02 December 2007

လူတွေကို စစ်ခွေးတွေ လိုက်ကိုက်နေကြပြီ

(၂၉.၁၁.၀၀၇)ရက်နေ့က လူထုဒေါ်အမာမွေးနေ့ပွဲတွင် တော်လှန်ရေးကဗျာဆရာ အောင်ဝေး၏ ``အမေ နဲ့ သား (သို့မဟုတ်) ´သ´ ၀ဂ်ကထာ´´ ကဗျာကို ပရိတ်သတ်နှင့် အမေလူထုဒေါ်အမာတို့ထံ ဖြန့်ဝေခဲ့ကြသော တော်လှန်ရေး ကဗျာဆရာများ ကို ယခုအခါ နအဖ စစ်ထောက်လှမ်းရေးများ က အမဲလိုက်သလို လိုက်လံ ဖမ်းဆီးလျက် ရှိချေပြီ။
(လူကို ခွေးက လိုက်ကိုက်ဖို့ ကြိုးစားသလိုပေါ့ဗျာ။)

ထိုနေ့က ကဗျာစာရွက်ကို အားကြိုးမာန်တက် ဖြန့်ဝေပေးခဲ့သော နာမည်ကြီးကဗျာဆရာတစ်ဦးမှာလည်း ဖမ်းဆီးခံရပြီဟု သတင်းထွက်နေသည်။

ထိုကဗျာ ဖြန့်ဝေမှုနှင့် တွင် ပါဝင်ပတ်သက်ခဲ့သော အခြားကဗျာဆရာတစ်ချို့မှာလည်း လွတ်မည်ဟု ထင်ရသော နေရာများသို့ တိမ်းရှောင်ပုန်းအောင်းနေရကြောင်း စိတ်မကောင်းဖွယ်ရာ ကြားသိရပါသည်။

(စစ်ခွေးများ၏ လိုက်အကိုက်ခံနေရသော အထက်ပါ ကဗျာဆရာများ၏ နာမည်များကို အခြေအနေအရ ချန်လှပ်ထားခဲ့ရပါသည်ခင်ဗျား။)
(ထိုသတင်းကို အတည်ပြုနိုင်ရန် ဆက်လက်ကြိုးပမ်းနေပါသည်။ သေချာလျှင် ထပ်ပြောပြပါမည်ခင်ဗျား)

ကယ်တော်မူကြပါဦးဗျို့..................
ကယ်တော်မူကြပါဦးဗျို့..................
ကယ်တော်မူကြပါဦးဗျို့..................

No comments: