Showing posts with label Art. Show all posts
Showing posts with label Art. Show all posts

20 September 2022

နိုင်ငံတကာ ရင်သွေးငယ်များ (2011 - 2022 မြန်မာရင်သွေးငယ်များ) Music Video

နိုင်ငံတကာ ရင်သွေးငယ်များ

တေးရေး --- မင်းချစ်သူ
တေးဆို --- ဇော်ဝင်းထွဋ်၊ တူးတူး၊ ချစ်ကောင်း၊ ထူးအိမ်သင်၊ ရင်ဂို၊ မျိုးကျော့မြိုင်၊ ဂရေဟမ်၊ စည်သူလွင်၊ အဲလက်စ်၊ R ဇာနည်၊ တင်ဇာမော်၊ ချောစုခင်၊ ဆုန်သင်းပါရ်

Video Editing --- Don Nyo Gyi (September 2022)
(Credit to original Creators)

(သတိ !!! ဤရုပ်သံဗီဒီယိုတွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်ချက်ကြောင့် ကြွေလွင့်ထိခိုက်ခဲ့ရသော မြန်မာရင်သွေးငယ်များ ပါဝင်သည်)


18 June 2015

ကဗျာဆရာ အောင်ဘညို အမှတ်တရ ကာတွန်း

(၁၀-၆-၂၀၁၅)ရက်နေ့တွင် ကွယ်လွန်သွားသော ကဗျာဆရာ အောင်ဘညို အမှတ်တရ 
ကာတွန်းဆရာ မိုးထက်မိုး၏ ကာတွန်း

(Vol. 3, No. 57, 14-6-2015 The Voice သတင်းစာ)


23 February 2015

သပိတ်မှောက်ကျောင်းသားများနှင့် ပတ်သက်၍ ကဗျာ၊ သီချင်း၊ ပန်းချီနှင့် စာပေအနုပညာရှင်များ၏ ကြေညာချက်

သပိတ်မှောက်ကျောင်းသားများနှင့် ပတ်သက်၍ ကဗျာ၊ သီချင်း၊ ပန်းချီနှင့် စာပေအနုပညာရှင်များ၏ ကြေညာချက် 
(၁၆ - ၂ - ၂ဝ၁၅)
၁။ ကျွန်ုပ်တို့သည် ဒီမိုကရေစီစံချိန် စံညွှန်းများနှင့် မကိုက်ညီသည့် အမျိုးသားပညာရေးဥပဒေအား ကန့်ကွက် ဆန္ဒပြနေကြသော ကျောင်းသားထုကြီးတစ်ရပ်လုံးအား ရိုးသားစွာ အပြည့်အဝ ထောက်ခံခဲ့ကြပါသည်။

၂။ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်းတွင် ကျောင်းသားထုကြီးက တောင်းဆိုထားသော အချက်(၁၁)ချက်အား ပထမအဆင့်အနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက လိုက်လျောလက်ခံပေးခဲ့ကြသည်ကိုလည်း သိရှိရပါသည်။ ထိုကဲ့သို့ ပထမအဆင့်အနေဖြင့် လိုက်လျောလက်ခံပေးခဲ့ခြင်းကိုလည်း ကျွန်ုပ်တို့က အသိအမှတ်ပြု မှတ်တမ်းတင်ခဲ့ကြပါသည်။

၃။ ယခုအခါ သပိတ်မှောက်ဆန္ဒပြချီတက်နေကြသော ကျောင်းသားစစ်ကြောင်းများတွင် လွှတ်တော်၏ အဆုံးအဖြတ်ကို စောင့်ကြည့်ရင်း ခေတ္တသပိတ်ရပ်နားထားသော ကျောင်းသားစစ်ကြောင်းများနှင့် လွှတ်တော်မှ တရားဝင်အတည်ပြု ပြဌာန်းပေးသည့်အချိန်အထိ ဆက်လက်သပိတ်မှောက်ချီတက်သွားမည့် ကျောင်းသားပင်မစစ်ကြောင်းဟူ၍ လမ်းကြောင်းနှစ်ခုပေါ်ပေါက်လာသည်ကို တွေ့ရှိရပါသည်။

၎။ ထိုကဲ့သို့ လမ်းကြောင်းနှစ်ခု ပေါ်ပေါက်လာသော်လည်း ကျောင်းသားထုကြီးသည် အမျိုးသားပညာရေးဥပဒေပြောင်းလဲရေးဆိုသည့် ခေါင်းစဉ်တစ်ခုတည်းအောက်တွင် တည်ရှိနေကြသည်ဖြစ်ခြင်းကြောင့် ကျွန်ုပ်တို့သည် ခေတ္တသပိတ်ရပ်နားထားသော ကျောင်းသားစစ်ကြောင်းများနှင့် ဆက်လက်သပိတ်မှောက်ချီတက်ကြမည့် ပင်မစစ်ကြောင်းကိုပါ ဆက်လက်၍ အားပေးထောက်ခံမည်ဖြစ်ပါသည်။

၅။ လက်ရှိအချိန်၌ ကျွန်ုပ်တို့သည် အမျိုးသားပညာရေးဥပဒေအား ကန့်ကွက် ဆန္ဒပြနေကြသော ကျောင်းသားထုကြီးတစ်ရပ်လုံး၏ လုံခြုံရေးအား အထူးပင် စိုးရိမ်ပူပန်နေမိပါသည်။

၆။ သို့ဖြစ်ပါ၍ ရိုးသားစွာ၊ ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြနေကြသော ကျောင်းသားထုကြီး၏ လုံခြုံရေးကို ထိပါးနှောင့်ယှက် အန္တရာယ်ပြုခြင်းများ ပြုလုပ်ပါက ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများကို ထိုကဲ့သို့ ထိပါးနှောင့်ယှက် အန္တရာယ်ပြုခြင်းများ ပြုလုပ်လာသောသူများနှင့် သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များကသာလျှင် တာဝန်ယူဖြေရှင်းရမည်ဖြစ်ကြောင်းကို သတိပေးပြောကြားရင်း ကျွန်ုပ်တို့သည် ကျောင်းသားထုကြီးတစ်ရပ်လုံးအား ဆက်လက်အားပေးထောက်ခံသွားကြမည်ဖြစ်ကြောင်း ရိုးသားစွာ အလေးအနက် ကြေညာလိုက်ပါသည်။

ကဗျာ၊ သီချင်း၊ ပန်းချီနှင့် စာပေအနုပညာရှင်များ


28 December 2014

တေးဂီတအကယ်ဒမီဆုရ စန္ဒရားတင်ဝင်းလှိုင်၏ ကျေးဇူးတင်စကား ကောက်နုတ်ချက်

၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ (27-12-2014) တွင် "ကြယ်စင်မော်ကွန်း" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုရ စန္ဒရား တင်ဝင်းလှိုင်၏ ကျေးဇူးတင်စကား ကောက်နုတ်ချက်

ကျွန်တော်တို့ ဒီခေတ်မှာလည်း နန်းမတော်မယ်နုနဲ့ အင်မတန်နီးတဲ့ အန်တီကြီးတွေရှိပါတယ်။ အဲ အဲလို အင်မတန်ဝင်ပြီးတော့ ဒွင်ကျယ်ပြီးတော့ စွာကျယ်စွာကျယ်အန်တီကြီးတွေရှိပါတယ်။
....
ခုနက အုတ်ကျောင်းဆရာတော်က ဒါပါပဲ။ ရေဖလားထဲကို ဘုရင်ကြီးနဲ့ ဘုရင်မကြီးရှေ့မှာ ရေထည့်လိုက်တယ်။ ထည့်ပြီးတော့ ဟော့ဒီမှာကြည့်ကြ။ ဘုရင်ဆိုတဲ့ လူ။ ဘုရင်မဆိုတဲ့ လူ။ ဘယ်တုန်းက ဘယ်လိုကံတွေ သံသရာမှာပါလာတဲ့အတွက် ဘုရင်နဲ့ ဘုရင်မဖြစ်တယ်ဆိုတာ နင်တို့တခါတည်းသိကြဆိုပြီးတော့။ သူတို့က နင့်မို့ဆို ဘ၀င်မြင့်နေမှာစိုးလို့။ သူတို့က အစဉ်အလာ ဘယ်တော့မှ ဒီနေရာက ဖယ်တာမဟုတ်ဘူး။ အဲတော့ ဒိန်းဆို။ (လက်ခုပ်သြဘာသံများ) ဒိန်းဆို အဲဒီမှာ လုပ်လိုက်တယ်။ သူ့မြေးလေးက အရမ်းမျောက်ရှုံးအောင်ဆော့တယ်။ မြေး မျောက်ရှုံးအောင်ဆော့တာ ကျွန်တော်တို့ နိုင်ငံမှာ ရှိပါတယ်။ အစဉ်အလာရှိပါတယ်။ (လက်ခုပ်သြဘာသံများ) ကျွန်တော်တို့နိုင်ငံမှာ မြေးက အဖွားရဲ့ အသည်းဖြစ်နေတယ်။ အဖိုးရဲ့ အသည်းဖြစ်နေတယ်။ အဲဒီအဖိုးနဲ့ အဖွားက  ငကြောင်ကြီးဆို သွားပြီပဲ။ ငပေါမကြီးဆို သွားပြီပဲ။ ဒီမှာတော့ ဘုရင်နဲ့ ဘုရင်မပေါ့လေ။ အစဉ်အလာပေါ့။ ဒါ ကျွန်တော်တို့ ဗမာမှာက ဒါပဲ ဂုဏ်လုပ်နေရတာ။ ဒါကိုပဲ ဂုဏ်လုပ်နေရတာ။ အဲဒီတော့ အဲဒီမျောက်ကလေးက ဒီကလေးက ဘယ်သူလဲကွ။ အသွန်အသင်အဆုံးအမ မရှိဘူးလားဆိုတော့။ အဲဒီလို ပြန်ပြီးတော့ ဟောက်ရဲတာ ပြောရဲတာ ပေါ့လေ။ Command အဲဒီလို ချက်ချင်း Command ပေးရဲတဲ့ဥစ္စာက ဒီအုတ်ကျောင်းဆရာတော်ပဲ ရှိပါတယ်။ သူက ခုနက ရေကိုကြည့်ကြည့်။ ဒီမှာကြည့်တဲ့။ ရေကိုပြတယ်။ ပြတော့ အဲသလောက်ပဲ မင်းတို့ ရမယ်တဲ့။ ခု မင်းတို့ဘယ်လောက်လှူလှူ အဲလောက်ပဲရမယ်ဆိုတော့။ အထဲမှာ ရေမရှိပါဘူး။ ဒါကိုနားလည်းရမှာက။ ဥာဏ်သိသိ ရမယ်။ ဘယ်လိုသိရမလဲ။ (လက်ခုပ်သြဘာသံများ) ရေတော့ မရှိဘူး။ ရေတော့ မရှိဘူး။ အထဲမှာ စိုနေတယ်။ အစိုဓာတ်ကလေး ကျန်ခဲ့တယ်။ ဒါပဲရမယ်။
....
နောက်ခံတေးဂီတဆိုတာက ဒီလို တယောက်တည်း တီးလို့ မရပါဘူး။ အားလုံးကောင်းလို့ပါ။ (လက်ခုပ်သြဘာသံများ) ရုပ်ရှင်နောက်ခံတေးဂီတဆိုတဲ့ ဥစ္စာက နိုင်ငံတော် အဟောင်းဖြစ်ဖြစ် အသစ်ဖြစ်ဖြစ် မဟောင်းတဟောင်း မသစ်တသစ်ဖြစ်ဖြစ် တည်သလိုပဲ အားလုံးကောင်းမှ ရတာပါခင်ဗျာ။ (လက်ခုပ်သြဘာသံများ)
....
ကျွန်တော် ၂၀၀၅ ခုနှစ်မှာ ကိုပွားရဲ့ "မင်္ဂလာပါ"ကို စတီးပါတယ်။ အဲဒီ ၂၀၀၅ နဲ့ အခု ၂၀၁၃ နဲ့ ကြားမှာ ဘာမှ မတီးပါဘူး။ တခြားဟာပဲ တီးပါတယ်။ ဘာမှ မတီးပါဘူး ကျွန်တော်။ စန္ဒရား မတီးပါဘူး ကျွန်တော်။ ရုပ်ရှင်မတီးပါဘူး။ ဒါပေမဲ့ ကျွန်တော်။ ပြန်တီးတဲ့အခါမှာ ဒီလိုထွက်ပါတယ်။ ကျွန်တော့်ကြောင့်မဟုတ်ပါဘူး။ ကျွန်တော်ပြောပါတယ်။ Just surfing on that easy matter။ ဒီလို လွယ်အောင်လုပ်ထားတာက ကျွန်တော့်အစ်ကို ကျွန်တော့် ကျွန်တော့်ကို ဒီပညာသင်ထားပေးတာ မဟုတ်ပေမဲ့ ကျွန်တော့်ကို ကောင်းကောင်း ကောင်းကောင်းလေး ပညာပေးနိုင်တဲ့ ပန်းချီစိုးမိုး။ သူကောင်းလို့။ သူ့ရဲ့ ဇာတ်ကားအခင်းအကျင်း။ သူ့ရဲ့ အရုပ် ရစ်သမ်တွေ အရမ်းကောင်းတဲ့အတွက် ... ကျွန်တော်က လှိုင်းစီးသလို အပြားလေးနဲ့ လှိုင်းစီးသလို ကျွန်တော်က အိပဲ့အိပဲ့အိပဲ့နဲ့ လိုက်ရုံပါပဲ။ သိပ်ဘာမှ ခက်တာမဟုတ်ပါဘူးခင်ဗျာ။
....
ပိုက်ဆံတွေ ပိုက်ဆံတွေ ဘယ်ကရမှန်းမသိဘဲနဲ့ ပိုက်ဆံတွေ ပိုက်ဆံတွေ သိမ်းဖို့နေရာ မရှိတဲ့လူ။ ကျွန်တော်တို့က ပိုက်ဆံကို ရှာလို့ မရတဲ့လူ၊ သူတို့က သိမ်းဖို့နေရာခက်နေတဲ့လူ။ ပိုက်ဆံထားဖို့နေရာတွေ လိုက်သိမ်းမှ ရမယ့်လူ။ (လက်ခုပ်သြဘာသံများ) အဲ့ဒီလူက ဘယ်သူလဲဆိုတော့...။

(ထိုနေရာတွင် လူရွှင်တော်တစ်ဦး(ဟုထင်ရ)မှ စင်ပေါ်ရေသန့်ဘူး တက်ပေး။ တင်မိုးလွင်က ဆူညံသံ(လက်ခုပ်သြဘာသံများ)အတွက် ရှေ့ကကြွရောက်အားပေးတဲ့ ဧည့်သည်တော်လူကြီးမင်းများ (အစိုးရအဖွဲ့ဝင်များ) နားလည်ခွင့်လွှတ်ပေးရန် ၀င်ပြော။ ထို့နောက် ရန်အောင်က ရုပ်ရှင်အစည်းအရုံးဥက္ကဌ လူမင်းကို ဖိတ်ခေါ်၍ စန္ဒရားတင်ဝင်းလှိုင်အား အကယ်ဒမီဆုပေးခိုင်းခဲ့သည်။)

~ ညိုကြီး ကောက်နုတ်တင်ပြသည် ~

27 May 2014

ဝီရိယမင်းသားလေး ၀င်းနောင်




"၀ီရိယမင်းသားလေး ၀င်းနောင်"

အနုပညာလုပ်အားများကို ပေးရလေအောင်
(၀င်းနောင် ၀င်းနောင် ၀င်းနောင် ၀င်းနောင်)
ငွေစန္ဒာဖိုးလမင်းလို ထာဝစဉ်ထွန်းလင်းတောက်ပြောင်
(၀င်းနောင် ၀င်းနောင် ၀င်းနောင် ၀င်းနောင်)
ဤကမ္ဘာလောကကြီးကို အလှဆင်ရအောင် ခေတ်ဥာဏ်ယှဉ်ပြီး ဆန်းသစ်လွင်လို့ ဇာတ်ကြီးတည်ထောင်
(၀င်းနောင် ၀င်းနောင် ၀င်းနောင် ၀င်းနောင်) (၀င်းနောင် ၀င်းနောင် ၀င်းနောင် ၀င်းနောင်)

မြို့ဂုဏ်လည်းဆောင် တိုင်းဂုဏ်လည်းဆောင် မန္တလာမြေက လှမ်းလို့လာတဲ့
(၀င်းနောင် ၀င်းနောင်)
အနုပညာသမိုင်းတလျှောက်မှာ အောင်ပွဲတွေ ဆောင် ဆောင်
(၀င်းနောင် ၀င်းနောင် ၀င်းနောင် ၀င်းနောင်)
ခေတ်ဥာဏ်ယှဉ်ပြီး ဆန်းသစ်လွင်လို့ ဇာတ်ကြီးတည်ထောင်
(၀င်းနောင် ၀င်းနောင် ၀င်းနောင် ၀င်းနောင်) (၀င်းနောင် ၀င်းနောင် ၀င်းနောင် ၀င်းနောင်) 

===========================
YouTube တွင် ကြည့်ရှုနိုင်သော လိပ်စာ

http://youtu.be/xSuwuUwviDw
 

22 May 2014

ခုန် - ညီရဲရင့် (၀င်းနောင် သရုပ်ဆောင်ထားသည်) ~ Jump by Nyi Ye Yint, Dance by Win Naung


 
ခုန်

တေးရေး - ပေါသျှံ
တေးဆို - ညီရဲရင့် (မန္တလေး စိန်ဘညို၏သား ညီရဲရင့်)
သရုပ်ဆောင် - (၀ီရိယမင်းသားလေး) ၀င်းနောင်
Lyrics - Paw Shan
Vocal - Nyi Ye Yint
Actor - Win Naung
Edited by Jhon Wint Htet

" ခုန် " စာသား

စက္ကန့်တိုင်း နှလုံးသားထဲမှာ ခုန် ခုန် ခုန်
နှုတ်ဆက်သီချင်းလေး တီးဖို့လက်က တုန် တုန် တုန်
ဆောင်းဘောက်ကြီးက မြူးမြူးကြွကြွ တုန် တုန် တုန်
လမ်းခွဲခြင်းရဲ့ နှုတ်ဆက်ဒိုးနဲ့ ခုန် ခုန် ခုန်
ကာလသားများ ခုန် ကာလသမီးများ ခုန်
အန်ကယ်ကြီးလည်း ခုန် အန်တီကြီးလည်း ခုန်
အလှူအောင်မြင်ပြီးမြောက်ခြင်းအတွက် ခုန် ခုန် ခုန်
အလှူရှင်ကြီးလည်း ခုန် အလှူအစ်မကြီးလည်း ခုန်
တစ်ရွာလုံးလည်း ခုန် ငါတို့ဆိုင်းလည်း ခုန်
အလှူအောင်မြင်ပြီးမြောက်ခြင်းအတွက် ခုန် ခုန် ခုန်
အိမ်ပြန်ချိန်မို့ နှလုံးသားထဲမှာ ခုန်

===========================
YouTube တွင် ကြည့်ရှုနိုင်သော လိပ်စာ

http://youtu.be/_jBCCbCj6g4

15 December 2013

မူလဆုံမှတ် အနုပညာ အယ်လ်ဘမ် ထွက်ရှိ

မန္တလေးမြို့  မှ အနုပညာသမားများ စီစဉ်တင်ဆက်ထုတ်ဝေသည့်

နိုင်ငံရေး စာပေအနုပညာနှင့် အမြင်ဘာသာစကား
မူလဆုံမှတ် အနုပညာ အယ်လ်ဘမ်
le Rendez-vous original
l'Album Des Beaux-Arts
စာအုပ်ထွက်ရှိ



ပုံနှိပ်မှတ်တမ်း


 မာတိကာ





မူလဆုံမှတ် အနုပညာ အယ်လ်ဘမ် စာအုပ်မိတ်ဆက်ပွဲကို မန္တလေးမြို့  ၊ ၇၈လမ်း၊  ၃၁-၃၂ လမ်းကြားရှိ မင်းသီဟ ကဖေးတွင် (၁၅-၁၂-၂၀၁၃)ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၉ နာရီမှ ၁၁ နာရီထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

မူလဆုံမှတ် အနုပညာ အယ်လ်ဘမ် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားဓာတ်ပုံကို ကဗျာဆရာ ပြေညိမ်းမိုဃ်း၏ facebook မှ ရယူပါသည်။

{{{ မူလဆုံမှတ် အနုပညာ အယ်လ်ဘမ်တွင် ကျွန်တော် ညိုကြီး၏ ကဗျာ - "လူကြီးများသို့" လည်း ပါဝင်ပါသည်။ ထိုကဗျာကို ကျွန်တော့် blog တွင် ဖော်ပြခဲ့စဉ်က "ခလေးများသို့" ခေါင်းစဉ်နှင့်ဖြစ်ပါသည်။
"လူကြီးများသို့ (သို့မဟုတ်) ခလေးများသို့" ကဗျာအား ကျွန်တော့် blog ၏ အင်တာနက်လိပ်စာ -
http://bigbbrown.blogspot.com/2013/10/blog-post.html
တွင်လည်း ဖတ်ရှုနိုင်ပါသည်။ }}}

22 November 2013

မန္တလေးမြို့ အခြေစိုက် "ကဗျာ" မဂ္ဂဇင်း (Poem Magazine) အမှတ် (၁) စတင် ထွက်ရှိ

မျက်နှာဖုံး


အယ်ဒီတာအဖွဲ့နှင့် ဆက်သွယ်ရန်


 မာတိကာ



26 October 2013

ရသအလင်းရဲ့ ၃ နှစ် နီးနီး ခရီး

ရသအလင်းရဲ့ ၃ နှစ် နီးနီး ခရီး
+++++++++++++++++++



စင်္ကာပူနိုင်ငံ အခြေစိုက် ရသအလင်းဖောင်ဒေးရှင်းသက်တမ်း(၃)နှစ်တာကာလကို ချင်းနင်းဝင်ရောက်လာခဲ့ပါပြီ။
ဒီ အချိန်ကာလအတွင်း စာပေအနုပညာနှင့် လူမှုရေးအသင်းအဖွဲ့များအတွက် စုစုပေါင်းငွေကျပ်(၁၁၉)သိန်းတိတိ လှူဒါန်းဂုဏ်ပြုနိုင်ခဲ့ပါတယ်။

ခု အလှူရှင်များ နဲ့ မိတ်ဆွေများအားလုံး သာဓုခေါ်မုဒိတာပွားစေနိုင်ဖို့ ရသအလင်းဆောင်ရွက်နိုင်ခဲ့ သမျှကို စာရင်းများနဲ့တကွ တင်ပြလိုက်ပါတယ်။

ရသအလင်းဖောင်ဒေးရှင်းကို ရန်ပုံငွေထည့်ဝင်ခဲ့သော မိတ်ဆွေများများအားလုံး၊ ရသအလင်းမှ ကျင်းပခဲ့တဲ့ ဟောပြောပွဲတွေမှာ စိတ်ရောကိုယ်ပါ ပါဝင်ကူညီခဲ့သူများ အားလုံးကို ရသအလင်းမှ လှိုက်လဲလေးနက်စွာ ကျေးဇူးတင်ရှိပါတယ်။

ယခုဆိုလျှင် ရသအလင်းမှ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ မြန်မာပြည်တွင်းမှ ကျန်းမာရေးအတွက် အရေးပေါ်ဆေးကုသရန်လိုအပ်နေတဲ့ စာပေကဗျာနှင့် ကာတွန်းပန်ချီ အနုပညာရှင်များကို ဂုဏ်ပြုငွေများ ပေးအပ် ချီးမြှင့်တဲ့ အစီအစဉ်အပြင် ခြေလှမ်းသစ်များအနေနဲ့ လူမှုရေး ပညာရေး အသင်းအဖွဲ့များကို နဲ့ စာကြည့်တိုက်များကို ထောက်ပံ့ လှူဒါန်းခြင်း အစီအစဉ်တွေကိုပါ တိုးချဲ့ ဆောင်ရွက်နေပါတယ်။

နောက်ထပ် အစီအစဉ်သစ်များနဲ့ စာပေအကျိုး ပြည်သူ့အကျိုးများကို နိုင်သလောက် စွမ်းသလောက် သယ်ပိုးထောက်ကူဖို့ အားမာန်အပြည့် ဆက်လက်ချီတက်သွားမှာဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာ ပြုလုပ်မယ့် အစီအစဉ်များလည်းရှိနေပြီး အစီအစဉ်အသေးစိတ်တွေကို ဆက်လက်တင်ပြပေးသွားပါ့မယ်။

အဲဒီ့အတွက် ရသအလင်းမှာ အသင်းဝင်အင်အားများလိုအပ်နေပြီ။ အထူးသဖြင့် မြန်မာပြည်တွင်းက လှုပ်ရှားဆောင်ရွက်နိုင်မယ့် အသင်းဝင်များ လိုအပ်နေပါတယ်။ အမှန်တကယ် စိတ်ဝင်တစား လက်တွဲဆောင်ရွက်လိုစိတ်ရှိသူ မည်သူကိုမဆို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေပါကြောင်း လေးစားစွာ အသိပေးဖိတ်ခေါ်အပ်ပါတယ် …

+
၁)ကျန်းမာရေးအထောက်အပံ့အလို့ငှာ ဂုဏ်ပြုငွေပေးအပ်ချီးမြှင့်ခြင်း
- စာရေးဆရာ ကဗျာဆရာ ကာတွန်းဆရာ (၂၀)ဦး တစ်ဦးကို ကျပ် ၃သိန်းဖြင့် ငွေကျပ် သိန်း(၆၀)
၂) ကဗျာဆရာကြီးအောင်ချိမ့်အား တစ်သက်တာ ကဗျာဆရာဆု ပေးအပ်ချီးမြှင့်ခြင်း ငွေကျပ် ၅ သိန်း
၃) စာရေးဆရာကြီး အဘိုး ဒဂုန်တာရာအား ဂါရဝပြုကန်တော့ခြင်း ငွေကျပ်၅သိန်း
စုစုပေါင်း သိန်း(၇၀)တိတိ
++
၂)ပညာရေး၊လူမှုရေးအသင်းအဖွဲ့များအား လှူဒါန်းခြင်း
- ကချင်စစ်ဘေးဒဏ်သင့်ညီနောင်များအတွက် ငွေကျပ် (၁၀)သိန်း
- NLD ပညရေးရန်ပုံငွေအတွက် ငွေကျပ် (၁၀)သိန်း
- ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (၇၇)နှစ်မြောက် အထိမ်းအမှတ်၊ ခေတ်အဆက်ဆက် ဗကသမျိုးဆက်များ တွေ့ဆုံပွဲ ဖြစ်မြောက်ရေးအတွက်ရည်ရွယ်၍ ငွေကျပ်(၁၀)သိန်း၊

- ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ ပြန်လည်ဦးစီးထုတ်ဝေမည်ဖြစ်သော အိုးဝေစာစဉ် ဖြစ်မြောက်ရေးအတွက်ရည်ရွယ်၍ ငွေကျပ်(၁၀)သိန်း၊

စုစုပေါင်း သိန်း(၄၀)တိတိ

+++
၂)စာကြည့်တိုက်များအား လှူဒါန်းခြင်း
- တင်အေးမွန်စာကြည့်တိုက် (ထိန်တောရွာ)
- ရာစုသစ်မီးအိမ်စာကြည့်တိုက်( ရွေဘိုမြို့)
- Open Mind Library စာကြည့်တိုက်လက်ပံတန်းမြို့နယ်
၃သိန်းနှုန်းဖြင့် စုစုပေါင်း (၉)သိန်းတိတိ

စုစုပေါင်း(၁၁၉)သိန်း တိတိ
++++++++++
ဂုဏ်ပြုငွေပေးအပ်ထားသော ဆရာဆရာမများစာရင်း
၁)ကာတွန်းဆရာ ဗိုမောင်
၂)ကဗျာဆရာ အောင်ဘညို
၃)ပန်းချီဆရာ ရာဟုလာ
၎)စာရေးဆရာ ကဗျာဆရာပိုင်စိုးဝေ
၅)ကဗျာဆရာ မောင်အောင်နီ
၆)ကဗျာဆရာ လှသန်း(ကြည်မောင်သန်း)
၇)စာရေးဆရာ ကဗျာဆရာအေးမင်းစော
၈)ကဗျာဆရာမောင်အောင်ပွင့်
၉)ဆရာကြီးမောင်လင်းယုန်(ရှမ်းပြည်)
၁၀)ဆရာမကြီး မအိ
၁၁)ဆရာကိုဆွေ
၁၂)ဆရာကြီးနေသွေးနီ
၁၃)ဆရာမောင်တင်ဆင့်
၁၄)ဆရာကြီးမောင်ဝံသ
၁၅)ဆရာကြီးဦးအောင်သင်း
၁၆)ဆရာမောင်ဒေါင်း
၁၇)ဆရာကြီးဦးဝင်းဖေ
၁၈)ဆရာနေမျိုး
၁၉)ဆရာမင်းလူ
၂၀)ဆရာပိုင်စိုးဝေ( ကျန်းမာရေးအခြေအနေရ ဒုတိယအကြိမ်မြောက်)

+++++++++++++++++++
"ရသအလင်းအကြောင်း အကျဉ်း"

ကျန်းမာရေးအတွက် အရေးပေါ်ဆေးကုသရန်လိုအပ်နေသော စာရေးဆရာ၊ကဗျာဆရာ၊ကာတွန်းဆရာများနှင့် ဂုဏ်ပြုထိုက်သူ အနုပညာရှင်ကြီးများကို ဂုဏ်ပြုနိုင်ရန်အတွက် စင်္ကာပူနိုင်ငံမှာရောက်ရှိနေတဲ့ စာပေအနုပညာချစ်မက်သူတွေစုစည်းပြီး ရသအလင်း ဖောင်ဒေးရှင်း ရယ်လို့ ၂၂.၄.၂၀၁၁ ခုနှစ်မှာ ဖွဲ့စည်းတည်ထောင်ခဲ့ကြပါတယ်။

ရသအလင်းဖောင်ဒေးရှင်းရယ်လို့ မဖွဲစည်းမီက ကဗျာဆရာမလုံမငြိမ်းချမ်းနဲ့ ကဗျာဆရာကိုလှသန်းကို ဂုဏ်ပြု ပေးအပ်ခဲ့ကြပါသေးတယ်။

+++++++++++++++++++
ရသအလင်းဖောင်ဒေးရှင်း၏ Facebook မှ ကူးယူဖော်ပြပါသည်

06 September 2013

မြန်မာ့မြန်မာ့ ရုပ်ရှင်



"မြန်မာ့မြန်မာ့ ရုပ်ရှင်"

ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့ ဆန္ဒမရှိပါ။ ဟော/ဘော/ဥရောပ/ဟောင်ကောင်/တရုတ်/ကိုရီးယား/ထိုင်း လိဝုဒ် စတဲ့ နိုင်ငံခြားရုပ်ရှင်တွေနဲ့ နှိုင်းယှဉ်ပြီးလည်း မပြောတော့ပါ။ မြန်မာ့မြန်မာ့ရုပ်ရှင် ဘယ်အခြေကို ဆိုက်နေပြီလဲဆိုတာ သိစေချင်တဲ့ စေတနာသက်သက်ပဲရှိပါတယ်။ ပုံထဲမှာဖော်ပြထားတဲ့ ဇာတ်လမ်းကိုပဲ ဖတ်ကြည့်ပါဦး။ သုံးသပ်ကြည့်ပါဦး။ ဆင်ဆာကြောင့် ငွေကြောင့် စက်ပစ္စည်းကြောင့် ပရိသတ်ကြောင့် စတဲ့ ဆင်ခြေဆင်လက်တွေကြားမှာ ထုတ်လုပ်သူအချို့ ရုပ်ရှင်ရုံပိုင်ရှင်အချို့ မင်းသားမင်းသမီး အချို့ ချမ်းသာသွားတာကလွဲလို့ ...။

စိတ်ထဲမှာ မကောင်းရပြန်ပါ။ ။

ဆူလွယ်နပ်လွယ် ညိုကြီး
26.8.2013

28 July 2013

Ohn Myint Hlaing, A Poet of Burma





၂ဝ၁၃၊ ဇွန် (၁၃)မှာ ကွယ်လွန်ခဲ့သော ကိုကိုးကျွန်းပြန် တော်လှန် ကဗျာဆရာ အုန်းမြင့်လှိုင် (၁၉၄၁ - ၂ဝ၁၃)၏ တစ်လပြည့်အမှတ်တရ ထုတ်ဝေခဲ့သည့် အုန်းမြင့်လှိုင် ကဗျာစာအုပ်

ဖြန့်ချိရေး

မြနန္ဒာ စာအုပ်တိုက်
၃၃/၄၉၊ ရှိုင်းကွန်ဒို၊ ၇ လွှာ၊
ဘဏ်လမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်း၊ ကျောက်တံတားမြို့နယ်၊
ရန်ကုန်
ဖုန်း - ဝ၉ - ၄၃ဝ၈၇၁၉၃

(ကဗျာစာအုပ်အား ကျေးဇူးပြုသော ကဗျာဆရာ ကိုရိုးဒီ အား ကျေးဇူးအထူးတင်ရှိပါသည်။)

ညိုကြီး