29 February 2008

RECENT TALKING IN BURMA

ယနေ့ ဗမာပြည်ကြီးရဲ့ အမေးအဖြေသစ်
(29/feb/008)

အရင်တုန်းကတော့ ဗမာပြည်မှာ ခေတ်စားတဲ့ ဓလေ့တစ်ခုရှိတယ်။
အများသိတော်မူတဲ့အတိုင်း လက်ဖက်ရည်ဆိုင်၊ ဒါမှမဟုတ် ဈေးဆိုင်တွေမှာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံမိတာနဲ့ `ဒီနေ့ ဘာထွက်သွားလဲ´ ဆိုတဲ့အမေးနဲ့ `ဒီနေ့ တော့ ဘာထွက်သွားတယ်´ ဆိုတဲ့ အဖြေလေးတွေ အမေးအဖြေလုပ်နေကြလေ။
အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ Stock Share ဈေးကွက်တစ်ခုက စလောင်းမှာ လွှင့်တင်တဲ့ ကိန်းဂဏန်းတွေပေါ် မူတည်ပြီး နှစ်လုံးချဲထီ လောင်းကစားတဲ့ အလေ့အထက ဗမာပြည်ကြီးကို လှိုက်စားထားတာဆိုတော့လည်း ဒီအမေးအဖြေတွေကို နေ့စဉ်လိုလို မေးနေကြ၊ ဖြေနေကြဖြစ်တာ မဆန်းလှပါဘူး။

အခုတော့ အဲဒီ နှစ်လုံးချဲထီ အမေးအဖြေဓလေ့ကို လွှမ်းမိုးမယ့် အမေးအဖြေဓလေ့သစ်တစ်ခု ဗမာပြည်မှာ ပေါ်ပေါက်နေပြီဆိုပါတယ်။
အဲဒါကတော့ ဒီနေ့အခါမှာ လက်ဖက်ရည်ဆိုင်၊ ဒါမှမဟုတ် ဈေးဆိုင်တွေမှာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံမိတာနဲ့ `ဒီနေ့ ဘယ်နား မီးလောင်သေးလဲ´ ဆိုတဲ့အမေးနဲ့ `ဒီနေ့တော့ ဘယ်နားမီးလောင်သွားတယ်´ ဆိုတဲ့ အဖြေလေးတွေပဲ စီစီညံနေတော့တာပါပဲ..တဲ့ခင်ဗျာ။

No comments: