30 January 2013
17 January 2013
A Myanmar Local Journal published U Than Shwe and U Maung Aye Photo with their regime faults
"စစ်အစိုးရအုပ်ချုပ်မှုအောက်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု ပျက်ပြားခဲ့ရ"
စောင့်ကြည့်သတင်းဂျာနယ် မျက်နှာဖုံးပါ သတင်းတစ်ပုဒ်
အတွဲ(၇)၊ အမှတ်(၇၇)၊ ၂၅-၁၂-၂၀၁၂၊ အင်္ဂါ
(မှတ်ချက်။
စောင့်ကြည့်သတင်းဂျာနယ်သည် ပြည်တွင်းတွင် ထုတ်ဝေဖြန့်ချိနေသော ဂျာနယ်တစ်စောင်ဖြစ်ပြီး စစ်အစိုးရအုပ်ချုပ်မှုကာလ ညံ့ဖျင်းမှုများအကြောင်းကို ဦးသန်းရွှေနှင့် ဦးမောင်အေးတို့၏ ဓာတ်ပုံနှင့်တွဲလျက် ယခုကဲ့သို့ ပုံနှိပ်ဖော်ပြခဲ့ခြင်းသည် ပြည်တွင်းထုတ်ဂျာနယ်များတွင် ပထမဦးဆုံး ဂျာနယ်ဖြစ်လာဖွယ်ရှိသည်။
ညိုကြီး)
11 January 2013
တကယ်တော့ ဦးကို ပိုင်တာ မီးပါ ဦးရယ်...
"တကယ်တော့ ဦးကို ပိုင်တာ မီးပါ ဦးရယ်..."
ခင်ဗျားတို့က "ဦး" ကို "ပိုင်" တယ်လို့ ထင်နေတာကိုးဗျ။
တကယ်တော့ ဘယ်သူက ဘယ်သူ့  ကိုများ ပိုင်တာရှိလို့လဲ?
အိမ်သာချင်းကွာပေမဲ့ အိမ်သာတက်ရင် လူတိုင်း ဖင်လှန်ရတယ်။
(ပုဆိုး/ဘောင်းဘီထဲ ပါချသူများမှလွဲ၍)။
စားတဲ့အစားချင်း ကွာပေမဲ့ ထမင်းစားရင် လူတိုင်းရဲ့  အစာဟာ အဲဒီလူတိုင်းရဲ့  အူလမ်းကြောင်းတစ်ခုခုကို ဖြတ်ရတယ်။
(အစာမစားနိုင်၍ သွေးကြောမှတစ်ဆင့် ဓာတ်စာဖြည့်သွင်းရသူများမှ လွဲ၍)။
လူတိုင်းဟာ သန္ဓေတည်တဲ့အခါ ဖို+မ ဗီဇများ ပေါင်းစပ်ပြီးမှသာ လူဖြစ်ရတယ်။
လူတိုင်းဟာ သေရင် သေတာပဲ။
ကမ္ဘာပေါ်မှာ လူသား သန်း (၇)ထောင်ပြည့်ခဲ့ပြီတဲ့။ "လူအမျိုးမျိုး
စိတ်အထွေထွေ" ဆိုတဲ့ စကား ဘယ်နားမှာမှ သွားထား၍ မရပါ။ အဲတော့
စိတ်အချင်းချင်း ရန်ဖြစ်ကြ။ လူအချင်းချင်း ရန်ဖြစ်ကြ။ အားကြီးသူက
အားနည်းသူကို အနိုင်ယူကြ။ ထွေရာလေးပါး ပြောကြ။ တောင်းပန်ကြ။ ချစ်ကြ။
မချစ်ကြ။ ချဉ်ကြ။ မချဉ်ကြ။ ငိုကြ။ ယိုကြ။ ယိုသူမရှက် မြင်သူရှက်ကြ။ သေကြ၊
ကြေကြ။ ရှင်ကြ။ ဆန့်တငင်ငင်ဖြစ်ကြ။ အရေပြားတွေ မီးလောင်ကြ။ ရေနစ်ကြ၊
ဓာတ်လိုက်ကြ။ စေ့စပ်ကြ။ လက်ထပ်ကြ။ လမ်းခွဲကြ။ ချောင်ပိတ်ကြ။ နားရွက်ကို
တံတွေးစွတ်ကြ။ အလံတွေ ထွင်ကြ။ အလံရှူးတွေ ဖြစ်ကြ။ သတင်းတွေ ပေးကြ။
တိုက်ပွဲဝင်ကြ။ လိုက်ပွဲဆင်ကြ။ အမှန်တရား (၇)ထောင်၊ အမှားတရား
(၇)ထောင်အကြားမှာ ဗျာများကြ။ ကောင်းလိုက်ကြ။ မကောင်းလိုက်ကြ။ ဟာသတွေ
လုပ်ကြ။ ပြီးတော့ ငိုနေပြန်ကြ။ ဖာသိဖာသာ နေကြ။ ကိုးကွယ်ကြ။ မကိုးကွယ်ကြ။
သင်္ချာတွေ တွက်ကြ။ ပထ၀ီတွေ ကျက်ကြ။ သမိုင်းတွေ မှိုင်းကြ။
ရိုင်းတဲ့အခါရိုင်း။ ယဉ်တဲ့အခါ ယဉ်။ တီထွင်ကြ။ ဖျက်ဆီးကြ။ ခံစားကြ။
စံစားကြ။ တန်ကြေးဖြတ်ကြ။ အလကားပေးကြ။ မူးတဲ့အခါ မူး၊ ရှူးတဲ့ အခါ ရှူး။
တိုးတဲ့ အခါ တိုးကြ။ ကျယ်တဲ့အခါ ကျယ်ကြ။ ငယ်တဲ့ အခါ ငယ်ကြ။ ကြီးတဲ့ အခါ
ကြီးကြ။ ကေတီဗွီမှာ သီချင်းဆိုကြ။ မမာလည်း ဆတ်၊ မာလည်း ဆတ်ကြ။
လူအချင်းချင်း ငွေပေး ၀ယ်ကြ။ ကမ္ဘာပတ်ကြ။ စကြ၀ဠာပတ်ကြ။ "လ" ဆီ လည်ကြ။
ဂြိုဟ်တွေ ရှာကြ။ ဂျိုတွေ ထွက်ကြ။ ခွေ့ ကြ။ ခွေကြ။ မိဘကို ချစ်ကြ။ မိဘကို
တရားစွဲကြ။ ကလေးမွေးကြ။ ကလေးပေးကြ။ ရှုပ်သလိုလိုနဲ့ ရှင်းကြ။
ရှင်းသလိုလိုနဲ့ ရှုပ်ကြ။ ကောက်ရိုးတစ်မျှင်မှာ အသက်ငင်ကြ။ လထဲမှာ
ဝါးလုံးခေါင်းသာကြ။ ကျော်ကြားကြ။ အကြော်ခံကြ။ အနာတွေရင်းကြ။ ယင်းထကြ။
သင်းကွပ်ကြ။ စော်ကားကြ။ ရောင်းဝယ်ခြင်းကို ၀ယ်ကြ။ လှီးဖြတ်ကြ။ အမြီးနန့်ကြ။
ပြင်းထန်ကြ။ နူးညံ့ကြ။ အမိန့်ပေးကြ။ အမိန့်ပေးခံကြ။ လွယ်ကြ။ မလွယ်ကြ။
အတောသတ်ကြ။ အတောမသတ်ကြ။ လူတွေအန်ကြ။ ငှက်အန်ဖတ်ကို လူတွေ ပြန်စားကြ။
သမင်စားရင်း ကျားမွေးကြ။
ကဲ တော်သေးပြီ ...
မြန်မာ ဘောလုံးပွဲ ကြည့်ရဦးမယ်။ ရေးလို့ရတဲ့ အခါ ထပ်ရေးတာပေါ့ဗျာ။
တကယ်တော့ ဦးလည်း ဦးကို မပိုင်ဘူး။ မီးလည်း မီးကို မပိုင်ဘူး။ မီးကို ပိုင်တာ ဦးပါ မီးရယ်။ ဦးကိုပိုင်တာလည်း မီးပါ ဦးရယ်...။
ညိုကြီး
ည ၇ နာရီ ငါ့ဆယ့်သုံး
၃၀၊ နိုဝင်ဘာ၊ ၂၀၁၂
======================
http://www.kaungkin.com/index.php?option=com_content&view=article&id=930:eassy&catid=42:2009-04-17-01-31-38&Itemid=62
တွင် ဖော်ပြခဲ့သော ကျွန်တော့် စာတစ်ပုဒ်ပါ။
Labels:
MY WRITINGS
29 December 2012
အဓိက ကတော့ စနစ်ပဲ
" အဓိက ကတော့ စနစ်ပဲ "
ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ မီဒီယာ၊ တပ်မတော်၊ ရဲ၊ NGO၊ ၀န်ထမ်း၊ ပုဂ္ဂလိကလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်း...စသဖြင့်။
ဘယ်လောကမှာဖြစ်ဖြစ် စုန်းပြူးတို့၊ ငခုံးမတို့ဆိုတာ ရှိနေတာပဲ။ စုန်းပြူးကို ဖော်ထုတ်ဖို့၊ ငခုံးမကို ကုန်းပေါ်ပစ်တင်နိုင်ဖို့သာ လိုရင်းပဲ။ စုန်းမပြူးနိုင်အောင်၊ ငခုံး မ,မ နိုင်အောင် တရားဥပဒေရေးရာ ခိုင်မာတိကျရမယ်။ စီမံခန့်ခွဲမှုရေးရာ အားကောင်းရမယ်။ တန်အောင်ခိုင်းချင်ရင် ၀ အောင် ကျွေးထားဖို့ လိုမယ်။
အဓိက ကတော့ စနစ်ပဲ။ စနစ် မသေချာရင် အချစ်ဆိုတာမှာတောင် 'အတု' ပဲ သင်တို့ရရှိလိမ့်မယ်။

21 December 2012
354 Days left to 27th SEA Games in Myanmar, 2013
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာနိုင်ငံ၌ ကျင်းပရန် ၃၅၄ ရက်သာ လိုပါတော့သည်။
www.mmseagames2013.com
www.mmseagames2013.com
Labels:
2013,
27th SEA Games in Myanmar,
GAMES,
OTHERS' NEWS
18 December 2012
12 December 2012
ပြောင်းနည်းအမျိုးမျိုး ရှိလေသတတ်
"ပြောင်း"
ပြောင်းနည်းအမျိုးမျိုးရှိလေသတတ်။
ကမ္ဘာပေါ်မှာ ဘယ်သူနဲ့မှ မတူအောင် ပြောင်းမှာလား
သိမ်မွေ့  ညင်သာစွာ ပြောင်းမှာလား
မသိလိုက် မသိဖာသာ ပြောင်းမှာလား
အလိုလိုနေရင်း ပြောင်းမှာလား
စမန်တက်ရင်း ပြောင်းမှာလား
ပြောင်းဖူးလို ပြောင်းမှာလား
ပြောင်းဝလို ပြောင်းမှာလား
တဖြောင်းဖြောင်းနေအောင် ပြောင်းမှာလား
ကျွန်တော်တို့ရဲ့  အပြောင်းအလဲဟာ ဘယ်သူနဲ့မှ မတူပါဘူးတဲ့
ဟတ်လား
ဟစ်တလာက ခြောက်သန်း သတ်တယ်ပြောကြတာပဲ
သန်းခြောက်ဆယ်အသတ်ခံရတာ ဘယ်သူမှ မသိခဲ့ မခံစားခဲ့ရပါဘူး
ကိုယ့်တာကို ကိုယ်ပဲသိပါတယ်
ပညာမတတ် အသိဥာဏ်နည်းတဲ့
ကျုပ်တို့လို လူတွေအပေါ် ချ/ခြစားပြီး လူပြန်လုပ်နေရတာ
ခင်ဗျားတို့ မငြီးငွေ့  သေးဘူးလားဗျာ
ချိန်ခွင်လျှာဆိုတာကြီးကိုလည်း မုန်းလှပါပြီ
အစွဲ၊ ၀ါဒ၊ မှိုင်းဆိုတာကြီးတွေကိုလည်း မုန်းလှပါပြီ
စနစ်တကျ ဖျက်စီးသူတွေအောက်မှာ စနစ်တကျအပျက်စီးခံခဲ့ကြရ
ဘ၀တွေ...။
ဟေ့လူတွေ !
တကယ်ပြောင်းချင်တာလား
ကြားဖူးနေကြ ရစ်သမ်အတိုင်းပြောရရင်
တကယ်ပြောင်းချင် တကယ်ပြောင်း
အဟုတ်ပြောင်းရမည်သာပဲပေါ့
အဟက်ဟက် ။ ။
စည်းကမ်းပြည့်ဝရုံသာမက ခေတ်မီတိုးတက်ပြီး လန်ပြန်ကန်ထွက်လောက်အောင် တိုင်းပြည်ကို ချစ်လှပါသော သာမန်တွေထဲက သာမန်ပြည်သူတစ်ဦးဖြစ်သည့်
ညိုကြီး
(မှတ်ချက်။ "ပညာမတတ် အသိဥာဏ်နည်းတဲ့" စကားလုံး Credit to အရိုး+ဓီရာမိုရ်)
Labels:
MY POEMS
06 December 2012
မြန်မာ့ရိုးရာ သောက်စရာ ထန်းရည်ကိုသာ အားပေးပါ
တော်သေးပြီ...။
ဘီယာ မသောက်တော့ဘူး ။
ထန်းရည်ပဲ ပြောင်းသောက်မယ် ။
" မြန်မာ့ရိုးရာ သောက်စရာ
ထန်းရည်ကိုသာ အားပေးပါ "
ဗမာ ထန်းရည်သည် ... ဒို့ အရည်
ဗမာ ထန်းပင်သည် ... ဒို့ အပင်
ဗမာ ထန်းလျက်သည် ... ဒို့ ထန်းလျက် ။
ဒို့ ထန်းရည်ကို ... ချစ်ပါ
ဒို့ ထန်းပင်ကို ... မြတ်နိုးပါ
ဒို့ ထန်းလျက်ကို ... စားကြပါ ။
ညိုကြီး
(30.11.2012)
(မှတ်ချက်။ တန်ဆေး လွန်ဘေး)
(ထန်းပင်မြစ်သည် ဒို့ အမြစ် ဟု ကို Minn Thaik မှ ထပ်မံ ဖြည့်စွက်ပေးပါသည်။ :P)
(နောက်ခံ ဓာတ်ပုံက အိမ်ရှေ့ မင်းထန်းတောကို ရောက်ဖူးသခိုက် Nyo Gyi ရိုက်ခဲ့ဖူးတဲ့ ဓာတ်ပုံလေးပါခင်ဗျ။)
Labels:
MY WRITINGS,
PHOTOS
29 November 2012
Lapadaung Rider
လက်ပံတောင်း စီးသူ
စစ်ကိုင်းတိုင်း ကပ်ဆိုက်နေသည်။
ဆီတွဲမီးလောင်၊ ငလျင်လှုပ်၊ မီးလောင်တိုက်အသွင်းခံရ ။
ဘာသာ သာသနာ အစော်ကားခံရ ။
(ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံခဲ့တာကလည်း ဒီပဲယင်း(စစ်ကိုင်းတိုင်း)မှာပဲ ဆိုတာ မမေ့စေချင်ဘူး။ ၈၈ တုန်းက လူအတော်များများ သေကြေပျက်စီးခဲ့ကြရတာလည်း စစ်ကိုင်းတိုင်းမှာပါပဲ)
ဘာသာ သာသနာ အစော်ကားခံရ ။
(ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံခဲ့တာကလည်း ဒီပဲယင်း(စစ်ကိုင်းတိုင်း)မှာပဲ ဆိုတာ မမေ့စေချင်ဘူး။ ၈၈ တုန်းက လူအတော်များများ သေကြေပျက်စီးခဲ့ကြရတာလည်း စစ်ကိုင်းတိုင်းမှာပါပဲ)
Nyo Gyi
(ကဲ ... နောက်ထပ် ဘယ်သူ့ပုံ နဲ့ ဖန်တီးပေးတာ လိုချင်ကြသေးလဲ???)
Just for a Jail ... အဲလေ... Just for a Joke !
:P
အစကတော့ ၄ ယောက်ပုံနဲ့ ၄ ပုံ ဖန်တီးမလို့ပဲ...။
ဒါက နံပတ် ၀မ်း ပေါ့။
တောင်းဆိုသူ အရမ်းများတဲ့သူကို ထပ်မံ ဖန်တီးပေးပါမည်။
ဒါက နံပတ် ၀မ်း ပေါ့။
တောင်းဆိုသူ အရမ်းများတဲ့သူကို ထပ်မံ ဖန်တီးပေးပါမည်။
(မှတ်ချက်။ ဆရာအော်ပီကျယ်၏ အောက်ပါ ကာတွန်းကို ကြည့်ပြီး Idea မြစ်ဖျားခံလာတာပါ။
https://www.facebook.com/photo.php?fbid=493785687332255&set=a.142225162488311.26254.121507374560090&type=1&relevant_count=1 )
Labels:
Letpadaung Copper Mine,
MY POEMS,
PHOTOS,
SATIRE,
USDP
28 November 2012
5 years old Nyo Gyi (ငါးနှစ်သား ညိုကြီး)
(November 26, 2012 is my blog's 5th birthday!)
ငါးနှစ်သား
နိုဝင်ဘာ ၂၆၊ ၂၀၁၂ က ကျွန်တော် Blog စတင်ရေးဖြစ်ခြင်း ငါးနှစ်ပြည့်ပါ။
http://bigbbrown.blogspot.com/
ငါးနှစ်ပြည့်မှာ တတိယအကြိမ်မြောက်အဖြစ် ကျွန်တော့် Blog ရဲ့  ခေါင်းစည်းစာတမ်းအချို့ နဲ့ ဓာတ်ပုံကို ပြောင်းပစ်မယ်လို့ စဉ်းစားထားပါတယ်။
ခဲတစ်ပစ်စာ

INTRODUCTION MYSELF
17 November 2012
သို့ ... ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)
"သို့ ... ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)"
နာမည်ကို ငြိမ်းတပ်ပြီး
ငြိမ်ပြီး ကြံနေတဲ့ သူ။
မီးခိုးတွေအူနေတဲ့ မြင်ကွင်း
သူက
ဆူရင် လက်ဖက်ခြောက်ခတ်ဖို့ပဲ သိတယ်။
ကချင်အရေး
တရုတ်ကို ဖင်ပေးခဲ့တဲ့ ဒဏ်ရာ
တောင်လည်းဆုံး တောလည်းပြုန်း
သူတို့ ဘုန်းခဲ့တဲ့ ရွှေတွေ
ခင်ဗျားက သန်းခြောက်ဆယ်ထဲက လူတစ်ယောက်ထက်ပိုတဲ့
ယုတ်မာမှုက
သန်းခြောက်ထောင်ထဲက လူတစ်ယောက်။
သိန်းသန်းသောင်းနဲ့ ဖွဲ့တည်ခဲ့သော
အာဏာရှင်ရွှေအ ခေတ်ကြီး
မင်းအောင်လှိုင်စေဖို့ ရွှေတွေမန်းပေးတာလည်း
ခင်ဗျားပဲ။
အချွန်းတွေရိုက်ချိုး
မျက်မှုန်းကျိုးတော့ ထောင်ချ
ဒါ...ငါ့မူဝါဒဆိုတဲ့ ခင်ဗျား
ကောင်းလိုက်တဲ့ စိတ်နှလုံးသားကြီး
မိသားစုများစွာ ပျက်စီးကျေမွခဲ့ပြီးပြီ
အသွေးလည်း မချန်ဘူး
အသားလည်း မချန်ဘူး
ကိုယ်ကောင်းစားရေးအတွက် ရဲဘော်ရဲဘက်လည်း
ချနင်းရဲတဲ့ ခင်ဗျား
ရတနာစိန်ကျောက် ကျွန်းသစ်ရေနံ
ဘိန်းပါ မကျန်အောင်
ကိုယ်ပိုင်ပစ္စည်းလို ထုတ်ယူသုံးစွဲတော့ ခင်ဗျား
သဘာဝကပေးတဲ့ ကျိန်စာခံရတော့ ပြည်သူ
အမေလိုတန်ဖိုးထားတဲ့ ဧရာဝတီကိုတောင်
ခင်ဗျားမို့ ခေါင်းဖြတ်ရောင်းရဲတယ်
မင်းမှာသစ္စာ လူမှာကတိ
လုံးဝ နတ္တိပဲ။
ဘင်္ဂါလီ မီးဟုန်းဟုန်းတောက်အောင်
ရိုဟင်ဂျာတွေအနောက်က ဖိဝင်လာတာလည်း
မောင်ဖြူဆိုတဲ့ မဲမဲကြီးက မိန်းမရှစ်ယောက်
အိမ်ထောင်စုဇယားက ဆယ်မျက်နှာ
မြန်မာပြည်သားမှတ်ပုံတင်ကိုင်ဖို့
ဘယ်သူကဇီးထုတ်ထုပ်သလို ၀င်ခွင့်လုပ်ပေးလိုက်တာလဲ။
ဥပဒေရဲ့  ပြင်ပမှာ ဥပဒေမရှိ
ဥပဒေရဲ့  အတွင်းမှာလည်း ဥပဒေမရှိ
တရားရုံးတွေမှာ လင်းစွဲတွေရှိနေတယ်
ကြောင်ကြီးက ကြွက်ကလေးကို စောင့်ရှောက်သတဲ့ဗျာ။
ငယ်ကျိုးငယ်နာ မဖော်ရအောင်
၂၀၀၈ ဖွဲစည်းပုံကို စိတ်ကြိုက်ပြုပြင်
သေမှာကြောက်လို့ အရှင်ထွက် ထွက်သွား
ဗျောင်လူလည်ကျတဲ့ ထွက်ရပ်ပေါက်ဆင်ဇာတ်
ဝိဇ္ဇာမှတကယ့် ၀ိဇ္ဇာ။
တစ်တိုင်းပြည်လုံး ပညာမဲ့အောင်ထားတယ်
တစ်တိုင်းပြည်လုံး ချွတ်ခြုံကျအောင်ထားတယ်
တစ်တိုင်းပြည်လုံး ဆင်းရဲတွင်းနက်အောင်ထားခဲ့တယ်
တစ်တိုင်းပြည်လုံး တစ်စစီပြိုကွဲအောင်ထားခဲ့တယ်
ဒီတိုင်းပြည်ကမိသားစုတွေ အမြဲတမ်းစိုးရိမ်နေကြတယ်
ဒီတိုင်းပြည်ကလူငယ်တွေ ပညာရေး အဆင့်မမီတော့ဘူး
ဒါတွေကို စီစဉ်ပြီးမှ
န.အ.ဖ GAME ကိုတီထွင်ပြီး အမုန်းဆွဲနေတော့တာ။
အစိတ်သားတွေ လွှတ်တော်ထဲထည့်ထားလည်း
မြန်မာရုပ်ရှင်ကားတွေလို ဇာတ်သိမ်းကြိုသိနေတဲ့လူထု
ညံ့တယ်လို့တော့ မထင်နဲ့
ရူးချင်ယောင်ဆောင်ပြီး ငြိမ်နေတာ
လူအခွင့်ရေးစစ်စစ်နဲ့
ဒီမိုကရေစီစစ်စစ်ကို ဥပဒေစစ်စစ်နဲ့မျှော်မိလို့ ။
ပြည်သူချစ်မှ ကဗျည်းတင်တာမဟုတ်
အလိုလိုပေါ်လာတဲ့ မျိုးချစ်စိတ်
လူတိုင်းနှလုံးသားမှာရှိတဲ့ တော်ဝင်နှင်းဆီ
သံမဏိလိပ်ပြာက
ခင်ဗျားတို့အလိုလိုကြောက်နေတဲ့ ခြောက်အိမ်မက်လား။
သူ့ စကားက သေနတ်ပြောင်းတွေကောက်သွားတယ်
သူ့အကြည့်က ပလ္လင်လှုပ်သွားတယ်
သူ့မေတ္တာကိုထောင်ချထားလည်း
တစ်ကမ္ဘာလုံး စီးဖြန်းထားတဲ့ပုံရိပ်
သေရာပါအောင် သိမ်ငယ်မိတဲ့စိတ်က
ခင်ဗျားတို့ကို တုန်လှုပ်စေသလား။
ဥာဏ်နီဥာဏ်နက်တွေနဲ့
အဖြူအမဲရုပ်ရှင်ထဲက ထွက်ခဲ့ပါတော့
ခင်ဗျားဆောင်းခိုင်းတဲ့ မင်းသားခေါင်းတွေ
ခေါင်းပေါင်း ဘယ်ကိုစောင်းနေသလဲ
အကန့်အသတ်ရှိပြီး အထိမခံနိုင်တဲ့ဂြိုဟ်မှာ
ကျွန်တော်တို့ နေထိုင်ကြတယ်ဆိုတာ
ခင်ဗျားသိခဲ့ရင် ။ ။
တိုးနှောင်မိုး
(အရပ်သားကဗျာဆရာ)
တိုးနှောင်မိုး၏ Facebook စာမျက်နှာ ~ https://www.facebook.com/toehnaung.moe

OTHERS' POEMS,
USDP
15 November 2012
ထပ်မံ ကျူးလွန်ဖို့ ၀န်လေးမယ် မဟုတ်ပါဘူး
"ထပ်မံ ကျူးလွန်ဖို့ ၀န်လေးမယ် မဟုတ်ပါဘူး"
ဆိုးသွမ်းသူတွေ ကိစ္စ အရင် ပြောပါရစေ။ ကားတစ်စီးကို ပြိုင်ကားလေးစီးနဲ့ လိုက်ပြီး ၀ိုင်းရိုက်တဲ့ အမှု၊ ခရီးသည်တင်ကားကို တားပြီး ကားပေါ်ပါတဲ့ ခရီးသည်တွေကို ၀ိုင်းရိုက်တယ်ဆိုတဲ့ ကိစ္စ၊ လူအင်အားစုဖွဲ့  ပြီး ရပ်ကွက်ထဲမှာ သောင်းကျန်းတယ်ဆိုတဲ့ ကိစ္စ စတဲ့ အမှုတွေဆိုတာ တရားစွဲလိုက်ရုံနဲ့ ပြီးတဲ့ အမှုမျိုးတွေ မဟုတ်ပါဘူး။ ဒီလို ဆိုးသွမ်းသောင်းကျန်းသူတွေကို ငြိမ်ဝပ်ပိပြားရေး ဥပဒေတွေအရပါ အရေးယူဖို့လိုပါတယ်။ နောက်ထပ် မဆိုးသွမ်းအောင် အာမခံမယ့်သူတွေနဲ့ ခံဝန်ချုပ် ပြုလုပ်စေသင့်ပါတယ်။ ဒါမှသာ နောက်ထပ် မဆိုးသွမ်းရဲမှာ၊ မဆိုးသွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ရတာဖြစ်ပါတယ်။ သာမန် နာကျင်စေမှုလောက်နဲ့သာ အရေးယူတယ်ဆိုရင် ထပ်မံ ကျူးလွန်ဖို့ ၀န်လေးမယ် မဟုတ်ပါဘူး။
ရဲမှူးကြီး မြင့်ဝေ(ငြိမ်း)
တစေ့တစောင်း ရဲလုပ်ငန်းအကြောင်း (၃၅) ဆောင်းပါး
မှုခင်းသတင်း ဂျာနယ်၊ အတွဲ (၁၇)၊ အမှတ် (၁)၊ ၁၄၊ ၁၁၊ ၂၀၁၂

OTHERS' WRITINGS
10 November 2012
ဒီမိုကရေစီ အရေခြုံထားတဲ့ အာဏာရှင်စနစ်
ဒီမိုကရေစီ အရေခြုံထားတဲ့ အာဏာရှင်စနစ်
“၁၉၆၂ ဥပဒေကိုလည်း မဖျက်သေးဘူး။ ပုဂ္ဂလိက သတင်းစာထုတ်ဖို့ကိုလည်း ဝေ့လည်ကြောင်ပတ် လုပ်နေတယ်။ ရုပ်မြင်သံကြားမှာလည်း ခရိုနီကုမ္ပဏီတွေကိုပဲ လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ပေးထားတယ်။ အစိုးရမှာ Freedom of Press အတွက် အဖြေမရှိဘူး။ တစ်နည်းဆိုရင် ဒီမိုကရေစီအတွက် အာမခံချက် မပေးနိုင်သေးဘူး။
စင်ကာပူမှာလို မီဒီယာကို အစိုးရက ငွေကြေးအင်အား၊ ဥပဒေနဲ့ ထိန်းချုပ်ပြီး မိုနိုပိုလီလုပ်

ဖို့လုပ်နေ
တယ်။ စင်ကာပူ၊ မလေးရှား၊ ကမ္ဘော ဒီးယားလိုမျိုး သတင်းမီဒီယာကိုထိန်း
ချုပ်ဖို့ ကြိုးစားနေတဲ့ အစိုးရဟာ ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီအစိုးရ
မဖြစ်နိုင်ဘူး။
ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြန်ကြားရေးဝန်ကြီးက စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီလို့ သုံးနှုန်းခဲ့ပါတယ်။ ဒါရဲ့အဓိပ္ပာယ်ဟာ ဒီမိုကရေစီ အရေခြုံထားတဲ့ အာဏာရှင်စနစ်ဆိုတာကော တာဝန်ရှိတဲ့ လူတွေ နားလည်သလားလို့ မေးချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူတို့လို တစ်ပါတီတည်းက အာဏာထိန်းချုပ် အတိုက်အခံကို အလုပ်ဖြစ်ရုံ အချိုသတ်ပေါင်း၊ သတင်းမီဒီယာကို လက်ဝါးကြီးအုပ်လုပ်ထားတဲ့ အရေခြုံဒီမိုကရေစီမျိုး မလိုလားဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။”
http://news-eleven.com/ index.php?option=com_content&vi ew=article&id=16295%3A2012-11- 06-10-20-44&catid=42%3A2009-11 -10-07-36-59&Itemid=112
ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြန်ကြားရေးဝန်ကြီးက စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီလို့ သုံးနှုန်းခဲ့ပါတယ်။ ဒါရဲ့အဓိပ္ပာယ်ဟာ ဒီမိုကရေစီ အရေခြုံထားတဲ့ အာဏာရှင်စနစ်ဆိုတာကော တာဝန်ရှိတဲ့ လူတွေ နားလည်သလားလို့ မေးချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူတို့လို တစ်ပါတီတည်းက အာဏာထိန်းချုပ် အတိုက်အခံကို အလုပ်ဖြစ်ရုံ အချိုသတ်ပေါင်း၊ သတင်းမီဒီယာကို လက်ဝါးကြီးအုပ်လုပ်ထားတဲ့ အရေခြုံဒီမိုကရေစီမျိုး မလိုလားဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။”
ဒေါက်တာသန်းထွဋ်အောင် Eleven Media Group
http://news-eleven.com/
Labels:
OTHERS' WRITINGS
07 November 2012
ရန်ကုန်သွားမယ့် သူငယ်ချင်းသို့ အမှာပါးခြင်း
"ရန်ကုန်သွားမယ့် သူငယ်ချင်းသို့ အမှာပါးခြင်း"
သူငယ်ချင်းရေ...
ရန်ကုန်သွားမယ်ဆိုလို့ မှာလိုက်ဦးမယ်။ ညပိုင်း သတိနဲ့သွား။ သတိနဲ့ စား။
ရန်ကုန်မြို့ ထဲ ညဖက် ကားမောင်းမယ်ဆိုရင် ပြိုင်ကား ဒါမှမဟုတ် အုပ်စုလိုက်
ပြိုင်မောင်းနေတဲ့ ကားတွေတွေ့ ရင် ခပ်ဝေးဝေးက ရှောင်၊ ကားပြိုင်
မမောင်းမိစေနဲ့။
ကိုယ် ည ဖက် အပြင်ထွက်မယ်ဆိုတာနဲ့ ဦးသန်းရွှေတို့၊
ဦးမောင်အေးတို့၊ ဦးသိန်းစိန်တို့၊ ဦးရွှေမန်းတို့၊ ဦးခင်ရီတို့
ဒါမှမဟုတ် အာဏာရတစ်ဦးဦး ဒါမှမဟုတ် ခရိုနီအကြီးစားတစ်ဦးဦးရဲ့ 
ဆွေမျိုးသားချင်းတွေကို ပြောထား။ သူတို့နဲ့ ချိတ်ဆက်ထား။ သူတို့နဲ့
မခင်သေးရင် ခင်အောင်ပေါင်းထား။ သူတို့ ဖုန်းနံပတ်တွေ ယူထား။ ရန်ဖြစ်တော့မယ်
ကြံရင် သူတို့အကူအညီကို ယူ။ သူတို့လူတွေကို တပ်ကူခေါ်။ ဒါဆို မင်း
ဖြဲချင်တာ ဖြဲလို့ရပြီ။
:) :(
မျက်နှာမွဲ သူငယ်ချင်း၏ အသက်အန္တရာယ်ကို စိုးရိမ်စွာဖြင့်...
ညိုကြီး
Labels:
MY WRITINGS
04 November 2012
နန်းခင်ဇေယျာနှင့် ရေကူးဝတ်စုံ
"နန်းခင်ဇေယျာနှင့် ရေကူးဝတ်စုံ"
ညီမရဲ့  ပြိုင်ပွဲဝင် ဝတ်စုံအပေါ် အမြင် အမျိုးမျိုးနဲ့ ဝေဖန်ကြတဲ့ အပေါ် ညီမမှာ ပြောစရာ တစ်ခုခုများ ရှိမလား။
(မင်းရန်နိုင်, Hello စာပေအနုပညာဂျာနယ်, Vol 4, Issue 3, Tuesday, 30, Oct, 2012)
ညီမ ဒီမှာနေကတည်းက ဘီကနီပုံစံမျိုးနဲ့ လူရှေ့ မှာ
မချွတ်ဖူးခဲ့ဘူးပေါ့နော်။ ဒါပေမဲ့ ဒီပွဲကို ပြိုင်ရမယ်ဆိုကတည်းက
ရေကူးဝတ်စုံနဲ့ ပြိုင်ရမယ်ဆိုတာ သိခဲ့တယ်။ အဲဒီမှာ ညီမ နည်းနည်းလုံမယ့်
ရေကူးဝတ်စုံကို စဉ်းစားခဲ့တယ်။ ဒါပေမဲ့ ပြိုင်ပွဲစည်းမျဉ်းထဲမှာ
အရှက်လုံရုံ အပေါ်တစ်ထည် အောက်တစ်ထည်နဲ့ ပြိုင်ရမယ်ဆိုတော့
မြန်မာနိုင်ငံမှာလည်း ဒါက ရောင်းတာမဟုတ်ဘူးလေ။ အဲတော့ ညီမမှာ
ရေကူးဝတ်စုံအတွက် တော်တော်ရှာပြီး ဗီယက်နမ်မှာ ဝယ်ခဲ့ရတယ်ပေါ့နော်။ အဲဒါနဲ့
ပြိုင်ခဲ့ရတယ်။ ပြိုင်ပွဲမှာ ၃ ရက်ရောက်ပြီး ၄ ရက်မြောက်မှာ
ဓာတ်ပုံရိုက်ခဲ့ရတယ်။ ကင်မရာချိန်တဲ့အချိန်မှာ တစ်ခါမှလည်း မဝတ်ဖူးဘူး။
ဒီလို ပုံစံနဲ့လဲ မရိုက်ခဲ့ဖူးတော့ ယုံကြည်မှုမရှိဘူးပေါ့။ ဒါပေမဲ့
ဒါပြိုင်ပွဲဝင်နေတာပါလား ဆိုတဲ့ အတွေးနဲ့ ငါမဟုတ်တာ လုပ်တာမဟုတ်ဘူး။
လူတိုင်းဝတ်ရတာဆိုတဲ့ ခံယူချက်နဲ့ ညီမ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့
ဓာတ်ပုံရိုက်ခဲ့ရတယ်။
(နန်းခင်ဇေယျာ)
Labels:
OTHERS' NEWS
01 November 2012
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်
နိုင်များ
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်
ရန်ကုန်မြို့  ကြီး အာရှ အလှဆုံးမြို့  ကြီး ဖြစ်နိုင်
ကမ္ဘာကြီး မကြာမီ ငြိမ်းချမ်းရေး ရနိုင်
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်
ရန်ကုန်မြို့  ကြီး အာရှ အလှဆုံးမြို့  ကြီး ဖြစ်နိုင်
ကမ္ဘာကြီး မကြာမီ ငြိမ်းချမ်းရေး ရနိုင်
မည်သူမဆို ကြိုးစား ဘုရား ဖြစ်နိုင်
သုခမိန်လှိုင်
3 Oct 2012
Mandalay ICON Magazine, Vol 4, No 12, Nov, 2012
သုခမိန်လှိုင်
3 Oct 2012
Mandalay ICON Magazine, Vol 4, No 12, Nov, 2012
Labels:
DAW AUNG SAN SU KYI,
OTHERS' POEMS
Subscribe to:
Posts (Atom)