13 June 2011

Lorry Fire at Mandalay - Lashio Road at the night of 12.June.2011

မန္တလေး-လားရှိုးကားလမ်းမပေါ်(ပြင်ဦးလွင်မြို့နယ်)မှာ
ဆိုင်ကယ်များတင်ဆောင်လာသော ကုန်တင်ကား မီးလောင်

(၁၂၊ ၆၊ ၂၀၁၁) ည ၇ နာရီခွဲ အချိန်ခန့်က လားရှိုး-မန္တလေးကားလမ်းမပေါ်တွင် လားရှိုးမှ မန္တလေးသို့ ဆင်းလာသော ကုန်တင်ကား(ဆယ့်နှစ်ဘီးကား)တစ်စီးမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရ။ ၄င်းကုန်တင်ကားပေါ်တွင် တရုတ်ဆိုင်ကယ်များတင်ဆောင်ထားပြီး မန္တလေး-လားရှိုးကားလမ်း၊ ပြင်ဦးလွင်မြို့နယ်၊ ကုန်းဘောကျေးရွာရှေ့အရောက်တွင် ၄င်းကုန်တင်ကားပေါ်မှ တရုတ်ဆိုင်ကယ်များ အချင်းချင်းပွတ်တိုက်မိရာမှ (ဆိုင်ကယ်များအတွင်းက ဓာတ်ဆီအကြွင်းအကျန်ကြောင့်လည်းဖြစ်နိုင်) မီးစတင်လောင်ကျွမ်းခဲ့ဟုဆို။ ည ၇ နာရီခွဲခန့်က စတင်လောင်ကျွမ်းသော မီးမှာ ည ၉ နာရီခွဲခန့်မှ ငြိမ်းသွားကြောင်းသိရ။ အနီးအနားကျေးရွာများမှ သံဃာများ၊ ပြည်သူများ၊ နီးရာမြို့ရွာများမှ မီးသတ်ကားများရောက်ရှိ မီးငြှိမ်းသတ်မှုကြောင့် ပေါက်ကွဲမှု တစ်စုံတစ်ရာမဖြစ်ခဲ့ရကြောင်း သိရ။ ဒဏ်ရာရ၊ သေဆုံးသူလည်း မရှိခဲ့ကြောင်း သိရ။ ၄င်းကုန်တင်ကားမောင်းသူမှာ ထွက်ပြေးသွားပြီး မီးလောင်ကားနဘေးတွင် ၄င်းကုန်တင်ကားမှ စပယ်ယာသာ ကျန်ရစ်ခဲ့ကြောင်းသိရ။

From Fire At Mandalay - Lashio Road (12.6.2011)

No comments: