29 August 2008

Sitagu Sayadaw U Nyannissara is preaching in Mandalay for Nargis Fund

သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရသည် ၀ါတွင်းကာလ အခါသမယအတောအတွင်း မန္တလေးမြို့၊ မြင်းခြံမြို့များ၌ နာဂစ်လေဘေးကူညီရေး ရန်ပုံငွေအတွက် အလှူခံတရားပွဲများ ဟောကြားပြီး ရန်ပုံငွေရှာဖွေလျက်ရှိနေပါသည်။
ဆရာတော်ဘုရားကြီးသည် နာဂစ်မုန်တိုင်းက ဧရာဝတီတိုင်းနှင့် အခြားအောက်ဗမာပြည်နေရာများကို ၀င်မွှေအပြီး မေလ (၈)ရက်မှ စတင်ကာ နာဂစ်လေဘေးသင့်ဒေသများအတွက် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ယနေ့အချိန်အထိ စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိနေပါသည်။
ယခုအခါ ဆရာတော်ဘုရားကြီးသည် မန္တလေးမြို့၊ မြင်းခြံမြို့များတွင် ညစဉ်ဆက်တိုက်ဆိုသလို တရားပွဲများ ကျင်းပပြီး နာဂစ်ရန်ပုံငွေအတွက် အလှူငွေ၊ ပစ္စည်းများ ဆက်လက်အလှူခံလျက်ရှိပါသည်။




မန္တလေးမြို့ပေါ်က အရှင်ဥာဏိဿရ၏ တရားပွဲတစ်ခု (သြဂုတ်၊ ၀၀၈)




No comments: