02 May 2009

1st Show of Year 150th Mandalay

ရတနာပုံမြို့တည်နန်းတည် အနှစ် (၁၅၀)ပြည့်အကြို
မန္တလေးအနုပညာပုံရိပ်ပွဲတော် စတင်ကျင်းပနေပါပြီ။

ဧပြီ (၃၀)ရက်နေ့ညက Pre-Show အဖြစ် စာနယ်ဇင်းမှ ပုဂ္ဂိုလ်များ၊ စာရေးဆရာ၊ ကဗျာဆရာ၊ အယ်ဒီတာများနှင့် အခြား ဖိတ်ကြားထားသူများကို အခမဲ့ ကပြ၊ အသုံးတော်ခံခဲ့ကြပါတယ်။
ဆက်လက်ပြီး မေ (၁)၊ (၂)၊ (၃) ညများမှာ ဆက်လက် ကပြပါမယ်။

ကပြတဲ့ နေရာကတော့ မန္တလေး-အမျိုးသားကဇာတ်ရုံ မှာဖြစ်ပါတယ်။

အစီအစဉ်များထဲမှ လူရွှင်တော် ချစ်စရာရဲ့ "မန္တလေးသား စစ်စစ်ကြီးပါဗျာ" တစ်ခန်းရပ်ပြဇာတ်မှာ အထူးလူကြိုက်များ၊ အားပေးခံနေရသည်။ ထို ပြဇာတ်မှာ မန္တလေးအား တရုတ်လူမျိုးခြားတို့ ၀ါးမျိုနေပုံကို ဟာသလုပ်၊ သရော်ထားခြင်းဖြစ်ကြောင်းသိရသည်။

No comments: