14 August 2009

A Safety-First Letter To NLD

မလုံခြုံသော အန်တီစု၏ လုံခြုံရေးအတွက်
NLD သို့ လုံခြုံရေးဆိုင်ရာပေးစာ




AP Photo/Khin Maung Win


သို့/-
NLD ပါတီ ခင်ဗျား ...

ယခုပြီးစီးသွားသော ဒေါ်အောင်ဆန်းစုကြည် အမှု၌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် လုံခြုံရေး အပြည့်ချထားပါလျက် သူစိမ်းတစ်ယောက် ၀င်ရောက်လာမှုကို မသိရှိခဲ့သောကြောင့် (သို့မဟုတ်) မသိချင်ယောင်ဆောင်ခဲ့သောကြောင့် ယင်းလုံခြုံရေး စိတ်မချရခြင်းမှာ ထင်ရှားနေပါသည်။

(အမှုအပြီးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်နေအိမ် လုံခြုံရေးအတွက် အဓိကတာဝန်ရှိသူ ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ် အစရှိသူတို့ အလုပ်မှ တာဝန်ယူနုတ်ထွက်ပေးသင့်ပါလျက် တာဝန်မဲ့စွာ ဖာသိဖာသာနေပြီး နေအိမ်လုံခြုံရေးတာဝန်ယူသည့် တပ်စိတ်များ၊ ရဲဘော်များကိုသာ ချနင်း/အရေးယူခဲ့သည်။ --- ဘလော့ဂ်အယ်ဒီတာ)

သို့ဖြစ်၍ ယခုအခါ အကျယ်ချုပ်ဖြင့် နေအိမ်တွင် ပြန်လည်ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်အတွက် လုံခြုံရေးမှာလည်း စိတ်ချရမည်မဟုတ်ဟု ထင်ရပါသည် ။

နောက်ထပ်တစ်ခါ ထပ်မံ၍ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို တစ်စုံတစ်ဦးက ၀င်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံ/သတ်ဖြတ်သွားမည်ဆိုလျှင် စစ်အစိုးရက သူတို့လုံခြုံရေးနှင့် မဆိုင်ပါဟု ပြောလာဦးမည်မှာ ထင်ရှားပါသည်။

သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်ရသည်မှာ အမှန်ပင် ဖြစ်ပါသဖြင့် NLD ပါတီအနေနှင့် ယခုကဲ့သို့ မဖြစ်ရလေအောင် (သို့မဟုတ်) ယခုထက် ပိုဆိုးသော အခြေအနေမျိုးအထိ မဖြစ်ရလေအောင် "လုံခြုံရေးနှင့် ပတ်သက်ပြီး မည်သို့မည်မျှ အကာအကွယ်ပေးနိုင်မည်" ဟူသော အကြောင်းအရာကို စစ်အစိုးရအား တင်ပြသင့်ပါသည်။

ယခုလို ဒေါ်အောင်ဆန်းစုကြည် အတွက် ပူပန်နေသည်မှာ စာရေးသူ တစ်ဦးတည်း မဟုတ်ပါ။
အများပြည်သူအားလုံးက ပူပန်နေခြင်းဖြစ်ပါသည်။ ယင်းကြောင့် NLD ပါတီသည် ထို အကြောင်းအရာကို စစ်အစိုးရအားတင်ပြသင့်ပါသည်။

ပြည်သူတစ်ရပ်လုံးက ထောက်ခံထားသောပါတီအား လေးစားယုံကြည်လျက်။ ။

ဖိုးရှုပ် (ဒဂုံ အဝေးသင်) နှင့် သူငယ်ချင်းများ

1 comment:

Unknown said...

Yes ,
this point really important and needed .