11 December 2007

အကျဉ်းကျ သံဃာများ (နောက်ဆုံးရ သတင်း)

စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးနှင့် ဆက်စပ်မှုရှိသော သံဃာတော်များကို စစ်အဆိုးရက မတရားသဖြင့် ဖမ်းဆီးအကျဉ်းချထားသည်ကို တစ်ကမ္ဘာလုံးက သိရှိပြီးဖြစ်သည်။
နောက်ဆုံးရရှိသောသတင်းများအရ ယခုအခါ မန္တလေး အိုးဘိုအကျဉ်းထောင်တစ်ခုထဲတွင်ပင် အဖမ်းဆီးခံ သံဃာတော်စုစုပေါင်း (၆၀)ခန့် ရှိကြောင်း သိရှိရသည်။
ထို အဖမ်းဆီးခံ သံဃာတော်များကို ထောင်ဝင်စာတွေ့ဖို့ရာ အလွန်ခက်ခဲနေကြောင်းလည်း သိရသည်။
ထို အဖမ်းဆီးခံ သံဃာတော်များ၏ ကျန်းမာရေးအခြေအနေများကိုလည်း ရေရေရာရာမသိရှိရသဖြင့် မိသားစုဝင်များအနေဖြင့် အလွန်အမင်း စိုးရိမ်နေကြကြောင်းလည်း သိရသည်။

ဘာသာ၊ သာသနာ အတွက် ၀မ်းနည်းဖွယ်ရာ၊ စိတ်မကောင်းဖြစ်ဖွယ်ရာ သတင်းဆိုးတစ်ရပ်ဖြစ်ပါသည်။

No comments: