15 January 2008

POEM for SPDC (State Poor and Dangerous Council)

“ကိုယ့်လူ...သူ့ဘက်သား”

ဖိုးလမင်း












●တိုင်းပြည်နဲ့ လူမျိုးအတွက်တဲ့လား...?
တော်ပါတော့
ကြားဖူးပေါင်းများလှပါပြီ

●တစ်မျိုးသားလုံး တိုးတက်ရေးဆိုလားပဲ...?
လေပေါမနေပါနဲ့
ဘာမှ မမြင်ရသေးဘူး

●ငတ်လို့သေတဲ့ မသာ မရှိဘူး ဆိုကွ...?
ကြားလို့တော့ ကောင်းပါရဲ့
ပြတ်လို့သေသွားတဲ့ ဘ၀တွေကတော့ ဒုနဲ့ဒေး

●မြစ်ကူးတံတားတွေကို လက်ညှိုးထိုးပြဦးမလို့လား...?
အိပ်ကပ်ထဲက တစ်ထောင်တန်ယူပြီး နေကြာစေ့တစ်ထုပ်ဝယ်လာပေးတာပါ
ငါတော့ မပျော်တတ်ဘူး သူငယ်ချင်း...

●တစ်ချိန်မှာ
သမိုင်းက မေးလာလိမ့်မယ်
ပြည်သူ့ တပ်မတော်လား...?
ဘဘတို့ တပ်မတော်လား...?

●ခွာသံပေးတတ်ရုံလေးနဲ့တော့
ငါတို့ ပြည်သူရဲ့ မေတ္တာ
မလိုချင်ပါနဲ့ဦးကွာ...။ ။

ဖိုးလမင်း
(၉၊ ၁၊ ၂၀၀၈)

(မှတ်ချက်- ယခုခေတ် မြန်မာပြည် နေကြာစေ့ တစ်ထုပ် (အလွန်ဆုံး) ၃၀၀ ကျပ်ခန့်သာရှိ - ညိုကြီး)

No comments: