05 March 2013

Submission of Evidence to Myanmar Government’s Letpadaung Investigation Commission

Submission of Evidence to Myanmar Government’s Letpadaung Investigation Commission Lawyers 

DEDICATION:
Re Borne on Letpadaung Hill
99 monks sitting steadfast in circles,
One heart beating true for land-loving peoples,
Channeling the power of powerlessness,
Flutt’ring on butterfly-wings of compassion,
Chanting peace sutras under fire-bombs flying,
Tossed like sticks amist storms of secret suff’ring,
Flames and flesh, blood and water, inter-mingling,
Just! – As an all-mighty oceans’ ceaseless roar! –
Can such devotion ever be defeated?


Lawyers Network and Justice Trust 

(submitted on 28 January, 2013, re-submitted with exhibits on 1 February)

This information was gathered in December-January through site visits to the area and numerous interviews with affected persons from incidents at the Letpadaung copper mine conflict.

03 March 2013

နေပြည်တော်တွင် ရွှေကြောတွေ့


နေပြည်တော်တွင် ရွှေကြော ရှာဖွေတွေ့ ရှိကြောင်း သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်က အတည်ပြု ပြောကြားခဲ့သည်။

မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ်၊ သောကြာနေ့၊ ဇန်န၀ါရီ(၁၈)ရက်၊ ၂၀၁၃ ခုနှစ်

28 February 2013

ကျွန်တော်တို့ မြန်မာပြည်ကြီးမှာဗျာ


"ကျွန်တော်တို့  မြန်မာပြည်ကြီးမှာဗျာ.. "

 မြန်မာပြည်ကြီးမှာ
အရာရာထွက်တယ်
ကမ္ဘာမှာ
မြန်မာ တစ်ပြည်ထဲအတွက်
ကွက်ထွက်တာတွေ
အများကြီးပါလေ.....

အိမ်နီးချင်းနိုင်ငံတွေတောင်
ကိုယ့်ခြေဖ၀ါးအောက်ရောက်အောင်
အင်ပါယာချဲ့ထွင်နိုင်တဲ့ ဘုရင်
တို့ဆီကထွက်တယ်...
ငှက်ကလေး ကြက်ကလေးလို
သဘောင်္ပေါ်ပါသွားခဲ့တဲ့ဘုရင်လည်း
တို့ဆီက ထွက်တာပဲ..။

ဟိုရှေးကတည်းက
ရေမြုပ်ဗုံးတီထွင်ခဲ့တဲ့
ပညာရှင်လည်း
တို့ဆီကထွက်တယ်...
မခိုင်လုံတဲ့ ဆင်ခြေနဲ့
တီထွင်မှုကို ရပ်ခိုင်းတဲ့သူလည်း
တို့ဆီက ထွက်တာပဲ..။

နယ်ချဲ့မှန်သမျှ
တစ်ယောက်မှမချန်
တော်လှန်ခဲ့သူတွေ
တို့မြေက ထွက်တယ်...
လာသမျှလူအဖေခေါ်
ဘ၀တူတွေကိုဆော်တဲ့
မသူတော်အလိုတော်ရိတွေလည်း
တို့ဆီက ထွက်တာပဲ...။

မြင်းခွာအောက်မှာ
ရဲရဲတောက်
အသက်ပျောက်ခဲ့ရတဲ့
လက်နက်မဲ့ရဲဘော်
တို့ဆီကထွက်ခဲ့တယ်..
မြင်းလေးကောင်က ရထားကြီးစီး
ရွှေစလွယ်ကြီးနဲ့ လူကြီးလူကောင်းလည်း
တို့ ဆီကထွက်တာပဲ...။

တိုင်းပြည်ကြီး
ချောက်ကမ်းပါးဆီပို့သူတွေလည်း
တို့ဆီကထွက်တယ်..
နောက်ထပ်တဖန်
ကယ်တင်ရှင်ဆန်ဆန်နဲ့
အကြံအဖန် ဘ၀ရှင်မင်းလည်း
တို့ဆီက ထွက်တာပဲ..။

ကောက်ပဲသီးနှံ
ဆန်ရေစပါး
ပေါများအောင်စိုက်သွားတဲ့
လယ်သမားတွ
တို့မြေကထွက်တယ်..
သူတို့စိုက်တဲ့ ဆန်ကိုစား
သူတို့ကို သတ်ရန်ကြံသူများလည်း
တို့ဆီက ထွက်တာပဲ..။

ကျောက်သံပတ္တမြား
တွင်းထွက်ရတနာတွေ
တို့မြေကထွက်တယ်..
ဒီရတနာတွေအတွက်
ရက်ရက်စက်စက်
တိုင်းပြည်ဖျက်ခဲ့သူတွေလည်း
တို့ဆီကထွက်တာပဲ..။

နိုင်ငံကြီးနှစ်နိုင်ငံကြား
အဖိုးတန်တဲ့
နိုင်ငံရေးပထ၀ီအနေအထား အချက်
တို့ဆီမှာထွက်တယ်..
ဒီအနေအထားကို တန်ဖိုးမထား
ငွေလေးနှစ်ပြားတစ်ပြားနဲ့
သူစိမ်းရဲ့လက် ၀ကွက်အပ်ပြန်တော့
ရေနံပိုက်လိုင်းရှည်ကြီးလည်း
တို့ဆီကထွက်တာပဲ..။

ကမ္ဘာ့အဖွဲ့အစည်းမှာ
အကြီးအကဲခေါင်းဆောင်
ဂုဏ်ရောင်ပြောင်သူတစ်ယောက်
တို့ရှေ့မှောက်မှာ ထွက်ခဲ့တယ်..
သည်လိုလူကို တန်ဖိုးမထား
အငြိုးအာဃတတရားနဲ့
မျိုးမသမာရက်စက်သူလည်း
တို့ဆီကထွက်တာပဲ...။

ရှားပါးစာရင်းဝင်
ငြိမ်းချမ်းရေးဆုရှင်
တို့ပြည်တွင် ထွက်တယ်..
ဒီလိုဆုရှင်လည်း
လူမထင်စွာရက်စက်
အချုပ်အနှောင်မှာထားရက်သူလည်း
တို့ဆီကထွက်တာပဲ....။

အနှစ်တရာမှာတစ်ယောက်
ပေါ်ပေါက်ဖို့လွယ်မလား
တို့အမျိုးသားခေါင်းဆောင်တစ်ယောက်
တို့ဆီမှာပေါ်ပေါက်ခဲ့တယ်..
ဒီအမျိုးသားခေါင်းဆောင်ကြီးကို
အငြိုးဝင်ပြီး လုပ်ကြံရက်သူလည်း
တို့ဆီက ထွက်တာပဲ....။

တို့ဆီကထွက်တာတွေ
လက်ချိုးရေလို့တောင်မရ
အထင်ကရတစ်ခုဟာ
ကမ္ဘာမှာရှားပါလာနေတဲ့
မျိုးဆက်ဝင်သတ္တ၀ါ
ငါတို့ဆီမှာ အသေအချာရှိနေခဲ့တာ..
အဲ့ဒီသတ္တ၀ါမျိုးဟာ
မြန်မာ့မြေတလွှားမှာ
ပွားချင်းတိုင်းပွား
ပျော်ချင်တိုင်းပျော်
နေရာတိုင်းမှာရောက်
ဘယ်ခါမှပျောက်မယ်မသိတော့ဘူး..
ထူးဆန်းတဲ့ ကမ္ဘာ့ရှားပါးဝင်
မျိုးဆက်ကို ဘာထင်လို့လည်း
အဖြစ်မှန်ကိုမြင်အောင်ပြောရရင်လေ....
..စစ် အာ ဏာ ရှင် တွေ ပေါ့ ဗျာ...
အဲ့ဒီသတ္တ၀ါတွေလည်း
တို့ဆီက ထွက်တာပါပဲ.....။

"ခန့်ညီဖေ"

27, February .2013, Wednesday  12:20 P:M

21 February 2013

"လူကြီးသားသမီးလည်း အပြစ်လုပ်ရင် အရေးယူမှာပဲ" ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပြောကြား


 အပြောနဲ့ အလုပ်တော့ ညီပစေပေါ့ဗျာ
" ဥပဒေဖောက်ဖျက်လာလျှင် ဘယ်သူ့မျက်နှာမှ မထောက်၊ လူကြီးသားသမီးလည်း အရေးယူမည် "

MEDIA One Journal, Vol. 1, No. 28

မီဒီယာဝမ်း အတွဲ(၁)၊ အမှတ်(၂၈) ဂျာနယ်
Download Link:
http://www.mediafire.com/view/?5z99wx9a3z685a8

+++++++++++++++++++++++++++++++++++++++++++++++++++++++++
 ဆက်စပ်သတင်း

ပြည်သူ့ရင်ပြင်မှာ အုပ်စုအလိုက် အစွမ်းပြသွားတဲ့ ပြိုင်ကားများ


ဓီမိုကယေဆီခေတ်မှာ ပြိုင်ကားမစီးရမှာ မဟုတ်၊ စီးရမှာပါ၊ မောင်းပါ။
မိမိကြောင့် သူတစ်ပါး အနှောင့်အယှက် မဖြစ်ပါစေနဲ့။

MYANMAR NEWS WEEK JOURNAL, အတွဲ(၂)၊ အမှတ်(၆၅)၊ (၁၇-၁-၂၀၁၃)

16 February 2013

National Network for Educational Reform (NNER) ~ Myanmar

ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက်
(National Network for Educational Reform ~ NNER)


ဤပညာရေးကွန်ယက်သည် နိုင်ငံလုံးဆိုင်ရာပညာရေးမူဝါဒ (National Educatiion Policy) တစ်ရပ်ချမှန်နိုင်ရန် အတွက် မြန်မာနိုင်ငံဒေသအသီးသီးရှိ ပညာရေးနှင့် သက်ဆိုင်သူအားလုံးနှင့် ပြည်ပရာက်မြန်မာနိုင်ငံသားများ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာစေရန် ရည်ရွယ်၍ ဖွဲ့စည်းခြင်းဖြစ်ပါသည်။ ဤပညာရေးကွန်ယက်နှင့် ချိတ်ဆက်လိုသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များသည် စာမျက်နှာ(၅)တွင် ဖော်ပြထားသည့် အီးမေး(လ်)များမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။


ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် (National Network for Educational Reform ~ NNER) အကြောင်းအပြည့်အစုံကို အောက်က PDF ဖိုင်တွင် ကြည့်ရှုနိုင်ပါကြောင်း။

http://www.scribd.com/doc/125067336/NNER-and-October-Seminar-Statement



ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် (National Network for Educational Reform ~ NNER)၏ အကြိုဆွေးနွေးပွဲများကို အောက်ပါအစီအစဉ်အတိုင်း (၁၅၊ ၂၊ ၂၀၁၃)ရက်က စစ်ကိုင်းနှင့် မန္တလေးတွင်ကျင်းပသွားရာ စစ်ကိုင်း ဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးသူ ဦးရေ (၅၀)ခန့်လည်းကောင်း၊ မန္တလေး ဆွေးနွေးပွဲတွင် တက်ရောက်ဆွေးနွေးသူ ဦးရေ (၁၀၀)ခန့်လည်းကောင်း ရှိကြောင်း သိရပါ၏။

နေရာ (၁)
(၁၅၊ ဖေဖော်ဝါရီ၊ ၂၀၁၃) (နံနက် ၁၀ နာရီ)
စစ်ကိုင်း၊ အောင်မြေဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

နေရာ (၂)
(၁၅၊ ဖေဖော်ဝါရီ၊ ၂၀၁၃) (နေ့လည် ၂ နာရီ)
မန္တလေး၊ ၃၅ လမ်းနှင့် လမ်း ၉၀ ထောင့်၊ INTENSITY Speaking Centre

15 February 2013

Aung San's Birthday ~ Feb 13, 1915

 

 "မွေးနေ့ရှင်"

၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီ (၁၃)ရက်၊ စနေနေ့
ကမ္ဘာမြေပေါ်က ဗမာပြည်မှာ
ကလေးငယ်တစ်ဦး မွေးဖွား
အောင်ဆန်း
လူသားစစ်စစ်တစ်ဦးမျှသာ ဖြစ် ။

ကျွန်တော်တို့ ခင်ဗျားတို့
ကိုယ်စီကိုယ်စီ မွေးဖွားကြီးပြင်းလာခဲ့ကြ
အခြေအနေ?
မိမိဘ၀ကို မိမိကိုယ်တိုင်ကသာ ပြဌာန်းနိုင် ။

ညိုကြီး
(၁၃၊ ၂၊ ၁၃)

================
ပြက္ခဒိန်ကို ဒီနေရာက ယူပါတယ်
http://tandemantiques.com/wp-content/uploads/2010/02/calendar3.jpg

Valentine's Day and Burma (Myanmar)

“...သေချာပါတယ်..အဲ့ဒီနေ့မှာ...“

သေချာပါတယ် အဲ့ဒီနေ့မှာ . . .
ပစ္စည်းတစ်ခုနဲ့ လာဘ်ထိုးကြမယ်
ဘ၀တစ်ခုကို အလဲအထပ်လုပ်ကြမယ်
မွတ်သိပ်မှုတွေ အစွမ်းကုန်ပွင့်ထွက်ကြမယ်
ရမ္မက်ခိုးတွေ အလျှံတငြီးငြီး တောက်လောင်နေမယ်
နာကျင်မှုတွေကို ရယ်သံအုပ်အုပ်ဖြင့် ဖုန်းကွယ်ကြမယ်
နှိပ်စက်သူရဲ့လက်ကို အနမ်းမိုး အကြိမ်ကြိမ် ရွာချကြမယ်

သေချာပါတယ် အဲ့ဒီနေ့မှာ . . .
ဘီယာဆိုင်တွေမှာ လူစည်နေမယ်
အရက်ဆိုင်တွေ ရောင်းကောင်းမယ်
ရုပ်ရှင်ရုံတွေမှာ ပြည့်သိပ်နေမယ်
ကေတီဗွီတွေမှာ ဘိုကင်ပြည့်နေမယ်
ဟော်တယ်လ်တွေမှာ အခန်းတွေကုန်နေမယ်

သေချာပါတယ် အဲ့ဒီနေ့မှာ...
အဖူးအငုံတွေ အစွမ်းကုန်ပွင့်ကားပြမယ်
လမ်းမတိုင်းဟာ စည်ကားနေမယ်
ပါတ်ဝန်းကျင်တိုင်ဟာ ဆူညံနေမယ်
ကျုံးဘေးမှာ ပွက်လောရိုက်နေမယ်
ကူညီပါရစေ..တွေ ဆန္ဒပြည့်လိမ့်မယ်
အိုပီတီမှာ အလုပ်တွေရှုပ်နေလိမ့်မယ်
သေချာပါတယ်...မန္တလေးမြို့ကြီးလည်း
အိပ်ရေးပျက်ပါလိမ့်မယ်

သေချာပါတယ် အဲ့ဒီနေ့မှာ. . .
. . . . . .
. . . . . .
အိပ်နှင့်ပါ အန်ကယ်လ်
အဲ့ဒီနေ့မှာ ခင်ဗျားသမီး အိမ်ပြန်နောက်ကြပါလိမ့်မယ်။

(Valentine's Day ကို ကြိုဆိုသာအားဖြင့်)

Jonathan Mms
Feb. 9. 2013

07 February 2013

မင်းသားတွေက ကိုယ့်နေရာကိုယ် မနေကြတော့ဘူး ~ ဧရာ


" မင်းသားတွေက ကိုယ့်နေရာကိုယ် မနေကြတော့ဘူး "

ဧရာ

8 DAYS A WEEK အနုပညာဂျာနယ်
၁ - ၈ ဖေဖော်ဝါရီ ၂၀၁၃

03 February 2013

သန်းရွှေ အသုဘမှာ က ကြစို့

" သန်းရွှေ အသုဘမှာ က ကြစို့ "

သန်းရွှေကြီးဟာ သတိလစ်မေ့မျော (Coma) ရနေတယ်လို့ 
နီးစပ်ရာအသိုင်းအ၀ိုင်းတစ်ခုက ဆိုတယ်
နေပြည်တော်တပ်ထဲမှာ သူ့ကို ထား ထားတယ် ထင်ရတာပဲ
သန်းရွှေ သေရင် အဲဒီနေ့မှာ
ပြည်လုံးကျွတ် ဆိုင်းတီးပြီး
က ပစ်လိုက်ကြစို့။

သို့ပေမင့်...
ခုကတည်းက က ချင်ရင်လည်း က လို့ရနေပါပြီ
သေတာကို သူတို့
ချက်ချင်း သတင်းထုတ်ပြန်မှာ မဟုတ်ဘူးလို့ ထင်တယ်
က ထားပါ
ဒါမှမဟုတ် သတင်း စ ကြား ကြားရချင်း
က ပါ။

Nyo Gyi

3.Feb.2013

30 January 2013

သတင်းပေးသူအား လုံးဝလျှို့ဝှက်ထားရန် တာဝန်ယူပါသည်


(သတင်းပေးသူအား လုံးဝလျှို့ဝှက်ထားရန် တာဝန်ယူပါသည်)
ဂီတကိုချစ်လျှင် ကူညီပါ

17 January 2013

A Myanmar Local Journal published U Than Shwe and U Maung Aye Photo with their regime faults



"စစ်အစိုးရအုပ်ချုပ်မှုအောက်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု ပျက်ပြားခဲ့ရ"

စောင့်ကြည့်သတင်းဂျာနယ် မျက်နှာဖုံးပါ သတင်းတစ်ပုဒ်
အတွဲ(၇)၊ အမှတ်(၇၇)၊ ၂၅-၁၂-၂၀၁၂၊ အင်္ဂါ

(မှတ်ချက်။
စောင့်ကြည့်သတင်းဂျာနယ်သည် ပြည်တွင်းတွင် ထုတ်ဝေဖြန့်ချိနေသော ဂျာနယ်တစ်စောင်ဖြစ်ပြီး စစ်အစိုးရအုပ်ချုပ်မှုကာလ ညံ့ဖျင်းမှုများအကြောင်းကို ဦးသန်းရွှေနှင့် ဦးမောင်အေးတို့၏ ဓာတ်ပုံနှင့်တွဲလျက် ယခုကဲ့သို့ ပုံနှိပ်ဖော်ပြခဲ့ခြင်းသည် ပြည်တွင်းထုတ်ဂျာနယ်များတွင် ပထမဦးဆုံး ဂျာနယ်ဖြစ်လာဖွယ်ရှိသည်။

ညိုကြီး)

11 January 2013

တကယ်တော့ ဦးကို ပိုင်တာ မီးပါ ဦးရယ်...


 "တကယ်တော့ ဦးကို ပိုင်တာ မီးပါ ဦးရယ်..."

ခင်ဗျားတို့က "ဦး" ကို "ပိုင်" တယ်လို့ ထင်နေတာကိုးဗျ။
တကယ်တော့ ဘယ်သူက ဘယ်သူ့  ကိုများ ပိုင်တာရှိလို့လဲ?
အိမ်သာချင်းကွာပေမဲ့ အိမ်သာတက်ရင် လူတိုင်း ဖင်လှန်ရတယ်။
(ပုဆိုး/ဘောင်းဘီထဲ ပါချသူများမှလွဲ၍)။
စားတဲ့အစားချင်း ကွာပေမဲ့ ထမင်းစားရင် လူတိုင်းရဲ့  အစာဟာ အဲဒီလူတိုင်းရဲ့  အူလမ်းကြောင်းတစ်ခုခုကို ဖြတ်ရတယ်။
(အစာမစားနိုင်၍ သွေးကြောမှတစ်ဆင့် ဓာတ်စာဖြည့်သွင်းရသူများမှ လွဲ၍)။
လူတိုင်းဟာ သန္ဓေတည်တဲ့အခါ ဖို+မ ဗီဇများ ပေါင်းစပ်ပြီးမှသာ လူဖြစ်ရတယ်။
လူတိုင်းဟာ သေရင် သေတာပဲ။

ကမ္ဘာပေါ်မှာ လူသား သန်း (၇)ထောင်ပြည့်ခဲ့ပြီတဲ့။ "လူအမျိုးမျိုး စိတ်အထွေထွေ" ဆိုတဲ့ စကား ဘယ်နားမှာမှ သွားထား၍ မရပါ။ အဲတော့ စိတ်အချင်းချင်း ရန်ဖြစ်ကြ။ လူအချင်းချင်း ရန်ဖြစ်ကြ။ အားကြီးသူက အားနည်းသူကို အနိုင်ယူကြ။ ထွေရာလေးပါး ပြောကြ။ တောင်းပန်ကြ။ ချစ်ကြ။ မချစ်ကြ။ ချဉ်ကြ။ မချဉ်ကြ။ ငိုကြ။ ယိုကြ။ ယိုသူမရှက် မြင်သူရှက်ကြ။ သေကြ၊ ကြေကြ။ ရှင်ကြ။ ဆန့်တငင်ငင်ဖြစ်ကြ။ အရေပြားတွေ မီးလောင်ကြ။ ရေနစ်ကြ၊ ဓာတ်လိုက်ကြ။ စေ့စပ်ကြ။ လက်ထပ်ကြ။ လမ်းခွဲကြ။ ချောင်ပိတ်ကြ။ နားရွက်ကို တံတွေးစွတ်ကြ။ အလံတွေ ထွင်ကြ။ အလံရှူးတွေ ဖြစ်ကြ။ သတင်းတွေ ပေးကြ။ တိုက်ပွဲဝင်ကြ။ လိုက်ပွဲဆင်ကြ။ အမှန်တရား (၇)ထောင်၊ အမှားတရား (၇)ထောင်အကြားမှာ ဗျာများကြ။ ကောင်းလိုက်ကြ။ မကောင်းလိုက်ကြ။ ဟာသတွေ လုပ်ကြ။ ပြီးတော့ ငိုနေပြန်ကြ။ ဖာသိဖာသာ နေကြ။ ကိုးကွယ်ကြ။ မကိုးကွယ်ကြ။ သင်္ချာတွေ တွက်ကြ။ ပထ၀ီတွေ ကျက်ကြ။ သမိုင်းတွေ မှိုင်းကြ။ ရိုင်းတဲ့အခါရိုင်း။ ယဉ်တဲ့အခါ ယဉ်။ တီထွင်ကြ။ ဖျက်ဆီးကြ။ ခံစားကြ။ စံစားကြ။ တန်ကြေးဖြတ်ကြ။ အလကားပေးကြ။ မူးတဲ့အခါ မူး၊ ရှူးတဲ့ အခါ ရှူး။ တိုးတဲ့ အခါ တိုးကြ။ ကျယ်တဲ့အခါ ကျယ်ကြ။ ငယ်တဲ့ အခါ ငယ်ကြ။ ကြီးတဲ့ အခါ ကြီးကြ။ ကေတီဗွီမှာ သီချင်းဆိုကြ။ မမာလည်း ဆတ်၊ မာလည်း ဆတ်ကြ။ လူအချင်းချင်း ငွေပေး ၀ယ်ကြ။ ကမ္ဘာပတ်ကြ။ စကြ၀ဠာပတ်ကြ။ "လ" ဆီ လည်ကြ။ ဂြိုဟ်တွေ ရှာကြ။ ဂျိုတွေ ထွက်ကြ။ ခွေ့ ကြ။ ခွေကြ။ မိဘကို ချစ်ကြ။ မိဘကို တရားစွဲကြ။ ကလေးမွေးကြ။ ကလေးပေးကြ။ ရှုပ်သလိုလိုနဲ့ ရှင်းကြ။ ရှင်းသလိုလိုနဲ့ ရှုပ်ကြ။ ကောက်ရိုးတစ်မျှင်မှာ အသက်ငင်ကြ။ လထဲမှာ ၀ါးလုံးခေါင်းသာကြ။ ကျော်ကြားကြ။ အကြော်ခံကြ။ အနာတွေရင်းကြ။ ယင်းထကြ။ သင်းကွပ်ကြ။ စော်ကားကြ။ ရောင်းဝယ်ခြင်းကို ၀ယ်ကြ။ လှီးဖြတ်ကြ။ အမြီးနန့်ကြ။ ပြင်းထန်ကြ။ နူးညံ့ကြ။ အမိန့်ပေးကြ။ အမိန့်ပေးခံကြ။ လွယ်ကြ။ မလွယ်ကြ။ အတောသတ်ကြ။ အတောမသတ်ကြ။ လူတွေအန်ကြ။ ငှက်အန်ဖတ်ကို လူတွေ ပြန်စားကြ။ သမင်စားရင်း ကျားမွေးကြ။

ကဲ တော်သေးပြီ ...
မြန်မာ ဘောလုံးပွဲ ကြည့်ရဦးမယ်။ ရေးလို့ရတဲ့ အခါ ထပ်ရေးတာပေါ့ဗျာ။

တကယ်တော့ ဦးလည်း ဦးကို မပိုင်ဘူး။ မီးလည်း မီးကို မပိုင်ဘူး။ မီးကို ပိုင်တာ ဦးပါ မီးရယ်။ ဦးကိုပိုင်တာလည်း မီးပါ ဦးရယ်...။

ညိုကြီး

ည ၇ နာရီ ငါ့ဆယ့်သုံး
၃၀၊ နိုဝင်ဘာ၊ ၂၀၁၂
======================
http://www.kaungkin.com/index.php?option=com_content&view=article&id=930:eassy&catid=42:2009-04-17-01-31-38&Itemid=62 
တွင် ဖော်ပြခဲ့သော ကျွန်တော့် စာတစ်ပုဒ်ပါ။

29 December 2012

အဓိက ကတော့ စနစ်ပဲ

" အဓိက ကတော့ စနစ်ပဲ "

ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ မီဒီယာ၊ တပ်မတော်၊ ရဲ၊ NGO၊ ၀န်ထမ်း၊ ပုဂ္ဂလိကလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်း...စသဖြင့်။

ဘယ်လောကမှာဖြစ်ဖြစ် စုန်းပြူးတို့၊ ငခုံးမတို့ဆိုတာ ရှိနေတာပဲ။ စုန်းပြူးကို ဖော်ထုတ်ဖို့၊ ငခုံးမကို ကုန်းပေါ်ပစ်တင်နိုင်ဖို့သာ လိုရင်းပဲ။ စုန်းမပြူးနိုင်အောင်၊ ငခုံး မ,မ နိုင်အောင် တရားဥပဒေရေးရာ ခိုင်မာတိကျရမယ်။ စီမံခန့်ခွဲမှုရေးရာ အားကောင်းရမယ်။ တန်အောင်ခိုင်းချင်ရင် ၀ အောင် ကျွေးထားဖို့ လိုမယ်။

အဓိက ကတော့ စနစ်ပဲ။ စနစ် မသေချာရင် အချစ်ဆိုတာမှာတောင် 'အတု' ပဲ သင်တို့ရရှိလိမ့်မယ်။

ညိုကြီး

21 December 2012

354 Days left to 27th SEA Games in Myanmar, 2013


၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာနိုင်ငံ၌ ကျင်းပရန် ၃၅၄ ရက်သာ လိုပါတော့သည်။

www.mmseagames2013.com

18 December 2012

MTV EXIT Live in Myanmar


လူကုန်ကူးမှု အရေးပေါ် ဖုန်းနံပါတ်

09 49 555 999

If you see something suspicious,

12 December 2012

ပြောင်းနည်းအမျိုးမျိုး ရှိလေသတတ်


"ပြောင်း"

ပြောင်းနည်းအမျိုးမျိုးရှိလေသတတ်။
ကမ္ဘာပေါ်မှာ ဘယ်သူနဲ့မှ မတူအောင် ပြောင်းမှာလား
သိမ်မွေ့  ညင်သာစွာ ပြောင်းမှာလား
မသိလိုက် မသိဖာသာ ပြောင်းမှာလား
အလိုလိုနေရင်း ပြောင်းမှာလား
စမန်တက်ရင်း ပြောင်းမှာလား
ပြောင်းဖူးလို ပြောင်းမှာလား
ပြောင်းဝလို ပြောင်းမှာလား
တဖြောင်းဖြောင်းနေအောင် ပြောင်းမှာလား
ကျွန်တော်တို့ရဲ့  အပြောင်းအလဲဟာ ဘယ်သူနဲ့မှ မတူပါဘူးတဲ့
ဟတ်လား
ဟစ်တလာက ခြောက်သန်း သတ်တယ်ပြောကြတာပဲ
သန်းခြောက်ဆယ်အသတ်ခံရတာ ဘယ်သူမှ မသိခဲ့ မခံစားခဲ့ရပါဘူး
ကိုယ့်တာကို ကိုယ်ပဲသိပါတယ်
ပညာမတတ် အသိဥာဏ်နည်းတဲ့
ကျုပ်တို့လို လူတွေအပေါ် ချ/ခြစားပြီး လူပြန်လုပ်နေရတာ
ခင်ဗျားတို့ မငြီးငွေ့  သေးဘူးလားဗျာ
ချိန်ခွင်လျှာဆိုတာကြီးကိုလည်း မုန်းလှပါပြီ
အစွဲ၊ ၀ါဒ၊ မှိုင်းဆိုတာကြီးတွေကိုလည်း မုန်းလှပါပြီ
စနစ်တကျ ဖျက်စီးသူတွေအောက်မှာ စနစ်တကျအပျက်စီးခံခဲ့ကြရ
ဘ၀တွေ...။

ဟေ့လူတွေ !
တကယ်ပြောင်းချင်တာလား
ကြားဖူးနေကြ ရစ်သမ်အတိုင်းပြောရရင်
တကယ်ပြောင်းချင် တကယ်ပြောင်း
အဟုတ်ပြောင်းရမည်သာပဲပေါ့
အဟက်ဟက် ။        ။

စည်းကမ်းပြည့်ဝရုံသာမက ခေတ်မီတိုးတက်ပြီး လန်ပြန်ကန်ထွက်လောက်အောင် တိုင်းပြည်ကို ချစ်လှပါသော သာမန်တွေထဲက သာမန်ပြည်သူတစ်ဦးဖြစ်သည့်

ညိုကြီး

(မှတ်ချက်။  "ပညာမတတ် အသိဥာဏ်နည်းတဲ့" စကားလုံး Credit to အရိုး+ဓီရာမိုရ်)