Showing posts with label Ludu U Sein Win. Show all posts
Showing posts with label Ludu U Sein Win. Show all posts

20 January 2010

Ludu U Hla, 100th Year (News & Photos)

လူထုဦးလှ ရာပြည့်ပွဲJustify Full
(၁၉၊ ဇန်န၀ါရီ၊ ၀၁၀)


သတင်းစာဆရာ၊ စာရေးဆရာ လူထုဦးလှ နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့၊ ၃၅ လမ်း၊ ၈၅ - ၈၆ လမ်းကြား၊ မြတောင်ဘုန်းကြီးကျောင်းတိုက်၊ ရာပြည့်ဗိမာန်မှာ ယနေ့ ကျင်းပခဲ့ပါတယ်။


လူထုဦးလှရာပြည့်ပွဲကျင်းပရာ မြတောင်ရာပြည့်ဗိမာန်တော်နှင့်
မြတောင်ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ လူထုဦးလှ အမှတ်တရသစ်ပင် ကျောက်စာတုံး



နံနက် (၁၀)နာရီခွဲ

မှာ လူထုမိသားစုက ဘုန်းကြီးအပါး (၅၅)ပါးကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ရာပြည့်ပွဲလာ ပရိသတ်အပေါင်းကို (စစ်ခွေးတွေကိုပါမကျန်) နေ့လည်စာ ကျွေးပါတယ်။


နံနက် (၁၁)နာရီ (၃၀)မိနစ်ခန့်

မှာ လူထုဦးလှ ရာပြည့်ပွဲကို ပေးပို့လာတဲ့ သ၀ဏ်လွှာများကို ဖတ်ကြားပါတယ်။ သ၀ဏ်လွှာများမှာ
၁။ ဦးသော်ကောင်းရဲ့ " လူထုဦးလှ အမှတ်တရ " သ၀ဏ်လွှာ ကို စာရေးဆရာ ဆူးငှက်က လည်းကောင်း
၂။ ဦးဝင်းတင်ရဲ့ " လူထုကို မျက်နှာမူခဲ့တဲ့ ဦးလှ " သ၀ဏ်လွှာကို စာရေးဆရာ ညီစေမင်းက လည်းကောင်း
၃။ ဒဂုန်တာရာရဲ့ သ၀ဏ်လွှာကို ကဗျာဆရာ မောင်နီဦးက လည်းကောင်း
၎။ ကလျာ(၀ိဇ္ဇာ/သိပ္ပံ)ရဲ့ " ဦးလေးလှအတွက် သ၀ဏ်လွှာ " ကို စာရေးဆရာမ ၀င်းဝင်းမြင့်(နန်းတော်ရှေ့)က လည်းကောင်း
၅။ ဦးဝင်းငြိမ်းရဲ့ " ကျွန်တော်သိသမျှ ဘဘဦးလှ " သ၀ဏ်လွှာကို အယ်ဒီတာ၊ ကဗျာဆရာ မောင်တင်သစ်က လည်းကောင်း အသီးသီး ကိုယ်စားဖတ်ကြားကြပါတယ်။

စာရေးဆရာ ညီစေမင်း (တိုက်ပုံနှင့် ဆံပင်ဖြူဖြူ၊ ခပ်ပြုံးပြုံး)

အဲဒီနောက်ဆက်လက်ပြီး
လူထုဦးလှ ရာပြည့်အမှတ်တရ လူထုဦးလှအကြောင်း စာတမ်းများဖတ်ကြားကြပါတယ်။
၁။ လူထုစိန်ဝင်းရဲ့ " ရှေးဦးကြံဆ လမ်းသစ်ဖောက်သူ " စာတမ်းကို စာရေးဆရာ၊ အယ်ဒီတာ ကျော်ရင်မြင့် က လည်းကောင်း
၂။ ဒေါ်ခင်နှင်းဦးရဲ့ " ထောင်နံရံတွင် ထင်ဟပ်နေသော ခေတ်၏ ပုံရိပ်များ " စာတမ်းကို စာရေးဆရာမ မိချမ်းဝေ ကလည်းကောင်း
၃။ စိုးနိုင် (မန္တလေးတက္ကသိုလ်)ရဲ့ " ပုံပြင်ဦးလှ " စာတမ်းကို စာတမ်းရှင်ကိုယ်တိုင်ကလည်းကောင်း အသီးသီးဖတ်ကြားကာ ရာပြည့်ဦးလှကို လူထုတစ်ရပ်လုံးကိုယ်စား ဂုဏ်ပြုခဲ့ကြပါတယ်။


အခမ်းအနားကို
ဟံသာဝတီသတင်းစာအယ်ဒီတာချုပ်ဟောင်း ဦးဝင်းတင်၊ NLD ရဲ့ အမရပူရမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်နှင့် သူ၏ ဇနီး အပါအ၀င် အနယ်နယ်အရပ်ရပ်မှ တော်လှန်နိုင်ငံရေးသမားများ၊ ကဗျာဆရာကြီး အံ့မောင်၊ ကိုလေး (အင်းဝဂုဏ်ရည်)၊ ပိုင်စိုးဝေ အပါအ၀င် အနယ်နယ်အရပ်ရပ်မှ တော်လှန်ကဗျာဆရာများ၊ အနယ်နယ်အရပ်ရပ်မှ စာရေးဆရာများ၊ သတင်းထောက်များ (အင်အား ၂၀၀ ကျော်ခန့်) လူထုဦးလှ ရာပြည့်အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။



အခမ်းအနားကျင်းပရာ

မြတောင်ကျောင်းတိုက်ဝင်းအတွင်းမှာ ပိတောက်ပွင့်သစ်မဂ္ဂဇင်း အရောင်းကိုယ်စားလှယ်များက လူထုဦးလှ၊ လူထုဒေါ်အမာတို့အတွက် အထူးထုတ်ဝေထားပြီးဖြစ်သော ပိတောက်ပွင့်သစ်မဂ္ဂဇင်းများကို ပြန်လည် ခင်းကျင်း၊ ရောင်းချပေးခဲ့ပါတယ်။

ထုံးစံအတိုင်း
စစ်အဆိုးရ ထောက်လှမ်းရေးများ၊ ကြံ့ဖွတ်သတင်းပေးများလည်း အခမ်းအနားကို အတည်ပေါက်တက်ရောက်၊ ဓာတ်ပုံရိုက်၊ သတင်းယူခဲ့ကြပါသေးတယ်။

- ညိုကြီး

23 April 2009

LUDU SEIN WIN'S ARTICLE (Way of Fighting with Burma Military Junta)

ဆရာလူထုစိန်ဝင်း၏ `နန္ဒောပနန္ဒ နဂါး ချွတ်တော်မူပုံ´ ဆောင်းပါး

ဟိန်းမြတ်ဇော်နှင့် ဌေးအောင် စီစဉ်သည့် (၂၀၀၉၊ မတ်လ၊ ပထမအကြိမ်၊ ချိုတေးသံစာပေတိုက်ထုတ်) `မေတ္တာ၊ ကရုဏာ၊ မုဒိတာ´ ရသခံစားမှု ဆောင်းပါးများ စုစည်းမှု စာအုပ်တွင် စာအုပ်မိတ်ဆက်အမှာ အနေဖြင့် ဖော်ပြထားသော ဆရာလူထုစိန်ဝင်း၏ `နန္ဒောပနန္ဒ နဂါး ချွတ်တော်မူပုံ´ ဆောင်းပါးကို ဖော်ပြပေးလိုက်ပါသည်။


Loving-kindness, Sympathy, Pleasure in the richness of others
Loving-kindness, Sympathy, Pleasure in the richness of others bigbbrown LuDu Sein Win's article

18 March 2008

SPDC Style

လူထုစိန်ဝင်း စာရေးခွင့်ဆိုင်းငံ့ခံရ
The New Era Journal (ခေတ်ပြိုင်ဂျာနယ်)/ ၁၇ မတ် ၂၀၀၈


14 March 2008

Luu Du SEIN WIN'S SPEECH

“ဒီမိုကရေစီအရေးလှုပ်ရှားသူများသို့ ၀ါရင့်သတင်းစာဆရာကြီး လူထုဦးစိန်ဝင်း၏ ပန်ကြားချက် အပြည့်အစုံ”

LISTEN or DOWNLOAD

ကမ္ဘာ့နေရာအနှံအပြားမှာ ရောက်ရှိနေကြတဲ့ တော်လှန်ရေးရဲဘော်အပေါင်းတို့ ကျနော် လူထုစိန်ဝင်း က နှုတ်ခွန်းဆက် အလေးပြုလိုက်ပါတယ်။

ရဲဘော်တို့...
လက်ထဲမှာ ဆုတ်ကိုင်ထားတဲ့ အာဏာကို သဘောထားကြီးစွာနဲ့ အလိုအလျောက် စွန့်လွှတ်သွားတဲ့ အာဏာရှင်မျိုး ကမ္ဘာ့သမိုင်းမှာ ဘယ်ခေတ်ဘယ်အခါကမှ မရှိခဲ့ဖူးပါဘူး၊ ဟစ်တလာလည်း သူ့ထက် ကြီးမားတဲ့ အင်အားနဲ့ ချေမှုန်းတိုက်ထုတ်ပစ်လိုက်ရတာပဲ၊ Force out လုပ်ခဲ့ရတာပဲဖြစ်တယ်။ ဖိလစ်ပိုင်က မား(စ်)ကိုစ့် လည်း Force out ပဲ၊ အင်ဒိုနီးရှားက ဆူဟာတိုလည်း Force out ပဲ။

နောက်ပြီးတော့ ကုလသမဂ္ဂကကယ်တင်လို့ လွတ်မြောက်သွားတဲ့နိုင်ငံရယ်လို့ ကမ္ဘာပေါ်မှာ တနိုင်ငံမှ မရှိခဲ့ဖူး ပါဘူး။ အဲဒါကြောင့် Dialouge တို့ လုံခြုံရေးကောင်စီတို့ ဆိုတာတွေနဲ့ စိတ်ကူးယဉ်ပြီး အချိန်တွေ ဖြုန်း မနေကြပါနဲ့။ တိုင်းပြည်က နာလှပါပြီ ပြည်သူတွေ ဒုက္ခရောက်လှပါပြီ။ ဒီအာဏာရှင်စနစ်ဆိုးကြီးအောက်မှာ ရာစုနှစ်တ၀က်နီးပါး ရှိခဲ့ပါပြီ။ အမြန်ဆုံး ဒါတွေကို အဆုံးသတ်သင့်ပြီ။ ဒီအာဏာရှင်စနစ်ဆိုးကို Force out လုပ်နိုင်တဲ့ Force ကျနော်တို့မှာ လက်ထဲမှာ အသင့်ရှိနေပါတယ်။ အဲဒီ Force က ပြည်သူဆိုတဲ့ အင်အားပဲဖြစ်တယ်။ People power ဆိုတဲ့ Force ထက် ကြီးမားတဲ့ Force ဘယ်မှာရှိမှာလဲ....။

ပြီးခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးက ရဟန်းရှင်လူ ပြည်သူတွေနဲ့ ကျောင်းသား လူငယ်တွေရဲ့ ဘာမထီတဲ့ သူရဲကောင်းစိတ်ဓါတ်ကိုပြခဲ့ပြီ။ ပြည်တွင်းမှာ ဖိနှိပ်မှုတွေသိပ်ကြီးမားလို့ လူတွေကြောက်နေကြပြီ၊ မထရဲတော့ဘူး၊ မကြွရဲတော့ဘူး... Dialouge နဲ့ အပေးအယူလုပ်ပြီး ပေးသမျှကိုယူကြစို့...လို့ ကြွေးကြော်နေကြတဲ့ အာဏာရှင်ကို မျက်နာချိုသွေးပြီး ရာထူးရာခံလေး တောင်းခံချင်တဲ့လူတွေရဲ့ အသံလည်း လုံးဝ တိတ်ဆိတ် နှုတ်ပိတ်သွားခဲ့ပြီ။

ရဲဘော်တို့...
ဒီအချိန်ဟာ တော်လှန်းရေးတရပ်လုံး အလှည့်အပြောင်းဖြစ်နိုင်တဲ့ အချိန်ကာလ ဖြစ်တယ်၊ ဒီလိုဖြစ်ဖို့ ရွှေဝါရောင်တော်လှန်ရေးက ဖန်တီးပေးလိုက်တာ ဖြစ်တယ်။ ရွှေဝါရောင် တော်လှန်ရေးရဲ့ ကြီးမားတဲ့ အရှိန်အဟုန်ဟာ ကမ္ဘာတခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီ ဒီအခွင့်အရေးကို မိမိရရ အသုံးချရမယ်။ မြန်မာပြည်သူတွေ ရဲ့ သူရဲကောင်းစိတ်ဓာတ်ကို ယုံကြည်ကြ။ People power ကို ယုံကြည်ကြ။ အာဏာရှင်စနစ်ကို People power နဲ့ ချေမှုန်းပစ်ကြ။ ။

(၀၈၊ ၀၃၊ ၂၀၀၈)
လူထုစိန်ဝင်း

(ဧရာဝတီမှ အသံကို ကူးယူဖော်ပြသည်)

(စာသားကို မေငြိမ်း Blog မှ လည်းကောင်း၊
(Download link ကို ကိုထိုက် Blog မှ လည်းကောင်း
ထပ်ဆင့် ကူးယူ ဖော်ပြပါသည်
-ညိုကြီး)