29 December 2009

Win - Win Cartoon by Pe Thit T



မန္တလေး အထင်ကရ မဂ္ဂဇင်း, Mandalay ICON Magazine, Vol:2, No:5, January, 2010 မှ ဖေသစ်တည် ၏ ကာတွန်းအား ကူးယူဖော်ပြသည်။

25 December 2009

A MAN WITH DREAMS by Okkar Kyaw

အိပ်မက်တွေနဲ့လူ
ဥက္ကာကျော်



ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း၊ အမှတ် (၂၇)၊ အောက်တိုဘာ၊ ၂၀၀၉ မှ
ကဗျာဆရာ ဥက္ကာကျော်
အိပ်မက်တွေနဲ့လူ ကဗျာရှည်
အား ကူးယူဖော်ပြသည်။

(See the following 4 scan pages)








22 December 2009

2010 MAUNG CHAW NWE POEM PRIZE

၂၀၁၀ မောင်ချောနွယ်ကဗျာဆု


(အောက်ပါ/ပူးတွဲပါ 4 SCAN Pages တွင် အသေးစိတ်ဖတ်ရှုပါ)









သတင်းပြန်ကြားရေး
မောင်ချောနွယ်ကဗျာဆု အလုပ်အမှုဆောင်အဖွဲ့
ရန်ကုန်မြို့

-----------------------------------------------------------
Maung Chaw Nwe's Picture was taken from -
http://www.naytthit.com/poems/Pages%20from%20040%20Train.jpg

Yadanabon Newspaper Staffs Were Sacked

ရတနာပုံ သတင်းစာ ၀န်ထမ်းများ အလုပ်ပြုတ်
(စိုးမိုး/ ၂၁ ဒီဇင်ဘာ ၂၀၀၉)

ခေတ်ပြိုင်၊ The New Era Journal မှ ကူးယူဖော်ပြသည်)
http://www.khitpyaing.org/news/Dec09/211209b.php




-------------------------------------------------------------
Previous
Related News From My Blog

1. စစ်အဆိုးရ၏ မန္တလေးထုတ် ရတနာပုံ သတင်းစာက " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ကြောင်း ဖော်ပြခဲ့
http://bigbbrown.blogspot.com/2009/11/mandalay-yadanabon-newspaper-said-to.html
2. ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် - နောက်ဆက်တွဲ
http://bigbbrown.blogspot.com/2009/11/at-least-6-men-from-yadanabon-newspaper.html
3. ရတနာပုံသတင်းစာတိုက်မှ ကွန်ပျူတာသမား အောင်တင်ဝင်း လည်း ဖမ်းဆီးစစ်ဆေးခံရသူများထဲတွင် ပါဝင်နေ
http://bigbbrown.blogspot.com/2009/11/computer-staff-aung-tin-win-from.html

Pyar Tho Revolution - 009

လာမယ့် (၃၀၊ ဒီဇင်ဘာ၊ ၂၀၀၉) ပြာသိုလပြည့်၊ ဗုဒ္ဓဟူးနေ့ (ဦးသုခ- အမေနေ့)မှာ အထွေထွေသပိတ်ဆင်နွှဲဖို့
All Burma Monks Alliance -
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး- ရဟန်းပျိုသမဂ္ဂနှင့် သံဃာ့သာမဂ္ဂီအဖွဲ့ က နှိုးဆော်

17 December 2009

Unfinished Khaing Shon Le Yi Saga

သွားလေသူ မခိုင်ရွှန်းလဲ့ရည်၏ မပြီးဆုံးသေးသော ဇာတ်လမ်း
(သို့)
ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများတွင် အချိန်ပိုင်း/အချိန်ပြည့် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်များ ဆေးကုသရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်ကိစ္စသတိပေးစာ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်

(Please See the following attached 2 Scan Pages)



14 December 2009

Military Junta made a joke over Ethnic Groups?

စစ်အာဏာရှင်များက တိုင်းရင်းသားများအပေါ် နှိမ်ချစော်ကားလေပြီလော
( တိုင်းရင်းသားများ သတိထားစဉ်းစားကြဖို့ )


ပြီးခဲ့တဲ့ ရက်ပိုင်းတွေက စစ်အာဏာရှင်သတင်းစာတွေမှာ ၂၀၀၈ ခုနှစ် မတရားအတည်ပြု ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲအကြို နယ်ခြားစောင့်တပ်ဖွဲ့တွေ ဖွဲ့တဲ့အကြောင်းရေးသားထားတဲ့ လုပ်ဇာတ်ဆောင်းပါးတွေ ဖော်ပြခဲ့ပါတယ်။

အဲဒီဆောင်းပါးတွေထဲကမှ (၂၅၊ နိုဝင်ဘာ၊ ၂၀၀၉)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါရှိခဲ့တဲ့ ကလောင်အမည် ယိန်းနန်ရဲ့ "မျှော်လင့်မထားသော အတွေ့အကြုံများ" ဆိုတဲ့ ဆောင်းပါးကိုလည်း သတင်းစာဖတ်ဖြစ်သူများ သတိထားမိမယ်ထင်ပါတယ်။

(ပြည်တွင်းထုတ် ပုဂ္ဂလိက ဂျာနယ်အချို့မှာလည်း အဲဒီ ဆောင်းပါးကိုပဲ စစ်အဆိုးရက ထုံးစံအတိုင်း ဖိအားပေး ထည့်သွင်းဖော်ပြစေခဲ့ပါတယ်။ ဥပမာ- ပြီးခဲ့တဲ့ အပတ်က ထုတ်ဝေခဲ့တဲ့ First Eleven Sport Journal Vol(10), No(27) နဲ့  Premier Eleven Sport Journal Vol(7) No(14) ဂျာနယ်တွေရဲ့ စာမျက်နှာ (၁၈)မှာ အဲဒီ ယိန်းနန် ဆောင်းပါးကို ဖော်ပြထားပါတယ်။)

(ယိန်းနန်ကလောင်အမည်နဲ့  " မျှော်လင့်မထားသော အတွေ့အကြုံများ " ဆောင်းပါးကို ခွေးဘလော့ဂ် http://kyeesaytaman.blogspot.com/2009/11/blog-post_25.html မှာလည်း ဖတ်ရှုနိုင်ပါတယ်။)

ရှမ်းပြည်နယ်၊ ဗထူး တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းမှာ နယ်ခြားစောင့်တပ် သင်တန်းတက်နေတဲ့ ဗိုလ်ယိန်းနန်ဆိုသူက ကချင်ပြည်နယ် ဗန်းမော်က သူ့ သူငယ်ချင်း ဘရန်ရှောင်ဆိုသူ့ထံ ကချင်ပြည်နယ်မှာ NDAK အဖွဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းလိုက်တဲ့အကြောင်း၊ သူ့ကိုလည်း ဗိုလ်အဆင့်ပေးကြောင်းနဲ့ အဲဒီလို နယ်ခြားစောင့်တပ် ဖွဲ့စည်းလိုက်တဲ့အပေါ် မစားရ ၀ခမန်း၊ အလွန်အကျွံဝမ်းသာထောက်ခံရေးသားကြိုဆိုထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။

အခု ပြောချင်တာက ဆောင်းပါးထဲက စာသားတွေအကြောင်းကို မဟုတ်ပါဘူး။ အဲဒီ "မျှော်လင့်မထားသော အတွေ့အကြုံများ" ဆိုတဲ့ ဆောင်းပါးနဲ့ တွဲပြီး ဖော်ပြထားတဲ့ ကလောင်အမည် " ယိန်းနန် " ဆိုတာကို မီးမောင်းထိုးပြလိုပါတယ်။

တကယ်တော့ ကချင်အမျိုးအနွယ်ဖြစ်တဲ့ လရှီးဘာသာစကားအရ ယိန်းနန်ဆိုတာဟာ ယိန်း=သမီး၊ နန်=တစ် (ယိန်းနန်=နံပတ်တစ်သမီး (သို့) သမီးကြီး) လို့ အဓိပ္ပာယ်ထွက်ပါတယ်။ ဒါဟာ တိုင်းရင်းသားတွေအပေါ် မလှိမ့်တပတ်နဲ့ စော်ကားလိုက်တာလို့ပဲ မြင်ပါတယ်။

ကျွန်တော်တို့ ဗမာစကားမှာ သမီးမွေးတယ်ဆိုတဲ့ စကားရှိပါတယ်။ သမီး မွေးစားတယ်ဆိုတဲ့ စကားလည်း ရှိပါတယ်။ မွေးပြီးစားတဲ့ သဘောပေါ့။ ဖောက်ပြားတတ်တဲ့ အိမ်ထောင်ရှိ ယောက်ျားတွေ ကိုယ့်ထက်အရမ်းငယ်တဲ့ မိန်းကလေးကို အငယ်အနှောင်းထားတယ်ဆိုရင် ဘေးလူကြားကောင်းအောင် သမီးမွေးစားထားတယ်ဆိုပြီး ပြောတတ်ကြပါတယ်။

(ဗမာထောင်တွေထဲ အကျဉ်းကျဖူးတဲ့ သူတစ်ဦးပြောပြတာကတော့ ထောင်ထဲမှာ ယောက်ျားအချင်းချင်းသံဝါသပြု အတူနေတတ်တာတွေ (ဂေးတွေ) ရှိတဲ့အကြောင်း၊ ကိုယ်အပိုင်မွေးထားတဲ့ ယောက်ျားလေး(ဂေး)ရှိရင် သမီးမွေးထားတယ်ဆိုပြီး ဥပမာတင်စား ပြောဆိုတတ်လေ့ရှိကြောင်း သိရှိရပါတယ်။)

အဲတော့ "မျှော်လင့်မထားသော အတွေ့အကြုံများ" ဆောင်းပါးရေးသူရဲ့ ကလောင်အမည်ကို စစ်အာဏာရှင်တွေက တမင်တကာ အကွက်ချပြီး " ယိန်းနန် " ဆိုပြီး ဖော်ပြတယ်။ ပြီးတော့ ဆောင်းပါးထဲမှာလည်း အဲဒီ ဗိုလ်ယိန်းနန်က ယောက်ျားလေးတစ်ဦးလိုပဲ ပြောဆိုရေးသားထားတယ်။ လရှီးဘာသာစကားအရ ယိန်းနန်ရဲ့ အဓိပ္ပာယ်က သမီးကြီး။ ကဲ သေချာစဉ်းစားကြည့်ကြပါဦး။ ဒါဟာ ဘာသဘောလဲ။ သွေးရိုးသားရိုးတော့ မဟုတ်တန်ရာ။

နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့တဲ့ တိုင်းရင်းသားတပ်တွေကို ဗိုလ်သမီး (သို့) အမျိုးသမီးဆန်တဲ့ (အမျိုးသမီးဆိုတဲ့သဘောက အားနွဲ့/အားနည်းတဲ့ သဘောရှိလေတော့) အားမရှိတဲ့ စစ်တပ်တွေလို့ ဆိုလိုချင်တာလား။ သို့တည်းမဟုတ် အထက်က ကျွန်တော်ပြောခဲ့တဲ့ သမီးမွေးတယ်ဆိုတဲ့ သဘောယုတ်မျိုးနဲ့ တိုင်းရင်းသားတွေအပေါ် နှိမ်ချ စော်ကားလိုက်တာလား။

အဆိုပါမေးခွန်းတွေဟာ အဲဒီဆောင်းပါးနဲ့ ယိန်းနန် ကလောင်အမည်ကို တွဲပြီး သုံးခဲ့တဲ့ စစ်အာဏာရှင်များကိုယ်တိုင်သာ ဖြေရမယ့်မေးခွန်းတွေ ဖြစ်ပါတယ်။

စစ်အာဏာရှင်များဟာ ဗမာတိုင်းပြည်ကို နှိပ်စက်အုပ်ချုပ်၊ မတရားမင်းလုပ်တဲ့နေရာမှာ သိပ္ပံနည်း၊ ၀ိဇ္ဇာနည်း၊ နတ်ကတော်နည်း၊ ဓာတ်နည်း၊ ဗေဒင်နည်း၊ ကက်ကင်းနည်း အစသဖြင့် နယ်ပယ်ပေါင်းစုံက နည်းလမ်းတွေနဲ့ ရှာဖွေကျင့်ကြံအာဏာထိန်းသိမ်းအုပ်ချုပ်တတ်လေတော့ အခုလို ယိန်းနန်(သမီးကြီး) ဆိုတဲ့ ကလောင်အမည်ကိုလည်း တိုင်းရင်းသားနယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့တဲ့ ဆောင်းပါးမှာ အကွက်ကျကျ ထည့်သွင်းပြီး တိုင်းရင်းသားတွေအပေါ် နှိမ်ချဆက်ဆံစော်ကားလိုက်တာလို့ပဲ မြင်မိပါတယ်။

မလှိမ့်တပတ်နဲ့ လူလည်ကျ နှိမ်ချ စော်ကားတတ်တဲ့ စစ်အာဏာရှင်များရဲ့ ချဉ်းကပ်လာမှုမျိုးစုံကို တိုင်းရင်းသားများအနေနဲ့ သတိထား စဉ်းစား စောင့်ကြည့်နိုင်ကြပါစေ။

ညိုကြီး
(၁၃၊ ဒီဇင်ဘာ၊ ၀၀၉)

--------------------------------------------------------------
(လရှီးဘာသာစကားအရ ယိန်းနန် = နံပတ်တစ်သမီး(သို့) သမီးကြီး ဆိုသည့် အဓိပ္ပာယ်အကြောင်း ပြောပြခဲ့သည့် အစ်ကိုကြီးအား အထူးလေးစားကျေးဇူးတင်ပါကြောင်း)

09 December 2009

GIVE BACK ME TAUNG THAR (By Paing Soe Wai)

တောင်သာတမ်းချင်း
ပိုင်စိုးဝေ






(Poetry Life : ကဗျာဆရာ ကဗျာအယူအဆနှင့် ကဗျာရေးခြင်း စာအုပ်မှ ကဗျာဆရာ ပိုင်စိုးဝေတောင်သာတမ်းချင်း ကဗျာအား ကူးယူဖော်ပြသည်။)

05 December 2009

POETRY LIFE

Poetry Life : ကဗျာဆရာ ကဗျာအယူအဆနှင့် ကဗျာရေးခြင်း
ပြည်တွင်းမှာ ထွက်ရှိ


(Front Cover of Poetry Life)


(Back Cover of Poetry Life)

ကဗျာဆရာ (၃၈)ဦးပါဝင် အစွမ်းပြထားတဲ့ သည်စာအုပ်ကို မန်းချောင်းလရောင် စာအုပ်တိုက်က စီစဉ်တင်ဆက်ပါတယ်။
(မန်းချောင်းလရောင်စာအုပ်တိုက်၊ ၃၇၃၊ ၈၃ လမ်း၊ ၃၃ လမ်း နှင့် ၃၄ လမ်းကြား၊ မန္တလေးမြို့)။
ထုတ်လုပ်မှုမှတ်တမ်းမှာတော့ ၂၀၀၉၊ အောက်တိုဘာ၊ ပထမအကြိမ် လို့ ဖော်ပြထားတယ်။

ပါဝင်ရေးသားကြတဲ့ ကဗျာဆရာတွေကတော့ -
ဒဂုန်တာရာ၊ အောင်ချိမ့်၊ သုခမိန်လှိုင်၊ မိုဃ်းဇော်၊ နိုင်မွန်အောင်သွင်၊ မောင်စိုးသစ်(မန္တလေး)၊ မောင်နွေထက်၊ ဇော်ယုအောင်၊ လွန်းဆက်နိုးမြတ်၊ လွှမ်းရုံ၊ မောင်ကြည်သာ (တောင်တွင်း)၊ အောင်ဇင်မင်း၊ ပိုင်စိုးဝေ၊ ခရမ်းပြာထက်လူ၊ မင်းထက်မောင်၊ နွယ်စိမ်းဝေ၊ မင်းနဒီခ၊ စံညိမ်းဦး၊ ငြိဏ်းဝေ၊ ဇေယျာလင်း၊ မိုးဝေး၊ မောင်ပြည့်မင်း၊ အောင်မိုး၊ ဥက္ကာကျော်၊ လူအိမ်၊ နိုင်သစ်နီ၊ ကြည်ဇော်အေး၊ ခိုင်မျိုး၊ မိုးဒေ၀ါ၊ စိုင်းဝင်းမြင့်၊ ကျော်စိုးလူ၊ မောင်ဖီလာ၊ မောင်ကိုကို (အမရပူရ)၊ မော်မင်းသန်း၊ နေ၀င်းမြင့်၊ ဇေယျာလင်း၊ စေတ၊ ညီစေမင်း။


Contents of Poetry Life 1


Contents of Poetry Life 2

မျက်နှာဖုံး၊ နောက်ကျောဖုံး၊ မာတိကာ နဲ့ အဖွင့်စာမျက်နှာက ဒဂုန်တာရာရဲ့ ခေတ်ပေါ်မြန်မာစကားပြေတွင် စကားပြေနှင့် ကဗျာပုံသဏ္ဍာန်အခန်း ဆောင်းပါးတို့ကို scan ဖတ် ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
-----------------------------------------------------------

ခေတ်ပေါ်မြန်မာစကားပြေတွင် စကားပြေနှင့် ကဗျာပုံသဏ္ဍာန်အခန်း
(ဒဂုန်တာရာ)









(POETRY LIFE ထဲက ကဗျာအချို့ကို နောက်ပိုင်းမှာ ဆက်လက်တင်ဆက်ပေးပါ့မယ်။ ဥပမာ- ပိုင်စိုးဝေရဲ့ တောင်သာတမ်းချင်း... ကဗျာ)

03 December 2009

Ludu Mother Mar & Demo Mother Suu

ထို ဒီဇိုင်းအတွက် ပန်းချီ-ဒီဇိုင်း ကိုမျိုး အား အထူး အထူး အထူး
ကျေးဇူးတင်ရှိပါသည်။

25 November 2009

Sai Sai Kham Hlaing's Song, Beggars, Thieves, Robbers And Villains From Burma

စိုင်းစိုင်းခမ်းလှိုင်သီချင်း၊ ဗမာပြည်က သူတောင်းစားများနှင့်
သူခိုး၊ ဓားပြ၊ လူဆိုးများ




Don't Cry Sai Sai - More free videos are here

metacafe မှာ တွေ့ရတဲ့ MTV တိုလေးတစ်ခုပါ။ စိုင်းစိုင်းခမ်းလှိုင်နဲ့ သီရိဆွေတို့ သီဆိုထားခဲ့တဲ့ " ဖုတ်လှိုက်ဖုတ်လှိုက် " သီချင်းကို ဗမာပြည်က သူတောင်းစားကလေးငယ်များက ပြန်လည် သီဆိုပြီး တောင်းရမ်းစားသောက်နေရပုံ မြင်ကွင်းလေးတစ်ခုဖြစ်ပါတယ်။ မူဗီကလစ်နာမည်ကို metacafe မှာ တင်ထားသူ demonlay က " မငိုနဲ့နော် စိုင်းစိုင်း " Don't Cry Sai Sai လို့ အမည်ပေးခဲ့တယ်။

သူတောင်းစားဦးရေ တိုးပွားလာနေတဲ့ ဗမာပြည်နေရာတွေထဲက တစ်ခု
(ဦးပိန်တံတား- တောင်သမန်၊ အမရပူရ)



တကယ်တော့ ဗမာပြည်ဟာ သူတောင်းစားသိပ်ပေါတဲ့ တိုင်းပြည်တစ်ခုဖြစ်နေပါပြီ။ ဈေးတိုင်း၊ လက်ဖက်ရည်ဆိုင် (သို့) စားသောက်ဆိုင်တိုင်း၊ ဘုရားပရ၀ဏ်/တန်ဆောင်းတိုင်း၊ ပွဲလမ်းသဘင်တိုင်းလိုလိုမှာ မတွေ့ချင်အဆုံး၊ မမြင်ချင်အဆုံး သနားစဖွယ်တွေ့တွေ့နေရတာကတော့ မွေးကင်းစမှ အဘိုး၊ အဘွားအိုအရွယ်အထိ သူတောင်းစားများဖြစ်ပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ လက်ရှိဆင်းရဲမှုကို ဖော်ပြနေတဲ့သဘောတွေထဲက တစ်ခုဖြစ်ပါတယ်။

နောက်ထပ်ဝမ်းနည်းစရာတစ်ခုလည်း ရှိပါသေးတယ်။
ညံ့ကလည်း ညံ့သေး၊ ဆက်ကြေးကလည်း တောင်းသေး၊ ယုတ်ကလည်း ယုတ်သေး၊ တရုတ်ရဲ့ ရုပ်သေး စစ်အာဏာရှင် လူဆိုးဂိုဏ်းအဖွဲ့ကြီးရဲ့ ဖြစ်ကတတ်ဆန်း စီမံခန့်ခွဲ လိမ်လည်အုပ်ချုပ်မှုအောက်မှာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေရရှာတဲ့ အခြေခံဝန်ထမ်းတွေရဲ့ဘ၀(အခြေခံ စစ်သားလေးတွေအပါအ၀င်)ဟာ မလောက်မငှ၊ မ၀ရေစာ လစာတွေနဲ့သာ ရပ်တည်နေရပြီးတဲ့နောက် မိမိနဲ့ မိမိရဲ့မိသားစု ၀မ်းရေးအတွက် သူတောင်းစားသာသာဘ၀ကို မလွှဲသာမရှောင်သာ ရောက်ရှိသွားခဲ့ရခြင်းပါပဲ။ ဒါဟာသိပ်ကို ရင်နာစရာကောင်းလှပါတယ်။

အာဏာကို တလွဲသုံးပြီး ငွေညှစ်တဲ့သူတွေနဲ့ ကလိန်ကကျစ်ကျတတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုတော့ " သူခိုး၊ ဓားပြများ " လို့ပဲ အမည်တပ်ရတော့မယ်ထင်ပါတယ်။

သူတောင်းစားတွေ၊ သူခိုးဓားပြတွေထက် ပိုဆိုးတဲ့ သူတွေကတော့ စောစောက ပြောခဲ့တဲ့ ဗမာပြည်ရဲ့ လက်နက်ကိုင် စစ်အာဏာရှင် လူဆိုးဂိုဏ်းအဖွဲ့ကြီးပါပဲ။ စစ်တပ်၊ ကြံ့ဖွတ်၊ စွမ်းအားရှင်၊ ထောက်လှမ်းရေး၊ သတင်းပေးတွေကို လက်ကိုင်တုတ်လို အသုံးချပြီး လူဆိုးဂိုဏ်းပုံစံမျိုးဖွဲ့ကာ ဖြတ်စား၊ သတ်စား၊ ရိုက်စား၊ လိုက်စား၊ နှိုက်စား၊ လိမ်စား၊ နှိမ်စား၊ ခြောက်စား၊ ဟောက်စား၊ ညစ်စား၊ ရစ်စား၊ ခွဲစား၊ တွဲစား၊ စားနည်းမျိုးစုံနဲ့ လှည့်စား ရမ်းကား ယုတ်မာနေတဲ့ ကိုသန်းရွှေ၊ ကိုမောင်အေး အစသဖြင့်တို့ ခေါင်းဆောင်နေတဲ့ လက်နက်ကိုင် စစ်အာဏာရှင် လူဆိုးဂိုဏ်းအဖွဲ့ကြီးကတော့ဖြင့် ယနေ့ဗမာပြည်တွင်းမှာ အဆိုးဝါးဆုံး၊ အရက်စက်ဆုံး၊ တိုင်းပြည်ကို အဖျက်ဆုံးဖြစ်နေတာ အများမျက်မြင် တွေ့ရပါလိမ့်မယ်။

ညိုကြီး
----------------------------------------------------------------------

Don't Cry Sai Sai Movie Address-
http://www.metacafe.com/watch/2745108/dont_cry_sai_sai/

HAPPY 2nd BIRTHDAY TO MY BLOG!

November 26, 2009 is My Blog's 2nd Birthday.
My blog was started on 26, November, 2007.
2nd Anniversary Time for my blog!

22 November 2009

Computer Staff, AUNG TIN WIN, From Yadanabon Newspaper Was Also Arrested

ရတနာပုံသတင်းစာတိုက်မှ ကွန်ပျူတာသမား အောင်တင်ဝင်း လည်း ဖမ်းဆီးစစ်ဆေးခံရသူများထဲတွင် ပါဝင်နေ

စစ်အဆိုးရ၏ တောင်ဝှေးတစ်ခုဖြစ်သည့် ရတနာပုံသတင်းစာ (၁၃၊ ၁၁၊ ၂၀၀၉) ရက်နေ့ အာဘော် " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ဟု " မရနိုင် " အစား " ရနိုင် " ဟု ဖော်ပြခြင်းကိစ္စအပြီး ရတနာပုံသတင်းစာမှ ညပိုင်းအယ်ဒီတာ ကိုမြင့်နိုင်၊ စာပြင်အရာရှိ ဦးခင်မောင်စိုးနှင့် ကွန်ပျူတာခန်းမှ ကွန်ပျူတာဆရာ အပါအ၀င် ၀န်ထမ်း (၆)ဦးထက် မနည်းကို  စစ်အဆိုးရ ထောက်လှမ်းရေးမှ ပြည်သူ့မျက်ကွယ်တွင် ဖမ်းဆီးစစ်ဆေးနှိပ်စက်လျက်ရှိကြောင်း ပြီးခဲ့သည့် ပို့စ်တွင် ဖော်ပြခဲ့ပါသည်။

ယခုအခါ အဖမ်းဆီးခံ ရတနာပုံသတင်းစာတိုက်၊ ကွန်ပျူတာခန်းမှ ကွန်ပျူတာသမား၏ နာမည်မှာ အောင်တင်ဝင်း ဖြစ်သည်ဟု သိရှိရပါသည်။

--------------------------------------------------------------
Related Previous News

1. ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် - နောက်ဆက်တွဲ
http://bigbbrown.blogspot.com/2009/11/at-least-6-men-from-yadanabon-newspaper.html
2. စစ်အဆိုးရ၏ မန္တလေးထုတ် ရတနာပုံ သတင်းစာက " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ကြောင်း ဖော်ပြခဲ့
http://bigbbrown.blogspot.com/2009/11/mandalay-yadanabon-newspaper-said-to.html

19 November 2009

At Least 6 Men From Yadanabon Newspaper Were Arrested After Word Game

ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် - နောက်ဆက်တွဲ



(၁၃၊ နိုဝင်ဘာ၊ ၂၀၀၉)နေ့ထုတ် မန္တလေးအခြေစိုက် ရတနာပုံသတင်းစာ၌ " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ဟူသော နှိုးဆော်စာ ပါရှိလာရာ ယခုအခါ ရတနာပုံသတင်းစာမှ တာဝန်ရှိသူ (၆)ဦးထက် မနည်း စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးစစ်ဆေးခြင်းခံနေရကြောင်း ခိုင်လုံသည့် သတင်းရပ်ကွက်အဆိုအရ ကြားသိရသည်။

ညပိုင်းအယ်ဒီတာ ကိုမြင့်နိုင်၊ စာပြင်(Proofread) အရာရှိ  ဦးခင်မောင်စိုးနှင့် ကွန်ပျူတာစာစီခန်းမှ ကွန်ပျူတာသမားအပါအ၀င် (၆)ဦးခန့်မှာ ဖမ်းဆီး၊ နှိပ်စက်၊ စစ်ဆေးခြင်းခံနေရကြောင်းသိရသည်။ (ထပ်မံကြားသိရနိုင်သည့် ရတနာပုံသတင်းများကို အလျဉ်းသင့်လျှင် ဆက်လက် တင်ဆက်သွားပါဦးမည်။)

(၁၃၊ နိုဝင်ဘာ၊ ၂၀၀၉) ရတနာပုံသတင်းစာ၌ " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ပါပြီးကတည်းက ရတနာပုံသတင်းစာမှ တာဝန်ရှိသူ အဆိုပါ (၆)ဦးထက် မနည်းကို ဖမ်းဆီးထားရာ ယနေ့အချိန်ထိ ထိုအဖမ်းဆီးခံများမှာ ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းလည်း မသိရသေး၊ ဘာလုပ်ခံထားရမှန်း (သေသလား/ရှင်သလား)လည်း မသိရသေးသဖြင့် အဖမ်းဆီးခံများ၏ မိသားစုများမှာ အလွန်တရာ တုန်လှုပ်၊ စိုးရိမ်၊ ဒေါသထွက်နေရကြောင်းလည်း နောက်ဆက်တွဲ ကြားသိရပါသည်။

ညိုကြီး

နောက်ဆက်တိုး

လက်ရှိ မန္တလေးမြို့မှ ရတနာပုံသတင်းစာမှာ လပခ(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)လက်အောက်ခံ ပြည်သူ့ဆက်ဆံရေးတပ်က စီမံခန့်ခွဲချုပ်ကိုင်နေသော သတင်းစာဖြစ်ကြောင်း၊
သတင်းစာတိုက်တွင်
စစ်တပ်အဖွဲ့ဝင်များလည်း ၀င်ရောက်လုပ်ကိုင်နေကြောင်း နောက်ဆက်တွဲ၏ နောက်ဆက်တိုးအဖြစ် သိရှိရကြောင်းပါ။

-----------------------------------------------------------------
ဆက်စပ်သတင်း




စစ်အဆိုးရ၏ မန္တလေးထုတ် ရတနာပုံ သတင်းစာက
" ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ကြောင်း ဖော်ပြခဲ့
http://bigbbrown.blogspot.com/2009/11/mandalay-yadanabon-newspaper-said-to.html

15 November 2009

Mandalay Yadanabon Newspaper Said, " To Get Democracy, Let's Protest"

စစ်အဆိုးရ၏ မန္တလေးထုတ် ရတနာပုံ သတင်းစာက
" ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ကြောင်း ဖော်ပြခဲ့

" ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " သည်ဟု ၁၃၇၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ သောကြာနေ့၊ (၁၃၊ ၁၁၊ ၂၀၀၉)နေ့ထုတ်  ရတနာပုံ သတင်းစာ၊ အတွဲ (၁၈)၊ အမှတ် (၁၉၇) နောက်ကျောဖုံး (စာမျက်နှာ- ၁၆) မှာ တရားဝင်ဖော်ပြခဲ့ပါ၏။ (ပူးတွဲပါ ဓာတ်ပုံကို ရှု)


ပုံမှန်အတိုင်း ဆိုလျှင် " ဆူပူမှုဖြင့် ဒီမိုကရေစီ မရနိုင် " ဟု စစ်အဆိုးရက ဖော်ပြလေ့ရှိသော်လည်း ယခုလို " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ဟု မန္တလေးထုတ် ရတနာပုံသတင်းစာ (၁၃၊ ၁၁၊ ၂၀၀၉) က ဖော်ပြလိုက်ခြင်းသည် ဗမာပြည်သူလူထုအား " ဒီမိုကရေစီရလိုလျှင် ဆူကြပူကြ " ဟု ရတနာပုံသတင်းစာ (သို့မဟုတ်) စစ်အဆိုးရကိုယ်တိုင်က နှပ်ကြောင်းပေးသည့် သဘောဖြစ်နိုင်ကြောင်း မန္တလေးမြို့ခံများက ပြောဆိုသုံးသပ် နေလျက်ရှိကြ၏။


နောက်တစ်မျိုးစဉ်းစားကြည့်မည်ဆိုလျှင် -
ထို (၁၃၊ ၁၁၊ ၂၀၀၉) နေ့ထုတ် ရတနာပုံ သတင်းစာ၏ ရှေ့မျက်နှာဖုံးတွင် ကိုသန်းရွှေ သီရိလင်္ကာ ထွက်ခွာကြောင်း သတင်းကို ဖော်ပြထားပြီး နောက်ကျောဖုံးတွင် " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ဟု ရေးသားဖော်ပြထားရာ ၎င်းနှစ်ခုကို ယှဉ်တွဲ အဖြေထုတ်ကြည့်မည်ဆိုပါက ကိုသန်းရွှေ သီရိလင်္ကာမှာ ရှိသခိုက် ဗမာပြည် ဒီမိုကရေစီရရှိဖို့ ဗမာပြည်သူပြည်သားများ ဆူကြပူကြရန် မန္တလေးထုတ် ရတနာပုံ သတင်းစာက တိုက်တွန်းနေဘိသကဲ့သို့ ရှိနေပါတော့သည်။

ကဲ ... ဒီမိုကရေစီရရှိဖို့ ဆူကြပူကြ စို့ !!!
(ညိုကြီး ပြောတာ မဟုတ်ဘူးနော်။ ရတနာပုံသတင်းစာက ဆော်ဩတာ။)

ညိုကြီး
-----------------------


မှတ်ချက်

(၁၄၊ ၁၁၊ ၂၀၀၉) နေ့ထုတ် ရတနာပုံသတင်းစာ နောက်ဖုံးမှာတော့ 
" ဆူပူမှုဖြင့် ဒီမိုကရေစီ မရနိုင် " ဟု ပြန်လည် ပြင်ဆင်ဖော်ပြထားကြောင်း တွေ့ ရှိရပါသည်။ (အောက်ပုံ)

14 November 2009

Thiha Thura Tin Aung Myint Oo NEWS I Read In Two Media Sites

သီဟသူရ တင်အောင်မြင့်ဦး
(၁၃၊ နိုဝင်ဘာ၊ ၂၀၀၉) သတင်းများ

(၁၃၊ နိုဝင်ဘာ၊ ၂၀၀၉)နေ့ တစ်ရက်တည်းမှာ ဖတ်မိခဲ့တဲ့ သီဟသူရ တင်အောင်မြင့်ဦး သတင်းများကို ပြန်လည် မျှဝေလိုက်ပါတယ်။
(ဖတ်မိရတဲ့ သတင်း (၂)ခုကို ဘယ်လို ဆက်စပ်ပစ်ရမယ်မှန်း မသိတော့ပါ။ - Nyo Gyi)

၁။ ပထမတစ်ခုက ဧရာဝတီသတင်းဌာန(အင်တာနက်)မှာ (၁၃၊ နိုဝင်ဘာ၊ ၂၀၀၉)က ဖော်ပြခဲ့တာပါ။



သီဟသူရ တင်အောင်မြင့်ဦး တိတ်တဆိတ် နုတ်ထွက်
(ဧရာဝတီ သတင်း)

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2130:2009-11-13-11-45-25&catid=1:news&Itemid=2

၂။ နောက်ထပ် သီဟသူရ တင်အောင်မြင့်ဦး သတင်းကလည်း (၁၃၊ ၁၁၊ နိုဝင်ဘာ)ထုတ် မြန်မာ့အလင်း သတင်းစာမှာ ပါရှိခဲ့တာပါ။ ကိုသန်းရွှေ သီရိလင်္ကာကို ဟန်ရေးပြအလည်အပတ်ခရီးသွားရောက်ခြင်းသတင်းမှာ ကိုသန်းရွှေနဲ့အတူ အဲဒီ ကိုသီဟသူရ တင်အောင်မြင့်ဦးလည်း လိုက်ပါသွားတယ်လို့ သတင်းစာက ဆိုပါတယ်။ သတင်းကို မြန်မာ့အလင်းသတင်းစာကနေ ပုံစာအနေနဲ့ ပြန်ကူးယူ ဖော်ပြပေးလိုက်တယ်။

မြန်မာ့အလင်းသတင်းစာ (၁၃၊ နိုဝင်ဘာ၊ ၂၀၀၉)ထုတ်က သီဟသူရ တင်အောင်မြင့်ဦး သတင်း
http://www.myanmar.com/newspaper/myanmarahlin/Nov13.pdf



11 November 2009

TO POET KHANT MIN HTET, WHO HAD BEEN ARRESTED

ကဗျာဆရာ ခန့်မင်းထက် အတွက် ကဗျာ

သို့ ... ခန့်ကြီး
မှ ... ကိုအိမ့်



ပိတောက်ပွင့်သစ်မဂ္ဂဇင်း ပဲ့ကိုင်ရှင် တော်လှန်ကဗျာဆရာကြီး မောင်စိမ်းနီ၏ သား အလင်္ကာဝတ်ရည်ဂျာနယ်တိုက်မှ ကဗျာဆရာနှင့် ဒီဇိုင်းပညာရှင် ခန့်မင်းထက်တစ်ယောက် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ (၂၂)ရက်နေ့က စစ်အဆိုးရထောက်ခွေးများ၏ မတရားသဖြင့်ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း အောက်ပါသတင်းများကို ဖတ်ရှုပြီးသူတိုင်း သိရှိပြီးဖြစ်ပေလိမ့်မည်။


ထိုသို့ စစ်အဆိုးရ၏ မတရားသဖြင့် ဖမ်းဆီးခြင်းကို ခံခဲ့ရရှာသည့် ကဗျာဆရာ ခန့်မင်းထက်အတွက် ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း၊ အမှတ် (၂၂)၊ ဇန်န၀ါရီ၊ ၂၀၀၉ တွင် ဖော်ပြပါရှိခဲ့သည့် ကဗျာဆရာ ကိုအိမ့်၏ "သို့ ... ခန့်ကြီး၊ မှ ... ကိုအိမ့်" ကဗျာအား အမှတ်တရ ကူးယူဖော်ပြပေးလိုက်ပါသည်။ ယင်းကဗျာကိုပင် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လက ထုတ်ဝေခဲ့သည့် "ပိတောက်ပွင့်သစ် ကဗျာရှည်များ" စာအုပ်ထဲ၌ ထပ်မံ ဖော်ပြခဲ့ပါသေးသည်။
(ထို ပိတောက်ပွင့်သစ် ကဗျာရှည်များ စာအုပ်ကိုလည်း ခန့်မင်းထက်ကိုယ်တိုင် မျက်နှာဖုံးကအစ ဒီဇိုင်းပြုလုပ်ပေးခဲ့ပါ၏)

သို့ ... ခန့်ကြီး
မှ ... ကိုအိမ့်





(ပုံများပေါ် ကလစ်နှိပ်ပြီး ကဗျာစာသားများကို အကျယ်ချဲ့ ဖတ်နိုင်သည်)

09 November 2009

AWAY

ဝေး... ဝေး…

အဝေး.. ဆိုတဲ့စကားလုံး
ထိထိမိမိ ဝေးတော့မှ
ဆတ်ဆတ်ခါအောင်နာရ ။

မိဝေး ဖဝေး
တနယ် တကျေး
ကျနော် ဝေးခဲ့တဲ့ ရွာ
အမေ…ညီမလေးတွေ သူငယ်ချင်းတွေ
ဝေးကွာခြင်းမှာ အဓိပ္ပာယ် ဖွင့်ခံလိုက်ရပြီ ။

တမြေ့မြေ့ စိတ်မှာ
ထိချက်တွေများလွန်းတော့
တချက်တချက် မူးမေ့ သွားအောင် အလွန်အကျွံ တွေထဲမှာ စွဲနှစ်
ကံကြမ္မာဆိုတာလည်း တစ်ကြောင်းစွဲမျဉ်းတွေမှာ ပြေးဝင်

ဘယ်လောက်ဆိုးလိုက်လဲ
ဒီကြားထဲမှာ
နေရစ်လို့ မပြောခဲ့ဘဲ
ကျန်ရစ်ခဲ့တာလေ။

ရွှေညို

A Fundraiser for Burma: Burmese Food Fair and Ethnic cultural Dance

Let Help Burma

05 November 2009

KYAUKSE POEM by Aung Ba Nyo

ကျောက်ဆည်


မြို့က မြစ်ကို
ကိုယ်ဝန်ဆောင်ထားရတယ် ။

တကယ်တော့
ခြေထောက်မပါတဲ့ မြစ်ကိုပဲ
မြို့က ခြံခတ်ထားခဲ့တယ် ။

မြို့က မြစ်ကို
ထွက်ပြေးမှာ ကြောက်လို့
ဦးနှောက် အခြောက်ခံ
စီမံခဲ့လေသလား ။

သံဝေဂမရနိုင်တဲ့
ငါတို့ရဲ့ ဘဝအမောများ
တောင်တော်ဆည်းလည်းသံက ညှို့တယ် ။

ဆင်မိုက်ကြီးလည်း
ဒူးမတုပ်နိုင်တဲ့နေရာ
ငါတို့မှာ ရာစုဝက်အလွမ်းတွေနဲ့ ။

သဘာဝတရားကြီးကတော့
ရိုးရိုးသားသားပါပဲ
ကိုဓဥပဒေ ရင်ဝယ်ပိုက်လို့ ။

( ရေးဖော်များသို့ )

အောင်ဘညို

(၂ဝဝ၆၊ အောက်တိုဘာ၊ ချယ်ရီမဂ္ဂဇင်း ဆင်ဆာထိ ကဗျာ)

US diplomat meet with NLD

(၄၊ ၁၁၊ ၂၀၀၉) က အမေရိကန် သံတမန်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်၊ NLD
ဗဟိုအလုပ်အမှု ဆောင်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

(For above photos, I thank
1. phyowai -mmp
2. http://english.chosun.com/site/data/html_dir/2009/11/05/2009110500239.html)