလေးသားတွေ ဘာလုပ်ကြမလဲ။)

ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံတဲ့နေရာမှာ "မကြောက်တမ်း မရွံ့တမ်း... မန်းသားတွေ အောင်ပန်း ဆွတ်ကြရပေမည်" ဆိုသည်ကိုဖြင့် ကျွန်ုပ်အနေနှင့် သံသယ တစိုးတစိမျှမရှိ၊ သေချာစွာ ယုံကြည်မိပါတော့သတည်း။ ။

(နားနှင့် ဆတ်ဆတ်ကြားခဲ့ရပြီး ပြန်လည် ဖောက်သည်ချသော မိတ်ဆွေကြီးအား ညိုကြီးက ဤစာနှင့်အတူ အလေးပြုလိုက်ရပေကြောင်း)

ညိုကြီး

၂.၃.၂၀၁၂

19 February 2012

အမေစုကို မန်းကျုံးဘေးမှာ မဏ္ဍပ်ထိုးပြီး ကြိုရအောင် - A Plan from Mandalay to Welcome Mother Suu

From San & Suu


ဒေါ်အောင်ဆန်းစုကြည် မန္တလေးကိုလာတဲ့အခါ
နန်းတော်ကျုံးဘေးပတ်လည်မှာ မဏ္ဍပ်တွေထိုးပြီး ကြိုဆိုကြရအောင် !

မန်းသင်္ကြန်လို ကျုံးဘေး ပတ်ပတ်လည်မှာ မဏ္ဍပ်တွေဆောက်။
ဒေါ်အောင်ဆန်းစုကြည်က ကျုံးဘေးတစ်နေရာမှာ အကြီးမား၊ အခမ်းနားဆုံး ဆောက်လုပ်ထားတဲ့ မဏ္ဍပ်ကြီး တစ်ခုပေါ်ကနေ မိန့်ခွန်းပြော။
ကျန်တဲ့ မဏ္ဍပ်တွေပေါ်မှာ Led TV ကြီးတွေ (ဒါမှမဟုတ်) Projector နဲ့ ပိတ်ကားစကြီးတွေထားပြီး ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောတာကို တိုက်ရိုက်ထုတ်လွှင့်ပြသ။
ကဲ...! တွေးကြည့်ရုံနဲ့တင် ဘယ်လောက်များ ကျေနပ်အားရစရာ ကောင်းလိုက်မတုန်း။

Nyo Gyi

06 February 2012

ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ(မန္တလေး) ကို ကြံ့ဖွတ်က ခြိမ်းခြောက် - USDP Attacks NLD's Art Show in Mandalay

မန္တလေး၌ NLD က ကြီးမှူးကျင်းပသည့် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ ကို ကြံ့ဖွတ်က ခြိမ်းခြောက်

From Pwint Thit Lwin Pyin Art Show (Mandalay, 2012)


မန္တလေး၊ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလ ဗိမာန်၌ ၂၀၁၂၊ ဖေဖော်ဝါရီ ၄၊ ၅၊ ၆ သုံးရက်တာ NLD က ကြီးမှူးကျင်းပပြီး ခင်းကျင်းပြသနေသည့် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ၏ တာဝန်ခံတစ်ဦးဖြစ်သူ ဦးကျော်မိုးသာ ၏ နေအိမ်ကို (၂၀၁၂၊ ဖေဖော်ဝါရီ၊ ၅) ရက် နံနက်အစောပိုင်းက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(အတိုကောက် - ကြံ့ဖွတ်)ပါတီမှ ဦးမြမောင် (လက်ဖက်ခြောက်လုပ်ငန်းပိုင်ရှင်၊ မန္တလေး) ဆိုသူ ရောက်လာပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကြားသိရပါသည်။

ကြံ့ဖွတ်မြမောင် လာရောက်ချိန်၌ ဦးကျော်မိုးသာသည် ၄င်း၏ နေအိမ်၌ မရှိပေ။ ဦးကျော်မိုးသာ၏ သားဖြစ်သူနှင့်သာ တွေ့ဆုံသွားပြီး အဆိုပါ ကြံ့ဖွတ်မြမောင်က ပြောဆိုသည်မှာ...
၁။ " ဒီကောင်မပုံတွေပဲ နေရာတကာတွေ့နေရတယ်။ မော်ဒယ်လ်ကျနေတာပဲ " ဟု နေအိမ်တွင်းချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပြက္ခဒိန်ပိုစတာများကို ကြည့်ပြီး ပြောဆိုခဲ့သည်ဆို၏။
၂။ အဆိုပါ ကြံ့ဖွတ် မြမောင်ကပင် ဆက်လက်၍ -
"ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲမှာ ဦးကျော်မိုးသာ၏ ပန်းချီကားရောင်းရသည်ကြားကြောင်း။ ပွင့်သစ်လွင်ပြင်ပန်းချီပြပွဲမှာ ရောင်းရသည့် ပန်းချီဆရာများ၏ နာမည်များစာရင်း၊ ၄င်းရောင်းရသည့်ပန်းချီကားများကို ၀ယ်ယူသွားသော ပန်းချီကားဝယ်ယူသူများစာရင်းနှင့် ၀ယ်ယူသူများ၏ နေရပ်လိပ်စာအတိအကျများ ရယူလိုကြောင်း"
ဆက်ပြောပြန်သည်ဆို၏။

အဆိုပါ ကြံ့ဖွတ်မြမောင်သည် ၄င်းနှင့် မသက်ဆိုင်ဘဲ NLD က ကြီးမှူးကျင်းပသည့် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲမှ ပန်းချီကားရောင်းရသူ ပန်းချီဆရာများနှင့် ပန်းချီးကားဝယ်ယူသူများစာရင်း(နေရပ်လိပ်စာအပါအ၀င်) တောင်းယူရသည့် အကြောင်းရင်းမှာ မည်သည့်ကြောင့်နည်း။

ပန်းချီဆရာများနှင့် ပန်းချီကားဝယ်ယူသူများကို ၄င်းတို့ ကြံ့ဖွတ်ပါတီက တစ်ခုခု လုပ်ပစ်ရန် ကြံစည်နေသလော...။ စဉ်းစားစရာ များစွာရှိလာရပေပြီ။
ဒီပဲယင်း နှင့် ၂၀၀၇ စက်တင်ဘာ အရေးအခင်းများတွင် ကြံ့ဖွတ်များ အသုံးပြုခဲ့သည့် လူသတ်၊ဖမ်း၊ခြိမ်းခြောက်သည့်နည်းလမ်းများကို ယခုလို လင်းပွင့်ရမည့် ခေတ်ရောက်သည်အထိ ကြံ့ဖွတ်ပါတီက အသုံးပြုနေသည်ကို မန္တလေးမှ အဆိုပါ ကြံ့ဖွတ်မြမောင်တို့လို လူစားမျိုးကိုကြည့်ကာ အကဲဖြတ်နိုင်ကြပါစေကုန်သတည်း။

သာဓု... သာဓု... သာဓု။

မန္တလေးမှ ပန်းချီချစ်သူတစ်ဦး

04 February 2012

Daw Aung San Suu Kyi sent a letter to Mandalay People

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ မန္တလေးပြည်သူလူထုထံသို့ အသိပေးပြောကြားချက်

နေ့စွဲ ။ ။ ၄-၂-၂၀၁၂
အချိန်။ ။ နေ့လည် ၁၁ နာရီ ၂၅ မိနစ်

From San & Suu


မန္တလေးပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကို လေးစားတန်ဖိုးထားသလို
မန္တလေးပြည်သူလူထုရဲ့ ရင့်ကျက်တဲ့ နိုင်ငံရေးအမြင်နဲ့
တည်ငြိမ်တဲ့ စိတ်ဓာတ်ကိုလည်း သိနေပါတယ်။

ခရီးစဉ်ကို ရွှေ့ပြောင်းလိုက်ရပေမယ့် အဆင်ပြေအောင်လုပ်တဲ့အခါမှာ
ဒီမိုကရေစီပြည်ထောင်စုမြန်မာနိုင်ငံ ခိုင်ခိုင်မာမာတည်ဆောက်လိုတဲ့
ပုဂ္ဂိုလ်အဖွဲ့အစည်းတွေအကြား ပိုမိုနားလည်မှုတွေ ရရှိလာမယ်လို့လည်း ယုံကြည်ပါတယ်။

မန္တလေးကို မူလကမှန်းထားတာထက် ပိုပြီးနောက်ကျမှ ရောက်လာရမှာမို့
ကျွန်မတို့နဲ့ ပြည်သူအကြား ပိုမိုမေတ္တာပွားပြီး ပိုမိုနွေးထွေးတဲ့ ပြန်လည်ဆုံဆည်းမှု ဖြစ်မယ်လို့
တထစ်ချ ယုံကြည်ပါတယ်။

မန္တလေးကို ရောက်မယ့်အချိန်ကို မျှော်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
ဥက္ကဌ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်မြို့
၎-၂-၂၀၁၂
၁၁ နာရီ ၁၂ မိနစ်

----------------------- ဆက်စပ်သတင်း -----------------------

ဒေါ်အောင်ဆန်းစုကြည်နှင့် မန္တလေးသူ၊ မန္တလေးသားများအကြား ကြံ့ဖွတ်စစ်အဆိုးရ သွေးခွဲနေ
(၄၊ ၂၊ ၂၀၁၂)

ဒီနေ့(၄.၂.၂၀၁၂) စနေနေ့ နံနက်ပိုင်းက မန္တလေးမြို့ပေါ်နေရာအချို့တွင် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်လာရောက်မည်ဆိုသော မန္တလေးရှိ ကွင်းအချို့အနီးတွင်လည်းကောင်း ( ဒေါ်အောင်ဆန်းစုကြည်ကို ၄.၂.၂၀၁၂ မန္တလေး မလာနိုင်အောင် ကြံ့ဖွတ်စစ်အဆိုးရက ကလိကမာကျကာ အကွက်ဆင်ထား၍ ) ဒေါ်အောင်ဆန်းစုကြည် မန္တလေးမလာဖြစ်သည်ကို မသိသေးသော စုချစ်သူများလာရောက် စောင့်ဆိုင်းမှုများရှိခဲ့သည်ဟု သိရသည်။

အချို့ စုချစ်သူများဆိုလျှင် နယ်ဝေးများမှ ကားများနှင့် အစောကြီးကတည်းက မန္တလေးမြို့ပေါ် တက်လာကာ မန္တလေးရောက်မှ စုမလာဖြစ်ကြောင်း သိရသည်ဟု ဆို၏။ မန္တလေးမှ နယ်ပြန်စရာ ရှိသူအချို့လည်း စုလာမည်ဆို၍ နယ်မပြန်သေးဘဲ စုကို အားပေးထောက်ခံကြိုဆိုရန် မန္တလေးမှာ နေရစ်ခဲ့သူများလည်း ရှိသည်ဆို၏။ အချို့ဆိုလျှင် စုလာမည့်ရက် (ဖေဖော်ဝါရီ ၄ ရက်၊ ၅ ရက်) မအားမရှိရအောင် အလုပ်များ အားအောင် ရွှေ့ဆိုင်းထား၊ အလုပ်ချိန်များ ရွှေ့ဆိုင်းထားရခြင်းများပင်ရှိသည်ဆို၏။

"ဖေဖော်ဝါရီ ၄ ရက်၊ ၅ ရက် မန္တလေးကို စုမလာဖြစ်တော့ဘူး" ဟု စုမလာဖြစ်သည်ကို မသိသေးသူများအား ပြောလိုက်လျှင် "ဟာ...ကွာ" ဟု စိတ်ပျက်လက်ပျက် ဖြစ်ကာ "ဒါဆို စု က မန္တလေးကို လာဖြစ်ဦးမှာလား။ ဘယ်တော့လာမှာလဲ" ဟုသာ ပြန်မေးတတ်ကြကြောင်းလည်း ကြားသိရပါသည်။

ညိုကြီး

-----------------------------------------------------

( အထက်ပါ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ မန္တလေးပြည်သူလူထုထံသို့ အသိပေးပြောကြားချက်
စာ-ဓာတ်ပုံ အား အရည်အသွေးမြင့်မြင့်နှင့် ဖိုင်ဆိုဒ်ကြီးကြီး ဒေါင်းလုပ်ရယူလိုသူများအတွက် 4.5 MB ပမာဏရှိသော ပုံအား

http://img291.imagevenue.com/img.php?image=370671309_DawAungSanSuuKyisentalettettoMandalayPeople_122_77lo.jpg

တွင် upload တင်ထားပါသည်။

ရှေ့ဆက်၊ ဆက်လက်၊ လက်တွဲ၊ တိုက်ပွဲဝင်ကြပါဦးစို့ !

ညိုကြီး )




03 February 2012

Daw Aung San Suu Kyi's Feb 4-5 trip to Mandalay has been cancelled!

တက်ကြွသော စုချစ်သူများက မန္တလေးမြို့တွင်း ဤကဲ့သို့ နှိုးဆော်စာများ ကြိုတင် ဖြန့်ဝေခဲ့သော်လည်း...

From San & Suu


ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေး လူထုဟောပြောပွဲအတွက် ဤကဲ့သို့ အသိပေးစာများ ကြိုတင်ပုံနှိပ်ထားသော်လည်း...

From San & Suu

-----------ဆက်စပ်သတင်း-------------

ဒေါ်စု မန္တလေးခရီးစဉ် ရွှေ့ ဆိုင်း


By သားညွန့်ဦး | ၀ါရှင်တန် ဒီစီ
http://www.voanews.com/burmese/news/02-02-2012-mandalaysuu-138569609.html

ဖေဖ၀ါရီလ ၂၊ ၂၀၁၂။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့် ဖေဖ၀ါရီလ ၄ရက်နဲ့ ၅ ရက်မှာ မန္တလေးကို သွားရောက်ပြီး၊ မန္တလေး ပြည်သူလူထုနဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ တွေ့ဆုံဖို့နေရာတွေ ကြိုတင်စီစဉ်ရာမှာ အခက်အခဲမျိုးစုံတွေ ကြုံတွေ့ရပြီးတဲ့နောက်၊ လူထုစုဝေးပွဲလုပ်ဖို့နေရာ မရတာကြောင့် အခုလို ခရီးစဉ်ဖျက်သိမ်းလိုက်ရတာလို့ သိရပါတယ်။ ကိုသားညွန့်ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

“ဟုတ်ပါတယ်ခင်ဗျ။ ကျနော်တို့ အခု စီစဉ်ထားတဲ့ ခရီးစဉ်ကို ဖျက်လိုက်ပါတယ်။ ရက်ရွှေ့တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ၄ ရက်နေ့ သွားမယ်ဆိုတဲ့ ခရီးစဉ်ကတော့ မသွားဖြစ်တော့ဘူး။”

ဘာကြောင့် လဲခင်ဗျား အခြားအကြောင်းအရာတွေများ ရှိပါသလား အခက်အခဲ တစုံတရာ

“ကျနော်တို့က ကော်မရှင်ကို ၁၀ ရက်ကြိုပြီးတော့ စည်းမျဉ်းအတိုင်း တင်ပါတယ်။ ပြီးတော့ ကျနော်တို့ကလည်း လူထုပရိသတ်ကို လမ်းပိတ်ဆို့မှုတွေ ဘာတွေ မဖြစ်စေချင်တဲ့အတွက်ကြောင့်၊ မန္တလေး လူထုပရိသတ်အကြောင်းလည်း ကျနော်တို့သိတယ်လေ။ ဒေါ်စုကလည်း မရောက်တာကြာတော့ တခဲနက် ကြိုကြမှာ။ လမ်းတွေ ပိတ် ဘာပိတ်ဆိုတော့ သူတို့လည်းပဲ မကောင်းဘူး အခက်အခဲဖြစ်ကုန်မယ်ဆိုပြီးတော့၊ ကျနော်တို့ က ဗထူးကွင်းကို တောင်းပါတယ်။ ပထမ ရမလိုလို ဘာလိုလို ပြောတော့ ကျနော်တို့က ရန်ကုန်က Football အဖွဲ့ချုပ်ပေါ့ဗျာ၊ ကိုဇော်ဇော်တို့ကို ကျနော်ကိုယ်တိုင် လျှောက်လွှာတွေဘာတွေ တင်ထားပါတယ်။ ရက်နီးတော့မှ ကော်မရှင်က ကျနော်တို့ကို ခေါ်ပြီးတော့ ခင်ဗျားတို့ ကွင်းရရင် ပေးမယ်တဲ့ အဆင်သင့်ပဲတဲ့။ ကွင်းသွားပြောတဲ့အခါကျတော့လည်း ကော်မရှင်က ခွင့်ပြုချက်ယူသာလာခဲ့ ကျနော်တို့က အဆင်သင့်ပဲ ဆိုတဲ့အခါကျတော့ အဲလိုနဲ့ပဲ ရက်တွေက တနေ့ထက်တနေ့ သူ့လွှဲသလို ငါလွှဲသလိုလိုနဲ့ အဆင်မပြေဘူးဗျ အဲလိုဖြစ်တယ်။”

“မနေ့က ကျတော့ ကျနော်တို့ ရက်လည်း မရှိတော့ပါဘူး။ ပြင်ဆင်ချိန်နဲ့ဘာနဲ့ ကျနော်တို့လည်းပဲ စီစဉ်ပါရစေလို့ ပြောတဲ့အခါကျတော့ ဗထူးကွင်းက သူတို့လူကြီးတွေလာပြီး ကွင်းစစ်ဖို့ အစီအစဉ်ရှိလို့ ဆိုပြီး ကျနော်တို့ကို မပေးတော့ဘူး ပြောတယ်။ ပြောတဲ့အခါကျတော့ ကျနော်တို့က ဒါဖြစ်ရင် မန္တလေးတောင်ခြေက မန္တလေး အားကစားကွင်းပေါ့ဗျာ သွားရတာ လှမ်းပေမယ့်လို့ လုပ်ပါ့မယ် ကျနော်တို့ အဲဒီမှာပဲ မန္တလေးအားကစားကွင်းပေါ့။ အဲဒါ ချပေးပါပြောတော့ တိုင်းအားကာ လက်အောက်မှာရှိတယ်တဲ့။ အဲတော့ တိုင်းအားကာကို လျှောက်လွှာသွားတင်တယ်။ ၀န်ကြီးချုပ်ဆီ တင်မယ် ဘာမယ်ဆို ယူသွားပြီးတော့ တကယ့်တကယ်ကျတော့ မယ်မယ်ရရ အဖြေထွက်မလာဘူးဗျ။”

“ကော်မရှင်ကလည်း ခွင့်ပြုချက်က ၄၈နာရီ ကြိုပြီး ပေးရမှာဆိုတော့ အဆင်မပြေဘူးဖြစ်တော့ ကျနော်တို့က အခြား အဆင်ပြေတဲ့ ကွင်း တကွင်းကွင်း လုပ်ရမယ်ဖြစ်တော့ ရတနာပုံကွင်းကို ရဖို့ ကြိုးစားတော့လည်း၊ မန္တလေး FC က ကျနော်တို့ကို မပေးနိုင်ဘူးလို့ အကြောင်းပြန်တယ်ဗျ။ ကွင်းစီစဉ်ရတာ အခက်အခဲဖြစ်နေတယ် ကျနော်တို့မှာ။ ဒါဖြစ်ရင် ဖြစ်တဲ့ပုံစံပေါ့ ရှမ်းအသင်းကပိုင်တဲ့ကွင်းကတော့ ကျနော်တို့ကို ပိုက်ဆံနဲ့ ငှားတယ်ဗျ။ ကွင်းကဗျာ ဘောလုံးကွင်း တ၀က်စာလောက်ပဲ ရှိတော့ လူထုပရိသတ်လည်း အားနာရတယ်ဗျာ။ ဒါက သိပ်ပြီးတော့ အကျိတ်အနယ်တွေ ဖြစ်ကုန်ရင် မကောင်းဘူးပေါ့။ အဲဒါနဲ့ပဲ ဥက္ကဌက ကျနော်တို့ကို ရက်ရွှေ့မယ် နောက် ပြောင်းပြီး စီစဉ်မယ်ပေါ့ အဲလို ပြောင်းလိုက်တာပဲ။”

အဓိကကတော့ နေရာအခက်အခဲကြောင့် ရွှေ့ရတဲ့သဘောပေါ့။

“ဟုတ်ပါတယ်။ နေရာအခက်အခဲဖြစ်လို့ ရွှေ့ရတာပါ။”

သက်ဆိုင်ရာအာဏာပိုင်တွေဖက်က ဒီလိုနေရာအခက်အခဲဖြစ်အောင် ဖိအားတွေ ဘာတွေ ပေးတာမျိုးရော ကြားမိလား။

“ကျနော်ကိုယ်တိုင်တော့မဟုတ်ဘူးပေါ့။ မန္တလေးတိုင်းက တာဝန်ရှိသူတွေ ကိုယ်တိုင်သွားရတာပေါ့။ သူတို့ပြောတတွေ တယ်လီဖုန်းနဲပေါ့။ မနေ့ကဆိုရင် တနေကုန် စောင့်ပါဦးဆိုပြီး အစည်းအဝေးခန်းထဲမှာ ထိုင်စောင့်ခိုင်းတယ်ဗျာ။ လာမှာပါ ပေါ့လေ အထက်တင်ထားပါတယ်ဆိုပြီးတော့။ ညနေအထိ ဘာမှ အဖြေ မယ်မယ်ရရ မရတာမျိုးပေါ့။ ဒါကတော့ အဓိပ္ပါယ်က တမျိုးပေါ့၊ နဲနဲ အခက်အခဲတခုတော့ ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ထွက်တယ်ဗျ။”

ဘယ်တော့လောက် ပြန်သွားဖြစ်မလဲ၊ ပြန်သွားဖြစ်ဖို့ ကြိုးစားဖို့ ရှိပါလား။

“အဲဒါ ဥက္ကဌကတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းမှာ စဉ်းစား ဆုံးဖြတ်ပြီးတော့မှ စီစဉ်မယ်လို့ ပြောပါတယ်။ ရက်က အတိအကျ မပြောနိုင်သေးပါဘူး”

ဗထူးအားကစားကွင်း မရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ကို ဗွီအိုအေက ဆက်သွယ်ပေမယ့်၊ ဖုန်းဖြေကြားချက် မရခဲ့ပါဘူး။

30 January 2012

When Daw Aung San Suu Kyi comes to Mandalay... (ထားဝယ်ကတော့ မန္တလေးကို စိန်ခေါ်လိုက်ပြီ !)

From General Knowledge


ထားဝယ်ကတော့ မန္တလေးကို စိန်ခေါ်လိုက်ပြီ !

(၂၉.၁.၂၀၁၂)
ဒေါ်အောင်ဆန်းစုကြည်ကို ထားဝယ်မြို့က ဒီလို ကြိုဆိုထောက်ခံခဲ့တယ်။
(၄.၂.၂၀၁၂) (၅.၂.၂၀၁၂)
ဒေါ်အောင်ဆန်းစုကြည် မန္တလေးကို လာမယ်။
မန္တလေးမြို့က ဘယ်လိုကြိုဆို ထောက်ခံမှာလဲ ?

20 January 2012

Mandalay Cartoon Exhibition 2012 - မန္တလေးကာတွန်းပြပွဲ ၂၀၁၂ (ကာတွန်းများနှင့် သတင်းဗွီဒီယို)

မန္တလေးတိုင်းဒေသကြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော
မြန်မာကာတွန်းဆရာများ၏ ကာတွန်းပြပွဲ

သတင်းဗွီဒီယို

Mandalay Cartoon Exhibition 2012 (Video)



Joke for All
All for Joke

နေရာ - မန္တလေးမြို့၊ ၂၆ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ ပဒုမ္မာ ခန်းမ

နေ့ရက် - ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ (၂၀၊ ၂၁၊ ၂၂)ရက်များ

အချိန် - နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ

ဒါရိုက်တာ ညိုကြီး

------------------------------------------------------------------

ကာတွန်းများ

Mandalay Cartoon Exhibition 2012 (Cartoons)

အောက်က အင်တာနက်လိပ်စာမှာ ကာတွန်းပုံ ၂၈ ပုံ တင်ထားပါတယ်။

https://picasaweb.google.com/bigbbrown/MandalayCartoonExhibition2012?authuser=0&feat=directlink

ညိုကြီး Facebook
www.facebook.com/nyogyi
မှာလည်း တင်ထားပါတယ်။



ဓာတ်ပုံ ညိုကြီး

13 January 2012

Poet Yoe D's 2 Poems for Freedom Day of Burma (13, Nov)

ကဗျာဆရာ ရိုးဒီ၏ ကဗျာ ၂ ပုဒ်

၁။ မယ်ဇယ်ရိပ်ထဲ ငှက်ခတ်သံ တိုးဝင်သွားတဲ့ ကဗျာ (ရိုးဒီ)
၂။ ဒေါင်းမင်းသီတာ (ရိုးဒီ)


Freedom Day of Burma (13, November)
အမှတ်တရ ပြည်တွင်း၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

From Historic Poems

28 December 2011

The Lady Fun Fair (Mandalay)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(မန္တလေးတိုင်း) ရန်ပုံငွေ
The Lady Fun Fair
(၂၇၊ ၁၂၊ ၂၀၁၁)

From San & Suu


၂၀၁၁ ဒီဇင်ဘာ၊ ၂၅ ရက်နဲ့ ၂၆ ရက်များတွင် မန္တလေး၊ မဟာမြိုင်အပိုင်း(၁)၊ ဓမ္မပါလဘုရားပွဲ၌ မန္တလေးတိုင်း NLD ရန်ပုံငွေရှာဖွေရေးအတွက် The Lady Fun Fair အမှတ်တရပစ္စည်းဆိုင်နှင့် စားသောက်ဆိုင်အား ၂ ရက်တာ ဖွင့်လှစ် ရောင်းချခဲ့ပါသည်။

From San & Suu


၂ ရက်တာ ညနေ ၃ နာရီမှ ည ၁၁ နာရီထိ ဖွင့်လှစ်ရောင်းချခဲ့တဲ့ The Lady Fun Fair အမှတ်တရပစ္စည်းဆိုင်တွင် သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများကို ကျပ်ငွေ ၁၀၀ မှ ကျပ်ငွေ ၁၀၀၀ အထိ ဈေးနှုန်းများဖြင့် ရောင်းချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပြက္ခဒိန်တစ်ခု ကျပ် ၁၀၀၀နှင့် ကျပ် ၃၀၀၀၊ အင်္ကျီတစ်ထည် ကျပ် ၂၀၀၀၊ သော့ချိတ်တစ်ခု ကျပ် ၃၀၀၊ ဆွဲကြိုးတစ်ကုံး ကျပ် ၂၀၀၀၊ ဟန်းဆက်အလှဆင်ကြိုးတစ်ခု ကျပ် ၁၀၀၀၊ သောက်ရေခွက်တစ်ခွက် ကျပ် ၃၀၀၀ စသဖြင့် အမှတ်တရပစ္စည်းများ ရောင်းချခဲ့ပါသည်။

From San & Suu


ပြည်သူတွေရဲ့ ထာဝရအမေ သီချင်းCD၊ ပြည်သူတွေချစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များတွေ့ဆုံပွဲအမှတ်တရ မှတ်တမ်း DVD နှင့် မန္တလေးတိုင်း NLD ကထိန်မှတ်တမ်း DVD များကို ကျပ်ငွေ ၅၀၀ နှုန်းဖြင့်လည်း ရောင်းချခဲ့ပါသည်။

From San & Suu


အဆိုပါ အမှတ်တရ ပစ္စည်းများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မန္တလေးတိုင်း) တိုင်းရုံး၌လည်း ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သတင်းရရှိပါသည်။

ညိုကြီး


24 December 2011

NLD will publish "D-WAVE" News Bulletin Weekly

NLD ဒီလှိုင်း အပတ်စဉ် စာစောင်ထုတ်ဝေမည်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ပါတီမှတ်ပုံတင်ကျပြီးက "ဒီလှိုင်း" အမည်ရှိ အပတ်စဉ်စာစောင်ကို တနင်္လာနေ့တိုင်း ဖြန့်ချိထုတ်ဝေသွားမည်ဟု သိရသည်။ ပါတီအဖြစ် တည်ထောင်ခွင့်ရပြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့ပြီး မှတ်ပုံတင်ကျပြီးပါက ယင်းစာစောင်အား ထုတ်ဝေသွားမည်ဖြစ်သည။ ထိုစာစောင်အား မြန်မာသတင်းစာဆရာကြီးနှင့် NLD ဗဟိုကော်မတီဝင် ဟံသာဝတီဦးဝင်းတင်နှင့် စာရေးဆရာကြီး မောင်မိုးသူတို့မှ နာယကအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဦးအုန်းကြိုင်၊ မုံရွာအောင်ရှင်၊ ဖျာပုံနီလုံဦး၊ ငြိမ်းသစ်၊ နီမိုလှိုင်တို့က အယ်ဒီတာအဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဟု သိရသည်။ အဆိုပါစာစောင်၌ အယ်ဒီတာအဖြစ် ပါဝင်မည့် ဆရာငြိမ်းသစ်မှ "စာစောင်ရဲ့ နာမည်ကို "ဒီလှိုင်း"လို့ ပေးထားပါတယ်။ ဒီမိုကရေစီရဲ့ လှိုင်းတွေလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ အဲဒါ ထုတ်ဝေခွင့်ရတာနဲ့ ပြည်သူတွေ အကျိုးရှိစေဖို့ ကျွန်တော်တို့လည်း လုပ်မယ်။ သတင်းစာဆရာတွေနဲ့ စာရေးဆရာတွေလည်း ၀ိုင်းရေးကြလိမ့်မယ်" ဟု ပြောကြားခဲ့သည်။

ပါတီစာစောင်၌ ပါတီမူဝါဒနှင့် လှုပ်ရှားမှုများ၊ ပါတီစတင်တည်ထောင်စ ကာလမှ ယနေ့အထိ လုပ်ဆောင်မှုများ၊ ဆောင်ရွက်ချက်များ၊ ပါတီကိုယ်စားပြု၍ ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအကြောင်းနှင့် နိုင်ငံရေးပညာရှင်များ၏ နိုင်ငံရေးအတွေးအခေါ်သုံးသပ်ချက်များ ပါဝင်မည်ဟု သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သော ဦးအုန်းကြိုင်မှလည်း "ဒီစာစောင်ကို ပါတီမှတ်ပုံတင်ကျပြီးတာနဲ့ ထုတ်ဝေဖြန့်ချိသွားမှာပါ" ဟု ဒီဇင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။

ခန့်ခန့်(မောရ၀တီ)

{NEWS WATCH WEEKLY စောင့်ကြည့်သတင်းဂျာနယ်၊ အတွဲ(၇)၊ အမှတ်(၂၆)၊ ၂၇-၁၂-၂၀၁၁၊ အင်္ဂါ
မှ ကူးယူဖော်ပြသည်}

21 December 2011

Buddha Tooth, General Aung San & Daw Aung San Suu Kyi

မန္တလေး၊ ဗုဒ္ဓမြတ်စွယ်တော်၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည်

From San & Suu


တရုတ်မှ မြန်မာပြည်သို့ ဒေသစာရီကြွချီလာသော ဗုဒ္ဓမြတ်စွယ်တော်သည် နေပြည်တော်၌ ၁၆ ရက်၊ ရန်ကုန်၌ ၁၆ ရက် ကြာ အပူဇော်ခံပြီးနောက် ယခုအခါ မန္တလေးမြို့၊ မဟာအတုလဝေယန်၊ အတုမရှိကျောင်းတော်ကြီး၌ (၈၊ ၁၂၊ ၂၀၁၁) မှ (၂၃၊ ၁၂၊ ၂၀၁၁) ထိ ၁၆ ရက်ကြာ အပူဇော်ခံလျက်ရှိပါသည်။

ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်စံပယ်ရာ မန္တလေးမြို့၊ မဟာအတုလဝေယန်၊ အတုမရှိကျောင်းတော်ကြီး၏ မြောက်ဘက်တွင် ဗုဒ္ဓမြတ်စွယ်တော်ပုံတော်၊ စာအုပ်စာတမ်းများနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပိုစတာ ဗွီနိုင်းများ၊ ဓာတ်ပုံများ၊ မိန့်ခွန်း VCD/CD များ၊ မူဗီကလစ် VCD များ သူ့ထက်ငါ အပြိုင်ရောင်းချလျက်ရှိပါသည်။

From San & Suu


ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပိုစတာ ဗွီနိုင်းများ၊ ဓာတ်ပုံများကို ကျပ်ငွေ ၁၀၀ မှ ၁၅၀၀ ကျပ်ထိ ဈေးအမျိုး၊ အရွယ်အစားအမျိုးမျိုးနှင့် ရောင်းချနေပြီး မိန့်ခွန်း VCD/CD များနှင့် မူဗီကလစ် VCD များကို ကျပ်ငွေ ၅၀၀ နှုန်းဖြင့် ရောင်းချကြောင်း တွေ့ရသည်။

From San & Suu


ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပိုစတာ ဗွီနိုင်းများ၊ ဓာတ်ပုံများ၊ မိန့်ခွန်း VCD/CD၊ မူဗီကလစ် VCD များ ရောင်းသူဈေးသည်များမှာ ၂၀ ယောက်ကျော်မက ရှိပြီး အ၀ယ်လိုက်လျက် ရှိကြောင်းလည်း သတင်းရရှိပါသည်။

ညိုကြီး


www.facebook.com/nyogyi


17 December 2011

Daw Aung San Suu Kyi's 2011 Timeline

2011 ဒေါ်အောင်ဆန်းစုကြည်၏ ထူးခြားမှတ်တမ်း

(၂၀-၁၂-၂၀၁၁ အင်္ဂါ ထုတ်
NEWS WATCH WEEKLY စောင့်ကြည့်သတင်းဂျာနယ်
အတွဲ (၇)၊ အမှတ် (၂၅)မှ ကူးယူဖော်ပြပါသည်)

From San & Suu


From San & Suu


NEWS WATCH WEEKLY စောင့်ကြည့်သတင်းဂျာနယ်၏ Email
newswatchjournal@gmail.com

16 December 2011

San and Suu

ဆန်း နှင့် စု

ဒေါ်အောင်ဆန်းစုကြည် ပြက္ခဒိန်
(16.12.2011)

From San & Suu


HIV/AIDS Prevention and Care Sector မှ ထုတ်ဝေဖြန့်ချိသော ဒေါ်အောင်ဆန်းစုကြည် ပြက္ခဒိန်အား တစ်ခုလျှင် ၃၀၀၀ ကျပ်နှုန်းနှင့် ဗမာပြည်တွင်း၌ ရောင်းချလျက်ရှိပါသည်။

(အထက်က ဓာတ်ပုံမှာ မန္တလေး၊ ၆၆ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ ဂျာနယ်အရောင်းဆိုင်တစ်ဆိုင်တွင် ဒေါ်အောင်ဆန်းစုကြည်ပြက္ခဒိန်များ ရောင်းချလျက်ရှိသည်ကို တွေ့မြင်ရပုံဖြစ်ပါသည်)

From San & Suu


အထက်ပါ ပြက္ခဒိန်အား ဆက်သွယ်ဝယ်ယူရန်-

HIV/AIDS Prevention and Care Sector
အမှတ် (၃၇၆)၊ ကမ္ဘောဇ(၂)လမ်း၊ ၁၈(ခ)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ရန်ကုန်။
အမှတ် (၆၃၁)၊ ၁၁ - လမ်း၊ ၇ - ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
ဖုန်း - ၀၉ ၅၀၂၄၀၅၆၊ ၀၉ ၅၀၅ ၃၈၀၅၊ ၀၁ - ၅၆၉၃၄၆
Email: maylin1989@gmail.com, thrimyanmar24@gmail.com

-------------------------------------------------------

မန်းက ကထိန်ဘုရားပွဲများမှာ ဆန်း နဲ့ စု ပိုစတာများ အပြိုင်လှူဒါန်း
(၁၃၊ ဒီဇင်ဘာ၊ ၂၀၁၁)

From San & Suu


မန္တလေးမှာ နှစ်စဉ် နိုဝင်ဘာ၊ ဒီဇင်ဘာလများရောက်ရင် ရပ်ကွက်အလိုက် ကထိန်ပွဲ၊ ဘုရားပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပကြလေ့ရှိပါတယ်။ အဲဒီ ကထိန်ပွဲ၊ ဘုရားပွဲများမှာ မဏ္ဍပ်ထိုးကာ ဘုရားနဲ့ ဘုန်းတော်ကြီးကျောင်းများကို လှူဒါန်းဖို့ အလှူရှင်များရဲ့ လှူဒါန်းမှုအစုစုကို ပြသထားတတ်တဲ့ ဓလေ့မျိုးလည်းရှိပါတယ်။

From San & Suu


ယခု ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွင်း မန်း ရပ်ကွက်အလှူပွဲများက အလှူပြ မဏ္ဍပ်များမှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပိုစတာများကို ငွေကြေးအလှူဒါနများနဲ့ တွဲပြီး လှူဒါန်းလာကြတာတွေ့ရပါတယ်။

၂၇ လမ်း၊ ၇၇ လမ်းနှင့် ၇၆ လမ်းကြားမှာ ခင်းကျင်းပြသခဲ့တဲ့ ရပ်ကွက်အလှူပွဲတစ်ခုရဲ့မဏ္ဍပ်မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပိုစတာများချည်း ချိတ်ဆွဲထားတာမျိုးတောင် ရှိတယ်လို့ မြင်တွေ့ခဲ့ရတဲ့ မန်းကဗျာဆရာတစ်ဦးက ညိုကြီးကို ပြောကြားခဲ့ပါတယ်။

အပေါ်က ပုံကတော့ (၁၁၊ ဒီဇင်ဘာ၊ ၂၀၁၁)ညမှာတွေ့ရတဲ့ မန္တလေး၊ ၂၇ လမ်း၊ ၇၄ လမ်းနဲ့ ၇၅ လမ်းကြားက ရပ်ကွက်အလှူပွဲရဲ့ မဏ္ဍပ်က ပုံတွေဖြစ်ပါတယ်။

-------------------------------------------------------
မန္တလေးညဈေးတန်း၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည်
(29, Nov, 2011)

From San & Suu


မန္တလေး၊ ၈၄ လမ်း၊ ၂၆ လမ်းနှင့် ၂၉ လမ်းကြား၊ ညဈေးတန်းမှာ ရှိတဲ့ ပိုစတာအရောင်းဆိုင်များမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ဓာတ်ပုံ ဗွီနိုင်း ပိုစတာများရောင်းချနေတာ တွေ့ရတာဖြစ်ပါတယ်။

From San & Suu


ဆန်းနဲ့ စု ဗွီနိုင်းပိုစတာများကို ကျပ်ငွေ ၅၀၀ မှ ကျပ်ငွေ ၂၅၀၀ အထိ ဈေးနှုန်းများ သတ်မှတ်ရောင်းချနေပြီး ရောင်းအားကောင်းလျက်ရှိကြောင်းလည်း သိရပါတယ်။

ညိုကြီး

-------------------------------------------------------

(Nyo Gyi တင်ထားသော Video Clip နှင့် ဓာတ်ပုံများကို

www.facebook.com/nyogyi

(or)
https://www.facebook.com/media/albums/?id=100000008066345

တွင်လည်း အားပါးတရ ကြည့်ရှုနိုင်ပါသည်)

22 May 2011

Longevity by Yoe D (A Poem For Mother Suu)

ရိုးဒီ ၏ ကဗျာ ...
" အသက်ကလေးရယ်တဲ့ ရှည်စေလို
"