25 August 2008

A POEM DEDICATED TO PEOPLE WHO BURIED THE NARGIS DEAD BODIES

ဓမြချောင်း
နှင်းကေသရာ (သုဘရာဇာ)


ရွာကလေးနာမည်က ချောင်းလေးရဲ့ နာမည်
အဲ့ဒီချောင်းလေးကနေ ဓမြတွေ ချောင်းချောင်းတိုက်လို့
ဓမြချောင်းလို့ နာမည်တွင်ခဲ့
ဓမြချောင်းက ဘိုကလေးပိုင် မိန်းမလှကျွန်းအနီး
ကျွန်းညိုကြီးနဲ့ မျက်နှာချင်းဆိုင်
အခုတော့ နာဂစ်က ဓမြချောင်းခေါ် ခေတ်သစ် ဓမ္မသုခကိုဝင်မွှေ
ကျွန်တော်တို့တစ်လပြည့်ပြီးရောက်တော့ အလောင်းတွေအပုံလိုက်
အဲ့ဒီမှာ နာဂစ်မန်မိုရီပက်(စ်) လုပ်ဖို့
ဘယ်သူမှ မတိုက်တွန်းပဲ အလောင်းတွေ ကောက်ခဲ့တယ်
ကိုယ့်စိတ်နဲ့ကိုယ်လုပ်ခဲ့တယ်
ကဗျာဆရာဆိုတာ ကျရာတာဝန်ထက် သူများမလုပ်ချင်တာလုပ်မှ
ခံစားချက်ရှိသလို ရင်ခုန်နိုင်မှ
ဒါအပြစ်တဲ့လား
ဓမြချောင်းမှာ ကျွန်တော်တို့ကို ဓမြတွေ ချောင်းရိုက်သွားတယ်။
ဓမြချောင်းကို သမိုင်းဝင်ဖို့
ကျွန်တော်တို့ ဆွဲသွင်းခဲ့တာ
ဓမြချောင်းက လက်ခံပေမဲ့ ဓမြတွေက လက်မခံဘူး
နာဂစ်မန်မိုရီပက်စ်လေး
ဘယ်တော့ ငြိမ်းချမ်းရေးအလံနဲ့
လွတ်လပ်စွာစာနာ ၀မ်းနည်းမှုတွေ လုပ်နိုင်မလဲ
ဓမြချောင်းမှာ ငါတို့ကို ဓမြတွေ ချောင်းရိုက်ကြတယ်။

နှင်းကေသရာ (သုဘရာဇာ)

(မိမိတို့ စေတနာဖြင့် အလောင်းကောက်ခဲ့သော မိတ်ဆွေများနှင့် အဖမ်းခံရသော ကိုအောင်ကျော်ဆန်း၊ ဒေါက်တာနေ၀င်းတို့နှင့် နာဂစ်စွန့်ပယ်အလောင်းများအတွက်)

No comments: