12 January 2009

Burma's Mother Day (at The full day of Pyar Tho)

အမေနေ့ အခမ်းအနားများ ဗမာပြည်တ၀ှမ်း ၀ှဲချီး ဆင်ယင် ကျင်းပခဲ့ကြ

(၁၀၊ ဇန်န၀ါရီ၊ ၀၀၉)

ပြာသိုလပြည့်နေ့တွင် ကျရောက်သော အမေနေ့ အထိမ်းအမှတ် အခမ်းအနားများကို ဗမာပြည်တ၀ှမ်း မြို့ ကြီး၊ မြို့ ငယ် အတော်များများတွင် ကျင်းပခဲ့ကြသည်။

စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ သွားလေသူ ဆရာကြီး အကယ်ဒမီ ဦးသုခ ၏ စတင်ကြိုးပမ်းမှုဖြင့်လွန်ခဲ့သော (၁၂) နှစ်မှ စတင်ပြီး မန္တလေးမြို့ တွင် စတင်ကျင်းပခဲ့သည်ကို အကြောင်းပြု၍ ပြာသိုလပြည့်နေ့ ရောက်လေတိုင်း အမေနေ့ အခမ်းအနားများကို ကျင်းပလာခဲ့ကြရာ ယခုအခါ ဗမာပြည်၊ မြို့ ကြီး မြို့ ငယ် အတော်များများသို့ အမေနေ့ ကျင်းပသည့် အစဉ်အလာများ ပျံ့ နှံ့သွားလေသည်။

ယခုနှစ်တွင်လည်း (၁၃)ကြိမ်မြောက် အမေနေ့ အခမ်းအနားများကို မန္တလေးမြို့ အပါအ၀င် မြို့ ကြီး၊ မြို့ ငယ်များ၌ ကျင်းပခဲ့ကြပြီး အခမ်းအနားအသီးအသီးတွင် စာရေးဆရာ/ကဗျာဆရာများ၊ စာပေ၀ါသနာရှင်များ အစရှိသူတို့က ဟောပြောခြင်း၊ ကဗျာ/စာ ရွတ်ဖတ်ခြင်း/ဝေငှခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရပါသည်။

-----------------------------------------------------------------------------------------------

အမေနေ့ သတင်းများကို အောက်ပါ လင့်ခ်များတွင် ဆက်ဖတ်နိုင်ပါသည်။

၁။ အမေ့ခြေရာ သို့ မိဘခြေရာ ခံယူနိုင်ပြီ ...
၂။ အမေနေ့ အခမ်းအနားများကျင်းပ
၃။ အမေနေ့ အမှတ်တရ

09 January 2009

Rights and Freedom in Prison (2)

Palen Creek Correctional Centre
(annexed to Wolston Correctional Centre)



Palen Creek Correctional Centre is situated about 100 kilometres south of Brisbane and is designed for low security male prisoners.


The centres operates industries such as cattle (the centre has a mixed herd of approximately 300 beef cattle) and farm produce which supply the centre's kitchens.

By striving to achieve a world class correctional centre within an open campus style rural environment, the centre maximizes opportunities for prisoners to participate in and benefit from high quality rehabilitative programs.

Last updated: 16 July 2008


(Here, I want to say, 'Special Thanks' to Ko Thu for this link)

-----------------------------------------------------------


Rights and Freedom in Prison (1) - in myanmar font

(လူ့အခွင့်အရေးထောင် (သို့မဟုတ်) လွတ်လပ်စွာ နေရသော ထောင် -ယမထာ-)

08 January 2009

DTS article on R2P in Burmese

`အာ-တူး-ပီ´
- တင့်ဆွေ -


(Cyclone Nargis Victims of Burma, Photo- BigBBrown)


(အာ-တူး-ပီ) သည် (နာဂစ်)ဘေးဒုက္ခဆိုးကြီး ကျရောက်ချိန်၌ မြန်မာ့ဒီမိုကရေစီ လှုတ်ရှားမှုအတွင်း စတင်ဝင်ရောက် လာခဲ့သော အသုံးအနှုံးတခုဖြစ်ပါသည်။ Responsibility to protect (R2P or RtoP) ကို တိုက်ရိုက်ဘာသာပြန်ပါက “အကာအကွယ်ပေးရန် တာဝန်ရှိခြင်း” ပင်ဖြစ်သည်။ အမှန်မှာ ကမ္ဘာတွင် ၄င်းအသုံးပေါ်ခဲ့သည်မှာ မကြာသေးပါချေ။

၁၉၂ နိုင်ငံတက်ရောက်ခဲ့သည့် ၂၀၀၅၊ စက်တင်္ဘာ ၁၄-၁၆ ကမ္ဘာ့ထိပ်သီးအစည်းအဝေး၏ရလဒ်အရ၊ အကြိမ် ၆၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှ ဆုံးဖြတ်ချက်အပိုဒ် ၁၃၈-၁၃၉-၁၄၀ အဖြစ် အောက်ပါ ရာဇ၀တ်မှုကြီးလေးမျိုး အတွက် “စုပေါင်း အကာအကွယ်ပေးရန် တာဝန်ရှိကြောင်း” တညီတညွတ် သဘောတူခဲ့ကြပေသည်။

၁) Genocide လူမျိုးပြုန်းအာင်သတ်ဖြတ်ခြင်း၊
၂) War crimes စစ်ရာဇ၀တ်မှုများ၊
၃) Ethnic cleansing လူနည်းစုများအားရှင်းပစ်ခြင်းနှင့်
၎) Crimes against humanity လူသားမျိုးနွှယ်အပေါ်ကျူးလွန်သောရာဇ၀တ်မှုတို့ဖြစ်ကြသည်။

ဆိုလိုသည်မှာ အစိုးရများသည် ၄င်းတို့၏ပြည်သူပြည်သားများအား အထက်ပါအမှုအခင်းကြီးများမှ အကာအကွယ်ပေးရန် တာဝန်ရှိသည်။ အလားတူ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း (ကမ္ဘာ့ကုလသမဂ္ဂမှတဆင့်) ၀င်ရောက် အကာအကွယ်ပေးရန် တာဝန်ရှိလာပေသည်။ ယင်းဖြစ်ပေါ်လာမှုမှာ ၁၆၄၈ ကတည်းက Peace of Westphalia အရ သတ်မှတ်လက်ခံလာခဲ့သည့် Sovereign equality အချုပ်အခြာအာဏာတူညီမှုကို အဓိပ္ပါယ်ဖွင့်ဆိုသည့် နိုင်ငံတကာဥပဒေ၏အခန်းက သိသိသာသာ ရှေ့တန်းတက်လာခြင်းပင်ဖြစ်ပါသည်။

လူသားများသည် မိသားစုအသွင်ညီညွတ်မှုအရ ဂုဏ်သိက္ခာရှိသော ယောက်ျား-မိန်းမ ဟူ၍ အသိအမှတ်ပြုခံလာရခြင်း သဘောလည်း ဆောင်ပေသည်။ သို့ရာတွင် (အာ-တူး-ပီ)၏ သက်ရောက်မှုများမှာ အငြင်းပွါးဘွယ် ဖြစ်နေဆဲရှိပါသည်။ စစ်ရေးနည်းမဟုတ်သည့် သံတမန်ရေး၊ လူသားချင်းစာနာမှုနှင့် ငြိမ်းချမ်းသောနည်းလမ်းများ သုံးခြင်းကိုမူ များစွာ အငြင်းမပွါးချေ။ စစ်ရေးပိုင်းကို အများစုက လက်မခံနိုင်ကြသေးစေကာမူ၊ Asylum နိုင်ငံရေးခိုလှုံခွင့်ပေးခြင်း အပါအ၀င် IDP ခေါ် ကိုယ့်တိုင်းပြည်ထဲမှာပင် အတင်းအဓမ္မနေရာဒေသ အရွှေ့ခံရသူများအား အကာကွယ်ပေးခြင်း စသည်တို့မှာ ကောင်းသော အစပျိုးမှုများပင် ဖြစ်ပါသည်။

နိုင်ငံတကာဥပဒေဖွင့်ဆိုချက်ကို တိုင်းပြည်တခု၏ အချုပ်အခြာအာဏာပိုင်မှုဘက်မှ ချဉ်းကပ်ခြင်းကိုသာ အားသန် နေခဲ့သည်မှာ ယနေ့အထိဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်၏ ဆိုးဝါးသောအနိဌာရုံများကို တွေ့မြင်ပြီးသည့်နောက်ပိုင်းတွင်မူ၊ လူသားအရေးဘက်က ပို၍စဉ်းစားလာခဲ့ကြရာ၊ ၁၉၄၈ခုနှစ်က စတင်လက်ခံလာခဲ့သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းသည် ကနဦးခြေလှမ်းပင်ဖြစ်ပေသည်။ ယနေ့ဆိုလျင် လူ့အခွင့်အရေးတွင် တဦးချင်း အခွင့်အရေးအထိပင် ပြောဆိုလာနေကြပါပြီ။

“လူသားချင်းစာနာသောအားဖြင့် ၀င်ရောက်စွက်ဖက်ရေး” ဟူသော Humanitarian intervention သည် ၁၉၉၉ အကုန် (ဗင်းနစ်)၌ ပြုလုပ်သည့်အစည်းအဝေးမှ စတင်လာခဲ့ခြင်းဖြစ်သည်။ ၁၉၉၇ (ဆာရာလီယွန်း)ပြဿနာကြီးပြီးစဖြစ်ပါသည်။

၂၀၀၀ခုနှစ်က ယင်းတိုင်းပြည်တွင် ဗြိတိန်၏ အောင်မြင်ခဲ့သော (အော်ပရေးရှင်း-ပဲလစ်ဆာ) Operation Palliser ကြောင့် လိုအပ်သည့် စစ်ရေး၊ အတိုင်းအတာ၊ စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆန်းစစ်လာကြရသည်။ သို့ရာတွင် ကုလသမဂ္ဂ၏ “မထိရောက်မှု"မှာ ပေါ်လွင်ပါပေသည်။

2001 International Commission on Intervention and State Sovereignty (ICISS) ခေါ် အချုပ်အခြာပိုင်မှုနှင့် နိုင်ငံတကာ ၀င်ရောက်စွက်ဖက်ရေးနိုင်ငံတကာကော်မရှင် အစီရင်ခံစာအရ “လူ့အသက်အိုးအိမ်ကို ကာကွယ်ရန်အလို့ငှာ ၁၉၇၈ (ဆိုမာလီ)၊ ၁၉၉၂-၉၅ (ဘော့စနီးယား)၊ ၁၉၉၈-၉၉ (ကိုဆိုဗို)တို့တွင် စစ်ရေးအရ ၀င်ရောက်စွက်ဖက်ခဲ့ခြင်းများနှင့် ၁၉၉၄ (ရ၀န်ဒါ)မှာ စွက်ဖက်ရန်ပျက်ကွက်ခဲ့ခြင်း၊ နှစ်မျိုးလုံးမှာ ငြင်းစရာတွေရှိကြောင်း” ပါရှိထားသည်။

များမကြာမီက ဖြစ်ပျက်သွားခဲ့ကြသော အာဖရိက၊ ဘော်လ်ကန်၊ အရှေ့အလယ်ပိုင်းဒေသတို့မှ သင်ခန်းစာများအရ နိုင်ငံတကာဥပဒေကို၎င်း၊ စုပေါင်းအကာအကွယ်ပေးပိုင်ခွင့်ကို၎င်း ငြင်းခုံစရာများ တိုးလာစေပေသည်။ ၁၉၉၉ (ဘောလ်ကန်)ဒေသတွင်း မျိုးပြုန်းသတ်ဖြတ်မှုဖြစ်နေစဉ် (နေတိုး)အုပ်စု၏ဆောင်ရွက်ချက်များနှင့် ဆက်၍ ကုလသမဂ္ဂက အုပ်ချုပ်ရေးတာဝန်ယူခြင်းများဖြစ်လာသည့်အခါ၌၄င်း၊ အီရတ်တွင် အမေရိကန်နှင့်ဗြိတိန်တို့က ကုလသမဂ္ဂမပါဘဲ၊ ၂၀၀၃ ခုနှစ်က ၀င်ရောက်တိုက်ခိုက်သည့်အခါ၌၄င်း၊ ပို၍ကျယ်လောင်စွာ ငြင်းခုံလာကြပေသည်။

The 2005 World Summit Outcome document ခေါ် ၂၀၀၅ခုနှစ် ကမ္ဘာ့ထိပ်သီးအစည်းအဝေးက ပေါ်ထွက်လာသည့် စာတမ်းမှာ အတိုင်းအတာဆိုသည့်ကိစ္စတွင် အမြင်မတူကြသေးစေကာမူ၊ Concept အယူအဆအား သဘောတူခဲ့ကြသည်မှာ မကြုံစဖူး ရှိလှပါသည်။ ၀မ်းနည်းစရာကောင်းသည်မှာ ထိုသို့သဘောတူထားခဲ့ကြောင်းကိုပင် နောက်အစည်းအဝေးများ၌ အစိုးရအတော်များများက မသိရှိခဲ့ကြောင်း ဘူးပေါ်သလို ပေါ်ခဲ့ပါသည်။ ယနေ့(အာ-တူး-ပီ) ၏အနေအထားမှာ ပေါ်လစီအဆင့်မရောက်သေးပါပေ။

ကုလသမဂ္ဂပဋိဥာဉ်စာတန်း ၂(၄)အရ နိုင်ငံတခု၏ နယ်မြေပိုင်နက်ကို ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်းတို့ကို တားမြစ်ထားသည်။ ၂(၇)အရ ပြည်တွင်းရေးနယ်ပယ်အတွင်း ၀င်ရောက်စွက်ဖက်မှုမျိုးကို ထည့်သွင်းပြဌာန်းခြင်းမှလည်း တားမြစ်ထားပြန်သည်။ ၅၁ အရ နိုင်ငံတခုချင်းဖြစ်စေ၊ ပူးပေါင်း၍ဖြစ်စေ၊ လက်နက်ဖြင့် တိုက်ခိုက်လာခြင်းမျိုးကို ကာကွယ်ခွင့်ပြုထားပြီး၊ ၃၉ အရ ငြိမ်းချမ်းရေးထိပါးခြင်း၊ အင်အားဖြင့် ကျူးကျော် စော်ကားခြင်းတို့ကိုမူ လုံခြုံရေးကောင်စီအား ဆုံးဖြတ်ခွင့်ပြုထားပြန်ပါသည်။ ပြည်တွင်းစစ်သည် နိုင်ငံတကာ ငြိမ်းချမ်းရေးအား ထိပါးသည်-မထိပါး ဟူသည့်မေးခွန်းလည်း တက်နေပါသည်။

(အာ-တူး-ပီ)၏ (ကွန်ဆက်ပ်)မှာ သုံးချောင်းထောက်ပေါ်ရှိနေပါသည်။ (က)သူတို့တိုင်းပြည်အတွင်းရှိ နိုင်ငံသား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အဆိုပါပြစ်မှုကြီးများမှ အကာအကွယ်ပေးရန် အစိုးရများ၏အဓိကကျမှုမှာ ဆက်လက်တည်ဆဲရှိနေပြီး၊ တာဝန်ရှိသည်နှင့်အညီ ဆောင်ရွက်ရန်လည်းဖြစ်သည်။ (ခ)ကုလသမဂ္ဂသည် အဆိုပါ တိုင်းပြည်များအား ၄င်းတာဝန်များပျက်ကွက်ခြင်းမရှိစေရန်နှင့် အကူအညီပေးသွားရန်၊ (ဂ)ထိုသို့ဆောင်ရွက်ရပါက ကုလသမဂ္ဂပဋိဥာဉ်(၆၊ ၇၊ ၈)ပါ မည်သည့် ပြဌာန်းချက်နှင့်မဆို အသုံးပြုနိုင်သည်။ ကုလသမဂ္ဂပဋိဥာဉ် ၇ အရ လုံခြုံရေးကောင်စီအား စစ်ရေးသုံးခွင့်အာဏာအပ်နှင်းထားပါသည်။ (အာ-တူး-ပီ)၏နယ်ပယ်မှာ ကျယ်ဝန်းပေရာ သဘာဝဘေးများ၊ ရာသီဥတုဖေါက်ပြန်ခြင်းများနှင့် HIV/AIDS တို့လည်း အပါအ၀င်ဖြစ်ပါသည်။ (မှတ်သားရန်မှာ (နာဂစ်)လည်း အကြုံးဝင်ပါမည်။)

ကုလသမဂ္ဂတွင် တရုပ်၊ ကျူးဘားနှင့်မြောက်ကိုရီးယားတို့မှ “အပြည့်အ၀အချုပ်အခြာအာဏာပိုင်မှု" ဘက်က ကာကွယ် ပြောလေ့ရှိစေကာမူ၊ အမှန်စင်စစ် အချုပ်အခြာအာဏာပိုင်မှုဟူသည် အပြည့်အ၀ မရှိပါချေ။ ကြံ့ခိုင်သည့်တိုင်းပြည်များ၌ ပြည်သူပြည်သားများကို အကာအကွယ်ပေးနိုင်စွမ်းရှိသည်ဟု ထောက်ပြသည်လည်းရှိသည်။ အာဏာ-ပါဝါ ကြီးသည့် နိုင်ငံတို့မှ ၄င်းတို့၏စံများကို အခြားတိုင်းပြည်များအပေါ် မဖြစ်ဖြစ်အောင်ကြိုးပမ်းသည်များမှာ ပြဿနာဖြစ်ရပြန်သည်။ ဥပမာ ပြင်သစ်တော်လှန်ရေးမှ ဒီမိုကရေစီကို၎င်း၊ အရင်းရှင်နိုင်ငံများမှ ဈေးကွက်စီးပွါးရေးစနစ်နှင့် ဒီမိုကရေစီစံများကို၎င်း၊ စစ်ရေးနည်းအရဖြစ်စေ၊ ကုန်သွယ်ရေး (ဂလိုဘယ်လိုက်ဇေးရှင်း) နည်းအရဖြစ်စေ၊ Export တင်ပို့နေခြင်းများ။ (မှတ်ရန်မှာ ဆိုဗီယက်ယူနီယံသည်လည်း အလားတူဆောင်ရွက်ခဲ့ပေသည်။)

အာရှတိုင်းပြည်များအား ဆန်းစစ်ပါက တရုပ်၊ မြောက်ကိုရီးယား၊ မြန်မာ နှင့် ဗီယက်နမ်တို့အား အစုတစု၊ ဂျပန်နှင့် တောင်ကိုရီးယားအား တစုနှင့် (အာစီယန်)အားတစုထား၍ သတ်မှတ်ခဲ့ကြဘူးသည်။ ၁၉၆၄ ကတည်းက ထောင်ခဲ့သည့် အိန္ဒိယဦးဆောင်သော (ဂျီ-၇၇)အုပ်စုသည်လည်း ခေတ်နောက်ကျဆဲအုပ်စုဟု သတ်မှတ်နိုင်ပါသည်။

(အာ-တူး-ပီ)သည် အနောက်အုပ်စုကလာသည့် တနည်းအားဖြင့် မြောက်ခြမ်းမှတောင်ခြမ်းအပေါ် သက်ရောက်စေသည့် ဖန်တီးမှုမဟုတ်ချေ။ အကြောင်းမူ အာဖရိကတိုက်သား ကုလအထွေထွေအတွင်းရေးမှူးချုပ်နှစ်ဦးသည် ယခုဖြစ်စဉ်အတွက် လွန်စွာ အရေးပါအရာရောက်သူများဖြစ်ကြသည်။ (ကင်ညာ)နိုင်ငံတွင် ၂၀၀၇ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုတွင် အာဖရိကယူနီယန်၊ ကုလအဖွဲ့ဝင် ထင်ရှားနိုင်ငံများနှင့် (ကိုဖီအာနန်) တို့မှ ၀င်ရောက် ဆောင်ရွက်-စွက်ဖက်ပေးခဲ့ခြင်းသည် မြောက်ခြမ်းနိုင်ငံတို့၏လက်ရာ မဟုတ်ပါချေ။

အချို့အရေးအခင်းများတွင် နိုင်ငံတကာဝင်ရောက်စွက်ဖက်ခြင်း လိုအပ်သည့်မှာ မှန်သော်လည်း၊ အောင်မြင်သည့် အရေအတွက်က နည်းပါသည်။ အောင်မြင်လိုလျင် သက်ရောက်ခံရသည့်နိုင်ငံ၊ တာဝန်သိအစိုးရများနှင့် ပါတနာ အဖွဲ့အစည်းများက Sovereignity အချုပ်အခြာပိုင်ဆိုင်မှု၊ Political will နိုင်ငံရေးဆန္ဒ၊ Mandates လုပ်ဆောင်ပိုင်ခွင့်နှင့် Resources အရင်းအမြစ်များတို့ ပေါင်းစုပတ်သက်ရန်လိုပါသည်။

ချုပ်လိုက်ပါက (အာ-တူး-ပီ)အား အဓိပ္ပါယ်ဖွင့်ဆိုရန်နှင့် အများသဘောတူညီရန်ဖြစ် လိုအပ်ပါသေးသည်။ အတွေးအခေါ် တရပ်အတွက်လိုအပ်သော သမိုင်းကာလအရဆိုလျင် ၅ နှစ်ဟူသည့် မျက်စိတမှိတ်အချိန်အတွင်း (အာ-တူး-ပီ) သည် တိုးတက်ပြောင်းလဲ လာနေပါပြီ။ နိုင်ငံတကာက လက်သင့်ခံကျင့်သုံးမည့် ဓလေ့ထုံးတမ်းဥပဒေအဆင့်ရောက်လာရန် အလားအလာရှိပြီး၊ ဆက်လက်၍ စကားစစ်ထိုးရန်မူ လိုအပ်ပါသည်။ ထိုကာလအတွင်း နည်းပညာအကူအညီ၊ စောစီးစွာ သတိပေးချက်၊ အန္ကရာယ်ဆန်းစစ်ချက်စသည်တို့ကို ဆောင်ရွက်ပေးခြင်းဖြင့် ပြဿနာများဖြစ်နိုင်ခြေ နည်းပါးစေပါမည်။

International Court of Justice (ICJ) ခေါ်နိုင်ငံတကာတရားရုံးမှ မကြာသေးမီက လူမျိုးပြုန်းတီးမှုကျူးလွန်သည်အား သက်ဆိုင်ရာတိုင်းပြည် State ၌တာဝန်ရှိကြောင်း ဖွင့်ဆိုခဲ့ပါသည်။ ယူဂိုဆလားဗီးယား၊ ရ၀မ်ဒါ၊ ကမ္ဘောဒီးယား၊ လက်ဗနွန်၊ ဆာရာလီယွန်း၊ အရှေ့တီမော၊ ကိုဆိုဗို အရေးအခင်းများအတွက် အပြည်ပြည်ဆိုင်ရာခုံရုံး Tribunal များ ဖွဲ့စည်း၊ စစ်ဆေး၊ အပြစ်ပေးခဲ့ပေသည်။ လူသားမျိုးနွယ်တုံးစေမှုအတွက်လည်း Nuremberg Tribunal မှအစပြုကာ နောက်ဆုံးအားဖြင့် International Criminal Court (ICC) ခေါ် နိုင်ငံတကာရာဇ၀တ်တရားရုံးကို Rome Statute ဖြင့် ၁၉၉၈ ကတည်းက တည်ထောင်ခဲ့ပြီးဖြစ်သည်။

၂၀၀၆ခုနှစ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက် အမှတ် ၁၆၇၄ နှင့် ၁၇၀၆ တို့ချမှတ်ခဲ့ရာ (အာ-တူး-ပီ) အား အားဖြည့်ပေးခြင်းဖြစ်သည်။ ထို့ပြင် ၂၀၀၇ခုနှစ်အတွင်းက လူမျိုးပြုန်းတီးအောင်သတ်ဖြတ်ခြင်းဆိုင်ရာ ကိုယ်စားလှယ် တဦးနှင့် (အာ-တူး-ပီ) အကြံပေးတဦးတို့ကို အထွေထွေအတွင်းရေးမှူးချုပ်မှ ခန့်အပ်ထားပြီးဖြစ်နေပါပြီ။ Executive Committee on Peace and Security (ECPS) ခေါ်သည့် ငြိမ်းချမ်းရေးနှင့်လုံခြုံရေး အလုပ်အမှုဆောင်ကော်မတီ တရပ်ကိုလည်း ကုလအတွင်း (အလွတ်သဘော) ဖွဲ့စီးပြီးပေပြီ။

(အာ-တူး-ပီ)ကို အမေရိကန်မှ အတိုင်းအတာတစုံတခုအထိ စိတ်ဝင်စားပြီး၊ ဥရောပနိုင်ငံအများစုက ထောက်ခံပေးသည်။ အာဖရိကနိုင်ငံများမှာ ထူးခြားသည်ဟုဆိုနိုင်ပါသည်။ ၂၀၀၅ ထိပ်သီးမတိုင်မီ ၅ နှစ်ကပင် African Union သည် အမှုကြီးသုံးရပ် ကျူးလွန်လျင် အာဖရိကညီလာခံမှ ၀င်ရောက်စွက်ဖက်ခွင့်ကို ပြဌာန်းခဲ့ပေသည်။ အာရှတွင်မူ အစိုးရများကသာမက အစိုးရမဟုတ်သောအဖွဲ့များကပင်လျင် လိုလားမှုမပြသေးပါချေ။

နိုင်ငံတကာဥပဒေက “အချုပ်ခြာအာဏာကို လူသားချင်းစာနာသည်ဖြစ်ပါစေ မကျူးကျော်ရ”ဟု ဆိုထားသည်။ ဤနေရာတွင် အကယ်၍ လူ့အခွင့်အရေး ချိုးဖေါက်မှုများ၊ ပြောင်ပြောင်တင်းတင်း ရှိနေပြီး၊ သက်ဆိုင်ရာအစိုးရမှ ကာကွယ်ရန်၊ တားဆီးရန် ဆန္ဒလည်းမရှိ၊ အစွမ်းလည်းမဲ့နေလျင် မည်သို့လုပ်ကြမည်နည်း။ ၄င်းပုစ္ဆာကို ၂၀၀၁ ကတည်းက မေးနေကြပါသည်။

မေးခွန်းများစွာအနက် တခုမှာ “အချုပ်အခြာအာဏာဟူသည် ကိုယ့်ပြည်သူတွေကိုသတ်ဘို့ လိုင်စင်ပေးထားခြင်းလော။”

(ယခင်)ယူဂိုဆလားဗီးယား၊ အီရတ်၊ ရ၀မ်ဒါတို့နှင့်အတူ မြန်မာ့ပြည်တွင်းရေး ဗရုတ်သုတ်ခအပေါင်းတို့၌ နိုင်ငံတကာ၏ ပျက်ကွက်နေမှုအပေါ် အားမရသည့်ဝေဖန်ချက်များ ထွက်ပေါ်နေဆဲဖြစ်ပါသည်။

ကမ္ဘောဒီးယား (၁၉၉၀)၊ လိုက်ဘေးရီးယား (၁၉၉၂)၊ ရ၀မ်ဒါ (၁၉၉၃)၊ ဟေတီ (၁၉၉၃)၊ ရီမင် (၁၉၉၄)၊ အာဖကန်နစ္စတန် (၁၉၉၆)၊ ဆာရာလီယွန်း (၁၉၉၇)တို့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်များချမှတ်ခဲ့ရသည့် အကြောင်း တရားများထက် ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည်များက ပိုများပါသည်ဟု DLA Piper ခေါ် နိုင်ငံတကာဥပဒေ အကျိုးဆောင်အဖွဲ့ကြီး၏စာတမ်းက အခိုင်အမာဆိုထားပြီးဖြစ်ပါသည်။

ဒီမိုကရေစီအားသတ်ခြင်းကို “ဒီမိုဆိုက်”ဟု ခေါ်သည့် အသုံးသစ်သည်လည်း မြန်မာပြည်နှင့်လုံးဝဆိုင်နေပါသည်။

တင့်ဆွေ

A Wedding in front of Insein Prison (NEWS POEM)

ဆူးကြားက ဗူးခါးလေးတွေ ထူးခြားမှာမင်္ဂလာဆောင်
- July ကောင်း -



နာဂစ်ကိုကူညီလို့ ထောင်(၁ဝ)နှစ်ချခံရတဲ့
ကိုခင်မောင်ဝင်း၊ သူ့ကိုချစ်လွန်းလို့
အင်းစိန်ထောင်ရှေ့က ထူးခြား လက်ဖက်ရည်ဆိုင်မှာ
စီရင်ချက်ချတဲ့နေ့ လက်ထပ်ခဲ့တဲ့ မပန်းဖြူဖြူ
လေးစားတယ်ဗျာ ခင်ဗျားတို့အချစ်
ကြားကြားချင်း ရင်နင့်ခဲ့ရပါတယ်။

ဘက်ချလာနိုက် (Bachelor Night) ပဲခူးထောင်မှာပဲ
တစ်ယောက်တည်း လုပ်တော့ကိုယ့်လူ
ရင်ခုံစရာကောင်းတဲ့ မင်္ဂလာဦးညကို
တစ်ကိုယ်တည်းပဲ စိတ်ကူးယဉ်တော့ ပန်းဖြူဖြူ
ဖြေသိမ့်စရာလေးတော့ မင်္ဂလာလက်ဖွဲ့ပေးလိုက်ချင်ပါတယ်
ခင်များတို့လို ရင်နင့်စွာနဲ့ ခွဲခဲ့ရတဲ့ချစ်သူတွေ
ဒီခေတ်မှာ အများကြီးရှိနေပါတယ်။

ယောက်ျားရှိလျက်နဲ့ လင်ကို အသေလိုသဘောထား
မုဆိုးမလုပ်နေရတဲ့ မိန်းမသားတွေ
ကျုပ်တို့မြန်မာပြည်မှာ အများကြီးပဲဗျ
မိန်းမကထောင်ကျလို့ ကလေးတွေနဲ့ နေနေရတဲ့ လင်သားတွေ
အဖေရောအမေရော ထောင်ကျလို့
နီးရာဆွေမျိုးနဲ့ ကပ်နေရတဲ့ ရင်ခွင်မဲ့သားတွေ
ဒုနဲ့ဒေးပါဗျာ
အမေရှိလျက်နဲ့ အမေလို့ခေါ်မရတဲ့အခြေအနေ
မြေရှိလျက်နဲ့ ပြေးနေရတဲ့ကျုပ်တို့ဘဝတွေ
အဖေရှိလည်း ခေါ်မရပါဘူးဗျာ
ဒီတော့ ရင်နင့်ပေမဲ့ အဆင်သင့်မဖြစ်သေးတဲ့
ကျုပ်တို့ တော်လှန်ရေး မပြီးခင်
ဒါလေးတွေကို ယှဉ်တွေးပြီး ဖြေပေးပါလို့
မင်္ဂလာ လက်ဖွဲ့ပါးလိုက်ပါရစေ
တစ်နေ့တော့ ။ ။

July ကောင်း

(၂ဝဝ၉ ဇန်နဝါရီ (၅)ရက်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁ဝ) နှစ်ကျခံရပြီး
အဲဒီနေ့မှာပဲ အင်းစိန်ထောင်ဝက ထူးခြားလက်ဖက်ရည်ဆိုင်မှာ မင်္ဂလာဆောင်ခဲ့တဲ့
သတို့သား ကိုခင်မောင်ဝင်းနဲ့ အပြင်မှာ ၁ဝနှစ်စောင့်နေရမယ့် သတို့သမီး မပန်းဖြူဖြူအတွက်)

06 January 2009

BEES

ပျားများ



သေဆုံးသွားသော
ပန်းပင်ကလေး၏ အသက်ကိုကျောပေး၍
ဖူးပွင့်လာမည့် ပန်းပွင့်အရေအတွက်ကို
ငြင်းခုန် ခွဲဝေ နေကြသည် ။ ။

ကျော်သက်လွင်

(“ချယ်ရီ” ရသစုံမဂ္ဂဇင်း၊ ၂၀၀၉၊ ဇန်န၀ါရီလ၊ အမှတ် ၁၆၀ ပြည့် အထူးထုတ်၊ စာမျက်နှာ- ၁၄၀ မှ ကူးယူတင်ဆက်သည်။)
--------------------------------------------------------------------------------

POEM PHOTO FROM

04 January 2009

Rights and Freedom in Prison

လူ့အခွင့်အရေးထောင် (သို့မဟုတ်)
လွတ်လပ်စွာနေရသော ထောင်

- ယမထာ -


ယခု နှစ်ဆယ့်တစ်ရာစု ခေတ်ကြီးထဲ၌ လွတ်လပ်စွာ နေရသော ထောင်ရှိသည်ဆိုလျှင် စာရှုသူ အဆွေတို့ ယုံကြည်ကြပါမည်လော။

ရှိခဲ့ပါသည်။ တကယ်ရှိခဲ့ပါသည်။ ရှိခဲ့သည်။ ယခု နှစ်ဆယ့်တစ်ရာစုမရောက်မီ လွန်ခဲ့သော ၁၉၄၆ ခုနှစ်ခန့်ကပင် ကျွန်ုပ်တို့ လူသား ကမ္ဘာမြေပေါ်မှ လူသားများနေထိုင်ရာ တိုင်းပြည်တစ်ပြည်တွင် ရှိခဲ့ပုံကို

အောက်တွင် ဆက်လက် ရှုစားပါ။
(ယခု အချိန်ထိ ရှိမရှိကို စာရှုသူ သုတေသီ ပညာရှင်များ ဆက်လက်လေ့လာကြစေလိုပါသည်။)
--------------------------------------------------------------------------------------------

“အုဠ်တံတိုင်းကာတိုင်း ထောင်မဖြစ်” ဟု ထင်ရှားသော အင်္ဂလိပ်ကဗျာရှိရာ သြစတြေးလီယားပြည်၊ ကွင်းစလန်နယ်၏ မြို့တော် ဘရစ္စဘိန်းမြို့မှ မိုင် ၃၀ ကွာဝေးသော “ပါလန်း-ကရစ်” အရပ်ရှိ အကျဉ်းထောင်မှာ ထိုစာပိုဒ်ကလေးနှင့် တပြေးတည်း ညီညွတ်လှပေသည်။ အကြောင်းသော်ကား ထိုထောင်တွင် သံတိုင် သံချိုင့်များ အစောင့် စန္ဒရီများ၊ အစောင့်ခွေးကြီးများမရှိ၊ အကျဉ်းတိုက်ခန်းကလေးများ ပြုလုပ်ကာ အုဠ်တံတိုင်းကာရံထားခြင်း မရှိပေ။ ထောင်အ၀င်ပေါက်တွင် “တံခါးပြန်ပိတ်ခဲ့ပါ” ဟူသော စာဆွဲထားခြင်းကို ထောက်သဖြင့် ၀င်ချင်ဝင် ထွက်ချင်ထွက် လွတ်လပ်ခွင့် မည်မျှ ရှိသည်ကို သိသာပေသည်။

ထောင်ကျနေသူတို့မှာ အချုပ်ခန်းနှင့် မနေကြရပေ။ ၈ ပေ စတုရန် ကျယ်သော ကိုယ့်တဲနှင့်ကိုယ် နေကြရ၍ “စပရိန်”မွေ့ရာ၊ ကုလားထိုင်၊ စားပွဲ၊ လေသာပြူတင်းနှင့် နေကြရလေသည်။
(ယခုခေတ် ကျွန်ုပ်တို့ ရန်ကုန်စသော မြို့ကြီးများရှိ မိသားစုများနေကြရသော အခန်းငှားများဖြင့် နှိုင်းယှဉ်ကြည့်ကြစေလိုပါသည်။)
ဤသို့ ပြုလုပ်ပေးထားခြင်းမှာ “အလင်းရောင် ရစေရန်” ဖြစ်ပေသည်။ အလင်းရောင်ကို ပိတ်ဆို့ထားခြင်းကို မလိုလားချေ။

ထောင်ကျနေသူတို့မှာ သူခိုးကလေးမှ လူသတ်တရားခံအထိ ဖြစ်၏။ ယခုရှိနေကြသော လူသတ်မှု ကျူးလွန်သူများမှာ ၈ ဦးရှိရာ ထိုသူတို့သည် ဖောက်ထွင်းထွက်ပြေးလိုက ဘယ်အချိန်မဆို ထွက်ပြေးနိုင်ကြ၏။

သို့သော် တစ်ယောက်မျှ မပြေးကြချေ။ ၁၁ နှစ်အတွင်း ဤထောင်ထဲသို့ ကျရောက်လာသူ ၁၀၀၀ ကျော်အနက် ၆ ယောက်လောက်သာ ထွက်ပြေးရန် ကြိုးစားဘူးလေသည်။
(ဤသို့ ဆိုလျှင် ၄၆ ခုနှစ်မှ နောက်သို့ ပြန်၍ ရေတွက်သည်ရှိသော် ၁၉၃၅ ခုနှစ်မှ ဤထောင်ကို စတင်သည်ဟု သိရာ၏။ သို့အတွက် လူ့အခွင့်အရေးကြေညာစာတမ်းမဆိုထားဘိ ကုလသမဂ္ဂအဖွဲ့ပင် မပေါ်ပေါက်သေးကြောင်း သတိချပ်ရာ၏။)

ဤထောင်သို့ ၀င်နိုင်ရန်မှာ အကျဉ်းခံရသူသည် ထွက်ပြေးရန် အားမထုတ်ပါ။ အကျင့်စာရိတ္တ မဖောက်ပြားပါဟု ဂတိပေးရလေသည်။ ထိုသို့ ဂတိပေးပြီး ၀င်ရောက်ခွင့်ရသည့် နေ့မှ စ၍ ထိုသူသည် ဥပဒေအရ “ထောင်သား”ဟူသော မိမိအဖြစ်ကို မေ့ပျောက်စွာနေနိုင်အောင် အရာရာအဘက်ဘက်က စီမံပြုလုပ်ပေးခြင်းကို ခံစားရလေသည်။

ထိုသူမှာ ထောင်အ၀တ်အစား မ၀တ်ရ။ ထောင်အစောင့်အရှောက်တို့ကိုလဲ ထောင်မှူးကြီး သခင်ကြီး စသည့် အခေါ်မျိုးဖြင့် မခေါ်ဘဲ “ဂျွန်” “ဟယ်ရို” စသဖြင့် မိတ်ဆွေရင်းကဲ့သို့ နာမည်ကို အဖျားဆွတ်၍ ခေါ်ခွင့်ရှိကြသည့်ပြင် “ထောင်”ဟူသောစကားနှင့် ၄င်း၏ ဆိုင်ရာ အသုံးအနှုန်းတို့ကို အပြောအဆို မရှိကြချေ။

စည်းကမ်းအချုပ်အချယ်ကိုလည်း နည်းပါးနိုင်သမျှ နည်းပါးအောင် ပြုလုပ်ထားလေသည်။ ထိုသူတို့သည် နံက်စောစော ထကြရ၍ စားဖိုဆောင်တွင် အများနှင့် ရောနှော နံက်စာစားကြပြီးနောက် နေ့လည်စာ ထုပ်ပိုးသယ်ယူ၍ “အလုပ်”ဆင်းကြရသည်။ အလုပ်မှာ ဥယျာဉ်စိုက်ပျိုးခြင်း၊ သစ်ပင်ကြံပင် ခုတ်လှဲခြင်းများဖြစ်၍ ညနေ ၅ နာရီတွင် ပြန်၍ ၀င်ကြရရာ တံခါးပြန်၍ ပိတ်ခဲ့ဘို့ မမေ့ကြချေ။

ညာစာစားပြီးနောက် ဘိလိယက် (သို့မဟုတ်) စစ်တုရင်ထိုးခြင်း၊ စာကြည့်ခန်းတွင် စာအုပ် သတင်းစာဘတ်ခြင်း၊ ရေဒီယို နားထောင်ခြင်းတို့ကို လွတ်လပ်စွာ ပြုလုပ်နိုင်ကြလေသည်။ တားမြစ်ထားသော ကစားနည်းတစ်ခုတည်းသာ ရှိရာ၊ ၄င်းမှာ ဖဲကစားခြင်း ဖြစ်သည်။ ထို့နောက် ၉ နာရီ မထိုးမီ အိပ်ယာ ၀င်ကြရသည်။

လူတစ်ယောက်လျှင် တနေ့ အလုပ်လုပ်ခ ၄ ပဲ ရ၍ ထောင်မှ ထွက်သည့်အခါ သုံးစွဲရန် ဘဏ်တွင် အပ်ပေးထားလေသည်။
(ကျွန်ုပ်တို့ တိုင်းပြည်၊ အင်္ဂလိပ်လက်အောက် လွတ်လပ်ရေးကာလမှ ထောင်ကျနေသော နိုင်ငံရေး သုခမိန် ဘကြီးဘဖေတို့ ဒေါက်တာဘမော်တို့ ထောင်တွင်း နေရစဉ် တလ လခ ၅၀၀ိ ရကြသည်နှင့် နှိုင်းယှဉ်ကြည့်စေလိုသည်။)

ထောင်မှ ထွက်သည့်အခါ တိုင်း၍ချုပ်ပေးသော ၀တ်စုံတ်စုံနှင့် အလုပ်ကိုပါ ရှာ၍ ပေးလေသေးသည်။ အလုပ်ရှင်ကိုလည်း သူ့အကြောင်းအသိပေးထားသဖြင့် ထိုသူမှာ တနေ့နေ့ “ဘူး”ပေါ်၍ အလုပ်ထုတ်ပစ်ခံရမည်ကို ကြောက်လန့်နေရန် မရှိတော့ချေ။ အလုပ်ရှင်သည် အကြောင်းသိထားသဖြင့် “လမ်းဖြောင့်” တို့ကိုသာ ကူညီ အားပေးလေတော့သည်။

ဤသို့အားဖြင့် အကျိုးကိုသာ ဖြစ်စေသည့်အလျောက် ဤကဲ့သို့ ထောင်များ ပြုလုပ်လျက်ရှိကြလေပြီ။ ဤစံနစ်အရ ထောင်စရိတ် အကုန်အကျလည်း လွန်စွာ နည်းပါးပြီး ထောင်မှ ထွက်၍ နောက်ထပ် ရာဇ၀တ်မှု ပြုခြင်း အလွန်နည်းလေသည်။
--------------------------------------------------------------------------------------------

၁၉၄၆ ခုနှစ်၊ ၅ လပိုင်းထုတ် “ဇ၀န” ဂျာနယ်မှ ကူယူဖော်ပြအပ်သော ဤဆောင်းပါးကို ဖတ်ရှုရခြင်းဖြင့် လူ့အခွင့်အရေးဟူသည် စာရွက်ပေါ်၌ရှိနေခြင်းကို ခေါ်သည်မဟုတ်။ လူစိတ်ရှိသော လူသား အချင်းချင်း ကိုယ်တိုင် ဒိဋ္ဌ ကျင့်သုံးရခြင်းသာလျှင် လူ့အခွင့်အရေးအစစ်ဖြစ်ကြောင်း စာရှုသူများ ရိပ်မိတန်လောက်ပြီဟု ယုံကြည်မိပါသည်။

သို့အားလျော်စွာ ယခုကဲ့သို့ တိုးတက်ယဉ်ကျေးလာသော ဂလိုဘယ်ခေတ်ကြီး၌ လူ့အခွင့်အရေး ကျင့်သုံးသော ဗမာပြည်ထောင်များ ပေါ်ပေါက်ပါစေ ဟု ဆုတောင်း အပ်ပါသတည်း။

ယမထာ

(၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၀ ရက်နေ့တွင် ကျရောက်သော
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအတည်ပြုခြင်း နှစ် (၆၀)ပြည့် နှင့်
၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ၊ ၄ ရက်နေ့တွင် ကျရောက်သော ဗမာပြည်၏ (၆၁) နှစ်မြောက် လွတ်လပ်ရေးနေ့များအတွက် (၇၄) နှစ်ပြည့် လူ့အခွင့်အရေးထောင်အကြောင်း ပြန်လည် တင်ဆက်အပ်ပါသည်။)

-------------------------------------------------------------------------------------------------

Family members of Myanmar prisoners wait in front of Insein Prison, north of Yangon (AFP PHOTO)

----------------------------------------------------------------------------------------------------------

02 January 2009

EDUCATION OF BURMA

ပညာရေးထောင်တွေကို ဖြိုလှဲကြ
- အရှင်ရာဟုလာ -


(A Temporary School for the Children after Cyclone Nargis at Ayeyarwady Delta)

ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူထံ၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည်း။

ဤလူ့ကမ္ဘာမှာ အသက်အိုးအိမ် ချမ်းသာမှု၊ လုံခြုံမှု၊ တိုးတက်မှုတွေဟာ ဉာဏ်နဲ့ ဝီရိယကို ပြုစုပျိုးထောင်မှု ဆိုတဲ့ လုံ့လအားထုတ်ခြင်း ပယောဂဟာ အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး၊ အရေးကြီးဆုံး ဖြစ်ပါတယ်။

ဉာဏ်နဲ့ ဝီရိယကို ပြုစုပျိုးထောင်တတ်ဖို့ဟာ အပြောလွယ်သလောက်၊ လက်တွေ့ဖော်ဆောင်ရာမှာတော့ ခက်ခဲလွန်းလှပါတယ်။ အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ လူသားရဲ့ ဝိသမလောဘ၊ အတ္တ၊ မာန၊ ဒိဋ္ဌိ ဆိုတဲ့ ဆိုးရွားလှတဲ့ တရားတွေရဲ့

နှိပ်စက်မှုကို အညံ့ခံခြင်းပါပဲ။ ခက်ခဲလှတဲ့ ဘဝထိုထိုတွေ ဖြတ်သန်းပြီးကာမှ ရလာတဲ့ မနုဿတ္တဘာဝ ဒုလ္လဘ အလှတရား၊ သွေးတွေ၊ အသက်တွေ၊ ပေးဆပ်မှုတွေနဲ့ ရေးခြစ်ရတဲ့ လူသားကဗျာဟာ စာမျက်နှာပေါ် တက်မလာဘဲ၊ ရေအိမ်သုံး

စက္ကူဘဝကို ရောက်ကြတဲ့ လူတွေ၊ ခေါင်းဆောင်တွေ နေ့စဉ်နဲ့အမျှ မြင်တွေ့ကြားနေရတာပါ။

ဉာဏ်နဲ့ ဝီရိယကို စနစ်တကျ သင်ယူတတ်မြောက် ပျိုးထောင်မှသာ လူသားရဲ့ အနာဂတ် အိုးအိမ် အသက်ရှင်၊ နေထိုင်မှုဟာ လုံခြုံ၊ အေးချမ်း၊ သာယာဝပြောမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အဓိက တိုက်ရိုက်အရေးပါတဲ့ ပညာရေးဌာနတွေကို အလေးထား

ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

မြန်မာပြည်မှာရှိတဲ့ ပညာရေးဌာနတွေရဲ့ အခြေအနေကတော့ “နင့်အိုး နေနေသာသာ ငါတောင် ဘယ်ကျလို့ ကျရမှန်းမသိ” ဆိုတဲ့ စကားပုံလို ကျောင်းသားတွေရဲ့ ပညာရေးထက် ဆရာ၊ ဆရာမတွေရဲ့ ပညာရေး၊ စားဝတ်နေရေးက ပိုပြီးတော့ မပြည့်စုံ၊

မလုံလောက် ဖြစ်နေရပါတယ်။ စားဝတ်နေရေး မလုံလောက်တဲ့အတွက် ကျောင်းသားထုဟာ ဆရာတွေရဲ့ ဈေးကွက်ကြီး ဖြစ်သွားရတယ်။ မူလတန်းကျောင်းမှ အမြင့်ဆုံး တက္ကသိုလ် ပညာရေးအထိ ကျောင်းပညာရေးက ဆရာတွေရဲ့ အိပ်ထောင်ထဲကို

ရောက်သွားပါပြီ။ ဆရာတွေရဲ့ ပညာရေးကို မြှင့်တင်မပေးနိုင်တဲ့အတွက် ကျောင်းသားတွေရဲ့ ပညာရေးဟာ ဘွဲ့ သာရတယ်၊ ပညာက ပါမလာဘူး။ ဒီလို ရေမပါတဲ့ ခွက်ကြီးတွေနဲ့ နောက်မျိုးဆက် ကျောင်းသားတွေကို ဝိုင်းခုတ်ကြအုံးမှာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ခွက်စုတ် ပညာရေး၊ သူတောင်းစား ပညာရေး ဖြစ်နေရတာပါ။

စစ်အစိုးရရဲ့ ပညာရေးအတွက် သုံးစွဲတဲ့ အသုံးစရိတ်ဟာ ကာကွယ်ရေး အသုံးစရိတ်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် “ဇီးစေ့နဲ့ မြင့်မိုရ်တောင်၊ နံ့သာဆီနဲ့ အီး” လောက်ကို ကွာခြားနေပါတယ်။ ၁၉၉၉ ခုနှစ်က စစ်အစိုးရထုတ် စာရင်းဇယားအရ

ပညာရေးဝန်ကြီးဌာနအတွက် အသုံးစရိတ်ဟာ ဝန်ကြီးဌာနအားလုံးရဲ့  ၇ ဒဿမ ၅ ရာခိုင်နှုန်းသာ ရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ၄ဝ ရာခိုင်နှုန်း သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

မိန်းတက္ကသိုလ်ကျောင်းတွေဟာ ကမ္မဋ္ဌာန်းကျောင်းတိုက်တွေလို တိတ်ဆိတ်နေပြီး၊ ကျောင်းတွေရဲ့ ရှေ့မှာ သံဆူးကြိုး၊ ဂိတ်လက်မောင်းတံတွေ ပိတ်ဆို့ထားတာဟာ တက္ကသိုလ်ကြီးတွေကို စစ်အစိုးရက ထောင်အဖြစ်လောက် သဘောထားတာပါ။

ဒါတွေကို တက္ကသိုလ် ဆရာကြီးတွေကိုယ်တိုင် နည်းပေါင်းစုံသုံးပြီး ဖောက်ထွက်မှသာ ကျောင်းသားတွေရဲ့ အနာဂတ် ဘဝတွေ လှပလာမှာပါ။ တစ်ပြည်လုံးမှာ ရှိတဲ့ ဆရာတွေဟာ ကိုယ့်ကိုယ်ကို ကယ်တင်ဖို့၊ ကျောင်းသား လူငယ်တွေရဲ့ အနာဂတ်ကို

လမ်းပြဖို့၊ နည်းပေါင်းစုံနဲ့ ကြိုးစားဖို့ အနာဂတ် နိုင်ငံတော်ကြီးက တောင်းဆိုနေပါပြီ။

ဉာဏ်ပညာရဲ့ သဘောအတွင်းမှာ ပြီးပြည့်စုံခြင်း (ဣဒ္ဓိပါဒ)၊ စိုးမိုးနိုင်ခြင်း (ဣနြ္ဒိယ)၊ တိုက်ဖျက်ခြင်း (ဗလ) စတဲ့ အတွင်းသဘောတွေ ပါရှိသလို၊ ဝီရိယရဲ့ သဘောမှာလည်း ဒီသဘောတရားတွေ ပါရှိပါတယ်။ အားလုံးဟာ ဉာဏ်ကြီးကြီး၊ လုံ့လကြီးကြီးနဲ့

ကြိုးစားမယ်ဆိုရင် တရားမျှတတဲ့ (သမ္မာ) ဒီမိုကရေစီနိုင်ငံကြီး တည်ဆောက်နိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

ဥစ္စာဘောဂ၊ ဇီဝိတနှင့် သုခပွားရန်၊ ဤလူထံ၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည်း။

အရှင်ရာဟုလာ

31 December 2008

Father OF MOUSTACHE BROTHERS Passed Away

လူရွှင်တော် ဦးပါပါလေး၊ ဦးလူမော် နှင့် ဦးလူဇော်တို့၏ ဖခင်ကြီးကွယ်လွန်
နိုင်ငံတကာတွင် Moustache Brothers ဟု ကျော်ကြားသည့် ဗမာပြည်၊ မန္တလေးမြို့မှ စစ်အဆိုးရ အတိုက်အခံ လူရွှင်တော်များဖြစ်ကြသည့် ဦးပါပါလေး၊ ဦးလူမော် နှင့် ဦးလူဇော်တို့၏ ဖခင် လူရွှင်တော်ကြီး ဦးညိုဘန်း ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့်ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်း။
Moustache Brothers voted ‘No’ in the referendum.
------------------------------------------------------------------------------------------------------------------
အသုဘရှု ဖိတ်ကြားစာ

ရွှေဘိုမြို့နယ် ပန်းရံရွာနေ (ဦးအောင်ကြွယ်)+(ဒေါ်စောရ) တို့၏သား၊
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာအောင်မြေအရှေ့ အကွက်(၅၂၀)၊ ခုံဝင်းရပ်ကွက်၊
၈၀ x ၈၁ကြား၊ ၃၉ လမ်းနေ လူရွှင်တော် ဦးပါပါလေး + ဒေါ်ဝင်းမာ၊ လူရွှင်တော်ဦးလူမော် + ဒေါ်နီနီလင်း၊
(ဦးခင်မောင်မြင့်)+ဒေါ်တိုက်ကြီးသူဇာ၊ ဦးရွှေဘို+ဒေါ်ချိုတူး၊ (ဦးမော်တင်)+ဒေါ်ခြူးခြူး၊ ဦးထွေး၊
လူရွှင်တော်ဦးလူဇော် တို့၏ ဖခင်၊ မြေး(၅)ယောက်တို့၏ အဘိုး၊ ဒေါ်ရေ၀ိုင်း၏ ချစ်လှစွာသော ခင်ပွန်း

လူရွှင်တော်ကြီး ဦးညိုဘန်း အသက် (၈၅)နှစ်သည်

၁၃၇၀-ခု၊ ပြာသိုလဆန်း(၄)ရက်၊ (၃၀-၁၂-၂၀၀၈) အင်္ဂါနေ့၊ နံနက်(၁း၀၀)နာရီတွင်
ဘ၀တစ်ပါးသို့ ကူးပြောင်းကွယ်လွန်အနိစ္စရောက်ပြီး ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်ကို
၁၃၇၀-ခု၊ ပြာသိုလဆန်း(၅)ရက်၊ (၃၁-၁၂-၂၀၀၈) ဗုဒ္ဓဟူးနေ့၊ နေ့လည် (၁း၀၀)နာရီတွင်
မန္တလေးမြို့၊ မဟာအောင်မြေအရှေ့၊ ၈၀ x ၈၁ ကြား၊ ၃၉ လမ်းနေအိမ်မှ တောင်မြင့် သုဿန်သို့
ပို့ဆောင်မီးသဂြိုဟ်မည်ဖြစ်ပါ၍ လိုက်ပါပို့ဆောင်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ကျန်ရစ်သူ မိသားစု
------------------------------------------------------------------------------------------------------------------
Links of PHOTOS and About Moustache Brothers
1. http://www.moustachebrothers.com/ (Moustache Brothers' official website)

CHEER BROTHERS, GO ON BROTHERS !!!

ရန်ကုန်တွင်ဆန္ဒပြ
မိုးမခအထောက်တော်
၆ ဒီဇင်ဘာ ၃၀၊ ၂၀၀၈

ဆန္ဒပြသူများက“ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေး” စာတန်းကိုင်ဆွဲကာ အဖွဲ့ချုပ်ရုံးမှ ချီတက်ခဲ့ကြရာ ပြည်သူ့လွှတ်တော်ရှေ့အရောက်တွင် တားဆီး ထိန်းသိမ်းခံခဲ့ရသည်။ (ဓာတ်ပုံ - MMT)

ယနေ့ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး လှုံ့ဆော်ဆန္ဒပြမှုတခု ဖြစ်ပွားခဲ့ရာ အာဏာပိုင်များက တားမြစ်လိုက်ပြီး ဆန္ဒပြသူ ၉ ဦး ကို ဖမ်းဆီးလိုက်သည်။ ဆန္ဒပြသူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များဖြစ်သည်။ အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး “သူတို့ရပိုင်ခွင့်အတိုင်း သူတို့ဆန္ဒကို ဖော်ထုတ်ကြတာပါပဲ။ ဒီလုပ်ရပ်က ရာဇ၀တ်မှု မဟုတ်ဘူးလို့ ကျနော်ယူဆပါတယ်” ဟု AFP သတင်းဌာနသို့ ပြောလိုက်သည်။
----------------------------------------------------------------------------------
( http://moemaka.com/index.php?option=com_content&task=view&id=3036&Itemid=40 မှ ကူးယူဖော်ပြသည် )

30 December 2008

UNGA voting record

၂၃ ဒီဇင်ဘာ ၂၀၀၈
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ
ဂျီအေ/၁၀၈၀၄


ခြောက်ဆယ့်သုံးကြိမ်မြောက် အထွေထွေညီလာခံ (ပလင်နရီ) အစည်းအဝေး
၇၄ကြိမ်မြောက်အစည်းအဝေး(ညပိုင်း)

မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြအနေနှင့်ပတ်သက်သည့်ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၈၀၊ ကန့်ကွက်မဲ ၂၅၊ ကြားနေမဲ ၄၅ (နောက်ဆက်တွဲ VII)ဖြင့် မြန်မာကိုယ်စားလှယ်၏ “ပြည်တွင်းအစပျိုးနိုင်ငံရေးဖြစ်စဉ်အပေါ် ပြောင်ပြောင်တင်းတင်း ၀င်ရောက်စွက်ဖက်မှု”ဖြစ်သည်ဟု ကန့်ကွက်စေကာမူ အတည်ပြုလိုက်သည်။ တတိယကော်မတီ၏ထောက်ခံချက် ဖြစ်သည့် ကလေးသူငယ်များအခွင့်အရေးကော်မတီနှင့်ပတ်သက်သော လုပ်ထုံးပိုင်းအများစုပါဝင်သည့်စာသားကိုလည်း အားလုံးသဘောတူနည်းဖြင့် အတည်ပြုသည်။

ဆုံးဖြတ်ချက်များချအပြီး၊ မြန်မာကိုယ်စားလှယ်မှ လူ့အခွင့်အရေးအား နိုင်ငံရေးရည်ရွယ်ချက်အတွက် တလွဲအသုံးပြုခြင်း ကို သူ့နိုင်ငံအနေဖြင့် လက်ခံနိုင်ခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံပြည်တွင်းနိုင်ငံရေးဖြစ်စဉ်သည် သိသိသာသာ တိုးတက် ဖြစ်ထွန်းနေကြောင်း၊ ယခုဆိုလျင် တိုင်းပြည်သည် ၂၀၁၀တွင် ပါတီစုံပါဝင်မည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများ အပါအ၀င် ဒီမိုကရေစီသို့ ချောမွေ့ညင်သာစွာ ပြောင်းလဲတော့မည်ဖြစ်ကြောင်းပြောဆိုသည်။

ထို့နောက်မြန်မာကိုယ်စားလှယ်ကဆက်လက်ပြောဆိုရာတွင် ယခုချမှတ်လိုက်သည့်ဆုံးဖြတ်ချက်သည် ကန့်ကွက်ထိုက်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ပြည်တွင်းရေးကိစ္စများကို ၀င်ရောက်စွက်ဖက်နေခြင်းကြောင့် ဖြစ်ကြောင်း၊ မြန်မာအနေဖြင့် ပြည်တွင်းနိုင်ငံရေးဖြစ်စဉ်အပေါ် ပြောင်ကျကျစွက်ဖက်ခြင်းကို လက်ခံမည်မဟုတ်ကြောင်း၊ တိုင်းပြည်တခုခြင်းအလိုက်နှင့် နိုင်ငံရေးလုပ်ခြင်းအတွက် မဲပေးခဲ့ခြင်းဖြစ်နေကြောင်း၊ မည်သို့ဆိုစေကာမူ ကုလသမဂ္ဂနှင့် အထွေထွေအတွင်းရေမှူး၏(ဂွတ်-အောဖစ်စ်) ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ သို့ရာတွင် မြန်မာသည် ဤဆုံးဖြတ်ချက်ကို ဦးညွတ်မှာမဟုတ်ကြောင်း ပြောဆိုသွားသည်။

နောက်ဆက်တွဲ VII

မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြအနေနှင့်ပတ်သက်၍မဲပေးခြင်း

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြအနေနှင့်ပတ်သက်သော ဆုံးဖြတ်ချက်အမှတ် (အေ/၆/၃၄၃၀/အက်ဒ်၃) အား ထောက်ခံမဲ ၈၀၊ ကန့်ကွက်မဲ ၂၅၊ ပျက်ကွက်မဲ ၄၅ ကို အောက်ပါအတိုင်း ရရှိ-မှတ်တမ်းတင်သည်။

ထောက်ခံသည့်နိုင်ငံများ

အာဖကန်နစ်စတန်၊ အယ်လ်ဘေးနီးယား၊ အာဂျင်တီးနား၊ အာမေးနီးယား၊ သြစတေးလျ၊ သြစတြီးယား၊ ဘယ်လ်ဂျီယန်၊ ဘောစနီးယား-ဟက်ဇာဂိုဘီးနား၊ ဘော့စ၀ါနာ၊ ဘရာဇီးလ်၊ ဘူလ်ဂေးရီးယား၊ ဘာရွန်ဒီ၊ ကနေဒါ၊ ချီလီ၊ ကော့စတာရီကာ၊ ခရိုယေးရှား၊ ဆိုက်ပရပ်စ်၊ ချက်-ရီပတ်ဘလစ်၊ ဒင်းမတ်၊ ဒိုမီနီကန်-ရီပတ်ဘလစ်၊ အရီထရီးယား၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂျော်ဂျီယာ၊ ဂျာမနီ၊ ဂရိစ်၊ ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်၊ ဟန်ဂေရီ၊ အိုက်စလန်၊ အီရတ်၊ အိုင်ယာလန်၊ အစ်စရေး၊ အီတလီ၊ ဂျပန်၊ ကဇာ့ကစတန်၊ လတ်ဗီးယား၊ လက်ဘနွန်၊ လီချင်စတိုင်း၊ လစ်သူယေးနီးယား၊ လူဇင်ဘာ့ခ်၊ မောလ်ဒိုက်၊ မောလ်တာ၊ မာရှယ်ကျွန်းစု၊ မောရေးရှပ်စ်၊ မက်စီကို၊ မိုက်ခရိုနီးရှား၊ မိနာကို၊ မွန်ဂိုလီးယား၊ မွန်တေနီဂရိုး၊ မောရိုကို၊ နော်ရူး၊ နယ်သာလင်၊ နယူးဇီလန်၊ နော်ဝေ၊ ပလူးအာ၊ ပနာမား၊ ပါရာဂွေး၊ ပိုလန်၊ ပေါ်တူဂယ်၊ ကိုရီးယားသမတနိုင်ငံ၊ မောလ်ဒိုဗာသမတနိုင်ငံ၊ ရိုမေးနီးယား၊ ဆာမိုအာ၊ ဆန်မာရီယို၊ ဆလိုဗေးကီးယား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇလန်၊ မက်ဆီဒိုနီးယား(ယခင် ယူဂိုဆလားဗီးယား)၊ တီမော-လက်ဆီ၊ တွန်ဂို၊ တူရကီ၊ ယူကရိန်း၊ ယူနိုင်တက်-ကင်းဒန်း၊ ယူနိုက်တက်စတိတ်စ်၊ ယူရူဂွိုင်း၊

ကန့်ကွက်သည်နိုင်ငံများ

အယ်လ်ဂျီရီးယား၊ အဇာဘိုဂျန်၊ ဘ၈င်္လားဒေ့ရှ်၊ ဘိုင်လိုရပ်စ်၊ ဘရုနိုင်း-ဒါရူဆလမ်၊ ချိုင်းနား၊ ကျူးဘား၊ ဒီမိုကရက်ကိုရီးယားသမတနိုင်ငံ၊ အီဂျစ်၊ အိန္ဒိယ၊ အီရန်၊ လော၊ လစ်ဗျား၊ မလေးရှား၊ မြန်မာ၊ နိုက်ကာရာဂွါ၊ အိုမန်၊ ရုရှား၊ သီရီလင်္ကာ၊ ဆူဒန်၊ ဆီးရီးယား၊ အုဇဘက်ကစ်စတန်၊ ဗင်နီဇွဲလား၊ ဗီယက်နမ်၊ ဇင်ဘာဘွေ၊

မဲမပေးသည့်နိုင်ငံများ

အင်ဂိုလာ၊ အင်တီဂုအာနှင့်ဘာဘူဒါး၊ ဘာရိန်၊ ဘာဘေဒို့စ်၊ ဘိုလီဗီးယား၊ ဘာကီနာဖါဆို၊ ကင်မရွန်၊ ကိုလန်ဘီယာ၊ ကွန်ဂို၊ ကို့တီဘွာ၊ အီကွေဒေါ၊ အီသီယိုးပီးယား၊ ဂန်ဘီယာ၊ ဂါနာ၊ ဂရင်နေဒါ၊ ဂီနီဗစ်ဆော၊ အင်ဒိုနီးရှား၊ ဂျမေကား၊ ဂျော်ဒန်၊ ကင်ညာ၊ ကူဝိတ်၊ ကာဂျစ်စတန်၊ လီဆိုသို၊ မာလာဝီ၊ မာလီ၊ မောရီတေးနီးယား၊ မိုဇန်ဗစ်၊ နမီးဘီးယား၊ နီပေါ၊ နိုက်ဂျာ၊ ပါကစ်စတန်၊ ဖိလစ်ပင်း၊ ကာတာ၊ ဆော်ဒီအာရေးဗီးယား၊ စင်္ကာပူ၊ ဆောလ်မွန်ကျွန်းများ၊ တောင်အာဖရိက၊ ဆွာဇီလန်၊ တာဂျစ်ကစ်စတန်၊ ထိုင်းလင်း၊ တရီနီဒက်နှင့်တိုဘာကို၊ ယူအေအီး၊ တန်ဇန်နီးယား၊ ရီမင်၊ ဇမ်ဘီယာ၊

ပျက်ကွက်သည့်နိုင်ငံများ

အင်ဒိုရာ၊ ဘဟားမား၊ ဘီလစ်ဇ်၊ ဘီနင်၊ ဘူတန်၊ ကန်ဘောဒီးယား၊ ကိပ်ဗာဒီ၊ ဆင်ထရယ်-အာဖရိကသမတနိုင်ငံ၊ ချတ်ဒ်၊ ကိုမိုရော့စ်၊ ကွန်ဂို၊ ဂျဘူတီ၊ ဒိုမီနီကန်၊ အယ်လ်ဆာဘာဒို၊ အီကွေတိုရီရယ်-ဂီနိ၊ ဖီဂျီ၊ ဂါဘွန်၊ ဂီနိ၊ ဂိုင်ယာနာ၊ ဟေတီ၊ ကီရီဘာတီ၊ လိုက်ဘေးရီယား၊ မဒါဂါ့စကာ၊ နိုက်ဂျီရီးယား၊ ပါပူအာနယူးဂီနိ၊ ရ၀န်ဒါ၊ စိန့်ကစ်စ်နှင့်နီဗစ်၊ စိန့်လူးစီယာ၊ စိန့်ဗင်းဆင့်နှင့်ဂရင်နာဒင်းစ်၊ ဆာအိုတိုမ်နှင့်ပရင်စပိ၊ ဆီနီဂေါ၊ ဆားဗီးယား၊ ဆေရှယ်လ်၊ ဆာရာလီအွန်၊ ဆိုမာလီ၊ ဆူရီနမ်၊ တွန်ဂို၊ တူနီရှား၊ တာ့ခ်မင်နီစတန်၊ တူဗလော၊ ယူဂန်ဒါ၊ ဗင်နော်တူး၊

ဘာသာပြန်၊
(အင်စီဂျီယူဘီ)ရုံး၊ နယူးဒေလီ

27 December 2008

Shameful Error from Military Junta's Newspaper

မြန်မာစစ်အဆိုးရ၏ လေသေနတ်
မြန်မာ့အလင်း သတင်းစာထဲမှ အလွဲအမှား




(၂၇၊ ဒီဇင်ဘာ၊ ၂၀၀၈) ရက်၊ စနေနေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ (၆)တွင် ဖော်ပြပါရှိသော သတင်းတစ်ပုဒ်၏ ခေါင်းစဉ်နှင့် သတင်းပါစာသား အလွဲတစ်ခုကို တင်ပြလိုက်ပါသည်။
(ပူးတွဲပါ ပုံများကို ကြည့်ရှုပါ)

သတင်းစာသည် တိုင်းပြည်နိုင်ငံ့အကျိုးအတွက် စတုတ္ထမဏ္ဍိုင်ဖြစ်ရမည့်အစား ယခုအခါ မြန်မာ့အလင်း၊ ကြေးမုံ အစရှိသော သတင်းစာမှန်သမျှသည် စစ်အဆိုးရအလိုကျ၊ အယောင်ဆောင် ၀ါဒဖြန့်ချိရေး သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံများသက်သက်ကိုသာ နေ့စဉ်လိုလို ထည့်သွင်းပုံနှိပ်ဖော်ပြပြီး ပြည်သူပြည်သားများ၏ အသိဥာဏ်တိုးတက်မှု၊ စဉ်းစား-ဝေဖန်-ဆန်းစစ်-ပြုပြင်ဥာဏ်တိုးတက်မှု နှေးကွေးစေအောင် အတင်းကာရော မှိုင်းတိုက်၍ထားသည်ကို တွေ့ ရှိရပါသည်။

ယခု (၂၇၊ ဒီဇင်ဘာ၊ ၂၀၀၈)ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင်လည်း ပထမဆုံး စာမျက်နှာမှ စ၍ စစ်ဆေးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၀) သင်တန်းဆင်းပွဲက ကိုသန်းရွှေ၏ ဓာတ်ပုံ၊ စကားများကို ဖတ်မိ၍ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်လာခဲ့ရာ စာမျက်နှာ(၆)က သတင်းခေါင်းစဉ်နှင့်စာသား အလွဲအမှားကြီးတစ်ခုကို ဖတ်ရှုမိလိုက်ရပြီးမှသာ စိတ်ဆင်းရဲမှုများ အတန်ငယ် အယားပြေသွားကာ ခန္ဓာကိုယ်+စိတ်အတွင်းမှ အမှတ်တမဲ့ ပေါ်ထင်းလာသော ရယ်ချင်စိတ်ကိုတောင် မနည်းကျိတ်မှိတ် မျိုချ၊ ထိန်းသိမ်းထားလိုက်ရပါကြောင်း...။ ။

ညိုကြီး

24 December 2008

About a City of Burma

မြို့ တဲ့ဗျို့ 
- ပလူတို -



လတစ်ခြမ်းပဲ သာခဲ့ရင်တောင်
ကောင်းကောင်း လမ်းလျှောက်လို့ရတဲ့ မြို့  ။

လမိုက်တဲ့ည.. ကြားလမ်းထဲမှာ
ချိုင့်ကျရင်တောင် သံစဉ်ဖြစ်တဲ့ မြို့  ။

ယောက္ခမက လူတွေကို သေတအာရုံပေးပြီး
သမက်က လူတွေကို စက္ခုအာရုံပေးတဲ့ မြို့  ။

ကိုယ်ထင်ရာ ကိုယ်လုပ်ကြပြီး ထမင်း၀၀နဲ့
သက်သက်သာသာနေချင်တဲ့ မြို့  ။

စားသောက်ဆိုင်ဖွင့် ငွေစုငွေချေးလုပ်ရင်းနဲ့
ပန်းချီဆရာလုပ်လို့ရတဲ့ မြို့  ။

လမ်းဘေးစာအုပ်ဟောင်းရောင်းရင်းတောင်မှ
စာပေလောကကို အုပ်စီးဖို့ စိတ်ကူးနိုင်တဲ့ မြို့  ။

လမ်းထောင့်မှာ ဘတ်(စ်)ကား လက်မှတ်စစ်ရင်းနဲ့
ဝတ္ထုတိုကောင်းကောင်းတွေရတဲ့ မြို့  ။

ယုံကြည်မှုရှိလိုက်ပုံက
ကျူလီယာရောင်းတဲ့ လူကို
“၂၅” ထပ်ဈေး ဆောက်ခိုင်းတဲ့ မြို့  ။

ဝိုင်းတကာ လှည့်ပြီး ချဲ့ လင့်လုပ်နေတဲ့သူကို
ကဗျာဆရာလို့ ခေါ်တဲ့ မြို့  ။

ဖိတ်သမျှ လိုက်ပြီး လက်ဆောင်တောင်းတဲ့
စာနယ်ဇင်းဆရာတွေများတဲ့ မြို့  ။

ဘတ်(စ်)ကား မစီးတတ်၊ လမ်းမလျှောက်တတ်တဲ့ မြို့  ။

ဒေသစုံက စားဖွယ်စုံကို အသွင်ပြောင်းပြီး
မမှတ်မိအောင် လုပ်တဲ့ မြို့  ။

ဒီမြို့  ဒီမြို့ 
လုပ်ချလိုက်ပုံက
မုန့် “၂”ခြမ်းကို လင်မယား လုပ်စားတဲ့ မြို့  ။

မြေကြီးထဲက တီကောင်ကို မုန့်နာမည်တပ်တဲ့ မြို့  ။

ဂျုံစေ့ကို ကုလားစပါးလို့ ခေါ်ပြီး ယိုလုပ်ရောင်းတဲ့ မြို့  ။

မိုးရွာမှာ မကြောက်ပေမဲ့
ရေလျှံမှာ ကြောက်နေတဲ့ မြို့  ။

အစွမ်းကုန်ပြောလိုက်မယ်
အရက်ကိုတောင် မြို့ နာမည်နဲ့ စက်ရုံတည်ပြီး
သောက်တဲ့ မြို့  ။

တာရဲတန်းလူရွှင်တော်တွေက အဆိုတော်လုပ်ပြီး
အဆောက်အဦ အင်ဂျင်နီယာက ဘိသိက်မြှောက်တဲ့ မြို့  ။

မီးမလာတာ မကြောက်ပေမဲ့
မီးလောင်ရင် သိပ်ကြောက်တဲ့ မြို့  ။

ဒီမြို့ မှာ ပေါများလိုက်ပုံက
ပေစာ၊ ကျောက်စာတွေတင်မက
အုတ်ဂူပေါ်မှာ ရေးတဲ့ သင်္ချိုင်းစာပါရှိတဲ့မြို့  ။

အပေါင်းအသင်းမရှိရင် ဘာမှ လုပ်မရတဲ့ မြို့  ။

ဒီမြို့  ဒီမြို့ မှာလေ
ယုံယုံကြည်ကြည်၊ စိတ်စိတ်ချချ
ဖာသိဖာသာ၊ တိုးတိုးတိတ်တိတ်
လုံလုံခြုံခြုံ၊ စည်းစည်းရုံးရုံး ။ ။

ပလူတို

20 December 2008

INSIDE BURMA NOW-A-DAY (4)

စစ်အဆိုးရ ပြောပြောနေတဲ့
"ဘယ်ခေတ်တုန်းကနဲ့မျှ မတူအောင်
ခေတ်မီဖွံ့ဖြိုး တိုးတက်နေသော ကျွန်ုပ်တို့၏ ဗမာတိုင်းပြည်
(၄)"


ဗမာပြည်- မြို့ ကြီးတစ်မြို့ က တရုတ်ပိုင် ရွှေဆိုင်ကြီးတစ်ခုရဲ့  ခြေရင်းမှာ အခုလို အိပ်ပျော်နေရှာတဲ့
ဗမာကလေးတစ်ယောက်ရဲ့  ဘ၀ကို မြင်ရတာဟာ သိပ်ကြေကွဲဖို့ကောင်းတာပဲ ။
ဝင်ငွေနဲ့ ထွက်ငွေ မမျှတရှာတဲ့ ဗမာ့အခြေခံအလုပ်သမားလူတန်းစားတွေရဲ့  နုံချာလှတဲ့ ဘ၀တွေ...
ဘယ်တော့များမှ လူလုံးသူလုံးလှလာပါလိမ့်မလဲ...

ဗမာပြည် မကွေးမြို့ က တက္ကသိုလ်ကျောင်းသားတွေကို ကျောင်းအကြိုအပို့လုပ်ပေးတဲ့
ကျောင်းကားကြီးတွေဟာ သိပ်ခမ်းနားလွန်းနေမလားပဲ

လူမျိုးခြားတွေနဲ့ စစ်အဆိုးရအဖွဲ့ဝင်တွေ၊ စစ်အဆိုးရနဲ့ ပတ်သက်သူတွေ အများဆုံးပိုင်ဆိုင်တဲ့
နောက်ခံတိုက်တာအဆောက်အဦတွေရှေ့ က လယ်ယာမြေတစ်ကွက်မှာ
ကလေးတွေကို အလုပ်သမားတွေအဖြစ် မြင်ရတဲ့ မြင်ကွင်းလေးတစ်ခုပါ

17 December 2008

Please! Love Burma Children (POEM)

ကလေးတွေကို စာနာကြပါ
- ချမ်းတိုင်းကျော် (မန္တလေး) -



လူဖြစ်ပါက...ကယ်ကြ
ကလေးတွေကို
မင်းတို့- သူတို့- ငါတို့ဟာ
ကလေးဘဝက ကြီးလာတာ
ဒါတွေ...
အတွေ့အကြုံနည်းလွန်းတဲ့အခါ
ကိုးနှစ်၊ ဆယ့်တစ်နှစ်အရွယ်
ကလေးတွေ...
သင်္ချာမတွက်တတ်တဲ့
ကလေးတွေ...
စာမတတ်တဲ့
ကလေးတွေ...
မိဘ မသိတတ်တဲ့
ကလေးတွေ...
.................
ကလေးတွေ...
................
ကလေးတွေ...
လက်ဖက်ရည်ဆိုင်၊ ယမကာဆိုင်မှာ
စားပွဲထိုး ဝင်လုပ်ကြ
ဝပ်ရှော့မှာ ပညာသင်ကြ
စက်ရုံ၊ အလုပ်ရုံတွေမှာ တွေ့ကြရ
ပန်းရံတွေ လိုက်လုပ်ကြ
လမ်းခင်း ကျောက်တုံးတွေ 'မ' ကြ
နေ့စား ကလေးတွေ...
အော်...ပညာရေး...
စာပေပညာရေးဆိုတာ.....။ ။

ချမ်းတိုင်းကျော် (မန္တလေး)

15 December 2008

A Notice for Generals (POEM)

မင်းသတိထား
BLACK


အတိတ်-သံသရာကြားမှာ
လူနည်းစု စစ်ဝါဒလေးအတွက်နဲ့
လူအများစုကြီးအပေါ် အနိုင်ကျင့်ခြယ်လှယ်နေတာ
မင်း လုပ်သမျှ မင်း ကောင်းဖို့ပဲပေါ့ ။

ဆုံးဖြတ်ချက်တွေက မျက်နှာလွဲ ခဲပစ်
အပြောအဆိုတွေက ကလေးဆန်ဆန် ။

ကမ္ဘာတောင် မီးမလောင်သေးဘူး
ကိုယ့်သားကောင်ကို ချနင်းပစ်ရဲတဲ့ မင်း
မင်းကျင့်တရား ဆယ်ပါးကိုရော
မင်း သိရဲ့လား ?

မင်း ဘာတွေပဲ လုပ်လုပ်
ဒီပန်းချီကားရဲ့ နောက်ဆုံးစုတ်ချက်ရောက်ရင်
အပြစ်နဲ့ ဒဏ်
မင်း ခံရမယ် !!!

BLACK

----------------------------------------------------------------------------------------------------
PHOTO 1 - http://static.guim.co.uk/sys-images/Guardian/Pix/pictures/2008/05/23/thanshwe1.jpg
PHOTO 2 - http://cache.daylife.com/imageserve/0cuj7cMcNb01I/610x.jpg

14 December 2008

AUNG SAN'S MYANMAR (POEM)

အောင်ဆန်းပေးတဲ့မြန်မာပြည်

icy


(စကားချီး။
လူ့လောကထဲ သူနေခဲ့ရတာက
၃၂ နှစ် ၅ လ ၆ ရက် ထဲရယ်ပါ။
၁၃-၂-၁၉၁၅ မှ ၁၉-၇-၁၉၄၇
နတ်မောက် ဦးသောဘိသကျောင်း
ရေနံချောင်း အမျိုးသားကျောင်း
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့၊
၁၉၃၄ ကျောင်းသားသမဂ္ဂအမှုဆောင်နဲ့ နိုင်ငံရေးဘ၀စတင်၊
နိုင်ငံရေး လုပ်သက် ၁၃ နှစ်
အဓိက ဖြတ်သန်းမှုတွေက
သမဂ္ဂ၊ တို့ဗမာ၊ ရဲဘော်သုံးကျိပ်၊ ဖဆပလ
အဓိက အောင်မြင်မှုကတော့
မြန်မာ့လွတ်လပ်ရေး သို့မဟုတ် စတုတ္ထမြန်မာနိုင်ငံတော်)

အရပ် ပုပု
မျက်မှောင် ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။

ဘီအေ ကျောင်းသား
စကား မပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်း အမာဆုံး
ဇွဲ အရှိဆုံး
စိတ်ဓာတ် အပြင်းထန်ဆုံး လူသား။

သူမသိ နားမလည်တာတွေက အများသား
ရေ မကူးတတ်ဘူး
စက်ဘီး မစီးတတ်ဘူး
စန္ဒရား မတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး
ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့ နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း စစ်ဖိနပ် ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူ လမ်းဘေးမှာ အကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
“ကြည်...ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်”
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ရဲ့ ကမ္ဘာကျော်စာ
ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာ တစ်ခုတည်းနဲ့
ပကတိ ရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။

လုပ်သက်က ခပ်နုနု
ကျောင်းသား ပေါက်စ
သခင် ပေါက်စ
စစ်သား ပေါက်စ
နိုင်ငံရေးသမား ပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိ တရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င် အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။

တကယ်ဆိုတော့
ငါတို့ အောင်ဆန်းက
နယ်နယ်ရရ မဟုတ်-
ရိုးသားတဲ့ မြန်မာတွေထက်ပို
ရိုးသားတဲ့ အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်ပို
သတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်ပို
စွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလို အောင်ဆန်း
သူ့သွေးသား အရိုးအချဉ်တွေ အားလုံး
လွတ်လပ်ရေး တစ်ခုတည်းနဲ့ အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
““ငါတို့ အားကိုးပါရစေ”” ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
““ငါတို့ကယ်မယ့် မင်းလောင်းပေါ်ပြီ““ ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
““ငါတို့ စွန့်ပါရစေ”” ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ
တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။

အောင်ဆန်းရှေ့ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။

ဒီပြည်လုံးကျွတ်အားကို စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့မှာ။

ယုံကြည်အားကိုးတဲ့
မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့
နှလုံးသားသန်း ၃၀ အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက်
ဗို့အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။

ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း
ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့ ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့
တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။

အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့စကား နားထောင်...။

““မမေ့နဲ့
မင်းတို့
ကနေ့ ရှုနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။””

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့မြစ်ပေါ့
သူ့အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့သားကျရင်လဲ သူ့အဘေးနဲ့
ပေးတွေ့နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။

icy


-------------------------------------------------------------------------------------

Aung San Photos - http://aklatt2008.multiply.com/
Poem - http://s0wha1.blogspot.com/2008/07/blog-post_16.html ("s0wha1 blog မှ ရရှိသည်")