15 November 2008

Impolite Police of Burma?

`` ရန်ကုန်တိုင်းတွင် စားခွက်လုကြသော ရဲများ ´´
၈၈ ကျောင်းသားဟောင်း

( ၁၃ . ၁၁ . ၂၀၀၈ ) ရက်နေထုတ် စစ်အစိုးရရဲ့ အူကြောင်ကြောင် သတင်းစာ တစ်စောင်ဖြစ်တဲ့ မြန်မာအလင်းအတင်းစာ စာမျက်နှာ ( ၇ ) မှာ ရန်ကုန်တိုင်း ကရဲတပ်ဖွဲ့ အချင်းချင်း စားခွက်လုကြရင်းနဲ့ ပြည်သူတွေ မြေစာပင်ဖြစ်သွားရရှာတဲ့ သတင်းလေး တစ်ပုဒ်ကို ဖတ်ကြည့်ရင်းက ထိုအဖြစ်အပျက်ရဲ့ အမှန်ဖြစ်ရပ်လေးကို ပြည်သူတွေ အမှန် အတိုင်းသိရှိအောင်ဖော်ပြပေးလိုက်တာပါ။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးလက်အောက်မှာ ဒုစရိုက်နှိမ်နှင်းရေးဌာနစုဆိုတဲ့ ဌာန တစ်ခုရှိပါတယ်။ ထိုဒုစရိုက်နှိမ်နှင်းရေးဌာနစု ဟာ ရန်ကုန်တိုင်းအတွင်းမှာ အရမ်းကို လက်စွမ်းထက်တဲ့ ( အတောင်းကြမ်းတဲ့ ) ဌာနတစ်ခုပါ။ ထို ထိုဒုစရိုက်နှိမ်နှင်းရေးဌာနစု ကို ရောက်ဖို့အတွက် ဒုရဲအုပ် တစ်ယောက်ဟာ တိုင်းရဲတပ်ဖွဲ့ မှူးကို အနည်းဆုံး သိန်း သုံးဆယ်နဲ့ ဌာနစုမှူး ရဲအုပ်-မြင့်သောင်း ကို ဆယ်သိန်း ပေးမှ ထိုဌာန ကိုရောက် ရတာပါ။ ထိုဒုစရိုက်နှိမ်နှင်းရေးဌာနစုဟာ ရန်ကုန်တိုင်း မှာရှိတဲ့ ယာဉ်ထိန်းတွေထက် ပိုက်ဆံပိုရတဲ့ ဌာနပါ။

အဲဒီလို ပိုက်ဆံတွေရင်းပြီးရောက်ရတဲ့ ဒုရဲအုပ်ကစလိုအဲဒီဒုစရိုက်နှိမ်နှင်းရေးဌာနစု က ၀န်ထမ်းတွေဟာ မိမိတို့ကုန်ထားတဲ့ ပိုက်ဆံတွေ ပြန်ရဖို့အတွက် မသမာတဲ့ နည်းတွေ ကိုသုံး/ခြိမ်းခြောက်ပြီး ငွေရှာနေကြတာပါ။ ဒါ့အပြင် ဒုစရိုက်နှိမ်နှင်းရေးဌာနစု က လူတွေက အပိုင်မြို့နယ်ရဲစခန်းက ရဲတွေရဲ့စားကွက် တွေကို လိုက်လုရင်းက ကြားထဲက ခံသွားရတာက ပြည်သူတွေပါ။ တကယ်တော့ ကိုကျော်တင့်တို့က ဖမ်းမိတဲ့ မီးပန်းတွေကို ရှန်ဟိုင်းကုန်တိုက်နားမှာ ရောင်းဖို့ ယူလာတာပါ။ အဲဒီ မီးပန်းတွေ ရောင်းဖို့အတွက် ရှန်ဟိုင်း ကုန်တိုက်နားမှာ မီးပန်းရောင်းတဲ့ လူတွေ ပေါင်းပြီး လသာရဲစခန်းနဲ့ လမ်းမတော် ရဲစခန်းက ရဲစခန်းမှူးတွေကို ( ၃ ) သိန်း ၊ အပိုင်နယ်ထိန်းတွေကို ( ၅ ) သောင်း၊ အပိုင်နယ်မြေ ရဲကင်းကို ( ၃ ) သောင်းနဲ့ အပိုင်ရပ်ကွက်ရုံးတွေကို ( ၃ ) သောင်းစီ ပေးပြီးမှ ရောင်းရ တာပါ။

အဲဒီလို ပိုက်ဆံတွေပေးပြီး မီးပန်းတွေရောင်းနေတာကို သိတဲ့ ဒုစရိုက်နှိမ်နှင်းရေး ဌာနစုက နယ်မြေတာဝန်ခံက သူတို့ကိုလည်း လိုင်းကြေး ( ၃ ) သိန်းတောင်းပေးဖို့ပြော တာကို အပိုင်နယ်ထိန်းက မတောင်းပေးတဲ့ အတွက် ကိုကျော်တင့် ၊ ကိုစိန်သန်း နဲ့ မမိုးမိုးခိုင် စတဲ့ လူတွေကို ဒ/န က အစမ်းဖမ်းပြလိုက်တာပါ။ အဲဒါမှ ကျန်တဲ့ လူတွေက ပေါင်းပြီး ဒ/န က နယ်မြေတာဝန်ခံကို အပိုင်နယ်ထိန်းကတဆင့် ( ၃ ) သိန်းပေး လိုက်ရ ပါတယ်။ အဲဒီလိုတောင်းတဲ့ ပိုက်ဆံပေးလိုက်တဲ့အတွက် ကျန်တဲ့လူတွေကတော့ ရှန်ဟိုင်းကုန်တိုက်နားမှာ အေးအေးဆေးဆေး ရောင်းခွင့်ရသွားကြပါတယ်။ဒီအဖြစ်အပျက်ကို မသိတဲ့ ဒ/နက ဌာနစုမှူး ရဲအုပ်-မြင့်သောင်း က မျက်နှာ လိုချင်တာနဲ့ တိုင်းရဲတပ်ဖွဲ့မှူးကို သတင်းပို့ရာက ဆင့်ကဲဆင့်ကဲ ထိုသတင်းက အူကြောင်ကြောင် မြန်မာအလင်းအတင်းစာ ထဲမှာ မှုခင်းသတင်းအနေနဲ့ပါလာရတာပါ။

ထိုအပေါ်က အဖြစ်အပျက်လိုမျိုး လှိုင်သာယာမြို့နယ်မှာလဲ ဖြစ်သွားသေးပါတယ်။ ဒါပေမဲ့ လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူး - ဒုတိယရဲမှူး - ခင်မောင်စိန် နဲ့ စခန်းမှူး ရဲအုပ် - ၀င်းထွန်း တို့ က အထူအပါး နားလည်စွာနဲ့ ဒ/န အဖွဲ့ကို တောင်းတဲ့ ပိုက်ဆံ ပေးလိုက် တဲ့အတွက် ထိုသတင်းကတော့ မြန်မာအလင်းအတင်းစာ ထဲမပါလာရတာပါ။ ဒီလို အေးအေး ဆေးဆေး ပြီးသွားပေမဲ့ ကာယကံရှင်ကတော့ အိမ်ကို သိန်း ( ၃၀ ) နဲ့ ပေါင်လိုက်ရတဲ့ အဖြစ်ရောက်သွားပါတယ်။

ထို့ကြောင့် ပြည်သူများအနေနဲ့ ရဲ ကိုလိုင်းကြေးပေးပြီးပြီ ဆိုပြီး မပေါ့ကြပါနဲ့။

ပြည်သူတွေကို လေးစားလျက်
၈၈ ကျောင်းသားဟောင်း

[ Ref: http://www.myanmar.com/newspaper/myanmarahlin/Nov13.pdf ]

14 November 2008

FREE OUR INTERNET HERO OF BURMA !!!

စစ်အဆိုးရ၏ မတရားသဖြင့်ဖမ်းဆီးခြင်းခံခဲ့ရကာ
ထောင်ဒဏ်နှစ်(၂၀)ကျော် မတရားသဖြင့်ချမှတ်ထားခြင်းခံရသော
အင်တာနက်သူရဲကောင်း ရဲဘော်ကြီး နေဘုန်းလတ် အား ချက်ချင်းလွှတ်ပေးရန် ၀ိုင်းဝန်းအရေးဆိုကြစို့ !!!


GUNS ABOVE THE LAW (picture)

စစ်အဆိုးရလက်ထက်
တရားမျှတမှု၊ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေး


(၈၈ ကျောင်းသားဟောင်းမှ ပေးပို့သည်)

11 November 2008

GUNS ABOVE THE LAW

`` စစ်အစိုးရလက်ထက် (မ) တရားစီရင်ရေး ´´

၈၈ ကျောင်းသားဟောင်း


(Article Photo from- http://libpweb.nus.edu.sg/llb/g/gavel.jpg)


လူတိုင်းသိပြီးသားဖြစ်တဲ့ ဓါတ်ပြားဟောင်းကြီးဖွင့်ရမှာ အားနာပေမဲ့ ယိုသူမရှက် မြင်သူရှက်ရတဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးဟာ တရားမျှတမှု မရှိဘူးဆိုတာ ၈လေးလုံးမျိုးဆက်ခေါင်းဆောင် (၁၄)ဦး ၊ ဘလော့ဂါ မောင်နေဘုန်းလတ် ၊ ရှေ့နေတွေနဲ့ အယ်ဒီတာတွေကို ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့တဲ့ လုပ်ရပ်တွေက သက်သေခံ နေပါတယ်။

တကယ်တော့ တရားသူကြီးဆိုတာတွေကလည်း ဘာအရည်အချင်းမှ ရှိတဲ့လူတွေ မဟုတ်ပါဘူး ။ တရားသူကြီးရာထူးရဖို့ အနည်းဆုံး သိန်းသုံးဆယ်လောက်ပေးထားရ တာဆိုတော့ နီးရာဓါး ကြောက်ရတာပေါ့ ။ ဒုမြို့နယ်တရားသူကြီးကစလို့ တရားသူ ကြီးချုပ် အထိ သူတော်ကောင်း တစ်ယောက်မှ မရှိဘူး ။ သူတို့ကတော့ ဥပဒေအတိုင်း လုပ်တာလို့ပြောမှာပဲ ။ သူတို့လက်ကိုင်ပြုနေတဲ့ ရာဇသတ်ကြီး ထဲမှာ ပြစ်မှုတော်တော် များများ ကို အမိန့်ချဖို့အတွက် အနည်းဆုံးကငွေဒဏ် ၊ အများဆုံးက ထောင်ဒဏ် ဆိုပြီး ချမှတ် ပေးထားတယ်။အမှန်ကတော့ ပြည်သူတွေကို စာနာစိတ်နဲ့ အပြစ်ပေးလို့ရ အောင်ပါ။ အခုတော့ တရားသူကြီးတွေက ရာဇသတ်ကြီးကို လုပ်စားနေကြတယ်။ ပြစ်ဒဏ် အနည်းဆုံးချမှတ်ရာမှာ သူတို့ကိုပေးတဲ့ ပိုက်ဆံပေါ် မူတည်ပြီး ပေးတာများရင် အနည်းဆုံးပြစ်ဒဏ် ၊ ပိုက်ဆံပေးတာနည်းရင် အများဆုံးပြစ်ဒဏ် ချပစ်ကြတယ်။ နိုင်ငံရေး သမားတွေကျတော့ သန်းရွှေမျက်နှာကြည့်ပြီး ချချင်သလိုချပြစ်ကြတယ်။ နိုင်ငံရေးအကျဉ်းသားများ၏ အမှုများကို ဥပဒေအကျိုးဆောင်ပေးနေသော ရန်ကုန်မြို့မှ ရှေ့နေများဖြစ်သည့် ဦးအောင်သိန်းနှင့် ဦးခင်မောင်ရှိန်တို့ ခမျာ နိုင်ငံရေးအကျဉ်းသားများ၏ အမှုများကို လိုက်ပေးတဲ့ အတွက် အမြင်ကတ် ပုဒ်မနဲ့ ထောင်ချခံရတယ်။

တရားသူကြီးတွေနဲ့ ပင်းပြီး လုပ်စားနေတဲ့ ရှေ့နေတွေကျတော့ နေရာတကာမှာ ထောင်ထောင်နဲ့ တရားခွင်ထဲမှာ ဖုန်းမပြောရတာကို တောင် ဂရုမစိုက်ဘဲ တရားစီရင်နေတုန်း ဖုန်းပြောတာ တွေဟာ တရားရုံး ကို မထီမဲ့မြင် ပြုတာမဟုတ်ဘူးလား။ သူတို့ကိုတော့ တရားစွဲဖို့နေနေသာသာ အသံမာမာတောင် မပြောရဲ ပါဘူး။ အဲဒီရှေ့နေတွေကလဲ ဘယ်လောက်ထိ ပေါက်ရောက် သလဲဆိုရင် ပုဒ်မတောင် သူတို့လက်ထဲမှာ အမျိုးမျိုး ပြောင်းပြစ်လို့ရတယ်။ သူတို့က ဘယ်သူတွေလဲဆိုတော့ တရားသူကြီးချုပ် ဦးအောင်တိုးရဲ့ တူမ အဖွဲ့တွေ ဖြစ်တယ်။ တူမတောင် ဒီလောက်လုပ်လို့ရရင် ကျန်တဲ့ အကောင်ကြီးတွေရဲ့သားသမီးတွေဆို ဘယ်လောက်ပေါက်သလဲဆိုရင် စဉ်းစားကြည့်ပါ။

နိုင်ငံရေးလုပ်နေတဲ့ ကျောင်းသားတွေ နဲ့ နိုင်ငံရေးအကျဉ်းသားများ၏ အမှုများကို ဥပဒေအကျိုး ဆောင်ပေး နေတဲ့ ရှေ့နေတွေက ဘာသာ၊ သာသနာကို မစော်ကားဘူး ၊ ဘယ်သူ့အသက်အိုးအိမ် ၊ စည်းစိမ်ကိုမှ ဖျက်စီးခဲ့တာမရှိပါဘူး၊ ထောင်ဒဏ်တွေ အများကြီးချခံရတယ်ဆိုတာ အနိုင်ကျင့်ခံရတာပါ။ ဒါ စစ်အစိုးရအနေနဲ့ မတရားတဲ့ လုပ်ရပ်ကို လုပ်တာပါ။

နိုင်ငံရေးသမားတွေကို ဘယ်သူကမှလဲ မကယ်နိုင်ပါဘူး၊ ထွက်ပေါက်ရှာစရာလမ်းကလည်း မသေမချာနဲ့ ကျိန်းသေတာ တစ်ခုကတော့ ဘုရားသာ များများ ရှိခိုးကြပါ ။ လောကမှာ တရားကို စောင့်တဲ့ နတ်တွေရှိပါသေးတယ်။ လူတစ်ယောက်ရဲ့ ကံကို တစ်စုံတစ်ယောက်က အနိုင်ကျင့်ပြီးပြောင်းလဲရင် အလွန် ဆုံးရ တစ်ယောက်နှစ်ယောက်ပေါ့ဗျာ။ ကျန်တဲ့ လူတွေရဲ့ ကံတွေလဲရှိပါသေးတယ်။မကြာတော့ တဲ့ ကာလမှာ စစ်အစိုးရက လူတွေ မြေမြိုမဲ့နေ့ရောက်လာတော့မှာပါ။


(မှတ်ချက်။ ။ ဖော်ပြပါ ပုဒ်မ ၂၂၈ မှာ ပြဌာန်းထားတဲ့ အချက်တွေကိုကြည့်ရင် စစ်အစိုးရက နိုင်ငံရေးသမား တွေကို ဘယ်လောက်မုန်းတီးပြီး အနိုင်ကျင့်တယ်ဆိုတာ သိနိုင်ပါတယ်။)

၈၈ ကျောင်းသားဟောင်း



09 November 2008

TRUE LOVE FOR NARGIS SUFFERERS

စာပေအနုပညာရှင်များ၊ စာအုပ်လုပ်ငန်းရှင်များနှင့် မိတ်ဆွေများက
မူလတန်းကျောင်း ဆောက်လုပ်လှူဒါန်းမည်

မေ ၂- ၃၊ ၂၀၀၈ ရက်များက တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်းအတွင်း စာသင်ကျောင်းအမြောက်အမြား ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒီကျောင်းတွေထဲမှာ ဖျာပုံမြို့နယ် ဖျာပုံ-ဘိုကလေးကားလမ်းဘေးက ကျုံကူတူးမြောင်း မူလတန်းကျောင်းကလေးလည်း အပါအ၀င် ဖြစ်ပါတယ်။
ရန်ကုန်နဲ့ မန္တလေး စာပေမိသားစုများ ပူးပေါင်းထားတဲ့ “စာပေအနုပညာရှင်များ၊ စာအုပ်လုပ်ငန်းရှင်များနှင့် မိတ်ဆွေများ၏ လေဘေးသင့် ပြည်သူများအတွက် ကူညီလှူဒါန်းရေးအဖွဲ့ (ရန်ကုန် နှင့် မန္တလေး)” က ကျုံကူတူးမြောင်း မူလတန်းကျောင်းကလေးကို ပြန်လည် ဆောက်လုပ်ပေးမှာ ဖြစ်ပါတယ်။ ၄ စက်တင်ဘာ ၂၀၀၈ ရက်က အုတ်မြစ်ချ အခမ်းအနား ကျင်းပကာ စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။
(မြန်မာသစ် ရသစုံမဂ္ဂဇင်း၊ အမှတ် (၂)၊ နိုဝင်ဘာ၊ ၂၀၀၈ မှ သတင်းစာသားရယူပါသည်)

ဆက်သွယ်လှူဒါန်းရန် လိပ်စာများ
ဦးမျိုးညွန့်၊ စာပေလောက စာအုပ်တိုက်၊ ဖုန်း -၃၈၈၁၆၉
ဦးရဲမြင့်၊ သရဖူမဂ္ဂဇင်း၊ ဖုန်း -၃၈၃၀၂၅၊ ၃၉၁၆၃၃
ဦးဝင်းချို၊ ဓူဝံစာအုပ်တိုက်၊ ဖုန်း -၇၀၆၀၅၅၊ ၀၉၈၀၂၂၂၉၃
-----------------------------------------------------------------------------------------------------------------

စတိုင်သစ် မဂ္ဂဇင်း <အမှတ်(၁)၊ နိုဝင်ဘာ၊ ၂၀၀၈> ထဲက “စာနာမှု နိဒါန်း” ဆောင်းပါးကိုလည်း ဖတ်စေချင်ပါသည်



-----------------------------------------------------------------------------------------------------------------

ဆောက်လုပ်လှူမည့် မူလတန်းကျောင်းပုံစံနှင့် အလှူခံဖြတ်ပိုင်းကိုလည်း ဖော်ပြပေးလိုက်ပါသည်




06 November 2008

Cars of BURMA (poem)

လူကြီးများဖတ်ဖို့ သင်ပုန်းကြီး
ယမထာ


ကားကြီးကားငယ် အသွယ်သွယ်
တရုတ်ကုလား စီးကြတယ်
တစ်စီးရယ်နှစ်စီးရယ် တွေ့သော်ငြား
အလို ဗိုလ်ကြီးတို့ပါလား
စာတန်းကြီးများပါလျှင်
ဘုန်းတော်ကြီးများပင်
မယုံလျှင် ကြည့်ပါဘိ
ဗြဟ္မစိုရ်ကားများလည်းရှိ ။ ။

ယမထာ

01 November 2008

Do you fail to remember NARGIS VICTIMS?

ခြောက်လပြည့် နာဂစ် (သို့မဟုတ်)
မပြီးဆုံးသေးသော ပန်ချီကား


(PAGE 1)


(PAGE 2)


(ရရှိထားသော နာဂစ်ကယ်ဆယ်ရေးနှိုးဆော်လွှာအား ပြန်လည် ဖြန့်ဝေပါသည်)
--------------------------------------------------------------------------------------------------------------------------

ဝါတွင်းကာလ ကင်းလွတ်ပြီဖြစ်သဖြင့် နာဂစ်ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီမည့် ဆရာတော်များဦးဆောင်သည့် နာဂစ်လေဘေးကူညီရေးအဖွဲ့များလည်း
ပြန်လည်အသက်ဝင်လာပြီဖြစ်ပါသဖြင့်
ဆရာတော်၊ သံဃာတော်များဦးဆောင်သည့် နာဂစ်လေဘေး ကူညီထောက်ပံ့ရေးအဖွဲ့အစည်များထံသို့
နာဂစ်ဒုက္ခသည်များအတွက် ကူညီမှုများ ဆက်လက် ပေးပို့ကြပါရန်
ကရုဏာတရား ရှေ့ထား၍ နှိုးဆော်အပ်ပါသည်။

GOOD TO READ

ဧရာဝတီ အင်တာနက် မဂ္ဂဇင်း မှ ဖတ်စဖွယ် ဆောင်းပါးများ

(Click and Read)

31 October 2008

AUNG SAN POEM

ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏ ညွတ်ကားမညွတ်
--------------------------------------------------------------

29 October 2008

DON'T FORGET OUR BLOODY SEPTEMBER !

ပဲခူးမြို့  ကြခတ်ဝိုင်း ပရိယတ္တိစာသင်တိုက်ကို
စစ်အဆိုးရမှ မဟာဘုံကထိန်သင်္ကန်း ကပ်လှူ
(၂၇၊ အောက်တိုဘာ၊ ၂၀၀၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ)

------------------------------------------------------------------------------------------------------------------------------

ဆက်စပ်သတင်း (ဒီဗွီဘီသတင်းဌာန)

ကြခတ်ဝိုင်းဆရာတော်အပေါ် အကြည်ညိုပျက်ပြီး ကျောင်းတိုက်က
သံဃာများကို ဆွမ်းလောင်းလှူခြင်းများကို မြို့ ခံများ မလုပ်ကြတော့
( ၉၊ နိုဝင်ဘာ၊ ၂၀၀၇ )

28 October 2008

A Good Song Of Myo Gyi (IRON CROSS, BURMA)

နားနားပြီးပြော...မောမယ်

LINK TO LISTEN


http://bigbbrown.multiply.com/music/item/1/NAR_NAR_PEE_PYAW_Myo_Gyi

Vocal: Myo Gyi
Lyric: Maung Maung Zaw Latt
Band : Iron Cross, Burma

(Dedicated to State Peace and Development Council of Myanmar, Military Junta!)

26 October 2008

INSIDE BURMA NOW-A-DAY (3)

စစ်အဆိုးရ ပြောပြောနေတဲ့
"ဘယ်ခေတ်တုန်းကနဲ့မျှ မတူအောင်
ခေတ်မီဖွံ့ဖြိုး တိုးတက်နေသော ကျွန်ုပ်တို့၏ ဗမာတိုင်းပြည်
(၃)"


“အနာဂတ်မဲ့ရရှာသော ဗမာပြည်က ကလေးငယ်များ”

တောင်းရမ်းစားသောက်ရတဲ့ ကလေး၊ စားပွဲထိုးလုပ်ရတဲ့ ကလေး၊ ဂျာနယ်ရောင်းရတဲ့ ကလေး၊ အလုပ်ကြမ်းလုပ်ရတဲ့ ကလေး၊ အိမ်အကူလုပ်ရတဲ့ ကလေး၊ စစ်သားလုပ်ရတဲ့ ကလေး...
တွေးမိတိုင်း ရင်လေးစရာ...
အမျိုးထိတိုင်း မချိအောင်နာတတ်မယ်ဆိုရင်... ။

(စစ်အဆိုးရအဖွဲ့ဝင်တွေနဲ့ အလိုတော်ရိတွေရဲ့ ရင်သွေးများ ဘ၀တွေနဲ့ကတော့ ကလေးချင်း အတူတူတောင် ကွာချင်တိုင်းကွာနေရပြီလေ)


ဗမာပြည်မြို့ကြီးတစ်မြို့မှ ဈေးတန်းတစ်ခု မြင်ကွင်း




ကျွဲလိုနွားလို ရုန်းရတယ်...ဆိုတဲ့ စကား

ဗမာပြည်တောင်သူ လယ်သမား၊ အလုပ်သမားများအတွက်သက်သက် ထားခဲ့လေရော့သလား

24 October 2008

Free DAW AUNG SAN SU KYI Now !!!

တိုးတက်မှု၏ သော့ချက်သည်
ဒေါ်စုအား လွှတ်ပေးခြင်းပင်ဟု ဘန်ကီမွန်း ပြောကြား

ဆော်လမွန်
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 22 2008 23:09 - မြန်မာစံတော်ချိန်
(www.mizzimaburmese.com မှ ကူးယူဖော်ပြသည်)


နယူးဒေလီ။ ။ မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးခြင်းသည် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် အဓိက သော့ချက်ဖြစ်ကြောင်း ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ယမန်နေ့က ပြောဆိုလိုက်သည်။

ကုလ အထွေအထွေ ညီလာခံသို့ တင်သွင်းသော မြန်မာပြည် လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်သည့် သူ၏ အစီရင်ခံစာ၌ မြန်မာပြည်၏ အနာဂတ်တွင် သက်ဆိုင်သူ အားလုံး ပါဝင်နိုင်မှုကို သေချာနိုင်စေရန် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးမှလွဲ၍ အခြားနည်းလမ်း မရှိကြောင်း ပြောဆိုရာတွင် ယခုလို ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံသည် ၎င်း၏ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုတွင် နူးညံ့သောလမ်းခွဲတခုသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ငြိမ်းချမ်းသော လမ်းစဉ်အပြင် အခြား စစ်မှန်သောနည်းလမ်း မရှိတော့ဘဲ၊ ယခုအချိန်သည် အစိုးရရော အတိုက်အခံများပါ တဦးနှင့်တဦး ဆွေးနွေးညှိနှိုင်းရန် နည်းလမ်းရှာဖွေ၍ တိုင်းပြည်၏ အကျိုးအတွက် အတူတကွ အလုပ်လုပ်ကြရမည်" ဟု အစီရင်ခံစာက ဆိုသည်။

အစီရင်ခံစာသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှ ယခုနှစ် စက်တင်ဘာလ ၅ ရက်နေ့အထိ ကြားကာလအတွင်း မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ပြခြင်းဖြစ်သည်။

နိုင်ငံရေးအရ အသေစွဲကိုင်ထားမှု မဟုတ်ဘဲ၊ ကွဲပြားသော နည်းလမ်းများအား ကြိုးစားရှာဖွေရန်အတွက် မြန်မာစစ်အစိုးရအား ဆက်လက်တိုက်တွန်းထားသော်လည်း အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း၏ စိုးရိမ်ပူပန်မှုကို မှန်ကန်စွာ မတုံ့ပြန်ခဲ့သည့်အပေါ် အားမလိုအားမရ ဖြစ်ကြောင်း သူက ဖော်ပြထားသေးသည်။

မစ္စတာ ဘန်ကီမွန်းက "ဒီကိစ္စမှာတော့ ကံမကောင်းစွာဘဲ နိုင်ငံရေးလုပ်ငန်းစဉ် အဆင့်ဆင့်မှာ အားလုံး ပါဝင်လာနိုင်မှုနဲ့ ယုံကြည်အားထားရမှုတွေ တိုးတက်လာဖို့ ကုလသမဂ္ဂရဲ့ တိကျတဲ့ အကြံပေးချက်တွေကို စစ်အစိုးရက လက်ခံခဲ့ခြင်း မရှိခဲ့ပါဘူး" ဟု အစီရင်ခံစာထဲတွင် ထည့်သွင်းပြောဆိုထားသည်။

အစိုးရသည် သူ၏ လမ်းပြမြေပုံ လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရန်ကြိုးစားနေသော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေမှာ ပိုမိုရှုပ်ထွေးလာကာ စိန်ခေါ်မှုများ ပိုများလာသလို၊ ပို၍ပင် အကွဲအပြဲများ ဖြစ်လာနိုင်ပြီး လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အာရုံစိုက်ခြင်းသာ ပိုတိုးလာသည်ဟု သူက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို ကြိုဆိုပါသော်လည်း စစ်အစိုးရက ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကုလ၏ အားထုတ်မှုကို သေချာစေရန်နှင့် စစ်အစိုးရက ထိုသို့ မတုံ့ပြန်ခဲ့ပါက နောက်တမျိုး လုပ်ဆောင်ရန် နည်းလမ်းရှိဖို့လည်း ယခုလို တိုက်တွန်းလိုက်သည်။

သူက "ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ စစ်အစိုးရက ပူးပေါင်းဆောင်ရွက်မှသာ အဲ့ဒါဟာ အကျိုးရှိနိုင်မှာပါ။ မျှော်မှန်းထားသလို အဓိပ္ပာယ်မှန်ကန်တဲ့ တုံ့ပြန်မှုမျိုး မရှိခဲ့ရင် ကုလသမဂ္ဂအနေနဲ့ ဘာဆက်လုပ်ရမယ်ဆိုတဲ့ တခြားနည်းတခု လိုအပ်ပါလိမ့်မယ်" ဟု ပြောကြားသည်။

NLD ပါတီအနေနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ပထမ ခြေလှမ်းအဖြစ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ပြန်လွှတ်ပေးရန် မစ္စတာဘန်ကီမွန်းက တောင်းဆိုသည်ကိုလည်း ကြိုဆိုသည်။

ဦးဥာဏ်ဝင်းက "ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးခဲ့ရင်တော့ ဒါဟာ ကောင်းမွန်တဲ့ စတင်မှုတခုဖြစ်ပြီး၊ အာဏာပိုင်တွေ ပြုလုပ်ပေးမယ့် တွေ့ဆုံဆွေးနွေးရေးဆီ သွားရာမှာ ပထမ ခြေလှမ်းတခုလည်း ဖြစ်လိမ့်မယ်လို့ ကျနော်တို့ ပြောနိုင်ပါတယ်" ဟု ပြောကြားသည်။

သို့သော်လည်း NLD သည် ပြီးခဲ့သည့် သြဂုတ်လအတွင်းက မြန်မာပြည်သို့ လာရောက်ခဲ့သော အထွေထွေ အတွင်းရေးမှူးချုပ်၏ နောက်ဆုံးခရီးစဉ်ကို "အကျိုးမရှိ" ဟု ပြောဆိုဝေဖန်လိုက်သည်။

"ကုလသမဂ္ဂဟာ အကျိုးရှိရှိ လုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်။ အကန့်အသတ်တွေ ရှိနေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂဟာ ဒီကန့်သတ်မှုတွေ ရှိနေပေမယ့် စစ်အစိုးရကို ဆွေးနွေးတိုက်တွန်း ဖိအားပေးသင့်တယ်" ဟု ဦးဥာဏ်ဝင်းက ဆိုသည်။

---------------------------------------------------------------------------------------------------
(Photo Source: http://www.thanlwin.com/new/index.php?option=com_content&task=view&id=236)

21 October 2008

BOMB BURMA? (POEM)

"ဗုံး"
ညိုကြီး


ဘယ်သူခွဲခွဲ သူတို့မကွဲ
သူ့ဖာသာလည်း ကွဲလိုကွဲ
ဘယ်သူခွဲခွဲ သူတို့ကွဲ
ခွဲလို့ကွဲလည်း ကွဲတာပဲ
စစ်အဆိုးရ လှည့်ကွက်လား
အကြမ်းဖက်သမား လက်ချက်လား
ကွဲ...ကွဲ နိုင်လွန်း
ခွဲ...ခွဲ နိုင်လွန်း ။

မဲမဲမြင်တိုင်း ပစ်ချင်နေသူတွေကြားမှာ
ပြည်သူုပြည်သားလည်း ကျီးလန့်စာစား
ဒီမိုသမားလည်း ညည်းချင်းသာပွား ။

တိုင်းပြည်အရေး...နိုင်ငံအရေးကို
ဗုံးပေးခွဲတမ်း ကစားနေကြတော့
သေတဲ့သူလည်း သေကြပေါ့
အစွပ်စွဲခံရသူလည်း ခံရပေါ့ ။

တ္တိဆိုတာ အတိအကျ သတ်တာကို ခေါ်သလား
စစ်အဆိုးရရဲ့
တ္တိ
အကြမ်းဖက်သမားရဲ့ တ္တိ...။

မီးစင်ကြည့်ကြည့်ပြီး 'က' နေရတာ
တယ်...အရသာမရှိလှဘူးကွာ...။ ။

ညိုကြီး

-----------------------------------------------------------------
(Poem Photo - www.ehow.com/how_2142060_deal-bomb-threat.html)

17 October 2008

BLOODY STORM FOR BURMA

"သွေးမုန်တိုင်း"
အရှင်ရာဟုလာ


    ယနေ့မြန်မာပြည်သူလူထုဟာ အဆိပ်သင့်နေတဲ့ သားကောင်များ ဖြစ်နေကြပြီးတော့ အုပ်ချုပ်သူလူတန်းစားတွေကတော့ မိုက်မဲ ရူးသွပ်သူတွေ ဖြစ်နေကြပါတယ်။
    မြန်မာပြည်ရဲ့ ကြီးနိုင်ငယ်ညှင်း အုပ်ချုပ်ရေးစနစ်ကြောင့် လူမုန်တိုင်း (သို့မဟုတ်) သွေးမုန်တိုင်းတစ်ခုဖြစ်ဖို့ ဖွဲ့တည်နေပါပြီ။ ပုံစံအမျိုးမျိုးနဲ့ မုန်တိုင်းငယ်တွေဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် အင်အားပြင်းထန်တဲ့ သွေးမုန်တိုင်းကြီးဖြစ်ဖို့ဟာ မြေကြီးလက်ခပ်မလွဲပါ။
    ယနေ့မြန်မာပြည်ကို ဆန်းစစ်ကြည့်မယ်ဆိုရင် ပညာရေး၊ စီးပွားရေး၊ လူမှုရေးတွေဟာ ထင်မိထင်ရာ သွေးရူးသွေးတန်း ရုန်းကန်နေကြတယ် ဆိုတာ မျက်ဝါးထင်ထင် မြင်နေရပြီ။ မူလတန်းကျောင်းမှသည် တက္ကသိုလ်ကြီးတွေအထိ စာသင်ကျောင်းဟာ ဆရာ၊ ဆရာမတွေရဲ့ အိမ်ထဲကို ရောက်နေပြီ။ လမ်းတွေပေါ်က ကျပန်းဈေးသည်တွေရဲ့ လက်ထဲကို ရောက်နေပြီ။
    လူမှုရေးတွေ ဖောက်ပြန်ချင်တိုင်း ဖောက်ပြန်ကြ၊ စီးပွားရေးတွေ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား။ ဒီပြဿနာတွေရဲ့ အဓိက အကြောင်းရင်းကတော့ ဗိုလ်ချုပ်ကြီးတွေ တီထွင်ထားတဲ့ ကြီးနိုင်ငယ်ညှင်း အုပ်ချုပ်ရေးစနစ်ပါပဲ။
    ယာဉ်ထိန်းရဲက ယာဉ်စည်းကမ်းထိန်းသိမ်းဖို့ မဟုတ်ဘဲ ပြည်သူဆီက ပိုက်ဆံကို ချောင်းမြောင်း ဓားပြတိုက်ဖို့ ဖြစ်တယ်။ ရပ်ကွက်လူကြီးက ငွေကို အကြောင်းအမျိုးမျိုးပြပြီး ခြိမ်းခြောက်တောင်းတယ်။ ရဲတပ်ဖွဲ့က ကူညီဖို့မဟုတ်ဘဲ ရက်စက်ဖို့ဖြစ်တယ်။ မီးသတ်က မီးသတ်ဖို့မဟုတ်ဘဲ ပြည်သူကို ချောင်းသတ်ဖို့ ဖြစ်တယ်။ ဆရာ၊ ဆရာမက စာမသင်ဘဲ ငွေရဖို့အတွက် တပည့်ရှာရတယ်။ မွေးရတယ်။ စစ်တပ်က ပြည်သူကို ကာကွယ်ဖို့ မဟုတ်ဘဲ ဗိုလ်ချုပ်ကြီးတွေကို ကာကွယ်ရတယ်။ ဒီအတွက် ပြည်သူကို သတ်ရတယ်။ ဘုန်းကြီးကိုလည်း သတ်ရတယ်။ ဆည်မြောင်းစာရေးက ရေကိုမပေးဘဲ လယ်သမားဆီက ငွေတောင်းတယ်။ အုပ်ချုပ်သူ ဗိုလ်ချုပ်ကြီးတွေက နိုင်ငံကို ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်အောင် မကြိုးစားဘဲ ရသမျှ ဆပ်ကြေးတွေနဲ့ ရူးသွပ်တယ်။
    ဒီလိုနဲ့ မြန်မာပြည်ဟာ သဘာဝ ရေမြေတောတောင်တွေ ခမ်းခြောက်လာတယ်။ လူ့အရင်းအမြစ်တွေ ဆုံးရှုံးလာတယ်။ သဘာဝအရင်းအမြစ်တွေ ပျောက်ကုန်တဲ့အတွက် လူမုန်တိုင်းတွေလာမယ်။ ဒါဟာ သွေးမုန်တိုင်းပဲ။ ဒါဟာ စစ်အစိုးရအတွက် ဘယ်သူ မပြု မိမိအမှုပဲ။
    ကမ္ဘာ့ ဗီတိုအာဏာရ ခေါင်းဆောင်ကြီးများနဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်တို့ဟာ ဒီသွေးမုန်တိုင်းကို တင်ဆက်ပြသမယ့် ချန်နယ်သစ်ကို ကြည့်ဖို့ (အပျင်းပြေ) စောင့်နေကြပါပြီ ။

အရှင်ရာဟုလာ

16 October 2008

AUNG SAN STYLE

ဗိုလ်ချုပ်အောင်ဆန်း...ဆိုတာ...

(Photo was taken from - http://aklatt2008.multiply.com/)

The Voice Weekly Journal (Burma)
(Vol.4/ No.50, Monday, October, 13-19, 2008)
မှ
BUYING GUIDE ကဏ္ဍအောက်တွင် ဖော်ပြပါရှိသော နွယ်နီမဂ္ဂဇင်း ဖတ်ညွှန်းကို ကူးယူဖော်ပြလိုက်ပါသည်။ (ဖတ်ညွှန်းရေးသူ၏ ကလောင်နာမည်ကို ဂျာနယ်ထဲတွင် ဖော်ပြထားခြင်းမရှိပါ)
-----------------------------------------------------------------------------------------------------------

နွယ်နီမဂ္ဂဇင်း
အတွဲ (၁၉)၊ အမှတ်(၂)၊ ၂၀၀၈ ခုနှစ် အောက်တိုဘာလ
BUYING GUIDE

အသွင်သစ် နွယ်နီမဂ္ဂဇင်းရဲ့ ဒုတိယမြောက် စာအုပ်ဖြစ်ပါတယ်။ စာချစ်သူတွေအတွက် 'ရေငတ်တုန်း ရေတွင်းထဲကျ' ဆိုသလို 'ဖတ်စရာ' အငမတန်ရှားနေချိန်မှာ တစ်ထိုင်တည်း ရသစုံ ပေးနိုင်တဲ့ မဂ္ဂဇင်းဖြစ်တဲ့အတွက် ဒုတိယမိလမ်းညွှန်ရခြင်းပါ။ အင်မတန်လေးစားကြည်ညိုရတဲ့ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပေါ် နိုင်ငံခြားသားတွေ အထူးသဖြင့် မြန်မာပြည်ကို ကျွန်ပြုအုပ်ချုပ်ခဲ့တဲ့ ဗြိတိသျှနဲ့ ဂျပန်တွေရဲ့ အမြင်ကို သန်းဝင်းလှိုင်က ဖော်ထုတ်ထားတဲ့ ဆောင်းပါးတစ်ပုဒ်နဲ့တင် ဒီလနွယ်နီ မဂဇင်း ၀ယ်ဖတ်ဖို့ ထိုက်တန်တယ်လို့ ဆိုချင်ပါတယ်။

ဗမာ့တပ်မတော်ကို စတင်တည်ထောင်သူ ပထမဦးဆုံး စစ်သေနာပတိ၊ လွတ်လပ်ရေးဗိသုကာ၊ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်းက ဘယ်အချိန်၊ ဘယ်နေရာဖတ်ရဖတ်ရ ရိုးမသွား။ သိပြီးသား အကြောင်းအရာတွေပင် တစ်ခါထပ်တွေ့ ရင် ထပ်ဖတ်ချင်စိတ်ဖြစ်စေပါတယ်။ လူ့အဖွဲ့ အစည်းတစ်ရပ်ရဲ့ လူသားတွေအတွက် စံပြုအပ်တဲ့ ပုဂ္ဂိုလ်တို့က အဲဒီလူ့အဖွဲ့ အစည်းရဲ့ စိတ်ဓာတ်ခွန်အားနဲ့ နောက်မျိုးဆက်တွေအတွက် နမူနာပြနိုင်ပါတယ်။ အင်္ဂလိပ်လိုတော့ ဒါကို Role Model လို့ခေါ်ပါတယ်။ မြန်မာပြည်မှာ ဗိုလ်ချုပ်လိုစံပြုအပ်တဲ့ ပုဂ္ဂိုလ်မျိုးရှိနေတာကိုက ကံကောင်းလှပါတယ်။

သန်းဝင်းလှိုင်ရဲ့ ဆောင်းပါးကို အနှစ်ချုပ်ကြည့်တော့ နိုင်ငံခြားသား အများစုရဲ့ ဗိုလ်ချုပ်အပေါ် အဓိကလေးစားတာက ဗိုလ်ချုပ်ရဲ့ အငြင်းပွားဖွယ်မရှိတဲ့ တစ်ဖြောင့်တည်းသော စိတ်ဓာတ်နဲ့ ရိုးသားမှုကိုပါ။ မွေးကတည်းက မိဘအပေါ်မှာရော၊ ဆရာသမား၊ ညီအစ်ကိုမောင်နှမတွေအပေါ်မှာရော မိတ်ဆွေသူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေအပေါ် မှာရော နိုင်ငံသူနိုင်ငံသားအားလုံးအပေါ်မှာရော ရိုးသားဖြောင့်မတ်မှု အပြည့်နဲ့ မဆုတ်မနစ် အလုပ်လုပ်ပေးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်ဟာ ယုတ်စွအဆုံး ရန်သူတွေဖြစ်တဲ့ ဗြိတိသျှနဲ့ ဂျပန်တို့အပေါ်မှာတောင် ရိုးရိုးသားသားဆက်ဆံခဲ့ပါတယ်။ မရိုးမဖြောင့်၊ မဟုတ်မမှန်မလုပ်ခဲ့တာ၊ ကိုယ်ကျိုးစွန့် အနစ်နာခံတာ၊ ငွေကြေးအရှိန်အ၀ါသြဇာ မခုံမင်မမက်မောတာတွေက ရေးပြရင် ကုန်နိုင်ဖွယ်မရှိပါ။ နိုင်ငံကို စွန့်လွှတ် အနစ်နာခံပြီး ကယ်တင်စောင့်ရှောက်နေပါတယ်လို့ ဗိုလ်ချုပ်ရဲ့ ပါးစပ်က ဘယ်တုန်းကမှ ထုတ်မပြောခဲ့ပါဘူး။ သူ့ လုပ်ရပ်နဲ့ လက်တွေ့ အကျိုးရလဒ်တွေ၊ နိုင်ငံသူ နိုင်ငံသားတွေရဲ့  လေးစားအားကိုး ယုံကြည်မှု၊ ချစ်ခင်မှုတွေက သက်သေပြခဲ့ပြီးသားပါ။

ပထမတစ်အုပ်ဖတ်ထားသူတွေကို ဒီတစ်အုပ်ထပ်ဖတ်ဖို့ ထပ်တိုက်တွန်းဖို့တောင် လိုမယ်မထင်ပါဘူး။ ရောင်းဈေး ၁၇၀၀ ကျပ်လို့ ပုံနှိပ်ထားပါတယ်။