06 March 2010

Website of The MYOMA AMATEUR MUSIC ASSOCIATION, MYANMAR

မြို့မအပျော်တမ်းတူရိယာအသင်း ၂၀၁၀ သင်္ကြန်အမီ အင်တာနက်ပေါ် Website ထူထောင်


" ၁၉၂၅ ခုနှစ်တွင် တည်ထောင်သည် " လို့ဆိုတဲ့ မြို့မ အပျော်တမ်းတူရိယာအသင်းကြီးဟာ ၂၀၁၀ သင်္ကြန်အမီ အွန်လိုင်းပေါ်မှာ ခြေချလိုက်ပါပြီ။

http://myomamusicmyanmar.ning.com/

ဆိုတဲ့ အင်တာနက်လိပ်စာကတစ်ဆင့် မြို့မအပျော်တမ်းတူရိယာအသင်းကြီးကို ဆက်သွယ်နိုင်၊ မြို့မ သတင်းတွေဖတ်နိုင်၊ မြို့မအသင်း၊ မြို့မသီချင်း၊ မြို့မအဆိုတော်တွေနဲ့ ပတ်သက်တာတွေကို ဆွေးနွေးအကြံပေးနိုင်ပါတော့မယ်။

မြို့မ Website ရဲ့ Home Page မှာတော့

" သည် Website လုပ်ရတဲ့ရည်ရွယ်ချက်သည်
♦မြန်မာနိုင်ငံအတွင်း၌သာမက တစ်ကမ္ဘာလုံး မြို့မတူရိယာအသင်းကြီး၏ဂီတရေစီးကြောင်း အတွင်းတွင် ပါဝင်စီးမြောနိုင်စေရန် ♦မြန်မာဆန်သော မြန်မာ့သီချင်းများကို နှောင်းခေတ်လူကြီးများသာမက ယနေ့ခေတ်လူငယ်များ ခံစားတတ်စေရန် ♦အမြဲမရိုးနိုင်သော မြို့မ၏သတင်းများကို အစဉ်မပြတ်သိရှိနိုင်ရန် ♦ မြို့မတူရိယာအသင်းကြီး၏ သတင်းများကို ပြည်သူများ အချိန်နှင့်တပြေးညီသိရှိနိုင်စေရန်အတွက် ဖြစ်ပါသည်။
Member အချင်းချင်း ထိခိုက်နစ်နာစေသောအသုံးအနှုံးများ သုံးနှုံးရေးသားခြင်း နိုင်ငံရေးနှင့်ပါတ်သက်သော စာအရေးအသား/ဓာတ်ပုံ/သီချင်း/ဗွီဒီယိုဖိုင်များအား လုံးဝ(လုံးဝ)ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ၄င်းစည်းကမ်းများကိုလိုက်နာခြင်းမရှိပါက ဖြေရှင်းချက်တောင်းခံလိမ့်မည်မဟုတ်ပဲ Member အဖြစ်မှ ရာသက်ပန် ထုတ်ပယ်ပါမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ " ...

လို့ ရေးသားဖော်ပြထားပါကြောင်း...။

တစ်ဆက်တည်းအနေနဲ့ အဲဒီမြို့မ website ပေါ်က မြို့မငြိမ်းကြေးရုပ်တုသတင်းကိုလည်း ကူးယူဖော်ပြလိုက်ပါသည်။

♦မြို့မငြိမ်း၏ကြေးရုပ်တုဖြစ် မြောက်ရေးကော်မီတီကို
၁၇ ရက် ၂၀၀၉ ဖေဖော်ဝါရီလ နေ့တွင် စတင်ဖွဲ့စည်း ပြီးပါကြောင်း♦

အလှူငွေများပေးအပ်လှူဒါန်းလိုပါက
♦ဒေါက်တာလှခိုင် - 092038015,
♦ဦးသန့်ဇော် - 092002500
♦ဦးခင်မောင်ဆွေ -092053267
♦စာရေးဆရာဆူးငှက် -092003139
♦ဦးဇော်ဝင်းသန်း -02-91001661
♦မြို့မအသင်းတိုက် 02-39748
သို့ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း


♦အစည်းအဝေးဖိတ်ကြားခြင်း♦

မြို့မငြိမ်း နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ကြေးရုပ်တု ဖြစ်မြောက်ရေးကော်မီတီဝင်များအားလုံးအား ဖိတ်ကြားအပ်ပါသည်။
၉ - ၃ - ၂၀၁၀ (အင်္ဂါနေ့) နေ့လည် ၁:၀၀ နာရီအချိန်တွင် တတိယအကြိမ် မြို့မငြိမ်း နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ကြေးရုပ်တုဖြစ်မြောက်ရေးကော်မီတီ ညှိနှိုင်းအစည်းအဝေး ကို မြို့မတူရိယာအသင်းတိုက်တွင် ကျင်းပမည်ဖြစ်ပါ၍ ကော်မီတီဝင်များအားလုံး တက်ရောက်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

No comments: