လူရွှင်တော် နှုတ်ခမ်းမွှေး ပါပါလေး သံချပ်အဖွဲ့
ခွပ်လိုက်ကြစို့ သူငယ်ချင်း
(ဗြောင်ပြော ဒဲ့ပြော)
မန္တလေးသင်္ကြန်တွင်းကာလ ၁၁-၁၂-၁၃-၁၄ ရက်များ လှည့်လည် ဖျော်ဖြေပါမည်။
------------------------------------
One of Thingyan "Than-Chut" Groups from Mandalay, Myanmar.
Comedian Par Par Lay from The moustache brothers of Mandalay leads this group.
Thingyan "Than-Chut" Groups have been banned during Another Military Dictatorship Era in Burma (1989-2010)
Now, Thein Sein Government allows Thingyan "Than-Chut" Groups to participate in Burmese 2012 Thingyan.
12 April 2012
သံချပ်တွေ ပြန်လာပြီ...
08 April 2012
မင်္ဂလာဒိုး အနုပညာအင်အားစုမှ ရဲရဲတောက်တေးသံချပ်များ(ဂျပန်)
“ပရ” နိုင်ငံရေးသမား
ကြိုင်လှမောင်မောင်
19 March 2012
မဲဘယ်လိုခိုး၊ ဘယ်လိုလိမ်ကြသလဲ (၁) - How Military+USDP Government Make Fake Vote for 2012 By-Election
Fake Vote Created by USDP for 2012 by-Election
မဲဘယ်လိုခိုး၊ ဘယ်လိုလိမ်ကြသလဲ (၁)
ယောမင်းလေး
(March, 2012)
ကျွန်ုပ်တို့ကို ဖိနှိပ်လိုသူများကလည်း နည်းမျိုးစုံဖြင့် ခိုးကြလိမ်ကြ၏။ တစ်တိုင်းပြည်လုံး ဖက်ဆစ်စနစ်ကို အလိုမရှိသဖြင့် တွန်းလှန်ဖြိုဖျက်နေသည့်ကြားမှ ထိုလူများနှင့် ထမင်းဝနေသော (သို့မဟုတ်) အရိုးအရင်းအရင်းစုတ်ရသူများက ထိုစနစ်၊ ထိုလူတို့ကို ပံ့ပိုးကူညီ လိမ်လည်ခိုးဝှက်ပေးကြ၏။
ထိုသည်လည်း အပြစ်မဆိုသာပါပေ။ ဂျပန်ခေတ်၌ ဂျပန်အလိုတော်ရိ၊ အင်္ဂလိပ်ခေတ်မှ အင်္ဂလိပ်အလိုတော်ရိတို့ကို မသိအောင်ရှောင်ရှား၍ ဗိုလ်ချုပ်အောင်ဆန်းတို့သည်ပင် လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ရသေးသည် မဟုတ်ပါလော။
ယခု မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် လစ်လပ်သော လွှတ်တော်ကိုယ်စားလှယ်နေရာ ရွေးချယ်ရာ၌ ရွေးကောက်ပွဲကော်မရှင်သည် နည်းမျိုးစုံနှင့် မဲလိမ်မဲခိုးပြုလုပ်၏။ သူတို့ မဲခိုးမဲလိမ်နည်းတစ်ခုမှာ ဤသို့ဖြစ်၏။ သူတို့ကြံ့ခိုင်ရေးသို့ သေချာပေါက် မဲထည့်မည့်ပုဂ္ဂိုလ်ကို အကွက် (၂၈၉)၌လည်း မဲစာရင်းထည့်ထား၏။ ထိုနှင့်မျက်နှာချင်းဆိုင် အကွက် (၂၉၄)၌လည်း မဲစာရင်းထည့်ထား၏။ ဤသို့ထည့်ခြင်းဖြင့် တစ်နေရာ မဲအတွက် ကြိုတင်မဲယူ၍ တစ်နေရာ၌ လူကိုယ်တိုင်သွားရောက်ထည့်၏။ ဤသို့ဖြင့် ကြံ့ခိုင်ရေးမဲရအောင် ကြံစည်ကြ၏။ အတိုက်အခံဘက် ထည့်မည်ဟု သေချာသော မဲဆန္ဒရှင်များကိုတော့ မေ့တာလိုလို၊ အသက်မပြည့်တာလိုလိုနှင့် မဲစာရင်း၌ ချန်ခဲ့၏။ သွားရောက်ပြောသောအခါ သေချာစိစစ်ပါဦးမည်။ လေးရက်လောက်စောင့်ပါဟု ပြော၏။ သူတို့ချန်ခဲ့သော ပုဂ္ဂိုလ်မှာ အသက်မပြည့်သေးပြောရအောင်ကလည်း ကလေး နှစ်ယောက်ပင်ရ၍ သားသမီးသည်ပင် အမှတ် ၁၄ ကျောင်း၌ ကျောင်းတက်နေပေပြီ။
ကျွန်ုပ်တို့သည် အရမ်းစွပ်စွဲ အပုပ်ချသည်မဟုတ်။ ကျွန်ုပ်တို့၏ စူးရှထက်မြက်လှသော သတင်းထောက်များမှ တစ်ဆင့် ခိုင်လုံသော သတင်းအချက်အလက်တို့ကို ရှာဖွေတွေ့ရှိခဲ့ရပေပြီ။
ဥပမာ- မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ်မှ ဆန္ဒမဲအမှတ်စဉ် (၅၃၉၆) ဦးရဲကျော်သူ (၉/မဟမ(နိုင်)၀၀၁၅၂၇ သည် အကွက် ၂၈၉ ၌လည်း မဲဆန္ဒစာရင်းပါ၏။ အကွက် ၂၉၄ ၌လည်း ကိုရဲကျော်သူ (၉/မဟမ(နိုင်)၀၀၁၅၂၇) အမှတ်စဉ် (၅၉၂၀)ဟု ပါပြန်၏။ ထို၌ မွေးသက္ကရာဇ် ၃-၂-၁၉၇၄ အစား ၉-၀၈-၁၉၇၃ ဟု ပြောင်းထားသည်သာ ကွာ၏။
ပုံ ၁

ပုံ ၂

ပုံ ၃

ပုံ ၎

ထို့အတူ ဆန္ဒမဲအမှတ်စဉ် (၅၇၅၈) ကိုမိုးဇော်ဦး၊ အမှတ်စဉ် (၅၇၅၉) မခင်မျိုးဝင်းတို့သည်လည်း အကွက် ၂၉၄ ၌ တစ်ခါပါ၏။ အကွက် ၂၉၄ ၌ပင် အမှတ်စဉ် (၅၉၁၈)၊ အမှတ်စဉ် (၅၉၁၉) တို့တွင်လည်း ကိုမိုးဇော်ဦး၊ မခင်မျိုးဝင်းတို့ ထပ်ပါပြန်၏။
ပုံ ၅

ပုံ ၆

မဲတစ်ပြား၏ တန်ဖိုး မည်မျှရှိသည်ကို မဲရေတွက်ရာ၌ သိနိုင်၏။ ယခုပင် ၁၂ မဲမျှတွေ့ရပေပြီ။ ၁၂ မဲ နှစ်ပြန်ဆိုလျှင် ၂၄ မဲ။ ဤသို့ ပြန်ကြည့်လျှင် ခေါက်ချိုးတက်၍ သွားပေမည်။ ကင်းဝန်မင်းကြီး ဆန်ကို နှစ်ပြန်စားသလို ဖြစ်မည်ကို ပြည်သူအပေါင်း သတိကောင်းကောင်းထား၍ စောင့်ကြည့်ဖော်ထုတ်သင့်ပေကြောင်း တင်ပြအပ်ပေသည်။
ယောမင်းလေး
www.facebook.com/cjmyanmar
DTP by Nyo Gyi
(PDF ဖိုင်အား Download ရယူချင်သူများအတွက်
http://www.scribd.com/nyog_1/d/85829263-Fake-Vote-Created-by-USDP-for-2012-by-Election
တွင် Upload တင်ထားပါကြောင်း...)
18 March 2012
ညိုကြီး၏ Blog စာမျက်နှာတွင် Update Post များ မတက်သည်ကို အားမရသည့် ညိုကြီး၏ ပရိသတ်များသို့
ကျွန်တော်သည် အချို့သော ဓာတ်ပုံ၊ သတင်း၊ ဗွီဒီယိုများကို Facebook တွင်သာ ပထမဦးစွာ အရင်တင်လိုက်ပြီးနောက် ကျွန်တော့်၏ ဤ Blog စာမျက်နှာတွင် တင်ပါဦးမည်ဟု အားခဲထားသော်လည်း
ညိုကြီးသည် အချိန်မလောက်ငှသောဝေဒနာသည်တစ်ဦးဖြစ်ပေရာ Facebook တွင် တင်ပြီးသော အနှီ ဓာတ်ပုံ၊ သတင်း၊ ဗွီဒီယို အစရှိသည်တို့ကို ဤ Blog တွင် ပြန်မတင်ဖြစ်သည်များလည်း ရှိနေပါသည်။
ထို့ကြောင့် Blog မိတ်ဆွေများအနေနဲ့ အချိန်အအားလေးများရှိလျှင် -
ကျွန်တော်ညိုကြီး၏ Facebook စာမျက်နှာ
www.facebook.com/nyogyi
သို့လည်း အလည်တစ်ခေါက် လာရောက်၍ သတင်း၊ ဓာတ်ပုံ၊ ဗွီဒီယိုများ မြည်းစမ်းလှည့်ပါဦးဟု အထူးမေတ္တာရပ်ခံ၊ ဖိတ်မန္တက ပြုလိုက်ရပါသည်။
ရှေ့ဆက်၊ ဆက်လက်၊ လက်တွဲ တိုက်ပွဲဝင်ကြဦးစို့ !
Nyo Gyi of Burma
03 March 2012
ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ဓာတ်ပုံများ - Mother Suu's Mandalay Trip (Photos)
ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ဓာတ်ပုံများ
![]() |
| From Daw Aung San Suu Kyi in Mandalay |
အခြားပုံများကို အောက်က လင့်ခ်မှာ သွားကြည့်ပါ။
https://picasaweb.google.com/116723507462397308445/DawAungSanSuuKyiInMandalay?authuser=0&feat=directlink
ညိုကြီး
ရိုက်ကူးတင်ဆက်သည်
Facebook မှာလည်း တင်ထားပါတယ်။
www.facebook.com/nyogyi
https://www.facebook.com/media/set/?set=a.384773418199590.97020.100000008066345&type=3
02 March 2012
ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် မန္တလေးသားများကို မှတ်တမ်းတင်ထားရန် အာဏာပိုင်များအဆင့်ဆင့် ညွှန်ကြား
ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် မန္တလေးသားများကို မှတ်တမ်းတင်ထားရန် အာဏာပိုင်များအဆင့်ဆင့် ညွှန်ကြား
![]() |
| From San & Suu |
"၂ဝ၁၂ ခုနှစ်၊ မတ်လ၊ ၃ - ၄ ရက်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ရှိ၏။ ဒေါ်အောင်ဆန်းစုကြည် မန္တလေးမှာ ရှိနေစဉ်အတွင်း သူမအားထောက်ခံသည့် အိမ်များက ဆိုင်းဘုတ်၊ ပိုစတာ၊ စာတမ်းများ တင်ကြလိမ့်မည်။ အဆိုပါ အိမ်များကို စာရင်းပြုစု၊ မှတ်တမ်းတင်ထားရန်"
ဟူသတည်း။
မန္တလေးမှ ရဲစခန်းတိုင်း၊ ရပ်ကွက်အာဏာပိုင်တိုင်း၊ စစ်ကြံ့ဖွံ့သတင်းပေးတိုင်း အနှီ တာဝန်ကို ယူကာ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့်မန္တလေးအိမ်များစာရင်းကို စောင့်ကြည့်ရယူကြမည့်သဘောရှိ၏။
(လက်ရှိ နိုင်ငံတော် သမ္မတဆိုသူက အတည်ပေါက် နားဝင်ချိုစည်းရုံး-အပြစ်ကာ စကားတွေကို မိန့်ခွန်းဆိုပြီး ပြောလိုက်။ သူ့အောက်က သူ့လူတွေက အရင်စတိုင်မပြောင်း၊နည်းညစ်နည်းဟောင်းတွေ သုံးလိုက်နဲ့ ပြဇာတ်ထဲမှာ ရှေ့ကဇာတ်လိုက် သေနတ်ပစ်ပြတာကိုကန့်လန့်ကာ နောက်ကလူက ဗျောက်သံပေးဖို့ မေ့သလိုမျိုးဖြစ်နေပြီဗျို့။
ကဲ... မန္တလေးသားတွေဘာလုပ်ကြမလဲ။ ဒီသတင်းကို မျှဝေတာက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့နေရာမှာ မန္တလေးသားတွေ ရွံ့သွားစေဖို့၊ တွန့်သွားစေဖို့ လုံးဝ မဟုတ်ပါဘူး။ စစ်ကြံ့ဖွတ်အဆိုးရကတော့ ဒီလို ဒီလို ကြိုတင် ကြံစည်ပြင်ဆင်ထားကြပြီ...ဆိုတာ သိစေချင်လို့ပါ။ ဒီသတင်းကို သိရပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် လာတဲ့အခါ မန္တလေးသားတွေ ဘာလုပ်ကြမလဲ။)
ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံတဲ့နေရာမှာ "မကြောက်တမ်း မရွံ့တမ်း... မန်းသားတွေ အောင်ပန်း ဆွတ်ကြရပေမည်" ဆိုသည်ကိုဖြင့် ကျွန်ုပ်အနေနှင့် သံသယ တစိုးတစိမျှမရှိ၊ သေချာစွာ ယုံကြည်မိပါတော့သတည်း။ ။
(နားနှင့် ဆတ်ဆတ်ကြားခဲ့ရပြီး ပြန်လည် ဖောက်သည်ချသော မိတ်ဆွေကြီးအား ညိုကြီးက ဤစာနှင့်အတူ အလေးပြုလိုက်ရပေကြောင်း)
ညိုကြီး
၂.၃.၂၀၁၂
29 February 2012
Asia Hero General Aung San (Song) for 88 Generation Students
"အာရှသူရဲကောင်း ဗိုလ်အောင်ဆန်း သီချင်း" အား
ပန်တျာဌေးဌေးမြင့် (လမင်းတရာ) နှင့် သူမ၏ သားဖြစ်သူတို့ သီဆိုစဉ်
(၈၈) မျိုးဆက်ကျောင်းသားများအား ကြိုဆိုနှုတ်ဆက်ဧည့်ခံပွဲ
၂၈.၂.၂၀၁၂
Oriental House, Mandalay
ညိုကြီး ရိုက်ကူးသည်။
Youtube Video
Facebook Video
Than Chut (သံချပ်) for 88 Generation Students by Moustache Brother
လူရွှင်တော် ပါပါလေးနှင့် ညီအစ်ကိုများရဲ့
" အာဇာနည်ကျောင်းသားများ ကြိုဆိုရေး သံချပ် "
လူရွှင်တော် ပါပါလေး
Moustache Brothers
![]() |
| From 88 Generation Students |
(၈၈) မျိုးဆက်ကျောင်းသားများအား ကြိုဆိုနှုတ်ဆက်ဧည့်ခံပွဲ
၂၈.၂.၂၀၁၂
Oriental House, Mandalay
ညိုကြီး ရိုက်ကူးသည်။
သံချပ် ဗွီဒီယို
Facebook Video
သံချပ်စာသား
![]() |
| From 88 Generation Students |
88 Generation Students pay respect to Mandalay 17 Martyrs (Video)
၈၈ မျိုးဆက်ကျောင်းသားများ
မန္တလေး ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦး ဗိမာန်တွင် လွမ်းသူ့ပန်းခွေချ၊ ဂါရ၀ပြု သစ်ပင်စိုက်၊ အလှူငွေလှူဒါန်း
28.2.2012 (Tuesday)
၂၈.၂.၂၀၁၂ နံနက် ၉ နာရီခွဲတွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုလှမျိုးနောင်၊ ကိုမင်းဇေယျာ၊ ကိုအောင်သူ၊ ကိုအောင်နိုင်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုကိုကြီး(စမ်းချောင်း)၊ မနီလာသိန်း၊ မမီးမီး၊ မမာမာဦး၊ မသက်သက်အောင် အစရှိသော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် မန္တလေး ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦး ဗိမာန်သို့ရောက်ရှိပြီး မန္တလေး ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦးအားရည်စူး၍ လွမ်းသူ့ပန်းခွေချခြင်း၊ အလေးပြုခြင်း၊ အလှူရှင် ကိုမြဇော်၏ အလှူငွေ ကျပ် (၈)သောင်းအား လက်ခံခြင်း၊ လက်ခံထားသည့် အလှူငွေ (၈)သောင်းကျပ်အား မန္တလေး ၁၃၀၀ ပြည့် အာဇာနည် ၁၇ ဦး ဗိမာန်ဝင်းအတွင်းစိုက်ပျိုးခါစ သစ်ပင်များ ရှင်သန်စေရန် ရေရရှိရေးအတွက် ပြန်လည်လှူဒါန်းခြင်း၊ ဗိမာန်ဝင်းအတွင်း သစ်ပင်စိုက်ခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။
၎င်းနောက် နံနက် ၁၀ နာရီတွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် စစ်ကိုင်းမြို့သို့ ဆက်လက်ထွက်ခွာသွားကြသည်။
ညိုကြီး
Youtube Video
Facebook Video
၈၈ မျိုးဆက်ကျောင်းသားများအား မန္တလေးလူထု တစ်ခဲနက်ထောက်ခံကြိုဆို - 88 Generation Students in Mandalay (Photos)
မန္တလေးရောက် ၈၈ မျိုးဆက်ကျောင်းသားများ၏ ဓာတ်ပုံများအား Nyo Gyi ၏ Facebook တွင် အားပါးတရ ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/nyogyi
88 Generation Students in Mandalay
https://www.facebook.com/media/set/?set=a.381498761860389.96440.100000008066345&type=3
27 February 2012
မန္တလေးမှာ ကြံ့ဖွံ့ပါတီက စည်ပင်လုပ်သားများအား အသုံးချ၍ ၄င်းတို့ပါတီအတွက် မဲဆွယ်ခိုင်း - Dirty Methods of USDP
![]() |
| From Dirty Methods and USDP |
![]() |
| From Dirty Methods and USDP |
![]() |
| From Dirty Methods and USDP |
![]() |
| From Dirty Methods and USDP |
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ၂လုံး၊၃လုံး၊ဘောလုံးဒိုင်များ - Gambling in Myanmar
( ပြည်ထဲရေးဝန်ကြီး သိစေလိုပါသည် )
19 February 2012
အမေစုကို မန်းကျုံးဘေးမှာ မဏ္ဍပ်ထိုးပြီး ကြိုရအောင် - A Plan from Mandalay to Welcome Mother Suu
![]() |
| From San & Suu |
13 February 2012
Blood Donation Ceremony as a Tribute to 97th Birthday of General Aung San
ဗိုလ်ချုပ်အောင်ဆန်း၏ (၉၇)နှစ်မြောက်မွေးနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲ
![]() |
| From Burmese Martyrs |
![]() |
| From Burmese Martyrs |
12 February 2012
Fallen Students' Day at Mandalay - မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့
ဘုံပျံတောရ မြဝတီမင်းကြီးကျောင်းတိုက်၊ မန္တလေးမြို့















