16 August 2008

INTERVIEW WITH KYAW THU (F. F. S. S)

အကူအညီ လိုအပ်နေ (အင်တာဗျူး)
နန်းဒေဝီ
ကြာသပတေးနေ့၊ သြဂုတ်လ 14 2008 14:17 - မြန်မာစံတော်ချိန်

http://www.ffssyangon.com/

(နာရေး ကူညီမှုအသင်း - ရန်ကုန် ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဆက်သွယ် မေးမြန်းချက်)

အခမဲ့ ကျန်းမာရေး စောင့်ရှောက်နေသည့်အပြင် သေဆုံးသူ ဆင်းရဲသားများအတွက်ပါ အသုဘ ယာဉ်မောင်းကာ လိုက်လံ သဂြုင်္ိဟ်ပေးနေသော နိုင်ငံကျော် ရုပ်ရှင်မင်းသားကျော်သူ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု သိရသည်။

အသင်းကြီးသည် ရန်ကုန်တိုင်းအတွင်း သေဆုံးသူ ရာချီရှိသည့် အရေအတွက်ကို လစဉ်နီးပါး လိုက်လံသဂြုင်္ိဟ် ပေးနေသလို၊ သုခ ကုသိုလ်ဖြစ် ဆေးခန်းကလည်း နေ့စဉ်နှင့်အမျှ လူနာပေါင်း ၁၅ဝ ကျော်ကို အခမဲ့ ကုသပေးရင်း လည်ပတ်လာခဲ့သည်။ သို့သော် လာမည့်နှစ် ဇူလိုင်လတွင် ဆေးခန်းနေရာ ပြောင်းရွှေ့ပေးရမည် ဖြစ်သဖြင့် အဆောက်အဦးသစ် တည်ဆောက်ရန်အတွက် ကျပ်ငွေသိန်းပေါင်း ၁၂ဝဝ ခန့် လိုအပ်နေသည်ဟု သိရသည်။

အခြေအနေကို သိရှိနိုင်ရန်အတွက် အသင်း ဥက္ကဋ္ဌ ဦးကျော်သူကို နန်းဒေဝီက ဆက်သွယ် မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

မေး။ နောက်နှစ် ဇူလိုင်လကုန်မှာ ကိုကျော်သူတို့ရဲ့ သုခကုသိုလ်ဖြစ် ဆေးခန်းဟာ သင်္ကန်းကျွန်းမြို့နယ် ဘုန်းကြီးကျောင်းကနေ ပြောင်းရွှေ့ပေးရမယ်လို့ ကြားလို့ပါ။

ဖြေ။ ဟုတ်ပါတယ်ခင်ဗျာ။ သင်္ကန်းကျွန်း ကျောင်းထိုင်ဘုန်းကြီး ကိုယ်တိုင်က ရွှေ့ပေးဖို့ ပြောလာတဲ့ အတွက်ကြောင့် ပြောပါတယ်။ ဒါကြောင့် မြောက်ဒဂုံမြေကွက်မှာ တနှစ်အတွင်း ၃၁၊ ၇၊ ၂ဝဝ၉ ခုနှစ်အတွင်းမှာ ကျနော်တို့ ရွှေ့ပေးရမှာ။ ကျနော်တို့ အဆောက်အဦး ဟိုမှာ ပြန်ဆောက်ရမယ်။

လောလောဆယ်တော့ ပလပ်စတစ် အမှိုက်ပုံ ဖြစ်နေတယ်။ မြေက ကျယ်တယ်၊ ၂ ဧက ကျယ်တယ်။ နိုင်ငံတော်ကပဲ ချပေးထားတာပါ။ ကျနော်တို့ တိုင်ရိုက်ပြီး ဆောက်ရမယ်။ အဆောက်အဦးအတွက် အလှူငွေ လိုအပ်နေတာပါ။ လောလောဆယ်တော့ ဝင်းတော့ ခတ်ထားပြီးပြီ။

မေး။ ဘာကြောင့် ရွှေ့ခိုင်းတာလဲရှင့်။

ဖြေ။ ကျောင်းထိုင်ဆရာတော်က သူ့စာသင်သားတွေ ထပ်ထည့်ဖို့ လုပ်နေတာဆိုတော့။ ကျောင်းက ပရိယတ္တိ စာသင်တိုက်ဆိုတော့လေ။ စာသင်သားတွေ ထပ်တိုးချဲ့ဖို့ ရှိတယ်ဆိုတော့ နေရာအခက်အခဲ ရှိနေတော့ ကျနော်တို့ ရှိနေတဲ့ အတွင်း နေရာလေး ရွှေ့ပေးဖို့ အဲလို ပြောလာလို့ပါ။

မေး။ ဘုန်းကြီးကျောင်းမှာ နာရေးကူညီမှုအသင်း ဖွင့်ခဲ့တာ ဘယ်လောက်ကြာပြီလဲ။

ဖြေ။ ကျနော်တို့စလုပ်ခဲ့တာ ၂ဝဝ၁ ခုနှစ် ဇန်နဝါရီလကနေ စလုပ်ခဲ့တာ ဒီနေ့အထိပါ။

မေး။ လတ်တလော အရေးပေါ် ဘာလိုအပ်လဲရှင့်။

ဖြေ။ ကျနော်တို့ လောလောဆယ် အဆောက်အဦး ဆောက်ဖို့ အလှူငွေ လိုအပ်နေတာပါ။ အဆောက်အဦးက ရုံးအဆောက်အဦး လိုမယ်။ အလှူခံဌာန၊ ဆေးခန်းလိုမယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ အခမဲ့ ဆေးခန်း (သုခကုသိုလ်ဖြစ် ဆေးခန်း) ပါ ရွှေ့ပေးရမှာမို့ပါ။ အဲဒီ အဆောက်အဦးတွေအတွက် အလှူငွေ လိုနေတာပါ။ အဆောက်အဦး မရှိလို့ မဖြစ်ပါဘူး။

မေး။ အဆောက်အဦးတွေအတွက် ကုန်ကျစရိတ် ဘယ်လောက် ခန့်မှန်းထားပါသလဲ။

ဖြေ။ ဆေးခန်းမပါဘဲ ရုံးအဆောက်အဦးပဲဆိုရင် မြန်မာကျပ်ငွေသိန်း ၁၂ဝဝ လောက်လိုမယ်။ အဆောက်အဦးက မရှိရင် မဖြစ်ပါဘူး။ အဲဒါသာ ပြီးသွားရင်တော့ ဆေးခန်းတော့လည်း ဖြစ်လာမှာပါ။ အဲလို ဖြစ်သွားရင်တော့ တကယ်ကုချင်တဲ့ လူနာတွေ ကျနော်တို့ရှိတဲ့ နေရာဆီကို အရောက်လာမှာပါ။

အလှူရှင်တော်တော်များများ ပြည်တွင်းကနေ လှူနေကြပါတယ်။ နာရေးအတွက်ဆို နာရေးအတွက် လှူတယ်။ ဆေးခန်းအတွက်ဆို ဆေးခန်း၊ အဲလို လှူကြတယ်။ အဆောက်အဦး ဆောက်မယ်ဆိုတာတော့ လူတွေ သိပ်မသိကြသေးဘူး။ လူတွေသိအောင် ကျနော်တို့ ကြိုးစားနေတာပါ။ ကျနော်တို့က နာရေးအတွက် လှူရင် နာအရေးအတွက်ပဲ သုံးတယ်။ ဆေးခန်းအတွက်လှူရင် ဆေးခန်းအတွက် သီးသန့် လိုင်းခြားထားတော့ ကျနော်တို့အတွက် အဲဒီ အခက်အခဲတွေ ရှိနေတာ။

မေး။ အဆောက်အဦးအတွက် အလှူရှင်တွေရော ခေါ်ထားတာ မရှိဘူးလား။

ဖြေ။ အခုမှ ကျနော်တို့စပြီး လုပ်မလို့ပါ။ ဝဘ်ဆိုဒ်တွေမှာ တင်ဖို့လုပ်နေတာပါ။

မေး။ အခမဲ့ ကုသပေးတဲ့ သုခကုသိုလ်ဖြစ် ဆေးခန်းကို လူနာတွေ အလာများလား။

ဖြေ။ တော်တော်လာကြပါတယ်။ တရက်ကို လူနာ ၁၅ဝ ကနေ ၂ဝဝ အထိ လာတယ်။ မနက်ပိုင်းကနေ စပြီးတော့ ညနေအထိပေါ့။ အားလုံးကို အခမဲ့ ကုသပေးနေပါတယ်။ မျက်စိခွဲ၊ အရိုးအကြော၊ ကလေးအထူးကု၊ အမျိုးသမီး အထူးကု၊ Ultra sound အခမဲ့ ရိုက်ပေးပါတယ်။

မေး။ နာရေးကူညီမှုအသင်း ဖြစ်လာပုံလေး ပြောပြပါအုံးရှင့်။

ဖြေ။ ကျနော်တို့ စစချင်းတော့ အလုပ်အမှုဆောင်တွေ အပါအဝင် ၁၂ ယောက်၊ ၁၅ ယောက်လောက်နဲ့ စခဲ့တာပါ။ မန္တလေး ဗြဟ္မစိုရ်အသင်းက နာရေးကို စခဲ့တာ။ ကျနော့်အမျိုးသမီး ဒေါ်ရွှေဇီးကွက်ရဲ့ အဒေါ် ပါတယ်။ သူ့အဒေါ်က ရန်ကုန်မှာလည်း လုပ်ချင်နေတဲ့အခါမှာ ဘဘ ဦးသုခ ကနေပြီးတော့ နာရေးကူညီမှု အသင်း ဖွဲ့ရင် ကောင်းမယ်ဆိုပြီးတော့ ပြောတယ်။ အဲဒါနဲ့ ဘဘအိမ် သွားကြပြီးတော့ ကျနော်တို့ မတည်ငွေတွေ ထည့်ဝင်ကြပြီးတော့ ကျနော်တို့ စလုပ်ကြတာပါ။

ဘဘ ဆေးရုံတက်တုန်းက အမေအိုတယောက်က ဆင်းရဲနွမ်းပါးတဲ့အတွက် မိသားစုဝင်တွေက လာလာကြည့်တယ်။ တရက်ကျတော့ ဆရာဝန်က အမေအိုကြီးကို အိမ်ပြန်ခေါ်သွားတော့ အစွမ်းကုန် ကုပြီးပြီ၊ မရတော့ဘူး ဆိုပြီးတော့ ပြောလိုက်တဲ့ နောက်ပိုင်းတော့ မိသားစုဝင်တွေ ပြန်လာမကြည့်တော့ဘူး။ မလာတဲ့အဆုံး ဆေးရုံကနေ ပိုင်ရှင်မဲ့ သဂြုင်္ိဟ်လိုက်ရတယ်။ အဲဒီ မိသားစုဝင်တွေ အနေနဲ့ အမေအိုအတွက် ကျွေးမွေးစရိတ်၊ ကုသစရိတ်၊ သဂြုင်္ိဟ်စရိတ် မတတ်နိုင်တဲ့အတွက် ဒီလို ပစ်ထားခဲ့တာ ဖြစ်တဲ့အတွက်၊ ဘဘ ဦးသုခကနေပြီးတော့ မဖြစ်တော့ဘူး။ ငါတို့ ဗုဒ္ဓဘာသာမှာ နာရေးကူညီမှုအသင်း ဖွဲ့မှဖြစ်မယ်။ ဒီ့ပြင် ဘာသာတွေမှာ ရှိတယ် ဆိုပြီးတော့ စခဲ့တာပါ။

မေး။ အလုပ်စလုပ်တုန်းက အခက်အခဲ ဖြစ်တဲ့ဟာမျိုးလေး။

ဖြေ။ တချို့ဆိုရင် မသေဘဲနဲ့ သူငယ်ချင်း အချင်းချင်း နောက်ချင်တာနဲ့ ကျနော်တို့ကို ဖုန်းဆက်ပြီးတော့ ဘယ်လမ်း၊ ဘယ်အိမ်မှာလာပြီး အလောင်းလာသယ်ပါ ပြောလို့ ကျနော်တို့ သွားတဲ့အခါကျတော့ အဲဒီလူနဲ့ တိုက်ရိုက်တိုးတာမျိုး ရှိတယ်။ အဲလို နောက်တာမျိုးတွေနဲ့ ကြုံခဲ့ရတယ်။ နောက်တော့ ကျနော်တို့ သဂြုင်္ိင်းလက်မှတ်ဆိုတာကို တောင်းတယ်။ အမှတ်စဉ်ပေါ့။ ကျန်းမာရေးဌာနကနေ ထုတ်ပေးတဲ့ စာရွက်ကို တောင်းတယ်။ အဲဒါ မှန်ကန်မှပဲ ကျနော်တို့ သွားတော့တယ်။

အခုဆို တနေ့ ၄ဝ ကနေ ၄၅ လောင်းအထိ လိုက်သဂြုင်္ိဟ်ပေးနေရတယ်။ အားလုံး အခမဲ့ ဆောင်ရွက်ပေးတာပါ။ ဆင်းရဲ၊ ချမ်းသာမရွေး အကုန်လုပ်ပေးပါတယ်။

မေး။ အခမဲ့ နာရေးလုပ်ဆောင်ခဲ့တာ ၇ နှစ် ရှိခဲ့ပြီဆိုတော့ အခက်အခဲဆုံး အရာတခုကို ပြောပြပါလား။

ဖြေ။ အခက်အခဲဆုံး အရာဆိုရင် အရင်တုန်းကဆိုရင် ရပ်ကွက်တွေထဲ ဝင်တယ်ဆိုရင် ညာဘက်က နေဝင်တယ်ဆိုရင် ဘယ်ဘက်က မထွက်ရဘူး။ အယူသည်းတာတွေ ရှိတာပေါ့လေ။ ဘာကြောင့်လဲဆိုတော့ ဘယ်ဘက်ကနေ ထွက်တယ်ဆိုရင် ဘယ်ဘက်က လူတွေ သေမဲ့သူတွေ ရှိတယ်ပေါ့လေ။ အဲလို အယူသည်းတာတွေ ရှိခဲ့တယ်။ အခု အဆင်ပြေသွားပါပြီ။

မေး။ နာရေးကူညီမှုအသင်းက အတိုင်းအတာတခုထိ တိုးတက်မှုရှိလာပြီလို့ ပြောနိုင်ပြီလားရှင့်။

ဖြေ။ တိုးတက်ပါတယ်။ အများကြီး တိုးတက်လာပါတယ်။ ကျနော်တို့ ၂ဝဝ၁ ခုနှစ် ဇန်နဝါရီကဆိုရင် အလောင်း ၄ဝ ပဲ သဂြုင်္ိဟ်ပေးခဲ့ရတယ်။ အခု ၂ဝဝ၈ ခုနှစ် ဇန်နဝါရီဆိုရင် အလောင်း ၁ဝ၅၂ လောင်း သဂြုင်္ိဟ်ပေးခဲ့ရတယ်။ ကူညီမှုအပိုင်းက တော်တော် မြင့်မားလာပါတယ်။

မေး။ နောက်ထပ် နာရေးကူညီမှု အသင်းအတွက် စိန်ခေါ်မှုတွေက ဘာတွေ ဖြစ်လာနိုင်အုံးမလဲရှင့်။

ဖြေ။ နောက်ထပ် ဘာတွေ ဖြစ်လာအုံးမလဲဆိုတာ ကျနော်တို့ မသိရသေးပါဘူး။ ဘယ်လို ဖြစ်လာအုံးမယ် ဆိုတာလည်း မပြောနိုင်သေးတော့ ကျနော်တို့ကတော့ ကိုယ့်ဟာကိုယ်နေ၊ ယောဆရာတော် ဟောထားတဲ့အတိုင်း၊ ကိုယ်ပြုသော ကံအတိုင်း ကိုယ့်ဆီပြန်လာမယ် ပြောတဲ့အတိုင်းပဲ ကျနော်တို့ ကောင်းမှုကုသိုလ် လုပ်ပေးနေပါတယ်။

မေး။ အခမဲ့ ကုသိုလ်ဖြစ် ဆေးခန်းမှာ အလုပ်လုပ်တဲ့သူ စုစုပေါင်း ဘယ်လောက်ရှိနေလဲ။

ဖြေ။ သူနာပြု ဆရာမကြီး ၂ ယောက်နဲ့ နာ့စ် Nurse တွေ ၄ ယောက်လောက် ရှိပါတယ်။ ဆရာဝန်တွေ အားလုံးကတော့ ကိုယ့်စရိတ်နဲ့ကိုယ် လာကုပေးတဲ့သူတွေပါ။ ကျနော်တို့ မငှားရပါဘူး။ သူတို့ အသိစိတ်ဓာတ်နဲ့ သူတို့ လာကူညီပေးနေတာပါ။

(အင်တာဗျူးကို http://burmese.mizzimaphoto.com/interview/1529-2008-08-14-08-00-58.html မှ ကူးယူဖော်ပြသည်။)

---------------------------------------------------------------------------------------
Website Address of F.F.S.S (Free Funeral Services Society) - http://www.ffssyangon.com/

FREE ZAGANAR NOW !!!

A Photo of Kyaw Thu and Zaganar (September Golden Revolution)


http://burmese.dvb.no/news.php?id=5356

14 August 2008

STRANGE TEXTS IN FRONT OF PAGODA

In front of Bo-Ta-Htaung Pagoda
ရန်ကုန်မြို့ထဲရှိ ဘုရားများ၏ ၀င်ပေါက်၊ မျက်နှာစာများတွင် အထက်ပါ ဓာတ်ပုံထဲကကဲ့သို့ ထူးဆန်းသော စာတန်းများကို တွေ့ရလေ့ရှိပါသည်။

12 August 2008

MEDIA FIGHTING


ကာတွန်း - ဟန်လေး (ခေတ်ပြိုင်ဝက်ဆိုဒ်)

08 August 2008

20 YEARS.... (from 8.8.88 to 8.8.08)

(Picture from viss.wordpress.com)

The 8888 Uprising (Burmese: ၈၄လုံး or ရ်ဟစ်‌လေးလုံး; MLCTS: hrac le: lum:) was a national revolution in Burma (Myanmar) demanding democracy in 1988. The uprising began on August 8, 1988, and from this date (8-8-88), it is known as the "8888 Uprising".

University students began demonstrations in Yangon (Rangoon), which spread throughout the country. The uprising ended on September 18, after a bloody military coup by the State Law and Order Restoration Council (SLORC). Thousands, mostly Buddhist monks and civilians (primarily students) were slaughtered by the Tatmadaw (armed forces).

(More data of 8888 Uprising - http://en.wikipedia.org/wiki/8888)

SHWEDAGON PAGODA AND CYCLONE NARGIS (July, 2008)


02 August 2008

Saving Works by Sitagu Sayadaw U Nyannissara

Children crowding Sitagu Sayadaw


Yangon Sitagu Monastery


Sitagu Helps (May 9 - June 9)

26 July 2008

A SPECIAL POEM

ချိုတူးဇော်ရဲ့ ကဗျာလေးတစ်ပုဒ်ပါ။
အမှတ်(၁၈)၊ ဇွန်၊ ၂၀၀၈၊ ပိတောက်ပွင့်သစ် စာပေအနုပညာ magazine ထဲမှာ ဖော်ပြထားတယ်။
"မြို့ဟာ
မြို့သူမြို့သားတွေနဲ့ ထိုက်တဲ့တန်တဲ့အတိုင်းပဲ နေမှာ"
ကဗျာထဲက စာသားတစ်ကြောင်းပါ။


22 July 2008

"WAKE UP FROM CYCLONE" Cartoon Exhibition (YANGON)

20 July 2008

NLD's action on 61st Martyrs' Day of Burma

၆၁ နှစ်မြောက် အာဇာနည်နေ့
အထိမ်းအမှတ် အခမ်းအနားများ NLD ရုံးချုပ်တွင် ကျင်းပ၊
စစ်အဆိုးရက လုံခြုံရေးကို များစွာတင်းကြပ်

(19.7.008- Saturday)



၆၁ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားများ NLD ရုံးချုပ်တွင် ကျင်းပ

(19.7.008- Saturday)

-အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရုံးတွင် ၆၁ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားများ ငြိမ်းချမ်းစွာကျင်းပခဲ့။
-ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးများ လုပ်ကြံခံခဲ့ရသော လွန်ခဲ့သည့် ၁၉၄၇၊ ဇူလိုင်လ (၁၉)ရက်နေ့ကအတိုင်း ရန်ကုန်မြို့၌ မိုးများ ထူးထူးခြားခြားရွာသွန်းခဲ့။

နံနက်ပိုင်း-
ရဟန်းသံဃာများအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ တရားနာခြင်း၊ အမျှအတန်းပေးဝေခြင်းတို့ ပြုလုပ်ခဲ့။
10:33 AM-
ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် အာဇာနည်ကိုးဦးအား အောက်မေ့တသ အလေးပြုခဲ့ကြပါသည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ၊ ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေသော သီချင်းများဖွင့်လှစ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား အစားအသောက်များဖြင့် ဧည့်ခံ
12:25 AM-
နိုင်ငံခြားသံရုံးများမှ သံတမန်များ NLD ရုံးချုပ်သို့ အခမ်းအနားတက်ရောက်ရန် ရောက်ရှိလာ
12:30 PM-
NLD ရုံးချုပ်အတွင်းတွင် အစီအစဉ် (၉)ခုဖြင့် အခမ်းအနားပြုလုပ်

၁။ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာခြင်း
၂။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အား အလေးပြုခြင်း
၃။ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း
၎။ ဒီမိုကရေစီအရေးတော်ပုံ အဆက်ဆက်တွင် ကျဆုံးသွားသော ရဟန်းရှင်လူပြည်သူများအတွက် ၀မ်းနည်းကြောင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်ခြင်း
၅။ နာဂစ်မုန်တိုင်းကြောင့် သေဆုံးသွားသော ရဟန်းရှင်လူပြည်သူများအတွက် ၀မ်းနည်းကြောင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်ခြင်း
၆။ သဘာပတိမှ မိန့်ခွန်းပြောကြားခြင်း
၇။ NLD ၏ ကြေညာချက်ကို ဖတ်ကြားခြင်း (ကြေညာချက်အပြည့်အစုံကို ဒီမှာဖတ်ပါ)
၈။ ပေးပို့လာသော သ၀ဏ်လွှာများကို ဖတ်ကြားခြင်း
၉။ အခမ်းအနား ပြီးဆုံးကြောင်း ကြေညာခြင်း

1:30 PM-
အခမ်းအနားပြီးဆုံးသောအခါ ဧည့်သည်တော်များနှင့် NLD အဖွဲ့ဝင်များ ပြန်လည်ထွက်ခွာ။

အာဇာနည်နေ့တွင် ရွှေတိဂုံဘုရား၊ အာဇာနည်ဗိမာန်နှင့် NLD ရုံးချုပ်အနီးတ၀ိုက် လုံခြုံရေးများ တင်းကြပ်စွာ ချထား

(19.7.008- Saturday)

-စစ်အဆိုးရသည် ရွှေဂုံတိုင်လမ်း၊ အနောက်ရွှေဂုံတိုင်လမ်းတစ်လျှောက်၊ ရွှေတိဂုံဘုရားပတ်ပတ်လည်၊ ဘုရားပေါ် အစရှိသည်တို့တွင် လုံခြုံရေးများကို အရပ်ဝတ်တစ်မျိုး၊ ယူနီဖောင်းဝတ်တစ်ဖုံ အစုံစုံအောင် ချထားသည်။
-အဆိုးဆုံးမှာ NLD ရုံးချုပ်ရှေ့နှင့် NLD ရုံးချုပ်တည်ရှိရာ အနောက်ရွှေဂုံတိုင်လမ်းပေါ်တွင် ဖြစ်သည်။ NLD ရုံးချုပ်ရှေ့တည့်တည့်တွင် ဆက်သွယ်ရေးစက်ကိုင်၊ ကင်မရာကိုင် စစ်အဆိုးရ ခွေးသွားစိတ်အရပ်ဝတ်များ (စအဖ၊ ကြံ့ဖွတ်၊ ရယက၊ စွမ်းအား)အင်အား ၁၀၀ ကျော်ခန့်တွေ့ရသည်။
-အနောက်ရွှေဂုံတိုင်လမ်းပေါ်တွင် ဒိုင်နာကားများ၊ မထသ Bus များဖြင့် စွမ်းအား၊ ကြံ့ဖွတ် အစရှိသည့် စစ်အဆိုးရ ခွေးသွားစိတ်များကို တွေ့ရသည်။
-ရွှေတိဂုံဘုရားမြောက်ဘက်မုခ်ကိုလည်း ပိတ်ဆို့ထားပြီး ကျန် မုခ်သုံးခုမှသာ ဘုရားဖူးများကို ဘုရားပေါ်သို့ တက်ရောက်စေသည်။
-ရွှေတိဂုံဘုရားပေါ်အတက် စောင်းတန်းများတွင်ကား လုံခြုံရေးများက ပါလာသော အိတ်စသည်တို့ကို အသေးစိတ်စစ်ဆေးသည်။ စာရွက်စာတမ်းကအစ စစ်ဆေးသည်။ ဘုရားပေါ်တွင်လည်း အရပ်ဝတ်လုံထိန်းများက ရစ်ဝဲလည်လှည့်လျက်ရှိသည်။
-ရန်ကုန်မြို့ထဲအခြားနေရာများတွင်လည်း လုံခြုံရေးများကြိုးကြားချထားသည်ကို တွေ့ရသည်။

Presented by-
BigBBrown

19 July 2008

Helps of Poets, Writers and Artists

ရန်ကုန်အခြေစိုက် ကဗျာ၊ သီချင်း၊ ပန်းချီ လူမှုရေး ကူညီသူများသည် လေဘေး၊ ရေဘေး ဒုက္ခသည်များ ကူညီရေးအတွက် နာဂစ်မုန်တိုင်းသင့်ရာ ဒေသများသို့ ခရီးစဉ်များ ထွက်ပြီး ဒုက္ခသည်များအား ကူညီပံ့ပိုးလျက်ရှိရာ ယနေ့အထိ စုစုပေါင်း (၅)ကြိမ် ရှိသွားပြီ ဖြစ်သည်။
လှူဒါန်းလိုသော နာဂစ်အလှူရှင်များ ဆက်သွယ်ပါရန် ဖိတ်ခေါ်လျက်ရှိကြောင်း ကြားသိရသည်။


14 July 2008

About 1st + 2nd + 3rd Donation of Masoeyein

Donors for Nargis Victims are still WELCOME !!!

3rd Activity of NARGIS VICTIMS SAVING ASSOCIATION (NVSA)

13 July 2008

Masoeyein Monks' 3rd Donation Trip (Bogalay Area)

NARGIS VICTIMS SAVING ASSOCIATION (NVSA)
LED BY MASOEYEIN MONASTERY

To help and save the people,
the Association went again to the Nargis affected areas, Bogalay Township,
Irrawaddy Division for the Third time on June 29, 2008.

(Other photos of Masoeyein Monks' activities will be posted soon . . . . .)

Now, Masoeyein Monks are preparing to go and give helps to the Nargis Area for the 4th time.
So, you can donate to this association.

Address for donation (In Myanmar)

Sasana Nyupadesa (Middle-Main Building)
Masoeyein Monastery
Between 87 and 88 Streets, Between 36 and 37 Streets, Mandalay, Myanmar.
U Dhammasami – ph- 09-2035645
U Silananda – ph- 09-2035674

Email: nvsassociation@gmail.com

Address for donation (Overseas)

U Pannajota
Wat Mandalay Monastery
Maesariang
Maehongson

Thailand
Phone : 086-1829526

Email: pinnajota@gmail.com
Bank Account: 509-1638199
Bank: Krung Thai Bank