Showing posts with label "MEDIA to MEDIA" FIGHTING. Show all posts
Showing posts with label "MEDIA to MEDIA" FIGHTING. Show all posts

25 April 2010

A Poem For The Selfish

ပုတ္တောဝါဒ

နှစ်ထောင့်တစ်ဆယ်က ထမင်းဝိုင်းကြီးလားဗျ
မီဒီယာအချို့ ရင်ဖွင့်တတ်လာတာ မြင်မကောင်း ရှုမကောင်း
သူတို့ရဲ့ချပ်ဝတ်တန်ဆာက တတိယ အသံထုတ်တာဆိုပဲ
မိတ်ဆွေရဲ့ ကဗျာရွတ်သံပဲ ကြားယောင်မိရဲ့
‘သူရဲကောင်းတို့ရဲ့ ချပ်ဝတ်တန်ဆာဟာ ဒဏ်ရာတွေသာဖြစ်တယ်’။

အဲဒီထမင်းဝိုင်းမှာ ပညာတတ်အမည်ခံ အုပ်စုက
ထမင်းစားဝတ်စုံတွေ ၀တ်ကြပေါ့။၊
သိပ်မ၀ါးနဲ့ကိုယ့်လူ
ထမင်းဆိုတာ လယ်သမား၊ အလုပ်သမားတွေဆီကလာတာ။

ဒီပွဲက သစ္စာပြုပွဲဗျ
နောက်ဆုံးလက်တံတွေ ဖြန့်ရမယ့်ပွဲ။

သစ္စာပြုပွဲတိုင်းမှာ
ရူးချင်ယောင်ဆောင်၊ မယောင်ရာဆီလူးတဲ့
ကိုယ်ကျိုးရှာ မောဟဘီလူးတွေဟာ ရှိနေစမြဲပဲ။ ။

ဖိုးပိတာ

07 January 2010

YEAR 2010 & THAN SHWE

22 December 2009

Yadanabon Newspaper Staffs Were Sacked

ရတနာပုံ သတင်းစာ ၀န်ထမ်းများ အလုပ်ပြုတ်
(စိုးမိုး/ ၂၁ ဒီဇင်ဘာ ၂၀၀၉)

ခေတ်ပြိုင်၊ The New Era Journal မှ ကူးယူဖော်ပြသည်)
http://www.khitpyaing.org/news/Dec09/211209b.php




-------------------------------------------------------------
Previous
Related News From My Blog

1. စစ်အဆိုးရ၏ မန္တလေးထုတ် ရတနာပုံ သတင်းစာက " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ကြောင်း ဖော်ပြခဲ့
http://bigbbrown.blogspot.com/2009/11/mandalay-yadanabon-newspaper-said-to.html
2. ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် - နောက်ဆက်တွဲ
http://bigbbrown.blogspot.com/2009/11/at-least-6-men-from-yadanabon-newspaper.html
3. ရတနာပုံသတင်းစာတိုက်မှ ကွန်ပျူတာသမား အောင်တင်ဝင်း လည်း ဖမ်းဆီးစစ်ဆေးခံရသူများထဲတွင် ပါဝင်နေ
http://bigbbrown.blogspot.com/2009/11/computer-staff-aung-tin-win-from.html

14 December 2009

Military Junta made a joke over Ethnic Groups?

စစ်အာဏာရှင်များက တိုင်းရင်းသားများအပေါ် နှိမ်ချစော်ကားလေပြီလော
( တိုင်းရင်းသားများ သတိထားစဉ်းစားကြဖို့ )


ပြီးခဲ့တဲ့ ရက်ပိုင်းတွေက စစ်အာဏာရှင်သတင်းစာတွေမှာ ၂၀၀၈ ခုနှစ် မတရားအတည်ပြု ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲအကြို နယ်ခြားစောင့်တပ်ဖွဲ့တွေ ဖွဲ့တဲ့အကြောင်းရေးသားထားတဲ့ လုပ်ဇာတ်ဆောင်းပါးတွေ ဖော်ပြခဲ့ပါတယ်။

အဲဒီဆောင်းပါးတွေထဲကမှ (၂၅၊ နိုဝင်ဘာ၊ ၂၀၀၉)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါရှိခဲ့တဲ့ ကလောင်အမည် ယိန်းနန်ရဲ့ "မျှော်လင့်မထားသော အတွေ့အကြုံများ" ဆိုတဲ့ ဆောင်းပါးကိုလည်း သတင်းစာဖတ်ဖြစ်သူများ သတိထားမိမယ်ထင်ပါတယ်။

(ပြည်တွင်းထုတ် ပုဂ္ဂလိက ဂျာနယ်အချို့မှာလည်း အဲဒီ ဆောင်းပါးကိုပဲ စစ်အဆိုးရက ထုံးစံအတိုင်း ဖိအားပေး ထည့်သွင်းဖော်ပြစေခဲ့ပါတယ်။ ဥပမာ- ပြီးခဲ့တဲ့ အပတ်က ထုတ်ဝေခဲ့တဲ့ First Eleven Sport Journal Vol(10), No(27) နဲ့  Premier Eleven Sport Journal Vol(7) No(14) ဂျာနယ်တွေရဲ့ စာမျက်နှာ (၁၈)မှာ အဲဒီ ယိန်းနန် ဆောင်းပါးကို ဖော်ပြထားပါတယ်။)

(ယိန်းနန်ကလောင်အမည်နဲ့  " မျှော်လင့်မထားသော အတွေ့အကြုံများ " ဆောင်းပါးကို ခွေးဘလော့ဂ် http://kyeesaytaman.blogspot.com/2009/11/blog-post_25.html မှာလည်း ဖတ်ရှုနိုင်ပါတယ်။)

ရှမ်းပြည်နယ်၊ ဗထူး တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းမှာ နယ်ခြားစောင့်တပ် သင်တန်းတက်နေတဲ့ ဗိုလ်ယိန်းနန်ဆိုသူက ကချင်ပြည်နယ် ဗန်းမော်က သူ့ သူငယ်ချင်း ဘရန်ရှောင်ဆိုသူ့ထံ ကချင်ပြည်နယ်မှာ NDAK အဖွဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းလိုက်တဲ့အကြောင်း၊ သူ့ကိုလည်း ဗိုလ်အဆင့်ပေးကြောင်းနဲ့ အဲဒီလို နယ်ခြားစောင့်တပ် ဖွဲ့စည်းလိုက်တဲ့အပေါ် မစားရ ၀ခမန်း၊ အလွန်အကျွံဝမ်းသာထောက်ခံရေးသားကြိုဆိုထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။

အခု ပြောချင်တာက ဆောင်းပါးထဲက စာသားတွေအကြောင်းကို မဟုတ်ပါဘူး။ အဲဒီ "မျှော်လင့်မထားသော အတွေ့အကြုံများ" ဆိုတဲ့ ဆောင်းပါးနဲ့ တွဲပြီး ဖော်ပြထားတဲ့ ကလောင်အမည် " ယိန်းနန် " ဆိုတာကို မီးမောင်းထိုးပြလိုပါတယ်။

တကယ်တော့ ကချင်အမျိုးအနွယ်ဖြစ်တဲ့ လရှီးဘာသာစကားအရ ယိန်းနန်ဆိုတာဟာ ယိန်း=သမီး၊ နန်=တစ် (ယိန်းနန်=နံပတ်တစ်သမီး (သို့) သမီးကြီး) လို့ အဓိပ္ပာယ်ထွက်ပါတယ်။ ဒါဟာ တိုင်းရင်းသားတွေအပေါ် မလှိမ့်တပတ်နဲ့ စော်ကားလိုက်တာလို့ပဲ မြင်ပါတယ်။

ကျွန်တော်တို့ ဗမာစကားမှာ သမီးမွေးတယ်ဆိုတဲ့ စကားရှိပါတယ်။ သမီး မွေးစားတယ်ဆိုတဲ့ စကားလည်း ရှိပါတယ်။ မွေးပြီးစားတဲ့ သဘောပေါ့။ ဖောက်ပြားတတ်တဲ့ အိမ်ထောင်ရှိ ယောက်ျားတွေ ကိုယ့်ထက်အရမ်းငယ်တဲ့ မိန်းကလေးကို အငယ်အနှောင်းထားတယ်ဆိုရင် ဘေးလူကြားကောင်းအောင် သမီးမွေးစားထားတယ်ဆိုပြီး ပြောတတ်ကြပါတယ်။

(ဗမာထောင်တွေထဲ အကျဉ်းကျဖူးတဲ့ သူတစ်ဦးပြောပြတာကတော့ ထောင်ထဲမှာ ယောက်ျားအချင်းချင်းသံဝါသပြု အတူနေတတ်တာတွေ (ဂေးတွေ) ရှိတဲ့အကြောင်း၊ ကိုယ်အပိုင်မွေးထားတဲ့ ယောက်ျားလေး(ဂေး)ရှိရင် သမီးမွေးထားတယ်ဆိုပြီး ဥပမာတင်စား ပြောဆိုတတ်လေ့ရှိကြောင်း သိရှိရပါတယ်။)

အဲတော့ "မျှော်လင့်မထားသော အတွေ့အကြုံများ" ဆောင်းပါးရေးသူရဲ့ ကလောင်အမည်ကို စစ်အာဏာရှင်တွေက တမင်တကာ အကွက်ချပြီး " ယိန်းနန် " ဆိုပြီး ဖော်ပြတယ်။ ပြီးတော့ ဆောင်းပါးထဲမှာလည်း အဲဒီ ဗိုလ်ယိန်းနန်က ယောက်ျားလေးတစ်ဦးလိုပဲ ပြောဆိုရေးသားထားတယ်။ လရှီးဘာသာစကားအရ ယိန်းနန်ရဲ့ အဓိပ္ပာယ်က သမီးကြီး။ ကဲ သေချာစဉ်းစားကြည့်ကြပါဦး။ ဒါဟာ ဘာသဘောလဲ။ သွေးရိုးသားရိုးတော့ မဟုတ်တန်ရာ။

နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့တဲ့ တိုင်းရင်းသားတပ်တွေကို ဗိုလ်သမီး (သို့) အမျိုးသမီးဆန်တဲ့ (အမျိုးသမီးဆိုတဲ့သဘောက အားနွဲ့/အားနည်းတဲ့ သဘောရှိလေတော့) အားမရှိတဲ့ စစ်တပ်တွေလို့ ဆိုလိုချင်တာလား။ သို့တည်းမဟုတ် အထက်က ကျွန်တော်ပြောခဲ့တဲ့ သမီးမွေးတယ်ဆိုတဲ့ သဘောယုတ်မျိုးနဲ့ တိုင်းရင်းသားတွေအပေါ် နှိမ်ချ စော်ကားလိုက်တာလား။

အဆိုပါမေးခွန်းတွေဟာ အဲဒီဆောင်းပါးနဲ့ ယိန်းနန် ကလောင်အမည်ကို တွဲပြီး သုံးခဲ့တဲ့ စစ်အာဏာရှင်များကိုယ်တိုင်သာ ဖြေရမယ့်မေးခွန်းတွေ ဖြစ်ပါတယ်။

စစ်အာဏာရှင်များဟာ ဗမာတိုင်းပြည်ကို နှိပ်စက်အုပ်ချုပ်၊ မတရားမင်းလုပ်တဲ့နေရာမှာ သိပ္ပံနည်း၊ ၀ိဇ္ဇာနည်း၊ နတ်ကတော်နည်း၊ ဓာတ်နည်း၊ ဗေဒင်နည်း၊ ကက်ကင်းနည်း အစသဖြင့် နယ်ပယ်ပေါင်းစုံက နည်းလမ်းတွေနဲ့ ရှာဖွေကျင့်ကြံအာဏာထိန်းသိမ်းအုပ်ချုပ်တတ်လေတော့ အခုလို ယိန်းနန်(သမီးကြီး) ဆိုတဲ့ ကလောင်အမည်ကိုလည်း တိုင်းရင်းသားနယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့တဲ့ ဆောင်းပါးမှာ အကွက်ကျကျ ထည့်သွင်းပြီး တိုင်းရင်းသားတွေအပေါ် နှိမ်ချဆက်ဆံစော်ကားလိုက်တာလို့ပဲ မြင်မိပါတယ်။

မလှိမ့်တပတ်နဲ့ လူလည်ကျ နှိမ်ချ စော်ကားတတ်တဲ့ စစ်အာဏာရှင်များရဲ့ ချဉ်းကပ်လာမှုမျိုးစုံကို တိုင်းရင်းသားများအနေနဲ့ သတိထား စဉ်းစား စောင့်ကြည့်နိုင်ကြပါစေ။

ညိုကြီး
(၁၃၊ ဒီဇင်ဘာ၊ ၀၀၉)

--------------------------------------------------------------
(လရှီးဘာသာစကားအရ ယိန်းနန် = နံပတ်တစ်သမီး(သို့) သမီးကြီး ဆိုသည့် အဓိပ္ပာယ်အကြောင်း ပြောပြခဲ့သည့် အစ်ကိုကြီးအား အထူးလေးစားကျေးဇူးတင်ပါကြောင်း)

22 November 2009

Computer Staff, AUNG TIN WIN, From Yadanabon Newspaper Was Also Arrested

ရတနာပုံသတင်းစာတိုက်မှ ကွန်ပျူတာသမား အောင်တင်ဝင်း လည်း ဖမ်းဆီးစစ်ဆေးခံရသူများထဲတွင် ပါဝင်နေ

စစ်အဆိုးရ၏ တောင်ဝှေးတစ်ခုဖြစ်သည့် ရတနာပုံသတင်းစာ (၁၃၊ ၁၁၊ ၂၀၀၉) ရက်နေ့ အာဘော် " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ဟု " မရနိုင် " အစား " ရနိုင် " ဟု ဖော်ပြခြင်းကိစ္စအပြီး ရတနာပုံသတင်းစာမှ ညပိုင်းအယ်ဒီတာ ကိုမြင့်နိုင်၊ စာပြင်အရာရှိ ဦးခင်မောင်စိုးနှင့် ကွန်ပျူတာခန်းမှ ကွန်ပျူတာဆရာ အပါအ၀င် ၀န်ထမ်း (၆)ဦးထက် မနည်းကို  စစ်အဆိုးရ ထောက်လှမ်းရေးမှ ပြည်သူ့မျက်ကွယ်တွင် ဖမ်းဆီးစစ်ဆေးနှိပ်စက်လျက်ရှိကြောင်း ပြီးခဲ့သည့် ပို့စ်တွင် ဖော်ပြခဲ့ပါသည်။

ယခုအခါ အဖမ်းဆီးခံ ရတနာပုံသတင်းစာတိုက်၊ ကွန်ပျူတာခန်းမှ ကွန်ပျူတာသမား၏ နာမည်မှာ အောင်တင်ဝင်း ဖြစ်သည်ဟု သိရှိရပါသည်။

--------------------------------------------------------------
Related Previous News

1. ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် - နောက်ဆက်တွဲ
http://bigbbrown.blogspot.com/2009/11/at-least-6-men-from-yadanabon-newspaper.html
2. စစ်အဆိုးရ၏ မန္တလေးထုတ် ရတနာပုံ သတင်းစာက " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ကြောင်း ဖော်ပြခဲ့
http://bigbbrown.blogspot.com/2009/11/mandalay-yadanabon-newspaper-said-to.html

19 November 2009

At Least 6 Men From Yadanabon Newspaper Were Arrested After Word Game

ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် - နောက်ဆက်တွဲ



(၁၃၊ နိုဝင်ဘာ၊ ၂၀၀၉)နေ့ထုတ် မန္တလေးအခြေစိုက် ရတနာပုံသတင်းစာ၌ " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ဟူသော နှိုးဆော်စာ ပါရှိလာရာ ယခုအခါ ရတနာပုံသတင်းစာမှ တာဝန်ရှိသူ (၆)ဦးထက် မနည်း စစ်ထောက်လှမ်းရေး၏ ဖမ်းဆီးစစ်ဆေးခြင်းခံနေရကြောင်း ခိုင်လုံသည့် သတင်းရပ်ကွက်အဆိုအရ ကြားသိရသည်။

ညပိုင်းအယ်ဒီတာ ကိုမြင့်နိုင်၊ စာပြင်(Proofread) အရာရှိ  ဦးခင်မောင်စိုးနှင့် ကွန်ပျူတာစာစီခန်းမှ ကွန်ပျူတာသမားအပါအ၀င် (၆)ဦးခန့်မှာ ဖမ်းဆီး၊ နှိပ်စက်၊ စစ်ဆေးခြင်းခံနေရကြောင်းသိရသည်။ (ထပ်မံကြားသိရနိုင်သည့် ရတနာပုံသတင်းများကို အလျဉ်းသင့်လျှင် ဆက်လက် တင်ဆက်သွားပါဦးမည်။)

(၁၃၊ နိုဝင်ဘာ၊ ၂၀၀၉) ရတနာပုံသတင်းစာ၌ " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ပါပြီးကတည်းက ရတနာပုံသတင်းစာမှ တာဝန်ရှိသူ အဆိုပါ (၆)ဦးထက် မနည်းကို ဖမ်းဆီးထားရာ ယနေ့အချိန်ထိ ထိုအဖမ်းဆီးခံများမှာ ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းလည်း မသိရသေး၊ ဘာလုပ်ခံထားရမှန်း (သေသလား/ရှင်သလား)လည်း မသိရသေးသဖြင့် အဖမ်းဆီးခံများ၏ မိသားစုများမှာ အလွန်တရာ တုန်လှုပ်၊ စိုးရိမ်၊ ဒေါသထွက်နေရကြောင်းလည်း နောက်ဆက်တွဲ ကြားသိရပါသည်။

ညိုကြီး

နောက်ဆက်တိုး

လက်ရှိ မန္တလေးမြို့မှ ရတနာပုံသတင်းစာမှာ လပခ(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)လက်အောက်ခံ ပြည်သူ့ဆက်ဆံရေးတပ်က စီမံခန့်ခွဲချုပ်ကိုင်နေသော သတင်းစာဖြစ်ကြောင်း၊
သတင်းစာတိုက်တွင်
စစ်တပ်အဖွဲ့ဝင်များလည်း ၀င်ရောက်လုပ်ကိုင်နေကြောင်း နောက်ဆက်တွဲ၏ နောက်ဆက်တိုးအဖြစ် သိရှိရကြောင်းပါ။

-----------------------------------------------------------------
ဆက်စပ်သတင်း




စစ်အဆိုးရ၏ မန္တလေးထုတ် ရတနာပုံ သတင်းစာက
" ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ကြောင်း ဖော်ပြခဲ့
http://bigbbrown.blogspot.com/2009/11/mandalay-yadanabon-newspaper-said-to.html

15 November 2009

Mandalay Yadanabon Newspaper Said, " To Get Democracy, Let's Protest"

စစ်အဆိုးရ၏ မန္တလေးထုတ် ရတနာပုံ သတင်းစာက
" ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ကြောင်း ဖော်ပြခဲ့

" ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " သည်ဟု ၁၃၇၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ သောကြာနေ့၊ (၁၃၊ ၁၁၊ ၂၀၀၉)နေ့ထုတ်  ရတနာပုံ သတင်းစာ၊ အတွဲ (၁၈)၊ အမှတ် (၁၉၇) နောက်ကျောဖုံး (စာမျက်နှာ- ၁၆) မှာ တရားဝင်ဖော်ပြခဲ့ပါ၏။ (ပူးတွဲပါ ဓာတ်ပုံကို ရှု)


ပုံမှန်အတိုင်း ဆိုလျှင် " ဆူပူမှုဖြင့် ဒီမိုကရေစီ မရနိုင် " ဟု စစ်အဆိုးရက ဖော်ပြလေ့ရှိသော်လည်း ယခုလို " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ဟု မန္တလေးထုတ် ရတနာပုံသတင်းစာ (၁၃၊ ၁၁၊ ၂၀၀၉) က ဖော်ပြလိုက်ခြင်းသည် ဗမာပြည်သူလူထုအား " ဒီမိုကရေစီရလိုလျှင် ဆူကြပူကြ " ဟု ရတနာပုံသတင်းစာ (သို့မဟုတ်) စစ်အဆိုးရကိုယ်တိုင်က နှပ်ကြောင်းပေးသည့် သဘောဖြစ်နိုင်ကြောင်း မန္တလေးမြို့ခံများက ပြောဆိုသုံးသပ် နေလျက်ရှိကြ၏။


နောက်တစ်မျိုးစဉ်းစားကြည့်မည်ဆိုလျှင် -
ထို (၁၃၊ ၁၁၊ ၂၀၀၉) နေ့ထုတ် ရတနာပုံ သတင်းစာ၏ ရှေ့မျက်နှာဖုံးတွင် ကိုသန်းရွှေ သီရိလင်္ကာ ထွက်ခွာကြောင်း သတင်းကို ဖော်ပြထားပြီး နောက်ကျောဖုံးတွင် " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ဟု ရေးသားဖော်ပြထားရာ ၎င်းနှစ်ခုကို ယှဉ်တွဲ အဖြေထုတ်ကြည့်မည်ဆိုပါက ကိုသန်းရွှေ သီရိလင်္ကာမှာ ရှိသခိုက် ဗမာပြည် ဒီမိုကရေစီရရှိဖို့ ဗမာပြည်သူပြည်သားများ ဆူကြပူကြရန် မန္တလေးထုတ် ရတနာပုံ သတင်းစာက တိုက်တွန်းနေဘိသကဲ့သို့ ရှိနေပါတော့သည်။

ကဲ ... ဒီမိုကရေစီရရှိဖို့ ဆူကြပူကြ စို့ !!!
(ညိုကြီး ပြောတာ မဟုတ်ဘူးနော်။ ရတနာပုံသတင်းစာက ဆော်ဩတာ။)

ညိုကြီး
-----------------------


မှတ်ချက်

(၁၄၊ ၁၁၊ ၂၀၀၉) နေ့ထုတ် ရတနာပုံသတင်းစာ နောက်ဖုံးမှာတော့ 
" ဆူပူမှုဖြင့် ဒီမိုကရေစီ မရနိုင် " ဟု ပြန်လည် ပြင်ဆင်ဖော်ပြထားကြောင်း တွေ့ ရှိရပါသည်။ (အောက်ပုံ)

14 November 2009

Thiha Thura Tin Aung Myint Oo NEWS I Read In Two Media Sites

သီဟသူရ တင်အောင်မြင့်ဦး
(၁၃၊ နိုဝင်ဘာ၊ ၂၀၀၉) သတင်းများ

(၁၃၊ နိုဝင်ဘာ၊ ၂၀၀၉)နေ့ တစ်ရက်တည်းမှာ ဖတ်မိခဲ့တဲ့ သီဟသူရ တင်အောင်မြင့်ဦး သတင်းများကို ပြန်လည် မျှဝေလိုက်ပါတယ်။
(ဖတ်မိရတဲ့ သတင်း (၂)ခုကို ဘယ်လို ဆက်စပ်ပစ်ရမယ်မှန်း မသိတော့ပါ။ - Nyo Gyi)

၁။ ပထမတစ်ခုက ဧရာဝတီသတင်းဌာန(အင်တာနက်)မှာ (၁၃၊ နိုဝင်ဘာ၊ ၂၀၀၉)က ဖော်ပြခဲ့တာပါ။



သီဟသူရ တင်အောင်မြင့်ဦး တိတ်တဆိတ် နုတ်ထွက်
(ဧရာဝတီ သတင်း)

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2130:2009-11-13-11-45-25&catid=1:news&Itemid=2

၂။ နောက်ထပ် သီဟသူရ တင်အောင်မြင့်ဦး သတင်းကလည်း (၁၃၊ ၁၁၊ နိုဝင်ဘာ)ထုတ် မြန်မာ့အလင်း သတင်းစာမှာ ပါရှိခဲ့တာပါ။ ကိုသန်းရွှေ သီရိလင်္ကာကို ဟန်ရေးပြအလည်အပတ်ခရီးသွားရောက်ခြင်းသတင်းမှာ ကိုသန်းရွှေနဲ့အတူ အဲဒီ ကိုသီဟသူရ တင်အောင်မြင့်ဦးလည်း လိုက်ပါသွားတယ်လို့ သတင်းစာက ဆိုပါတယ်။ သတင်းကို မြန်မာ့အလင်းသတင်းစာကနေ ပုံစာအနေနဲ့ ပြန်ကူးယူ ဖော်ပြပေးလိုက်တယ်။

မြန်မာ့အလင်းသတင်းစာ (၁၃၊ နိုဝင်ဘာ၊ ၂၀၀၉)ထုတ်က သီဟသူရ တင်အောင်မြင့်ဦး သတင်း
http://www.myanmar.com/newspaper/myanmarahlin/Nov13.pdf



18 October 2009

NOBEL PEACE PRIZE, OBAMA, DAW AUNG SAN SUU KYI & INSIDE-BURMA JOURNALS

ငြိမ်းချမ်းရေး နိုဘယ်လ်ဆု၊ အိုဘားမား၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်းဂျာနယ်များ


၂၀၀၉ ခုနှစ်အတွက် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်လ်ဆုကို လက်ရှိအမေရိကန်သမ္မတဘာရက်အိုဘားမားက ရရှိသွားခဲ့တာ အားလုံးသိပြီး ဖြစ်ရော့မယ်။
ဒီလိုအချိန်မျိုးမှာ ၁၉၉၁ ခုနှစ်အတွက် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်လ်ဆုရရှိခဲ့တဲ့ ဗမာ့သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်ကို အထူး သတိပြုဖွယ်ရာကောင်းလှပါတယ်။

၂၀၀၉ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် အိုဘားမား(အမေရိကန်ပြည်ထောင်စု)တစ်ယောက် ပျော်ပျော်ကြီး အောင်ပွဲခံလို့ကောင်း၊ အားတက်လို့ကောင်းနေချိန်မှာ ၁၉၉၁ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်(ဗမာပြည်)တစ်ယောက်ခင်မျာမှာတော့ ယုတ်မာပက်စက်ခြစားလွန်းလှတဲ့ စစ်အာဏာရှင်များရဲ့ ဖိနှိပ်-နှိပ်စက်-နှိပ်ကွပ်-ချုပ်ချယ်မှုများကို အခြားဗမာပြည်သူပြည်သားများ၊ ဗမာပြည်က အခြားနိုင်ငံရေးအကျဉ်းသားများနဲ့ ထပ်တူ-ထပ်မျှ မျှဝေခံစားတွန်းလှန်နေရလျက်ရှိပါတယ်။

အိုဘားမား ၂၀၀၉ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရတဲ့သတင်းကို ဗမာပြည်တွင်းက ဂျာနယ်များက အပြိုင်အဆိုင် ထည့်သွင်းဖော်ပြသုံးသပ်ခဲ့ကြရာမှာ ဖတ်ရှုမိတဲ့ ဂျာနယ်နှစ်စောင်(၁။ Weekly Eleven News Journal ၂။ Foreign Affairs Journal)ထဲက ဒေါ်အောင်ဆန်းစုကြည်ကို သွယ်ဝိုက်ပြီး သတိပြုမိရစေတဲ့ ထူးခြားတဲ့တင်ဆက်မှုတွေကို ထုတ်နုတ်ကူးယူ ပြန်လည်မျှဝေလိုက်ပါတယ်။

------------------------------------------------------
၁။ Weekly Eleven News Journal မှာ အိုဘားမား ၂၀၀၉ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရတဲ့ အကြောင်းကို ဖော်ပြရင်း ၁၉၉၁ ခုနှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်လည်း ဒီလိုဆုမျိုး ရခဲ့ဖူးကြောင်းကို မသိမသာ အောက်ပါပုံထဲကအတိုင်း ဖော်ပြခဲ့ပါတယ်။

http://www.first-11.com/wdet.php?id=12


ဒါဟာ ဒေါ်အောင်ဆန်းစုကြည်-NLD-အတိုက်အခံနိုင်ငံရေးသမားများ၊ တော်လှန်ရေးသမားများ၊ ပြည်ပရောက် စစ်အဆိုးရဆန့်ကျင်သူများနဲ့ ပတ်သက်တဲ့ သတင်း၊ အနုပညာများနဲ့ ပတ်သက်လာလျှင် တင်းကြပ်ယုတ်မာဖြတ်တောက်လေ့ရှိတဲ့ ဗမာပြည်က စစ်အဆိုးရစာပေဆင်ဆာကို မသိမသာ ဖြတ်ကျော်ပြလိုက်ခြင်းတစ်မျိုးလည်း ဖြစ်နိုင်ပါတယ်။

------------------------------------------------------------
၂။ Foreign Affairs Journal ကလည်း အိုဘားမား ဆုရတဲ့အကြောင်းကို အခြားငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်များရဲ့ ဓာတ်ပုံများနဲ့အတူ ဂျာနယ်မျက်နှာဖုံးမှာ ဖော်ပြခဲ့ပါတယ်။


အဲဒီလို ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်များရဲ့ ဓာတ်ပုံများကို ဝေေ၀ဆာဖော်ပြခဲ့ရာမှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်နှစ်ယောက်ရဲ့ ဓာတ်ပုံနှစ်ပုံကိုတော့ ကွက်လပ်ချန်ပြီး ဖော်ပြခဲ့ပါတယ်။

အဲဒီဓာတ်ပုံချန်လှပ်ခံခဲ့ရတဲ့ ဆုရနှစ်ယောက်ကတော့ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁၉၈၄ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် Desmond Mpilo Tutu တို့ရဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။

ဒီလို တမင်ကွက်လပ်ချန်ထားခဲ့ခြင်းဟာ အယ်ဒီတာအဖွဲ့ရဲ့အာဘော်ပေလား၊ စစ်အဆိုးရစာပေစိစစ်ရေး ကင်ပေတိုင်ဆင်ဆာအဖွဲ့ရဲ့ လက်ချက်ပေပဲလားဆိုတာကို အဲဒီအပတ် Foreign Affairs Journal ဂျာနယ်ဖတ်မိသူများက သိလိုလှလျက်ရှိပါတယ်။



ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမကို ထောက်ခံသူ Desmond Tutu တို့ရဲ့ ဓာတ်ပုံတွေကိုပဲ မဖော်ပြဘဲ တမင် ချန်ထားခဲ့တာဟာ အယ်ဒီတာအဖွဲ့ရဲ့ အာဘော်ပေလားလို့ မေးရတာကတော့ Foreign Affairs Journal ဆိုတာဟာ The Voice Weekly Journal (၂၀၁၀ ရွေးကောက်ပွဲနဲ့ စစ်အဆိုးရကိုထောက်ခံတဲ့ အာဘော်တွေ၊ ဆောင်းပါးတွေ ခုနောက်ပိုင်းမှာ အသားပေးဖော်ပြလာခဲ့တဲ့၊ ဒါ့အပြင် အမေရိကန်က ဒီမိုအင်အားစုများက အမေရိကန်ရောက် သိန်းစိန်+ဥာဏ်ဝင်းကို ဖိနပ်နဲ့ပစ်ပေါက်ဆန္ဒပြခြင်းအပေါ် စစ်အဆိုးရအလိုတော်အတိုင်း မကျေမနပ် ပစ်ပစ်နှစ်နှစ်ဝေဖန်ထားတဲ့ အယ်ဒီတာ့အာဘော်ဖော်ပြခဲ့တဲ့ The Voice Weekly Journal) ရဲ့ ကိုယ်ပွားဂျာနယ်တစ်စောင် ဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်။

07 June 2009

Out of Responsibility in Burma (Myanmar)

အိမ်ပိုင်ရှင်များ သတိအနေအထား
- ယမထာ -



ဗမာပြည်ရှိ အိမ်ပိုင်ရှင်များသည် ယခုအခါ၌ သတိဝီရိယရှိကြဖို့ အလွန်အင်မတန် လိုအပ်နေပြီဖြစ်ကြောင်း ဥပဒေရေးရာ စောင့်ကြည့်ရေး အဖွဲ့ ယနေ့ နေ့စွဲဖြင့် အရေးပေါ် သတင်းထုတ်ပြန်လိုက်သည်။-

အထူးသဖြင့် မိမိတို့ ကိုယ်ပိုင်အိမ်များ၌ သူခိုးသူဝှက်များ မဖောက်ထွင်းရန်မူ ပို၍ သတိထားစောင့်ရှောက်ကြရန်
လိုအပ်ကြောင်း။-

ဥပဒေရေးရာ စောင့်ကြည့်ရေးအဖွဲ့မှ လေ့လာတွေ့ရှိချက်အရ ယခုအခါ အိမ်များတွင် သူခိုးသူဝှက်ဖောက်ထွင်းခံရပါမူ ပြည်ပိုင်အစိုးရမင်းတို့နှင့် လားလားမျှမသက်ဆိုင်ကြောင်း၊ အစိုးရသည် အခြားဂေါက်သီးရိုက်ခြင်း၊ မိမိတို့ သားငယ်၊ သမီးငယ်များအတွက် နိုင်ငံခြားတိုင်းပြည်များမှ တန်ဖိုးကြီးသော တိရစ္ဆာန်များထားရှိနိုင်ရန် အဲယားကွန်းများ စီစဉ်ရခြင်း၊ အရက်မူးသောင်းကြမ်းခဲ့သော သားကြီးသြရသတို့၏ လုံခြုံရေးအတွက် စိတ်မအေးရခြင်း၊ စီးပွားရေး လည်ပင်းညှစ်နေရသော သမီးကြီးတို့အတွက် အဆက်အသွယ်များ-ခေတ်သစ်ကျွန်များ ရှာဖွေပေးနေရခြင်း၊ တစ်နေရာမှ တစ်နေရာ ကားတန်းကြီးများဖြင့် အပမ်းဖြေ ခရီးထွက်နေရခြင်း စသော အလုပ်များဖြင့် မအားမလပ်အောင် အလုပ်များနေပါသဖြင့် ပြည်သူ့အိုးအိမ်စည်းစိမ်များကို စောင့်ရှောက်ရန် ပြည်ပိုင် အစိုးရမင်းတို့တွင် အချိန်နှင့် လူအင်အား မပေးနိုင်ဖြစ်နေပေသည်။-

ထို့ကြောင့် မိမိတို့ အိမ်ဂေဟာကို မိမိတို့ဘာသာ လုံခြုံအောင် စောင့်ရှောက်ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ အကယ်၍ မထိန်းသိမ်းနိုင်သဖြင့် ဖောက်ထွင်း ခိုးယူခံရပါက ထိုပြစ်မှုကို ပြည်ပိုင် အစိုးရမင်းတို့ကို တိုင်တန်းသော်လည်းကောင်း၊ မတိုင်တန်းဘဲ ထိန်ချန်ထားသော်လည်း ထိုသတင်းပေါက်ကြား၍ ပြည်ပိုင်အစိုးရမင်းတို့ နားသို့ ရောက်သော်လည်းကောင်း တရားဥပဒေ ဓလေ့စီရင်ထုံးနှင့်အညီ ဖောက်ထွင်းခိုးယူသော သူခိုးသူဝှက်တို့ကို ဖမ်းဆီးအပြစ်ပေးလိမ့်မည် မဟုတ်သည့်အပြင် မိမိအိမ်ကို မိမိ မကာကွယ်နိုင်သည့် ဥပဒေအရ အိမ်ရှင်ကိုပင် သူခိုးလက်ခံမှုဖြင့် အပြစ်ပေးစီရင်နိုင်ကြောင်း ပုဒ်မ (၂၂ - က၊ ခ၊ ဂ၊ ဃ၊ င၊ စ၊ ဆ၊ .....အ) ပုဒ်မလိုင်းခွဲများအရ ၂၀၀၉၊ မေ (၂၈) နအဖ အထူးရာဇသတ်ကြီးအရ သိရှိရသည်။-


စီရင်ထုံး ဥပမာကို ပြရချေသော်-

၂၀၀၉- အထူးစီရင်ထုံးဖြစ်သော ကလိန်စေ့ ငြမ်းဆင် နအဖ တရားခွင်မှ ယနေ့ထုတ်ပြန်သော ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အမှုတွင် အများနှင့် မသက်ဆိုင်သော မိမိအိမ်ကို ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ
(၇)အရ စွဲဆိုသော အမှုတွင် နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်သည်
လုံခြုံရေးဝန်ထမ်းများ မမြင်ဟန်မျက်ကွယ်ပြု-သွတ်သွင်းခဲ့သော အမေရိကန်နိုင်ငံသားတစ်ဦးကို လက်ခံစောင့်ရှောက်မှု၊ သားရေးသမီးရေးများဖြင့် ရတက်မအေးရအောင် ဗျာများနေသော နိုင်ငံ့အကြီးအကဲများကို တယ်လီဖုန်း၊ အီးမေးလ်အဆက်အသွယ်မရှိသော်ငြား တယ်လီပသီနည်းကိုသုံး၍ အကြောင်းကြားတိုင်တန်းခဲ့မှု မရှိခြင်း၊ ပျက်ကွက်ခြင်းကြောင့် နိုင်ငံခေါင်းဆောင်များ ဦးနှောက်ပျက်ခြင်း ဥပဒေအရ သူခိုးလက်ခံမှုဖြင့် အင်းစိန်ထောင်တွင်း သွတ်သွင်း၍ တရားစီရင်စေ အမိန့်ထုတ်ပြန်လိုက်သည်။-


သို့မို့ကြောင့် ကျွန်ုပ်တို့ပြည်သူများသည် သားရေးသမီးရေးများဖြင့် အလုပ်ရှုပ်နေသော နိုင်ငံ့ခေါင်းဆောင်ဂျီးများ
စိတ်အနှောင့်အယှက်မဖြစ်စေရန် မိမိကိုယ်ကို ကာကွယ်ကြပါကုန်။ မိမိအိမ်ကို မိမိစောင့်ရှောက်ကြပါကုန်။ နိုင်ငံတော် ကလူပြုသည်ကိုလည်း ကြိတ်မှိတ်ခံကြပါကုန်။ ဖောက်ထွင်းဝင်ရောက်လာသော သူခိုးများကိုလည်း
အောင့်အီးသည်းခံကြပါကုန်။ သည်းမခံနိုင်သော် မိမိနည်းဖြင့် ဖြေရှင်းကြပါကုန်။ ထိုသို့မဟုတ် ပြည်ပိုင်မင်းတို့ကို အလုပ်ရှုပ်ရန် တိုင်တန်းပါမူ သူခိုးလက်ခံမှုဖြင့် ထပ်မံ တရားစွဲဆိုခံရမည်ဖြစ်ကြောင်း သတိချပ်ကြပါကုန်။ ဤကား ကျွန်ုပ်တို့ ဥပဒေရေးရာ စောင့်ကြည့်ရေးအဖွဲ့ မှ နောက်ဆုံးတွေ့ ရှိ၊ သိကြားရသော နအဖ၏ တရားစီရင်ရေးထူးပါတည်း။-


"ပိတ်မရတဲ့ တခါးတွေ ရှိကောင်းမည်-

ဖွင့်မရတဲ့ တံခါးတော့ မရှိနိုင်ပေဘူး"-


ထို့ကြောင့် လူတိုင်းလူတိုင်း၊ အိမ်တိုင်းအိမ်တိုင်းသည် သူခိုးလက်ခံမှုဥပဒေကြောင်းဖြင့် တရားစီရင်ခံရရန်
အသင့်အနေအထားဖြင့် စောင့်ဆိုင်းကြပါကုန်။-

တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သင်တို့ခေါင်းပေါ်သို့ နအဖ၏ မတရားဥပဒေအမိန့်များသည် မြေပြိုသလို ပြိုကျလာလတံ့။ မြေမမြိုနိုင်ဖြစ်နေသော နအဖကို မေတ္တာသုတ်ဒုတ်(တုတ်)ဖြင့် ရိုက်ရုံနှင့်မပြီး လက်နက်မိုးကြီး ရွာပြီး တောထုတ်မှသာလျှင် မဟုတ်မဟတ်တွေ အတောသတ်နိုင်မည်ဖြစ်ကြောင်း သတိပေး ရေးသားလိုက်ရပေသည်။-

ယမထာ

AP; AFP/GETTY IMAGES

30 May 2009

KYI MAUNG THAN'S DEPAYIN POEM

ကြည်မောင်သန်းရဲ့ ဒီပရင်္ဂ ကဗျာ

ဒီပဲယင်းလုပ်ကြံမှု (ဒေါ်အောင်ဆန်းစုကြည်အား စစ်သူခိုးရက ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် ရာဇ၀တ်မှု) အမှတ်တရ စပ်ဆိုထားတဲ့ ကဗျာဆရာ ကြည်မောင်သန်းရဲ့ “ဒီပရင်္ဂ” ကဗျာ (ချယ်ရီမဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၀၈)ကို ယနေ့ ဒီပဲယင်းလုပ်ကြံမှု (၆)နှစ်ပြည့်မှာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ဒီကဗျာနဲ့ပတ်သက်ပြီး စစ်အဆိုးရ စာပေကင်ပေတိုင် (စိစစ်ရေး)က ဖိအားပေးတဲ့အတွက် ထိုစဉ်က ချယ်ရီမဂ္ဂဇင်း အယ်ဒီတာ လင်းထိပ်သျှင် အယ်ဒီတာအဖြစ်မှ နုတ်ထွက်ပေးလိုက်ရပါတယ်။ ဒီပရင်္ဂ ကဗျာ ချယ်ရီမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်းကစလို့ ကဗျာရေးသူ ဆရာကြည်မောင်သန်းရဲ့ ကလောင်အမည် ဆက်လက်သုံးစွဲခွင့်ကိုလည်း စစ်အဆိုးရ စာပေကင်ပေတိုင်က ပိတ်ပင်အရေးယူခဲ့ပါတယ်။

29 May 2009

64 Words for Aung San Su Kyi

စုအတွက် ၆၄ အမည်ရ ဒေါ်စုလွတ်မြောက်ရေး အင်တာနက် လှုပ်ရှားမှု ထွက်ပေါ်လာ     
ကိုဝိုင်း    
ကြာသပတေးနေ့၊ မေလ 28 2009 18:14 - မြန်မာစံတော်ချိန် 


ချင်းမိုင် (မဇ္ဈိမ)။     ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် နအဖ စစ်အစိုးရကို ဖိအားပေးရန် ရည်ရွယ်သည့် နိုင်ငံတကာ အင်တာနက်အခြေခံ လှုပ်ရှားမှုတခုကို ယမန်နေ့က စတင်လိုက်ပြီဖြစ်သည်။

64 words for Aung San Suu Kyi ဟုခေါ်သော အဆိုပါ လှုပ်ရှားမှုကို နာမည်ကြီး အနုပညာရှင်များ၊ နိုဘယ်ဆုရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့များနှင့် အလုပ်သမားသမဂ္ဂများ ပူးပေါင်း၍ http://www.64ForSuu.org အင်တာနက်စာမျက်နှာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အင်တာနက် စာမျက်နှာတွင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် ဗီဒီယိုတင်ခြင်း၊ စာရေးသားခြင်း၊ ဓာတ်ပုံတင်ခြင်းများကို မည်သူမဆို ပြုလုပ်နိုင်ပြီး၊ အင်္ဂလိပ်ဘာသာဖြင့် စကားလုံး ၆၄ လုံးအထိ ပါဝင်သည့် စကားရပ်ဖြင့် ဂုဏ်ပြုနိုင်မည်။

64forsuu.org ဝဘ်ဆိုဒ်ကို စတင်ဖြန့်ဝေလိုက်ချိန်သည် ဒေါ်စု၏ နေအိမ်အကျယ်ချုပ် သက်တမ်း ၆ နှစ်ပြည့် ကာလနှင့် တိုက်ဆိုင်နေကာ၊ လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၄ နှစ်မြောက် မွေးနေ့ပွဲအမီ ထောင်ဂဏန်းနှင့်ချီသော ထောက်ခံရေးသား ပေးပို့မှုများ ရရှိမည်ဟုလည်း မျှော်လင့်ထားကြသည်။

၆ ရက်ခန့်ကြာ တည်ဆောက်ခဲ့သည့် ဝဘ်ဆိုဒ် စာမျက်နှာတွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း လူအများ လေ့လာနိုင်ရန်အတွက် မွေးဖွားချိန်မှ အင်းစိန်ထောင်တွင်း တရားရုံးထုတ်ရာသို့ သတင်းထောက်များနှင့် သံတမန်များ ဝင်ရောက်ကြည့်ရှုခွင့် ပေးသည့် ယခုလ ၂ဝ ရက်နေ့အထိ ထူးခြားသည့် ရက်စွဲများကို အစဉ်လိုက် ဖော်ပြထားသည်။ 

ထို့အပြင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှုအတွက် မြန်မာစစ်အစိုးရက လွန်ခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကျော် ဖမ်းဆီးချုပ်နှောင်ခဲ့ပုံကိုလည်း ရေးသားထားသေးသည်။

ယခု လှုပ်ရှားမှုကို ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်း အပါအဝင် ဟောလိဝုဒ်မှ နာမည်ကြီး မင်းသားများဖြစ်သော ဂျော့ ကလွန်နီ၊ ဘရက်ပစ်၊ ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီရယ် ကရစ်ဂ်ျ၊  ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး၊ ချက်သမ္မတနိုင်ငံ သမ္မတကြီး ဗားကလဗ် ဟာဗေး၊ ဘောလုံးအကျော်အမော် ဒေးဇစ် ဘက်ဟမ်းတို့ကလည်း အားပေး ထောက်ခံထားသည်။ 

ဗြိတိန်အစိုးရ၏ အင်တာနက် စာမျက်နှာဖြစ်သော http://www.number10.gov.uk/ တွင်လည်း ယခု လှုပ်ရှားမှုနှင့် ပတ်သက်၍ ရှင်းလင်း ဖော်ပြထားသည်။
 
-------------------------------------------------------------------------------------------------
(New Source : http://mizzimaburmese.com/news/breaking-newsbrief/3064-2009-05-28-11-57-33.html)

INVITATION TO ACT FOR BURMA

ဖိတ်ခေါ်ချက်ပေးပို့ခြင်း

လေးစားရပါသော မိဘပြည်သူများ၊ဘလော့ဂ်ဂါများ၊အဖွဲ့အစည်းအသီးသီ မှတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အဖွဲ့ဝင်များ ရှင့်..

အမေရီကန်နိုင်ငံသား ဂျွန်ဝေလီယန်ယက်တော် နေအိမ်အကျယ်ချုပ်နဲ့
ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝင်းအတွင်း
တိတ်တဆိတ် ဝင်ရောက်လာခြင်း သည်စစ်အစိုးရ၏ လုံခြုံရေး ညံ့ဖြင်းခြင်းကြောင့်သာ ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လူသားပီသသည့် လူလူချင်း ညှာတာစိတ်ထားသည့်
ခေါင်းဆောင်တစ်ဦးပီသသည့် "သူမကြောင့် အခြားသူ တစ်ဦး အာဏာရှင် လက်ထဲ ရောက်မှာ မလိုလားပါဖူး"
ဆိုတဲ့ စကားဟာ ယက်တော သူ့ဖာသာ ၀င်ရောက် လာခြင်းကို
နအဖလက်ထဲ တိုင်ပြီး အပ်ရမယ့် လုပ်ရပ် ကို သူမ မလုပ်ခဲ့ပါ။ လူလူချင်း ဒုက္ခ ရောက်မယ့် လုပ်ရပ် သူမ မလုပ် နိုင်ပါ ...
မြန်မာ ဖြစ်စေ နိုင်ငံခြားသား ဖြစ်စေ မခွဲခြားဘဲ ထားတဲ့ စိတ်ဓါတ်ဟာ ယက်တောရော နိုင်ငံတကာက ပြည်သူတွေရော သိစေချင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြင့်မြတ်သည့်၊ လူသား ပီသသည့်၊ နိုင်ငံကြီးသား ပီသသည့်၊
လူလူချင်း ခွဲခြားဆက်ဆံမှု မရှိသည့် ဒေါ်အောင်ဆန်းစုကြည် အတွက် ကျွန်တော် တို့ ဂုဏ်ယူထိုက်ပါသည်။
မည်သို့ပင် ဖြစ်စေကာမူ ဒေါ်အောင်ဆန်းစုကြည် တွင် လုံးဝ အပြစ်မရှိပါ။

ယခုအခါတွင် စစ်အစိုးရတို့ ကြိုတင် ကြံစီထားသည့် အတိုင်း
ဒေါ်အောင်ဆန်းစုကြည် အား အကျဉ်းထောင်တွင်း ၌ ဆက်လက် ဖမ်းဆီး ချုပ်နှောင် ထားတော့မည်။
အထက်မြန်မာပြည်ခရီးစဉ်အတွင်းဖြစ်ခဲ့သည့် ဒီပဲယင်း လုပ်ကြံမှုကြီးမှအစ ယနေ့
အင်းစိန်ထောင် အတွင်း ရောက်နေရသည် အထိ ဒေါ်အောင်ဆန်းစုကြည်၌ လုံးဝ အပြစ်မရှိပါ။
မတရား ဖမ်းဆီးချုပ်နှောင် ထားခြင်းသာဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်သို့ ရွေ့ပြောင်းချုပ်နှောင် ထားခြင်း သည်
ကျွန်မတို့ အားလုံးနှင့် ပြည်သူတရပ်လုံး၏ မျှော်လင့်ချက်များ အလုံးစုံကို ဖမ်းဆီးချုပ်နှောင်ထားခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ကျွန်မ တို့အနေ နှင့်
မိဘပြည်သူများ ၊ ဘလော့ဂ်ဂါများ ၊ အဖွဲ့အစည်းအသီးသီ မှ တာဝန်ရှိ ပုဂ္ဂိုလ် များနှင့် အဖွဲ့ဝင်များ အားလုံး
 ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး ချုပ်နှောင်ထားခြင်း နှင့် စစ်အစိုးရ၏ ယုတ်မာမှု အပေါ် ခံစားချက်များအား
လာရောက် ရေးသားဖို့ ဖိတ်ခေါ်ပါရစေ။

ထိုရေးသားချက်များအား
"ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီး ချုပ်နှောင်ခံရခြင်း နှင့် စစ်အစိုးရ၏ ယုတ်မာမှု အပေါ် ပြည်သူများ၏ ခံစားချက်"
အမည်ဖြင့် စာအုပ် ထုတ်ဝေပြီး နိုင်ငံ အသီးသီး ၏ ခေါင်ဆောင်များ ၊
မြန်မာနိုင်ငံအကြောင်း စိတ်ဝင်စားသူများ ထံ ပေးပို့သွားမှာ ဖြစ်ပါတယ်ရှင့်။

www.news-shrc.org

လေးစားစွာဖြင့်

ဒေါက်တာ - နန်းသီတာအေး
ဒုဥက္ကဌ
ဓနုအမျိုးသားကောင်စီ

01 April 2009

UNION OF VOICE (UOV)

16 March 2009

KO AUNG TOE'S JOKES

“ကိုကိုအောင်တိုးရဲ့ အလွဲတကာ့ လွဲလွဲလွဲလွဲ များအကြောင်း”
- ညိုကြီး -


“ငိုချင်ရင် ဒီမိုရေဒီယိုတွေသတင်းတွေ နားထောင်၊ ရယ်ချင်ရင် စစ်အဆိုးရသတင်းစာ ဖတ်” တဲ့။
(ဟုတ်တယ်လေ၊ ဒီမိုသတင်းတွေကြားရရင် ဘယ်သူက အဖမ်းခံရပြန်ပြီဟဲ့၊ ဘယ်သူ့ကို ဘယ်နှနှစ် ထောင်ချလိုက်ပဟဲ့၊ ဘယ်သူ့ကိုတော့ မိသားစုနဲ့ ဝေးရာ ဘယ်ထောင်ကို ပို့လိုက်ပြီဟဲ့၊ ဘယ်သူကတော့ ထောင်ထဲ ဘာဖြစ်နေပြီဟဲ့၊ ဘယ်သူကတော့ ဘယ်ပြေးနေရပြီဟဲ့ အစသဖြင့်ပေါ့ခင်ဗျာ...။ ငိုစရာတွေချည်း ကြားနေရတယ်။)

အဲ စစ်အဆိုးရသတင်းစာဖတ်မိပြီဆိုရင်တော့ ရယ်ဖို့သာ ပြင်ထားပေတော့ဗျာ။ နာဂစ်မုန်တိုင်းကျ ပြည်သူတွေကိုတောင် အရေးဂရုမစိုက်ဘဲ ကျင်းပပြီးစီးခဲ့တဲ့ အခြေခံဥပဒေ ဇွတ်အတည်ပြု ရေးသတင်းတွေကို ဖတ်ရလား ဖတ်ရရဲ့၊ အမယ် လျှပ်စစ်မီးကို အခုပုံမှန်မလာလို့ စိတ်မပျက်ကြပါနဲ့၊ နောက်ဆို လျှပ်စစ်မီးပေးတာ ပိုလွန်းလို့ နိုင်ငံခြားတောင် တင်ပို့ရောင်းချမယ်- ဘာညာနဲ့ “ဆင့်လစိ Dog မျှော်” ၀ါဒတွေကိုလည်း ဖတ်ရရဲ့(ဖတ်ပြီးသားစစ်အဆိုးရ လျှပ်စစ် ဆောင်းပါး ပြန်စဉ်းစားရင်တောင် ဓာတ်လိုက်ချင်တယ်ဗျာ)။ ၂၀၁၀ ရွေးကောက်ပွဲကျင်းပပြီး စစ်ဒီမိုကရေစီဆိုတာကြီး ပေးဦးမယ်ဆိုတာမျိုးလည်း မစားရ ၀ခမန်း ဖတ်ရရဲ့။ ပြည်တွင်းမှာ အလုပ်အကိုင်တွေ ပေါများလွန်းလို့ ပြည်ပအလုပ်သမားတွေ ပြန်လာကြပါဆိုပြီး မဟုတ်ကဟုတ်က၊ ပီဘိဟာသတွေကိုလည်း ဖတ်ရရဲ့။ တကယ့်ကို ရယ်စရာကောင်းတာတွေချည်း ဖတ်နေရတော့တာပဲဗျာ။ ဒါတောင် စစ်အဆိုးရ တီဗွီသတင်းတွေ မကြည့်မိသေးလို့ ကြည့်မိရင် “မြင်ရမြင်ရ မျက်စိနာ၊ ကြားရ ကြားရ နားနာ” ဖြစ်နေဦးမယ်။

ဒီလိုနဲ့ ၂၀၀၉၊ မတ်၊ ၁၅ ရက်နေ့ထုတ် စစ်အဆိုးရ မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ (၃) က သတင်းတစ်ခု ဖတ်မိရာက အတော်မသတ် ရယ်ချင်မိ၊ ပြုံးမိလာပါတော့တယ်။

သတင်းခေါင်းစည်းက “တရားစီရင်ရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်၊ ပြည်တွင်းနှင့် နိုင်ငံတကာ ရေးရာများ မျက်ခြည်မပြတ်လေ့လာ”။

အသေအချာ ဖတ်ကြည့်လေ ရယ်စရာကောင်းလေပဲ။
စစ်အဆိုးရ တရားသူကြီးချုပ် ဦးအောင်တိုးက တရားရုံးချုပ်(မန္တလေး)၊ မန္တလေးတိုင်း၊ ခရိုင်၊ မြို့နယ်တရားရုံးများက တရားသူကြီးများကို သြ၀ါဒပေးသတဲ့။

“ယနေ့အချိန်သည် နိုင်ငံတော်ကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင် ဆောင်ရွက်နေသည့်ကာလဖြစ်ကြောင်း” တဲ့။

တကယ့်အဖြစ်မှန်က စစ်အဆိုးရခေါင်းဆောင်ပိုင်းတွေနဲ့ အပေါင်းအပါတွေဟာ ယနေ့အချိန်မှာ နိုင်ငံတော်ကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်သယောင် ဟန်ဆောင်ပန်ဆောင် ဟိုလုပ်ဒီလုပ် လုပ်ပြပြီး တိုင်းပြည်ဘဏ္ဍာငွေတွေကို မိမိတို့ အိပ်ကပ်ထဲ ရောက်နိုင်သမျှ ရောက်အောင် စီမံကိန်းများ တစ်ခုပြီးတစ်ခုဆွဲကာ ကိုယ်ကျိုးရှာရေးမဟုတ်လား ခင်ဗျာ။

နောက်တစ်ခု ကိုအောင်တိုး ပြောပြန်တာက-
“တရားစီရင်ရေးလုပ်ငန်းနှင့် စပ်လျဉ်းပြီး ဥပဒေနှင့်အညီ စီရင် ဆုံးဖြတ်ကြမည့်အချက်သည် အဓိကကျကြောင်း၊ အမှန်တရားကို ရှာဖွေရာတွင် လွယ်လွယ်ဖြင့် မဆုံးဖြတ်ဘဲ သေသေချာချာ စဉ်းစားပြီးမှ အမှုသွားအမှုလာနှင့် အခြေအနေကို သုံးသပ်ကာ ဆုံးဖြတ်သွားရန်လိုကြောင်း၊ တစ်မှုနှင့် တစ်မှု မတူညီသဖြင့် သက်သေခံအထောက်အထားများနှင့် ဥပဒေအဆိုအမိန့်များအား ချိန်ကိုက်ပြီး မိမိ၏ ဆင်ခြင်တုံတရားကို ရိုးသားစွာ အသုံးချပြီး ဆုံးဖြတ်ကြရန်ဖြစ်ကြောင်း” ပါတဲ့။

လွဲပြန်ပြီ ကိုအောင်တိုးရေ...။
ဥပဒေနှင့်အညီဆိုတာ စစ်အဆိုးရတည်မြဲရေး၊ စစ်အဆိုးရ ခိုးတာ၊ ၀ှက်တာ၊ ကလိန်ကျတာတွေကို ဥပဒေနှင့် အညီကာကွယ်ပေးရေး၊ အတိုက်အခံနိုင်ငံရေး-တော်လှန်ရေးသမားတွေကို တတ်နိုင်သမျှ ထောင်ဒဏ်များများချရေးကို ပြောတာလား ကိုအောင်တိုးခင်ဗျာ။
“အမှန်တရားကို ရှာဖွေရာတွင်” ဆိုပြီး ပြောတော့ အမှန်တရား ဆိုတဲ့စကားလုံးကို ကိုအောင်တိုးပါးစပ်က ထွက်ရဲတာ အံ့ပါရဲ့ဗျာ။ “အရူးပါးစပ်က ချဲဂဏန်းထွက်” သလိုဖြစ်နေပြီလေ။
“လွယ်လွယ်မဆုံးဖြတ်ဘဲ သေသေချာချာစဉ်းစားပြီးမှ အမှုသွားအမှုလာနှင့် အခြေအနေကို သုံးသပ်ကာ ဆုံးဖြတ်” ဆိုတော့ ဒီမိုကရေစီရရှိရေး၊ ဗမာပြည် လူ့အခွင့်အရေးအစစ်အမှန်ရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီချုပ်အဖွဲ့ဝင်တွေ၊ မင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားတွေ၊ အရှင်ဂမ္ဘီရနဲ့ စက်တင်ဘာ ရဟန်းသံဃာတော်တော်တွေ၊ ခွန်ထွန်းဦးအပါအ၀င် တိုင်းရင်းသားတွေ၊ ကျော်ကိုကိုအပါအ၀င် တိုက်ပွဲဝင် ကျောင်းသားကျောင်းသူတွေ အစသဖြင့်ကို ထောင်ဒဏ် (၆၅)နှစ် စသဖြင့် ကိုအောင်တိုးတို့ တရားရုံးတွေက ချမှတ်ဖမ်းဆီး၊ နှိပ်စက်နေတာဟာ လွယ်လွယ်မဆုံးဖြတ်ဘဲ စစ်အဆိုးရအကြိုက် (နီးရာဓား ကြောက်လို့လို့ မပြောနဲ့နော်၊ စကားလုံးက ရိုးနေပြီ) သေသေချာချာစဉ်းစားပြီးမှ ချမှတ်နေတာလားခင်ဗျာ။
“မိမိ၏ ဆင်ခြင်တုံတရားကို ရိုးသားစွာ အသုံးချပြီးဆုံးဖြတ်ကြ” ဆိုတော့ကာ ပိုလို့သာ ရယ်စရာကောင်းတော့ပြီပ။ သြော် ကိုအောင်တိုးတို့ ရိုးသားချက်ကတော့ ကမ်းကို ကုန်ပါလေရောလားဗျာ။

နောက်လည်းလာချည်သေးရဲ့။ ကိုအောင်တိုးပြောပြန်တာက-
“တည်ကြည်ခိုင်ခံ့သော အုပ်ချုပ်ရေးယန္တရား တည်ဆောက်နေသဖြင့် ၀န်ထမ်းများကလည်း မခိုမကပ်လုပ်ဆောင်ကြရန်၊ လာဘ်ပေးလာဘ်ယူကင်းရှင်းရန်၊ ပြည်သူများ၏ ယုံကြည်ကိုးစားမှုကို ရယူရန်၊ နိုင်ငံတော်ကြီး ခေတ်မီဖွဲ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၏ စေတနာထား ဆောင်ရွက်မှုများကိုလည်း ပြည်သူများ ရှင်းရှင်းလင်းလင်းသိရှိအောင် ၀န်ထမ်းများက အသိပေးကြရန် လိုအပ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး ခံယူချက်နှင့် ပြည်ထောင်စု စိတ်ဓာတ်တို့ကို အခါမလပ် ထိန်သိမ်းလိုက်နာကြရန် အရေးကြီးကြောင်း၊ တရားစီရင်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ မှန်မှန်နှင့် မြန်မြန်ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ ၀န်ထမ်းအားလုံးသည် နိုင်ငံတော်အပေါ် ထားအပ်သော ကတိက၀တ်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” ပါတဲ့ခင်ဗျာ။

ကိုအောင်တိုးရာ၊ ခင်ဗျားဗျာ...။ တမင်တကာများ “ပြောင်းပြန်သီအိုရီ” ကို သုံးပြီး သြ၀ါဒစကား ပြောလေသလားအောက်မေ့ရတယ်။ ပြောသမျှ ပြောင်းပြန်ချည်းပဲ ဖြစ်နေတယ်ခင်ဗျ။ စကားလုံးတစ်လုံးကို တစ်ခါဖတ်မိလေ တစ်ခါ ရယ်ရလေဖြစ်နေပြီ။ နီကိုရဲရဲ့ အလွဲများလို “ကိုအောင်တိုးရဲ့ အလွဲများ” ဆိုပြီး ကျမ်းတစ်စောင်၊ ပေတစ်ဖွဲ့ သပ်သပ်ရေးရမလိုဖြစ်နေပြီဗျို့။

အခုတော့ “ဟုတ်မှလည်း လုပ်ပါ” အစား “မဟုတ်မှလည်း လုပ်ပါ” ဆိုပြီးပဲ ပြောလိုက်ချင်မိပါရဲ့ ကိုအောင်တိုးရေ...။
ခင်ဗျားဗျာ။ အတော် ရယ်စရာကောင်းတဲ့လူ။ အတော်နောက်တဲ့လူ။
သွား... လူဆိုး၊ သူခိုး၊ ငတိုး။

ညိုကြီး
(၁၆၊ မတ်၊ ၀၀၉)
--------------------------------------------------------------------------------------------------
ရယ်ချင်သူများ (၁၅၊ မတ်၊ ၀၀၉)နေ့ထုတ် စစ်အဆိုးရမြန်မာ့အလင်း သတင်းစာဖတ်ချင်သေးရင် အောက်က LINK ကို နှိပ်ပြီး ဖတ်ရယ်တော်မူကြပါ။

28 January 2009

Cover of Myanmar Thit Magazine - No. (4), Jan, 009

ဗမာစစ်အဆိုးရ စာပေ ဆင်ဆာမှာ အခါခါ အစစ်ခံ၊ အရစ်ခံရပြီး အကြာကြီးတစ်နေရတဲ့ မြန်မာသစ် ထွက်ရှိပါပြီ

ထွက်ရှိလာတဲ့ မြန်မာသစ် ရသစုံမဂ္ဂဇင်းအမှတ်(၄)၊ ဇန်န၀ါရီ၊ ၂၀၀၉ (၁၃၇၀ ခုနှစ်၊ ပြာသိုလ)ရဲ့ မျက်နှာဖုံးပေါ်မှာတော့ ကုလသမဂ္ဂတံဆိပ်ကြီးနဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ အဆိုအမိန့်တစ်ခုကို ပူးတွဲဖော်ပြထားပါတယ်။


``မယဉ်ကျေးသေးတဲ့ နိုင်ငံသားချင်း
ဘယ်လောက်ပဲ ကွဲလွဲချက်တွေရှိနေပါစေ
ယဉ်ကျေးပြီးဖြစ်တဲ့ အာရှတိုက်သားတစ်ယောက်ဟာ
ယဉ်ကျေးပြီးဖြစ်တဲ့ ဥရောပတိုက်သားနဲ့ပဲဖြစ်ဖြစ်
အမေရိကန်တစ်ယောက်နဲ့ပဲဖြစ်ဖြစ်
ဘာမှမတူညီစရာ၊ ကွဲလွဲစရာ မရှိနိုင်ပါဘူး။´´

ဦးသန့် (၁၉၀၉ - ၂၀၀၉)
Mr. United Nations

-------------------------------------------------------------------------------

RELATED NEWS LINK

ဦးသန့် အဆိုအမိန့် မျက်နှာဖုံးတွင် ပါရှိသည့် မြန်မာသစ် မဂ္ဂဇင်း ထုတ်ဝေခွင့် မကျသေး (မဇ္ဈိမ)

http://www.mizzimaburmese.com/news/inside-burma/2219-2009-01-05-13-27-07.html

18 January 2009

BURMA MEDIA FIGHTING in 2008

သတင်းသမားများ နှင့် ၂၀၀၈
Thursday, 15 January 2009 18:38 အေးချမ်းမြေ့
(ဧရာဝတီ မှ ကူးယူဖော်ပြသည်)


၂၀၀၈ ခုနှစ်တွင် ပြည်တွင်း ဂျာနယ်လစ်များ အနေနှင့် အာဏာ ပိုင်များ၏ ဖမ်းဆီး ထောင်ချ ခံရခြင်း၊ ခြိမ်းခြောက် ခံရခြင်းတို့ ကြုံတွေ့ ရင်ဆိုင်ခဲ့ ရသည်နှင့် တပြိုင် နက်တည်း ပြည်ပ (ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ) အခြေစိုက် မီဒီယာများသည်လည်း အင်တာနက် ဆိုက်ဘာတိုက်ခိုက်မှုဒဏ်ကို အပြင်းအထန်ခံခဲ့ရသဖြင့် မြန်မာဂျာနယ်လစ်များအတွက် အခက်အခဲများနှင့် ရောပြွမ်းနေသော နှစ်တနှစ်ဟု ဆိုရမည် ဖြစ်သည်။

ထို့ပြင် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးနှင့် ၂၀၀၈ မေလဆန်းက ဝင်ရောက်မွှေနှောက်ခဲ့သော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်သည့် သတင်းများ၊ ဆောင်းပါးများကို ပြည်တွင်း ပြည်ပရှိ မြန်မာ မီဒီယာများက အချိန်နှင့် တပြေးညီ ဆွဲထုတ် တင်ပြနိုင်ခဲ့သည့်အတွက် မြန်မာပြည်ကို နိုင်ငံတကာက ထူးထူးခြားခြား အာရုံစိုက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

တချိန်တည်းတွင် ပြည်တွင်းရှိ သတင်းသမားများကို အာဏာပိုင်များက တင်းကျပ်စွာစောင့်ကြည့်ခဲ့သည်။ ၂၀၀၈ ခုနှစ်အတွင်းတွင် ဖမ်းဆီးခံရသည့် မီဒီယာသမား ၁၁ ဦးရှိပြီး ၉ ဦးမှာ ထောင်ချခံရသည်။ ကျန် ၁ ဦးကို ချုပ်ရက် ၆ လကျော်ကြာသည့်တိုင် စီရင်ချက် မချသေးပေ။

ကံကောင်းထောက်မစွာဖြင့် ပြည်တွင်း၌ ဂျာနယ်လစ်များ အသတ်ခံရသည်ဟူသော သတင်းမျိုးတော့ မကြားရပါ။ အီရတ်၊ ဆိုမာလီနှင့် အာဖဂန်နစ္စတန်တို့ရှိ သတင်းထောက်များထက် စာလျှင် တော်သေးသည်ဟု ဆိုရမည် ဖြစ်သည်။

ပြည်တွင်းရှိ သတင်းသမားများအတွက် အကြီးမားဆုံးသော အခက်အခဲမှာ စာပေစိစစ်ရေးနှင့် အပတ်စဉ် ရင်ဆိုင်နေရ ခြင်းဖြစ်သည်။ စာပေစိစစ်ရေးနှင့် ရင်ဆိုင်ရာတွင် ပုံစံမတူ မူကွဲများနှင့် ကြုံတွေ့ ကြရသည်။ ဥပမာ - ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို တနင်္လာ၊ အင်္ဂါတွင်ဖြန့်ချိသည့် ဂျာနယ်တချို့တွင် ခွင့်ပြု ခဲ့ပြီးမှ နောက်ပိုင်းရက်ထွက်မည့် ဂျာနယ်များတွင် ထည့်ခွင့်ပိတ်ပင်လိုက်ခြင်းမျိုး ဖြစ်ဖူးကြောင်း ရန်ကုန် အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောပြသည်။

စိစစ်ရေး၏ မူဝါဒကို လိုက်နာခြင်းမရှိဟုဆိုကာ ဂျာနယ်အပိတ်ခံရခြင်း၊ ဂျာနယ်တိုက်ဝန်ထမ်းများကို ဖိအားပေး နုတ်ထွက်ခိုင်းခြင်းများ ရှိသည်။ ၂၀၀၈ နှစ်ဆန်းပိုင်းကာလက မြန်မာတိုင်းမ်စ် ဂျာနယ်တွင် ဖော်ပြခဲ့သော ဂြိုဟ်တု စလောင်း သတင်းကြောင့် အယ်ဒီတာများဖြစ်သော မနွယ်နွယ်အေး ဦးမြင့်စိုး၊ ကိုဝင်းညွန့်လွင် နှင့် သတင်း ထောက်ချုပ် ကိုဝင်းကျော်ဦးတို့ကို ဖိအားပေး နုတ်ထွက် ခိုင်းခဲ့သည်။ ချယ်ရီမဂ္ဂဇင်းမှ အယ်ဒီတာ တဦးလည်း အလားတူ နုတ်ထွက်ပေးခဲ့ရသည်။

သစ္စာ (True News) အပတ်စဉ် ဂျာနယ်သည် ထိုင်းနိုင်ငံဖူးခက်နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှ မြန်မာကလေး အလုပ်သမားဓာတ်ပုံကို ဖော်ပြခဲ့သောကြောင့် ထုတ်ဝေခွင့် ၁ လ ပိတ်ပင်ခံခဲ့ရပြီး အက်ရှင်တိုင်းမ်စ် ဂျာနယ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဦးဝင်းတင်သတင်းကို အသေးစိတ် ဖော်ပြခဲ့သောကြောင့် ၂ လ ပိတ်ခံခဲ့ရသည်။ ပိတောက်ပွင့်သစ် မဂ္ဂဇင်းသည်လည်း အိုးဝေဦးညိုမြနှင့်ပတ်သက်၍ မျက်နှာဖုံးသတင်း ဆောင်းပါး ရေးသားခဲ့သောကြောင့် ထုတ်ဝေခွင့် ယာယီ ပိတ်ပင်ခံခဲ့ရသည်။

“စိစစ်ရေးက ဖြတ်ဖို့မေ့သွားပြီး ဂျာနယ်ထွက်လာတော့မှ ဆိုင်ပေါ်ကနေ ပြန်သိမ်းပါ ဆိုတာမျိုးတွေလည်း ကြုံဖူးတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းအယ်ဒီတာတဦးက ဆိုသည်။

အပတ်စဉ် စာစစ်မှူးများကို ဂျာနယ်မူကြမ်းတင်ပြသည့် နေ့တွင် ငွေပေးရသည်၊ အရာရှိအားလုံးအတွက် အချိုရည် နှင့် မုန့်များ ဝယ်ပေးရသည်၊ ညွှန်မှူးနှင့်တကွ အကြီးတန်းအရာရှိများကို တလတခါ ပဲဆီပုံး ဝယ်ပေးခြင်း၊ တနှစ် တခါ လက်ဆောင်ခြင်းများပေးပို့ခြင်း ပြုလုပ်ရသည်၊ ထိုသို့ပေးရန်ပျက်ကွက်ပါက ငြိုငြင်ပြောဆိုခံရသည်၊ ပညာပြ တတ်သည်ဟု ၎င်းက ပြောပြသည်။ နှစ်စဉ် စာပေစိစစ်ရေး၏ ကထိန်ပွဲ၊ သင်္ကြန်ရုံးပိတ်ရက် အပျော်ခရီး တို့အတွက် ဂျာနယ်တိုက်များက ရန်ပုံ ငွေ ထည့်ဝင်ပေးရသေးသည်။ စိစစ်ရေး ညွန်ကြားရေးမှူး ခရီးထွက်နေချိန် မျိုးတွင် ကျန်ရှိနေသူ မည်သူတဦး တယောက်ကမှ တာဝန်မခံရဲဘဲ ပိုမိုစိစစ် ဖြတ်တောက်ခြင်းများ ကြုံတွေ့ ကြရကြောင်း ကြားသိရသည်။

“ပြည်တွင်းက သတင်းအယ်ဒီတာတွေအားလုံး စိစစ်ရေးမှူးတွေရဲ့ အဟိန်းအဟောက် မခံရဘူးသူ မရှိဘူး။ မတော်တဆ မှားသွားတာပါလို့ ခံဝန်လက်မှတ်မထိုးဖူးတဲ့သူလည်း မရှိဘူး” ဟု သူက ဆက်ပြောသည်။

၂၀၀၈ ခုနှစ်ထဲတွင် အစိုးရ ဌာနဆိုင်ရာရုံးများမှ သတင်းရယူရန် ပိုမိုခက်ခဲလာသည်၊ အစိုးရ ဌာနများက သတင်းသမားများနှင့် ပူးပေါင်းဆောက်ရွက်ခြင်း မပြုသလောက် ဖြစ်လာသည်၊ သတင်း ထုတ်ပြန်ရန် ငြင်းဆိုလာကြသည်။ ထို့ပြင် သတင်းမှန်ပါလျှက် သူတို့မပြောဘဲ ရေးပါသည်ဟုဆိုကာ တရားစွဲမည် ဟု ခြိမ်းခြောက်ခံကြရသည်။

ဌာနဆိုင်ရာသတင်းများတွင် ပြောသူအမည်နှင့် ရာထူးကို ထည့်သွင်းရမည်ဟု စိစစ်ရေးက ညွှန်ကြားသည်နှင့် တပြိုင်နက်တည်း ဌာနဆိုင်ရာများကလည်း ထည့်သွင်းပေးရန် ကြောက်ရွံ့သဖြင့် သတင်းများစွာ ဖော်ပြ ရေးသားခွင့် ဆုံးရှုံးရသည်။ ဝန်ကြီးဌာနများနှင့် တရားရင်ဆိုင်နေရသည့် သတင်းထောက်များစွာ ရှိသည်။

နှစ်ဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သော အင်းလျားလမ်း ၅ လောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍ ဈာပန အခမ်းအနား ဆောင်းပါးကို ရေးသားခဲ့သော ဆဲဗင်းဒေးနယူးစ် ဂျာနယ်မှ အယ်ဒီတာ မငြိမ်းငြိမ်းနိုင် တရားစွဲဆို ခံခဲ့ရသည်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသည့် ဧရာဝတီတိုင်းအတွင်း လွတ်လပ်စွာသွားလာ သတင်းယူခွင့်မရှိပေ။ မှုခင်းသတင်းများကို ၂၀၀၈ ခုနှစ်အတွင်း အစိုးရသတ်မှတ်ပေးထားသည့် နေရာများတွင်သာ ၎င်းတို့ ရှင်းလင်း ပြသည့်အတိုင်း ရယူပြီး ရေးကြရသည်။ မိမိ လိုက်လိုသည့် ဒေသခံ ရဲစခန်းများတွင် သတင်းယူခွင့် လုံးဝ မရှိတော့ပေ။

၂၀၀၈ ခုနှစ်ထဲတွင် ပြည်တွင်းသတင်းသမားများကို ခေါ်ယူ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်းများ ပိုမိုများပြား လာသည်။ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း နောက်ပိုင်း လူမှုကူညီရေး လုပ်ငန်း များတွင် ပါဝင်သောကြောင့် ဖမ်းဆီးခံရသူများ ရှိသည်။ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ အဖမ်းအဆီးခံရသည့် သတင်းသမား ၄ ဦးရှိသည်။ ၃ ဦးမှာ ဒုက္ခသည်များကို သွားရောက်လှူဒါန်းရာတွင် ပါဝင်ခဲ့သော အဖမ်းခံရခြင်းဖြစ်ပြီး ၁ ဦးမှာ ဆိုင်ကလုန်းနှင့်ပတ်သက်သည့် မှတ်တမ်း ဓာတ်ပုံ၊ ဗီဒီယိုများ ထိုင်းနိုင်ငံသို့ မသယ်ဆောင်သွားမီ အဖမ်းခံရ ခြင်းဖြစ်သည်။

မတရား အမှုဆင်၍ ဖမ်းဆီးခံရသူများလည်း ရှိသည်။ ထို့ပြင် ပြောမှားဆိုမှားဖြစ်၍ တရားစွဲဆိုထောင်ချ ခံရသူများလည်း ရှိသည်။ အချုပ်ထဲတွင် ၂ လကျော် နေခဲ့ရသည့် ဖလားဝါးနယူးစ် ဂျာနယ် သတင်းထောက် ကိုစောမြင့်သန်းကို ဥပမာပေးကာ သတင်း သမားများ ခေါင်းမထောင်ရဲအောင် ပြုလုပ်ခဲ့သည်။

ကိုစောမြင့်သန်းသည် သင်္ဃန်းကျွန်းလူသတ်မှုသတင်းကို ရေးသားခဲ့ရာ မြို့နယ်ရဲစခန်းတခုမှ ခေါ်ယူခြိမ်းခြောက် ခဲ့သည်။ ထိုသို့ ခြိမ်းခြောက်သည့် သတင်းကို ဧရာဝတီမဂ္ဂဇင်းမှ ရေးသားခဲ့သဖြင့် ကိုစောမြင့်သန်းကို ဖမ်းဆီး သွားခဲ့သည်။

ကဗျာဆရာစောဝေသည်လည်း အချစ်ဂျာနယ်တွင် “အာ နာ ရူး ကြီး မှူး ကြီး သန်း ရွှေ” ဟူသည့် စကားလုံးများ ပါဝင်သည့် ကဗျာ ရေးသားခဲ့သဖြင့် ဖမ်းဆီးခံရသည်။

ထို့ပြင် ယခုလအတွင်း လွတ်လပ်သော အာရှအသံ (အာအက်ဖ်အေ) ၏ ထုတ်လွှင့်ချက် တခုတွင် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာန၏ ပြည်တွင်းအခြေစိုက် သတင်းထောက် ၉ ဦး အဖမ်းခံထားရကြောင်း ၎င်း ရုပ်သံသတင်း ထောက် ကိုကျော်မင်းသက်က အတည်ပြုပြောကြားခဲ့သည်ဟု ပါရှိသည်။ ဖမ်းရသည့် အကြောင်းရင်းမှာ စစ်အစိုးရ၏ လျှို့ဝှက်ချက်ကို နိုင်ငံတကာကသိရှိစေရန် ဖော်ထုတ်သောကြောင့်ဟု သိရသည်။

ချင်းမိုင်အခြေစိုက် ဧရာဝတီမဂ္ဂဇင်း၏ မန်နေးဂျင်းအယ်ဒီတာ ကိုကျော်စွာမိုးကလည်း “စစ်အစိုးရကတော့ ဂျာနယ်လစ်တွေရဲ့ ရန်သူဖြစ်နေတုန်းပဲ” ဟု ဆိုသည်။ ၎င်းက စစ်အစိုးရ ဆက်အုပ်ချုပ်နေသရွေ့ မီဒီယာလောက အခြေအနေမှာ အပြောင်းအလဲ ရှိရန် မမြင်ဟု ဆက်ပြောသည်။

စားဝတ်နေရေး ကြပ်တည်းမှုသည်လည်း ပြည်တွင်း သတင်းသမားများအတွက် အရေးပါလှသည့် အခက်အခဲ တခုဖြစ်သည်။ အလုပ်သင် သတင်းထောက်တယောက်၏ လစာမှာ ကျပ် ၃၀၀၀၀ ခန့်သာရှိပြီး ၎င်း၏ အရည် အသွေးပေါ်မူတည်၍ တဖြည်းဖြည်း မြင့်တက်သွားရာ အမြင့်ဆုံးမှာ ကျပ် ၇၀၀၀၀ ခန့်သာ ရှိသည်။ ရန်ကုန် လူနေမှုစရိတ်အရ တဦးချင်း အသုံးစရိတ်မှာ နေ့စဉ် ကျပ် ၁၅၀၀ ခန့်ရှိသောကြောင့် မလောက်ငပေ။

အမြင့်ဆုံးအယ်ဒီတာတဦးပင် လစာ ကျပ် ၃၀၀၀၀၀ ခန့်သာ ရရှိသဖြင့် အိမ်ထောင်ရှိသူဆိုလျှင် ငွေကြေး မလောက်ငသည့် ပြဿနာ ရင်ဆိုင်ရသည်။ ရန်ကုန်တွင် အိမ်ငှားခ၊ တိုက်ခန်းငှားခ ဈေးမှာ အဆမတန် မြင့်မားသည်။ အိမ်ငှားခ သက်သာသည့် မြို့ပြင်ဒေသများမှ လာရလျှင် ခရီးစရိတ်နှင့် အချိန်ကုန်သောကြောင့် မထူးလှပေ။

သတင်းထောက်အားလုံး နီးပါးတွင် ကိုယ်ပိုင် အသံဖမ်းစက်နှင့် ကင်မရာမရှိကြ။ ရုံးမှ ထုတ်ပေးသော ထိုပစ္စည်းများ ထိခိုက်ပျက်စီးလျှင် ကိုယ်ပိုင်ငွေထဲမှ စိုက်လျှော်ရသည်။

[မြန်မာပြည်တွင်းရှိ စာနယ်ဇင်းသမားများအဖို့ ဟန်းဖုန်းနှင့် ခရီးဆောင်ကွန်ပျူတာ ပိုင်ဆိုင်ဖို့ ဆိုသည်မှာ အိပ်မက်တခုအလားပင် (ဓာတ်ပုံ - ဧရာဝတီ)]

“ရန်ကုန်က သတင်းထောက်တွေအတွက် ဟန်းဖုန်းတို့ လက်ပ်တော့ပ်တို့ ပိုင်ဖို့ဆိုတာ အိပ်မက်တခုပါပဲ” ဟု သတင်း အယ်ဒီတာတဦးက စိတ်ပျက်လက်ပျက် ပြောကြားသည်။

ပြည်တွင်းရှိ ဂျာနယ်နှင့် မဂ္ဂဇင်း အစောင် ၃၀ ထက်မနည်း နှစ်စဉ်သက်တမ်းတိုးခ မတတ်နိုင်တော့သော ကြောင့် ၂၀၀၈ ဒီဇင်ဘာလအတွင်း ထုတ်ဝေခွင့်လိုင်စင်များ ရုတ်သိမ်းခံခဲ့ရသည်။

ပြည်ပမီဒီယာများ၏ အခက်အခဲများသည်လည်း သေးငယ်လှသည်ဟု မဆိုသာပေ။ ၂၀၀၈ ခုနှစ်ထဲတွင် ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံအခြေစိုက် မြန်မာမီဒီယာများ၏ အင်တာနက် စာမျက်နှာများကို အကြီးအကျယ် အတိုက်အခိုက် ခံခဲ့ရသည်။ တိုက်ခိုက်ခံရသည့် မီဒီယာများထဲတွင် ဧရာဝတီ၊ မဇ္ဇျိမ၊ ခေတ်ပြိုင် နှင့် DVB ဝက်ဘ်ဆိုက်များ ပါဝင်သည်။

၎င်းဝက်ဘ်ဆိုက်များထဲမှ ၃ ခုမှာ DDoS (Distributed denial- of- service) နည်းပညာဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး နောက်ထပ်တိုက်ခိုက်မှု မကြုံတွေ့ရစေရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း ကြရသည်။

“ကျနော်တို့ ဝက်ဘ်ဆိုက်ဆိုရင် ၂၀၀၈ ထဲမှာကို တိုက်ခိုက်ခံရတာ ၃၊ ၄ ကြိမ်လောက်ရှိမယ်။ သေချာကို ရည်ရွယ်ချက်နဲ့၊ အုပ်စုလိုက်နှောင့်ယှက်နေတယ် ဆိုတာ သိရတယ်” ဟု မဇ္ဇျိမ သတင်းဌာနမှ လက်ထောက် အယ်ဒီတာ ကိုမုံပီးက ပြောပြသည်။

ထို့ပြင် နအဖ ဘက်တော်သားများ၏ သတင်းလွှဲမှု၊ သတင်းမှားများ ပေးမှုကိုလည်း မကြာခဏ ကြုံတွေ့ရသည်ဟု သူက ဆိုသည်။

“သတင်းတွေကို အမှား၊ အမှန် သေချာ အတည်မပြုနိုင်လို့ လက်လွှတ်လိုက်ရတာတွေ အများကြီးပဲ” ဟု ၎င်းက ဆက်ပြောသည်။

ပြည်ပရှိ အတိုက်အခံ မီဒီယာများတွင် ပြည်တွင်းမီဒီယာများကဲ့သို့ စာပေစိစစ်ရေးကို တင်ပြစရာမလိုသော်လည်း မိမိစာကို မိမိသေချာစွာ စိစစ် တည်းဖြတ်နေရသည့် ပြဿနာ ရှိသည်။ ကိုယ်တိုင်စိစစ် ဖြတ်တောက်ခြင်း မလုပ်မိပါက ခြိမ်းခြောက်ခံရခြင်းများ ကြုံတွေ့ရနိုင်သည်။

ပြည်တွင်းမှ သတင်းရင်းမြစ်များ၏ အရုပ်များ၊ အသံများ၊ နာမည်များ ပေးမသုံးခြင်းသည်လည်း အခက်အခဲ တခုဖြစ်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် DVB ရုပ်သံမှ အယ်ဒီတာ ဦးခင်မောင်စိုးကပြောသည်။

“အဲဒါက အဆိုးဆုံးပေါ့ဗျာ။ တချို့ DVB ကမို့ မပေးဘူး ဆိုတာမျိုး ခဏ ခဏ ကြုံရတယ်ဗျ” ဟု ၎င်းကဆိုသည်။

ဝါရှင်တန်ဒီစီ အခြေစိုက် VOA ရေဒီယိုအစီစဉ်၏ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကလည်း ၂၀၀၈ ခုနှစ်အတွင်းတွင် ၎င်းတို့မီဒီယာအနေနှင့် သတင်းလိုက်ရခက်ခဲသည့် ပြဿနာနှင့် အကြီးအကျယ် ကြုံတွေ့ ရသည်ဟု ပြောပြသည်။ မြန်မာပြည်တွင်းသို့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဝင်မွှေသွားပြီး နောက်ပိုင်း VOA ရေဒီယိုအစီအစဉ်က သတင်းများရယူလွှင့်ထုတ်နိုင်ရန် ကြိုးစားသော်လည်း နအဖစစ်အစိုးရက ဆက်သွယ်ရေးများ ဖြတ်တောက်လိုက်သဖြင့် အခက်အခဲတွေ့ရသည်ဟု ၎င်းကဆက်ပြောပြသည်။

စစ်အစိုးရအနေနှင့် ပြည်တွင်း၌ ဖြစ်ပျက်နေသည့် အခြေအနေမှန်များကို နိုင်ငံတကာအား မသိစေလိုခြင်းက အဓိက ပြဿနာတခု ဖြစ်နေကြောင်း သူကထောက်ပြသည်။ ထိုသို့ ပိတ်ဆို့ခံရမှုကြောင့် သတင်းသမားတို့ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ကာ သတင်းရင်းမြစ်များ မဖော်ပြနိုင်သည့် အနေအထား ရှိခဲ့သည်ဟု ဦးသန်းလွင်ထွန်းက ဆိုသည်။

ပြည်တွင်း၌ သတင်းစာပညာနှင့်ပတ်သက်၍ လေ့လာ သင်ယူစရာ သင်တန်းများ၊ ကျောင်းများ သေသေချာချာ မရှိခြင်းသည်လည်း သတင်းလောကသို့ စမ်းတဝါးဝါး ဝင်ရောက်လာသည့် လက်သင် သတင်းထောက်များ အတွက် အခက်အခဲများနှင့်ကြုံတွေ့ရသည်။

ယခုနောက်ပိုင်းတွင် မြန်မာပြည်တွင်း၌ သတင်းထောက်အလုပ်ဆိုသည်မှာ တခြားသော အရောင်းဝန်ထမ်း၊ ကြော်ငြာဈေးကွက် ရှာဖွေသူ၊ ကုမ္ပဏီ စာရေး စသူတို့ကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းတရပ်ဖြစ်နေရာ တက္ကသိုလ် ၄ နှစ်တက်ပြီး မည်သည့်အလုပ် လုပ်ရမည် မသေချာသေးခင် အလုပ်တခု ရရာဝင်လျှောက်သည့် သဘောဖြင့် ဝင်လာကြသူ များပြားကြောင်း ပြည်တွင်း မီဒီယာတခုမှ အကြီးတန်း အယ်ဒီတာတဦးကပြောသည်။

ပြည်ပ မီဒီယာများတွင်မူ လူသားရင်းမြစ် ရှားပါးသောကြောင့် ရွေးချယ်စရာ အခွင့်အလမ်း အလွန်နည်းပါးသည်။ ပြည်ပအခြေစိုက် မီဒီယာများသည် ပြည်ပသို့ ရောက်ရှိပြီးဖြစ်သော နိုင်ငံရေးလှုပ်ရှားသူများ၊ တိုင်းရင်းသား အဖွဲ့အစည်းများကို နီးစပ်ရာဆွဲခန့်ပြီး မီဒီယာပညာရပ်နှင့်ပတ်သက်၍ လက်ပူတိုက်သင်ကြားပေးကြရသည်။

ပြည်ပ မီဒီယာတိုင်းအတွက် ပြည်တွင်းတွင်အခြေစိုက် လုပ်ကိုင်သတင်းပေးပို့နေသည့် သတင်းထောက်များ ရှိသော်လည်း ထိုသူတို့၏ အန္တရာယ်မှာ ကြီးမားလှသည်။

“အခုက ပြည်တွင်းမှာ ကင်မရာကိုင်တဲ့သူဆိုရင်ကို စိတ်မချရတော့ဘူး။ နောက်က တကောက်ကောက် လိုက်စောင့် ကြည့်နေတာ” ဟု DVB ၏ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က ပြောပြသည်။

ဆက်လက်၍ ၎င်းက အာဏာပိုင်များအနေနှင့် ပြည်တွင်းမှ သတင်းများ ပြည်ပသို့မရောက်ရှိနိုင်ရန် နည်းမျိုးစုံနှင့် တားဆီးပိတ်ပင်သော်လည်း မီဒီယာများက ကမ္ဘာကသိအောင် လုပ်ပေးနိုင်နေဆဲဖြစ်သည်ဟု ဆိုသည်။

မဇ္ဇျိမ သတင်းဌာန၏ လက်ထောက်အယ်ဒီတာ ကိုမုံပီးကလည်း “ပြည်တွင်းက ကျနော်တို့သတင်းထောက်တွေရဲ့ လုံခြုံရေးက အရမ်းကိုအရေးကြီးလာတယ်။ သူတို့က လုံခြုံရေးကိုငဲ့နေရတော့ စိတ်ရှိလက်ရှိ သတင်း မလိုက်နိုင် ကြဘူးပေါ့” ဟု ပြောပြသည်။

ပြည်ပမီဒီယာများတွင် အလုပ်လုပ်နေသည့် သတင်းသမားအားလုံးလိုလို ကြုံတွေ့ရသည့် ပြဿနာတခုမှာ နေထိုင်ခွင့် ဗီဇာဖြစ်သည်။ အများစုမှာ မြန်မာနိုင်ငံကူးလက်မှတ်နှင့် တခြား နိုင်ငံရေးနှင့်ပတ်သက်သည့် နိုင်ငံကူး လက်မှတ်များ တရားဝင်ကိုင်ဆောင်ထားကြသော်လည်း ၎င်း နိုင်ငံကူးလက်မှတ် ရှင်သန်နေရန် ၃ လတခါ ပြည်ပနိုင်ငံများသို့ ထွက်ခွာပြနေရသည်။

တရားဝင် ပတ်စ်ပို့ မကိုင်ဆောင်ထား သူတို့မှာမူ ခရီးတိုထွက်ရန်ပင် ခက်ခဲပြီး နေ့စဉ် သက်ဆိုင်ရာ နိုင်ငံအာဏာပိုင်များ၏ ဖမ်းဆီးမှုရန်မှ ကင်းဝေးရန် ရှောင်တိမ်းနေကြရသည်။ တချို့မှာ တတိယနိုင်ငံသို့ထွက်ပြီး တရားဝင် နေထိုင်ခွင့်ရရန် ကြိုးပမ်းကြရသော ကြောင့် အနည်းဆုံး သုံး၊ လေး၊ ငါး နှစ်ခန့် မိမိမီဒီယာကို စွန့်ခွာကြရသည်။

ငွေကြေးမရေရာမှုသည်လည်း ပြည်ပမီဒီယာများကြုံတွေ့ရသည့် အခက်အခဲထဲတွင် ပါဝင်သည်။ ၎င်းမီဒီယာများ အားလုံးမှာ စီးပွားဖြစ် မဟုတ်သော မီဒီယာများဖြစ်နေပြီး ထောက်ပံ့ငွေကြေး (Funding) ချပေးသည့် အဖွဲ့အစည်းများပေါ်တွင်သာ တည်မှီ လုပ်ကိုင်နေကြရသဖြင့် နှစ်စဉ် ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်ရသည့် မီဒီယာများရှိသည်။ ယခု ကာလကဲ့သို့ ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်ချိန်တွင် ထောက်ပံ့ငွေဖြင့် ရပ်တည်နေရသော မီဒီယာ အဖွဲ့အစည်းများ မျက်ခုံးလှုပ်ရသည့် ကာလဖြစ်သည်။

“ပိုက်ဆံကတော့ ကျနော်တို့အတွက် စိန်ခေါ်မှုတရပ်ပေါ့ဗျာ။ ဒါပေမယ့် ၂၀၀၈ ခုနှစ်ထဲမှာ လုံးဝ ရပ်သွားရ လောက်အောင်ထိတော့ မကြုံခဲ့ရပါဘူး” ဟု ကိုမုံပီးက ပြောပြသည်။

ဆက်လက်၍ သူက မဇ္ဇျိမ သတင်းဌာနသည် ငွေကြေးကို အလှူရှင်များပေါ်တွင် အမှီပြုနေရသော်လည်း မဇ္ဇျိမ၏ အယ်ဒီတာ့ အာဘော် အပေါ်သို့ အလှူရှင်များလွှမ်းမိုးသည်ကိုမူ လက်မခံကြောင်း ပြောသည်။

“သူတို့ဘက်က သတင်းဦးသတင်းထူး မို့လို့ ပြောပြတာမျိုးတွေတော့ ရှိပါတယ်။ ဒါပေမယ့် မဇ္ဇျိရဲ့ အယ်ဒီတိုရီရယ် ပေါ်လစီက လွတ်လပ်မှုရှိရမယ် ဆိုတာ အစောကြီးကတည်းက ကြေညာထားတယ်။ အလှူရှင် တွေအနေနဲ့ စွက်ဖက်တာမျိုးမရှိပါဘူး” ဟု သူက ဆိုသည်။

ပြည်ပအခြေစိုက် တိုင်းရင်းသား မီဒီယာများအနေနှင့်လည်း အခက်အခဲများစွာ ရှိနေသည်။ မွန်တိုင်းရင်းသား သတင်းဌာန တခုဖြစ်သော လွတ်လပ်သောမွန်သတင်းအေဂျင်စီ၏ အယ်ဒီတာချုပ် နိုင်ကဆော့မွန်က ၎င်းတို့အတွက် အကြီးမားဆုံး အခက်အခဲမှာ သတင်းထောက်များကို ငွေကြေးလုံလောက်စွာ မထောက်ပံ့နိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကျနော်တို့ တိုင်းရင်းသား မီဒီယာအဖွဲ့တွေက တိုးတက်မှုရှိပါတယ်။ ဒါပေမယ့် ဈေးကွက်ရဖို့ တော်တော် လေးကို ခက်ခဲတယ်” ဟု သူက ဆက်ပြောသည်။ ၎င်းတို့ဆက်လက် ရပ်တည်ရေးမှာ အလှူရှင်များ အပေါ်တွင် များစွာ မူတည်လျှက်ရှိကြောင်း ပြောပြသည်။

၎င်းတို့အတွက် နောက်ထပ် အခက်အခဲတခုမှာ သတင်းထောက်များအတွက် လုံခြုံရေး ပြဿနာဖြစ်သည်။ မွန် တိုင်းရင်းသား သတင်းထောက် အများစုမှာ ထိုင်း-မြန်မာ နယ်စပ်တွင် နေထိုင်လှုပ်ရှားနေရပြီး ထို သတင်း ထောက်များကို စစ်အစိုးရနှင့် လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ထားသည့် မွန်ပြည်သစ်ပါတီသာမက မြန်မာ စစ်တပ်ကပါ သိရှိနေသဖြင့် စွန့်စားသတင်းရယူနေရကြောင်း နိုင်ကဆော့မွန်က ဆိုသည်။

မွန်ပြည်သစ်ပါတီနှင့် မြန်မာစစ်တပ်ကို ဝေဖန်ရေးသားသည့် တချို့သော ၎င်း၏ သတင်းထောက်များကို မွန်ပြည်သစ်ပါတီဝင်တချို့က လုပ်ကြံသတ်ဖြတ်မှုများပင် ရှိသည်ဟု ဆက်ပြောသည်။

ရှမ်းတိုင်းရင်းသား သတင်းဌာန တခုဖြစ်သော သျှမ်းသံတော်ဆင့် သတင်း ဌာနကမူ ၂၀၀၈ ခုနှစ်အတွင်း ငွေကြေးပြတ်တောက်မှု ပြဿနာအပြင် ဆက်သွယ်ရေးနှင့် ပတ်သက်သည့် ပြဿနာကိုပါ ကြုံတွေ့ခဲ့ရသည်ဟု ၎င်းသတင်းဌာန၏ အယ်ဒီတာ တဦးဖြစ်သူ ဦးခွန်စိုင်းဂျန်ရေက ပြောသည်။

၂၀၀၈ ခုနှစ် မေလအတွင်းက ၎င်းတို့ သတင်းဌာနအနေနှင့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းနှင့် ပတ်သက်သည့် သတင်းများ၊ အခြေခံဥပဒေဆန္ဒခံယူပွဲနှင့် ပတ်သက်သည့် သတင်းများကို ဆက်သွယ်ရေး ပြဿနာကြောင့် အချိန်နှင့်တပြေးညီ ဖော်ပြရန် ခက်ခဲခဲ့သည်ဟု သူက ဆိုသည်။

အလားတူ ကရင်တိုင်းရင်းသား သတင်းဌာနဖြစ်သည့် ကရင်သတင်းဌာန (ကေအိုင်စီ) သည်လည်း ငွေကြေး အခက်အခဲနှင့် လူသား အရင်းအမြစ် ရှားပါးမှု ပြဿနာကို ကြုံတွေ့ခဲ့ရကြောင်း ၎င်းအဖွဲ့၏ အယ်ဒီတာ နန်းဖောဂေက ပြောပြသည်။

ကျွမ်းကျင်မှုရှိပြီး အတွေ့အကြုံရှိသည့် တိုင်းရင်းသား သတင်းထောက်များသည် မိခင် သတင်းအေဂျင်စီများကို စွန့်ခွာကာ လစာကောင်းစွာ ပေးနိုင်သည့် နာမည်ကြီး သတင်းဌာနကြီးများသို့ သွားရောက်အမှုထမ်းကြသဖြင့် လူသားအရင်းအမြစ် ရှားပါးမှု ပြဿနာကို ကြုံတွေ့ရခြင်း ဖြစ်ကြောင်း နန်းဖောဂေးက ရှင်းပြသည်။

ကရင်တိုင်းရင်းသား သတင်းသမားကောင်းများစွာ ရှိနေသော်လည်း ထိုသူတို့ကို လုံလောက်စွာ ထောက်ပံ့ပေး နိုင်ခြင်း မရှိသောကြောင့် ၎င်းတို့၏ သတင်းဌာနကို အခက်အခဲများစွာဖြင့် ဆက်လက် ရုန်းကန်နေရသည်ဟု ဆိုသည်။

ပြည်ပရောက် တိုင်းရင်းသား မီဒီယာများအားလုံးက လူသားအရင်းအမြစ် ရှားပါးမှု ကို ကြီးမားသည့် အခက်အခဲအဖြစ် သဘောတူညီကြပြီး ငွေကြေး မလုံလောက်မှုမှာ ၎င်းတို့အတွက် စိန်ခေါ်မှုတရပ် ဖြစ်သည်ဟု ပြောကြသည်။

ယခုအခါတွင် ပြည်တွင်း၊ ပြည်ပရှိ ဘလော့ဂါများသည်လည်း မီဒီယာတာဝန်ကို တစိတ်တပိုင်း ထမ်းဆောင် သူများ ဖြစ်နေပေပြီ။ ပြည်တွင်းရှိ ဘလော့ဂါများ ၂၀၀၈ ခုနှစ်အတွင်း ကြုံတွေ့ရသည့် အခက်အခဲမှာ အင်တာနက် လွတ်လပ်စွာ သုံးစွဲခွင့် မရရှိခြင်း ဖြစ်သည်။

[ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းကို နေပြည်တော်ရှိ သတင်းစာ ရှင်းလင်းပွဲ တခုတွင် စာနယ်ဇင်း သမားများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - AFP)]

အာဏာပိုင်များက အင်တာနက် သုံးစွဲခွင့်ကို နည်းမျိုးစုံဖြင့် ပိတ်ဆို့မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်လျှက်ရှိရာ ပြည်တွင်းမှ ဘလော့ရေးနေသူများ ဒုက္ခရောက်ကြရသည်။

“၂၀၀၈ နှစ်ကုန်ခါနီးလောက်မှာ ကိုယ့်ဘလော့ကိုတောင် ဝင်ကြည့်လို့မရအောင်ဖြစ်တယ်။ စိတ်ပျက်ရတယ်” ဟု ရန်ကုန်အခြေစိုက် ဘလော့ဂါတဦးက ပြောပြသည်။

ပြည်တွင်းရှိ ဘလော့ဂါများမှာ အာဏာပိုင်များ၏ အာရုံစိုက်မှုမှ ကင်းလွတ်အောင် ရှောင်ရှားရသည့် ပြဿနာ လည်းရှိသေးသည်။ ၂၀၀၇ ခုနှစ်က အဖမ်းအဆီးခံခဲ့ရသော ဘလော့ဂါ နေဘုန်းလတ်က ဥပမာတခုဖြစ်သည်။ ဘလော့ဂါနေဘုန်းလတ်ကို ၂၀၀၈ ခုနှစ်အတွင်း ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့သည်။

ပြည်ပတွင် အခြေစိုက်နေရသည့် မီဒီယာသမားများအနေနှင့် ငွေကြေးအခက်အခဲနှင့် အယ်ဒီတိုရီရယ် ပေါ်လစီ အရပါ လွတ်လွတ်လပ်လပ် ရပ်တည်ရန် ခက်ခဲနေဆဲဖြစ်သည်ဟု ကိုကျော်စွာမိုးက ပြောသည်။

“ကျနော်တို့ ဂျာနယ်လစ်တွေကိုယ်တိုင်ကိုကပဲ စာနယ်ဇင်းရဲ့ ရန်သူဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စာနယ်ဇင်းသမား ပီပီသသနဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ ဝတ္တရားရယ် သူတို့ရဲ့ တာဝန်အရ ပြည်သူကို အလုပ်အကျွေးပြုဖို့ရယ် အဲဒီ ၂ ချက်ကို ယုံယုံကြည်ကြည် စွဲစွဲမြဲမြဲ ကိုင်မထားနိုင်ရင် ကိုယ်ကိုယ်တိုင်ကပဲ ကိုယ့်ရဲ့ရန်သူ ပြန်ဖြစ်သွားနိုင်ပါတယ်” ဟု သူက ဆိုသည်။

ပြည်တွင်း၊ ပြည်ပရှိ မီဒီယာများအားလုံးမှာ အခက်အခဲ အနည်းနှင့်အများ ဆိုသလို ကြုံတွေ့နေရသော်လည်း သတင်းများကို ပြည်သူလူထုလက်ဝယ် ရောက်ရှိရေးအတွက် ကြိုးစားနေကြသူများချည်းသာ ဖြစ်သည်။ သို့ရာတွင် မြန်မာစစ်အစိုးရ၏ အထီးကျန်ဝါဒ ကိုင်စွဲထားမှုကြောင့် မြန်မာပြည်သူလူထုအနေနှင့် လွတ်လပ်သည့် သတင်းမီဒီယာများကို ဆုံးရှုံးနေရဆဲဖြစ်သည်။

“ကျနော်တို့ဘက်ကတော့ လုပ်စရာရှိတာဆက်လုပ်ရမှာပဲ။ နအဖအနေနဲ့ ဘယ်လိုပဲတားဆီး တားဆီး သတင်း စီးဆင်းမှုတွေကို သူတို့ မပိတ်ဆို့နိုင်ပါဘူး။ ခုလို နည်းပညာတွေ တိုးတက်နေတဲ့ ခေတ်ကြီးမှာ ပိုလို့တောင် မတားဆီးနိုင်တော့ဘူးဆိုတာ ယုံကြည်ပါတယ်” ဟု ဦးအေးချမ်းနိုင်ကပြောသည်။

ပြည်တွင်း၌ သတင်းလွတ်လပ်ခွင့် မရှိခြင်းက စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ဖုံးကွယ်ပေး နေယုံမျှမက ကုလသမဂ္ဂအပါအဝင် အန်ဂျီအိုများ၊ အတိုက်အခံများ၏ အဂတိလိုက်စားမှု စသော ချိုးဖောက်နေမှုများကိုပါ ပြည်သူလူထု မမြင်သာအောင် ဖုံးပေးနေသကဲ့သို့ ဖြစ်နေသည်။

“မီဒီယာဆိုတာ ပြည်သူလူထုအတွက် မျက်စိနဲ့ နားတွေပဲ။ အဲဒီလိုပဲ မြန်မာအာဏာပိုင်တွေ အတွက်လည်း မျက်စိနဲ့ နားတွေ ဖြစ်သင့်တယ်။ စစ်အစိုးရက မီဒီယာကို ရန်သူလို သဘောထားနေသရွေ့တော့ ပြည်တွင်းမှာ သတင်းလွတ်လပ်ခွင့် ဆိုတာ ရှိမှာမဟုတ်ဘူး” ဟု VOA မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းက ဆိုသည်။

၂၀၀၈ ခုနှစ်အတွင်း အထိမ်းသိမ်းခံခဲ့ရသည့် သတင်းသမားများ

[ဦးသက်ဇင်]

ဦးသက်ဇင်
ဦးသက်ဇင်၊ ၄၂ နှစ်
အယ်ဒီတာ (မြန်မာနေးရှင်း အပတ်စဉ်ဂျာနယ်)
ထောင်ဒဏ် ၇ နှစ် (ရန်ကုန် အင်းစိန်ထောင်)
သင်္ဃန်းကျွန်း တရားရုံးတွင်အမှုစစ်သည်။ အာဏာပိုင်များက ၎င်း၏ ဂျာနယ် ရုံးခန်းကို ဝင်ရောက် ရှာဖွေခဲ့ရာ ၂၀၀၇၊ စက်တင်ဘာ အရေးတော်ပုံလှုပ်ရှားမှု ဓာတ်ပုံများ ပါဝင်သည့် စီဒီအချပ်များ တွေ့ရှိသောကြောင့် ဖမ်းဆီးအရေးယူခဲ့ခြင်း ဖြစ်သည်။

ကိုကျော်ကျော်သန့်
အလွတ်သတင်းထောက်
ထောင်ဒဏ် ၇ နှစ် (ရန်ကုန်အင်းစိန်ထောင်)
နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များကို သွားရောက်လှူဒါန်းရာတွင် ပါဝင်ခဲ့ပြီး အဖမ်းခံခဲ့ရသည်။

[ဦးစိန်ဝင်းမောင်]

ဦးစိန်ဝင်းမောင်
ဦးစိန်ဝင်းမောင်
မန်နေဂျာ (မြန်မာနေးရှင်း အပတ်စဉ်ဂျာနယ်)
ထောင်ဒဏ် ၇ နှစ် (ရန်ကုန် အင်းစိန်ထောင်)
ဦးသက်ဇင်နှင့်အတူ ဖမ်းဆီးခံရကာ ထောင်ချခံရခြင်းဖြစ်သည်။

ကိုသန့်ဇင်အောင်
ဓာတ်ပုံသတင်းထောက်
ထောက်ဒဏ် ၁၈ နှစ် (ရန်ကုန် အင်းစိန်ထောင်)
နာဂစ်ဆိုင်ကလုန်း နှင့်ပတ်သက်သည့် မှတ်တမ်း ဗီဒီယို၊ ဓာတ်ပုံများကို ထိုင်းနိုင်ငံသို့ ယူဆောင်သွားစဉ် မင်္ဂလာဒုံလေဆိပ်၌ အဖမ်းခံခဲ့ရသည်။

[မအိမ့်ခိုင်ဦး]

မအိမ့်ခိုင်ဦး
မအိမ့်ခိုင်ဦး၊ ၂၄ နှစ်
သတင်းထောက် (အီကိုဗစ်ရှင်း အပတ်စဉ်ဂျာနယ်)
ထောင်ဒဏ် ၂ နှစ် (ရန်ကုန် အင်းစိန်ထောင်)
နာဂစ်ဆိုင်ကလုန်း ဒုက္ခသည်များကို သွားရောက်လှူဒါန်းရာတွင် ပါဝင်ခဲ့ပြီး အဖမ်းခံခဲ့ရသည်။

ကိုထွန်းထွန်းသိန်း
သတင်းထောက် (News Watch ဂျာနယ်)
ထောင်ဒဏ် ၃ လ (ရန်ကုန် အင်းစိန်ထောင်)
၎င်း ဂျာနယ်တွင် တရားသူကြီးလာဘ်စားသည့် သတင်းရေးမှုဖြင့် နိုဝင်ဘာ ၅ ရက်နေ့တွင်အဖမ်းခံခဲ့ရသည်။

ဦးခင်မောင်အေး
အယ်ဒီတာ (စောင့်ကြည့် ဂျာနယ်)
ထောင်ဒဏ် ၃ လ (ရန်ကုန် အင်းစိန်ထောင်)
ကိုထွန်းထွန်းသိန်းရေးသည့် တရားသူကြီး လာဘ်စားမှုသတင်းကို ထည့်သွင်း ဖော်ပြသောကြောင့် နိုဝင်ဘာ ၅ ရက်နေ့တွင် အဖမ်းခံခဲ့ရသည်။

ဦးအောင်သွင် (ခ) ဦးအောင်ကြီး
အလွတ်သတင်းထောက်
ထောင်ဒဏ် ၂ နှစ် (ရန်ကုန် အင်းစိန်ထောင်)
(အဖမ်းခံရသည့် အကြောင်းရင်း မသိရှိရ)

[ဦးဇော်သက်ထွေး ]

ဦးဇော်သက်ထွေး
ဦးဇော်သက်ထွေး
အားကစား စာရေးဆရာ။ First Eleven ဂျာနယ်၏ အယ်ဒီတာဟောင်း
ထောင်ဒဏ် ၁၉ နှစ် (ရန်ကုန် အင်းစိန်ထောင်)
နာဂစ်ဆိုင်ကလုန်းဒုက္ခသည်များကို ကိုဇာဂနာနှင့်အတူ သွားရောက်လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး နောက် အဖမ်းခံခဲ့ရသည်။

ဦးအောင်ကျော်ဆန်း
အယ်ဒီတာချုပ် (မြန်မာထရီဗြွန်း အပတ်စဉ်ဂျာနယ်)
ချုပ်ရက် ၆ လကျော်ကြာသည်ထိ အမိန့်မချသေး
နာဂစ်ဆိုင်ကလုန်းကြောင့် သေဆုံးသွားသည့် လူသေအလောင်းများကို ကိုယ်ထူကိုယ်ထ မြှုပ်နှံပေးခဲ့ပြီးနောက် အဖမ်းဆီးခံခဲ့ရသည်။

------------------------------------------------------------------------------
SOURCE: http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=601:2009-01-15-11-38-54&catid=2:article&Itemid=14

14 November 2008

FREE OUR INTERNET HERO OF BURMA !!!

စစ်အဆိုးရ၏ မတရားသဖြင့်ဖမ်းဆီးခြင်းခံခဲ့ရကာ
ထောင်ဒဏ်နှစ်(၂၀)ကျော် မတရားသဖြင့်ချမှတ်ထားခြင်းခံရသော
အင်တာနက်သူရဲကောင်း ရဲဘော်ကြီး နေဘုန်းလတ် အား ချက်ချင်းလွှတ်ပေးရန် ၀ိုင်းဝန်းအရေးဆိုကြစို့ !!!


03 September 2008

လုပ်ကြပေါ့ ရှင်တို့က (သ)ရဲတွေကိုး

ဖလားဝါးနယူးစ် သတင်းထောက်ချုပ် ဖမ်းဆီးခံရ

ဧရာဝတီ | စက်တင်ဘာ ၃၊ ၂၀၀၈


ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ က သင်္ဃန်းကျွန်း ၂ လောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ သြဂုတ်လကုန်ပိုင်းတွင် ခေါ်ယူကြိမ်း မောင်းခဲ့သည့် ဖလားဝါးနယူးစ် ဂျာနယ် သတင်းထောက်ချုပ် ကိုစောမြင့်သန်းကို တနင်္လာနေ့ ညက ဖမ်းဆီး ထိန်းသိမ်း လိုက်ကြောင်း ရန်ကုန် သတင်းမီဒီယာ အသိုင်းအ၀န်းက ပြောသည်။

အဆိုပါ သတင်းထောက်ချုပ် ကြိမ်းမောင်းခံရသည့် သတင်းအား ပြည်ပအခြေစိုက် ဧရာဝတီ သတင်းမီဒီယာတွင် ဖော်ပြပါ ရှိမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့မှ ဂျာနယ်သတင်းထောက် တဦးက ပြော သည်။

“ဧရာဝတီမှာ ရဲက ခေါ်ကြိမ်းတယ်ဆိုတဲ့ သတင်းတက်တဲ့ ညနေက စတာ၊ စိစစ်ရေးက ဖလားဝါးနယူးစ်က အမှုဆောင် အရာရှိချုပ် ဦးကိုကို ကို ခေါ်တယ်တဲ့၊ ဘာပြောလဲတော့ မသိဘူး၊ နောက်တနေ့မှာ သူတို့ကို မဖိတ် တော့ ဘူး၊ တခြား ဂျာနယ် ၆ စောင်ကို ခေါ်ပြီး သတိပေးတယ်၊ အဲဒီလိုမျိုးတွေ လုပ်ရင် အရေးယူမယ်ပေါ့၊ နောက်တခု က ကိုစောမြင့်သန်း ကို အရေးယူမယ်လို့လဲ ရှင်းလင်းတယ်တဲ့၊ ရဲက သူတို့ကို ဘယ်လို ကြိမ်းမောင်းတယ်ဆိုတာ အကြည်ညိုပျက်အောင် ပြည်ပ မီဒီယာကို ပြောတယ်ဆိုပြီးတော့တဲ့၊ ညက သူ့အမေနဲ့ သွားတွေ့တော့ အခြေ အနေတော့ သိပ်မကောင်းဘူး၊ ထောင်ကျဖို့ များတယ်လို့ သိရတယ်”ဟု ၎င်းက ပြောဆိုသည်။

ကိုစောမြင့်သန်းဖမ်းဆီးမခံဘဲ ရှောင်တိမ်းမည်ဆိုပါက ဂျာနယ်ကို လိုင်စင်ပိတ်သိမ်းမည်ဖြစ်သည့် အတွက် ယခု ကဲ့သို့ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“ဖမ်းမယ်လို့ ပြောတာ ၃ ရက်လောက် ရှိပြီ၊ တကယ်လို့ သူအဖမ်းမခံလို့ ရှောင်တယ် ဆိုရင် ဂျာနယ်ကို လိုင်စင် ပိတ်မယ် ပေါ့၊ အဲဒါနဲ့ သူ့ ဆရာက မင်းအဖမ်းခံလိုက် မိသားစုကို တာဝန်ယူမယ်ပေါ့၊ သူ့မိသားစုက အမေအိုကြီး တယောက်တော့ ရှိတယ်၊ သူ့ကို အားကိုးပြီး ရန်ကုန် အင်းစိန်မှာ လာနေတာ ၆ လ လောက်ပဲ ရှိသေးတယ်၊ သူက လူလွတ်ပါ”ဟု ရန်ကုန် ဂျာနယ် သတင်းထောက်ကပြောသည်။

တခြားသော အမျိုးသမီး သတင်းထောက်တဦးကလည်း သတင်းထောက်ချုပ် ကိုစောမြင့်သန်းအား သက်ဆိုင်ရာက ဖမ်းဆီးပြီးနောက် ယခုကိစ္စကို မည်သူ့ကို ပြောဆိုခြင်း နှင့် ဧရာဝတီ သတင်းဌာနအတွက် အလုပ်လုပ်နေခြင်း ဟုတ်မဟုတ် မေးမြန်းကြောင်း ပြောပြသည်။

“ရဲက ဘယ်သူ့ကို ပြောလိုက်သလဲပေါ့၊ ပြောလိုက်တဲ့လူကို ပြောပါပေါ့၊ သူက မပြောနိုင်တော့ ဒီကိစ္စကို သူ့ကို တာဝန်ယူခိုင်း သလို ဖြစ်နေတယ်”ဟု အထက်ပါ အမျိုးသမီး သတင်းထောက်က ဆိုသည်။

ယင်းသတင်း ထောက်ချုပ် ကိုစောမြင့်သန်းသည် ဧရာဝတီသတင်းဌာနနှင့် မည်သို့မျှ မပတ်သက်ကြောင်းနှင့် ၎င်းအား ရဲတပ်ဖွဲ့က ခေါ်ယူကြိမ်းမောင်းသည့် သတင်းဖော်ပြရာတွင်လည်း ကိုစောမြင့်သန်းနှင့် တိုက်ရိုက် ဆက်သွယ်၍ သတင်းရ ယူမှု မရှိကြောင်း ဧရာဝတီ တာဝန်ရှိသူများက ပြောကြားသည်။

လတ်တလောတွင် ကိုစောမြင့်သန်းအား အီလက်ထရွန်းနစ် ပုဒ်မ၊ ပြည်ပ တရားမ၀င်အဖွဲ့အစည်းနှင့် ဆက်သွယ်သည့် ပုဒ်မ၊ အစိုးရကို အကြည်ညိုပျက်စေသည့် ပုဒ်မ များတပ်၍ ကျောက်တံတား ရဲ စခန်းတွင်ဖမ်းဆီးချုပ်နှောင် ထားကြောင်း သိရသည်။

“သူတို့ (အာဏာပိုင်) က ဒီလိုဟာမျိုးကို သည်းမခံဘူး၊ နောက်တခုက စံပြ သဘောလည်း ဖြစ်လိမ့်မယ် ထင်တယ်၊ စိစစ် ရေးနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ အထူးသဖြင့် ပြည်တွင်းက သတင်းတွေ နာရီပိုင်းနဲ့ ၀က်ဘ်ဆိုက်မှာတက် သွားတာကို၊ အပြင်ရော အတွင်းရော လုပ်နေတာကို အရေးယူပြရမယ်ဆိုတဲ့ သဘောမျိုး လို့ထင်တယ်”ဟု သတင်း အယ်ဒီတာ တဦးက ပြောဆိုသည်။

ကိုစောမြင့်သန်းသည် စစ်အစိုးရ စာပေစိစစ်ရေး ခွင့်ပြုချက်ဖြင့် သြဂုတ်လကုန်ပိုင်း၌ ထုတ်ဝေသော ဖလားဝါး နယူးစ် ဂျာနယ်တွင် သင်္ဃန်းကျွန်းမြို့ နယ် မှ လင်မယား ၂ ဦး အသတ်ခံရမှု သတင်းအား ရေးသားဖော်ပြမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ရဲ တပ်ဖွဲ့က ၎င်းအား ခေါ်ယူ စစ်ဆေးကြိမ်းမောင်းခဲ့သော်လည်း ယင်းသတင်းသည် ၀ိကလီး အလဲဗင်း ဂျာနယ်နှင့် သည်ဗွိုက်စ် ဂျာနယ်များတွင် ပါ ဖော်ပြ ပါရှိခဲ့သည်။

နောက်ဆုံးရရှိသည့် သတင်းများအရ စစ်အစိုးရ ၀န်ကြီးဌာနများက ပြင်ပ ပုဂ္ဂလိက မီဒီယာများသို့ သတင်းထုတ် ပြန်မှုများ မပြုလုပ်တော့ကြောင်းနှင့် မီဒီယာသမားများ ယင်းဌာနများသို့ လာရောက်ပါက မည်သည့် အကြောင်း ဖြင့်လာသည် ဖြစ်စေ အသေးစိတ် စုံစမ်းမေးမြန်းမှုများပြုလုပ်၍ မှတ်တမ်းပြုစုထားရန် တနင်္လာနေ့က စတင် ညွှန်ကြား ထားကြောင်း သိရှိရသည်။

--------------------------------------------------------------------------------------------------------

(မှတ်ချက် ။ ။ မီဒီယာကို မီဒီယာချင်း မတိုက်နိုင်တော့တဲ့အခါ...လေလှိုင်းပေါ်မှာသာမက အပြင်မှာပါ လူသတ်ပွဲဆင်နွှဲနေသည့် နအဖ စစ်အဆိုးရ၏ လုပ်ရပ်များမှာ
လူသားမဆန်ဘဲ
အလွန်တရာ ရှက်ဖွယ်ကောင်းလွန်းလှပေစွ။)

12 August 2008

MEDIA FIGHTING


ကာတွန်း - ဟန်လေး (ခေတ်ပြိုင်ဝက်ဆိုဒ်)