မန္တလေးတိုင်းဒေသကြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော
မြန်မာကာတွန်းဆရာများ၏ ကာတွန်းပြပွဲ
သတင်းဗွီဒီယို
Mandalay Cartoon Exhibition 2012 (Video)
Joke for All
All for Joke
နေရာ - မန္တလေးမြို့၊ ၂၆ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ ပဒုမ္မာ ခန်းမ
နေ့ရက် - ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ (၂၀၊ ၂၁၊ ၂၂)ရက်များ
အချိန် - နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ
ဒါရိုက်တာ ညိုကြီး
------------------------------------------------------------------
ကာတွန်းများ
Mandalay Cartoon Exhibition 2012 (Cartoons)
အောက်က အင်တာနက်လိပ်စာမှာ ကာတွန်းပုံ ၂၈ ပုံ တင်ထားပါတယ်။
https://picasaweb.google.com/bigbbrown/MandalayCartoonExhibition2012?authuser=0&feat=directlink
ညိုကြီး Facebook
www.facebook.com/nyogyi
မှာလည်း တင်ထားပါတယ်။
ဓာတ်ပုံ ညိုကြီး
20 January 2012
Mandalay Cartoon Exhibition 2012 - မန္တလေးကာတွန်းပြပွဲ ၂၀၁၂ (ကာတွန်းများနှင့် သတင်းဗွီဒီယို)
14 January 2012
In front of Mandalay Prison (Video) - မန္တလေး အိုးဘိုထောင်ရှေ့ မြင်ကွင်းများ (မူဗီ)
မန္တလေးအိုးဘိုထောင်ရှေ့ မြင်ကွင်းများ
(Friday 13, January, 2012)
Facebook Video
YouTube Video
Ma Tin Mar Swe asks Asia-Light Sayadaw about her daughter
ထောင်မှ လွတ်လွတ်ချင်း အာရှအလင်းရောင်ဆရာတော်(ပြင်ဦးလွင်)ထံ
သမီးအကြောင်း အမောတကော မေးနေတဲ့ မတင်မာဆွေ
(Friday 13, January, 2012)
Facebook Video
သူ့အမျိုးသား ကိုအောင်စိုး ကတော့ ထောင်ထဲမှာ ကျန်ရစ်ခဲ့ပါတယ်။ သူနဲ့အတူ ထောင်ထဲမှာ ကြီးပြင်းခဲ့တဲ့ ရှစ်နှစ်အရွယ် သူ့ကလေးကို မကြာသေးခင်ကမှ အာရှအလင်းရောင်ဆရာတော်(ပြင်ဦးလွင်)က ထောင်ပြင်ကို ထုတ်ခေါ်ယူပြီး ပညာသင်ပေးထားခဲ့တာပါ။
Nyo Gyi
YouTube Video
(နောက်ဆက်တွဲအနေနဲ့
ပြည်သူ့ခေတ်ဂျာနယ်၊ ၁၉၊ ဇန်န၀ါရီ၊ ၂၀၁၂၊ ကြာသပတေးနေ့၊ အတွဲ ၂၊ အမှတ် ၇၈၊ စာမျက်နှာ ၁၄ မှာဖော်ပြထားတဲ့ "မတင်မာဆွေ နှင့် တွေ့ဆုံမေးမြန်း" ကို မျှဝေ ဖော်ပြလိုက်ပါတယ်။)
မတင်မာဆွေ နှင့် တွေ့ဆုံမေးမြန်း
ကျွန်မက ၅(ည)၊ ၅(င)၊ လ၀က ၁၃ နဲ့ကျတာပါ။ ၂၀၀၄ ခုနှစ် ခုနှစ်လပိုင်းမှာ စကျပါတယ်။ ၂၆ နှစ်ချပြီး အထဲမှာ ၈ နှစ်နေခဲ့ရပါတယ်။
လွတ်လာတဲ့အတွက် အပြည့်အ၀ မပျော်ရွှင်ပါဘူး။ အမျိုးသားလည်း လွတ်မလာဘူးလေ။ ကျန်တဲ့သူတွေလည်း ရှိသေးတာကို။ ဒါပေမဲ့ အခုလို လွှတ်ပေးတဲ့အတွက် သမ္မတကြီးကော၊ ရေးပေးကြတဲ့ မီဒီယာတွေကိုကော ကျေးဇူးတင်ပါတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေကို နားလည်ထားတာကတော့ အန်တီ့မိန့်ခွန်းတွေ၊ နိုင်ငံတော်သမ္မတကြီးရဲ့ မိန့်ခွန်းတွေကိုလည်း ဖတ်ရတော့ အားလည်းရတယ်၊ ကျေလည်း ကျေနပ်ပါတယ်။ သို့သော် အထက်က မူချပေးပေမယ့် လူတွေက ပြုပြင်လုပ်မှသာ ဒီနိုင်ငံသည် တိုးတက်လိမ့်မယ်လို့ ထင်တယ်။
Interview video with political prisoner Win Shwe (Kyaukpadaung NLD)
နိုင်ကျဉ်း ကိုဝင်းရွှေ (ကျောက်ပန်းတောင်း NLD) နဲ့ အင်တာဗျူး
(Friday 13, January, 2012)
Facebook Video
YouTube Video
Monks change their clothings in front of Mandalay Prison (Video)
2012, January, Friday Thirteenth မှာ မန္တလေးအိုးဘိုထောင်က လွတ်မြောက်လာသည့် နိုင်/ယုံကျဉ်း သံဃာတော်များ အိုးဘိုထောင်ရှေ့မှာပင် လူဝတ်မှ သင်္ဃန်းဝတ် ပြန်လဲခဲ့ကြပါသည်။
Facebook Video
YouTube Video
13 January 2012
Friday Thirteenth Freedom (Mandalay) - မန္တလေး၊ အိုးဘိုထောင်မှ လွတ်မြောက်လာသော နိုင်ကျဉ်း၊ ယုံကျဉ်းများ
မန္တလေး၊ အိုးဘိုထောင်မှ လွတ်မြောက်လာသော နိုင်ကျဉ်း၊ ယုံကျဉ်းများ (ဓာတ်ပုံသတင်း)
မန္တလေး အိုးဘိုထောင်မှ လွတ်မြောက်သာ နိုင်/ယုံကျဉ်းများ၏ ဓာတ်ပုံများ၊ ဗွီဒီယိုများကို
www.facebook.com/nyogyi
တွင် ဗန်းစကားနှင့် ပြောရသော် 'အမုန်း' ကြည့်ရှုနိုင်ပါကြောင်း။
Poet Yoe D's 2 Poems for Freedom Day of Burma (13, Nov)
ကဗျာဆရာ ရိုးဒီ၏ ကဗျာ ၂ ပုဒ်
၁။ မယ်ဇယ်ရိပ်ထဲ ငှက်ခတ်သံ တိုးဝင်သွားတဲ့ ကဗျာ (ရိုးဒီ)
၂။ ဒေါင်းမင်းသီတာ (ရိုးဒီ)
Freedom Day of Burma (13, November) အမှတ်တရ ပြည်တွင်း၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
![]() |
| From Historic Poems |
10 January 2012
Interview with Zaw Win Naing (Ban That Scene) - အဲဒီအခန်းဖြတ် ဇာတ်ကားမှ ဆင်ဆာဗိုလ်မှူး ဇော်ဝင်းနိုင်၏ စကား
ခံစားချက်ပါလာရင် ပိုလေးနက်လာတယ်
THE ART of FREEDOM FILM FESTIVAL လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်တွင် ပရိတ်သတ် အကြိုက်ဆုံး ဇာတ်ကားဆုရ ဒါရိုက်တာ ဝိုင်း ၏ "Ban That Scene - အဲဒီအခန်းဖြတ်" ဇာတ်ကားမှ ဆင်ဆာဗိုလ်မှူးအဖြစ်သရုပ်ဆောင်ခဲ့သူ ဇော်ဝင်းနိုင် ၏ စကား
(နံနက်ခင်း သတင်းဂျာနယ် Vol 3, No 431, Wed, 11, Jan, 2012 မှ ကူးယူမျှဝေသည်)
----------------------------
Ban That Scene - အဲဒီအခန်းဖြတ် ဇာတ်ကားအား ကြည့်ရှုခံစားရန်
http://youtu.be/tZ3gRbUTjjE
05 January 2012
Ko Pyin Nyar (Amarapura)'s Pre-80th & Shwe Gaing Thar's 100th Birthdays Ceremonies
တောင်သမန်၊ အမရပူရ၊ တောင်လေးလုံးကျောင်းတိုက်
ဆရာတော် ဦးပညာ (ကိုပညာ၊ အမရပူရ)
ရှစ်ဆယ်ပြည့်မွေးနေ့အကြို အမှတ်တရပွဲ
![]() |
| From Memorial |
အခမ်းအနားအစီအစဉ်
နေရာ - တောင်သမန်၊ အမရပူရ၊ တောင်လေးလုံးကျောင်းတိုက်
နေ့ရက် - ၅၊ ဇန်န၀ါရီ၊ ၂၀၁၂
အချိန် - နံနက် ၉ နာရီမှ စတင်ကျင်းပ
အခမ်းအနားမှာ မောင်သစ်လွင်(လူထု)၊ ကိုလေး(အင်းဝဂုဏ်ရည်) အစရှိသူတို့က အမှတ်တရစကားများ ပြောကြားခဲ့။
အခမ်းအနားသို့ စာရေးဆရာများ၊ ကဗျာဆရာများ၊ သတင်းဆရာများ တက်ရောက်ခဲ့။
အခမ်းအနားအပြီးမှာ ဧည့်ပရိသတ်တို့အား ထမင်း၊ ဟင်းတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့။
Nyo Gyi
-----------------------------------------------------------------------------------------
ရွှေကိုင်းသား သက်တော် နှစ် (၁၀၀)ပြည့် အမှတ်တရပွဲ စစ်ကိုင်းမှာ ကျင်းပ
![]() |
| From Memorial |
အခမ်းအနားအစီအစဉ်
နေရာ - အနုရုဒ္ဓါချောင်၊ စစ်ကိုင်းတောင်
နေ့ရက် - ၅၊ ဇန်န၀ါရီ၊ ၂၀၁၂
အချိန် - မွန်းတည့် ၁၂ နာရီမှ စတင်ကျင်းပ
![]() |
| From Memorial |
အခမ်းအနားမစတင်မီ ဧည့်ပရိသတ်တို့အား ထမင်း၊ ဟင်းတို့ဖြင့် ဧည့်ခံကျွေးမွေး။
![]() |
| From Memorial |
အခမ်းအနားမှာ မောင်သစ်လွင်(လူထု)၊ ကိုလေး(အင်းဝဂုဏ်ရည်)၊ မျိုးသူရ(စစ်ကိုင်း)၊ စိုးနိုင်(မန္တလေးတက္ကသိုလ်) အစရှိသူတို့က ရွှေကိုင်းသားနှင့် ပတ်သက်သမျှ အမှတ်တရစကားများ ပြောကြားခဲ့။
![]() |
| From Memorial |
အခမ်းအနားသို့ စာရေးဆရာများ၊ ကဗျာဆရာများ၊ သမိုင်းဆရာများ၊ သတင်းဆရာများ တက်ရောက်ခဲ့။
Nyo Gyi
02 January 2012
Memorial Stone for Poet Hla Than
လှသန်း အမှတ်တရ ကျောက်တိုင်စိုက်ထူမှု အစီအစဉ်
၃၁၊ ဒီဇင်ဘာ၊ ၂၀၁၁
တောင်လေးလုံးကျောင်းတိုက်၊ တောင်သမန်၊ အမရပူရ။
အစီအစဉ်
အခမ်းအနားကို နံနက် ၉ နာရီကျော်က စတင်ကျင်းပ။
အခမ်းအနားမှူးအဖြစ် စာရေးဆရာ သင့်နော်က ဆောင်ရွက်။
၁။ ဆရာတော် ဦးပညာက ကဗျာဆရာများနှင့် ပတ်သက်ပြီး အမှတ်တရပြော။
၂။ ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)က မြန်မာကဗျာရာဇ၀င်နှင့် လှသန်းအကြောင်းပြော။
၃။ ကဗျာဆရာ ခင်အောင်အေး က လှသန်းကျောက်စာတိုင်လုပ်ဖြစ်ပုံအကြောင်းပြော။
၎။ စာရေးဆရာ ခင်အောင်ဝင့်က ယခုပွဲစီစဉ်မှုအကြောင်းပြော။
၅။ ကဗျာဆရာ ပိုင်စိုးဝေ က လှသန်းနဲ့ သူ၏ ပတ်သက်မှုပြော။
၆။ ဆရာကိုလေး(အင်းဝဂုဏ်ရည်)က နံနက် ၁၀ နာရီ ၃၆ မိနစ်၌ လှသန်းအမှတ်တရ ကျောက်တိုင်ကို တောင်လေးလုံးကျောင်းတိုက်ဝင်းအတွင်းရှိ သူဌေးဘုရားတောင်ဘက်တွင် စိုက်ထူဖွင့်လှစ်။
၇။ ဆရာပိုင်စိုးဝေနှင့် ခင်အောင်အေးတို့က ငှက် (၁၀)ကောင် အမှတ်တရ လွှတ်။
၈။ ကဗျာဆရာ မိုဃ်းဇော် က လှသန်းအကြောင်းအမှတ်တရပြော။
၉။ ကဗျာဆရာ မောင်နီဦး၊ ဥက္ကာကျော်၊ မော်မင်းသန်း၊ ခင်အောင်အေးတို့က လှသန်းကဗျာများ အမှတ်တရရွတ်။
| From Hla Than |
ယနေ့ပွဲကို ရန်ကုန်မှ ကဗျာဆရာများ၊ မန္တလေးနှင့်အနီးတ၀ိုက်မှ ကဗျာဆရာများ တက်ရောက်ခဲ့။
| From Hla Than |
အခမ်းအနားအပြီးမှာ တက်ရောက်လာသော ဧည့်ပရိသတ်အား ထမင်းဟင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့။
ညိုကြီး
30 December 2011
Mandalay, 16th Street Pin-Lal-Tite (The Ocean) Free Clinic
အခမဲ့ဆေးခန်းဖြစ်မြောက်ရေး ဖိတ်ကြားလွှာ
အစီအစဉ်
နေ့ရက် - ၂၀၁၁ ခု၊ ဒီဇင်ဘာ (၃၁)ရက်၊ စနေနေ့
အချိန် - နေ့လည် (၁)နာရီ
နေရာ - ပင်လယ်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ၁၆ လမ်း၊ ၈၆ လမ်းနှင့် ၈၈ လမ်းကြား၊ မန္တလေးမြို့
28 December 2011
The Lady Fun Fair (Mandalay)
The Lady Fun Fair
(၂၇၊ ၁၂၊ ၂၀၁၁)
| From San & Suu |
၂၀၁၁ ဒီဇင်ဘာ၊ ၂၅ ရက်နဲ့ ၂၆ ရက်များတွင် မန္တလေး၊ မဟာမြိုင်အပိုင်း(၁)၊ ဓမ္မပါလဘုရားပွဲ၌ မန္တလေးတိုင်း NLD ရန်ပုံငွေရှာဖွေရေးအတွက် The Lady Fun Fair အမှတ်တရပစ္စည်းဆိုင်နှင့် စားသောက်ဆိုင်အား ၂ ရက်တာ ဖွင့်လှစ် ရောင်းချခဲ့ပါသည်။
| From San & Suu |
၂ ရက်တာ ညနေ ၃ နာရီမှ ည ၁၁ နာရီထိ ဖွင့်လှစ်ရောင်းချခဲ့တဲ့ The Lady Fun Fair အမှတ်တရပစ္စည်းဆိုင်တွင် သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများကို ကျပ်ငွေ ၁၀၀ မှ ကျပ်ငွေ ၁၀၀၀ အထိ ဈေးနှုန်းများဖြင့် ရောင်းချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပြက္ခဒိန်တစ်ခု ကျပ် ၁၀၀၀နှင့် ကျပ် ၃၀၀၀၊ အင်္ကျီတစ်ထည် ကျပ် ၂၀၀၀၊ သော့ချိတ်တစ်ခု ကျပ် ၃၀၀၊ ဆွဲကြိုးတစ်ကုံး ကျပ် ၂၀၀၀၊ ဟန်းဆက်အလှဆင်ကြိုးတစ်ခု ကျပ် ၁၀၀၀၊ သောက်ရေခွက်တစ်ခွက် ကျပ် ၃၀၀၀ စသဖြင့် အမှတ်တရပစ္စည်းများ ရောင်းချခဲ့ပါသည်။
| From San & Suu |
ပြည်သူတွေရဲ့ ထာဝရအမေ သီချင်းCD၊ ပြည်သူတွေချစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များတွေ့ဆုံပွဲအမှတ်တရ မှတ်တမ်း DVD နှင့် မန္တလေးတိုင်း NLD ကထိန်မှတ်တမ်း DVD များကို ကျပ်ငွေ ၅၀၀ နှုန်းဖြင့်လည်း ရောင်းချခဲ့ပါသည်။
| From San & Suu |
အဆိုပါ အမှတ်တရ ပစ္စည်းများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မန္တလေးတိုင်း) တိုင်းရုံး၌လည်း ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သတင်းရရှိပါသည်။
ညိုကြီး
24 December 2011
NLD will publish "D-WAVE" News Bulletin Weekly
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ပါတီမှတ်ပုံတင်ကျပြီးက "ဒီလှိုင်း" အမည်ရှိ အပတ်စဉ်စာစောင်ကို တနင်္လာနေ့တိုင်း ဖြန့်ချိထုတ်ဝေသွားမည်ဟု သိရသည်။ ပါတီအဖြစ် တည်ထောင်ခွင့်ရပြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့ပြီး မှတ်ပုံတင်ကျပြီးပါက ယင်းစာစောင်အား ထုတ်ဝေသွားမည်ဖြစ်သည။ ထိုစာစောင်အား မြန်မာသတင်းစာဆရာကြီးနှင့် NLD ဗဟိုကော်မတီဝင် ဟံသာဝတီဦးဝင်းတင်နှင့် စာရေးဆရာကြီး မောင်မိုးသူတို့မှ နာယကအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဦးအုန်းကြိုင်၊ မုံရွာအောင်ရှင်၊ ဖျာပုံနီလုံဦး၊ ငြိမ်းသစ်၊ နီမိုလှိုင်တို့က အယ်ဒီတာအဖြစ် ပါဝင်ဆောင်ရွက်သွားမည်ဟု သိရသည်။ အဆိုပါစာစောင်၌ အယ်ဒီတာအဖြစ် ပါဝင်မည့် ဆရာငြိမ်းသစ်မှ "စာစောင်ရဲ့ နာမည်ကို "ဒီလှိုင်း"လို့ ပေးထားပါတယ်။ ဒီမိုကရေစီရဲ့ လှိုင်းတွေလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ အဲဒါ ထုတ်ဝေခွင့်ရတာနဲ့ ပြည်သူတွေ အကျိုးရှိစေဖို့ ကျွန်တော်တို့လည်း လုပ်မယ်။ သတင်းစာဆရာတွေနဲ့ စာရေးဆရာတွေလည်း ၀ိုင်းရေးကြလိမ့်မယ်" ဟု ပြောကြားခဲ့သည်။
ပါတီစာစောင်၌ ပါတီမူဝါဒနှင့် လှုပ်ရှားမှုများ၊ ပါတီစတင်တည်ထောင်စ ကာလမှ ယနေ့အထိ လုပ်ဆောင်မှုများ၊ ဆောင်ရွက်ချက်များ၊ ပါတီကိုယ်စားပြု၍ ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအကြောင်းနှင့် နိုင်ငံရေးပညာရှင်များ၏ နိုင်ငံရေးအတွေးအခေါ်သုံးသပ်ချက်များ ပါဝင်မည်ဟု သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သော ဦးအုန်းကြိုင်မှလည်း "ဒီစာစောင်ကို ပါတီမှတ်ပုံတင်ကျပြီးတာနဲ့ ထုတ်ဝေဖြန့်ချိသွားမှာပါ" ဟု ဒီဇင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။
ခန့်ခန့်(မောရ၀တီ)
{NEWS WATCH WEEKLY စောင့်ကြည့်သတင်းဂျာနယ်၊ အတွဲ(၇)၊ အမှတ်(၂၆)၊ ၂၇-၁၂-၂၀၁၁၊ အင်္ဂါ
မှ ကူးယူဖော်ပြသည်}
22 December 2011
Association of Myanmar Poets (A.M.P)
မြန်မာနိုင်ငံကဗျာဆရာများအသင်း
ဖွဲ့စည်းရေး မန္တလေးမှာ စည်းဝေး
| From Historic Poems |
နေရာ - မင်းသီဟ (၇၈ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား)
အချိန် - နေ့ ၁ နာရီ
နေ့ရက် - ၂၁၊ ၁၂၊ ၂၀၁၁
| From Historic Poems |
မြန်မာနိုင်ငံကဗျာဆရာများအသင်း (Association of Myanmar Poets (A.M.P)) ဖွဲ့စည်းရေးအတွက် ရန်ကုန်မှ ပိတောက်ပွင့်သစ်မဂ္ဂဇင်း အယ်ဒီတာချုပ် ကဗျာဆရာ မောင်စိမ်းနီနှင့် ရန်ကုန်မှ ခရမ်းပြာထက်လူ၊ မောင်ဖီလာ၊ ခန့်မင်းထက်၊ တပ်ဦးလ၊ မာန်ထက်သာစသည့် ကဗျာဆရာများ၊ မန္တလေးမှ ကဗျာဆရာ ပိုင်စိုးဝေ၊ ကိုငြိမ်း(မန္တလေး)၊ မောင်သင်းပန်၊ နေမျိုး၊ မောင်တင်သစ်၊ မောင်နီဦး၊ ဇော်ထိန်၊ ဥက္ကာကျော်၊ မော်မင်းသန်း၊ မောင်နိုင်လင်း(ကောလင်း)၊ နေညိုအောင်၊ ကိုအောင်၊ မိုသျှန်း၊ စံညိမ်းဦး၊ သာဇော်၊ ရိုးဒီ၊ ဈန်လွင်၊ အလတ်ကောင်၊ ညီမိုးအေး၊ မင်းနဒီခ၊ အိုက်လူအောင်၊ ထွဏ်းသွေးအိမ်၊ ထွဏ်းလွင်သွယ်(ဆူးဖြူရိပ်)၊ ထူးညို၊ မင်းချမ်းငြိမ်း စသည့်ကဗျာဆရာများ၊ ကျောက်ဆည်မှ လင်းခါး၊ ရေဦးမှ ကျော်ရင်မောင်(ရေဦး)၊ ပြည်မှ တိုးနှောင်မိုး စသည့်ကဗျာဆရာများ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
ပြင်ဦးလွင်မှ နွယ်စိမ်းဝေနှင့် တောင်ကြီးသို့ ခရီးထွက်နေသည့် မိုးရင့်ကြယ်တို့ကလည်း တယ်လီဖုန်းဖြင့် ပါဝင် ဆွေးနွေးခဲ့ပါသည်။
မန္တလေးမှ စာရေးဆရာ ခင်အောင်ဝင့် နှင့် အခြားစာရေးဆရာများ၊ ကဗျာချစ်သူများ၊ သတင်းသမားများလည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
စိမ်းရောင်စိုဥက္ကဌ ကဗျာဆရာ အယ်ဒီတာ မောင်တင်သစ် (ဂျင်းအင်္ကျီ အပြာနှင့်)
| From Historic Poems |
![]() |
| From Historic Poems |
![]() |
| From Historic Poems |
![]() |
| From Historic Poems |
21 December 2011
Buddha Tooth, General Aung San & Daw Aung San Suu Kyi
| From San & Suu |
တရုတ်မှ မြန်မာပြည်သို့ ဒေသစာရီကြွချီလာသော ဗုဒ္ဓမြတ်စွယ်တော်သည် နေပြည်တော်၌ ၁၆ ရက်၊ ရန်ကုန်၌ ၁၆ ရက် ကြာ အပူဇော်ခံပြီးနောက် ယခုအခါ မန္တလေးမြို့၊ မဟာအတုလဝေယန်၊ အတုမရှိကျောင်းတော်ကြီး၌ (၈၊ ၁၂၊ ၂၀၁၁) မှ (၂၃၊ ၁၂၊ ၂၀၁၁) ထိ ၁၆ ရက်ကြာ အပူဇော်ခံလျက်ရှိပါသည်။
ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်စံပယ်ရာ မန္တလေးမြို့၊ မဟာအတုလဝေယန်၊ အတုမရှိကျောင်းတော်ကြီး၏ မြောက်ဘက်တွင် ဗုဒ္ဓမြတ်စွယ်တော်ပုံတော်၊ စာအုပ်စာတမ်းများနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပိုစတာ ဗွီနိုင်းများ၊ ဓာတ်ပုံများ၊ မိန့်ခွန်း VCD/CD များ၊ မူဗီကလစ် VCD များ သူ့ထက်ငါ အပြိုင်ရောင်းချလျက်ရှိပါသည်။
| From San & Suu |
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပိုစတာ ဗွီနိုင်းများ၊ ဓာတ်ပုံများကို ကျပ်ငွေ ၁၀၀ မှ ၁၅၀၀ ကျပ်ထိ ဈေးအမျိုး၊ အရွယ်အစားအမျိုးမျိုးနှင့် ရောင်းချနေပြီး မိန့်ခွန်း VCD/CD များနှင့် မူဗီကလစ် VCD များကို ကျပ်ငွေ ၅၀၀ နှုန်းဖြင့် ရောင်းချကြောင်း တွေ့ရသည်။
| From San & Suu |
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပိုစတာ ဗွီနိုင်းများ၊ ဓာတ်ပုံများ၊ မိန့်ခွန်း VCD/CD၊ မူဗီကလစ် VCD များ ရောင်းသူဈေးသည်များမှာ ၂၀ ယောက်ကျော်မက ရှိပြီး အ၀ယ်လိုက်လျက် ရှိကြောင်းလည်း သတင်းရရှိပါသည်။
ညိုကြီး
www.facebook.com/nyogyi
17 December 2011
Daw Aung San Suu Kyi's 2011 Timeline
2011 ဒေါ်အောင်ဆန်းစုကြည်၏ ထူးခြားမှတ်တမ်း
(၂၀-၁၂-၂၀၁၁ အင်္ဂါ ထုတ်
NEWS WATCH WEEKLY စောင့်ကြည့်သတင်းဂျာနယ်
အတွဲ (၇)၊ အမှတ် (၂၅)မှ ကူးယူဖော်ပြပါသည်)
![]() |
| From San & Suu |
![]() |
| From San & Suu |
NEWS WATCH WEEKLY စောင့်ကြည့်သတင်းဂျာနယ်၏ Email
newswatchjournal@gmail.com










