17 April 2011

2011 Mandalay Thingyan - A Tet Day (16.4.2011)

၂၀၁၁ မန္တလေးသင်္ကြန် အတက်နေ့

From 2011 Mandalay Thingyan - A Tet Day (16.4.2011)


အတက်နေ့ဆိုတော့ အကဲဆုံးပေါ့။

အတက်နေ့အတွက်တော့ Rock ပရိသတ်အကြိုက် Iron Cross ပုံတွေတင်ပေးလိုက်ပါတယ်။ Iron Cross ရှေ့ မှာ လူပင်လယ်ကြီး စီးမျောကခုန်အော်ဟစ်နေကြ။

From 2011 Mandalay Thingyan - A Tet Day (16.4.2011)


From 2011 Mandalay Thingyan - A Tet Day (16.4.2011)


From 2011 Mandalay Thingyan - A Tet Day (16.4.2011)


From 2011 Mandalay Thingyan - A Tet Day (16.4.2011)


From 2011 Mandalay Thingyan - A Tet Day (16.4.2011)


From 2011 Mandalay Thingyan - A Tet Day (16.4.2011)


From 2011 Mandalay Thingyan - A Tet Day (16.4.2011)


Iron Cross သီဆိုအပြီး နေ့လည်စာ ထမင်းစားနားမယ်လုပ်တုန်း မန္တလေးစစ်တိုင်းမှူးက Iron Cross ဖျော်ဖြေတဲ့ မြန်မာဘီယာ မဏ္ဍပ်စင်ပေါ်ကနေ ပရိသတ်တွေဆီ လက်ဆောင်ပစ္စည်း(အသေးစားလေး)တွေ ပစ်ချပြီး ဟန်ရေးပြပါလေရော။ မြန်မာဘီယာမဏ္ဍပ်က မန်းစစ်တိုင်းမှူးကို အထူးဧည့်သည်အဖြစ် ဖိတ်ကြားပြီး လက်ဆောင်ကြဲဖို့လည်း စီစဉ်ပေးထားပုံရပါတယ်။

From 2011 Mandalay Thingyan - A Tet Day (16.4.2011)


From 2011 Mandalay Thingyan - A Tet Day (16.4.2011)


ဒီနေရာမှာ စဉ်းစားစရာပေါ်လာပြီ။ အစိုးရသစ်ဖွဲ့  ပြီးဆို။ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝင်တွေက ဟန်ရေးမပြဘဲ ဘာလို့ စစ်တိုင်းမှူးက ဟန်ရေးပြ နေရာယူနေတာလဲ။ ဘယ်သူအာဏာပိုရှိလဲ။ အမြင်သာကြီးပေါ့ဗျာ။ အရင်လိုအတိုင်း မပြောင်းလဲပါဘူး။ အခုလို မန်းစစ်တိုင်းမှူးက မြန်မာဘီယာမဏ္ဍပ်စင်ပေါ်ကနေ လူလုံးထွက်ဟန်ရေးပြလိုက်တာဟာ စစ်တပ်မှာသာ အာဏာရှိဆဲဖြစ်တယ်၊ အရပ်သားကြံ့ ဖွတ်အစိုးရရဲ့  အာဏာအဆင့်အတန်းဟာ စစ်တပ်ရဲ့  အောက်မှာသာတည်ရှိမြဲဖြစ်တယ်.. ဆိုတာ ပေါ်လွင်စေပါတယ်။


From 2011 Mandalay Thingyan - A Tet Day (16.4.2011)


From 2011 Mandalay Thingyan - A Tet Day (16.4.2011)


From 2011 Mandalay Thingyan - A Tet Day (16.4.2011)


အတက်နေ့ ညမြင်ကွင်းလေးတွေလည်း တင်ဆက်လိုက်ပါတယ်။ အတက်နေ့ညဆိုတော့ Alpine မဏ္ဍပ်နဲ့ မြို့တော်ဝန်မဏ္ဍပ်တို့က သန်းခေါင်တိုင်အောင် ဖျော်ဖြေပါတယ်။

From 2011 Mandalay Thingyan - A Tet Day (16.4.2011)


From 2011 Mandalay Thingyan - A Tet Day (16.4.2011)


From 2011 Mandalay Thingyan - A Tet Day (16.4.2011)


From 2011 Mandalay Thingyan - A Tet Day (16.4.2011)






2011 Mandalay Thingyan - A Tet Day (14.4.2011) Photos Album Link

https://picasaweb.google.com/bigbbrown/2011MandalayThingyanATetDay1642011#

သင်္ကြန်မှာ လန်းလန်းလေးတွေကဲနေတဲ့ ဗွီဒီယိုဖိုင်တွေ၊ လေးဖြူ၊ အငဲ၊ မျိုးကြီးတို့ သီဆိုထားတဲ့ Thingyan Liveshow ဗွီဒီယိုဖိုင်တွေကိုလည်း အချိန်ရ၊ အလျဉ်းသင့်ရင် တင်ပေးပါဦးမယ်။

16 April 2011

2011 Mandalay Thingyan - A Kyat Day (15.4.2011)

၂၀၁၁ မန္တလေးသင်္ကြန် အကြတ်နေ့

လွှတ်တော်အတု၊ အစိုးရအတုအောက်မှာ လူတွေကလည်း အပျော်အတုတွေရှာနေကြ။ အရက်အတုတွေ သောက်ကြ။ သတ္တိအတုတွေ ပြကြ။

From 2011 Mandalay Thingyan - A Kyat Day (15.4.2011)


From 2011 Mandalay Thingyan - A Kyat Day (15.4.2011)


From 2011 Mandalay Thingyan - A Kyat Day (15.4.2011)


From 2011 Mandalay Thingyan - A Kyat Day (15.4.2011)


From 2011 Mandalay Thingyan - A Kyat Day (15.4.2011)


From 2011 Mandalay Thingyan - A Kyat Day (15.4.2011)


From 2011 Mandalay Thingyan - A Kyat Day (15.4.2011)


From 2011 Mandalay Thingyan - A Kyat Day (15.4.2011)


From 2011 Mandalay Thingyan - A Kyat Day (15.4.2011)


From 2011 Mandalay Thingyan - A Kyat Day (15.4.2011)


From 2011 Mandalay Thingyan - A Kyat Day (15.4.2011)


2011 Mandalay Thingyan - A Kya Day (14.4.2011) Photos Album



2011 Mandalay Thingyan - A Kya Day (14.4.2011) Photos Album Link


https://picasaweb.google.com/bigbbrown/2011MandalayThingyanAKyatDay1542011?authkey=Gv1sRgCLeKwsTb3cnJzAE#

14 April 2011

2011 Mandalay Thingyan - A Kya Day (14.4.2011)

၂၀၁၁ မန္တလေးသင်္ကြန် အကျနေ့

From 2011 Mandalay Thingyan - A Kya Day (14.4.2011)


From 2011 Mandalay Thingyan - A Kya Day (14.4.2011)


From 2011 Mandalay Thingyan - A Kya Day (14.4.2011)


From 2011 Mandalay Thingyan - A Kya Day (14.4.2011)


From 2011 Mandalay Thingyan - A Kya Day (14.4.2011)


From 2011 Mandalay Thingyan - A Kya Day (14.4.2011)


From 2011 Mandalay Thingyan - A Kya Day (14.4.2011)


အကျနေ့မှာ တော့ အကြိုနေ့ကထက် ပိုကဲလာကြပါပြီ။ သင်္ကြန်မှာ အရောင်းရဆုံးကတော့ အရက်၊ ဘီယာနဲ့ မိန်းမပါပဲ။

Alpine မဏ္ဍပ်နဲ့ IC မဏ္ဍပ်မှာ လူတွေ ပုံနေပါတယ်။ Alpine မဏ္ဍပ်က ကျုံးအရှေ့တောင်ထောင့်မှာရှိပြီး Iron Cross မဏ္ဍပ်ကတော့ ကျုံးမြောက်ဘက် ရတနာပုံတိရစ္ဆာန်ဥယျာဉ်နဲ့ မျက်နှာချင်းဆိုင်မှာပါ။



2011 Mandalay Thingyan - A Kya Day (14.4.2011) Photos Album Link

https://picasaweb.google.com/bigbbrown/2011MandalayThingyanAKyaDay1442011#

2011 Mandalay Thingyan - A Kyo Day (13.4.2011)

၂၀၁၁ မန္တလေးသင်္ကြန် အကြိုနေ့

From 2011 Mandalay ThinGyan - A Kyo Day (13.4.2011)


From 2011 Mandalay ThinGyan - A Kyo Day (13.4.2011)


From 2011 Mandalay ThinGyan - A Kyo Day (13.4.2011)


From 2011 Mandalay ThinGyan - A Kyo Day (13.4.2011)


From 2011 Mandalay ThinGyan - A Kyo Day (13.4.2011)


From 2011 Mandalay ThinGyan - A Kyo Day (13.4.2011)


From 2011 Mandalay ThinGyan - A Kyo Day (13.4.2011)


From 2011 Mandalay ThinGyan - A Kyo Day (13.4.2011)


From 2011 Mandalay ThinGyan - A Kyo Day (13.4.2011)


From 2011 Mandalay ThinGyan - A Kyo Day (13.4.2011)


From 2011 Mandalay ThinGyan - A Kyo Day (13.4.2011)


From 2011 Mandalay ThinGyan - A Kyo Day (13.4.2011)


From 2011 Mandalay ThinGyan - A Kyo Day (13.4.2011)


မန္တလေး၊ ကျုံးတောင်ဘက် (၂၆ လမ်း၊ ၇၄ လမ်းနဲ့ ၇၅ လမ်းကြားက) 9 Paradise မဏ္ဍပ်က မန္တလေးတိုင်းမှူးသားနဲ့ အခြားစစ်တပ်အရာရှိကြီးတွေရဲ့ အမျိုးအနွယ်သားသမီးတွေ ၀ိုင်းပြီး တည်ထောင်ထားတာပါတဲ့။

မန္တလေးမှာ သင်္ကြန်တွင်း ဗုံးကွဲမယ်ဆိုပြီးလည်း ကောလဟလတွေလည်း ထွက်နေပါတယ်။ လန့်တဲ့လူကလည်း လန့်၊ ကဲတဲ့သူကတော့ ကဲပေါ့။

ဒီနှစ်မန်းမှာ မဏ္ဍပ်နည်းပါတယ်။ အရင်နှစ်တွေက တည်ထောင်နေကျ မဏ္ဍပ်တွေ ဒီနှစ် မဆောက်ဖြစ်ကြပါ။ (ဥပမာ- ကျန်းမာရေး မဏ္ဍပ် ဒီနှစ် မရှိပါ)

မဏ္ဍပ်တည်ထောင်သူတစ်ဦးနဲ့ ရင်းနှီးသူတစ်ဦးရဲ့ အဆိုအရတော့ ကျုံးဘေး ကိုယ်လိုချင်တဲ့နေရာရဖို့ မန်းမြို့တော်ဝန်(စည်ပင်)ကို သိန်း (၅၀) ပေးရကြောင်းသိခဲ့ရပါတယ်။ ဦးရာလူကို ဦးစားပေးကြောင်းလည်း သိရပါတယ်။ အစိုးရ၀န်ကြီးဌာနမဏ္ဍပ်တွေကတော့ အဲဒီလောက်ပေးစရာမလိုဘူးလို့ ကြားသိရပါတယ်။

မဏ္ဍပ်တွေမှာ ရေကစားချင်ရင် အကြို၊အကျ၊အကြတ်၊အတက် တစ်ရက် တစ်ဈေးနှုန်းနဲ့ အပြိုင်ကြော်ငြာခဲ့ကြပါတယ်။ အတက်နေ့ကတော့ ဈေးအကြီးဆုံးပေါ့။ ၁ သောင်းကနေ ၂ သောင်းကြား အတက်နေ့မဏ္ဍပ်ထိုင်ဈေးပါ။

Alpine မဏ္ဍပ်ကတော့ ပိုက်ဆံနဲ့မဏ္ဍပ်ထိုင်စရာမလိုဘဲ ကိုယ့်ကိုယ်ကို လှတယ်ထင်တဲ့ ကောင်မလေးတွေ မဏ္ဍပ်မှာထိုင်ချင်ရင် ဓာတ်ပုံနဲ့ လာပြီး လျှောက်လွှာတင်ရမယ်လို့ဆိုပါတယ်။




2011 Mandalay Thingyan - A Kyo Day (13.4.2011) Photos Album Link

https://picasaweb.google.com/bigbbrown/2011MandalayThinGyanAKyoDay1342011#

08 April 2011

Fire Case at Myawaddy Fuel Filling Station, Kyaukse, Myanmar

ကျောက်ဆည်မြို့က
ဦးပိုင်လီမိတက်ပိုင် " မြ၀တီ " စက်သုံးဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွား
(၄၊ ဧပြီ၊ ၂၀၁၁)



ကျောက်ဆည်မြို့၌ (၄၊ ဧပြီ ၂၀၁၁)ရက်၊ တနင်္လာနေ့၊ ညနေ(၄)နာရီကျော်ခန့်က မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင်၊ "မြ၀တီ" စက်သုံးဆီအရောင်းဆိုင်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ မြို့ခံများနှင့် မီးသတ်ကား(၂)စီးသွားရောက် မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

စစ်အာဏာရှင်ကျောထောက်နောက်ခံ ဦးပိုင်လီမိတက်ပိုင် "မြ၀တီ" စက်သုံးဆီအရောင်းဆိုင်မှာ မောက်မာသဖြင့် "၄င်းဆိုင်အား မီးလောင်စေချင်ကြောင်း၊ ရပ်ကွက်တွေကို မီးမကူးရင်ပြီးရော" ဟု မြို့ခံများက ပြောဆိုကြောင်းသိရသည်။ ဆိုင်ကယ်နှင့် ကားတစ်စီး မီးထဲပါသွားကြောင်းလည်း သိရပြီး ထိခိုက်ဒဏ်ရာရ/သေဆုံးသူစာရင်း အတိအကျ မသိရှိရသေးပါ။

သန်းရွှေရှယ်မုန်း (ကျောက်ဆည်)

26 March 2011

The Reality of Myanmar National League(MNL) is To Make People Weak? - Article 3

MNL ဘောလုံးပြိုင်ပွဲများဖြင့်
ပြည်သူတွေကို သွေးခွဲနေပြီလော၊ အာရုံပြောင်းနေပြီလော၊ လှည့်ဖြားရိုက်စားနေပြီလော (၃)




ဒီဆောင်းပါးနဲ့ဆိုရင် မြန်မာ့ဘောလုံးနဲ့ပတ်သက်လို့ ကျွန်တော့်ဘလော့ဂ်မှာ ကျွန်တော်ရေးတဲ့ ဆောင်းပါး (၃)ပုဒ်ရှိသွားပါပြီ။
"MNL ဘောလုံးပြိုင်ပွဲများဖြင့် ပြည်သူတွေကိုသွေးခွဲနေပြီလော၊ အာရုံပြောင်းနေပြီလော၊ လှည့်ဖြားရိုက်စားနေပြီလော" ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ပါ။
ဆောင်းပါး(၁)- http://bigbbrown.blogspot.com/2009/10/reality-of-myanmar-national-league-is.html
ဆောင်းပါး(၂)- http://bigbbrown.blogspot.com/2011/01/reality-of-myanmar-national-league-is.html

ဒီတစ်ခါရေးချင်လာတဲ့ အကြောင်းအရင်းကတော့ ကနေ့ မြန်မာပြည်က အိမ်ရှင်အဖြစ်လက်ခံကာ ကျင်းပနေတဲ့ AFC Challange Cup 2011 အတွက် ခြေစစ်ပွဲများမှာ မြန်မာအသင်းဟာ ဖိလစ်ပိုင်ကို ၁း၁ ဂိုးနဲ့ သရေကျ၊ ဘင်္ဂလားဒေ့ရှ်ကို ၂းဝ ဂိုးနဲ့ ရှုံး၊ ယနေ့(၂၀၁၁၊ မတ်၊ ၂၅) - ပါလက်စတိုင်းကို ၃း၁ ဂိုးနဲ့ ထပ်ရှုံးပြီး ခြေစစ်ပွဲမအောင်တဲ့အပြင် အသင်းအတွင်း၊ အသင်းနဲ့ ပရိသတ်အကြား စည်းလုံးချစ်ခင်မှုတွေ ပိုမိုပြိုကွဲလာခဲ့ရတာကြောင့်ပါပဲ။

ဖီဖာဥက္ကဌ ဆပ်ဘလတ္တာနဲ့ မြန်မာ့ဘော

ပြီးခဲ့တဲ့ ၂၀၁၁၊ မတ်လ(၁၅)ရက်နေ့က Goal Project အစီအစဉ်နဲ့ မြန်မာပြည်ကို လာရောက်မဲဆွယ်သွားတဲ့ ကမ္ဘာ့ဘောအဖွဲ့ချုပ်ဥက္ကဌ ဆပ်ဘလတ္တာဟာ မြန်မာ့ဘောအဖွဲ့ချုပ်ဥက္ကဌ ဇော်ဇော်နဲ့ အတိုင်အဖောက်ညှိကာ(ဇော်ဇော်နဲ့ ဘာတွေအပေးအယူလုပ်ထားသလဲမသိ) -
"MFF ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်၏ ဖိတ်ကြားမှုကြောင့် မြန်မာနိုင်ငံသို့ လာရောက်ခွင့်ရခဲ့သည့် အတွက် ၀မ်းသာပီတိ ဖြစ်ရပါကြောင်း၊ ဂိုးပရောဂျက် အစီအစဉ်များဖြင့် အကောင်အထည် ဖော်ခဲ့သော အဆောက်အဦ၊ ဘောလုံးအကယ်ဒမီ အပါအ၀င် လူငယ်မျိုးဆက်သစ် ကစားသမားများကို အနာဂတ်အတွက် ပြုစုပျိုးထောင် လေ့ကျင့်ပေးနေမှုများမှာ ကျေနပ် အားရစရာကောင်းကြောင်း၊ တည်ဆောက်ဆဲ အားကစားကွင်းများမှာလည်း အလွန်ပင် အားရစရာ ကောင်းကြောင်းနှင့် အနာဂတ် မြန်မာဘောလုံး လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့် အခြေခံ အဆောက်အဦများ ဖြစ်ကြောင်း၊ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် မြန်မာနေရှင်နယ်လိဂ်ဟု ခေါ်သည့် ပရော်ဖက်ရှင်နယ်လိဂ် ပြိုင်ပွဲကို ပေါ်ပေါက်လာအောင် ဦးဆောင် ပြုလုပ်ခဲ့သည်ဟု သိရှိရကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်မှုမှာ အလွန်ပင် ကောင်းမွန်သည့် လုပ်ရပ် ဖြစ်ကြောင်း"... မြှောက်ပင့်ပြောဆို အသံကောင်းဟစ်ပြီး နောက်တစ်ကြိမ် ဖီဖာဥက္ကဌရာထူးအတွက် မဲဆွယ်ကာ ပြန်သွားခဲ့ပါတယ်။
(Ref: http://www.news-eleven.com/index.php?option=com_content&view=article&id=7592:2011-03-16-05-47-51&catid=42:2009-11-10-07-36-59&Itemid=112)

ခက်တာက လက်ရှိမြန်မာ့ဘောလုံးရပ်ဝန်းအခြေအနေ၊ ဇော်ဇော်တို့အခြေအနေကို မြန်မာပြည်သူများကလွဲပြီး ဘယ်သူကများ ပိုသိနိုင်ဦးပါ့မလဲ။

မြန်မာဘောအသင်း၏ ဂုဏ်ယူဖွယ် ရလဒ်များ

အရှေ့တောင်အာရှဆူဇူကီးဖလားပြိုင်ပွဲ (AFF Suzuki Cup 2010)
ဗီယက်နမ် (၇-၁) မြန်မာ၊ စင်ကာပူ (၂-၁) မြန်မာ၊ ဖိလစ်ပိုင် (၀-၀) မြန်မာ
စုစုပေါင်းမြန်မာရမှတ် (၁)မှတ်၊ ရဂိုး (၂)ဂိုး၊ ပေးဂိုး (၉)ဂိုး
အုပ်စုအောက်ဆုံးအဆင့်နှင့် ပြိုင်ပွဲမှ ထွက်ရ

AFC Challange Cup (2011) ခြေစစ်ပွဲ
မြန်မာ (၁-၁) ဖိလစ်ပိုင်၊ မြန်မာ (၀-၂) ဘင်္ဂလားဒေ့ရှ်၊ မြန်မာ (၁-၃) ပါလက်စတိုင်း
စုစုပေါင်းမြန်မာရမှတ် (၁)မှတ်၊ ရဂိုး (၂)ဂိုး၊ ပေးဂိုး (၆)ဂိုး
အုပ်စုအောက်ဆုံးအဆင့်နှင့် ခြေစစ်ပွဲမှ ထွက်ရ

ဖီဖာဥက္ကဌဆပ်ဘလတ္တာရေ... တကယ်အဟုတ်ကို အားရကျေနပ်စရာကောင်းလှတဲ့ မြန်မာ့ဘောလုံးအလားအလာပေပဲဗျာ။

အနူတောက သူဌေးရောဂါ

"ခေတ်ပျက်မှာ သူဌေးလုပ်ရတာ လွယ်သကိုးဗျ"... ဇော်ဇော်၊ တေဇ၊ အောင်ကိုဝင်း၊ ဌေးမြင့်၊ လွင်မိုး အစရှိတဲ့ အာဏာရှင်နောက်မြီးဆွဲများ(သို့မဟုတ်) အာဏာရှင်များရဲ့ ဒိုးတူပေါင်ဖက်စီးပွားဖက် သူဌေးဆိုသူတွေကတော့ ဒီလိုပဲတွေးနေ၊ ပြောနေကြမှာ အသေအချာပါပဲ။ ခုခေတ်မှာ သူဌေးဖြစ်နည်းဖော်မြူလာကား "သာ+ပေါင်း-ညာ×စား" ပင်ဖြစ်သတည်း... လို့ဆိုရမလိုပါပဲ။ လက်ဝါးကြီးအုပ်စီးပွားရေး(ဇာဂနာတို့ရဲ့ သူတောင်းစားညီလာခံ ကဇာတ်ထဲကလို ပြောရရင်) ချီးပွားရေးစနစ်နဲ့ အုပ်စီးနေကြတဲ့ လူတစ်စုရဲ့ အင်အားဟာ မြန်မာပြည်မယ် ပိုမိုကြီးထွားလာနေပါပြီ။ "ဘယ်သူသေသေ- ငတေ၊ ငရွှေ၊ ငဇော်၊ ငမိုးမာ" ပြီးရောသမားတွေပေါ့ဗျာ။

ခက်တာက အဲဒီချီးပွားရေးသမားတွေက ဘာလုပ်သလဲဆိုတော့ကာ သူတို့ရဲ့ လိမ်လည်လှည့်ဖျားရိုက်စား ချီးပွားရေးကိစ္စတွေကို မြန်မာလူထု အာရုံမကျ၊ သတိမထားမိအောင် မြန်မာလူထုကို အာရုံတွေလွှဲတဲ့အနေနဲ့ အပေါ်ယံ ဗန်းပြ အလုပ်တွေ (ဥပမာ- MNL ဘောပွဲများ)လုပ်ပြီး ပြည်သူကို လှည့်စားဖို့ ကြိုးစားတော့တာပါပဲ။

ဘောလုံးလောက တိုးတက်မလာဘဲ လူလည်မသားတွေရဲ့ စီးပွားရေးလုပ်ကွက်တွေသာ ပိုမိုတိုးတက်လာ

ဒါကတော့ မြင်သာပါတယ်။ မြန်မာဘောလုံးအသင်း၊ ဘောလုံးလောက တိုးတက်မှုရှိမရှိဆိုတာ မြင်သာပါတယ်။ ပြည်သူကြိုက် ဘောလုံးဗန်းပြပြီးတဲ့ကာ ဇော်ဇော်အနေနဲ့ နေပြည်တော် ဘောကွင်းတည်ဆောက်မှုတွေ၊ မန္တလေး အားကစားကွင်းတည်ဆောက်မှုတွေမှာ လုပ်ကွက်တွေရသွားပါတယ်။ တေဇကတော့ ပြောမနေပါနဲ့တော့။ ဗမာပြည်က လုပ်ငန်းကြီးမှန်သမျှ သူနဲ့ကို မကင်းနိုင်လောက်အောင်ပါပဲ။ ပြည်သူတွေအနေနဲ့ သေချာ စဉ်းစားစေချင်ပါတယ်။ တကယ်တိုင်းပြည်ကို ချစ်မြတ်နိုးပြီး ဘောလုံးလောကကို မြှင့်တင်ချင်တာလား။ သူတို့ ကိုယ်ကျိုးစီးပွားအတွက် ဘောလုံးကို ခုတုံးလုပ်နေကြတာလားဆိုတာကို သေချာစဉ်းစားအဖြေထုတ်စေချင်ပါတယ်။

ဇော်ဇော် ထိုးကျွေးတော့မယ်

အခြေအနေမကောင်းတဲ့ မြန်မာ့ဘောအဆင့်အတန်းကို ပြည်သူပရိသတ်တွေ ဒေါသထွက်နေချိန်မှာ လက်ရှိမြန်မာ့ဘောဥက္ကဌ ဇော်ဇော် ဘာလုပ်မယ်ထင်ပါသလဲ။ ထိုးကျွေးမှုတွေ လုပ်လာပါတော့မယ်။ လက်ရှိထိုးကျွေးစရာတွေလည်း အများကြီးရှိနေပါတယ်။ အာဏာရှင်ဆန်လှတဲ့ လက်ရှိဘောလုံးအဖွဲ့ချုပ်ကို ပြန်ပြော၊ ခံပြောရဲသူလည်း မရှိသလောက်ပါပဲ။ အရင်ဆုံး ထိုးကျွေးခံရမှာက လက်ရှိမြန်မာ့ဘောလက်ရွေးစင်ကစားသမားတွေပါ။ ဒီကစားသမားတွေကို ထိုးကျွေးပြီးရင် နောက်ထပ်ထိုးကျွေးခံရမှာက လက်ရှိ လက်ရွေးစင်နည်းပြချုပ် မီလန် ဇီဗာဒီနိုဗစ်ဖြစ်ပါတယ် (သူကလည်း သူ့အပြစ်တစ်စက်မှ မရှိသယောင် ကစားတွေအပေါ် အပြစ်ပုံချနေပါတယ်)။ နည်းပြကို ထိုးကျွေးပြီးရင် ဇော်ဇော်ဟာ သူ့ကိုသူ ထိုးကျွေးပါဦးမယ်။ လက်ရှိဘောအဖွဲ့ချုပ်က သူနုတ်ထွက်လိုက်ရင်လည်း သူ့အတွက် ဘာမှ မထိခိုက်ပါဘူး။ ဘောနဲ့ ပတ်သက်တဲ့ ချီးပွားရေးလုပ်ကွက်အတော်များများအပြင် အခြားလုပ်ကွက်ပေါင်းများစွာ ဇော်ဇော်ရရှိပိုင်ဆိုင်ထားပြီးတဲ့နောက် သူ့မှာ နစ်နာစရာအကြောင်း ဘာမှ မရှိတော့ပါဘူး။ ဟိုလူ့လက်ညှိုးထိုး၊ ဒီလူ့လက်ညှိုးထိုးနဲ့ပဲ မြန်မာ့ဘောလုံးဟာ ကျရှုံးမှုတွေထဲမှာ ရစ်ဝဲလယ်လယ်ဖြစ်နေပါတော့မယ်။

လက်ရွေးစင်ကစားသမားတွေကို ပြည်သူတွေ မမုန်းစေချင်

မြန်မာ့ဘောလုံး လက်ရွေးစင်ကစားသမားတွေဟာ အင်မတန်သနားစရာကောင်းပါတယ်။ သူတို့ကိုချည်း အပြစ်ဖို့နေတာ မမျှတပါဘူး။ မြန်မာဘောကစားသမားတွေရဲ့ ဘောလုံးအပေါ်ချစ်မြတ်နိုးစိတ်၊ နိုင်ငံ့အပေါ်ချစ်မြတ်နိုးစိတ်တွေကို ဇော်ဇော်တို့ဟာ MNL ဘောပွဲများကျင်းပပြီး စနစ်တကျ ဖျက်ဆီးခဲ့ကြပါတယ်။ မီဒီယာတွေအနေနဲ့ မျက်စိမလျှမ်းစေချင်ပါဘူး။ လက်ရွေးစင်ကစားသမားတွေဟာ အာဏာရှင်တွေအုပ်ချုပ်အောက်မှာ စိတ်လက်မချမ်းမသာ ဘောလုံးကစားနေကြရတယ်ဆိုတာ မမေ့သင့်ပါဘူး။ သူတို့မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဆိုတာ ဘာမှ မရှိပါဘူး။ လွတ်လပ်စွာ ဘာမှ မလုပ်နိုင်ပါဘူး။ ဇော်ဇော်တို့က ၀င်ကန်ဆို ကန်ရတာပဲ။ မကန်ချင်လည်း ၀င်ကန်ရတာပဲ။ ကန်ချင်ပေမဲ့ မကန်နဲ့တော့ဆိုလည်း သူတို့ မကန်ရတော့ပါဘူး။ လက်ရွေးစင်ကစားသမားတွေဟာ နယ်ရုပ်တွေမဟုတ်ပါဘူး။ လူတွေပါ။ သူတို့ ကန်ချင်စိတ်၊ ကြိုးစားချင်စိတ်ရှိမှ ဘောလုံးရလဒ်တွေ တိုးတက်မှာပါ။ သူတို့ကို မလိုတစ်မျိုး၊ လိုတစ်မျိုးဆက်ဆံခံနေရရင် သူတို့စိတ်ချမ်းသာ၊ စိတ်ဓာတ်တက်ကြွစွာ ဘောကန်နိုင်မှာ မဟုတ်ပါဘူး။ မြန်မာ့လက်ရွေးစင်ဘောလုံးသမားတွေလည်း ကျွန်တော်တို့ဗမာပြည်သူပြည်သားတွေနည်းတူ အာဏာရှင်တွေရဲ့ ညံ့ဖျင်းလှတဲ့ စီမံခန့်ခွဲမှုအောက်မှာ နေထိုင်အသက်ဆက်နေကြရတာပါ။ MNL ဘောပွဲတွေကျင်းပပြီး ကစားသမားတွေကို ငွေတွေပုံပေးနေရုံနဲ့ ဘောလုံးလောက တိုးတက်မလာနိုင်ပါဘူး။ စိတ်ဓာတ်တွေကိုလည်း မြှင့်တင်ပေးနိုင်ရပါမယ်။ ခုတော့ ချီးပွားရေးစိတ်ဓာတ်တွေနဲ့ ဂွင်ဖန်ဖို့လောက် အားသန်တဲ့ ဇော်ဇော်တို့၊ တေဇတို့ရဲ့ အပေါ်ယံကြော-ရက်ရောမှုတွေဟာ ဘောသမားတွေရဲ့ စိတ်ဓာတ်ကို မမြှင့်တင်ပေးနိုင်ပါဘူး။ ဦးဆောင်သူဆိုတာ စံပြဖြစ်ရပါမယ်။ ပြည်သူပြည်သားစီးပွားရေးသမားအများစုကို လုပ်ပိုင်ခွင့်ကောင်းစွာမပေးဘဲ ချီးပွားရေးလက်ဝါးကြီးအုပ်ထားမှုတွေက ဇော်ဇော်၊ တေဇတို့ရဲ့ စိတ်ဓာတ်အဆင့်အတန်းကို ကောင်းစွာ မီးမောင်းထိုး ဖော်ပြပေးနိုင်ပါတယ်။

ကိုယ်ကျိုးရှာ အာဏာရှင်သမားများ၊ လက်ဝါးကြီးအုပ်စီးပွားရေးသမားတွေအောက်မှာ

ခုမြန်မာ့ဘောလုံးအသင်းကို လူငယ်တွေနဲ့ သွေးသစ်လောင်းတော့မယ်ဆိုပြီး လေသံပစ်နေပါတယ်။ ကိုယ်ကျိုးရှာ အာဏာရှင်သမားများ၊ လက်ဝါးကြီးအုပ်စီးပွားရေးသမားတွေအောက်မှာ ဒီလူငယ်တွေရဲ့ စိတ်ဓာတ်တွေကိုရော ဘယ်လို မြှင့်တင်ပေးနိုင်ဦးမှာလဲ။ "လူငယ်တွေ ... မင်းတို့လည်း လူလည်ကျတတ်အောင် သင်ကြဦး"... ဆိုပြီး စိတ်ဓာတ်မြှင့်တင်ပေးကြမှာလား။

ဖီဖာနဲ့ ဖီဖာဥက္ကဌလည်း လူလည်ပါပဲ

ကမ္ဘာ့ဘောအဖွဲ့ချုပ်ဖီဖာဥက္ကဌဟာလည်း လူလည်ပါပဲ။ သူ့အကျိုးစီးပွား၊ ဖီဖာအကျိုးစီးပွားကိုပဲ သူကြည့်ပါလိမ့်မယ်။ ဘောအဖွဲ့ချုပ်တွေကို အစိုးရက ၀င်စွက်ရင် ဖီဖာက အရေးယူလေ့ရှိသတဲ့။ ဗမာ့ဘောအဖွဲ့ချုပ်ကိုရော ဘယ်လိုလုပ်မလဲ။ အစိုးရက ၀င်စွက်စရာ မလိုတော့လောက်အောင်ကိုပဲ ဗမာ့ဘောအဖွဲ့ချုပ်မှာ အာဏာရှင်အစိုးရလူတွေက လက်ဝါးကြီးအုပ်နေတာကိုးဗျ။ ဒါမျိုးကျ ဖီဖာက မျက်စိမှိတ်မသိချင်ယောင် ဆောင်နေရောလား။ နည်းပြဟာ သူ့စိတ်ကြိုက် ကစားသမားရွေးချယ်ခွင့်ရှိသလား။ သူ့စိတ်ကြိုက် သူ ဘာလုပ်နိုင်မလဲ။ ကစားသမားတွေကရော သူတို့စိတ်ကြိုက် ဘာလုပ်နိုင်ခွင့် ရှိပါသလဲ။ ရယ်စရာအတော်ကောင်းတဲ့ သပွတ်အူတွေပါပဲ။ ဖီဖာရဲ့ Goal Project တွေနဲ့တင် ဒီသပွတ်အူတွေ (ဖီဖာဥက္ကဌနဲ့ အပေါင်းအပါများ+ဗမာ့အာဏာရှင်များ+ဗမာ့ဘောအဖွဲ့ချုပ်+လက်ဝါးကြီးအုပ်ချီးပွားရေးသမား)တွေ အတော်ကြီးပွားဦးမှာ မြင်ယောင်နေသေးပါရဲ့။

ဘယ်လောက်စောင့်ရမှာလဲ

မြန်မာ့ဘော တိုးတက်ဖို့ ဘယ်လောက်ထပ်စောင့်ဆိုင်းရဦးမှာပါလဲ။ ချီးပွားရေးအကြံနဲ့ ဘောဗန်းပြတဲ့ ဇော်ဇော်၊ တေဇတို့ လူလည်မသားတစ်သိုက်ခြယ်လှယ်နေသ၍၊ အာဏာရှင်များရဲ့ ကိုယ်ကျိုးရှာအုပ်ချုပ်စီမံခန့်ခွဲမှုအောက်မှာ မြန်မာပြည်နေနေရသ၍ မြန်မာ့ဘောလည်း တိုးတက်လာဖို့ လမ်းမမြင်လှပါ။ ဘောလုံးလောကကိုတိုးတက်စေချင်ရင် ဘောလုံးကို တကယ်ချစ်သော၊ အားကစားကို တကယ်မြတ်နိုးသော အစိုးရ၊ ဘောအဖွဲ့ချုပ်ဖြစ်ဖို့လိုပါတယ်။ စစ်အင်အားအသုံးစရိတ်ကိုပဲ တိုးချဲ့ပြီး ချီးပွားရေးလက်ဝါးကြီးအုပ်သမားတွေနဲ့ ဒိုးတူပေါင်ဖက် ပူးပေါင်းလူလည်ကျနေတဲ့ အာဏာရှင်များ တည်မြဲနေသ၍ မြန်မာ့ဘောလုံးတိုးတက်လာဖို့ဆိုသည်မှာ "အိပ်ပေါက်နဲ့ ဖားကောက်" တဲ့ စကားပုံထက်ဆိုးစွာ "စိတ်အပေါက်တွေနဲ့ အယားဖျောက်" သလိုသာ ဖြစ်နေမယ့်အကြောင်း စာပန်းဆင်လိုက်ရပါတော့တယ်။

တော်လှန်နိုင်ငံရေးအကျဉ်းသမားများအားလုံး အမြန်ဆုံး လွတ်မြောက်ပါစေ...
ညိုကြီး
(၂၆၊ မတ်၊ ၂၀၁၁)

20 March 2011

Pan Hlaing Soe (Kyone Pyaw)'s Poem for Feminized Than Shwe

The YATI ရတီ စာပေအနုပညာ မဂ္ဂဇင်း Vol. 8, No.84, March, 2001 မှ ကဗျာဆရာ ပန်းလှိုင်စိုး (ကျုံပျော်) " ဖတ်ပြီးသားကို ထပ်ဖတ်ခြင်း " ကဗျာအား ဆက်စပ်ခံစားနိုင်ရန် မျှဝေ ဖော်ပြလိုက်ပါတယ်။ (ပူးတွဲပါပုံ)

ယောက်ျားစစ်စစ်က မိန်းမဖြစ်သွားတာတော့ ဆန်းတယ်.. တဲ့။ ကဗျာဆရာ ဖွဲ့ဆိုထားတာပါ။

From Historic Poems