03 May 2011

3 years after Cyclone Nargis and Sein Yaung So Activities' Organization Setup & Member Form

နာဂစ် (၃)နှစ်ပြည့်

ပြည်တွင်းဖြစ် စိမ်းရောင်စို Activities မှတ်ပုံတင် လှုပ်ရှားမည်


အရိပ်ရသစ်ပင်စိုက်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း၊ လူမှုကူညီရေးတွေ လုပ်နေတဲ့ ပြည်တွင်းဖြစ် စိမ်းရောင်စို Activities အဖွဲ့ကို ယခုအခါ မှတ်ပုံတင်ပြီး လှုပ်ရှားတော့မယ်လို့သိရပါတယ်။

၁၊ မေလ၊ ၂၀၁၁ (အလုပ်သမားနေ့)က မန္တလေးမြို့၊ ၃၂ လမ်း၊ ၈၁ လမ်း နဲ့ ၈၂ လမ်းကြားမှာရှိတဲ့ မောနင်းစတား လက်ဖက်ရည်ဆိုင်မှာ စိမ်းရောင်စို အဖွဲ့သားတွေ စုစည်းအစည်းအဝေးလုပ်ပြီး စိမ်းရောင်စို Activities ဖွဲ့စည်းပုံအတည်ပြုခြင်း၊ အဖွဲ့ဝင်လက်ခံခြင်း၊ အမှုဆောင်အဖွဲ့ တင်မြှောက် ရွေးချယ်ခြင်း ၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်း အစရှိတာတွေ ဆောင်ရွက်ခဲ့ကြပါတယ်။

အသေးစိတ်ကို ပူးတွဲပါ Scan ပုံများမှာ ကြည့်ရှုနိုင်ပါတယ်။



From Sane Yaung So Activities, Burma


From Sane Yaung So Activities, Burma

Sein Yaung So Activities Member Form

From Sane Yaung So Activities, Burma


From Sane Yaung So Activities, Burma

အခမ်းအနားကို သစ်ပင်ချစ်သူများ၊ ကမ္ဘာမြေချစ်သူများ၊ လူမှုကူညီရေးသမားများ၊ အမရသုခ ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းမှ တာဝန်ရှိသူများ၊ အသိပညာ၊ အတတ်ပညာရှင်များအပြင် မန္တလေးမြို့ခံ စာရေးဆရာများ၊ ကဗျာဆရာများ၊ ဂျာနယ်လစ်များလည်း တက်ရောက်ခဲ့တာတွေ့ခဲ့ရပါတယ်။ စာရေးဆရာတွေထဲကဆိုရင် ဆူးငှက်၊ ညီပုလေး၊ မောင်တင်သစ်၊ မော်မင်းသန်း၊ ဟန်(မန္တလေး) စသဖြင့် တက်ရောက်ခဲ့ကြပြီး ကဗျာဆရာတွေထဲကဆိုရင်တော့ ဇော်ထိန်၊ မောင်နန်းဝေ၊ နေမော်ဟိန်း၊ စံညိမ်းဦး၊ အလတ်ကောင်၊ ဘိုသိန်း(မန္တလေး)၊ ဥက္ကာကျော်၊ အောင်ဘညို စသဖြင့် တက်ရောက်ခဲ့ကြပါတယ်။ ဂျာနယ်သမားတွေထဲကဆိုရင် နောင်(ရူပ)၊ မောင်ရဲနွေ(ပလိပ်)၊ အောင်မှိုင်းဆန်း စသဖြင့် တက်ရောက်ခဲ့ကြပါတယ်။ မန္တလေး ထွန်းဦးစာပေက ဦးထွန်းဦးလည်း တက်ရောက်အားပေးခဲ့ပါတယ်။

စစ်ထောက်လှမ်းရေးများလည်း လာရောက်သတင်းယူခဲ့ကြောင်း သိရှိရပါတယ်။


From Sane Yaung So Activities, Burma
(မင်းထက်ငြိမ်းချမ်း၊ ဦးထွန်းဦး(ထွန်းဦးစာပေ)၊ မောင်တင်သစ်


From Sane Yaung So Activities, Burma
စာရေးဆရာ ဆူးငှက် (မျက်မှန်နှင့်)

စိမ်းရောင်စို Activities ကို ဆက်သွယ်ရန်

https://www.facebook.com/pages/Sein-yaung-so-activities/148947871822387

https://www.facebook.com/profile.php?id=100001670615608
  • nyinyizg@gmail.com
  • seinyaungsoactivities.mdy@gmail.com
Phone Numbers:

Ko Maung Maung Oo = 09 2024423
Maung Tin Thit = 09 91021020
Min Htet Nyein Chan = 09 2002135

(နောက်ဆုံးရသတင်းအရ ယင်းနေ့က အစည်းအဝေးကြောင့် အမှုဆောင်အဖွဲ့ဝင် ဂျာနယ်သမား မင်းထက်ငြိမ်းချမ်းနှင့် မောနင်းစတားလက်ဖက်ရည်ဆိုင်ပိုင်ရှင် မ၀ါဝါ တို့ကို စစ်ထောက်လှမ်းရေးမှ စုံစမ်းစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခြိမ်းခြောက်ခဲ့ကြောင်းလည်း ကြားသိရပါသည်။)

No comments: