Showing posts with label 8888. Show all posts
Showing posts with label 8888. Show all posts

16 February 2013

National Network for Educational Reform (NNER) ~ Myanmar

ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက်
(National Network for Educational Reform ~ NNER)


ဤပညာရေးကွန်ယက်သည် နိုင်ငံလုံးဆိုင်ရာပညာရေးမူဝါဒ (National Educatiion Policy) တစ်ရပ်ချမှန်နိုင်ရန် အတွက် မြန်မာနိုင်ငံဒေသအသီးသီးရှိ ပညာရေးနှင့် သက်ဆိုင်သူအားလုံးနှင့် ပြည်ပရာက်မြန်မာနိုင်ငံသားများ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာစေရန် ရည်ရွယ်၍ ဖွဲ့စည်းခြင်းဖြစ်ပါသည်။ ဤပညာရေးကွန်ယက်နှင့် ချိတ်ဆက်လိုသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များသည် စာမျက်နှာ(၅)တွင် ဖော်ပြထားသည့် အီးမေး(လ်)များမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။


ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် (National Network for Educational Reform ~ NNER) အကြောင်းအပြည့်အစုံကို အောက်က PDF ဖိုင်တွင် ကြည့်ရှုနိုင်ပါကြောင်း။

http://www.scribd.com/doc/125067336/NNER-and-October-Seminar-Statement



ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် (National Network for Educational Reform ~ NNER)၏ အကြိုဆွေးနွေးပွဲများကို အောက်ပါအစီအစဉ်အတိုင်း (၁၅၊ ၂၊ ၂၀၁၃)ရက်က စစ်ကိုင်းနှင့် မန္တလေးတွင်ကျင်းပသွားရာ စစ်ကိုင်း ဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးသူ ဦးရေ (၅၀)ခန့်လည်းကောင်း၊ မန္တလေး ဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးသူ ဦးရေ (၁၀၀)ခန့်လည်းကောင်း ရှိကြောင်း သိရပါ၏။

နေရာ (၁)
(၁၅၊ ဖေဖော်ဝါရီ၊ ၂၀၁၃) (နံနက် ၁၀ နာရီ)
စစ်ကိုင်း၊ အောင်မြေဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

နေရာ (၂)
(၁၅၊ ဖေဖော်ဝါရီ၊ ၂၀၁၃) (နေ့လည် ၂ နာရီ)
မန္တလေး၊ ၃၅ လမ်းနှင့် လမ်း ၉၀ ထောင့်၊ INTENSITY Speaking Centre

29 February 2012

Asia Hero General Aung San (Song) for 88 Generation Students

"အာရှသူရဲကောင်း ဗိုလ်အောင်ဆန်း သီချင်း" အား
ပန်တျာဌေးဌေးမြင့် (လမင်းတရာ) နှင့် သူမ၏ သားဖြစ်သူတို့ သီဆိုစဉ်

(၈၈) မျိုးဆက်ကျောင်းသားများအား ကြိုဆိုနှုတ်ဆက်ဧည့်ခံပွဲ

၂၈.၂.၂၀၁၂
Oriental House, Mandalay

ညိုကြီး ရိုက်ကူးသည်။

Youtube Video


Facebook Video

Than Chut (သံချပ်) for 88 Generation Students by Moustache Brother

လူရွှင်တော် ပါပါလေးနှင့် ညီအစ်ကိုများရဲ့
" အာဇာနည်ကျောင်းသားများ ကြိုဆိုရေး သံချပ် "

လူရွှင်တော် ပါပါလေး
Moustache Brothers

From 88 Generation Students


(၈၈) မျိုးဆက်ကျောင်းသားများအား ကြိုဆိုနှုတ်ဆက်ဧည့်ခံပွဲ

၂၈.၂.၂၀၁၂
Oriental House, Mandalay

ညိုကြီး ရိုက်ကူးသည်။

သံချပ် ဗွီဒီယို

Facebook Video



သံချပ်စာသား


From 88 Generation Students

88 Generation Students pay respect to Mandalay 17 Martyrs (Video)

၈၈ မျိုးဆက်ကျောင်းသားများ
မန္တလေး ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦး ဗိမာန်တွင် လွမ်းသူ့ပန်းခွေချ၊ ဂါရ၀ပြု သစ်ပင်စိုက်၊ အလှူငွေလှူဒါန်း

28.2.2012 (Tuesday)

၂၈.၂.၂၀၁၂ နံနက် ၉ နာရီခွဲတွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုလှမျိုးနောင်၊ ကိုမင်းဇေယျာ၊ ကိုအောင်သူ၊ ကိုအောင်နိုင်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုကိုကြီး(စမ်းချောင်း)၊ မနီလာသိန်း၊ မမီးမီး၊ မမာမာဦး၊ မသက်သက်အောင် အစရှိသော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် မန္တလေး ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦး ဗိမာန်သို့ရောက်ရှိပြီး မန္တလေး ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦးအားရည်စူး၍ လွမ်းသူ့ပန်းခွေချခြင်း၊ အလေးပြုခြင်း၊ အလှူရှင် ကိုမြဇော်၏ အလှူငွေ ကျပ် (၈)သောင်းအား လက်ခံခြင်း၊ လက်ခံထားသည့် အလှူငွေ (၈)သောင်းကျပ်အား မန္တလေး ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦး ဗိမာန်ဝင်းအတွင်းစိုက်ပျိုးခါစ သစ်ပင်များ ရှင်သန်စေရန် ရေရရှိရေးအတွက် ပြန်လည်လှူဒါန်းခြင်း၊ ဗိမာန်ဝင်းအတွင်း သစ်ပင်စိုက်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။

၎င်းနောက် နံနက် ၁၀ နာရီတွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် စစ်ကိုင်းမြို့သို့ ဆက်လက်ထွက်ခွာသွားကြသည်။

ညိုကြီး

Youtube Video


Facebook Video

၈၈ မျိုးဆက်ကျောင်းသားများအား မန္တလေးလူထု တစ်ခဲနက်ထောက်ခံကြိုဆို - 88 Generation Students in Mandalay (Photos)

မန္တလေးရောက် ၈၈ မျိုးဆက်ကျောင်းသားများ၏ ဓာတ်ပုံများအား Nyo Gyi ၏ Facebook တွင် အားပါးတရ ကြည့်ရှုနိုင်ပါသည်။

https://www.facebook.com/nyogyi


88 Generation Students in Mandalay

By Nyo Gyi (Albums)

https://www.facebook.com/media/set/?set=a.381498761860389.96440.100000008066345&type=3

12 February 2012

Fallen Students' Day at Mandalay - မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့

မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့

ဘုံပျံတောရ မြဝတီမင်းကြီးကျောင်းတိုက်၊ မန္တလေးမြို့

၁၂-၂-၂ဝ၁၂ (တနင်္ဂနွေ)







13 October 2011

Interview with U Thondara (Political Prisoner)



၁၉၈၉ ခုနှစ်၊ မတ်လ၊ ၁၅ ရက်မှစ၍ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရကာ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ၊ ၁၂ ရက်က မန္တလေး၊ အိုးဘိုထောင်မှ ပြန်လည်လွတ်မြောက်လာသော
ဆရာတော် ဦးသုန္ဒရ၀ံသ (၁၉၈၈ အရေးအခင်း မြင်းခြံ သပိတ်ဥက္ကဌ)
နှင့် အင်တာဗျူး ဗွီဒီယိုဖိုင်

https://www.facebook.com/video/video.php?v=293824550627811

18 August 2009

ICC & Myanmar Military Junta

နိုင်ငံတကာ ရာဇ၀တ်မှု ဆိုင်ရာ တရားရုံး (အိုင်စီစီ) တွင်
မြန်မာ စစ်အာဏာရှင် ခေါင်းဆောင်များအား စွဲချက်တင်နိုင်ရေး သုံးသပ်ချက်

Compiled and analyzed by Lwin Aung Soe - 2009

ICC _print_

08 August 2009

8888 Of Our Town

`` တို့မြို့လေးရဲ့  ရှစ်လေးလုံး ´´


မှန်ထဲမှာ ကိုယ့်ဖာသာကို ပြန်ကြည့်ရင်း
အံကို တင်းတင်းကြိတ်ပြီး
ပုဝါနီစည်းထားတဲ့ မျက်နှာ
နက်ဖန်ဘာဖြစ်မယ်ဆိုတာ
အဲဒီညက
ငါသေချာမသိပါ ။


ကြောက်လည်း ကြောက်ခဲ့

ရဲလည်း ရဲခဲ့

နှလုံးသွေးတွေလည်း ပွက်ပွက်ဆူခဲ့ ။

မနက် ကျောင်းတက်လမ်းမှာ
ခါတိုင်းထက် တိတ်ဆိတ်နေတဲ့ လမ်းမ
ငါ့ အသက်ရှုသံတောင် ငါပြန်ကြားနေရတယ် ။

အဲဒီလမ်းမပေါ်
နေ့လည် ၁၁ နာရီအကျော်မှာ
သမိုင်းဝင်မယ့် တေးသွား
ငါတို့ ကျောင်းသားတွေ
ပြိုင်တူ ဟစ်ကြွေးသံဝေခဲ့မယ်လို့

တွေးလည်း တွေးပေရဲ့
သေတော့မသေချာခဲ့ ။


ဒါပေမဲ့
ငါတို့တွေ ဟစ်ကြွေးခဲ့ကြတယ်

ဘယ်လိုအန္တရာယ် ကြုံမယ်မှန်းမသိဘဲ
ပုဝါနီလေးတွေ စည်းနှောင်ဆဲ
ငါတို့ကျောင်းသားတွေ ရဲခဲ့တယ်။


မိုးသည်းသည်းထဲမှာ
ခြိမ်းခြောက်လာတဲ့ သေနတ်သံ ကျည်သံတွေကို ဖယ်ရှား

မြို့သူမြို့ သားအပေါင်း ခြံရံလို့
တို့မြို့ရဲ့  ရှစ်လေးလုံး အောင်ပွဲသံ
မိုးယံကို ချီခဲ့တယ်
လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော်ဆီကပေါ့ ။ ။

အမည်မသိစာဆို

----------------------------------------
ပေးပို့သူ - ဖိုးရှုပ် (ဒဂုံ အဝေးသင်) Student

05 August 2009

Military Devadatta


ဗုဒ္ဓတရားတော်ကို ဆန့်ကျင်သောလုပ်ရပ်များ


ကျွန်မတို့ မြန်မာနိုင်ငံဟာ အနော်ရထာမင်း လက်ထက်ကတည်းက ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့တာပါ။
မြန်မာနိုင်ငံသား စစ်စစ်မှန်သမျှ ဗုဒ္ဓအဆုံးအမနှင့်အညီ နေထိုင်ခဲ့ကြပါတယ်။
ကိုလိုနီခေတ်မှာတောင် ဘာသာခြားတွေလက်ထဲမှာ ဗုဒ္ဓဘာသာကို မစွန့်လွှတ်ပဲ ကိုးကွယ်ခဲ့ကြတယ်။
အခုတော့....... ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာကိုးကွယ်မှု အခြေအနေကတော့ ရင်လေးစရာပါပဲ။

ကျွန်မတို့ ရဲ့  ဘာသာကို ညှိုးနွမ်းအောင်လုပ်နေတဲ့သူတွေက ဘာသာခြား၊ လူမျိုးခြားတွေမဟုတ်။
နအဖအစိုးရ ကိုယ်တိုင်သာဖြစ်တယ်။
ဘုရားဟောတရားတွေမှာ သူ့  အသက်ကို မသတ်ရ လို့ သိက္ခာပုဒ် သတ်မှတ်ခဲ့တယ်။
ဒါပေမဲ့ နအဖအစိုးရဟာ အဆုံးအမတွေကို ဆန့်ကျင်ပြီး လူပေါင်းမြောက်များစွာကို သတ်ဖြတ်ခဲ့ပါတယ်။

စစ်အာဏာရှင်တွေဟာ...
(၈၈) အရေးအခင်းတုန်းက အပြစ်မဲ့သော ကျောင်းသူကျောင်းသားပေါင်းများစွာကို ရက်ရက်စက်စက် သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာလည်း ဘုရားသားတော်များဖြစ်တဲ့ သံဃာတော်တွေကို ရက်ရက်စက်စက်ရိုက်နှက်သတ်ဖြတ်ခဲ့တယ်။
အဲဒီကိစ္စဟာ ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တွေကို အတိအလင်းစော်ကားခဲ့ပါတယ်။
လုံးဝခွင့်မလွှတ်သင့်သောလုပ်ရပ်တွေပါ။

ဒေ၀ဒတ်သည် သံဃာသင်းခွဲမှုကြောင့် မြေမြိုခံရ၊ ငရဲခံရတယ်။
နအဖအစိုးရနဲ့ အပေါင်းအပါတို့သည်လည်း သံဃာတော်များကို ကိုယ်ထိလက်ရောက် စော်ကားသတ်ဖြတ်သည့်အပြင်
မြတ်စွာဘုရား၏ တရားတော်များ၊ အဆုံးအမများကို ညှိုးနွမ်းအောင် ပြုလုပ်ခဲ့သောကြောင့်
ကျွန်မတို့အားလုံး နအဖအစိုးရနှင့် အပေါင်းအပါအားလုံး အပါယ်ငရဲတွင် သံသရာတစ်လျှောက်လုံး ခံစားရစေရန်
ဆုတောင်းပေးလိုက်ကြပါစို့ ...။ ။

CHESS

07 September 2008

Now, as Previous

တစ်ခါတုန်းက အခု
နှင်းကေသရာ (သုဘရာဇာ)


ကျွန်တော်ရှိလှ မှတ်မိ ရှစ်တန်းကျောင်းသားအရွယ်
သုံးဆယ်ချောင်းဘေး စိန်ပန်းတွေ ရဲရဲနီလို့
ဗိုလ်စိန်မှန်ပန်းခြံ
ပန်းနဲ့ပေါက်သလို သေနတ်သံတွေ
ပန်းနဲ့ပေါက်လို့ သေခဲ့တဲ့ ကျွန်တော့်အစ်ကိုတွေ
သုံးဆယ်ချောင်းထဲ တော်လှန်ရေးသမားတွေ အလောင်းတွေမျောလို့
ဆယ်နှစ်ကျောင်းသားလေးအလောင်း မျောလို့
တက္ကသိုလ်ကျောင်းသားကြီး အလောင်းမျောလို့
ဆံပင်တွေရှည်ခဲ့တယ်
လူ့အရင်းအမြစ်တွေ ပျောက်ဆုံးခဲ့တယ်
နှစ်(၂၀)ကြာခဲ့တယ်
ရင်ထဲမှာ ခုထိ ဒီနေ့ပဲ ။

နှင်းကေသရာ (သုဘရာဇာ)

08 August 2008

20 YEARS.... (from 8.8.88 to 8.8.08)

(Picture from viss.wordpress.com)

The 8888 Uprising (Burmese: ၈၄လုံး or ရ်ဟစ်‌လေးလုံး; MLCTS: hrac le: lum:) was a national revolution in Burma (Myanmar) demanding democracy in 1988. The uprising began on August 8, 1988, and from this date (8-8-88), it is known as the "8888 Uprising".

University students began demonstrations in Yangon (Rangoon), which spread throughout the country. The uprising ended on September 18, after a bloody military coup by the State Law and Order Restoration Council (SLORC). Thousands, mostly Buddhist monks and civilians (primarily students) were slaughtered by the Tatmadaw (armed forces).

(More data of 8888 Uprising - http://en.wikipedia.org/wiki/8888)

26 July 2008

A SPECIAL POEM

ချိုတူးဇော်ရဲ့ ကဗျာလေးတစ်ပုဒ်ပါ။
အမှတ်(၁၈)၊ ဇွန်၊ ၂၀၀၈၊ ပိတောက်ပွင့်သစ် စာပေအနုပညာ magazine ထဲမှာ ဖော်ပြထားတယ်။
"မြို့ဟာ
မြို့သူမြို့သားတွေနဲ့ ထိုက်တဲ့တန်တဲ့အတိုင်းပဲ နေမှာ"
ကဗျာထဲက စာသားတစ်ကြောင်းပါ။


18 February 2008

TIME IS UP !!!

“စစ်ကျွန်ဘ၀အောက် အနှစ် (၂၀)”
ပင့်ကူ
ရှစ်ရက်၊ ရှစ်လ၊ ရှစ်ဆယ့်ရှစ်
အနှစ် (၂၀) တိုင်ခဲ့ပြီ
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး
မီးမနိုင်သေးဘူး
ပြည်သူတွေရဲ့  အသက်အိုးအိမ်စည်းစိမ်အတွက်
တပ်မတော်က ၀င်ရောက်အာဏာထိမ်းသိမ်းခဲ့ရ
အနှစ်(၂၀)တိုင်ခဲ့ပြီ
၁၉၉၀
ပြည်သူ့သဘောထားကို မျက်ကွယ်ပြု
မာဖီယားအာဏာရူးတစ်စုရဲ့
ဖိနှိပ်ချုပ်ချယ်မှုအောက်
ငါတို့ရဲ့ ဒေါသတွေ
အနှစ်(၂၀)တိုင်ခဲ့ပြီ
ငါတို့ရဲ့ အသံတွေ
အနှစ်(၂၀)ဆိုတာ မျိုးဆက်တစ်ဆက်
ဝိုင်အရက်လို
ငါတို့ရဲ့ သွေးတွေ
နောင်လာနောက်သားတွေ သောက်သုံးဖို့
လှောင်အိမ်ထဲက
စတေးခံ နှလုံးသားတွေ
အနှစ်(၂၀)တိုင်ခဲ့ပြီ
လူတစ်ယောက်ရဲ့ အခွင့်အရေးကို
မချစ်တတ်မှတော့
တိုင်းပြည်တစ်ပြည်ကို ချစ်တတ်ဖို့ဆိုတာ ဝေး
ဒီမိုကရေစီ ဆိုတာ မသိ
အခြေခံ ဥပဒေမရှိ
ထန်းရည်မူးနေတဲ့ တောသားတစ်ယောက်လို
အနောက်နိုင်ငံတွေကို အော်ဆဲ
သူတို့ဆောင်ပုဒ် ပြည်သူ့ ဆောင်ပုဒ် လုပ်လို့လုပ်
အာဏာနဲ့ ပတ်သက်လာရင်
ရတနာ သုံးပါးကိုတောင်
စော်ကားဖို့ဝန်မလေးတဲ့ကောင်တွေ
ဒင်းတို့ဥာဏ် တစ်ထွာတစ်မိုက်နဲ့
မြန်မာပြည် မျက်နှာငယ်ခဲ့ရ
အနှစ်(၂၀)တိုင်ခဲ့ပြီ
ပြည်ထောင်စုကြီး မပြိုကွဲစေချင်ရင်
တိုင်းရင်းသားစည်းလုံး ညီညွတ်မှုရချင်ရင်
ပြည်သူအများစုက လိုလားတောင့်တနေတဲ့
ကိုယ်ကျိုးစွန့်ဝံ့သူ
အာဇာနည် ဗိုလ်ချုပ်သမီးကို
လွှတ်လိုက်ပါ
သေနတ်ကြီး တကားကားနဲ့
ပြည်သူက မလိုလားတဲ့သူတွေ
တန်းလျားကို ပြန်ပါ
ခြံစောင့်ပါ
အဆီတစ်ထပ် အသားတစ်ထပ်နဲ့
ငါတို့ရဲ့  မြန်မာပြည်ကြီးလည်း
အရိုးပဲ ကျန်ခဲ့ပေါ့
အနှစ်(၂၀)တိုင်ခဲ့ပြီ
ဒါလီရဲ့  နာရီတွေလို
မျက်ရည်တွေ
ချွေးစက်တွေ
အိပ်မက်တွေ
အနှစ်(၂၀)တိုင်ခဲ့ပြီ
ပြည်သူတွေရဲ့  လုပ်စာကို ထိုင်စား
ပြည်သူတွေရဲ့  သဘောထားကို ဆန့်ကျင်
ပြည်သူ့အာဏာကို သိမ်းပိုက်
ဘိန်းစားဆေးငတ် မပြတ်သည့်နှယ်
အာဏာစွဲနေတဲ့ အစိုးရ
ဘယ်မှာလဲ လူ့အခွင့်အရေး
ဘယ်မှာလဲ တရားမျှတမှု
လွတ်လပ်မှုနဲ့ ငါတို့ရဲ့ ကမ္ဘာ
ဘိန်းစားတွေ လက်ထဲ
တိုင်းပြည်ကို ထိုးအပ်ထားခဲ့ရတဲ့
သက္ကရာဇ်
အနှစ်(၂၀)တိုင်ခဲ့ပြီ
အနှစ်(၂၀)တိုင်ခဲ့ပြီ...

ပင့်ကူ
(8.8.08 သို့)