11 March 2010

U Win Tin's 80th Birthday Speech

" ဦးဝင်းတင်၏ ရှစ်ဆယ်နှစ်ပြည့်စကားသ၀ဏ် "

ဒီနေ့ဒီအချိန်ဟာ ဒီမိုကရေစီအင်အားစုတွေအားလုံးအတွက်
အမွန်းကျပ်ဆုံးကာလဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဟာ သူတို့ရဲ့
အသက်ဆက်ယန္တရားကို စက်ကုန်ဖွင့်ဖို့ မီးကုန်ယမ်းကုန် စိုင်းပြင်းကြပါပြီ။
စစ်အာဏာရှင်တွေဟာ လူထုကြီးတစ်ရပ်လုံးကို ကျီးကန်းတောင်းမှောက်
လှည့်စားဖျားယောင်းမယ်။
သေလုမျောပါးဖိနှိပ်ချုပ်ချယ်မှုကို တိုးလို့တိုးလို့သာ စစ်ဖိနပ်(နဲ့) နင်းတော့မယ်။
ဒီမိုကရေစီအင်အားစုတွေအားလုံးအတွက်လည်း သူသေကိုယ်ရှင်
တုန့်ပြန်ဆန့်ကျင်တိုက်ပွဲဝင်ကြရတော့မယ်။
ဒီလိုကာလမျိုးဆိုက်လာချိန်မှာ ကိုင်စွဲစရာလက်နက်သုံးမျိုးသာ
ကျွန်တော်တို့မှာ ရှိပါတော့တယ်။

- မကြောက်တရားလက်နက်
- သွေးစည်းညီညွတ်ရေးလက်နက်
- စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ရည်မှန်း ပန်းတိုင်တစ်ခုတည်းချမှတ်၊
ရှေးရှု၊ ရင်ဆိုင် ချီတက်ရေးလက်နက်။

ရှစ်ဆယ်နှစ်ပြည့်မွေးနေ့မှာ ဒီလိုသ၀ဏ်စကားပါးခွင့်ရတာ ၀မ်းသာတယ်၊
ကျေနပ်တယ်၊ အားရတယ်။ အရေးတော်ပုံအောင်ရမည်။

၁၂ ရက် မတ်လ ၂၀၁၀ ခုနှစ်၊ သောကြာနေ့

သူသေကိုယ်ရှင် တုန့်ပြန်ဆန့်ကျင် တိုက်ပွဲဝင်ကြရတော့မယ်။
လက်နက်သုံးမျိုးကိုင်စွဲ ရဲရဲတိုက်ပွဲဝင်ကြ !

No comments: