01 October 2009

The Reality of Myanmar National League is To Make People Weak?

MNL ဘောလုံးပြိုင်ပွဲများဖြင့်
ပြည်သူတွေကို သွေးခွဲနေပြီလော၊ အာရုံပြောင်းနေပြီလော၊ လှည့်ဖြားရိုက်စားနေပြီလော

(Nyo Gyi)


(ဓာတ်ပုံ - မန္တလေးထုတ် ပန်သစ္စာ အနုပညာဂျာနယ်၊ No. 3, Vol. 7၊ အချပ်ပိုမှ ရယူပါသည်)

(1, October, 009)

ယနေ့ ဗမာပြည်တွင်း၌ Myanmar National League ဆိုပြီး ဘောလုံးပွဲများ ကျင်းပနေသည်ကို အများသိပြီးဖြစ်သည်။ ဘောလုံးပွဲဆိုသည်မှာ အားကစားရေး၊ စီးပွားရေးကိစ္စဖြစ်သည်ဆိုသော်လည်း နိုင်ငံ့အရေးအမြင်အားဖြင့်ကြည့်လျှင်မူ ဘောလုံးပွဲကို ကျင်းပခဲ့သည့် စစ်အဆိုးရနှင့် ဘောလုံးအသင်းများကို ပိုင်ဆိုင်သည့် စစ်အဆိုးရအလိုတော်ရိလုပ်ငန်းရှင်ဆိုသူများ၏ ခြေလှမ်းများ၊ လုပ်ကွက်များကိုကား သတိထား စောင့်ကြည့်ရပါမည်။

ဘောလုံးပွဲများအတွက် ကျေးဇူးတင်ရမည်ဖြစ်သော်လည်း နောက်ကွယ်က အကြောင်းအရာများကို မျက်ခြေမပြတ် လေ့လာဆင်ခြင်သင့်သည်။

ပြည်သူတွေကို သွေးခွဲနေပြီလော

ပြည်သူတွေကို သွေးခွဲနေပြီလားဆိုသည့်အချက်မှာ အင်မတန်မှ အရေးကြီးလှသည်။

ယခုအခါ မန္တလေးကိုယ်စားပြုဆိုပြီး Yadanarbon FC၊ ရန်ကုန်ကိုယ်စားပြုဆိုပြီး Yangon United၊ မြစ်ဝကျွန်းပေါ်ဒေသကိုယ်စားပြုဆိုပြီး Delta United အစရှိသဖြင့် အသင်းများ ဖွဲ့စည်း တည်ထောင်ထားသော်လည်း အမှန်တကယ်တမ်း ထိုထိုဘောကလပ်အသင်းများနှင့် ပါဝင်သည့် ကစားသမားများသည် သူတို့ကိုယ်စားပြုသည့် တိုင်း/ပြည်နယ်များကို အမှန်တကယ်ကိုယ်စားပြုပါ၏လော။ ရှေးတုန်းက ကျင်းပခဲ့သည့် ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲများမှ အသင်းများလောက် ကိုယ့်နယ်များကို အမှန်အတိုင်း ကိုယ်စားပြုပါ၏လော။

မကြာမီ (၂၃၊ ၉၊ ၀၀၉) က မန္တလေးမြို့၊ ဗထူးကွင်း၌ Yadanarbon FC နှင့် Delta United တို့၏ ဘောလုံးပွဲ(ပူးတွဲပါဓာတ်ပုံ)အပြီး ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်ဆူပူသောင်းကျန်းမှုများက ပြည်သူတွေကို သွေးခွဲနေပြီလော ဆိုသည့်အချက်ကို ပိုမိုခိုင်မာစေပါသည်။ အရင်က တစ်တိုင်းနှင့် တစ်တိုင်း၊ တစ်ပြည်နယ်နှင့် တစ်ပြည်နယ် အခင်အမင်မပျက် တည်ငြိမ်သွေးစည်းနေခဲ့သည်ကို ယခုလို MNL ဘောလုံးပြိုင်ပွဲများနှင့် ရန်တိုက်၊ သွေးခွဲပစ်လိုက်သည့်သဘောပင်။ စစ်အဆိုးရအနေနှင့် ယခုကဲ့သို့ ဘောလုံးပွဲများကို အသုံးပြုပြီး ပြည်သူများကို ရန်တိုက်၊ သွေးခွဲထားလိုက်ခြင်းအားဖြင့် ၁၉၈၈ အရေးအခင်းလိုမျိုး၊ ၂၀၀၇ စက်တင်ဘာအရေးအခင်းလိုမျိုး ပြည်သူအများ၏ သွေးစည်းညီညွတ်စွာလှုပ်ရှားလာနိုင်မှုများ နောက်ထပ်ဖြစ်မလာနိုင်ဟု ထင်ထားပုံရသည်။

ပြည်သူတွေကို အာရုံပြောင်းနေပြီလော

ထိုအချက်မှာလည်း ထင်သာမြင်သာရှိသည်။

စစ်အဆိုးရ၏ မကောင်းမှုများကို အလေးဂရုမပြုနိုင်တော့ဘဲ ပြည်သူအားလုံး ဘောလုံးပြီးရင်း ဘောလုံးဖြစ်နေအောင် အာရုံပြောင်းလိုက်သည့်သဘော။

သေချာကြည့်လျှင် သိနိုင်သည်။

ယခုအခါ စစ်အဆိုးရသည် ဗမာပြည်သူ၊ ပြည်သားများအား စားဝတ်နေရေးကြပ်တည်းမှု၊ တစ်လုံး-နှစ်လုံး-သုံးလုံး လောင်းကစားမှု၊ နိုင်ငံခြားဘောလုံးပွဲ၊ ပြည်တွင်းဘောလုံးပွဲ၊ အရက်-ဘီယာ-မူးယစ်ဆေးဝါး-စင်တင်တေးဂီတ-ကာမရောင်းဝယ်ဖောက်ကားရေး-လူကုန်ကူးမှု-မှောင်ခို-လာဘ်စားခြင်း အစရှိသည်များ အကြား  ညှပ်ပူညှပ်ပိတ် ပိတ်မိနေအောင် ပြုလုပ်ရက်စက်နေပေပြီ။ မှိုင်းတိုက်နေပေပြီ။

စစ်အဆိုးရသည် သူတို့၏ မကောင်းမှု၊ ယုတ်မာမှုများအတွက် ပြည်သူများဘက်က စွဲချက်တင်၊ ရှုံ့ချ၊ ဆန္ဒထုတ်ဖော်လာမည့်အာရုံကို အခြားတစ်ဖက်သို့  ပြောင်းဖို့ အစဉ်တစိုက်ကြိုးစားနေသည်မှာ သိသာလှပေသည်။ MNL ဘောလုံးပွဲများသည် အာရုံပြောင်းကိရိယာများထဲက တစ်ခုအပါအ၀င်ပေလော။

ပြည်သူတွေကို လှည့်ဖြားရိုက်စားနေပြီလော

၎င်းအချက်မှာ စေ့စေ့တွေးလေ ရေးရေးမကဘဲ ပြုးပြူးကြီး ပေါ်လာလေပင်ဖြစ်သည်။

MNL ဘောလုံးကလပ်များကို တည်ထောင်ထားသည့် စစ်အဆိုးရအလိုတော်ရိ လုပ်ငန်းရှင်ဆိုသူများသည် သူတို့၏ တရားမ၀င်၊ ရိုက်စား၊ လှည့်ဖြား၊ စစ်အဆိုးရဖက်စပ်စီးပွားရေးလုပ်ငန်းများကို ပြည်သူအများ သတိမထားမိအောင် ဘောလုံးနှင့် အချိုသကာဖုံးလိုက်ခြင်း၊ ဘောလုံးနှင့် ပြည်သူများကို အချိုသတ်လိုက်ခြင်းဟုပင် ဆိုနိုင်ပေသည်။ ဘောလုံးကို ဗန်းပြပြီး အခြားတစ်ဖက်က တရားမ၀င်အခြားစီးပွားရေးလုပ်ငန်းများကို စစ်အဆိုးရနှင့် ပင်းကာ ပိုမိုရိုက်စားလုပ်တော့မည်မှာ အသေအချာပင်။

ဘောလုံးပွဲများ ကျင်းပပေးသဖြင့် ကျေးဇူးရှင်ကြီးများဟုပင် ပြည်သူတွေက ထင်ကြလိမ့်ဦးမည်။ တကယ်တော့ ၀က်ဆီဖြင့် ၀က်သားကိုပြန်ကြော်ပြနေခြင်းပင်။ ပြည်သူတွေဆီက မတရားလှည့်ဖြားရိုက်စားလုပ်ယူထားသည့် ငွေကြေးတွေနှင့် (တစ်နည်းအားဖြင့်) ပြည်သူပိုင် ဘဏ္ဍာ ဥစ္စာ သယံဇာတများကို မှောင်ခိုလုပ်စား၊ ဈေးတင်အမြတ်ကြီးစား၊ အခွန်ရှောင်၍ ရရှိထားသည့် ငွေကြေးတွေနှင့် ယခုလို MNL ဘောလုံးပြိုင်ပွဲများကို စစ်အဆိုးရနှင့် စစ်အဆိုးရအလိုတော်ရိများက ကျင်းပပေးနေခြင်း ဖြစ်ပေသည်။

ဤစာကို နိဂုံးချုပ်ရလျှင်

ရိုးသားသည့် သမာအာဇီဝ ပြည်သူများအနေဖြင့် စစ်အဆိုးရနှင့် သူ့အလိုတော်ရိများ၏ မာယာအချိုသုတ်လိမ်းထားသည့် ခြေလှမ်းများ၊ လုပ်ကွက်များကို မျက်ခြေမပြတ် စောင့်ကြည့်-စစ်ဆေး-ဆင်ခြင်-သုံးသပ်-အကဲခတ်-ဖော်ထုတ်ရန်လိုအပ်သည်။ ဘောလုံးဆိုတိုင်း အရမ်းလိုက်မလုံးမိဖို့ လိုအပ်သည်။ လုံးရင်း၊ လုံးရင်းနှင့် လုံးခြာလည် လိုက်သွားနိုင်သည့် အဖြစ်တွေ ဒုနှင့်ဒေးရှိကြောင်း ပြည်သူအပေါင်းတို့သိထားရန် လိုအပ်ပါတော့သည်။         ။

ညိုကြီး
(၁၊ အောက်တိုဘာ၊ ၀၀၉)

စကားအချပ်ပို။   ။

အထူးတလည် စုဆောင်းစရာမလိုဘဲ စုဝေးတတ်သော လူစုလူဝေးကြီးများကို ဘောလုံးပွဲများတွင် တွေ့ရလေ့ရှိရာ ဘောလုံးပွဲများမှတစ်ဆင့် ပြည်သူ့ဆန္ဒပြပွဲကြီးတစ်ရပ်ဖြစ်ပွားလာအောင် ဘောပွဲကြည့်လာပြည်သူများအနေနှင့် ကြိုးစားသင့်ပါကြောင်း အကြံကောင်း ပေးအပ်ပါသည်။ ဆဲဆိုသည့်အသံများအစား တောင်းဆိုသည့် အသံများကို ပြိုင်တူဟစ်ကြွေးကြပါစို့။

--------------------------------------------------------------------------------

29 September 2009

BEWARE OF MILITARY DOGS in MYANMAR!

သတိ ခွေးကိုက်တတ်သည်
(Dr Che Burma)

စက်တင်ဘာ နှစ်ပတ်လည် ရာသီ
ထောက်ခွေးများ အရမ်းသောင်းကျန်းနေ၏
သတိထားပါ
ကံမကောင်းက ခွေးအကိုက် ခံရနိုင်ပါသည် ။

နှစ်ကြီးနိုင်ငံရေးအကျဉ်းကျဟော
င်းအနည်းငယ်မျှကိုသာ
ခေတ္တလွှတ်ပေးလိုက်ပြီး
ထောင်လူလဲလှယ်ရေး အစီအစဉ်အရ
တော်လှန်လူသစ်များစွာကို ဆက်လက်ဖမ်းဆီးလျက်ရှိပါသည် ။

စက်တင်ဘာကို ကြောက်၍သော်လည်းကောင်း
၂၀၁၀ မတိုင်ခင် ရှင်းလင်းသုတ်သင်ထားသည့် အနေနှင့်လည်းကောင်း
ပြည်သူ့အရေးတက်ကြွလှုပ်ရှားတတ်သူများစွာကို
စစ်အဆိုးရ ထောက်ခွေးများက
အတင်းကာရော ပိုးစိုးပက်စက် လိုက်လံ ဖမ်းဆီးလျက်ရှိပါသည် ။

ယခုကာလအတွင်း
ရန်ကုန်၊ မန္တလေး၊ ပြည်၊ မြင်းခြံ၊ ပခုက္ကူ၊ ညောင်ဦး အစရှိသဖြင့်မြို့များမှ
တော်လှန် တက်ကြွ မှန်ကန် လူငယ်/လတ်/ကြီးများစွာ
မတရားဘဲ အဖမ်းခံခဲ့ရပြီး ဖြစ်ပါသည်
အချို့တော်လှန်လူများမှာလည်း ပုန်းလျှိုး/ကွယ်လျှိုး/ပြေးလျှိုးနေ- နေရလျက်ရှိပါသည် ။

ထိုသည့်အခိုက် လက်ရှိတော်လှန်ရေးဒီရေမှာကား
ပြည်တွင်း/ပြည်ပ  အခြေအနေမကောင်းလှပါ
ပြည်ပမှာလည်း တကွဲတပြား
ပြည်တွင်းမှာလည်း တကွဲတပြား
ပွဲလန့်စဉ် ဖျာယူပြေးချင်သူများလည်း ပေါလွန်းလာပါသည် ။

ပထမ/ဒုတိယ/တတိယအုပ်စု အစရှိသဖြင့်
ဘာအုပ်စု၊ ညာအုပ်စုများ
ဗမာ့နိုင်ငံရေးလောကအတွင်း ပေါ်ထွန်းနေပြီဟုလည်း
ထူးဆန်းစွာ ကြားသိရပါသေးသည် ။

အမှန်တကယ်တမ်း ဗမာ့နိုင်ငံရေးလောကတွင်
စစ်ခွေးနှင့် လူကောင်းဟူ၍
ရှင်းရှင်းလင်းလင်း နှစ်မျိုးနှစ်စားသာ ခွဲခြားမြင်ရပါသည်
ကျေးဇူးပြု၍ ဟိုလိုဒီလိုမလုပ်ဘဲ
မေးခွန်းနှစ်ခုအနက် အဖြေတစ်ခုကိုသာ ရွေးစေလိုသည်
သင်သည်
၁။ စစ်ခွေးအာဏာရှင်စနစ်ထောက်ခံသူလား (၂၀၁၀ ရွေးကောက်ပွဲကို သူလက်ခံသည်)
၂။ စစ်ခွေးအာဏာရှင်စနစ်ဆန့်ကျင်သူလား (၂၀၁၀ ရွေးကောက်ပွဲကို သူလက်မခံပါ)
စူးစမ်း၊ ကျော်ဝင်းနှင့် အခြားရွေးကောက်ပွဲဝင်/ထောက်ခံအုပ်စုတွေလိုတော့
ဝါးတားတား ရူးတူးတူး ယောင်တောင်တောင် သွားရေတမြားမြားလုပ်မနေပါနှင့်
အမှန်ကိုသာ စိတ်ထဲပါသည့်အတိုင်းဖြေပါလေ
ပြတ်သားရမည့်အချိန်ကား နီးသထက်နီးလာပြီ ။

ဒါနဲ့ စကားမပြတ်
ထပ်၍ သတိပေးချင်ပါသေးသည်
စက်တင်ဘာ နှစ်ပတ်လည် ရာသီ
ထောက်ခွေးများ အရမ်းသောင်းကျန်းနေ၏
သတိထားပါ
ကံမကောင်းက ခွေးအကိုက် ခံရနိုင်ပါသည် ။        ။

ဒေါက်တာချေဗားမား
(၂၈၊ စက်တင်ဘာ၊ ၀၀၉)

27 September 2009

HANTHAWADDY

၂ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဟံသာဝတီသတင်းဌာန ကို ဖွင့်လှစ်လိုက်ကြောင်း အကြောင်းကြားခြင်း

သို့

နယ်ပယ်အသီးသီးမှ မိတ်ဆွေများရှင့်

၂ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့်
ဟံသာဝတီသတင်းဌာနကို ဖွင့်လှစ်လိုက်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
 ကျွန်မတို့ ဟံသာဝတီသတင်းဌာနသို့
အယ်ဒီတာထံ ပေးစာအပါအ၀င်
သတင်း၊ ဆောင်းပါး (ဝေဖန်ချက်၊ ထင်မြင်ချက်) ကဗျာ၊ ဓါတ်ပုံ၊ ဗွီဒီယို ၊ ဟာသ ကာတွန်းများ ပေးပို့ကြပါရန်
ဖိတ်ခေါ်အပ်ပါသည်။
ပေးပို့သူများကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။

ဆက်သွယ်ရန်

info.hanthawaddy@gmail.com
editor.hanthawaddy@gmail.com

www.hanthawaddy.org

26 September 2009

MYANMAR MILITARY ANIMALS?

ဗမာပြည်က အဟိတ်တိရိစ္ဆာန်စစ်အဆိုးရ




ဗမာနိုင်ငံမှာ စစ်အဆိုးရက အသစ်ထုတ်မယ်ဆိုတဲ့ ၅၀၀၀ ကျပ်တန်ပုံစံနဲ့ နယ်စည်းမခြား လွတ်လပ်တဲ့ အင်တာနက်နိုင်ငံမှာ တစ်စုံတစ်ယောက်က ဟိုးအရင်ကတည်းက ထုတ်လုပ်ထားတဲ့ ၅၀၀၀ ကျပ်တန်ကို အထက်ပါအတိုင်း ယှဉ်တွဲဖော်ပြလိုက်ပါတယ်။

ဒီ စစ်အဆိုးရဟာ အတော် တိရိစ္ဆာန်စိတ်ဝင်နေပုံရပါတယ်။ သူတို့ ထုတ်တဲ့ ငွေစက္ကူတွေဆိုရင် တိရိစ္ဆာန်ပုံတွေနဲ့ ချည်းပဲ ။ ခြင်္သေ့ပုံနဲ့ ထုတ်လားထုတ်ရဲ့၊ ဆင်ပုံနဲ့ ထုတ်လားထုတ်ရဲ့။

အခြားနိုင်ငံတော်တော်များများမှာ ကိုယ့်နိုင်ငံရဲ့ ခေါင်းဆောင်ကောင်းများ(ဥပမာ- လွတ်လပ်ရေးဖခင်၊ တော်လှန်ရေးခေါင်းဆောင်၊ နိုင်ငံအကျိုးပြုခေါင်းဆောင်တစ်ဦးဦး အစသဖြင့်)ကို ဂုဏ်ပြုပြီး ငွေစက္ကူများမှာ ထည့်သွင်းဂုဏ်ပြုလေ့ရှိကြတာပါ။ ဗမာပြည်က စစ်အဆိုးရကတော့ ဒီလိုမဟုတ်ပါဘူး။ အရင်အစိုးရတွေက
ဗမာကျပ်ငွေတွေမှာ ဂုဏ်ပြုအသုံးပြုခဲ့တဲ့ ဆရာစံတို့၊ သခင်ဖိုးလှကြီးတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ဓာတ်ပုံတွေကို ဖြုတ်ပယ်ထားလိုက်ပြီး သူတို့ကတော့ ခြသေ့င်္ပုံ၊ ဆင်ပုံတွေနဲ့ ငွေစက္ကူများကို ထုတ်လုပ်လေ့ရှိပါတယ်။ တိရိစ္ဆာန်စိတ်ဝင်ပြီး တိရိစ္ဆာန်ကျင့် ကျင့်နေလို့သာ ယခုလို ကိုယ့်တိရစ္ဆာန်အမျိုးအဆွေတွေကို ဂုဏ်ပြုပြီး တိရိစ္ဆာန်ပုံများနဲ့ ငွေစက္ကူများကို ထုတ်လုပ်နေပုံရပါတယ်။ အဟိတ်စစ်အဆိုးရလို့ပဲ ခေါ်ရတော့မလား မသိတော့ပါဘူး။
(ကိုသန်းရွှေကလည်း ကျောက်ဆည်နယ်သားဆိုတော့ ဆင်စိတ်ဝင်နေတာ ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့်လည်း သူ့ကြည့်ရတာ အိပဲ့အိပဲ့နဲ့ ။)

ပြီးတော့ ဒီ အဟိတ်စစ်အဆိုးရလက်ထက်ကျမှ ငွေစက္ကူတွေကို ဂဏန်းတိုးတိုးပြီး ထုတ်လာလိုက်တာ အခုဆို ၅၀၀၀ ကျပ်တန်ဆိုပြီးတော့တောင် ဖြစ်လာပါတယ်။ အင်း ...  ဒီ အဟိတ်တိရိစ္ဆာန်စစ်အဆိုးရသာ ဆက်ရှိနေရင် နောက်များဆို ဇင်ဘာဘွေနိုင်ငံမှာလို သောင်းတန်၊ သိန်းတန် ငွေစက္ကူတွေ ဘာတွေတောင်
ထပ်ထုတ်နေဦးမလားပဲနော်။

Nyo Gyi
---------------------------------------------------------------------------------------------------

(27 September 009)

နောက်ဆက်တွဲအနေနဲ့
နယ်စည်းမခြား လွတ်လပ်တဲ့ အင်တာနက်နိုင်ငံမှာပဲ ထပ်မံတွေ့ရှိရတဲ့

၁၀၀၀၀ ကျပ်တန်ငွေစက္ကူကို ပူးတွဲဖော်ပြပေးလိုက်ပါတယ်။

တိရိစ္ဆာန်အကျင့်ကျင့်ပြီး တိရိစ္ဆာန်စိတ်ဝင်နေတဲ့ အဟိတ်တိရိစ္ဆာန်စစ်အဆိုးရက ထုတ်ဝေဦးမှာဖြစ်တဲ့
၁၀၀၀၀ ကျပ်တန်ဆိုတော့လည်း မျောက်ဝံပုံလေးနဲ့ပေါ့ဗျာ။

ခြင်္သေ့ > ဆင် > မျောက် > ခွေး > ကြွက် > နွား > ကျား > ကြောင် > ၀က် > ဆိတ် > မြင်း အစရှိသဖြင့်
နောက်ထပ်ထုတ်ဝေမယ့် ငွေစက္ကူများအတွက် တိရိစ္ဆာန်များကို လျာထားလျက်ရှိကြောင်းလည်း အထူးသတင်းရရှိပါသေးတယ်။



၁၀၀၀၀ ငွေစက္ကူပုံဒီဇိုင်းကို အောက်ပါ အင်တာနက်လိပ်စာက ကူးယူဖော်ပြတာပါ။

http://www.yeyintnge.com/2009/09/blog-post_26.html

23 September 2009

Declaration of 2nd Anniversary Saffron Revolution by IBMO, NY, USA

ရွှေဝါရောင် (၂ )နှစ်ပြည့် သာသနာ့ဥသျှောင်အဖွဲ့ကြီး၏ ထုတ်ပြန် ကြေညာချက်

သာသနာ့ဥသျှောင်အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်က ရွှေဝါရောင်
(၂)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ( ၂၃ ) ရက်မှ (၂၆) ရက်နေ့ အထိ
မေတ္တာပို့ ဆုတောင်းပွဲကို Pittsburgh မြို့နှင့် နယူးယောက်မြို့တွင် အသီးသီး
ကျင်းပသွားမည်၊၊

အဆိုပါ ဆုတောင်းမေတ္တာ ပို့ပွဲတွင် သာသနာ့ဥသျှောင်အဖွဲ့ကြီးရဲ့ သဘောထားကို
ထုတ်ပြန်ထားပါသည်၊၊

"We call for the immediate release of all Burma's political prisoner,
including monks and Nuns"

သာသနာ့အရေး ဒို့အရေးပေ ဆိုတဲ့ မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသ သြ၀ါဒ
အတိုင်း သာသနာ့အန္တရာယ်ကို ကာကွယ်ကြပါစို့၊



17 September 2009

2nd Anniversary of Saffron Revolution at New York

သံဃာတော်များနှင့် ဒီမိုကရေစီအင်အားစုများ ပူးပေါင်းဆောင်ရွက်သော
2nd Anniversary of Saffron Revolution

(၂) နှစ်ပြည့် ရွှေဝါရောင်လှုပ်ရှားမှု နှစ်ပတ်လည် ဆန္ဒပြပွဲဖိတ်ကြားလွှာ

သံဃာတော်များနှင့် ဒီမိုကရေစီအင်အားစုများ

၂ နှစ်ပြည့် ရွှေဝါရောင်လှုပ်ရှားမှု နှစ်ပတ်လည် တောင်းဆိုချက်များ

၁၊  အဖမ်းဆီးခံ သံဃာတော်များ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန်။
၂၊  စစ်အာဏာရှင်စနစ်ကို သတ်တမ်းရှည်စေမည့် ၂၀၁၀ ခုနှစ်တွင် ကျင်းပမည်ဖြစ်သော အတုအယောင် ရွေးကောက်ပွဲအား နိုင်ငံတကာမှ အသိအမှတ်မပြုရန်။
၃၊  ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြန်မာစစ်အာဏာရှင်၏ လူသားများအပေါ်ကျူးလွန်သော ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာတရားရုံးသို့ တင်ပြရန်နှင့် စစ်လက်နက်ပစ္စည်း ရောင်းဝယ်ခြင်းကို ကန့်သတ်ပိတ်ဆို့ အရေးယူရန်။





14 September 2009

INSIDE BURMA NOW-A-DAY (6)

စစ်အဆိုးရ ပြောပြောနေတဲ့
"ဘယ်ခေတ်တုန်းကနဲ့မျှ မတူအောင်
ခေတ်မီဖွံ့ဖြိုး တိုးတက်နေသော ကျွန်ုပ်တို့၏ ဗမာတိုင်းပြည်
(၆)"

ဒီတစ်ခါတော့ မန္တလေးဖြစ် ဓာတ်ပုံများကို ဖော်ပြပေးလိုက်ရပါတယ်။ မန္တလေးမြို့တည်နန်းတည် အနှစ် (၁၅၀) အထိမ်းအမှတ်ပေါ့ဗျာ။



ဗမာပြည်၊ မန္တလေးမြို့၊ မင်္ဂလာဈေးမီးပွိုင့်မှာ စစ်သားတစ်ယောက်က စစ်အဆိုးရရဲ့ လမ်းစည်းကမ်းကို ကျကျနနကြီး ချိုးဖောက်နေပုံပါ။
အဲဒီစစ်သားရဲ့ ညာဘက်/လမ်းရဲ့တောင်ဘက်မှာ "သတိပြုရန်၊ သင့်အသက်အန္တရာယ်အတွက် ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းပါ" ဆိုတဲ့ သတိပေးဆိုင်းဘုတ်ကို တွေ့ပါလိမ့်မယ်။ ဒါပေမဲ့ ဓာတ်ပုံပါစစ်သားကတော့ ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်းထားခြင်းမရှိဘဲ သူ့စစ်ဦးထုပ်ကိုသာ ဆောင်းထားပါတယ်။
(အဲဒီစစ်သားရဲ့ ရှေ့ရေးအတွက် ဆိုင်ကယ်နံပတ်ကို ဖျက်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးသမားတွေက အဲသလို သဘောထားကြီးတာဗျ၊ ဟဲဟဲ။)

မန္တလေး အစရှိတဲ့ မြို့တွေမှာ ယာဉ်ထိန်းရဲများဟာ Surprised Check လို့ခေါ်တဲ့ လမ်းများပေါ် ရှောင်တခင် စစ်ဆေးခြင်းပြုလုပ်ကာ ဆိုင်ကယ်စီးရင်း ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့သူ၊ ဆိုင်ကယ်/ကား နံပတ်ပြားမပါတဲ့သူ၊ ဆိုင်ကယ်/ကား/လူ လိုင်စင်မပါတဲ့သူ အစသဖြင့်ကို အရေးယူ၊ ဒဏ်ငွေဆောင်ခိုင်းခြင်း၊ ဟိန်းဟောက်ခြိမ်းခြောက်ခြင်းများ ပြုလုပ်လေ့ရှိပါတယ်။

ထိုသို့ ဓားပြတိုက်/ငွေညှစ်သလို အတင်းဒဏ်ငွေဆောင်ခိုင်းလိုက်လို့ ရရှိလာတဲ့ ဒဏ်ဆောင်ငွေများကိုလည်း ယာဉ်ထိန်းရဲများဟာ ရာထူးအဆင့်ဆင့်အလိုက် (အထက်အဆင့်များသို့တိုင် လာဘ်ထိုးနည်းလမ်းတစ်မျိုးအဖြစ်) ခွဲဝေ/သုံးစွဲကြကြောင်းလည်း သိရပါတယ်။
တန်ပိုတင်ထားတဲ့ ယာဉ်ကြီး/ယာဉ်ငယ်များ (သို့) ကန့်သတ်ကုန်ပစ္စည်းတင်ထားတဲ့ ယာဉ်ကြီး/ယာဉ်ငယ်များထံမှ ကားတစ်စီးဘယ်လောက်ဆိုပြီး လမ်းမများပေါ် ဆက်ကြေးသဖွယ် တောင်းခံကြတဲ့ အလှည့်ကျငွေရှာရေး-ယာဉ်ထိန်းရဲများလည်း ရှိပါတယ်။

စစ်သား/ရဲ/ကြံ့ဖွတ်/SB/အာဏာတစ်ခုခုရှိသူတွေနဲ့ ၄င်းတို့နဲ့ ပတ်သက်ဆက်နွယ်သူများရဲ့ ယာဉ်စည်းကမ်းချိုးဖောက်မှုများကိုတော့ အရေးယူခြင်းမရှိဘဲ ပစားပေး/မသိချင်ယောင်ဆောင်/အယောင်ပြဖမ်း/လွှတ်ပေး/ပြုံးပြခွင့်လွှတ်တတ်ပါတယ်။

"ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူး" လို့ လေကြီးတတ်တဲ့ စစ်အဆိုးရဟာ သူတို့ချမှတ်ထားတဲ့ သူတို့ဥပဒေကို သူတို့ကိုယ်တိုင်ပဲ မသိကျိုးကျွံပြု၊ ချိုးဖောက်ပြနေရာမှာ အထက်ပါဓာတ်ပုံဟာ သက်သေများထဲကတစ်ခုဖြစ်ပါတယ်။     ။



ဒီဓာတ်ပုံကတော့ မန္တလေးမြို့ပေါ်မှာဖွင့်လှစ်ထားတဲ့ အင်တာနက်ဆိုင်တစ်ဆိုင်က နံရံမှာ ကပ်ထားတဲ့ စာသားလေးပါ။ ဘာတဲ့။ "နိုင်ငံတော်အစိုးရအား ဆန့်ကျင်သော BLOG ရေးသားသူများအား သက်ဆိုင်ရာသို့ သတင်းပေးပို့တိုင်ကြားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။ - M.M.M" ဆိုပဲ။
(အဲဒီအင်တာနက်ဆိုင်နာမည်ကိုတော့ ၄င်းဆိုင် နစ်နာထိခိုက်မှာစိုးလို့ မဖော်ပြတော့ပါဘူး။ ကဲ...ဒီတစ်ခါလည်း သဘောထားကြီးရပြန်ပြီနော်။)

အဲဒီအင်တာနက်ဆိုင်အနေနဲ့ -

၁။ ဆိုင်မှာ အင်တာနက်လာသုံးသူတစ်ဦးဦးကများ စစ်အဆိုးရဆန့်ကျင်ရေး ကမ္ဘာကျော် ဘလော့ဂ်ပို့စ်တစ်ခုခုကို ဒီဆိုင်ကတင်လိုက်လို့ စစ်အဆိုးရက သိသွားပြီး ဆိုင်ပိတ်သိမ်းအရေးယူခံရမှာ ကြောက်လို့သော်လည်းကောင်း၊
၂။ အဲဒီဆိုင်ရှင်ကိုယ်တိုင်က စစ်အဆိုးရအနွယ်ဝင်တစ်ဦးဦးဖြစ်လို့သော်လည်းကောင်း၊
၃။ စစ်အဆိုးရကို မျက်နှာလို မျက်နှာရ လုပ်လိုလွန်းနေလို့သော်လည်းကောင်း

ယခုကဲ့သို့ ခပ်ကြောင်ကြောင်/ခပ်ပေါပေါ စာသားကို ဆိုင်၏ နံရံအထက်တွင် ကပ်ထားဝံ့ပေ၏...ဟု မှတ်ယူလိုက်ရပါတော့တယ် ။        ။



ဒီဓာတ်ပုံကတော့ အဆန်းကြီးမဟုတ်ပါဘူး။ အဆန်းလေးပါ။
ရန်ကုန်-မန္တလေး ကားလမ်းမကြီးပေါ်မှာ ကျောင်းသားအရွယ် ကလေးငယ် (အလွန်ဆုံးရှိလှ ၆/၇/၈ တန်းပေါ့ဗျာ) ကျောင်းစိမ်းကလေးဝတ်လို့ ဆိုင်ကယ်ကို စီးနင်းနေပုံပါ။

ခေါင်းမှာ ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားခြင်းမရှိပါ။
အသက်မှာ ကလေးပေါက်စ သာသာ။
အန္တရာယ်က လက်တစ်ကမ်းမှာ။
မိဘများလည်း ဆင်ခြင်စရာ...ပေါ့ဗျာ။      ။

-------------------------------------------------------------------------------------

INSIDE BURMA NOW-A-DAY (Episode 1 to 6)

11 September 2009

ABMA'S New Challenge For SEPTEMBER, 2009

ကြေညာချက်နှင့်သစ္စာဓိဋ္ဌာန်(၁၀-၉-၀၉)









မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးနှင့် ဆက်သွယ်လိုပါက အောက်ပါလိပ်စာအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

http://sanghaalliance.blogspot.com/
http://allburmamonksalliance.org/


၀၁-၄၁၅၅၁၈၇၆၆၃( ဦးပညာဇောတ- ပြည်ပတာဝန်ခံ)
ကျေးဇူးတင်ပါသည်။ ။

07 September 2009

Kokang Leaders' Bank Accounts Were Under Control

" ကိုးကန့်ဖုန်ကြားရှင်၏ ပြည်တွင်း Bank Accounts များအား ထိန်းချုပ်ထားရန် စစ်အဆိုးရက ညွှန်ကြား "

ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်နှင့်တကွ သူနှင့် ဆက်စပ်ပတ်သက်သူအားလုံး၏ Bank Accounts များကို ထိန်းချုပ်ထားရန် ပြည်တွင်းရှိ အစိုးရဘဏ်များ၊ ပုဂ္ဂလိကဘဏ်များအားလုံးအား စစ်အဆိုးရက ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း ကြားသိရသည်။

ပြီးခဲ့သော ရက်များအတွင်းကလည်း ကိုးကန့်ဖုန်ကြားရှင်၏ မိသားစုပိုင် ပစ္စည်း၊ အိမ်ယာများကို စစ်အဆိုးရက လိုက်လံချိတ်ပိတ်သိမ်းယူခြင်းများ ပြုလုပ်ခဲ့သေးသည်။

------------------------------------------------------------------------------------------------

02 September 2009

COMING OCTOBER THREE

အောက်တိုဘာ ၃ ရက်



(၂၀၀၇ တုန်းက)
ရှေ့မှာလက်နက်၊ အာဏာစက်နှင့်
မထူးဇာတ်ခင်း၊ အရူးမင်းနှင့်
ကိုယ့်ဘက်ငဲ့တတ်၊ နောက်လိုက်အငတ်တို့
သံဃာ့သွေးခင်း၊ လမ်းနင်းလျှောက်ကာ
ယုတ်မာခဲ့သည် ။

(ဒီမိုတွက်နှင့်)
ညီနောင်တို့သွေး၊ မခြောက်သေးဘူး
လမ်းခုလတ်နှင့်၊ သွေးမပြတ်နှင့်
ညီညွတ်ချိန်ခါ၊ သွေးစည်းစွာနှင့်
(၂၀၀၉ - သံဃာ့တပ်ဦးမှာ)
ကျောင်းသားပြည်သူ၊ ခြံရံကူလို့
(အဓမ္မ)အာဏာဟူသမျှ၊ တွန်းလှန်ရမည်
ငါတို့သွေးတွေ၊ နီရဲစေ။        ။

Black

29 August 2009

THE KINGS AND BUDDHISM (BY PARAGU)

စာရေးဆရာကြီး ပါရဂူ၏ “ ရာဇာ နှင့် သာသနာ ” စာအုပ်
စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် အမီ
ဗမာပြည်တွင်း၌ ထွက်ရှိ



(ရှေ့  မျက်နှာဖုံး)


(နောက် ကျောဖုံး)
----------------------------------------------------------------------------------

ပါရဂူ
ရာဇာ နှင့် သာသနာ
(သမိုင်း၊ သာသနာဝင်၊ ရာဇ၀ံသများကို မွှေနှောက်ပြုစုထားသည့်စာအုပ်)

----------------------------------------------------------------------------------
ပထမအကြိမ် ပုံနှိပ်ခြင်း - ( ၂၀၀၉ ခုနှစ်၊ သြဂုတ်လ၊ အုပ်ရေ ၅၀၀ )
မျက်နှာဖုံးဒီဇိုင်း - ကျော်မင်းမောင်
( တန်ဖိုး - ၃၅၀၀ ကျပ် )
----------------------------------------------------------------------------------

ပါရဂူ၏ စာအုပ်အဖွင့် စကားပလ္လင်





----------------------------------------------------------------------------------

စာအုပ်အမြည်းကို လက်ကမ်းကြော်ငြာစာရွက်ထဲမှ စာသားများအား ကူးယူပြီး ဆက်လက်ဖော်ပြလိုက်ပါကြောင်း။

ပီယဒဿီ (အသောက) ဘုရင်နှင့် အိန္ဒိယသာသနာဝင်


“ပြည်သူများအတွက် အလုပ်လုပ်ခြင်းမှတစ်ပါး၊ အခြားအလုပ် ကျွန်ုပ်တွင်မရှိ” ဟု ကြွေးကြော်ခဲ့သူ။
“ကမ္ဘာကြီးကို စစ်ဖြင့် အနိုင်မယူ၊ ဓမ္မဖြင့် အနိုင်ယူမည်” ဟု ဆိုခဲ့သော သာသနာပြုမင်းကောင်းမင်းမြတ် ဘုရင်အသောက နှင့် အိန္ဒိယ သာသနာဝင် ။

မိလိန္ဒ၊ ရှင်နာဂသိန်နှင့် ဂရိနိုင်ငံ

ဘုရင် အသောက ထွန်းညှိသွားခဲ့သော ဓမ္မဆီမီး ငြိမ်းမသွားအောင် ဆက်လက်ထိန်းသိမ်းခဲ့သည့် ဘုရင် မိလိန္ဒနှင့် ဂရိနိုင်ငံသာသနာသမိုင်း ။

ကနိရှက ဘုရင်နှင့် အိန္ဒိယနိုင်ငံ

မိမိ၏ ကြီးပွားတိုးတက်မှုအတွက် အထောက်အပံ့ဖြစ်သော ဒဿန (သို့) ဓမ္မဟုဆိုခဲ့သည့် အယူအဆကို ပြောဆိုခဲ့သူ။
ဘုရားဆင်းတုတော် စတင်ထုလုပ်ပူဇော်ခဲ့သည့် ဘုရင်၊ ဗုဒ္ဓဘာသာစာပေထွန်းကားအောင် ပြုလုပ်ခဲ့သည့် သာသနာပြုမင်းကြီး ကနိရှက အကြောင်း ပြည့်ပြည့်စုံစုံ ။

ဒုဋ္ဌဂါမဏိ နှင့် သီရိလင်္ကာ

တိုင်းရင်းသား သီဟိုဠ်လူမျိုးများ ကြီးပွားထွန်းကားရေး၊ ဗုဒ္ဓသာသနာ ကြီးပွားထွန်းကားရေး နှစ်မျိုးစလုံးကို စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်ခဲ့သော ဘုရင်မင်းမြတ် ဒုဋ္ဌဂါမဏိ၏အကြောင်းနှင့် သီဟိုဠ်သာသနာဝင်အကြောင်း။

ဘုရင်ဦးတည်နှင့် တရုတ်နိုင်ငံ

ပိဋကတ်သုံးပုံကို ပထမဦးဆုံး တရုတ်ပြည်တွင် ထုတ်ဝေဖြန့်ချိခဲ့သည့် မင်းကြီး (သို့)  ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဆင့်တွင် ထားခဲ့သည့် ဘုရင်နှင့် တရုတ်သာသနာဝင် အစိတ်အပိုင်းတစ်ချို့  ။

ကုဗလေခန်နှင့် တိဘက်နိုင်ငံ

“လက်ဝါးမှ လက်ချောင်းများ ထွက်ပေါ်လာ၏။  ဗုဒ္ဓ၀ါဒသည် လက်ဝါးနှင့် တူ၏။ အခြားဘာသာတရားများကမူ လက်ချောင်းများနှင့်တူ၏” ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့သော စစ်ဘုရင် ကုဗလေခန်။
လူမသိသေးသည့် ဗုဒ္ဓသာသနာပြုမင်း၏အကြောင်း ။

သီရိသူရိယ၀ံသရာမ နှင့် ထိုင်းနိုင်ငံ

ဗုဒ္ဓဘာသာကို ပြန့်ပွားအောင် ပြုလုပ်ခဲ့သူ။ သူကိုယ်တိုင် ပဉ္ဖင်းခံပြီး သသနာ့ဘောင်အတွင်း ၀င်ရောက်သွား၍ တိုင်းသူပြည်သားများ တောင်းပန်သောကြောင့် သင်္ကန်းချွတ်၊ တိုင်းပြည်တာဝန်ပြန်၍ ထမ်းဆောင်ခဲ့သော သာသနာပြုမင်းတစ်ပါးနှင့် ထိုင်းသာသနာဝင်။

အိန္ဒိယ၊ သီရိလင်္ကာ၊ တရုတ်၊ ထိုင်း၊ မွန်ဂို၊ တိဘက်၊ နီပေါ၊ ဂျပန်၊ ကိုရီးယား၊ ကမ္ဘောဒီးယား၊ လော၊ မလေးရှား၊ မြန်မာ နိုင်ငံပေါင်း (၁၃)နိုင်ငံတွင် ဗုဒ္ဓဘာသာမျိုးစေ့ ကြဲချပေးခဲ့သော မင်းကောင်းမင်းမြတ် သာသနာပြုမင်းများ၏အကြောင်း၊ ဂိုဏ်းစဉ်ဂိုဏ်းဆက် ရဟန်းတော်များအကြောင်း ပြည့်ပြည့်စုံစုံ ဖတ်ရှုခွင့်ရမည့်စာအုပ်ကောင်းဖြစ်သည်။

ပဉ္စဂံစာအုပ်တိုက်
မန္တလေး မှ ထုတ်ဝေသည်။
----------------------------------------------------------------------------------

ပဉ္စဂံစာအုပ်တိုက်

၁၆၇ (A)၊ ၃၅ လမ်း၊ ကျောက်တံတားမြို့ နယ်၊ ရန်ကုန်မြို့  ။
ဖုန်း - ၀၁-၃၇၇၀၆၁

25 August 2009

Evening in Pain

ဝေဒနာ ညနေခင်း



ညနေခင်းငှက်တစ်ကောင်လိုပဲ
ဝဲဝဲပြီး အသိုက်လေးဆီ ပျံချင်လိုက်တာ
သူစိမ်းတွေကြားမှာ ဝေဒနာတွေက အလွန်အကျွံ စိမ်း။

ငါကိုယ်တိုင်မသိတဲ့ ငါ
မုန်တိုင်းတွေမိနေပေါ့။

အဲဒီယဉ်ပါးမှုတွေနဲ့ ထုံထိုင်း
အော် မုန်တိုင်းကတော့ မုန်တိုင်းပဲလေ။

ကျနော်သွားနေတဲ့ လမ်းတွေလေ
အမေ့တောလမ်းလေးကို ထိခိုက်နေမလား။

ထားပါတော့လေ ဒါတွေက ကျနော်နဲ့ အမေ့ကြားမှာ တစ်နေ့ ဆွေးနွေးကြတာပေါ့။

ဝေဒနာ အလွန်အကျွံတွေကြားမှာ
အတောင်တွေက ညောင်းလွန်းလို့ ပျံရင်းအိပ်ငိုက်မိတယ်။

သူငယ်ချင်းတွေ ဘယ်မှာ ကျရစ်ခဲ့ပါလိမ့်
အဝေးကြီးကလူတွေ သူငယ်ချင်းလုပ်ရတာထက်
ကျရစ်ခဲ့တဲ့ သူငယ်ချင်းတွေ ပြန်ကောက်တော့မယ်။       ။

လွင်ပြင်ဟန်

SEPTEMBER SAFFRON REVOLUTION DAY ACTIVITY LEADED BY IBMO

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်က ဦးဆောင်မည့်
ရွှေဝါရောင်တော်လှန်ရေးနေ့ မေတ္တာပို့ ဆုတောင်းပွဲ



သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်
SASANAMOLI - INTERNATIONAL BURMESE MONKS ORGANIZATION
www.burmesemonks.org

Announcement Aug 24 2009

INTERACTION OR INTER-ACTION?

"အင်တာ-အက်ရှင်" လား "အင်တာရက်ရှင်" လား

(24.8.009)

ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့်ရခဲ့တဲ့ အမေရိကန် (ဆီနေတာ)ဟာ မီဒီယာများ အဆိုအရ ဒေါ်စုက ဘာပြောတယ်ဆိုတာကို သတင်းစာရှင်းလင်းပွဲမှာ သတိထားပြီး ပြောဆိုကြောင်း သိရှိရပါတယ်။


ပထမနေ့နဲ့ နောက်နေ့ သတင်းထွက်တာတွေ မတူကြပါ။ အစဦးဆုံး စာလုံးမဲကြီးတွေနဲ့ ထွက်လာတာကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ (ဆန်ရှင်) တချို့ ရုတ်သိမ်းမှာကို ကန့်ကွက်မယ် မထင်ပါဘူးတဲ့။ ဒါက (အင်တိုင်-ဆန်ရှင်) အမတ်စကား ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ မြန်မာ (မီဒီယာ)တခုကနေ ကျွန်တော့်ကို (အင်တာဗျူး)တုံးက (ဆန်ရှင်)ကိစ္စ္စမှာ ဒေါ်စုက ဒီလို ပြောတယ်လို့ ဆိုတာမှာ ကျွန်တော် သံသယရှိပါတယ်လို့ ဖြေခဲ့ပါတယ်။ အဲဒီ (မီဒီယာ)က သုံး မသုံးတော့ မသိပါ။ နောက်နေ့မှာဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သူ့ရဲ့ တရားဝင် ပြောရေးဆိုခွင့်ရှိသူကတစ်ဆင့် ရှင်းလင်းချက်ကို ကြားရတော့ ကျွန်တော့် သံသယဆိုတာ မှန်သွားပါတယ်။

ရှင်းလင်းချက်ထဲမှာ တခုဆက်ရှိပြန်သေးတာက ဘာသာပြန်တာပြောပြော၊ အဓိပ္ပာယ်ကောက်တာဆိုဆို ကျွန်တော် ပြန်ချင်တာ၊ ကောက်ချင်တာနဲ့ နဲနဲလွဲနေတာ တွေ့ရပါတယ်။ Interaction ဆိုတာပါ။ တချို့က "ပူးပေါင်းဆောင်ရွက်ဖို့" "ညှိနှိုင်းဖို့" "ပူးပေါင်းဆောင်ရွက်တာ" "ညှိနှိုင်းဆောင်ရွက်ခြင်း" စသဖြင့် တာသာပြန် ကောက်ယူကြပြီး၊ တချို့ကတော့ Interaction ကို အတိုင်းသား ထည့်သွင်း ဖေါ်ပြကြတာ တွေ့ရပါတယ်။ သတင်းသမားများအဖို့ မြန်ဖို့ကအရေးပါလို့နဲ့ တူပါတယ်။


Interaction ဟာ Inter-action နဲ့မတူပါ။ Inter-action ဆိုတာက တွဲလုပ်တဲ့သဘော ပိုဆောင်ပါမယ်။ Interaction က စကားပြောကြတဲ့ သဘော၊ အပြန်အလှန်သဘော၊ အမြင်ချင်းဖလှယ်တဲ့သဘော၊ ချုပ်လိုက်ရင် တွေ့ဆုံဆွေးနွေးရေးပါဘဲ။ လူနှစ်ယောက်တွေ့တာနဲ့ ဆရာနဲ့တပည့်ဖြစ်ရင်တောင် ကနေ့ခေတ်မှာ ဆရာပြောတာချည်း တပည့်က နားထောင်ရတာ မဟုတ်လို့ တစ်ယောက်ကေပြောတာကို ကျန်တစ်ယောက်က သူ့အယူအဆ၊ ဒါမှမဟုတ် တစ်ဖက်ပြောတာကို သဘောတူ-မတူ ပြောရတာပါ။ (ဆီမီနာ)တို့ (၀ပ်ရှော့ပ်)တို့မှာလဲ အဓိက ပြောမယ့်လူ ပြောပြီးတဲ့နောက် Questions and comments ကျန်တဲ့လူတွေက မေးလိုတာရော၊ ပြောလိုတာပြောနိုင်တဲ့ အစီအစဉ် ထည့်ပါတယ်။ သတင်းစာရှင်းလင်းပွဲလို Questions and answers အမေး-အဖြေမဟုတ်ပါ။


လူ-လူချင်းမဟုတ်ဘဲ လူနဲ့ ကွန်ပြူတာအကြားမှာရော၊ ကွန်ပြူတာတွေအကြားမှာရော (အင်တာရက်ရှင်) ရှိတာပါဘဲ။ လူနဲ့ တီဗွီအကြား အပြန်အလှန်သဘောပါရင် Interactive လို့ပြောပါတယ်။ Communicate လုပ်ကြတာ ဖြစ်ပါတယ်။ "အပြန်အလှန်သဘော" က အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ အတူနေရင်း-လုပ်ကိုင်ရင်း အပြန်အလှန် ပြောဆိုကြတာဖြစ်လို့ တခုခုကို "ပူးပေါင်းဆောင်ရွက်တာ" "တွဲလုပ်တဲ့သဘော" နဲ့ ကွာခြားပါတယ်။


ပူးပေါင်းဆောင်ရွက်တာ မတိုင်ခင် ညှိနှိုင်းတာရှိရမှာဖြစ်ပြီး၊ ညှိနှိုင်းတာရောက်ဖို့ လုပ်ရမယ့်အဆင့်ကို Interaction အဆင့်လို့ ခေါ်မယ်ထင်ပါတယ်။


ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ "ပြည်ပမှာထက်အရင် ပြည်တွင်းထဲမှာ Interaction လုပ်ဖို့ လိုတယ်" ဆိုတာကို "ကိုယ့်ပြည်ထဲမှာ တာဝန်ရှိသူများအကြား အပြန်အလှန်သဘောပါတဲ့ ဆက်သွယ်ရေး၊ ဆက်ဆံမှုတွေ ရှိဖို့ လိုတယ်" လို့ မှတ်ယူသင့်ပါတယ်။ တစ်ဖက်ကပြောသမျှ လိုက်လုပ်ရမယ်၊ မလိုက်ရင် ဘယ်ဥပဒေနဲ့ ညိလို့၊ ဘယ်ဥပဒေကို ချိုးဖောက်လို့ ဘာပြစ်ဒဏ်၊ ညာပြစ်ဒဏ်ဆိုတာနဲ့ လုံးဝမတူပါ။


အလုပ်ရုံတစ်ခုမှာ စီမံခန့်ခွဲရေးနဲ့ အလုပ်သမားတွေကြား Interaction ရှိမှ အလုပ်က တိုးတက်ပါသတဲ့။ မြန်မာပြည် ဆိုတဲ့စက်ရုံကြီး တိုးတက်မလာတာလဲ Interaction မရှိသေးလို့ပါဘဲ။ ဓာတ်ပစ္စ္စည်းတစ်ခုနဲ့ တစ်ခု တွေ့ရင် ဓာတ်ပြောင်းလဲမှု ဖြစ်လာကလည်း အတူတူပါ။ အနှစ် ၂၀အတွင်း မြန်မာပြည်မှာ ပြောင်းလဲမှုမရှိသေးတာ Interaction မရှိသေးလို့ပါ။


တင့်ဆွေ

22 August 2009

Yettaw from Inyar Lake

အင်းယားကန်သို့ အိုကြက်တော


John Yettaw arrives in Bangkok



ကျုပ်တို့ရွာမှ ကိုကြက်တော
အင်းယားကန်ပေါ် မျော
ကြက်တော်ခုန်တက် ဒေါ်စုအိမ်
ခုနှစ်နှစ်ချလို့ လိမ်
ဒီအချိန်မယ် ကြက်တောစုတ်
ဝက်ပေါ လာလို့ ထုတ် ။

ဒီဇာတ်ရှုပ်က ၀က်ပေါရေ
ဒေါ်စု လွှတ်ပါဟေ
ထွေလီကာလီ ငါမသိ
ဝက်ပေါ တခွိခွိ ။ ။

ယမထာ
---------------------------------------------------------------------
ခက်ဆစ်များ

ကြက်တော = ဂျွန်ဝီလျံယက်တောရဲ့ မြန်မာနာမည်
ဝက်ပေါ = အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ရဲ့ မြန်မာမှုပြုထားတဲ့ နာမည်
---------------------------------------------------------------------

Photo of
John Yettaw arrives in Bangkok was taken from -
http://www.thaiphotoblogs.com/index.php?blog=5&title=john-yettaw-arrives-in-bangkok&more=1&c=1&tb=1&pb=1