26 May 2008

MASOEYANE'S INVITATION TO DONATE

မန္တလေး-မစိုးရိမ်ကျောင်းတိုက်ကြီးဦးဆောင်သော
နာဂစ်လေဘေး ကယ်ဆယ်ရေး


Masoeyane's invitation to donate

http://picasaweb.google.com/zinmayko07/MasoeyaneSInvitationToDonate

မေ (၂၁)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ကြက်ဖမွေးစောင်း၊ အဇုတ်ကြီး၊ ဖိုးလေးရွာ စုစုပေါင်း ကျေးရွာ(၃)ရွာအား မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက် နာယက ဆရာတော်များဦးဆောင်သောအဖွဲ့မှ လေဘေးသင့် ဒကာ၊ ဒကာမများသို့ အလှူခံရရှိသည့် ကျပ်သိန်းပေါင်း (၄၀)နှင့် တကွ အသုံးအဆောင်ပစ္စည်းများ ပေးပို့ ကူညီခဲ့ကြသည်။ ထိုသို့ ပေးပို့ ကူညီရာမှ အပြန်၌ လေဘေးဒုက္ခသည်တို့၏ ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်နှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ များစွာ ပြုလုပ်ရန် ရှိသေးကြောင်း မစိုးရိမ်နာယကဆရာတော်များ မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ကြသည့်အတွက် မစိုးရိမ်ကျောင်းတိုက်တွင် အောက်ပါအစီအစဉ်အတိုင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဟု သတင်းရရှိသည်။ ထို့ကြောင့် ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များအနေဖြင့် မန္တလေး-မစိုးရိမ်ကျောင်းတိုက်ကြီးသို့ တိုက်ရိုက်လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။

ဆက်လက်လုပ်ဆောင်သွားမည့် ကယ်ဆယ်ရေး လုပ်ငန်းစဉ်များမှာ-

၁။ လေဘေး သင့်ရောက်ရာ ဒေသများကို လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ပေးခြင်း
၂။ (အထူးသဖြင့်) လေဘေးဒဏ်သင့်၍ မိဘနှစ်ပါး ဆုံးရှုံးရသော မိဘမဲ့ ကလေးများ၏ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးတို့ကို ပံ့ပိုးထောက်ပံ့ရန် လုပ်ဆောင်ခြင်း
၃။ လေဘေးဒုက္ခသည်များ၏ စားဝတ်နေရေး၊ ကျန်းမာရေး ပြည့်စုံစေရန် ဘက်စုံဆောင်ရွက်ပေးခြင်း
၎။ လိုအပ်လျှင် အခြား ကယ်ဆယ်ထောက်ပံ့ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

လှူဒါန်းဆက်သွယ်ရန် လိပ်စာ(မြန်မာပြည်တွင်း)

နာယကဆရာတော်များအဖွဲ့
မစိုးရိမ်ကျောင်းတိုက်ကြီး
ဦးဓမ္မသာမီဘိဝံသ- ဖုန်း- ၀၉-၂၀၃၅၆၄၅
ဦးသီလာနန္ဒာဘိဝံသ-ဖုန်း-၀၉-၂၀၃၅၆၇၄

မစိုးရိမ်ကျောင်းတိုက်ကြီး
၈၇ လမ်း၊ ၃၆x၃၇ လမ်းကြား၊ မန္တလေး

လှူဒါန်းဆက်သွယ်ရန် လိပ်စာ(ပြည်ပ)

ဦးပညာဇောတ
မော်စန္ဒရ၀မ်း မန္တလေးကျောင်းတိုက်
မယ်စရီယန်မြို့
ထိုင်းနိုင်ငံ
ဖုန်း- ၀၈၆-၁၈၂၉၅၂၆
Email: pinnajota@gmail.com
Bank Account: 509-1638199
Bank: Krung Thai Bank

No comments: