Showing posts with label POSTCARD. Show all posts
Showing posts with label POSTCARD. Show all posts

11 March 2010

U Win Tin's 80th Birthday Speech

" ဦးဝင်းတင်၏ ရှစ်ဆယ်နှစ်ပြည့်စကားသ၀ဏ် "

ဒီနေ့ဒီအချိန်ဟာ ဒီမိုကရေစီအင်အားစုတွေအားလုံးအတွက်
အမွန်းကျပ်ဆုံးကာလဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဟာ သူတို့ရဲ့
အသက်ဆက်ယန္တရားကို စက်ကုန်ဖွင့်ဖို့ မီးကုန်ယမ်းကုန် စိုင်းပြင်းကြပါပြီ။
စစ်အာဏာရှင်တွေဟာ လူထုကြီးတစ်ရပ်လုံးကို ကျီးကန်းတောင်းမှောက်
လှည့်စားဖျားယောင်းမယ်။
သေလုမျောပါးဖိနှိပ်ချုပ်ချယ်မှုကို တိုးလို့တိုးလို့သာ စစ်ဖိနပ်(နဲ့) နင်းတော့မယ်။
ဒီမိုကရေစီအင်အားစုတွေအားလုံးအတွက်လည်း သူသေကိုယ်ရှင်
တုန့်ပြန်ဆန့်ကျင်တိုက်ပွဲဝင်ကြရတော့မယ်။
ဒီလိုကာလမျိုးဆိုက်လာချိန်မှာ ကိုင်စွဲစရာလက်နက်သုံးမျိုးသာ
ကျွန်တော်တို့မှာ ရှိပါတော့တယ်။

- မကြောက်တရားလက်နက်
- သွေးစည်းညီညွတ်ရေးလက်နက်
- စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ရည်မှန်း ပန်းတိုင်တစ်ခုတည်းချမှတ်၊
ရှေးရှု၊ ရင်ဆိုင် ချီတက်ရေးလက်နက်။

ရှစ်ဆယ်နှစ်ပြည့်မွေးနေ့မှာ ဒီလိုသ၀ဏ်စကားပါးခွင့်ရတာ ၀မ်းသာတယ်၊
ကျေနပ်တယ်၊ အားရတယ်။ အရေးတော်ပုံအောင်ရမည်။

၁၂ ရက် မတ်လ ၂၀၁၀ ခုနှစ်၊ သောကြာနေ့

သူသေကိုယ်ရှင် တုန့်ပြန်ဆန့်ကျင် တိုက်ပွဲဝင်ကြရတော့မယ်။
လက်နက်သုံးမျိုးကိုင်စွဲ ရဲရဲတိုက်ပွဲဝင်ကြ !

10 February 2010

BURMESE LABOURERS' REVOLUTION 2010

သို့
မိတ်ဆွေများခင်ဗျား...

မနေ့ကနဲ့ဒီနေ့နှစ်ရက်မှာ မြန်မာပြည်တွင်းမှာရှိတဲ့ လှိုင်သာယာစက်မှုဇုံမှ
အလုပ်သမတွေဟာ
နအဖအစိုးရရဲ့ငါးယောက်ထက်ပိုပြီးလူမစုရဆိုတဲ့အမိန့်အာဏာကိုချိုးဖောက်အံတုပြီး
မိမိတို့ရဲ့သေချာပေါက်ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေကို
ရိုးသားရဲရင့်စွာနဲ့ ဆန္ဒပြတောင်းဆို နေကြတာကို

ကျွန်တော်အပါအ၀င် မိတ်ဆွေတို့အနေနဲ့
ပူးပေါင်းပါဝင်ထောက်ခံကြောင်းပြသတဲ့အနေနဲ့ အခုကျွန်တော်ပေးပို့လိုက်တဲ့
ပိုစတာနှစ်ခုကို

အကယ်၍မိတ်ဆွေဟာ ဘလော့ဂါတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် မိမိတို့ရဲ့သက်ဆိုင်ရာ
ဘလော့အသီးသီးမှာတင်ပြီး၊ ဘလော့ဂါမဟုတ်ပါကလည်း ဒီပိုစတာနှစ်ပုံပါတဲ့
အီးမေးလ်ကို မိတ်ဆွေအသိအကျွမ်းအသီးသီးကို ဆက်လက်ဖြန့်ဝေခြင်းအားဖြင့်
သက်သေပြပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံတိုက်တွန်းအပ်ပါတယ်။

အရေးတော်ပုံအောင်ရမည်။
ကိုတေ

--
ﱢﱟﱞﱡ۩ﱡﱞﱟﱢ ကိုတေ ﱢﱟﱞﱡ۩ﱡﱞﱟﱢ

(အီးမေးလ်မှ တစ်ဆင့် ရရှိသည်ကို ပြန်လည်ဖြန့်ဝေသည်)

Related News From Internet:

လှိုင်သာယာ အလုပ်သမားဆန္ဒပြပွဲ သတင်းမှတ်တမ်း
http://freeforcountry.blogspot.com/2010/02/blog-post.html

လှိုင်သာယာအလုပ်သမား ထိုင်သပိတ် လုံခြုံရေးတပ် ၀ိုင်းထား
http://www.voanews.com/burmese/2010-02-09-voa4.cfm

လှိုင်သာယာ စက်မှုဇုန်လုပ်သားများ တတိယအကြိမ် ဆန္ဒပြ
http://www.khitpyaing.org/news/February%2010/9210c.php

စက်ရုံအလုပ်သမားများဆန္ဒပြပွဲကို လုံခြုံရေးထူထပ်စွာချထားလျက်ရှိ
http://www.yoma3.org/index.php?option=com_content&view=article&id=489:2010-02-09-10-41-32&catid=41:2008-09-21-07-44-45&Itemid=124

22 May 2009

Free DAW AUNG SAN SU KYI Now

Poster From Email

16 May 2009

Free Burma, Free Suu Kyi (POSTERS)

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး
ပြည်တွင်းလှုပ်ရှားမှုများနှင့် ဘလော့ဂ်များပေါ်တွင် တင်ရန် ပိုစတာ အရွယ်အစား (၃)မျိုး





(By the way, I got above Posters from Email)


24 November 2008

FREE OUR NITRIC ACID !

အမိန့်မချခင် 10 မိနစ်အလို၌ရေးသားထားသော ဇေယျာသော် နှိုးဆော်ချက်,,,



Best Regards,

Min Yan Naing
Generation Wave
www.generation-wave.blogspot.comcom

02 March 2008

Sharing a Postcard of Daw Aung Sun Su Kyi

ကျွန်တော့် မိတ်ဆွေ တစ်ယောက်ဆီက ရရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ပို့စ်ကဒ်လေးကို မျှဝေလိုက်ပါတယ်။ ရှိပြီးသား၊ သိပြီးသားဆိုရင်လည်း ပြန်ပြောင်း အမှတ်တရပေါ့ဗျာ။

ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ စစ်အဆိုးရ၏ မတရားသဖြင့် ဖမ်းဆီးထားခြင်းခံရသော နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်ဆုံး ပြန်လည် လွတ်မြောက်ကြပါစေ...