Showing posts with label MY NEWS. Show all posts
Showing posts with label MY NEWS. Show all posts
08 July 2020
စစ်အဆိုးရရဲ့ #ငြိမ်ဝပ်ပိပြား စကားလုံးကို လက်ခံသုံးစွဲနေဆဲ လက်ရှိ NLD သမ္မတကြီး ဦးဝင်းမြင့်
စစ်အဆိုးရရဲ့ #ငြိမ်ဝပ်ပိပြား စကားလုံးကို လက်ခံသုံးစွဲနေဆဲ လက်ရှိ NLD သမ္မတကြီး ဦးဝင်းမြင့်
Zawgyi> 
18 April 2019
Kyats 5000 Fine! ဒဏ်ငွေငါးထောင်
ညိုကြီး
=== Unicode ===
"မြက်ခင်းပေါ် မနင်းရ၊ ဒဏ်ငွေ ၅၀၀၀ ကျပ်" တဲ့။ တစ်ယောက် ကျပ်ငါးထောင်နဲ့ ဒဏ်ငွေသာ အတည် ဆောင်ခိုင်းလိုက်ရရင်တော့ဖြင့် ရလိုက်မယ့် ဒဏ်ကြေးငွေပဲဗျာ။ ဒီမြင်ကွင်းကိုတော့ (၁၇-၄-၂၀၁၉)၊ သြင်္ကန်အပြီး နှစ်ဆန်းတစ်ရက်နေ့၊ ညနေပိုင်းက မန္တလေးမြို့၊ မဟာမြတ်မုနိဘုရားကြီးရဲ့ အရှေ့မုခ်မြောက်ဘက်က လိပ်ကန်ငါးကန်ပန်းခြံ မြက်ခင်းတွေပေါ်မှာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေရိုက်တဲ့အချိန်ကာလအပြင် အခြားအချိန်တွေ၊ အခြားနေ့ရက်တွေမှာပါ အခုလို အင်တိုက်အားတိုက် စည်းကမ်းလိုက်နာနေကြတဲ့ သဘောရှိပါတယ်။ မကောင်းတတ်လို့ မျက်နှာတွေကို ဝါးပေးထားပါတယ်ခင်ဗျ။
ညိုကြီး
08 April 2016
ပြောင်းလဲချိန်​တန်​ပါပြီ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မျက်စိခွဲစိတ်မယ်ဆိုတဲ့ နေပြည်တော်(အရပ်ဘက်)ဆေးရုံကြီးမှာ "ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကျန်းမာရေးမူဝါဒဆိုင်ရာ လမ်းညွှန်မှာကြားချက်များမှ ကောက်နုတ်ချက်" ဆိုတဲ့ ဆိုင်းဘုတ်ကို အစိုးရသစ်တက်အပြီး တစ်ပတ်ကျော်အကြာ (8.4.2016)က မြင်တွေ့ရစဉ်
http://bigbbrown.blogspot.com
23 February 2015
သပိတ်မှောက်ကျောင်းသားများနှင့် ပတ်သက်၍ ကဗျာ၊ သီချင်း၊ ပန်းချီနှင့် စာပေအနုပညာရှင်များ၏ ကြေညာချက်
သပိတ်မှောက်ကျောင်းသားများနှင့် ပတ်သက်၍ ကဗျာ၊ သီချင်း၊ ပန်းချီနှင့် စာပေအနုပညာရှင်များ၏ ကြေညာချက် 
(၁၆ - ၂ - ၂ဝ၁၅)
၁။ ကျွန်ုပ်တို့သည် ဒီမိုကရေစီစံချိန် စံညွှန်းများနှင့် မကိုက်ညီသည့် အမျိုးသားပညာရေးဥပဒေအား ကန့်ကွက် ဆန္ဒပြနေကြသော ကျောင်းသားထုကြီးတစ်ရပ်လုံးအား ရိုးသားစွာ အပြည့်အဝ ထောက်ခံခဲ့ကြပါသည်။
၂။ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်းတွင် ကျောင်းသားထုကြီးက တောင်းဆိုထားသော အချက်(၁၁)ချက်အား ပထမအဆင့်အနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက လိုက်လျောလက်ခံပေးခဲ့ကြသည်ကိုလည်း သိရှိရပါသည်။ ထိုကဲ့သို့ ပထမအဆင့်အနေဖြင့် လိုက်လျောလက်ခံပေးခဲ့ခြင်းကိုလည်း ကျွန်ုပ်တို့က အသိအမှတ်ပြု မှတ်တမ်းတင်ခဲ့ကြပါသည်။
၃။ ယခုအခါ သပိတ်မှောက်ဆန္ဒပြချီတက်နေကြသော ကျောင်းသားစစ်ကြောင်းများတွင် လွှတ်တော်၏ အဆုံးအဖြတ်ကို စောင့်ကြည့်ရင်း ခေတ္တသပိတ်ရပ်နားထားသော ကျောင်းသားစစ်ကြောင်းများနှင့် လွှတ်တော်မှ တရားဝင်အတည်ပြု ပြဌာန်းပေးသည့်အချိန်အထိ ဆက်လက်သပိတ်မှောက်ချီတက်သွားမည့် ကျောင်းသားပင်မစစ်ကြောင်းဟူ၍ လမ်းကြောင်းနှစ်ခုပေါ်ပေါက်လာသည်ကို တွေ့ရှိရပါသည်။
၎။ ထိုကဲ့သို့ လမ်းကြောင်းနှစ်ခု ပေါ်ပေါက်လာသော်လည်း ကျောင်းသားထုကြီးသည် အမျိုးသားပညာရေးဥပဒေပြောင်းလဲရေးဆိုသည့် ခေါင်းစဉ်တစ်ခုတည်းအောက်တွင် တည်ရှိနေကြသည်ဖြစ်ခြင်းကြောင့် ကျွန်ုပ်တို့သည် ခေတ္တသပိတ်ရပ်နားထားသော ကျောင်းသားစစ်ကြောင်းများနှင့် ဆက်လက်သပိတ်မှောက်ချီတက်ကြမည့် ပင်မစစ်ကြောင်းကိုပါ ဆက်လက်၍ အားပေးထောက်ခံမည်ဖြစ်ပါသည်။
၅။ လက်ရှိအချိန်၌ ကျွန်ုပ်တို့သည် အမျိုးသားပညာရေးဥပဒေအား ကန့်ကွက် ဆန္ဒပြနေကြသော ကျောင်းသားထုကြီးတစ်ရပ်လုံး၏ လုံခြုံရေးအား အထူးပင် စိုးရိမ်ပူပန်နေမိပါသည်။
၆။ သို့ဖြစ်ပါ၍ ရိုးသားစွာ၊ ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြနေကြသော ကျောင်းသားထုကြီး၏ လုံခြုံရေးကို ထိပါးနှောင့်ယှက် အန္တရာယ်ပြုခြင်းများ ပြုလုပ်ပါက ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများကို ထိုကဲ့သို့ ထိပါးနှောင့်ယှက် အန္တရာယ်ပြုခြင်းများ ပြုလုပ်လာသောသူများနှင့် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များကသာလျှင် တာဝန်ယူဖြေရှင်းရမည်ဖြစ်ကြောင်းကို သတိပေးပြောကြားရင်း ကျွန်ုပ်တို့သည် ကျောင်းသားထုကြီးတစ်ရပ်လုံးအား ဆက်လက်အားပေးထောက်ခံသွားကြမည်ဖြစ်ကြောင်း ရိုးသားစွာ အလေးအနက် ကြေညာလိုက်ပါသည်။
ကဗျာ၊ သီချင်း၊ ပန်းချီနှင့် စာပေအနုပညာရှင်များ
03 January 2015
အနောက်မြောက်လွင်ပြင်ကဗျာဆု ၂၀၁၄ (မုံရွာ) - The Murder's Dinner by Hnin Khar Moe
အနောက်မြောက်လွင်ပြင်ကဗျာဆု ၂၀၁၄ (မုံရွာ) ကဗျာဆုပေးပွဲအခမ်းအနားဖိတ်စာ
 နေ့ရက် - ၇၊ ၁၊ ၂၀၁၅
အချိန် - မွန်းတည့် (၁၂) နာရီ
 နေရာ - အုပ်စိုး-၁ စားသောက်ဆိုင်၊ ကန္နားလမ်း၊ ကွေ့ကြီးရပ်၊ မုံရွာမြို့
အနောက်မြောက်လွင်ပြင်ကဗျာဆု ၂၀၁၄ (မုံရွာ) ရရှိသူ ကဗျာဆရာ နှင်းခါးမိုး လူသတ်သမားရဲ့ ညစာ ကဗျာအား ဖိတ်စာတွင် ပူးတွဲဖော်ပြထားပါသည်။ ဖိတ်စာအား Scan ဖတ်၍ တင်ပေးလိုက်ပါသည်။
Nyo Gyi
07 September 2014
Toe Lwin (Ottara Ah Lin) sings his song, "Nyein Chan Gya Par Sae" with Zero Color Music Band (Video & Lyrics)
တိုးလွင်(ဥတ္တရအလင်း)က ၄င်းကိုယ်တိုင်ရေးစပ်သီကုံးထားသည့် "ငြိမ်းချမ်းကြပါစေ" သီချင်းအား ပဲခူးရေဘေးသင့်ပြည်သူများအတွက် အလှူခံနေသော Zero Color ပရဟိတ တေးဂီတအဖွဲ့နှင့်အတူ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၌ သီဆိုနေစဉ် (၁၆-၈-၂ဝ၁၄)
(Nyo Gyi ညိုကြီး ရိုက်ကူးသည်)
" ငြိမ်းချမ်းကြပါစေ "
ရေး/ဆို - တိုးလွင် (ဥတ္တရအလင်း)
အချင်းချင်းတွေကွဲ့ စစ်မဖြစ်ကြနဲ့ ရှေးရှေးကထက် ပိုချစ်ကြလေ ...
C F C G C F C G C
ဒါဒို့ပြည် ဒါဒို့ရဲ့မြေ တိုင်းရင်းသားတို့ အကုန်စင် ပိုင်တဲ့မြေ...
အချင်းချင်းတွေကွဲ့ စစ်မဖြစ်ကြနဲ့ ရှေးရှေးကထက် ပိုချစ်ကြလေ...
တန်းတူညီမျှ လူ့အခွင့်အရေးတွေ ညီတူညီမျှစေ
တောင်ပေါ်မြေပြန့် မခွဲခြားနဲ့တော့လေ...
ကချင် ကယား ကရင် ချင်းနဲ့ ဗမာ မွန် ရခိုင် ရှမ်း...
ရှေးရှေးကထက် ပိုချစ်ကြလေ...
ပြည်တွင်းစစ်ရဲ့ မီးကြောင့် ဒို့ ညီကို မောင်နှမတွေ ...
အော်ဟစ်ပြေးလွှား သေကြေပျက်စီးနေ...
ခလေးလေးတွေနဲ့ အဘိုးအဘွားမိဘတွေ
ငြိမ်းငြိမ်းချမ်းချမ်း ငြိမ်းချမ်းကြပါစေ...
14 August 2014
Ko Ye Lwin (Medium Wave) sings the sound: 'Nadi Mingala' in Art Show tributed to Thakhin Kodaw Hmine (Video)
(2-8-2014) ရက်က လောကနတ်ပန်းချီပြခန်း၊ ပန်းဆိုးတန်း ပန်းချီပြခန်း၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် ပြသခဲ့သည့် "မဟာမှိုင်းအလွန် နှစ် ၅၀ ပန်းချီပြပွဲ" တွင် ကိုရဲလွင်(မဇ္ဈိမလှိုင်း)က Zero Color Music Band နှင့်အတူ "နဒီမင်္ဂလာ" သီချင်းအား သီဆို၍ ဆရာကြီး သခင်ကိုယ်တော်မှိုင်းအား ဂုဏ်ပြုနေစဉ်
Nyo Gyi ရိုက်ကူးတင်ဆက်သည်။
15 December 2013
မူလဆုံမှတ် အနုပညာ အယ်လ်ဘမ် ထွက်ရှိ
မန္တလေးမြို့  မှ အနုပညာသမားများ စီစဉ်တင်ဆက်ထုတ်ဝေသည့်
နိုင်ငံရေး စာပေအနုပညာနှင့် အမြင်ဘာသာစကား
မူလဆုံမှတ် အနုပညာ အယ်လ်ဘမ်
le Rendez-vous original
l'Album Des Beaux-Arts
စာအုပ်ထွက်ရှိ
ပုံနှိပ်မှတ်တမ်း
 မာတိကာ
မူလဆုံမှတ် အနုပညာ အယ်လ်ဘမ် စာအုပ်မိတ်ဆက်ပွဲကို မန္တလေးမြို့  ၊ ၇၈လမ်း၊  ၃၁-၃၂ လမ်းကြားရှိ မင်းသီဟ ကဖေးတွင် (၁၅-၁၂-၂၀၁၃)ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၉ နာရီမှ ၁၁ နာရီထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
မူလဆုံမှတ် အနုပညာ အယ်လ်ဘမ် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားဓာတ်ပုံကို ကဗျာဆရာ ပြေညိမ်းမိုဃ်း၏ facebook မှ ရယူပါသည်။
{{{ မူလဆုံမှတ် အနုပညာ အယ်လ်ဘမ်တွင် ကျွန်တော် ညိုကြီး၏ ကဗျာ - "လူကြီးများသို့" လည်း ပါဝင်ပါသည်။ ထိုကဗျာကို ကျွန်တော့် blog တွင် ဖော်ပြခဲ့စဉ်က "ခလေးများသို့" ခေါင်းစဉ်နှင့်ဖြစ်ပါသည်။
"လူကြီးများသို့ (သို့မဟုတ်) ခလေးများသို့" ကဗျာအား ကျွန်တော့် blog ၏ အင်တာနက်လိပ်စာ -
http://bigbbrown.blogspot.com/2013/10/blog-post.html
တွင်လည်း ဖတ်ရှုနိုင်ပါသည်။ }}}
22 November 2013
မန္တလေးမြို့ အခြေစိုက် "ကဗျာ" မဂ္ဂဇင်း (Poem Magazine) အမှတ် (၁) စတင် ထွက်ရှိ
မျက်နှာဖုံး
အယ်ဒီတာအဖွဲ့နှင့် ဆက်သွယ်ရန်
 မာတိကာ
26 September 2013
၆ နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး တောင်းဆိုချက်များ
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်သံဃာ့အရေးအခင်း ၆ နှစ်ပြည့်အဖြစ် ၂၆ ရက် စက်တင်ဘာ ၂၆ ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ Jantar Mantar အရပ်၌ အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားရဟန်းရှင်လူဦးရေ (၅၀)ကျော်ခန့်စုစည်း၍ အောက်ပါအချက်များကို တောင်းဆိုခဲ့ကြကြောင်း သိရှိရပါသည်။
(၁)နိုင်ငံအရေးအကျဉ်းသားများအား ချွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရန်
(၂)သံဃာ့လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသဖြင့် အကျဉ်းကျရာမှ ပြန်လည်လွတ်မြောက် လာကြသည့်                                    
  သံဃာတော်များနှင့်  သီလရှင်များအား မူလကျောင်းတိုက်များတွင် မနေနိုင်အောင် ဖိအားပေး   နေမှုများကို
  ချက်ချင်းရပ်တန့်ရန်              
(၃)မြန်မာနိုင်ငံတဝှမ်းလုံး၌ ဖြစ်ပေါ်လျက်ရှိသည့် ပြည်တွင်းစစ်နှင့် ပဋိပက္ခများ၊ အလုပ်သမား လယ်သမားများ
     အရေးဆို   တောင်းဆိုမှုများကို ငြိမ်းချမ်းစွာ အမြန်ဆုံး ဖြေရှင်းပေးရန်
(၄)သံဃာတော်များအား ဓါတ်တိုင်တွင် ကြိုးတုတ်ရိုက်နှက်ခဲ့ကြသည့်အပြင် အတင်းအဓမ္မ ဖမ်းဆီး
    ထောင်ချခဲ့မှုများနှင့် အရေးတော်ပုံအတွင်း ရက်စက်စွာ ပစ်ခတ်ဖြိုခွင်းမှုအား အစိုးရအနေနှင့် ဝန်ချတောင်းပန်ရန် နှင့် တာဝန်ရှိသူများကို အရေးယူရန်
(၅)၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံအားဖျက်သိမ်းပြီး ပြည်သူ့ဆန္ဒနှင့်အညီဖွဲ့စည်းပုံအသစ်ရေးဆွဲရန်နှင့်တိုင်းရင်းသား ပေါင်းစုံ၏  ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနှင့် အမျိုးသားတန်းတူရေးကို အာမခံသော ဖက်ဒရယ်ပြည်ထောင်စု    တည်ထောင်ရန်
28 July 2013
Ohn Myint Hlaing, A Poet of Burma
၂ဝ၁၃၊ ဇွန် (၁၃)မှာ ကွယ်လွန်ခဲ့သော ကိုကိုးကျွန်းပြန် တော်လှန် ကဗျာဆရာ အုန်းမြင့်လှိုင် (၁၉၄၁ - ၂ဝ၁၃)၏ တစ်လပြည့်အမှတ်တရ ထုတ်ဝေခဲ့သည့် အုန်းမြင့်လှိုင် ကဗျာစာအုပ်
ဖြန့်ချိရေး
မြနန္ဒာ စာအုပ်တိုက်
၃၃/၄၉၊ ရှိုင်းကွန်ဒို၊ ၇ လွှာ၊
ဘဏ်လမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်း၊ ကျောက်တံတားမြို့နယ်၊
ရန်ကုန်
ဖုန်း - ဝ၉ - ၄၃ဝ၈၇၁၉၃
(ကဗျာစာအုပ်အား ကျေးဇူးပြုသော ကဗျာဆရာ ကိုရိုးဒီ အား ကျေးဇူးအထူးတင်ရှိပါသည်။)
ညိုကြီး
13 April 2013
ထွက်ပေါက်မရှာ ဖေါက်ထွက်ပါလော့ သံချပ်များ
" ထွက်ပေါက်မရှာ ဖေါက်ထွက်ပါလော့ "
အိန္ဒိယရောက် ဒီမိုကရေစီအင်အားစုများရဲ့ ၁၅ ကြိမ်မြောက်ကြိုးစားမှုဖြစ်တဲ့ ထွက်ပေါက်မရှာ ဖေါက်ထွက်ပါလော့ အမည်ရတဲ့ သံချပ်ကို မိဘပြည်သူများလက်သို့ ဖြန့်ချီလိုက်ပြီဖြစ်ပါတယ်။
ဒီသံချပ်ခွေမှာ ယနေ့ခေတ်ဖြစ်ပေါ်နေတဲ့ လူမှုရေး နိုင်ငံရေးအခြေအနေတွေကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် သီချင်းပုံစံတမျိုး ရိုးရာသံချပ်ပုံစံတသွယ်ဖြင့် ရေးဖွဲ့သီဆိုထားပါတယ်။
ပါဝင်တဲ့ ကဏ္ဍတွေကတော့ အဖွင့်နုတ်ခွန်းဆက် နိဒါန်း လူထုဘ၀အခြေအနေ၊ လွှတ်တော်နှင့်သူ၏အစိုးရ၊ အတိုက်ခံအင်အားစု၊ မီဒီယာ ပြည်တော်ပြန်နဲ၊ အပစ်ရပ်တို့အပြင် ပြည်သူတို့အတွက်လိုအပ်ချက်တွေကို တောင်းဆိုထားတဲ့ တိုက်ပွဲခေါ်သံကဏ္ဍနဲ့ အမျှဝေ ကဏ္ဍဆိုပြီး ကဏ္ဍအသီးသီးနဲ့ သီဆိုထားပါတယ်။
ဒီခွေပါသံချပ်တွေကို အင်တာနက်မှာအလွယ်တကူ ဒေါင်းလော့လုပ်ယူနိုင်သလို အမှန်တရားမြတ်နိုးသူတွေ မိဘပြည်သူများလက်ဝယ်ရောက်အောင် နည်းမျိုးစုံနဲ့ ဖြန့်ချီလိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
https://soundcloud.com/nay-myo-linn
http://www.youtube.com/watch?v=gPFWzUE3bqE&feature=share
https://soundcloud.com/niknayman/thingyan-thangyat-2013-india?utm_source=soundcloud&utm_campaign=share&utm_medium=facebook&utm_content=https%3A%2F%2Fsoundcloud.com%2Fniknayman%2Fthingyan-thangyat-2013-india
18 March 2013
Education Policy Suggestion by Dr Thein Lwin (NNER)
မြန်မာနိုင်ငံ ပညာရေး မူဝါဒအတွက် အကြံပြုချက် 
ဒေါက်တာသိန်းလွင် 
နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ယက် (NNER) ဖြစ်မြောက်ရေးအဖွဲ့
05 March 2013
Submission of Evidence to Myanmar Government’s Letpadaung Investigation Commission
Submission of Evidence to Myanmar Government’s Letpadaung Investigation Commission Lawyers 
DEDICATION:
Re Borne on Letpadaung Hill
99 monks sitting steadfast in circles,
One heart beating true for land-loving peoples,
Channeling the power of powerlessness,
Flutt’ring on butterfly-wings of compassion,
Chanting peace sutras under fire-bombs flying,
Tossed like sticks amist storms of secret suff’ring,
Flames and flesh, blood and water, inter-mingling,
Just! – As an all-mighty oceans’ ceaseless roar! –
Can such devotion ever be defeated?
Lawyers Network and Justice Trust 
(submitted on 28 January, 2013, re-submitted with exhibits on 1 February)
This information was gathered in December-January through site visits to the area and numerous interviews with affected persons from incidents at the Letpadaung copper mine conflict.
16 February 2013
National Network for Educational Reform (NNER) ~ Myanmar
ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက်
(National Network for Educational Reform ~ NNER)
ဤပညာရေးကွန်ယက်သည် နိုင်ငံလုံးဆိုင်ရာပညာရေးမူဝါဒ (National Educatiion Policy) တစ်ရပ်ချမှန်နိုင်ရန် အတွက် မြန်မာနိုင်ငံဒေသအသီးသီးရှိ ပညာရေးနှင့် သက်ဆိုင်သူအားလုံးနှင့် ပြည်ပရာက်မြန်မာနိုင်ငံသားများ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာစေရန် ရည်ရွယ်၍ ဖွဲ့စည်းခြင်းဖြစ်ပါသည်။ ဤပညာရေးကွန်ယက်နှင့် ချိတ်ဆက်လိုသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များသည် စာမျက်နှာ(၅)တွင် ဖော်ပြထားသည့် အီးမေး(လ်)များမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။
ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် (National Network for Educational Reform ~ NNER) အကြောင်းအပြည့်အစုံကို အောက်က PDF ဖိုင်တွင် ကြည့်ရှုနိုင်ပါကြောင်း။
http://www.scribd.com/doc/125067336/NNER-and-October-Seminar-Statement
ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် (National Network for Educational Reform ~ NNER)၏ အကြိုဆွေးနွေးပွဲများကို အောက်ပါအစီအစဉ်အတိုင်း (၁၅၊ ၂၊ ၂၀၁၃)ရက်က စစ်ကိုင်းနှင့် မန္တလေးတွင်ကျင်းပသွားရာ စစ်ကိုင်း ဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးသူ ဦးရေ (၅၀)ခန့်လည်းကောင်း၊ မန္တလေး ဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးသူ ဦးရေ (၁၀၀)ခန့်လည်းကောင်း ရှိကြောင်း သိရပါ၏။
နေရာ (၁)
(၁၅၊ ဖေဖော်ဝါရီ၊ ၂၀၁၃) (နံနက် ၁၀ နာရီ)
စစ်ကိုင်း၊ အောင်မြေဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
နေရာ (၂)
(၁၅၊ ဖေဖော်ဝါရီ၊ ၂၀၁၃) (နေ့လည် ၂ နာရီ)
မန္တလေး၊ ၃၅ လမ်းနှင့် လမ်း ၉၀ ထောင့်၊ INTENSITY Speaking Centre
12 April 2012
သံချပ်တွေ ပြန်လာပြီ...
လူရွှင်တော် နှုတ်ခမ်းမွှေး ပါပါလေး သံချပ်အဖွဲ့
ခွပ်လိုက်ကြစို့ သူငယ်ချင်း
(ဗြောင်ပြော ဒဲ့ပြော)
မန္တလေးသင်္ကြန်တွင်းကာလ ၁၁-၁၂-၁၃-၁၄ ရက်များ လှည့်လည် ဖျော်ဖြေပါမည်။
------------------------------------
One of Thingyan "Than-Chut" Groups from Mandalay, Myanmar.
Comedian Par Par Lay from The moustache brothers of Mandalay leads this group.
Thingyan "Than-Chut" Groups have been banned during Another Military Dictatorship Era in Burma (1989-2010)
Now, Thein Sein Government allows Thingyan "Than-Chut" Groups to participate in Burmese 2012 Thingyan.
19 March 2012
မဲဘယ်လိုခိုး၊ ဘယ်လိုလိမ်ကြသလဲ (၁) - How Military+USDP Government Make Fake Vote for 2012 By-Election
Fake Vote Created by USDP for 2012 by-Election
မဲဘယ်လိုခိုး၊ ဘယ်လိုလိမ်ကြသလဲ (၁)
ယောမင်းလေး
(March, 2012)
အသည်းကြားက မဲတစ်ပြားဟု ဆိုကြ၏။ ဆိုလိုသည်မှာ မဲတစ်ပြား၏ တန်ဖိုးကြီးပုံ၊ အရေးကြီးပုံကို တင်စားပြောဆိုခြင်းဖြစ်ပေသည်။ မှန်ပါသည်။ ကျွန်ုပ်တို့၏ ကောင်းကျိုးဆိုးပြစ်ကို ပြုပြင်ဖန်တီးမည့် ပုဂ္ဂိုလ်တစ်ယောက်ကို ရွေးချယ်တင်မြှောက်ရာ၌ မဲတစ်ပြားသည် လွန်စွာမှ တန်ဖိုးကြီး၏။ အရွေးမှားက ခွေးများဖြစ်သွားနိုင်၏။
ကျွန်ုပ်တို့ကို ဖိနှိပ်လိုသူများကလည်း နည်းမျိုးစုံဖြင့် ခိုးကြလိမ်ကြ၏။ တစ်တိုင်းပြည်လုံး ဖက်ဆစ်စနစ်ကို အလိုမရှိသဖြင့် တွန်းလှန်ဖြိုဖျက်နေသည့်ကြားမှ ထိုလူများနှင့် ထမင်းဝနေသော (သို့မဟုတ်) အရိုးအရင်းအရင်းစုတ်ရသူများက ထိုစနစ်၊ ထိုလူတို့ကို ပံ့ပိုးကူညီ လိမ်လည်ခိုးဝှက်ပေးကြ၏။
ထိုသည်လည်း အပြစ်မဆိုသာပါပေ။ ဂျပန်ခေတ်၌ ဂျပန်အလိုတော်ရိ၊ အင်္ဂလိပ်ခေတ်မှ အင်္ဂလိပ်အလိုတော်ရိတို့ကို မသိအောင်ရှောင်ရှား၍ ဗိုလ်ချုပ်အောင်ဆန်းတို့သည်ပင် လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ရသေးသည် မဟုတ်ပါလော။
ယခု မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် လစ်လပ်သော လွှတ်တော်ကိုယ်စားလှယ်နေရာ ရွေးချယ်ရာ၌ ရွေးကောက်ပွဲကော်မရှင်သည် နည်းမျိုးစုံနှင့် မဲလိမ်မဲခိုးပြုလုပ်၏။ သူတို့ မဲခိုးမဲလိမ်နည်းတစ်ခုမှာ ဤသို့ဖြစ်၏။ သူတို့ကြံ့ခိုင်ရေးသို့ သေချာပေါက် မဲထည့်မည့်ပုဂ္ဂိုလ်ကို အကွက် (၂၈၉)၌လည်း မဲစာရင်းထည့်ထား၏။ ထိုနှင့်မျက်နှာချင်းဆိုင် အကွက် (၂၉၄)၌လည်း မဲစာရင်းထည့်ထား၏။ ဤသို့ထည့်ခြင်းဖြင့် တစ်နေရာ မဲအတွက် ကြိုတင်မဲယူ၍ တစ်နေရာ၌ လူကိုယ်တိုင်သွားရောက်ထည့်၏။ ဤသို့ဖြင့် ကြံ့ခိုင်ရေးမဲရအောင် ကြံစည်ကြ၏။ အတိုက်အခံဘက် ထည့်မည်ဟု သေချာသော မဲဆန္ဒရှင်များကိုတော့ မေ့တာလိုလို၊ အသက်မပြည့်တာလိုလိုနှင့် မဲစာရင်း၌ ချန်ခဲ့၏။ သွားရောက်ပြောသောအခါ သေချာစိစစ်ပါဦးမည်။ လေးရက်လောက်စောင့်ပါဟု ပြော၏။ သူတို့ချန်ခဲ့သော ပုဂ္ဂိုလ်မှာ အသက်မပြည့်သေးပြောရအောင်ကလည်း ကလေး နှစ်ယောက်ပင်ရ၍ သားသမီးသည်ပင် အမှတ် ၁၄ ကျောင်း၌ ကျောင်းတက်နေပေပြီ။
ကျွန်ုပ်တို့သည် အရမ်းစွပ်စွဲ အပုပ်ချသည်မဟုတ်။ ကျွန်ုပ်တို့၏ စူးရှထက်မြက်လှသော သတင်းထောက်များမှ တစ်ဆင့် ခိုင်လုံသော သတင်းအချက်အလက်တို့ကို ရှာဖွေတွေ့ရှိခဲ့ရပေပြီ။
ဥပမာ- မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ်မှ ဆန္ဒမဲအမှတ်စဉ် (၅၃၉၆) ဦးရဲကျော်သူ (၉/မဟမ(နိုင်)၀၀၁၅၂၇ သည် အကွက် ၂၈၉ ၌လည်း မဲဆန္ဒစာရင်းပါ၏။ အကွက် ၂၉၄ ၌လည်း ကိုရဲကျော်သူ (၉/မဟမ(နိုင်)၀၀၁၅၂၇) အမှတ်စဉ် (၅၉၂၀)ဟု ပါပြန်၏။ ထို၌ မွေးသက္ကရာဇ် ၃-၂-၁၉၇၄ အစား ၉-၀၈-၁၉၇၃ ဟု ပြောင်းထားသည်သာ ကွာ၏။
ပုံ ၁
ပုံ ၂
ထိုကဲ့သို့ပင် အမှတ်စဉ် (၅၈၇၉) ကိုသိန်းထိုက်၊ (၅၈၈၀) မယဉ်ယဉ်ဝင်း၊ (၅၈၈၁) မောင်စိုင်းဝဏ္ဏတို့သည် အကွက် ၂၉၄ ၌ မဲဆန္ဒစာရင်းဖော်ပြထားသလို အမှတ်စဉ် (၅၄၄၈)၊ (၅၄၄၉)၊ (၅၄၅၀) ၌လည်း အကွက် ၂၈၉ အတွက် မဲစာရင်းဖော်ပြထားပြန်၏။ မှတ်ပုံတင် နံပတ်များမှာ မပြောင်းလဲ။ ဖွားသက္ကရာဇ်များကိုမူ ယခင် ရဲကျော်သူ ကဲ့သို့ပင် ပြောင်းလဲထား၏။
ပုံ ၃
ပုံ ၎
ကိုသိန်းထိုက်သည် တစ်နေရာ၌ ၉-၃-၁၉၇၂ ဖြစ်၍ အကွက် ၂၉၄ ၌ ၉-၁၀-၁၉၇၂ ဖြစ်၏။ မယဉ်ယဉ်ဝင်းသည် အကွက် ၂၈၉ ၌ ၁၂-၁-၁၉၇၄ မွေးဖြစ်၍ အကွက် ၂၉၄ ၌ ၇-၀၄-၁၉၇၄ မွေးဖြစ်၏။ သူတို့၏သား မောင်စိုင်းဝဏ္ဏမှာ အကွက် ၂၈၉ ၌ ၁၀-၉-၁၉၉၂ ဖြစ်၍ အကွက် ၂၉၄ ၌ ၂၈-၄-၁၉၉၂ ဖြစ်၏။ ဆက်လက်စုံစမ်းသိရှိရသည်မှာ သူတို့မိသားစုသည် မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက် မဲဆန္ဒကော်မရှင်ဥက္ကဌ၏ တူများဖြစ်ကြောင်း သိရှိရ၏။
ထို့အတူ ဆန္ဒမဲအမှတ်စဉ် (၅၇၅၈) ကိုမိုးဇော်ဦး၊ အမှတ်စဉ် (၅၇၅၉) မခင်မျိုးဝင်းတို့သည်လည်း အကွက် ၂၉၄ ၌ တစ်ခါပါ၏။ အကွက် ၂၉၄ ၌ပင် အမှတ်စဉ် (၅၉၁၈)၊ အမှတ်စဉ် (၅၉၁၉) တို့တွင်လည်း ကိုမိုးဇော်ဦး၊ မခင်မျိုးဝင်းတို့ ထပ်ပါပြန်၏။
ပုံ ၅
ပုံ ၆
ဤသည်မှာ ကျွန်ုပ်တို့ ဖော်ထုတ်နိုင်သေးသော လတ်တလော စာရင်းသာဖြစ်၏။ သူတို့ဆွေမျိုးများကို အသက်မပြည့်သေးဘဲ ထည့်ထားသည်မှာ ဘယ်မျှ ကျွန်ုပ်တို့ မသိနိုင်သေး။ အတွင်းရေးမှူးဆိုသူများ၏ ဆွေတော်အပေါင်း၊ မျိုးတော်ရှစ်သောင်းကိုလည်း မဖော်ထုတ်နိုင်သေး။
မဲတစ်ပြား၏ တန်ဖိုး မည်မျှရှိသည်ကို မဲရေတွက်ရာ၌ သိနိုင်၏။ ယခုပင် ၁၂ မဲမျှတွေ့ရပေပြီ။ ၁၂ မဲ နှစ်ပြန်ဆိုလျှင် ၂၄ မဲ။ ဤသို့ ပြန်ကြည့်လျှင် ခေါက်ချိုးတက်၍ သွားပေမည်။ ကင်းဝန်မင်းကြီး ဆန်ကို နှစ်ပြန်စားသလို ဖြစ်မည်ကို ပြည်သူအပေါင်း သတိကောင်းကောင်းထား၍ စောင့်ကြည့်ဖော်ထုတ်သင့်ပေကြောင်း တင်ပြအပ်ပေသည်။
ယောမင်းလေး
www.facebook.com/cjmyanmar
DTP by Nyo Gyi
(PDF ဖိုင်အား Download ရယူချင်သူများအတွက်
http://www.scribd.com/nyog_1/d/85829263-Fake-Vote-Created-by-USDP-for-2012-by-Election
တွင် Upload တင်ထားပါကြောင်း...)
03 March 2012
ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ဓာတ်ပုံများ - Mother Suu's Mandalay Trip (Photos)
ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ဓာတ်ပုံများ
From Daw Aung San Suu Kyi in Mandalay
အခြားပုံများကို အောက်က လင့်ခ်မှာ သွားကြည့်ပါ။
https://picasaweb.google.com/116723507462397308445/DawAungSanSuuKyiInMandalay?authuser=0&feat=directlink
ညိုကြီး
ရိုက်ကူးတင်ဆက်သည်
Facebook မှာလည်း တင်ထားပါတယ်။
www.facebook.com/nyogyi
https://www.facebook.com/media/set/?set=a.384773418199590.97020.100000008066345&type=3
02 March 2012
ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် မန္တလေးသားများကို မှတ်တမ်းတင်ထားရန် အာဏာပိုင်များအဆင့်ဆင့် ညွှန်ကြား
ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် မန္တလေးသားများကို မှတ်တမ်းတင်ထားရန် အာဏာပိုင်များအဆင့်ဆင့် ညွှန်ကြား
From San & Suu
ပြီးခဲ့သော ရက်များအတွင်း တစ်နေ့သ၌ ကျွန်ုပ်၏ မိတ်ဆွေတစ်ဦး မန္တလေးမြို့ပေါ်က ရဲစခန်းတစ်ခုအတွင်း အမှတ်မထင် ရောက်ရှိနေခိုက် ရဲအချင်းချင်း (သို့မဟုတ်) ရဲမှ ရပ်ကွက်ရုံး (သို့မဟုတ်) ရဲမှ စစ်ကြံ့ဖွံ့ထောက်လှမ်းရေး သတင်းပေးတစ်ဦးဦးအား ဖုန်းဖြင့် ညွှန်ကြားပြောဆိုနေသည့်အသံကို ကြားခဲ့ရရာ အကြောင်းအရာမှာ ဤသို့ဖြစ်၏။
"၂ဝ၁၂ ခုနှစ်၊ မတ်လ၊ ၃ - ၄ ရက်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ရှိ၏။ ဒေါ်အောင်ဆန်းစုကြည် မန္တလေးမှာ ရှိနေစဉ်အတွင်း သူမအားထောက်ခံသည့် အိမ်များက ဆိုင်းဘုတ်၊ ပိုစတာ၊ စာတမ်းများ တင်ကြလိမ့်မည်။ အဆိုပါ အိမ်များကို စာရင်းပြုစု၊ မှတ်တမ်းတင်ထားရန်"
ဟူသတည်း။
မန္တလေးမှ ရဲစခန်းတိုင်း၊ ရပ်ကွက်အာဏာပိုင်တိုင်း၊ စစ်ကြံ့ဖွံ့သတင်းပေးတိုင်း အနှီ တာဝန်ကို ယူကာ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့်မန္တလေးအိမ်များစာရင်းကို စောင့်ကြည့်ရယူကြမည့်သဘောရှိ၏။
(လက်ရှိ နိုင်ငံတော် သမ္မတဆိုသူက အတည်ပေါက် နားဝင်ချိုစည်းရုံး-အပြစ်ကာ စကားတွေကို မိန့်ခွန်းဆိုပြီး ပြောလိုက်။ သူ့အောက်က သူ့လူတွေက အရင်စတိုင်မပြောင်း၊နည်းညစ်နည်းဟောင်းတွေ သုံးလိုက်နဲ့ ပြဇာတ်ထဲမှာ ရှေ့ကဇာတ်လိုက် သေနတ်ပစ်ပြတာကိုကန့်လန့်ကာ နောက်ကလူက ဗျောက်သံပေးဖို့ မေ့သလိုမျိုးဖြစ်နေပြီဗျို့။
ကဲ... မန္တလေးသားတွေဘာလုပ်ကြမလဲ။ ဒီသတင်းကို မျှဝေတာက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့နေရာမှာ မန္တလေးသားတွေ ရွံ့သွားစေဖို့၊ တွန့်သွားစေဖို့ လုံးဝ မဟုတ်ပါဘူး။ စစ်ကြံ့ဖွတ်အဆိုးရကတော့ ဒီလို ဒီလို ကြိုတင် ကြံစည်ပြင်ဆင်ထားကြပြီ...ဆိုတာ သိစေချင်လို့ပါ။ ဒီသတင်းကို သိရပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် လာတဲ့အခါ မန္တလေးသားတွေ ဘာလုပ်ကြမလဲ။)
ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံတဲ့နေရာမှာ "မကြောက်တမ်း မရွံ့တမ်း... မန်းသားတွေ အောင်ပန်း ဆွတ်ကြရပေမည်" ဆိုသည်ကိုဖြင့် ကျွန်ုပ်အနေနှင့် သံသယ တစိုးတစိမျှမရှိ၊ သေချာစွာ ယုံကြည်မိပါတော့သတည်း။ ။
(နားနှင့် ဆတ်ဆတ်ကြားခဲ့ရပြီး ပြန်လည် ဖောက်သည်ချသော မိတ်ဆွေကြီးအား ညိုကြီးက ဤစာနှင့်အတူ အလေးပြုလိုက်ရပေကြောင်း)
ညိုကြီး
၂.၃.၂၀၁၂
29 February 2012
Asia Hero General Aung San (Song) for 88 Generation Students
"အာရှသူရဲကောင်း ဗိုလ်အောင်ဆန်း သီချင်း" အား
ပန်တျာဌေးဌေးမြင့် (လမင်းတရာ) နှင့် သူမ၏ သားဖြစ်သူတို့ သီဆိုစဉ်
(၈၈) မျိုးဆက်ကျောင်းသားများအား ကြိုဆိုနှုတ်ဆက်ဧည့်ခံပွဲ
၂၈.၂.၂၀၁၂
Oriental House, Mandalay
ညိုကြီး ရိုက်ကူးသည်။
Youtube Video
Facebook Video