06 February 2010

2008 Academy Awards (၂၀၀၈ ခုနှစ် အကယ်ဒမီ ဆုရစာရင်း)

၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီ၊ (၆) ရက်မှ ပေးသော
၂၀၀၈ ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီဆုများ



၂၀၀၈ ခုနှစ်၊ အကယ်ဒမီ ဆုရ (သို့မဟုတ်)
ဆုနှင့်ဆက်နွယ်သော ရုပ်ရှင်ဇာတ်ကားလေးကား









(ရုပ်ရှင်ဇာတ်ကား ဓာတ်ပုံများကို http://academy.myanmarcgiaward.com/ မှ ရယူပါသည်)

စကားမစပ်။   ။ အနှီ အထက်ပါ အကယ်ဒမီဆုရဟူသည့် မြန်မာရုပ်ရှင်ဇာတ်ကားများအား အော်စကာဆုရ ရုပ်ရှင်ဇာတ်ကားများနှင့်သော်လည်းကောင်း၊ ယခုရက်ပိုင်း ကမ္ဘာတစ်ဝှမ်း နာမည်ကြီးနေသော 2022 Tsunami, Ninja Assassin, 2012, AVATAR လိုမျိုး ရုပ်ရှင်ဇာတ်ကားများနှင့်သော်လည်းကောင်း နှိုင်းယှဉ်ကာ အကဲဖြတ်ဝေဖန်ခြင်းမျိုး မပြုလုပ်ကြပါရန် သနားသောအားဖြင့် တောင်းပန်အပ်ပါသည်။

05 February 2010

Democratic Forces For Burma

လက်တွဲဝန်းရံ၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲခေါ်သံ

ရက်စွဲ။  ။ ဖေဖော်ဝါရီလ (၂) ရက်၊ ၂၀၁၀ ခုနှစ်
စာအမှတ်။   ။ K/GAB/ 03
 

အကြောင်းအရာ။   ။ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြပါရန် ရဲဘော်ရဲဘက်များသို့ နှိုးဆော်ချက်
 
အထက်အကြောင်းအရာပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာတစ်မျိုးသားလုံး စစ်အာဏာရှင် စနစ်မှ လွတ်မြောက်စေရန် ရည်သန်၍ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးတွင် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်ထားသော ကြေငြာချက်အား ပူးတွဲပေးပို့အပ်ပါသည်။
 
လေးစားစွာဖြင့်-
 
အလုပ်မှုဆောင်အဖွဲ့
ပြည်တွင်းပြည်ပ ဂျီအေဘီ အင်အားစုကြီး

Global Action For Burma (GAB)


Democratic Forces

29 January 2010

A FORWARD LETTER TO AUNG SAN OO

Fwd: ဦးအောင်ဆန်းဦးသို့ အိတ်ဖွင့်ပေးစာ (၂၄-၁-၂၀၁၀ )

ဆက်လက်ဖြန့်ဝေပေးစေလိုပါသည်။
                                     
                 ကျေးဇူးတင်ပါသည်။

--
http://allburmamonksalliance.com/
http://allburmamonksalliance.org/

26 January 2010

HEART FOR ART, HEART FOR PEACE By Kyaw Thu

ကက်ကင်း
(ရုပ်ရှင်မင်းသား၊ ပရဟိတသမား၊ ပြည်သူ့ဘက်တော်သား၊ မိစ္ဆာဆန့်ကျင်ရေးသမား
"ကျော်သူ" ၏ "ကက်ကင်း" စာစုကို သူ၏ FACEBOOK စာမျက်နှာမှ ကူးယူဖော်ပြသည်)



ပီတိဖြစ်လိုက်ရသည်ဖြစ်ခြင်း....။
ရင်ခုန်လိုက်ရသည်ဖြစ်ခြင်း...။
ပျော်လိုက်ရသည်ဖြစ်ခြင်း....။


လွန်ခဲ့သည့် ( ၅ ) နှစ်ကျော်...နှစ်သစ်ကူးရက်များနှင့် ရုပ်ရှင် အနုပညာသည်များ၏ မှတ်တိုင်များ
စိုက်ထူခဲ့ကြသည့်ည....။
အကယ်ဒမီည။
ထိုနေ့...ထိုညများသည် မိမိနှင့် မသက်ဆိုင်တော့။

ရုပ်ရှင်အနုပညာလောကနှင့် တဖက်သက် ကွားရှင်းပြတ်စဲ ပြီးစီးခဲ့သည်မှာ ( ၂ ) နှစ်ကျော် ( ၃ ) နှစ်ထဲသို့ ၀င်လာခဲ့ပြီ ဖြစ်သည်။

အကြောင်းရင်းစစ်သော် ဗုဒ္ဓဘာသာဝင် တစ်ယောက်၏ လုပ်ရိုးလုပ်စဉ် တစ်ရပ်ပေါ် အခြေခံသွားသည်။

မိမိသည် အော်ဟစ်ဆူပူသောင်းကျန်း မိသူမဟုတ်။
မိမိသည် လက်သီးလက်မောင်းတန်းဖို့ နေနေသာသာ
လက်နှစ်ဘက်ကို မိမိပခုံးထက်ထိပင် မ မခဲ့။

ရှိစေတော့...ကိုယ့်ကံနှင့်ကို ကမ္ဘာမြေကြီး ပေါ်ရှိ မြန်မာပြည်ကြီး ထဲသို့ရောက်လာခဲ့ပြီးကိုး။
သို့သော် ကျေးဇူးတင်ပါသည် အမိမြန်မာပြည်။

ကျေးဇူးကြီးလှပါသည် ( အဘ ) ဘဘဦးသုခ။
မိမိ၏ ပိရိတ်သတ်၊ မိမိ၏ ကျေးဇူးရှင်များ၊ မိမိနှင့် ပါဝင်ပက်သက်ခဲ့ ဖူးသော ခင်ပွန်းကြီး ( ၁၀ ) ပါး။
မိမိထက်နိမ့်ကျသူများ၊ မိမိထက်မြင့်မားသူများ၊ မိမိနှင့် ကိုးကွယ်ရာ ဘာသာတူသူများ၊ မိမိနှင့် ကိုးကွယ်ရာ ဘာသာမတူသူများ၊ မိမိလေးစား သည့်မိတ်ဆွေများ၊ မိမိရွံရှာခဲ့သော ရန်သူများနှင့် အမိမြန်မာ ပြည်သူ ပြည်သား များအပြင် နိုင်ငံရပ်ခြားမှမိမိတို့ မြန်မာပြည်အတွင်း တွင်ဘ၀ပြောင်းသွားသောသူများ...အားလုံး ..အားလုံး...ငြိမ်းချမ်း လှပအဆင်ပြေမှုရှိအောင် အခမဲ့ အသုဘ ၀န်ဆောင်မှုဖြစ်သော နာရေးကူညီမှု အသင်း(ရန်ကုန်) တည်းဟူသော လူမှုရေးအသင်းအဖွဲ့ပေါ်ပေါက်လာအောင် စတင်ဖွဲ့စည်း မျိုးစေ့ချ ပေးခဲ့သော ဘဘ ဦးသုခ၏ကျေးဇူးနှင့် တရားသဘော (အနိစ္စ၊ ဒုက္ခ၊ အနတ္တ)ကို လွယ်ကူစွာရှာဖွေ ဖော်ထုတ်ပေးခဲ့သော အမိမြန်မာပြည်၏ ကျေးဇူးတရားများပင်ဖြစ်တော့သည်။

“သေသောသူသည် သုဿန်သို့ သက်သက်သာသာသွားသင့်သည်။ ” ...... မဟုတ်ပါလား။
သို့သော်

အများအကျိုး ရွက်သယ်ပိုးက
ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း
မငဲ့မစောင်း ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် ရှေ့ရှုနှင်လော့....။


ဟူသော ရွှေဟင်္သာဆရာတော်ကြီး၏ ဆုံးမသြ၀ါဒ အတိုင်းပင်ဖြစ်ခဲ့သည်။

ဘဘ(ဦးသုခ)၏ ဖေးမမြှင့်တင်မှုစွမ်းအားနှင့်အတူ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် ငွေအား၊ လူအား၊ဥာဏ်အားနှင့် ကိုယ့်ထမင်းကိုယ်စား ကိုယ့်စားရိတ်နှင့်ကိုယ်သွား၍ ပြည့်သူ့အကျိုး ထမ်းဆောင် မှုပြုကတည်းက...မိမိနှင့် ရုပ်ရှင်မရိုက်ချင်သော ကုမ္ပဏီများ၊ ဒါရိုက်တာများ၊ မင်းသမီးများ ထူးဆန်း အံ့သြဖွယ် ပေါ်ထွက်လာခဲ့သည်။ ပြည်သူကျွေးသောထမင်းကိုစားပြီး ပြည်သူ့အရေးကိစ္စကို မျက်ကွယ်ပြု၍ မိမိအား ရွံရှာသူ၊ မင်္ဂလာ မရှိသူ၊ လာဘ်ပိတ်သူအဖြစ် သတ်မှတ်အကျင်ခံခဲ့ရပါသည်။

လွန်ခဲ့သော (၂) နှစ်ကျော် အချိန်ကာလမှစ၍ ယခုလက်ရှိအချိန်တွင်တော့ မိမိ၏ အချို့သော အနုပညာ လောကသားများသည် မိမိအား တစိမ်းတစ်ယောက်၊ မမြင်ဖူးသောသူတစ်ယောက်၊ အန္တရာယ်ရှိသူ တစ်ယောက်၊ အဖက်မတန်သောသူတစ်ယောက်၊ရွံရှာဖွယ် ကြောက်ရွံ့ဖွယ် တစ်ယောက်ကဲ့သို့ ဖြစ်သွားပြန် ပါပြီ။ ယခင်က ညီအစ်ကိုမောင်နှမသဖွယ် ဆက်ဆံကူညီဖေးမခဲ့သောသူများပင် လမ်းတွေ့လျှင် မခေါ်ရဲ၊ မခေါ်ချင်၊ မပြောရဲ၊ မပြောချင်၊ မမြင်ချင်ဟန် ဆောင်သွားကြသည်။ တယ်လီဖုန်းလေးပင်ဆက်၍ စကား ပြောဖော်မရှိတော့။

တော်လိုက်သည့် ........ အနုပညာရှင်
ပြောင်မြောက်လိုက်သည့် ...... ...... အနုပညာရှင်
ထူးချွန်လိုက်သည့် ........ အနုပညာရှင်


များပင်ဖြစ်တော့သည်။

အရင်းစစ်သော်..ဖန်တီးရှင်၊ တန်ခိုးရှင်၊ ကံဇာတ်ဆရာကြီး၏ တန်ခိုးအာဏာ အစွမ်းထက်မှုကြောင့်ပင်ဖြစ်တော့သည်။

ပီတိဖြစ်လိုက်ရသည်ဖြစ်ခြင်း....။
ရင်ခုန်လိုက်ရသည်ဖြစ်ခြင်း...။
ပျော်လိုက်ကြသည်ဖြစ်ခြင်း....။


ယခင်နှင့်ယခု မတူတော့...။
ယခင် အနုပညာလောကမှာ လှုပ်ရှားမှုများက.......... အတ္တဟိတ။
ယခု လူမှုရေးလောကမှာ လှုပ်ရှားမှုများက.............ပရဟိတ။
ယခင်နှင့်ယခု ကွာခြားလှသည်.....။ မိမိ၏ ရင်ထဲ၊ နှလုံးသားထဲ၊ ဦးနှောက်ထဲ ယခုပေါ်ပေါက်လာသည့် ပီတိ၊ ရင်ခုန်မှုအပျော်တို့သည် မိုးနဲ့မြေဖြစ်ခဲ့ပါပြီ ဘဘဦးသုခပြောခဲ့ဖူးပါသည်။ ဆုံးမခဲ့ဖူးပါသည်။

မောင်ကျော်သူ.....မင်းအီတလီဝန်ကြီးချုပ်ကိုသိလား? (မသိပါ)
.....မင်းပြင်သစ်သမ္မတကိုသိလား? (မသိပါ)
......မင်းချာလီချက်ပလင်ကိုသိလား? (သိတာပေါ့)

အေး.....အဲ့ဒါပဲကွ..အနုပညာသည်ဆိုတာ လူတိုင်းသိတယ်။ စစ်မှန်တဲ့အနုပညာသည်ဆိုတာ လူတိုင်းလေးစားတယ်။
ဒါကြောင့်....အနုပညာသည်လုပ်တဲ့....အကျိုးပြုလုပ်ငန်းဆိုတာ..."အောင်မြင်ရမယ်" တဲ့။

ဘဘဦးသုခစကားသည်............
မိမိအတွက် အားဆေးတစ်ခွက်ပင်ဖြစ်တော့သည်။
ဒါကြောင့် ထိုအချိန်မှစ၍ မိမိသည်....အသက်မရှိသူတို့နှင့်သာ ပတ်သက်သွားတော့သည်။
မိမိသည်.....လူတိုင်းမသွားချင်သော သင်္ချိုင်းသုဿန်သို့ အမြဲသွားနေသည်။
မိမိသည်.....လူတွေမေ့ချင်ယောင်ဆောင်မှုကို သိလာသည်။
မိမိသည်.....လူတွေမသိသောအရာများကို မြင်လာသည်။

ထို့ကြောင့်- မိမိ၏ အနုပညာနှလုံးသားကို ငြိမ်းချမ်းမှုအတွက် စတေးပစ်လိုက်တော့သည်။
ဤတွင်....ကျေးဇူးရှင်ဘဘ (ဦးသုခ) ကမ္ဘာမြေပြင်မှမထွက်ခွါခင် မိမိအား ပြောကြားခဲ့သည့် နောက်ဆုံးစကားရပ်ကို ကြားယောင်မိပါသည်...။

“မောင်ကျော်သူ...မင်းနဲ့ဘဘက အကျိုးပေးတယ်...ကက်ကင်း” တဲ့
ဟုတ်ပေသားပဲ....
သုခ ၊ ကျော်သူ ။
(သောကြာ+တင်္နလာ) ၊ (တနင်္လာ+သောကြာ)

ကျော်သူ ၊ သုခ ။
(တနင်္လာ+သောကြာ) ၊ (သောကြာ+တင်္နလာ)။

ထိုအခါ...မိမိ၏ဦးနှောက်ထဲ ဖျတ်ခနဲပေါ်လာ၍ ဆတ်ခနဲပြန်ပြောမိသည်။
“ ဟာ..ဘဘ...ဒါဆို ကျနော်က သင်္ချိုင်းနဲ့လည်း အကျိုးပေးတာပေါ့...”
ကျော်သူ၊ သင်္ချိုင်း။ သင်္ချိုင်း၊ကျော်သူ လေ”...။
“ မှန်လိုက်လေ...... ဟုတ်လိုက်လေ....မောင်ကျော်သူရယ်တဲ့..” တဲ့
ဟုတ်ပါတယ်.... မောင်မောင်(ကျော်ဝင်း) ဆိုတဲ့လူတစ်ယောက် ကမ္ဘာမြေပြင်ကိုရောက်လာပြီး “ကျော်သူ” ဟူသော အမည်နာမနှင့် ဘ၀ဘ၀တွေကို ဖြတ်သန်းကျော်ဖြတ်တဲ့ အချိန်မှစပြီး ပေးဆပ် လိုက်ရတဲ့ ပေးဆပ်မှုတွေ....“ကက်ကင်း”ကိုက်ပြီး သင်္ချိုင်းမြေနှင့် အကျိုးပေးခဲ့ရသည်မှာ ယနေ့တိုင်....။

မိမိပီတိဖြစ်လိုက်ရသည်..........ဖြစ်ခြင်း။
မိမိရင်ခုန်လိုက်ရသည်..........ဖြစ်ခြင်း။
မိမိပျော်လိုက်ရသည်..........ဖြစ်ခြင်း။


သို့သော်...အားလုံး..အားလုံး..အလုံးစုံတို့သည်...အနိစ္စ၊ ဒုက္ခ၊ အနတ္တ။

တရားသိသလိုလို..တရားရှိသလိုလိုနဲ့
ဝင်လေထွက်လေရပ်ပြီး
ငါ့နောက်မလိုက်ခဲ့နဲ့။


ကျော်သူ
(၂၊ ၁၁၊ ၁၉၅၉) မှ (----- ၊----- ၊--------)

http://www.facebook.com/note.php?note_id=263104062913&ref=mf

20 January 2010

Ludu U Hla, 100th Year (News & Photos)

လူထုဦးလှ ရာပြည့်ပွဲJustify Full
(၁၉၊ ဇန်န၀ါရီ၊ ၀၁၀)


သတင်းစာဆရာ၊ စာရေးဆရာ လူထုဦးလှ နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့၊ ၃၅ လမ်း၊ ၈၅ - ၈၆ လမ်းကြား၊ မြတောင်ဘုန်းကြီးကျောင်းတိုက်၊ ရာပြည့်ဗိမာန်မှာ ယနေ့ ကျင်းပခဲ့ပါတယ်။


လူထုဦးလှရာပြည့်ပွဲကျင်းပရာ မြတောင်ရာပြည့်ဗိမာန်တော်နှင့်
မြတောင်ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ လူထုဦးလှ အမှတ်တရသစ်ပင် ကျောက်စာတုံး



နံနက် (၁၀)နာရီခွဲ

မှာ လူထုမိသားစုက ဘုန်းကြီးအပါး (၅၅)ပါးကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ရာပြည့်ပွဲလာ ပရိသတ်အပေါင်းကို (စစ်ခွေးတွေကိုပါမကျန်) နေ့လည်စာ ကျွေးပါတယ်။


နံနက် (၁၁)နာရီ (၃၀)မိနစ်ခန့်

မှာ လူထုဦးလှ ရာပြည့်ပွဲကို ပေးပို့လာတဲ့ သ၀ဏ်လွှာများကို ဖတ်ကြားပါတယ်။ သ၀ဏ်လွှာများမှာ
၁။ ဦးသော်ကောင်းရဲ့ " လူထုဦးလှ အမှတ်တရ " သ၀ဏ်လွှာ ကို စာရေးဆရာ ဆူးငှက်က လည်းကောင်း
၂။ ဦးဝင်းတင်ရဲ့ " လူထုကို မျက်နှာမူခဲ့တဲ့ ဦးလှ " သ၀ဏ်လွှာကို စာရေးဆရာ ညီစေမင်းက လည်းကောင်း
၃။ ဒဂုန်တာရာရဲ့ သ၀ဏ်လွှာကို ကဗျာဆရာ မောင်နီဦးက လည်းကောင်း
၎။ ကလျာ(၀ိဇ္ဇာ/သိပ္ပံ)ရဲ့ " ဦးလေးလှအတွက် သ၀ဏ်လွှာ " ကို စာရေးဆရာမ ၀င်းဝင်းမြင့်(နန်းတော်ရှေ့)က လည်းကောင်း
၅။ ဦးဝင်းငြိမ်းရဲ့ " ကျွန်တော်သိသမျှ ဘဘဦးလှ " သ၀ဏ်လွှာကို အယ်ဒီတာ၊ ကဗျာဆရာ မောင်တင်သစ်က လည်းကောင်း အသီးသီး ကိုယ်စားဖတ်ကြားကြပါတယ်။

စာရေးဆရာ ညီစေမင်း (တိုက်ပုံနှင့် ဆံပင်ဖြူဖြူ၊ ခပ်ပြုံးပြုံး)

အဲဒီနောက်ဆက်လက်ပြီး
လူထုဦးလှ ရာပြည့်အမှတ်တရ လူထုဦးလှအကြောင်း စာတမ်းများဖတ်ကြားကြပါတယ်။
၁။ လူထုစိန်ဝင်းရဲ့ " ရှေးဦးကြံဆ လမ်းသစ်ဖောက်သူ " စာတမ်းကို စာရေးဆရာ၊ အယ်ဒီတာ ကျော်ရင်မြင့် က လည်းကောင်း
၂။ ဒေါ်ခင်နှင်းဦးရဲ့ " ထောင်နံရံတွင် ထင်ဟပ်နေသော ခေတ်၏ ပုံရိပ်များ " စာတမ်းကို စာရေးဆရာမ မိချမ်းဝေ ကလည်းကောင်း
၃။ စိုးနိုင် (မန္တလေးတက္ကသိုလ်)ရဲ့ " ပုံပြင်ဦးလှ " စာတမ်းကို စာတမ်းရှင်ကိုယ်တိုင်ကလည်းကောင်း အသီးသီးဖတ်ကြားကာ ရာပြည့်ဦးလှကို လူထုတစ်ရပ်လုံးကိုယ်စား ဂုဏ်ပြုခဲ့ကြပါတယ်။


အခမ်းအနားကို
ဟံသာဝတီသတင်းစာအယ်ဒီတာချုပ်ဟောင်း ဦးဝင်းတင်၊ NLD ရဲ့ အမရပူရမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်နှင့် သူ၏ ဇနီး အပါအ၀င် အနယ်နယ်အရပ်ရပ်မှ တော်လှန်နိုင်ငံရေးသမားများ၊ ကဗျာဆရာကြီး အံ့မောင်၊ ကိုလေး (အင်းဝဂုဏ်ရည်)၊ ပိုင်စိုးဝေ အပါအ၀င် အနယ်နယ်အရပ်ရပ်မှ တော်လှန်ကဗျာဆရာများ၊ အနယ်နယ်အရပ်ရပ်မှ စာရေးဆရာများ၊ သတင်းထောက်များ (အင်အား ၂၀၀ ကျော်ခန့်) လူထုဦးလှ ရာပြည့်အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။



အခမ်းအနားကျင်းပရာ

မြတောင်ကျောင်းတိုက်ဝင်းအတွင်းမှာ ပိတောက်ပွင့်သစ်မဂ္ဂဇင်း အရောင်းကိုယ်စားလှယ်များက လူထုဦးလှ၊ လူထုဒေါ်အမာတို့အတွက် အထူးထုတ်ဝေထားပြီးဖြစ်သော ပိတောက်ပွင့်သစ်မဂ္ဂဇင်းများကို ပြန်လည် ခင်းကျင်း၊ ရောင်းချပေးခဲ့ပါတယ်။

ထုံးစံအတိုင်း
စစ်အဆိုးရ ထောက်လှမ်းရေးများ၊ ကြံ့ဖွတ်သတင်းပေးများလည်း အခမ်းအနားကို အတည်ပေါက်တက်ရောက်၊ ဓာတ်ပုံရိုက်၊ သတင်းယူခဲ့ကြပါသေးတယ်။

- ညိုကြီး

17 January 2010

Poem and Babies

" ကဗျာ နဲ့ ကလေးတွေ "

စစ်အတွင်းက
ပြီးတော့ ပြည်တွင်းစစ်ဖြစ်တုန်းက
ပြီးတော့ ....
ရထားလမ်းဆုံ ဘူတာရုံနားက
အဲဒီ ကလေးတွေဟာ
အဲဒီ ကမ္ဘာကြီးကို
အဲဒီ သစ်ပင်ကြီးကို
အဲဒီ ရထားသံလမ်းရှည်ကြီးကို
အမေလို့
တိုးတိုးလေးခေါ်လို့၊ ရှာလို့
ကျွန်တော် ကဗျာရေးဖြစ်တာပါ
ကျွန်တော် ကဗျာချစ်တတ်တာပါ။

ဝေရီ

---------------------------------------
မြန်မာသစ် ရသစုံမဂ္ဂဇင်း
အမှတ် (၁၁) ဇန်န၀ါရီလ၊ ၂၀၁၀၊ ပြာသိုလ၊ ၁၃၇၁ - ခုနှစ်၊ စာမျက်နှာ - (၇)မှ
ကွယ်လွန်ပြီး ကဗျာဆရာ ဝေရီ၏ " ကဗျာနဲ့ ကလေးတွေ " ကဗျာအား Scan ဖတ်ယူဖော်ပြသည်။
(၄င်းကဗျာပါ မြန်မာသစ် ရသစုံမဂ္ဂဇင်းမျက်နှာဖုံး ကိုလည်း ပူးတွဲ ဖော်ပြပေးလိုက်သည်)


12 January 2010

INCREASED SALARY CAN'T STOP THE BURMESE PEOPLE'S CRYING

စစ်အဆိုးရ၏ ၂၀၁၀ မဖြစ်ညစ်ကျယ် လစာတိုး စည်းရုံးရေး
(သို့မဟုတ်)
စစ်အဆိုးရမှ ထုတ်ပြန်ခဲ့သော
လစာတိုး ကြော်ငြာစာများ

အောက်မှာ ပူးတွဲဖော်ပြထားတဲ့ ပုံတွေကတော့ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်စွဲ နဲ့ စစ်အဆိုးရက ထုတ်ပြန်လိုက်တဲ့ လစာတိုးအမိန့်ကြော်ငြာစာတွေပါ။

အစိုးရ၀န်ထမ်းများ၏ လစာနှုန်း၊ ပင်စင်လစာနှင့် လုပ်ခများ တိုးမြှင့်သတ်မှတ်ခြင်း




တပ်မတော်(ကြည်း၊ရေ၊လေ)မှ တပ်မတော်သားများ၏ အခြေခံလစာနှုန်းသစ်များ


နိုင်ငံတော်ဝန်ထမ်းများ၏ လစဉ်ပင်စင်သတ်မှတ်ခြင်းကိစ္စ

စစ်တပ်ကမဟုတ်တဲ့ အဆင့်မြင့်ဆုံး အရပ်ဝတ် ၀န်ထမ်းတစ်ဦးရဲ့ တိုးမြှင့်ပြီး လစာနှုန်းထား အမြင့်ဆုံး (၂၁၀၀၀၀ - ၂၀၀၀ - ၂၂၀၀၀၀)ဟာ စစ်တပ်က ဗိုလ်မှူးကြီးတစ်ယောက်ရတဲ့ လစာ (၂၁၀၀၀၀ - ၂၀၀၀ - ၂၂၀၀၀၀)မျှနဲ့သာ သွားတူနေတာတွေ့ရမှာပါ။

ပြီးတော့ တရားမျှတမှုမရှိဘဲ ရယ်ချင်စဖွယ်ကောင်းတဲ့စာသားတွေလည်း ကြော်ငြာစာတွေထဲပါရှိပါတယ်။

"... - ဒုတိယဗိုလ်မှ ဗိုလ်ချုပ်မှူးကြီးအထိ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် (M.H.R.A)အဖြစ် တစ်လလျှင် ကျပ် (၅၀၀၀)ခံစားခွင့်ပြုသည်။
- ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် (M.H.R.A)ကို အငြိမ်းစားလစာတွက်ရာတွင် ထည့်သွင်းတွက်ချက်ရမည်။ ...."

ဆိုတဲ့ ကြော်ငြာစာသားတွေပါ။

ဒုတိယဗိုလ်မှသည် ဗိုလ်ချုပ်မှူးကြီးသို့ မေးခွန်းတစ်ခုလောက် မေးခွင့်ပြုပါခင်ဗျား။

ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ်ဆိုတာကို ဘယ်လိုနားလည်ရပါမည်လဲခင်ဗျား။ တိုင်းပြည်ကောင်းစားစေချင်တဲ့ စေတနာနဲ့ ရိုးသားစွာ အကြံပြုဝေဖန်ထောက်ပြ၊ ဆန္ဒထုတ်ဖော်တဲ့ သံဃာ၊ ကျောင်းသား၊ ပြည်သူပြည်သား၊ တိုင်းရင်းသားများကို သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်ကလူပြုနေရတာနဲ့ ပင်ပန်းနေရှာမှာပေါ့။ ဟုတ်လား။ ပြီးတော့ သက်စွန့်တာဝန်စရိတ်... တဲ့။ ဘယ်နားမှာသွားပြီး အသက်စွန့်နေကြပါသလဲ... ဒုတိယဗိုလ်မှသည် ဗိုလ်ချုပ်မှူးကြီးများ ခင်ဗျား?
(ဗိုလ်ချုပ်မှူးကြီးဆို လူတကာက သေအောင် ဆုတောင်းနေတာတောင် မသေနိုင်သေးဘဲနဲ့။ အံမယ်။ အဲဒီ ဗိုလ်ချုပ်မှူးကြီးဆိုသူက လစာ တစ်လ ကျပ်(၁၂)သိန်းတောင် ယူထားသေးသဗျ။)

ဒီစစ်တပ်အရာရှိဆိုတဲ့ လူစိမ်းတွေဟာ ကိုယ့်ကိုယ်ကိုတော့ အတော်သွေးနားထင်ရောက်နေပုံရပါတယ်။ သူတို့ပဲ တိုင်းပြည်အတွက် အသက်စွန့်/ပင်ပန်းကြမ်းတမ်းနေရတယ် ထင်ကြတယ်။ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် တွေဘာတွေလုပ်လို့။

အခြားအသက်စွန့်/ပင်ပန်းကြမ်းတမ်းစွာ လုပ်ကိုင်နေရတဲ့ ၀န်ထမ်းတွေရဲ့ ဘ၀တွေကရော ဘာထူးလဲ။ ထင်သာမြင်သာရှိတဲ့ ဥပမာလေးတွေ ထုတ်ပြရရင် -
၁။ ရဲဝန်ထမ်းတွေဆိုရင်လည်း အသက်စွန့်/ပင်ပန်းကြမ်းတမ်းတာပါပဲ။ (ယာဉ်ထိန်းရဲဆိုရင်လည်း ယာဉ်အတိုက်ခံရနိုင်တယ်။ နေပူထဲလည်း ရပ်ရတယ်)။
၂။ ဆရာဝန်= ဆရာဝန်တွေမှာလည်း လူနာဆီက ရောဂါတွေကူးစက်နိုင်တယ်။ အချို့ကူးစက်ရောဂါတွေက အသက်အန္တရာယ်ထိခိုက်စေနိုင်တယ်။ လူဖြစ်ရှုံးစေနိုင်လောက်တဲ့ ရောဂါတွေလည်း ကူးစက်ခံရနိုင်တယ်။  နေ့မအိပ်/ညမအိပ်ဘဲ တာဝန်ကျေပွန်စွာ လူနာတွေကုသနေတဲ့ ဆရာဝန်တွေ ပြည်တွင်းမှာ အများကြီးရှိပါတယ်။
၃။ အခြားလုပ်ငန်းကိုယ်စီမှာလည်း သူ့အထွာနဲ့သူ အသက်စွန့်/ ပင်ပန်းကြမ်းတမ်းကြတာချည်းပါပဲ။

စစ်အရာရှိတွေဟာ ဘာကြောင့် သူများထက် ပိုပင်ပန်း/အသက်စွန့် ရမှာပါလဲ။ ဘာကြောင့် အခြားဝန်ထမ်းတွေထက် လစာပိုရရမှာပါလဲ။ လုပ်ငန်းကိုယ်စီမှာ ပင်ပန်းမှုကိုယ်စီ၊ လုပ်ငန်းခွင်အန္တရာယ်ကိုယ်စီ ရှိပါတယ်။

စစ်အရာရှိတွေအနေနဲ့ တိုင်းပြည်အုပ်ချုပ်ရေးတာဝန်ကို တွဲယူရလို့ ပင်ပန်းတယ်လို့ဆိုရအောင်ကလည်း သူတို့ကို ဘယ်ပြည်သူကမှ တင်မြှောက်ထားတာမဟုတ်။ အတင်း စစ်အာဏာသိမ်းပြီး နိုင့်ထက်စီးမိုး အုပ်စိုးနေတာပဲမင့်ဟာ။ ဆင်းပါလို့ အေးအေးဆေးဆေးပြောလည်း မဆင်း။ ဆွဲချမယ်ကြံတော့လည်း ဒုံးပေကပ်သပ်။ ပလ္လင်ပေါ်က မျောက်ကလေး လုပ်ကောင်းတုန်း။

တကယ်တော့ လက်ရှိ ဗမာပြည်က ၀န်ထမ်းများဟာ မ၀ရေစာ လစာများနဲ့သာ တိုင်းပြည့်တာဝန်ကို ချို့တဲ့စွာ ထမ်းဆောင်နေကြရတာဖြစ်တယ်။ ဒါကြောင့်လည်း လာဘ်လာဘ တောင်းယူ/လက်ခံယူတာတွေဟာ ၀န်ထမ်းတွေကြားမှာ ပုံမှန်သဘောဖြစ်လာခဲ့တယ်။ လည်သူစားစတမ်း ၀န်ထမ်းလောကကြီး ဖြစ်လာရတယ်။ " ကြားပေါက် " ဆိုတဲ့စကားဟာလည်း ၀န်ထမ်းလောကအတွင်းမှာ မက်မောစရာ စကားလုံးတစ်ခုဖြစ်လာခဲ့တယ်။
(ခုလို လစာ ကျပ်(၂)သောင်းတိုးပေးလည်း ကြားပေါက်တွေက ပျောက်သွားဦးမှာ မဟုတ်ပါ)

နဂိုလစာ (၁၅၀၀၀ - ၁၀၀၀ - ၂၀၀၀၀)စကေးသာရတဲ့ ရာထူးအနိမ့်ဆုံး အခြေခံဝန်ထမ်းတစ်ဦးရဲ့ တိုးမြှင့်ပြီး လစာဟာ တစ်လ (၃၅၀၀၀ - ၁၀၀၀ - ၄၀၀၀၀)စကေးပဲ ရှိဦးမှာပါ။ အခြေခံဝန်ထမ်းတွေအဖို့ နဂိုလစာမှာ ထပ်တိုးပေးတဲ့ဆိုတဲ့ ကျပ်ငွေ(၂)သောင်းဟာ သူတို့ဘ၀တွေလှလာဖို့တော့ ဖြစ်လာစေဦးမှာမဟုတ်ပါဘူး။ (ဒီကြားထဲ လစာလေး မဖြစ်စလောက်တိုးလာတာနဲ့ပဲ ပြည်တွင်းကုန်ဈေးနှုန်းတွေက အဆမတန် မြင့်တက်လာနေပါပြီ)

တကယ်တော့ စစ်အဆိုးရအနေနဲ့ ၂၀၁၀ ခုနှစ်အဦးအစမှာ ခုလို လစာတိုးပေးတယ်ဆိုတာဟာ ၂၀၁၀ ရွေးကောက်ပွဲအမည်ခံပြီး စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေဖို့လုပ်မယ့်အချိန်မှာ အချိန်ကိုက် စည်းရုံးရေးဆင်းပြခြင်းမျှသာ ဖြစ်ပါတယ်။

ကြားပေါက်မရှိရှာ၊ ရှားပါးတဲ့ အခြေခံစစ်သား၊ အခြေခံဝန်ထမ်းများကို (၂)သောင်းကျပ်မျှ တိုးပေးခြင်းဟာ နဂိုရ လစာနဲ့ပေါင်းရင် ခမျာများအတွက် အနည်းငယ် အပိုဝင်ငွေရခြင်းမျိုးဖြစ်လာနိုင်ပေမဲ့ ကြီးမားများပြားလှစွာသော " ကြားပေါက် " တွေနဲ့ စည်းစိမ်ယစ်မူး၊ ပျော်မြူးနေတဲ့ စစ်တပ်အရာရှိများအဖို့တော့ ကျပ်ငွေ(၂)သောင်းဆိုတဲ့ပမာဏဟာ ထိုစစ်တပ်အရာရှိတို့ရဲ့ အိမ်မှာ မွေးထားတဲ့ ခွေးတစ်ကောင်စာ အစာကျွေးဖို့ တစ်ရက်စာ မုန့်ဖိုးမျှသာ ရှိမှာဖြစ်ပါတယ်။

- ညိုကြီး

09 January 2010

GENERAL AUNG SAN'S WRITER LIFE

လိပ်ပြာရှင်းသန့်သူ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ စာရေးဆရာဘဝ
- မြင့်ဆန်း -

" ရနံ့သစ် " မဂ္ဂဇင်း၊ အမှတ် (၁၃)၊ ဇန်န၀ါရီလ၊ ၂၀၁၀ ခုနှစ်၊ စာမျက်နှာ (၂၄) မှ စာရေးဆရာ " မြင့်ဆန်း " ၏ ဆောင်းပါးအား Scan ဖတ်၍ (၆၂)နှစ်မြောက် ဗမာ့လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကူးယူဖော်ပြ၏။

(ထိုရနံ့သစ်မဂ္ဂဇင်း မျက်နှာဖုံး အပါအ၀င် စုစုပေါင်း Scan (၅) မျက်နှာ)









07 January 2010

YEAR 2010 & THAN SHWE

01 January 2010

MYOMA NYEIN - YEAR 100 (1909 - 2009)

မြို့မငြိမ်း (၁၉၀၉ - ၂၀၀၉) ရာပြည့် ဂုဏ်ပြုပွဲ
မြို့မတူရိယာအသင်းတိုက် (မန္တလေး) ရှေ့ တွင် ကျင်းပ

(၃၀၊ ၁၂၊ ၂၀၀၉)

NYO GYI



မန္တလေးစာပေအနုပညာရှင်များနှင့် မြို့မတူရိယာအသင်းတို့၏ ပေါင်းစည်းမှု အစီအစဉ်

(၃၀၊ ၁၂၊ ၂၀၀၉) - ပြာသိုလပြည့်နေ့ ညချမ်းအခါသမယ မြို့မအသင်းတိုက်(မန္တလေး)ရှေ့ ကွက်လပ်မှာ မြို့မအသင်းကြီးနဲ့ မန္တလေးစာပေသမားတွေ ပူးပေါင်းပြီး မြို့မငြိမ်းရာပြည့်ပွဲကြီးကျင်းပကာ မြို့မငြိမ်းသီချင်းများနဲ့ မန္တလေးလူထုကို အခမဲ့ ဖျော်ဖြေ တင်ဆက် ဆင်နွှဲခဲ့၊ ဆရာ မြို့မငြိမ်းကို ဂုဏ်ပြုခဲ့ကြပါတယ်။

စာရေးဆရာ ဆူးငှက်၊ သိုက်ထွန်းသက် အစရှိသူတို့က မြို့မငြိမ်းအမှတ်တရ ဂုဏ်ပြုစကားများပြောကြားပေးပြီး သန်းမြတ်စိုး၊ လှမြင့်ဝင်း၊ ရာဇာဝင်းတင့်၊ ၀င်းဝင်းအောင်၊ ရီရီသန့်၊ ချိုပြုံးနှင့် မြို့မအသင်း ပင်တိုင် အဆိုရှင်များ အစရှိတဲ့ အဆိုကျော်များက မြို့မ တီးဝိုင်းကြီးနဲ့ တွဲဖက်ကာ မြို့မငြိမ်းရဲ့ သီချင်းများကိုပဲ သီးသန့် သီဆို ဂုဏ်ပြုခဲ့ကြပါတယ်။

ထိုပွဲမှာ ပရိသတ်ကို ဝေမျှခဲ့တဲ့ မြို့မငြိမ်းလက်ကမ်းစာစောင်ကလေးကိုလည်း scan ဖတ်ပြီး ပူးတွဲ ဖော်ပြလိုက်ပါတယ်။ မြို့မငြိမ်းရာပြည့်အမှတ်တရ စာအုပ်ကို အသင်းတိုက်မှာ ဆက်သွယ်ဝယ်ယူနိုင်တယ်လို့ သိရှိရပါတယ်။



29 December 2009

Win - Win Cartoon by Pe Thit T



မန္တလေး အထင်ကရ မဂ္ဂဇင်း, Mandalay ICON Magazine, Vol:2, No:5, January, 2010 မှ ဖေသစ်တည် ၏ ကာတွန်းအား ကူးယူဖော်ပြသည်။

25 December 2009

A MAN WITH DREAMS by Okkar Kyaw

အိပ်မက်တွေနဲ့လူ
ဥက္ကာကျော်



ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း၊ အမှတ် (၂၇)၊ အောက်တိုဘာ၊ ၂၀၀၉ မှ
ကဗျာဆရာ ဥက္ကာကျော်
အိပ်မက်တွေနဲ့လူ ကဗျာရှည်
အား ကူးယူဖော်ပြသည်။

(See the following 4 scan pages)








22 December 2009

2010 MAUNG CHAW NWE POEM PRIZE

၂၀၁၀ မောင်ချောနွယ်ကဗျာဆု


(အောက်ပါ/ပူးတွဲပါ 4 SCAN Pages တွင် အသေးစိတ်ဖတ်ရှုပါ)









သတင်းပြန်ကြားရေး
မောင်ချောနွယ်ကဗျာဆု အလုပ်အမှုဆောင်အဖွဲ့
ရန်ကုန်မြို့

-----------------------------------------------------------
Maung Chaw Nwe's Picture was taken from -
http://www.naytthit.com/poems/Pages%20from%20040%20Train.jpg

Yadanabon Newspaper Staffs Were Sacked

ရတနာပုံ သတင်းစာ ၀န်ထမ်းများ အလုပ်ပြုတ်
(စိုးမိုး/ ၂၁ ဒီဇင်ဘာ ၂၀၀၉)

ခေတ်ပြိုင်၊ The New Era Journal မှ ကူးယူဖော်ပြသည်)
http://www.khitpyaing.org/news/Dec09/211209b.php




-------------------------------------------------------------
Previous
Related News From My Blog

1. စစ်အဆိုးရ၏ မန္တလေးထုတ် ရတနာပုံ သတင်းစာက " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ကြောင်း ဖော်ပြခဲ့
http://bigbbrown.blogspot.com/2009/11/mandalay-yadanabon-newspaper-said-to.html
2. ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် - နောက်ဆက်တွဲ
http://bigbbrown.blogspot.com/2009/11/at-least-6-men-from-yadanabon-newspaper.html
3. ရတနာပုံသတင်းစာတိုက်မှ ကွန်ပျူတာသမား အောင်တင်ဝင်း လည်း ဖမ်းဆီးစစ်ဆေးခံရသူများထဲတွင် ပါဝင်နေ
http://bigbbrown.blogspot.com/2009/11/computer-staff-aung-tin-win-from.html

Pyar Tho Revolution - 009

လာမယ့် (၃၀၊ ဒီဇင်ဘာ၊ ၂၀၀၉) ပြာသိုလပြည့်၊ ဗုဒ္ဓဟူးနေ့ (ဦးသုခ- အမေနေ့)မှာ အထွေထွေသပိတ်ဆင်နွှဲဖို့
All Burma Monks Alliance -
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး- ရဟန်းပျိုသမဂ္ဂနှင့် သံဃာ့သာမဂ္ဂီအဖွဲ့ က နှိုးဆော်

17 December 2009

Unfinished Khaing Shon Le Yi Saga

သွားလေသူ မခိုင်ရွှန်းလဲ့ရည်၏ မပြီးဆုံးသေးသော ဇာတ်လမ်း
(သို့)
ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများတွင် အချိန်ပိုင်း/အချိန်ပြည့် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်များ ဆေးကုသရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်ကိစ္စသတိပေးစာ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်

(Please See the following attached 2 Scan Pages)