2010 Bakapa Gs Report
Other Reports of Communist Party of Burma;
http://cpburma.org/Report.htm
03 April 2010
Communist Party of Burma's Report 2010, April
Questions for Than Shwe and followers
Question
အီးမေးမှတစ်ဆင့် ရရှိသည်ကို ပြန်မျှသည်။
26 March 2010
A Letter From IBMO to Burmese People (1/2010)
သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်မှ မြန်မာပြည်သူများသို့ မေတ္တာရပ်ခံလွှာ
(၀၃၊ ၂၅၊ ၂၀၁၀)
Dear All,
The International Burmese Monks Organization releases a statement (In Burmese) on (March, 25, 2010).
--
Help Us Change Burma
International Burmese Monks Organization
www.burmesemonks.org
From IBMO to Burmese People (1/2010)
The Time to fight Myanmar Military Dictatorship
(၁၅) ကြိမ်မြောက် မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးပွဲ၏ သဘောထား ထုတ်ပြန်ကြေညာချက်
၂၀၁၀ ခုနှစ်၊ မတ်(၂၃) ရက်
SCM Stmt Bur
25 March 2010
NLD's Special Annoucement, 2/03/10
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
၂၀၁၀ ခုနှစ်၊ မတ်လ (၂၃)ရက်
၁၃၇၁ ခုနှစ်၊ တန်ခူးလဆန်း (၉)ရက်
အထူးကြေညာချက်အမှတ်- ၂/ ၀၃/ ၁၀


To NLD
To NLD
(အီးမေးလ်မှ ရရှိသည်ကို တစ်ဆင့်ပြန်ပြီး မျှဝေပါသည်)
23 March 2010
Don't Be Foolish, Revolution is the Right Choice!
နိုင်ငံရေးမိုးသက်မုန်တိုင်းတွေကျနေတယ်။ မြို့ပြတွေထဲမှာ။ တောတောင်ထဲမှာ မဟုတ်ဘူး။ တောတောင်ထဲမှာတော့ သေနတ်သံတွေကြိုးကြားထွက်လာနေပြီ။ သေနတ် တွေကို မောင်း တင်တဲ့ အဖွဲ့တွေလဲ တင်နေကြရဲ့။
ရွေးကောက်ပွဲမှတပါး ကိုးကွယ်ရာမရှိဆိုသူတွေက စစ်အာဏာရှင်တွေ ချကျွေးမည့် အရိုးအရင်းလေးရဖို့ ရှေ့ဂျွမ်းတွေ၊ နောက်ဂျွမ်းတွေ ပစ်ပြချင်နေကြပြီ။ ပြည်သူတွေကို အယုံသွင်းနေချင်ကြပြီ။ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလေသံတွေ မိုးလုံးညံနေခဲ့ပေမဲ့ သူ တို့မှာ ကြားနိုင်တဲ့နားတွေ မရှိကြတော့ဘူး။ သူတို့တွေဟာ ရန်သူစစ်အာဏာရှင် တွေကို ရရာနေရာက အလုပ်အကျွေးပြုကြတော့မှာပါဘဲ။ ရန်သူနဲ့ပေါင်းပြီး ပြည်သူတွေကို ခွစီး အမြတ်ထုတ်ကြတော့မယ်။ ရန်သူကို အလှခြယ်ပေးကြတော့မယ်။ သူတို့မှာ ဒါကလွဲလို့ လဲ ဘာမှ လုပ်တတ်မှာ မဟုတ်တော့ပါဘူး။ ရန်သူကို ဘုရားထူးမည့် သူတွေဆီ က ကျွန် တော်တို့ ဘာများမြော်လင့်နိုင်ပါ့မလဲ။ သူတို့ဟာသူခိုး ဓါးရိုးကမ်းမည့်သူတွေဘဲ။
တွေဝေမှုတွေ၊ မရေရာတဲ့ မြော်လင့်ချက်တွေ၊ သူတပါးကိုးအားကိုးချင်တာတွေ၊ သူများလက်နဲ့ မြွေဖမ်းချင်တာတွေ၊ ဆွေးနွေးလိုက်ရင်ရမယ်ထင်တာတွေဟာ တင်းမာတဲ့ စစ်အာဏာရှင်တွေရဲ့ ထုံးတားတဲ့အောက်မှာ အရည်ပျော်ကုန်ပြီ။
အာဏာဆိုတာလွယ်လွယ်နဲ့ရနိုင်တာမဟုတ်ကြောင်းစစ်ဗိုလ်ချုပ်တွေကမကြာခဏ ဆောင့် ကန်ပညာပေးပေမဲ့ ကျွန်တော်တို့ တတွေ အမှတ်မရှိတာဟာ ကျွန်တော်တို့ အပြစ်ဘဲဖြစ်တော့တယ်။ မမှန်မကန် လှုံ့ဆော် မြူဆွယ်သူတွေကလဲ တော်ကြတာကိုး။ အခုတော့ ကျွန်တော်တို့ကျောမှာ ဒဏ်ရာ၊ ခေါင်းမှာပတ်တီး၊ အသက်တွေကြီးပြီး ခိုကိုး ရာမဲ့ နေပြီလား။
တော်လှန်ရေးဆိုတာ ဖိနှိပ်မှုရှိတဲ့ နေရာတိုင်းမှာ ရှိတယ်ဆိုတာကို သတိရသင့် ပါတယ်။ တော်လှန်ရေးဆိုတာ အပေးအယူလုပ်စေ့စပ်တာမဟုတ်ဘူးဆိုတာကို တော်
လှန်သူတွေက မသိပေမဲ့ အုပ်စိုးသူ စစ်အာဏာရှင်တွေက သိနေတယ်။ ဒီတော့ သူတို့က အနိုင်ဘက်က ရောက်နေသလို ဖြစ်နေတာပေါ့။
တကယ်နိုင်ရမှာက ပြည်သူတွေ။ စစ်တပ်ဆိုတာ ပြည်သူက ကျွေးမွေးထားတာ ဖြစ်တော့၊ မကျွေးမွေးရင်ဘဲ သူတို့ဟာ ရှင်သန်စရာမရှိဘူး။ ပြန်တိုက်မယ်ဆိုရင်တော့ စစ် တပ်ဟာ လုံးဝကျေပျက်သွားလိမ့်မယ်။ ဒီလိုချေဖျက်ဖို့က ပြည်သူ့တပ်မတော် ဆိုတာ ရှိရမယ်။
မတရားတဲ့ ၊ ဖိနှိပ်တဲ့ စစ်အာဏာရှင် နအဖတပ်ကို တော်လှန်ဆန့်ကျင်တဲ့ ပြည် သူ့ကိုယ်စားပြု ပြည်သူ့တပ်မတော်ဟာ ရန်သူ့စစ်တပ်ထဲက ပေါ်လာမှာ။
ဒီလိုပေါ်လာဖို့က ထိုင်ကြည့်နေ၊ အစည်းဝေးလုပ်။ ကြေညာချက်ထုတ်နေရုံနဲ့ တော့ မရဘူး။ကျွန်တော်တို့ပြည်သူတွေအနေနဲ့ နအဖ စစ်အာဏာရှင်တွေကို မစေ့စပ် တမ်း ချေမှုန်းမယ်ဆိုတဲ့ သန္နိဋ္ဌာန် ရှိဖို့လိုအပ်တယ်။ လက်နက်တိုင်တိုက်ပွဲဝင်မှ ရမယ်လို့ အပြတ်အသတ် ယုံကြည်ရမယ်။ လက်တွေ့တိုက်ပွဲဝင်ရမယ်။ ဒီလိုမှ ပြတ်သားတဲ့ အမြင် နဲ့ ယုံကြည်မှုမရှိရင်တော့ စစ်အာဏာရဲ့ ဖိနှိပ်အောက်က လွတ်စရာလမ်းမရှိနိုင်ဘူးဆိုတာ လွန်ခဲ့တဲ့ ကာလတွေက အဖြစ်အပျက်တွေကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။ ဒီတော့ ကျွန် တော်တို့ ပြည်သူတွေဘက်က ဦးဆောင်တိုက်ပွဲဝင်ရမယ်။ အနိုင်ယူပြရမယ်။ ပြည်သူဆို တာ စစ်တပ်ထက် တန်ခိုးသြဖာကြီးမားကြောင်းပြသရမယ်။ ပြည်သူတွေဟာ စစ်တပ်ကို တိုက်ရင် နိုင်တယ်ဆိုတဲ့ သက်သေပြနိုင်မှ နောက်နောင် စစ်တပ်အာဏာသိမ်းမှုတွေကို တားဆီးနိုင်လိမ့်မယ်။
များစွာ အလေးအနက်ထားသင့်တဲ့ကိစ္စက အတိတ် ၁၉၉၀ခု နောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးကို ဦးစိုက်မလုပ်ဆောင်မိခဲ့တာကို တွေ့ရမယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းက ရွေးကောက်ပွဲရလဒ်ကို မြော်ကိုးတာရယ်၊ အကြမ်းမဖက်ရေးရယ်။ စေ့စပ် ရေးရယ်၊ နိုင်ငံခြားရဲ့ သနားသဖြင့် ပေးကမ်းမှုတွေကိုမက်မောခဲ့တာတွေကြောင့်နဲ့ လက် နက်ကိုင်လှုပ်ရှားမှုအပေါ် စည်းစည်းလုံးလုံး ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်နိုင်ခဲ့တဲ့ အာနည်းချက်တွေရှိခဲ့တယ်။ လက်နက်ကိုင်တိုက်ပွဲလုပ်ခဲ့ ပြီးပြီဘဲလို့ ပြောလို့ မရနိုင်ဘူး။ ဘာမှ တကယ်မလုပ်ခဲ့နိုင်ဘူး။ မယ်နပလောကာကွယ်ရေးလုပ်တယ်။ ရတယ်။ နောက် တော့ ရန်သူက ဘာသာရေးကိစ္စနဲ့ ကေအင်န်ယူကို အမြတ်ထုတ်လိုက်လို့။ ဒီကိစ္စတွေက ကျွန်တော်တို့ ဆက်လက်ဖြေရှင်းရင်း လက်နက်ကိုင်လမ်းစဉ်ကို ပီပြင်အောင် ဆက်လက် လုပ်ဆောင်သွားရမှာပါ။
ဒီနေ့ရွေးကောက်ပွဲနဲ့မှိုင်းလုံးတိုက်နေချိန်မှာ အမျိုးသားရင်ကြားစေ့ရေးတို့၊ အမျိုး သားပြန်လည်သင့်မြတ်ရေးတို့၊ နှစ်ပွင့် သုံးပွင့် ဆိုတာတွေ တွေ့ဆုံဆွေးနွေးအဖြေရှာရေး တွေ၊ ယုံကြည်မှုတည်ဆောက်ရေးတွေ ဘယ်ဆီရောက်လို့ ဘယ်မှာပျောက်သွားကြပြီလဲ။
ဒီတော့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ မလိမ်နဲ့၊ သူများလိမ်တာလဲ မခံနဲ့ တော့၊ ကိုယ့်ကျောပိုးးအိတ်ကိုယ်လွယ်၊ ကိုယ်သေနတ်ကိုထမ်းပြီး မပြီးသေးတဲ့ စစ်အာရှင် စံနစ် တိုက်ဖျက်ရေးလုပ်ငန်းကို ခေါင်းရှင်းရှင်းနဲ့လုပ်ဖို့ဘဲ။ အူကြောင်ကြားတွေရဲ့ စကား နဲ့ လှည့်စားချက်တွေ။ နအဖရဲ့ မြှူလုံး ခြောက်လုံးတွေကို တော်လှန်ရေးလှုပ်ရှားမှုနဲ့သာ တုန့် ပြန် အဖြေပေးကြရတော့မယ်။
လက်နက်ကိုင်တိုက်ပွဲကို အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်ရင်လဲ လက်နက် ကိုင်တိုက်ပွဲကို ထောက်ကူတဲ့ လုပ်ငန်းတွေကတဆင့် ကူညီနိုင်တာပါဘဲ။ ဒါပေမဲ့ လက် နက်ကိုင်လမ်းစဉ်အောက်က လှုပ်ရှားမှုတော့ ဖြစ်သင့်ပါတယ်။ ဒီဂယ်ပေါက်ကလဲ တော် လှန်ရေးလှုပ်ရှားမှုကို အများကြီး အနှောက်အယှက် ဖြစ်စေခဲ့လို့ပါ။
မတွေဝေနှင့် တော်လှန်ရေးသည် တရားသည်။
အောင်ပွဲကိုတိုက်ယူကြ။
တော်လှန်ရေးမုချအောင်ရမယ်။
ဦးအေးဆောင်
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး။
မတ်လ ၂၂ ၊ ၂၀၁၀။
(အီးမေးလ်မှ ရရှိသည်ကို တစ်ဆင့်ပြန်ဖောက်သည်ချသည်)
One Country, Many Partitions...?
| သန့် ရှင်း တည်မြဲ ကွဲဖို့ မလိုပါ။ ဒီတစ်ခါကွဲရင်ဘာဖြစ်မယ်ဆိုလားပဲဗျို့ သန့် ရှင်း- တည်မြဲကွဲ ဖို့ မလိုပါ ကျနော်တို့ မမွေးခင်-၁၉၅၈-ခုနှစ်ဖ-ဆ-ပ-လကြီးကွဲတုန်းက၊အဖွဲ့ ချုပ်ကြီးသန့် ရှင်းဖို့လိုသည် ဟုခံယူသော-နုတင်နှင့်၊ဘာဘဲဖြစ်ဖြစ်အဖွဲ့ ချုပ်ကြီးတည်မြဲရေးသည်အရေးကြီးဆုံး ဟုခံယူ သော ဆွေငြိမ်းအုပ်စုများ အာဏာပြိုင်ကြတာဖြစ်သည်ဟုလေ့လာမှတ်သားခဲ့ရပါသည်။ အခုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကြီးတွင် အဖွဲ့ ချုပ်၏ လိပ်ပြာ၊သိက္ခာ၊သန့် ရှင်း ဖို့ ကအဓိကဟူသော အယူအဆနှင့်အဖွဲ့ချုပ် တည်မြဲဖို့ အရေးကြီးသည်ဟူသောအယူအဆ၊ နှစ်မျိုးကွဲနေတာကိုမြင်နေကြားနေရပါသည်။ ထူးဆန်းစွာတိုက်ဆိုင်နေသည်က တည်မြဲဘို့ လိုသည်ဟု ယူဆသူများကို ခေါင်းဆောင်သူများကလည်း ဆွေငြိမ်း ဖြစ်နေခြင်းဖြစ်ပါသည်။ စစ်အစိုးရက၊ ပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ ရွေးကောက်ပွဲဥပဒေများကိုထုတ်လိုက် သောအခါ၊ မထင်ခဲ့တာတွေ ဖြစ်လာပါသည်။ ရွှေဂုံတိုင်ကြေညာစာတမ်းတုန်းက၊ ဥပဒေတွေ ထွက်လာရင်၊ရွေးကောက်ပွဲဝင်မ၀င်စဉ်းစားမည်ဟုဆိုခဲ့သည်။ အခုမှတ်ပုံတင်ခြင်းဥပဒေတ ကယ်ထွက်လာတော့ ပါတီဆက်ရှိမည်မရှိမည်ကိုပင် မစဉ်းစားဘဲမရ စဉ်းစားရပါပြီ။ ဥပဒေ တွေ နည်းဥပဒေတွေ အရပါတီဆက်ပြီးရပ်တည်လိုလျှင်ထောင်ဒဏ်ကျခံနေရသောဒေါ်အောင်ဆန်းစုကြည်ကိုထုတ်ပစ်ရမည်၊ ပြီးတော့မှတ်ပုံတင်ခွင့်လျှောက်ထားသူ (၁၅) ဦးလုံးက၊ တစ်ဦး ချင်း၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေကိုထိန်းသိမ်းစောင့်ရှောက်ပါမည်ဟု ၀န်ခံကတိလက်မှတ် ရေးထိုးရဦးမည်။ ထို့ ပြင် ရွေးကောက်ပွဲတွင် အနည်းဆုံး အမတ်နေရာ (၃)နေရာ မ၀င်မဖြစ် ၀င်ရဦးမည်။ ဒါတွေကိုကလေးကအစအားလုံးသိကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်ဧ။်သဘောထားကလည်းရှင်းပါသည်။ဤဥပဒေသည် ဥပဒေအ င်္ဂါရပ်နှင့်မညီပါ၊မတရားပါ၊ထို့ ကြောင့်ကန့် ကွက်ပါမည်။ ထိုကိစ္စများပြီးမှ ပါတီမှတ်ပုံတင်ဖို့ စဉ်း စားတာပေါ့ဟူ၍ဖြစ်ပါသည်။ ဆိုလိုသည်ကတော့ ဆက်လက်တိုက်သွားမည်။ ထိုကာလအ တွင်း မှတ်ပုံမတင်လိုက်ရလို့ အဖွဲ့ ချုပ်အလိုအလျောက်ပျက်ချင်လည်း ပျက်ပါစေဟုဆိုလိုပါသည်။ အဖွဲ့ ဝင်ထု၏ ဆုံးဖြတ်ချက်ကိုလိုက်နာပါမည်ဟုဆိုခြင်းမှာလဲ ဒီမိုကရေစီခေါင်းဆောင်တစ်ဦး ၏ရှိနေကြသဘောထားကိုဖော်ပြခြင်းသာဖြစ်ပါသည်။ အဖွဲ့ ဝင်ထုက သူ့ ကိုဘေးခဏဖယ်ထား ပြီး ရွေးကောက်ပွဲဝင်မည်ဟုဆုံးဖြတ်မှတော့၊ ထိုအဖွဲ့ အစည်းအတွင်းထဲမှာတွယ်ကပ်နေပါရ စေဆိုလျှင် ခေါင်းဆောင်ပီသပါ့မလား။ တည်မြဲအုပ်စုကတော့ ဒီလိုမစဉ်းစားပါ။ ကောက်ကွေးသောယုတ္တိကိုသုံးထားပါသည်။ ဒေါ်အောင်ဆန်းစုကြည်တရားဥပဒေအတိုင်းဆက်လက် တိုက်ပွဲဝင်ဘို့ ၊ တရားဝင်အဖွဲ့ အစည်းလိုသည်။အဖွဲ့ အစည်းကိုတရားဝင်မှတ်ပုံတင်ဘို့ ဒေါ်အောင်ဆန်းစုကြည်ကိုအဖွဲ့ ကထုတ်သင့်လျှင်ထုတ်ရမည်တဲ့။ မှတ်ပုံတင်ဘို ၊့၁၉၉၃ခုနှစ်ကတည်းကလက်မခံနိုင်ပါ ဟုဆိုခဲ့သော၊အခုလည်းလက်မခံဟုကန့် ကွက်ထားသော ၂၀၀၈ အခြေခံဥပဒေကို 'ထိန်းသိမ်းစောင့်ရှောက်' ပါမည်ဟုဝန်ခံလက်မှတ်ထိုးမည်၊ထိန်းသိမ်းစောင့် ရှောက်ခြင်း သည် လက်ခံခြင်း၊ လိုက်နာခြင်းမဟုတ်ပါတဲ့။ ဘယ်လိုစဉ်း စားကြ သလဲ မသိပါ။ နောက်ပြီးဆိုပါ သေးသည်၊ နှစ်နှစ်ဆယ်ကျော်လုံးလုံးစွန့် လွှတ်အနစ်နာခံပြီး အ ဖွဲ့ ချုပ် အတွက်လုပ်ကိုင် ခဲ့ကြသူများအတွက် အဖွဲ့ ဆက်ရှိရမည်တဲ့။ ထိုအဖွဲ့ ဝင်များထဲက ဘယ်သူတွေကများ၊ ဒေါ်အောင်ဆန်းစုကြည်ကိုထုတ်ပစ်ပါလို့ တောင်းဆိုဘူးခဲ့ပါသလဲ။ ခေါင်းဆောင်တစ်ယောက်ကဆိုပြန်ပါသည်။ ၁၉၉၁ခုနှစ်တုန်းကလဲ ဒေါ်အောင်ဆန်း စုကြည်ကိုအဖွဲ့ ချုပ်တည်မြဲရေးအတွက်ထုတ်ပစ်ခဲ့ဘူးပါသည်။ ၁၉၉၅ခုနှစ်ပြန်လွတ်တော့ လည်းခေါင်းဆောင်မှုပြန်ရတာပါပဲတဲ့။ ဟုတ်ပါသည်၊ ထိုစဉ်ကထုတ်ပစ်တုန်းက အခြေအနေ က တစ်မျိုးပါ။ ရွေးကောက်ပွဲပြီးလို့ တနှစ်သာရှိသေးသည်။ ရလဒ်က ပူပူနွေးနွေး၊ ဘာဖြစ်မည် လဲ မသိသေး၊ အဖွဲ့ ချုပ်ကိုအဖျက်ခံရခြင်းသည် ရွေးကောက်ပွဲရလဒ်ကို ဖျက်သည်နှင့် အတူတူဖြစ်နေသည်။ ပြီးတော့ အဖွဲ့ ချုပ်အဖွဲ့ ဝင်များသည် နောက်ထပ်အဖွဲ့ စည်းတစ်ခုကို ဖွဲ့ ဖို့  နေနေသာသာ ရှိသည့်ပါတီတွေကို အတင်းဖျက်ပစ်နေသည့်အချိန်ဖြစ်သည်။ ထိုအချက်များ အားလုံးကိုချိန်ဆပြီး ဦးတင်ဦး၊ ဦးဝင်းတင်စသည့်ခေါင်းဆောင်များနှင့်အတူ ဒေါ်အောင်ဆန်းစု ကြည်ကိုပါ ထုတ်လိုက်ရသည်။ ခုအခြေအနေက လုံးဝခြားနားနေသည်။ ရွေးကောက်ပွဲပြီးတာအနှစ်နှစ်ဆယ်ရှိတော့ မည်။ ရွေးကောက်ပွဲရလာဒ်ကိုပူပူနွေးနွေးဖျက်ပစ်လိုက်ပြီးပြီ။ ပြီးတော့၊ထို'ပြီးတော့'နောက်တစ် ခု သည်အရေးကြီးပါသည်။ ပြီးတော့အခုအချိန်တွင်အဖွဲ့ချုပ်ကိုအစိုးရကဖျက်သိမ်းလိုက်ပါက လည်း အဖွဲ့ဝင်များသည် မိမိကြိုက်ရာပါတီဖွဲ့ ရန် အချိန်ရှိ သေးသည်။ ထို့ ကြောင့် တရားဝင်ရပ်တည်မှုကိုလိုချင်ပါသည်ဟုဆိုသူများအားတောင်းပန်ပါရစေ အဖွဲ့ ချုပ်တွင်းက၊ ကိုယ့်ဘာသာကိုယ် ကိုယ့်ဆန္ဒနှင့်နုတ်ထွက်လိုက်ပြီး၊ တူရာတူရာ၊ သန်ရာ သန်ရာပူးပေါင်းပြီး ကိုယ့်ပါတီကိုယ်ထောင်ကြပါ။ ပြီးတော့ ပါတီနာမည်ကိုအမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်-လက်သစ်၊တို့ ဘာတို့ ခပ်ဆင်ဆင်တပ်ပြီးရွေးကောက်ပွဲဝင်ရင်လဲဝင်ပါ။ မြန်မာပြည် မှာရှိနေတဲ့ သံရုံးဝန်ထမ်းတွေကလည်းထောက်ခံကြပါလိမ့်မယ်။ စစ်အစိုးရကလည်းခွင့်ပြုမှာ ပါ။ ကူတောင်ကူညီလိမ့်ဦးမည်။ ကျန်ခဲ့တဲ့ အဖွဲ့ချုပ်အစစ်ကိုမဝေဖန်ဘဲ နေမယ်ဆိုရင် ကွဲတယ်ပြဲ တယ်ဆိုတဲ့ပြဿနာကို တစ်စိတ်တစ်ပိုင်း ကာကွယ်နိုင်ပါလိမ့်မည်။ ပြည်သူကိုတော့လှည့်ဖြားလို့  ရမှာမဟုတ်ပါ။ သို့သော် သမိုင်းမှာတော့ဂိုဏ်းခွဲသူ၊ သင်းခွဲသူများလို့ တွင်မှာမဟုတ်ဘူးလို့ ထင် ပါသည်။ ဖ-ဆ-ပ-လကြီးကွဲခဲ့၍ ဦးနေ၀င်းနှင့်စစ်ဗိုလ်များက အာဏာအရသာတွေ့ ခဲ့ကြရသည်။ နောက်တော့ရာစုနှစ်တ၀က်ကျော်နိုင်ငံဒုက္ခရောက်ရသည်။ အခု NLD ကွဲလျှင်တော့ဘယ်တော့ မှ စစ်ကျွန်ဘ၀က လွတ်မည်ကိုမသိနိုင်တော့ပါ။ အဖွဲ့ ချုပ်၏ သမိုင်း သန့် ရှင်းစွာကျန်ရစ်ပါစေ စေတနာဖြင့် ရန်ငြိမ်းအောင်(လူငယ်) |
22 March 2010
ABMA Journal (Vol. 1, No. 4)
21310ABMA Journal
အထက်ပါဂျာနယ်၏ Embed Code အား မေးမှ ပို့ပေးသော phyowai-mmp အား အထူးကျေးဇူးတင်သည်။
19 March 2010
Short Fire at Mandalay on (19, 3, 2010)
မီးမှာ အခြားတိုက်၊ အိမ်များသို့ ကူးစက်ခြင်းမရှိခဲ့ချေ။
၂၀၁၀ ခုနှစ်၊ မတ်လတစ်လတည်းမှာပင် (မတ်လ ယနေ့အထိ) မန္တလေးမြို့ တွင် မီးလောင်မှု/လန့်မှု အနည်းဆုံး (၄)ကြိမ်ခန့်ဖြစ်ပွားခဲ့သည်။
မတ်လ (၈)ရက်နေ့၊ ညနေပိုင်းတွင် မန္တလေး၊ အောင်မြေသာစံမြို့ နယ်၊ ၁၉ လမ်းနှင့် ၂၀ လမ်းကြား၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြား၊ အကွက် (၁၂၄)တွင် မီးလောင်ခဲ့ရာ နေအိမ်(၂)၊ အဖီတဲ(၁)၊ ဗင်ကား၊ ဆိုင်ကယ်တို့ မီးဘေးသင့်ခဲ့ပြီး မီးစတင်လောင်သောအိမ်မှ အသက် (၈၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့သည်။
မတ်လ (၁၆)ရက်ကလည်း မန္တလေးမြို့  ၊ ၇၈ လမ်းပေါ်ရှိ 78 Shopping Centre မြေအောက်ထပ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကာလတန်ဖိုး ကျပ်သိန်း (၃၀)ခန့် ဆုံးရှုံးခဲ့ကြောင်းသိရသည်။
ဗမာပြည်တွင်းမီးလောင်မှုအများစုအနက် ပြည်သူလူထု၏ ပေါ့ဆမှုကြောင့် မီးလောင်ရခြင်းထက် အချိန်မှန်မှန်မလာဘဲ စိတ်ကူးပေါက်မှ ထ၊ ထ လာတတ်သော (စစ်အဆိုးရ၏) အရူးထ လျှပ်စစ်မီးကြောင့် မတော်တဆဖြစ်ကာ လောင်ကျွမ်းရသော မီးလောင်မှုများက ပိုမိုများပြားကြောင်း လေ့လာတွေ့  ရှိရပါသည်။
မှတ်ချက် ။ ။ သတင်းမှားနေပါသဖြင့် အမှန်ပြန်ပြင်လိုက်ပါသည်။ မီးလန့်သော အိမ်ကို မှားယွင်းဖော်ပြခဲ့ခြင်းအတွက် စာဖတ်သူများအား တောင်းပန်အပ်ပါသည်။
We Must Do For National Freedom
အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး အကောင်အထည်ဖော်ဆောင်ရေး နှိုးဆော်ချက်
၂၀၁၀၊ မတ်လ (၁၈)
NCUM - ပြည်ထောင်စုအမျိုးသားကောင်စီ- မြန်မာနိုင်ငံ
www.ncum.info
Ncum Reminder
15 March 2010
HanTharWadi U Win Tin's Book: What is the Hell of Living In Burma?
ဟံသာဝတီ ဦးဝင်းတင် ၏ (၁၂.၃.၂၀၁၀)နေ့တွင် ကျရောက်သော အသက် ၈၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့်
ဘာလဲဟဲ့ ... လူ့ငရဲ
HanTharWadi U Win Tin: What is the Hell of Living?
11 March 2010
U Win Tin's 80th Birthday Speech
ဒီနေ့ဒီအချိန်ဟာ ဒီမိုကရေစီအင်အားစုတွေအားလုံးအတွက်
အမွန်းကျပ်ဆုံးကာလဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဟာ သူတို့ရဲ့
အသက်ဆက်ယန္တရားကို စက်ကုန်ဖွင့်ဖို့ မီးကုန်ယမ်းကုန် စိုင်းပြင်းကြပါပြီ။
စစ်အာဏာရှင်တွေဟာ လူထုကြီးတစ်ရပ်လုံးကို ကျီးကန်းတောင်းမှောက်
လှည့်စားဖျားယောင်းမယ်။
သေလုမျောပါးဖိနှိပ်ချုပ်ချယ်မှုကို တိုးလို့တိုးလို့သာ စစ်ဖိနပ်(နဲ့) နင်းတော့မယ်။
ဒီမိုကရေစီအင်အားစုတွေအားလုံးအတွက်လည်း သူသေကိုယ်ရှင်
တုန့်ပြန်ဆန့်ကျင်တိုက်ပွဲဝင်ကြရတော့မယ်။
ဒီလိုကာလမျိုးဆိုက်လာချိန်မှာ ကိုင်စွဲစရာလက်နက်သုံးမျိုးသာ
ကျွန်တော်တို့မှာ ရှိပါတော့တယ်။
- မကြောက်တရားလက်နက်
- သွေးစည်းညီညွတ်ရေးလက်နက်
- စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ရည်မှန်း ပန်းတိုင်တစ်ခုတည်းချမှတ်၊
ရှေးရှု၊ ရင်ဆိုင် ချီတက်ရေးလက်နက်။
ရှစ်ဆယ်နှစ်ပြည့်မွေးနေ့မှာ ဒီလိုသ၀ဏ်စကားပါးခွင့်ရတာ ၀မ်းသာတယ်၊
ကျေနပ်တယ်၊ အားရတယ်။ အရေးတော်ပုံအောင်ရမည်။
၁၂ ရက် မတ်လ ၂၀၁၀ ခုနှစ်၊ သောကြာနေ့
သူသေကိုယ်ရှင် တုန့်ပြန်ဆန့်ကျင် တိုက်ပွဲဝင်ကြရတော့မယ်။
လက်နက်သုံးမျိုးကိုင်စွဲ ရဲရဲတိုက်ပွဲဝင်ကြ !


