ရိုးဒီ ၏ ကဗျာ ...
" အသက်ကလေးရယ်တဲ့ ရှည်စေလို "
22 May 2011
15 May 2011
Do Thein Sein Forget His Real Father?
အဖေမေ့ပြီး ပထွေးကို ဂါရ၀ပြုတဲ့ သိန်းစိန်

ဗမာ့လွတ်လပ်ရေးအတွက်အသက်ပေးသွားသော ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် အာဇာနည်များ၏ အာဇာနည်ဗိမာန်တွင် ဂါရ၀ပြုလေ့မရှိခဲ့ဘဲ
အင်ဒိုနီးရှားရောက်သခိုက် အင်ဒိုသူရဲကောင်းဗိမာန်၌ အင်ဒိုသူရဲကောင်းများအား သိန်းစိန် ဂါရ၀ပြုနေစဉ်
(6, May, 2011)
ပထွေးဂါရ၀ပြု သိန်းစိန် ဓာတ်ပုံ- (10, May, 2011) ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ (၆)မှ
---------------------
သိန်းစိန်နည်းတူ အဖေကျော်ပြီး ပထွေးလွမ်းခဲ့ဖူးတဲ့ မောင်အေး

စစ်ကြံ့  ဖွတ်အာဏာရှင်များသည် ဆိုးသည့်မိုက်သည့် ကလိန်ကျသည့်အရာ၌ တစ်ဂိုဏ်းတည်း တစ်ဥာဏ်တည်း၊ စိတ်တူကိုယ်တူ ဆိုးဖော်မိုက်ဖက်များဖြစ်သည့်အားလျော်စွာ သိန်းစိန်၏ အာဏာရှင်စီနီယာဖြစ်သော မောင်အေးသည်လည်း ဗမာ့လွတ်လပ်ရေးအတွက်အသက်ပေး
သွားသော ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် အာဇာနည်များ၏ အာဇာနည်ဗိမာန်တွင် လွမ်းသူ့ပန်းခွေမချခဲ့ဘဲ
(2008, October, 8) ရက်က ဘင်္ဂလားဒေ့ရှ်ရောက်သခိုက် ဘင်္ဂလားအာဇာနည်ဗိမာန်၌ လွမ်းသူ့  ပန်းခွေချခဲ့ဖူးပါသည်။
Reference:
"ကိုမောင်အေး တစ်ယောက် အဖေကျော်ပြီး ပထွေးကိုလွမ်းခြင်း" Ko Maung Aye Forgot His Real Father?
http://bigbbrown.blogspot.com/2008/10/ko-maung-aye-forgot-his-real-father.html
ဗမာ့လွတ်လပ်ရေးအတွက်အသက်ပေးသွားသော ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် အာဇာနည်များ၏ အာဇာနည်ဗိမာန်တွင် ဂါရ၀ပြုလေ့မရှိခဲ့ဘဲ
အင်ဒိုနီးရှားရောက်သခိုက် အင်ဒိုသူရဲကောင်းဗိမာန်၌ အင်ဒိုသူရဲကောင်းများအား သိန်းစိန် ဂါရ၀ပြုနေစဉ်
(6, May, 2011)
ပထွေးဂါရ၀ပြု သိန်းစိန် ဓာတ်ပုံ- (10, May, 2011) ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ (၆)မှ
---------------------
သိန်းစိန်နည်းတူ အဖေကျော်ပြီး ပထွေးလွမ်းခဲ့ဖူးတဲ့ မောင်အေး

စစ်ကြံ့  ဖွတ်အာဏာရှင်များသည် ဆိုးသည့်မိုက်သည့် ကလိန်ကျသည့်အရာ၌ တစ်ဂိုဏ်းတည်း တစ်ဥာဏ်တည်း၊ စိတ်တူကိုယ်တူ ဆိုးဖော်မိုက်ဖက်များဖြစ်သည့်အားလျော်စွာ သိန်းစိန်၏ အာဏာရှင်စီနီယာဖြစ်သော မောင်အေးသည်လည်း ဗမာ့လွတ်လပ်ရေးအတွက်အသက်ပေး
(2008, October, 8) ရက်က ဘင်္ဂလားဒေ့ရှ်ရောက်သခိုက် ဘင်္ဂလားအာဇာနည်ဗိမာန်၌ လွမ်းသူ့  ပန်းခွေချခဲ့ဖူးပါသည်။
Reference:
"ကိုမောင်အေး တစ်ယောက် အဖေကျော်ပြီး ပထွေးကိုလွမ်းခြင်း" Ko Maung Aye Forgot His Real Father?
http://bigbbrown.blogspot.com/2008/10/ko-maung-aye-forgot-his-real-father.html
Labels:
DAYS TOPICS,
MY WRITINGS,
PHOTOS
14 May 2011
Myanmar Ahlin Newspaper published Kyaw San as Dictators' Slave
အစေခံ ကျော်ဆန်း
Dictators' Slave Kyaw San and his followers appeared in Myanmar Ahlin Newspaper (11.5.2011)
၂၀၁၁ ခုနှစ်၊ မေလ ၁၁ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ (၆)တွင်
စစ်ကြံ့  ဖွတ် အာဏာရှင်အဆိုးရ ပြန်ဆက်နှင့်ယကမ ၀န်ကြီးဆိုသူ ကျော်ဆန်းကို အစေခံဟု သုံးနှုံးရည်ညွှန်းထားသော ဓာတ်ပုံကို ဖော်ပြခဲ့ပါသည်။ ဓာတ်ပုံထဲတွင် ကျော်ဆန်းနှင့် အဖွဲ့ဝင်များ လမ်းသလားနေပုံကို ဖော်ပြထားပြီး ဓာတ်ပုံဘေးတွင် ဓာတ်ပုံရည်ညွှန်းစာသားအဖြစ် အစေခံခံတပ် (ခံစရာရှိက ခံရမည့် အစေခံများတပ်ဖွဲ့  ) ဟု ဆိုင်းဘုတ်ထောင် ရေးထိုးထားသည်ကိုလည်း တွေ့ရပါသည်။
www.myanmar.com တွင် အခြားနေ့ရက်များက ထုတ်ဝေသော မြန်မာ့အလင်းသတင်းစာ PDF ဖိုင်များကို ၀င်ရောက်ကြည့်ရှု၍ ရသော်လည်း (၁၁၊ ၅၊ ၂၀၁၁) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ PDF ဖိုင်ကိုမူ ၀င်ရောက်ကြည့်ရှု၍ မရပါ။ ၄င်းဓာတ်ပုံပါ သတင်းစာကို အွန်လိုင်းတွင် မဖြန့်ဝေရဲသော စစ်ကြံ့  ဖွတ် အာဏာရှင်များ၏ လုပ်ရပ်မှာ အင်မတန် ဟားတိုက်ချင်စရာ ကောင်းနေပေတော့သည်။ ။
Nyo Gyi

05 May 2011
3 years after Cyclone Nargis and "Poem+Music+Painting = Art NGO" from Burma
နာဂစ် (၃)နှစ်ပြည့်
ကဗျာ၊ သီချင်း၊ ပန်းချီ လူမှုကူညီသူများ မှတ်တမ်း(၁) ထုတ်ပြန်
၂၀၀၈ ခုနှစ်၊ မေလ နာဂစ်မုန်တိုင်းသင့်ဒေသများသို့ သွားရောက်ကူညီခဲ့ကြသည့် ကဗျာဆရာ၊ စာရေးဆရာ၊ သီချင်းရေးဆရာ၊ ပန်းချီဆရာများ စုစည်းထားသည့် "ကဗျာ၊ သီချင်း၊ ပန်းချီ လူမှုကူညီသူများ" အဖွဲ့သည် လူမှုကူညီရေးလုပ်ငန်းများကို ယခင်ကထက် ပိုမိုဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အနုပညာ NGO အဖွဲ့သည် ၂၀၁၀ ခုနှစ်ကလည်း HIV, AIDS ဝေဒနာရှင်များထံသို့ (၂)ကြိမ်တိုင် သွားရောက်တွေ့ဆုံ၍ အလှူငွေများ၊ စာအုပ်စာတမ်းများပေးအပ်ခြင်း၊ သီချင်း သီဆို၊ ကဗျာရွတ်ဆိုခြင်းများဖြင့် အားပေးနှစ်သိမ့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းအဖွဲ့အစည်းအကြောင်း အသေးစိတ်ကို ပူးတွဲပါ Scan ပုံများမှာ ကြည့်ရှုနိုင်ပါသည်။

နာယကကြီးများ
ဒဂုန်တာရာ၊ မောင်မိုးသူ၊ လူထုစိန်ဝင်း၊ မောင်အောင်ပွင့်၊ ကိုရဲလွင်(မဇ္ဇျိမလှိုင်း)
ဦးဆောင်အဖွဲ့
ကွန်စစ်ကောင်း၊ ငြိမ်းသစ်၊ ကြည်မောင်သန်း၊ အောင်ဘညို၊ ကိုစံလင်း၊ တိုးလွင်(ဥတ္တရအလင်း)၊ ဟိန်းမြတ်ဇော်၊ ညီညီလွင်
ပြောရေးဆိုခွင့်ရှိသူ
ကွန်စစ်ကောင်း၊ ငြိမ်းသစ်၊ တိုးလွင်(ဥတ္တရအလင်း)
ဘဏ္ဍာရေးနှင့် စာရင်းစစ်
ငြိမ်းသစ်၊ ကွန်စစ်ကောင်း
ပြန်ကြားရေးနှင့် ဆက်သွယ်ရေး
အောင်ဘညို၊ ရာဇာထွန်း
ရန်ပုံငွေရှာကြံရေး
အောင်ဘညို၊ (ကို)စံလင်း၊ တိုးလွင်(ဥတ္တရအလင်း)၊ ဟိန်းမြတ်ဇော်၊ ညီညီလွင်
အလှူငွေနှင့် တစ်လတစ်ထောင်ကျပ် ပင်စိုက်အလှူငွေ လှူဒါန်းလိုသူများ၊ စာအုပ်လှူဒါန်းလိုသူများ ဆက်သွယ်ရန်
Phone Numbers to contact:09-730 43753, 730 08011, 731 37790, 01-661349
![]() |
| From Poem + Song + Painting Art NGO |
![]() |
| From Poem + Song + Painting Art NGO |
![]() |
| From Poem + Song + Painting Art NGO |
Labels:
MY NEWS,
NARGIS CYCLONE,
PHOTOS
03 May 2011
3 years after Cyclone Nargis and Sein Yaung So Activities' Organization Setup & Member Form
နာဂစ် (၃)နှစ်ပြည့်
ပြည်တွင်းဖြစ် စိမ်းရောင်စို Activities မှတ်ပုံတင် လှုပ်ရှားမည်
အရိပ်ရသစ်ပင်စိုက်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း၊ လူမှုကူညီရေးတွေ လုပ်နေတဲ့ ပြည်တွင်းဖြစ် စိမ်းရောင်စို Activities အဖွဲ့ကို ယခုအခါ မှတ်ပုံတင်ပြီး လှုပ်ရှားတော့မယ်လို့သိရပါတယ်။
၁၊ မေလ၊ ၂၀၁၁ (အလုပ်သမားနေ့)က မန္တလေးမြို့၊ ၃၂ လမ်း၊ ၈၁ လမ်း နဲ့ ၈၂ လမ်းကြားမှာရှိတဲ့ မောနင်းစတား လက်ဖက်ရည်ဆိုင်မှာ စိမ်းရောင်စို အဖွဲ့သားတွေ စုစည်းအစည်းအဝေးလုပ်ပြီး စိမ်းရောင်စို Activities ဖွဲ့စည်းပုံအတည်ပြုခြင်း၊ အဖွဲ့ဝင်လက်ခံခြင်း၊ အမှုဆောင်အဖွဲ့ တင်မြှောက် ရွေးချယ်ခြင်း ၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်း အစရှိတာတွေ ဆောင်ရွက်ခဲ့ကြပါတယ်။
အသေးစိတ်ကို ပူးတွဲပါ Scan ပုံများမှာ ကြည့်ရှုနိုင်ပါတယ်။
Sein Yaung So Activities Member Form
အခမ်းအနားကို သစ်ပင်ချစ်သူများ၊ ကမ္ဘာမြေချစ်သူများ၊ လူမှုကူညီရေးသမားများ၊ အမရသုခ ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းမှ တာဝန်ရှိသူများ၊ အသိပညာ၊ အတတ်ပညာရှင်များအပြင် မန္တလေးမြို့ခံ စာရေးဆရာများ၊ ကဗျာဆရာများ၊ ဂျာနယ်လစ်များလည်း တက်ရောက်ခဲ့တာတွေ့ခဲ့ရပါတယ်။ စာရေးဆရာတွေထဲကဆိုရင် ဆူးငှက်၊ ညီပုလေး၊ မောင်တင်သစ်၊ မော်မင်းသန်း၊ ဟန်(မန္တလေး) စသဖြင့် တက်ရောက်ခဲ့ကြပြီး ကဗျာဆရာတွေထဲကဆိုရင်တော့ ဇော်ထိန်၊ မောင်နန်းဝေ၊ နေမော်ဟိန်း၊ စံညိမ်းဦး၊ အလတ်ကောင်၊ ဘိုသိန်း(မန္တလေး)၊ ဥက္ကာကျော်၊ အောင်ဘညို စသဖြင့် တက်ရောက်ခဲ့ကြပါတယ်။ ဂျာနယ်သမားတွေထဲကဆိုရင် နောင်(ရူပ)၊ မောင်ရဲနွေ(ပလိပ်)၊ အောင်မှိုင်းဆန်း စသဖြင့် တက်ရောက်ခဲ့ကြပါတယ်။ မန္တလေး ထွန်းဦးစာပေက ဦးထွန်းဦးလည်း တက်ရောက်အားပေးခဲ့ပါတယ်။
စစ်ထောက်လှမ်းရေးများလည်း လာရောက်သတင်းယူခဲ့ကြောင်း သိရှိရပါတယ်။
(မင်းထက်ငြိမ်းချမ်း၊ ဦးထွန်းဦး(ထွန်းဦးစာပေ)၊ မောင်တင်သစ်
စာရေးဆရာ ဆူးငှက် (မျက်မှန်နှင့်)
စိမ်းရောင်စို Activities ကို ဆက်သွယ်ရန်
https://www.facebook.com/pages/Sein-yaung-so-activities/148947871822387
https://www.facebook.com/profile.php?id=100001670615608
Ko Maung Maung Oo = 09 2024423
Maung Tin Thit = 09 91021020
Min Htet Nyein Chan = 09 2002135
(နောက်ဆုံးရသတင်းအရ ယင်းနေ့က အစည်းအဝေးကြောင့် အမှုဆောင်အဖွဲ့ဝင် ဂျာနယ်သမား မင်းထက်ငြိမ်းချမ်းနှင့် မောနင်းစတားလက်ဖက်ရည်ဆိုင်ပိုင်ရှင် မ၀ါဝါ တို့ကို စစ်ထောက်လှမ်းရေးမှ စုံစမ်းစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခြိမ်းခြောက်ခဲ့ကြောင်းလည်း ကြားသိရပါသည်။)
ပြည်တွင်းဖြစ် စိမ်းရောင်စို Activities မှတ်ပုံတင် လှုပ်ရှားမည်
အရိပ်ရသစ်ပင်စိုက်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း၊ လူမှုကူညီရေးတွေ လုပ်နေတဲ့ ပြည်တွင်းဖြစ် စိမ်းရောင်စို Activities အဖွဲ့ကို ယခုအခါ မှတ်ပုံတင်ပြီး လှုပ်ရှားတော့မယ်လို့သိရပါတယ်။
၁၊ မေလ၊ ၂၀၁၁ (အလုပ်သမားနေ့)က မန္တလေးမြို့၊ ၃၂ လမ်း၊ ၈၁ လမ်း နဲ့ ၈၂ လမ်းကြားမှာရှိတဲ့ မောနင်းစတား လက်ဖက်ရည်ဆိုင်မှာ စိမ်းရောင်စို အဖွဲ့သားတွေ စုစည်းအစည်းအဝေးလုပ်ပြီး စိမ်းရောင်စို Activities ဖွဲ့စည်းပုံအတည်ပြုခြင်း၊ အဖွဲ့ဝင်လက်ခံခြင်း၊ အမှုဆောင်အဖွဲ့ တင်မြှောက် ရွေးချယ်ခြင်း ၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်း အစရှိတာတွေ ဆောင်ရွက်ခဲ့ကြပါတယ်။
အသေးစိတ်ကို ပူးတွဲပါ Scan ပုံများမှာ ကြည့်ရှုနိုင်ပါတယ်။
| From Sane Yaung So Activities, Burma |
| From Sane Yaung So Activities, Burma |
Sein Yaung So Activities Member Form
| From Sane Yaung So Activities, Burma |
| From Sane Yaung So Activities, Burma |
အခမ်းအနားကို သစ်ပင်ချစ်သူများ၊ ကမ္ဘာမြေချစ်သူများ၊ လူမှုကူညီရေးသမားများ၊ အမရသုခ ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းမှ တာဝန်ရှိသူများ၊ အသိပညာ၊ အတတ်ပညာရှင်များအပြင် မန္တလေးမြို့ခံ စာရေးဆရာများ၊ ကဗျာဆရာများ၊ ဂျာနယ်လစ်များလည်း တက်ရောက်ခဲ့တာတွေ့ခဲ့ရပါတယ်။ စာရေးဆရာတွေထဲကဆိုရင် ဆူးငှက်၊ ညီပုလေး၊ မောင်တင်သစ်၊ မော်မင်းသန်း၊ ဟန်(မန္တလေး) စသဖြင့် တက်ရောက်ခဲ့ကြပြီး ကဗျာဆရာတွေထဲကဆိုရင်တော့ ဇော်ထိန်၊ မောင်နန်းဝေ၊ နေမော်ဟိန်း၊ စံညိမ်းဦး၊ အလတ်ကောင်၊ ဘိုသိန်း(မန္တလေး)၊ ဥက္ကာကျော်၊ အောင်ဘညို စသဖြင့် တက်ရောက်ခဲ့ကြပါတယ်။ ဂျာနယ်သမားတွေထဲကဆိုရင် နောင်(ရူပ)၊ မောင်ရဲနွေ(ပလိပ်)၊ အောင်မှိုင်းဆန်း စသဖြင့် တက်ရောက်ခဲ့ကြပါတယ်။ မန္တလေး ထွန်းဦးစာပေက ဦးထွန်းဦးလည်း တက်ရောက်အားပေးခဲ့ပါတယ်။
စစ်ထောက်လှမ်းရေးများလည်း လာရောက်သတင်းယူခဲ့ကြောင်း သိရှိရပါတယ်။
![]() |
| From Sane Yaung So Activities, Burma |
![]() |
| From Sane Yaung So Activities, Burma |
စိမ်းရောင်စို Activities ကို ဆက်သွယ်ရန်
https://www.facebook.com/pages/Sein-yaung-so-activities/148947871822387
https://www.facebook.com/profile.php?id=100001670615608
- nyinyizg@gmail.com
- seinyaungsoactivities.mdy@gmail.com
Ko Maung Maung Oo = 09 2024423
Maung Tin Thit = 09 91021020
Min Htet Nyein Chan = 09 2002135
(နောက်ဆုံးရသတင်းအရ ယင်းနေ့က အစည်းအဝေးကြောင့် အမှုဆောင်အဖွဲ့ဝင် ဂျာနယ်သမား မင်းထက်ငြိမ်းချမ်းနှင့် မောနင်းစတားလက်ဖက်ရည်ဆိုင်ပိုင်ရှင် မ၀ါဝါ တို့ကို စစ်ထောက်လှမ်းရေးမှ စုံစမ်းစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခြိမ်းခြောက်ခဲ့ကြောင်းလည်း ကြားသိရပါသည်။)
Labels:
MY NEWS,
NARGIS CYCLONE,
PHOTOS
Thingyan 2011 Video files can be accessed in My Facebook
2011 သင်္ကြန်အမှတ်တရ ဗွီဒီယိုဖိုင်များကို ကျွန်တော့် Facebook ပေါ်မှာ ကြည့်ရှုဒေါင်းလုပ်နိုင်ပါတယ်။
www.facebook.com/nyogyi
Nyo Gyi's Videos on Facebook;
https://www.facebook.com/video/?id=100000008066345
Labels:
MY NEWS
17 April 2011
2011 Mandalay Thingyan - A Tet Day (16.4.2011)
၂၀၁၁ မန္တလေးသင်္ကြန် အတက်နေ့
| From 2011 Mandalay Thingyan - A Tet Day (16.4.2011) |
အတက်နေ့ဆိုတော့ အကဲဆုံးပေါ့။
အတက်နေ့အတွက်တော့ Rock ပရိသတ်အကြိုက် Iron Cross ပုံတွေတင်ပေးလိုက်ပါတယ်။ Iron Cross ရှေ့ မှာ လူပင်လယ်ကြီး စီးမျောကခုန်အော်ဟစ်နေကြ။
Iron Cross သီဆိုအပြီး နေ့လည်စာ ထမင်းစားနားမယ်လုပ်တုန်း မန္တလေးစစ်တိုင်းမှူးက Iron Cross ဖျော်ဖြေတဲ့ မြန်မာဘီယာ မဏ္ဍပ်စင်ပေါ်ကနေ ပရိသတ်တွေဆီ လက်ဆောင်ပစ္စည်း(အသေးစားလေး)တွေ ပစ်ချပြီး ဟန်ရေးပြပါလေရော။ မြန်မာဘီယာမဏ္ဍပ်က မန်းစစ်တိုင်းမှူးကို အထူးဧည့်သည်အဖြစ် ဖိတ်ကြားပြီး လက်ဆောင်ကြဲဖို့လည်း စီစဉ်ပေးထားပုံရပါတယ်။
ဒီနေရာမှာ စဉ်းစားစရာပေါ်လာပြီ။ အစိုးရသစ်ဖွဲ့  ပြီးဆို။ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝင်တွေက ဟန်ရေးမပြဘဲ ဘာလို့ စစ်တိုင်းမှူးက ဟန်ရေးပြ နေရာယူနေတာလဲ။ ဘယ်သူအာဏာပိုရှိလဲ။ အမြင်သာကြီးပေါ့ဗျာ။ အရင်လိုအတိုင်း မပြောင်းလဲပါဘူး။ အခုလို မန်းစစ်တိုင်းမှူးက မြန်မာဘီယာမဏ္ဍပ်စင်ပေါ်ကနေ လူလုံးထွက်ဟန်ရေးပြလိုက်တာဟာ စစ်တပ်မှာသာ အာဏာရှိဆဲဖြစ်တယ်၊ အရပ်သားကြံ့ ဖွတ်အစိုးရရဲ့  အာဏာအဆင့်အတန်းဟာ စစ်တပ်ရဲ့  အောက်မှာသာတည်ရှိမြဲဖြစ်တယ်.. ဆိုတာ ပေါ်လွင်စေပါတယ်။

အတက်နေ့ ညမြင်ကွင်းလေးတွေလည်း တင်ဆက်လိုက်ပါတယ်။ အတက်နေ့ညဆိုတော့ Alpine မဏ္ဍပ်နဲ့ မြို့တော်ဝန်မဏ္ဍပ်တို့က သန်းခေါင်တိုင်အောင် ဖျော်ဖြေပါတယ်။
| From 2011 Mandalay Thingyan - A Tet Day (16.4.2011) |
| From 2011 Mandalay Thingyan - A Tet Day (16.4.2011) |
| From 2011 Mandalay Thingyan - A Tet Day (16.4.2011) |
| From 2011 Mandalay Thingyan - A Tet Day (16.4.2011) |
2011 Mandalay Thingyan - A Tet Day (14.4.2011) Photos Album Link
https://picasaweb.google.com/bigbbrown/2011MandalayThingyanATetDay1642011#
သင်္ကြန်မှာ လန်းလန်းလေးတွေကဲနေတဲ့ ဗွီဒီယိုဖိုင်တွေ၊ လေးဖြူ၊ အငဲ၊ မျိုးကြီးတို့ သီဆိုထားတဲ့ Thingyan Liveshow ဗွီဒီယိုဖိုင်တွေကိုလည်း အချိန်ရ၊ အလျဉ်းသင့်ရင် တင်ပေးပါဦးမယ်။
16 April 2011
2011 Mandalay Thingyan - A Kyat Day (15.4.2011)
၂၀၁၁ မန္တလေးသင်္ကြန် အကြတ်နေ့
လွှတ်တော်အတု၊ အစိုးရအတုအောက်မှာ လူတွေကလည်း အပျော်အတုတွေရှာနေကြ။ အရက်အတုတွေ သောက်ကြ။ သတ္တိအတုတွေ ပြကြ။
| From 2011 Mandalay Thingyan - A Kyat Day (15.4.2011) |

2011 Mandalay Thingyan - A Kya Day (14.4.2011) Photos Album
2011 Mandalay Thingyan - A Kya Day (14.4.2011) Photos Album Link
https://picasaweb.google.com/bigbbrown/2011MandalayThingyanAKyatDay1542011?authkey=Gv1sRgCLeKwsTb3cnJzAE#
14 April 2011
2011 Mandalay Thingyan - A Kya Day (14.4.2011)
၂၀၁၁ မန္တလေးသင်္ကြန် အကျနေ့
| From 2011 Mandalay Thingyan - A Kya Day (14.4.2011) |

အကျနေ့မှာ တော့ အကြိုနေ့ကထက် ပိုကဲလာကြပါပြီ။ သင်္ကြန်မှာ အရောင်းရဆုံးကတော့ အရက်၊ ဘီယာနဲ့ မိန်းမပါပဲ။
Alpine မဏ္ဍပ်နဲ့ IC မဏ္ဍပ်မှာ လူတွေ ပုံနေပါတယ်။ Alpine မဏ္ဍပ်က ကျုံးအရှေ့တောင်ထောင့်မှာရှိပြီး Iron Cross မဏ္ဍပ်ကတော့ ကျုံးမြောက်ဘက် ရတနာပုံတိရစ္ဆာန်ဥယျာဉ်နဲ့ မျက်နှာချင်းဆိုင်မှာပါ။
2011 Mandalay Thingyan - A Kya Day (14.4.2011) Photos Album Link
https://picasaweb.google.com/bigbbrown/2011MandalayThingyanAKyaDay1442011#
2011 Mandalay Thingyan - A Kyo Day (13.4.2011)
၂၀၁၁ မန္တလေးသင်္ကြန် အကြိုနေ့
| From 2011 Mandalay ThinGyan - A Kyo Day (13.4.2011) |

မန္တလေး၊ ကျုံးတောင်ဘက် (၂၆ လမ်း၊ ၇၄ လမ်းနဲ့ ၇၅ လမ်းကြားက) 9 Paradise မဏ္ဍပ်က မန္တလေးတိုင်းမှူးသားနဲ့ အခြားစစ်တပ်အရာရှိကြီးတွေရဲ့ အမျိုးအနွယ်သားသမီးတွေ ၀ိုင်းပြီး တည်ထောင်ထားတာပါတဲ့။
မန္တလေးမှာ သင်္ကြန်တွင်း ဗုံးကွဲမယ်ဆိုပြီးလည်း ကောလဟလတွေလည်း ထွက်နေပါတယ်။ လန့်တဲ့လူကလည်း လန့်၊ ကဲတဲ့သူကတော့ ကဲပေါ့။
ဒီနှစ်မန်းမှာ မဏ္ဍပ်နည်းပါတယ်။ အရင်နှစ်တွေက တည်ထောင်နေကျ မဏ္ဍပ်တွေ ဒီနှစ် မဆောက်ဖြစ်ကြပါ။ (ဥပမာ- ကျန်းမာရေး မဏ္ဍပ် ဒီနှစ် မရှိပါ)
မဏ္ဍပ်တည်ထောင်သူတစ်ဦးနဲ့ ရင်းနှီးသူတစ်ဦးရဲ့ အဆိုအရတော့ ကျုံးဘေး ကိုယ်လိုချင်တဲ့နေရာရဖို့ မန်းမြို့တော်ဝန်(စည်ပင်)ကို သိန်း (၅၀) ပေးရကြောင်းသိခဲ့ရပါတယ်။ ဦးရာလူကို ဦးစားပေးကြောင်းလည်း သိရပါတယ်။ အစိုးရ၀န်ကြီးဌာနမဏ္ဍပ်တွေကတော့ အဲဒီလောက်ပေးစရာမလိုဘူးလို့ ကြားသိရပါတယ်။
မဏ္ဍပ်တွေမှာ ရေကစားချင်ရင် အကြို၊အကျ၊အကြတ်၊အတက် တစ်ရက် တစ်ဈေးနှုန်းနဲ့ အပြိုင်ကြော်ငြာခဲ့ကြပါတယ်။ အတက်နေ့ကတော့ ဈေးအကြီးဆုံးပေါ့။ ၁ သောင်းကနေ ၂ သောင်းကြား အတက်နေ့မဏ္ဍပ်ထိုင်ဈေးပါ။
Alpine မဏ္ဍပ်ကတော့ ပိုက်ဆံနဲ့မဏ္ဍပ်ထိုင်စရာမလိုဘဲ ကိုယ့်ကိုယ်ကို လှတယ်ထင်တဲ့ ကောင်မလေးတွေ မဏ္ဍပ်မှာထိုင်ချင်ရင် ဓာတ်ပုံနဲ့ လာပြီး လျှောက်လွှာတင်ရမယ်လို့ဆိုပါတယ်။
2011 Mandalay Thingyan - A Kyo Day (13.4.2011) Photos Album Link
https://picasaweb.google.com/bigbbrown/2011MandalayThinGyanAKyoDay1342011#
Subscribe to:
Posts (Atom)

.jpg)

.jpg)