10 October 2012

သပွတ်အူတိုင်းပြည်က ခေတ်သစ်ကိတ္တမုခ ဘီလူးများ


"ခေတ်သစ် ကိတ္တမုခ ဘီလူးများ"

စားတယ်... တွေ့လိုက်တာနဲ့ ဇယားချုပ် အစအနမကျန် ရိတ်သိမ်း
ဆွေခုနစ်ဆက်မျိုးခုနစ်ဆက် ရွှေလှည်းကိုးစီး ငွေလှည်းကိုးစီးတိုက်လို့ မကုန် စားတယ်
ကောင်းကင်ပြာပြာ ဘာမှ မရှိတော့
ဂြိုဟ်တာရာ နက္ခတ်စကြ၀ဠာကို စားပစ်တယ်
ပင်လယ်ပြာပြာ ဘာမှ မရှိတော့
မြေပေါ်မြေအောက် ဘာမှမရှိတော့
ဘာမှမရှိ... ဘာမှမကျန် သယံဇာတ တက်တက်ပြောင် အကုန်ဝါးတယ် စားတယ်
မျိုးဆက်တွေ တုန်းအောင် စားပစ်တယ်... အမှန်တရား ဦးနှောက်တွေ ဖောက်စားတယ်
နောက်ဆုံးစားစရာ မရှိရင်
ကိုယ့်ခြေထောက် ကိုယ်စား... ကိုယ့်လက် ကိုယ်စား... ကိုယ့်အသားကိုယ် ပြန်စား
ကိုယ့်ခန္ဓာကိုယ်... ကိုယ်ပြန်စား
စားလို့မရတဲ့ ခေါင်းချည်းသာ ကျန်
သပွတ်အူတိုင်းပြည်က ခေတ်သစ်ကိတ္တမုခ ဘီလူးတွေ...

ကောက်နွယ်ကနောင်

(idea magazine, October, 2012)

No comments: