20 October 2011

Myanmar Poem Lover Fan Club

မြန်မာပြည် ကဗျာချစ်သူများအဖွဲ့ မန္တလေး၌ စတင်တည်ထောင်၊


ပထမဆုံးအစီအစဉ်အဖြစ် အမရပူရ၊ တောင်လေးလုံးကျောင်းတွင် ကထိန်ခင်းမည်






မြန်မာပြည် 'ကဗျာချစ်သူ၊ ကဗျာရေးသူများ' စုပေါင်းစီစဉ်ဆောင်ရွက်သော
ကဗျာချစ်သူများ Poem Lover Fanclub ကို ၁၀၊ ၁၀၊ ၂၀၁၁ ရက်နေ့တွင် မန္တလေးအခြေစိုက် ကဗျာဆရာများ၊ ကဗျာဝါသနာရှင်များ၊ ကဗျာချစ်သူများစုပေါင်းကာ စတင်စုပေါင်းတည်ထောင်လိုက်ကြောင်း သိရှိရသည်။

မြန်မာပြည် "ကဗျာချစ်သူများအစီအစဉ်"အကောင်အထည်ဖော်ရန် (၁၀၊ ၁၀၊ ၂၀၁၁) နေ့နှင့် (၁၃၊ ၁၀၊ ၂၀၁၁)နေ့များတွင် မန္တလေးမြို့၌ ကဗျာစိတ်ဝင်စားသူများ တွေ့ဆုံစည်းဝေးကြပြီး အချက်(၇)ချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
၎င်း အချက် (၇)ချက်မှာ

၁။ ကဗျာချစ်သူများ အစီအစဉ်ကို ကဗျာချစ်သူ၊ ကဗျာရေးသူများက ညီတူညီမျှ ၀ိုင်းဝန်း၍ Member များ စုစည်းဆောင်ရွက်သွားကြပါမည်။
၂။ ယခုအစီစဉ်ကို ကဗျာဆရာများဟု မသုံးစေဘဲ "ကဗျာချစ်သူ၊ ကဗျာရေးသူများ" ဟုသာ မိမိကိုယ်ကို နှိမ့်ချခြင်းဖြင့် ကုသိုလ်အရေး၊ လူမှုရေးကိစ္စများ ဆောင်ရွက်သွားကြရန်။
၃။ ပါဝင်ဆောင်ရွက်သူများသည် အနုပညာရေး၊ ဘာသာရေး၊ လူမှုရေးကိစ္စများကိုသာ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း နားလည်သဘောပေါက်ပြီးသူဖြစ်ရမည်။
၎။ အစီစဉ်သစ်တစ်ရပ် ဆောင်ရွက်မည်ဆိုပါက "ဗျို့ဟစ်နည်း" နှင့်သော်လည်းကောင်း ဖိတ်ကြားမည်ဖြစ်ပါသောကြောင့် Member များအနေဖြင့် တွေ့ဆုံမည့် သတင်းကြားပါက ဖိတ်ကြားစာ မရောက်သော်လည်း အမြဲဖိတ်ကြားထားပြီးဖြစ်ကြောင်း မှတ်ယူကြရပါမည်။
၅။ အစီအစဉ်သစ်တစ်ရပ် ညှိနှိုင်းဆောင်ရွက်ရန် အတည်ပြုပါက အနည်းဆုံး Member (၁၀)ဦးပြည့်မှသာ အတည်ပြု ဆုံးဖြတ်နိုင်ရမည်။
၆။ ကဗျာချစ်သူများ၏ ဆောင်ရွက်ကြမည့် အစီအစဉ်များကို ပုံသေ သတ်မှတ်ထားခြင်းမရှိပါ။
ဥပမာ- ကဗျာဆရာကြီးများ၏ သက်ကြီးပူဇော်ပွဲကျင်းပခြင်း၊ ကျန်းမာရေး၊ လူမှုရေး၊ နာရေးကိစ္စများအတွက် စီစဉ်ခြင်း၊ ၀ါဆိုသင်္ကန်း၊ ကထိန်သင်္ကန်းလှူခြင်း၊ ကဗျာဆရာကြီးများ၏ အမှတ်တရပွဲများ ကျင်းပခြင်း... စသည်တို့ကိုလည်း Member များ သဘောတူညီချက်နှင့် ညှိနှိုင်းဆုံးဖြတ်ဆောင်ရွက်နိုင်ပါမည်။
၇။ ဤအစီအစဉ်သို့ စေတနာရှင်များက ပါဝင်လှူဒါန်းကြသော ရငွေ/အသုံးပြုငွေစာရင်းကို (၃)လတစ်ကြိမ် ရှင်းတမ်းထုတ်ပြန်ကြရပါမည်။

(မကြာမီ ကာလတွင် ဤအစီအစဉ်ကို website လွှင့်တင်၍ စာရင်းရှင်းတမ်းများကိုလည်း အဆိုပါ website တွင် ၀င်ရောက်ကြည့်နိုင်အောင် စီစဉ်ထားပါမည်)

ကဗျာချစ်သူများ၏ ပထမဦးဆုံး အစီအစဉ်အဖြစ် ၂၀-၁၁-၂၀၁၁၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်၊ အမျိုးသားနေ့တွင် အမရပူရမြို့၊ တောင်လေးလုံးကျောင်းတိုက်၌ ကထိန်ခင်းမည်ဖြစ်ကြောင်းသိရှိရသည်။

ကထိန်အလှူတော်အချိန်အခါမှာ နံနက်(၈)နာရီမှ (၁၁)နာရီအထိဖြစ်ပြီး ကထိန်ပွဲသို့ ကဗျာချစ်သူမည်သူမဆို တက်ရောက်ကုသိုလ်ယူပါဝင်ဆင်နွှဲနိုင်ကြောင်း ကြားသိရသည်။

ကဗျာချစ်သူများ Poem Lover Fanclub
တွင် ပါဝင်လိုသူများ (သို့မဟုတ်) သို့ အလှူတော်ငွေထည့်ဝင်လိုသူများ (သို့မဟုတ်) နှင့် ပူးပေါင်းဆောင်ရွက်လိုသူများ (သို့မဟုတ်)
အကြောင်း အသေးစိတ်သိရှိလိုသူများ အနေနှင့်

ကဗျာဆရာ၊ အယ်ဒီတာ ဥက္ကာကျော်
ဖုန်း - 09 43090162
ကဗျာဆရာ၊ အယ်ဒီတာ မော်မင်းသန်း
ဖုန်း - 09 91005096
Shade (မန်းတောင်ရိပ်)ဂျာနယ်အယ်ဒီတာ ကိုသာဇော်
ဖုန်း - 09 2011968

တို့ထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရသည်။

ကဗျာချစ်သူများအဖွဲ့၏ ဘဏ္ဍာရေးမှူးအဖြစ် မန္တလေးမှ ထွန်းဦးစာပေဖြန့်ချိရေးပိုင်ရှင် ဦးထွန်းဦးက ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကြားသိရပါသည်။


No comments: